project
""ဟိုမှာလာပြီ""
သော HCတစ်စု။
""ကားမောင်း လာတာလား??""
သည် ကျတော်ပြန်မဖြေနိုင်ခင်ရေတစ်ခွက်ခပ်
်တိုက် နေသေး၏။ကျတော့်မြင်တာနဲ့ ထုထောင်း
ပြား Programတစ်
ခုအားကိုLiveကြည့်နေရသကဲ့သို့ရှိနေကြ၏။
""မဟုတ်ဘူး။ဝေယံလိုက်ပို့တာ""
ငယ်ဝိုင်းသွားပေမယ့် ဘာမှတော့မမေး။
ဘာကိစ္စရှိလို့ကျတော့်ခေါ်တွေ့တာလဲသေချာမသိပေမယ့်လို့ FBပေါ်မှာနာမည်ရနေသော ကလေးမသုံးယောက်ကိုပါအတူတူတွေ့နေရ၍အနည်းငယ်မျက်နှာပူရ၏။
""အင်းပြောလေ""
DesignerတွေစုပြီးCollectionတစ်ပွဲလုပ်
မလားဆိုပြီးကမ်းလှမ်းဖူးတယ်လေ။အဲ့ဒါအခု
confirmသွားပြီသိလား""
""Wow!!""
ကျတော်တကယ်ဝမ်းသာသွားတာ။Fashion
လောကမှာ Collectionတစ်ပွဲလုပ်နိုင်ခြင်း
ဆိုတာက Designerတစ်ယောက်ရဲ့မှတ်တိုင်
တစ်ခုပဲလေ
တောင်းချင်လို့""
""ပြောလေ။မောင် ဘာလုပ်ပေးရမလဲ?""
ကျတော်ထိုစကားအားပေါ့ပေါ့ပါးပါးပြောပေမယ့်
နီချင်သလိုလိုပဲ။
အမှန်က ကျတော့်သူ့ကိုချစ်မိနေခြင်း
ကျတော်ရင်ခုန်စွာ~~~~
တစ်စုံချုပ်ထားတယ်။မ,ရဲ့ ပထမဆုံးMan
Fashion ဖန်တီးမှုကို မောင့်ကိုပေးဝတ်ချင်လို့"
""Cat walkလျှောက်ရမှာလား??ဒါဆို
ကျတော်နဲ့မဖြစ်ဘူးနော်""
ဟုတ်တယ်။ခုတောင်ကျတော့်ခန္ဓာကိုယ်ကဝတ်
ထားသော ရှပ်အကျီ င်္ပွပွအောက်ပျောက်ချင်နေ
တာ။
""အင်း~~ပြောကြည့်လေ""
""မောင့်က ကွာ Soloသဘောမျိုးလေး တစ်ခု
မဟုတ် hollow ဂစ်တာတီးပြတာမျိုးလေးပေါ့"
စဉ်းစားနေရစဉ်
""Geရယ် လုပ်ပေးပါနော်။Ge ဂစ်တာတီးနေ
ပုံက အရမ်းမိုက်တာ""
""ဟုတ်တယ် Geရယ်။လုပ်ပေးပါနော်။""
""မ,ခုဟာက TV channelကပါလာမှာမဟုတ်
လား??ပြီးတော့ Celeတွေလည်ဖိတ်ထားသေး
တယ်မလား?ပွဲအကြီးကြီးကိုမောင်က proလည်းမဟုတ်ဘာမဟုတ်နဲ့မဖြစ်ဘူးထင်
တယ်နော်"
""အင်းဖိတ်ထားတယ်။ဒါကြောင့်လေ မ,က
လေးနဲ့ မ,ဝတ်စုံက ကွတ်ထိဖြစ်နေလို့ပါ။မောင်လည်းpro မဟုတ်ပေမယ့် skillကမနည်းပါဘူးနော်
မောင်ရယ်။ကူညီပေးပါနော်""
ဟာ~~မမချိုသည် မသုံးစဖူးCuttieတွေပါထုတ်
သုံးနေ၍ကျတော်ငြင်းရခက်နေစဉ် ဆုမြတ်အား
""အင်း~~ကျတော်တယောတော့ ယုံကြည်မှု
ဘာတီးရမလဲ?""
""Geကြိုက်တဲ့သီချင်းတီးလေ။ဟိုတစ်ခါတုန်းက
ပြော၏။နေပါအုံးတစ်ချက်စဉ်းစားမယ်ဆို ဒီချာတိတ်တွေနဲ့ ဒီShowပွဲက သိပ်တော့ဆက်စပ်မှုမရှိသလိုပဲ။နေရာတကာ ဆရာကြီးလုပ်ချင်လုပ်နေတတ်သော ဆုမြတ် က ဒီတစ်ခါငြိမ်နေတာရော။
ဒါဆို အဲ့ဒါပဲTryကြည့်ပါလား??ရက်ကကပ်နေ
""ဟုတ်တယ် ခုတလော Geဘာနားထောင်ဖြစ်
နေလဲ?""
""Until U""
သူတို့တွေ ဝမ်းသာအယ်လဲကိုဖြစ်သွားတာမြင်
""Wow!!အဲ့သီချင်းကိုဂစ်တာVerတွေရှိတယ်
မိုက်တယ်။အဲ့ဒါလေးတီးကြည့်လေ။သေချာရင်
ထည့်ပေးဖို့""
တက်ကြွလွန်းနေသာအတွက် ခေါင်းသာညိတ်ပြ
ပေးခဲ့ချင်တယ်။
""ဒါဆို confirmလိုက်မယ်နော်။""
စားမနေတော့ပဲခေါင်းညိတ်ပြလိုက်တော့၏
""ဒါဆို ကျတော်လေ့ကျင့်ထားလိုက်မယ်လေ
နော်။လိုတာရှိရင်ကျတော့်ကိုဖုန်းဆက်ပြောပေါ့""
""အင်း အင်း။မောင်ခုတလော အားပါတယ်နော်"
""နားနားနေနေလည်းနေအုံးနော်မောင်။မောင့်
ကြည့်ရတာ အားကိုမရတာ""
""ဟုတ်တယ်။Ge အားနည်းနေသလိုပဲ။""
""အာ--ဘာမှမဖြစ်ပါဘူး။ဒါဆို ကျတော်ပြန်
ထားခဲ့တာ""
တစ်ချိန်ကုန်ငြိမ်နေသူက ပြန်ခါနီးမှထကာ ကျတော်နှင့်အတူတူပြန်ဖို့ပြောလာသောအခါငြင်း
ရလည်းခက်နေသည်နှင့်---
""အင်း လိုက်ခဲ့လေ။ငါ Taxiစီးမှာနော်""
မယ်နော်""
မနေနဲ့အုံးနော်""
""Nae~~x""
ဖြည်းဖြည်းချင်းထွက်သွာသောကောင်းကောင်း
ဖော်ညွှန်းပြနေသလို။
-
-
-
""နားထောင်ဖြစ်နေကျသီချင်းကUntil Uတဲ့လား??ညိ ရယ် အနော် သေပါပြီ""
ငိုချင်းချသူလေးတွေ။
""ဘာပဲဖြစ်ဖြစ်လေ။ခုချိန်သူဘာဆိုဆို Meaningfulကိုဖြစ်နေမှာ။""
မယ်။Collectionပြီးတာနဲ့ တာရာနဲ့ပွဲထွက်ပြီး
ပန်းစည်းလက်ခံမှာ--အစပွဲကိုလာတည်းက
တာရာနဲ့ လာမှာ။ဒါကို Zမြင်ဖို့လိုတယ်။သူ့ကို
လည်း Coupleလိုက်ဖိတ်ထားမှာ။""
""အင်--ဒါဆို Geကရော။Geက စတည်းက
အနော်တို့ Planကိုရိပ်မိသွားမှာနော်ညိ။ညိ
RSကြီးပါ ပွဲတက်မယ်ဆိုရင်--""
""အဲ့ဒါက ညိတာဝန်ထား။ကောင်းကို နောက်ကျ
မှဖိတ်ထားမှာပြီးတော့လာရင်လည်းသူ့ကိုပြင်စရာ
ရှိပြင်ပေးမယ်ဆိုပြီး အဝတ်လဲခန်းထဲဆွဲသွင်းထား
ညိတို့ကိုမြင်တာနဲ့Zက ဘာတွေဖြစ်ကုန်တာလဲ?
""ဒါဆို Lightingကရော အစအနော်တို့စဉ်း
စားထားသလိုပဲလား?""
မှာ---""
""အင်း ဒါဆို သူနောက်ဆုံး Until u~~ဆို
ပြီးအဆုံးသတ်မှ ရပ်ကြည့်နေတဲ့ Zပေါ်စလိုက်ထိုး
ချ လိုက်ရင် ---""
""အဲ့မှာပွဲသိမ်းပဲ။""
""Icezzတွေးရင်း ရင်တွေခုန်တယ်""
ဒီအစီအစဉ်သာမလွဲပဲအောင်မြင်ရင် ကျန်တာ
မှာလေ""
""ဒါက Zက မြန်မာဆန်ပြီး ဘယ်လိုခေါ်မလဲ
ခေါ်ထားတဲ့ မိသားစုတည်းမှာကြီးပြင်းခဲ့ရတာလေ
တောင် ဒီအတိုင်းလူလူချင်းချစ်တာလို့မတွေးပဲ
""ဒီတော့ အနော်တို့ Gegeပဲခံစားရတာပေါ့""
""Nae~~အားးးရင်တွေခုန်တယ်။Channel
7ကပါသိမှာကွာ။ငွါးငွါး သေသွားမယ်ကွ""
-
-
-
-
ဆုမြတ်။ဒါပေမယ့် ငါ့ကို နေကောင်းမြတ်သူလို့ပဲ
ခု HCCနဲ့ပတ်သတ်တာတွေ ရှာဖတ်။mediacl
discussion gpတွေထဲဝင်မေးနေတာ။""
""စိတ်မပူပါနဲ့ဟာ။ခု ငါ ဓာတ်ကင်နေတာပဲ""
""ထပ်မပျံ့်အောင်တော့ တားထားနိုင်တယ်လေ
ဒီက အလုပ်တွေလက်စသတ်ပြီးရင် ငါBKသွား
တော့မယ်။ကိုဇက် နဲ့ မိဘတွေကိုတော့ Scholarလို့လိမ်ထားခဲ့မယ်။ဆက်မပျံ့တော
တာသေချာရင်BKမှာ သွားခွဲစိတ်လို့ရပြီ်။""
လား??Liverထဲကို Tubeနဲ့အရင် ဆေးသွင်း
ပြီးမှခွဲစိတ်မှာမလား??ဒါ ဘယ်လောက်နာပြီး
နေရခက်လဲ နင်မသိတာလည်းမဟုတ်ပဲဘာလို့
တစ်ယောက်တည်းသွားမှာလဲ??နင်--နင်
တို့ကိုတော့ပြောပါဟာနော်။ကိုယ့်မိဘပဲဟ ဘာ
ကိုအားနာနေမှာလဲ??""
မေမေဆိုလည်းWaipoနဲ့တင်ခံစားခဲ့ရတာတွေလုံလောက်နေပါပြီ။ငါငယ်ငယ်တုန်းက Waipo ကိုကြည့်ပြီးငါ့မေမေလည်းအဲ့လိုနာကျင်နေရင်
""ကောင်းရာ~~""
ရပါသလဲ??
""ငါ အခု စိတ်ထဲထင့်နေတာ။ခု မမချိုအကူအညီ
သိထားသေးလဲ ဆုမြတ်""
ပြောထားဖူးတယ်နော်။Pageကိုဖျက်ပေးလိုက်
ရတဲ့အနေနဲ့။အဲ့ဒါဘာလဲပြောထား။ငါမသွားခင်
ဖို့ပဲ""
""ငါ့ဘေးနားမှာ ခုချိန်ထိ မိန်းကလေးသူငယ်ချင်း
ဖို့နောက်များကျနေပြီလားမသိပေမယ့် ငါတကယ်
တွေလို အထင်မသေးပဲ နားလည်ပေးလို့--""
""တော်ပါတော့ ကောင်းရယ်။မပြောပါနဲ့တော့""
ရှေ့ကနေ၍ Back ကြည့်မှန်ကတဆင့်ခြောင်း
ခြောင်းကြည့်နေတဲ့ Taxiဦးလေးကြီးကိုလည်း
ဂရုမစိုက်တော့ပါဘူး။ နေကောင်းစိတ်မကောင်း
်ရည်များကလည်း အလိုက်ကမ်းဆိုးမသိခုမှ
Yangonမြို့ကိုကားပြတင်းပေါက်ကနေ၍ခေါင်း
ရေးဆွဲနေသေး၏
စကားလုံးက Z ဟူ၍သာ
Thank you all
(Unicode)
/
/
/
အပိုင်း (၂၆)
"ဟိုမှာလာပြီ"
ကောင်း ဆိုင်ထဲဝင်လာသည်နှင့် မမချိုနှင့်အတူ Innocentမျက်နှာဖုံးကောက်တပ်လိုက်ကြသော HCတစ်စု။
"ကားမောင်း လာတာလား"
စိုးရိမ်တကြီးနဲ့လှမ်းမေးလာသော ဆုမြတ်ကိုကိုသည် ကျွန်တော်ပြန်မဖြေနိုင်ခင်ရေတစ်ခွက်ခပ်တိုက်
နေသေး၏။ ကျွန်တော်မြင်တာနဲ့ ထုထောင်းနေတတ်သူက ရေတွေဘာတွေခပ်တိုက်နေမှုအပေါ်
အကြောင်းသိ ကလေးတွေက ထူးခြားဆန်းပြား အစီအစဉ်တစ်ခုကို Liveကြည့်နေရသကဲ့သို့ရှိနေကြ၏။
"မဟုတ်ဘူး။ ဝေယံလိုက်ပို့တာ"
ဝေယံနာမည်ကြားသည်နှင့် မမချိုမျက်လုံးအနည်းငယ်ဝိုင်းသွားပေမယ့် ဘာမှတေ့ာမမေး။ ဘာကိစ္စရှိလို့
ကျွန်တော့်ခေါ်တွေ့တာလဲ သေချာမသိပေမယ့်လို့ Facebook ပေါ်မှာ နာမည်ရနေသော ကလေးမ
သုံးယောက်ကိုပါ အတူတူတွေ့နေရ၍ အနည်းငယ်မျက်နှာပူရ၏။
"မ,က မောင့်ကိုအကူအညီတစ်ခုတောင်းချင်လို့"
"အင်းပြောလေ"
"မောင့်ကို မပြောဖူးတယ်လေ။ မ,တို့ ဆိုင်က ဒီဇိုင်နာတွေစုပြီး ပွဲတစ်ပွဲလုပ်မလားဆိုပြီးကမ်းလှမ်းဖူးတယ် ဆိုတာလေ...အဲ့ဒါအခု အဆင်ပြေသွားပြီသိလား"
"ဝိုး"
ကျွန်တော်တကယ်ဝမ်းသာသွားတာ။ ဖက်ရှင်လောကမှာ ပွဲတစ်ပွဲလုပ်နိုင်ခြင်း ဆိုတာက
ဒီဇိုင်နာတစ်ယောက်ရဲ့ မှတ်တိုင်တစ်ခုပဲလေ။
"ဟုတ်တယ်။ အဲ့ဒါ မောင့်ကိုအကူအညီတစ်ခု တောင်းချင်လို့"
"ပြောလေ။ မောင် ဘာလုပ်ပေးရမလဲ"
ကျွန်တော်ထိုစကားအား ပေါ့ပေါ့ပါးပါးပြောပေမယ့်လို့ ရှိနေသော ကလေးမနှစ်ယောက်က မပေါ့မပါး
ကြိတ်ရယ်နေကြတာ တွေ့တော့ မျက်နှာတွေ နီချင်သလိုလိုပဲ။ အမှန်က ကျွန်တော့်သူ့ကို
ချစ်မိနေခြင်းကို လူသိနေခြင်းအား ရှက်မိခြင်းမဟုတ်ပါ။ ဒီလိုပဲ ကျွန်တော်ရင်ခုန်မိရုံ။
"မ,ကလေ ယောကျာ်းလေး ပွဲတက်ဝတ်စုံလေးတစ်စုံချုပ်ထားတယ်၊ မ,ရဲ့ ပထမဆုံးအမျိုးသားပွဲတက်ဝတ်စုံ
ဖန်တီးမှုကို မောင့်ကို ပေးဝတ်ချင်လို့"
"Cat walkလျှောက်ရမှာလား ။ ဒါဆိုကျွန်တော်နဲ့ မဖြစ်ဘူးနော်"
ဟုတ်တယ်။ ခုတောင်ကျွန်တော့်ခန္ဓာကိုယ်က ဝတ်ထားသော ရှပ်အကျီ ၤပွပွအောက် ပျောက်ချင်နေတာ။
"အဲ့လို မလျှောက်ခိုင်းပါဘူး။ လျှောက်ပြတာ ရိုးနေတယ်လို့ထင်လို့။ မ,ကဒီလိုစဉ်းစားထားတယ်"
"အင်း...ပြောကြည့်လေ"
"မောင်က ကွာ Solo သဘောမျိုးလေး တစ်ခုလောက်လုပ်ပေး တယောထိုးတာပဲဖြစ်ဖြစ်။ ဒါမှမဟုတ်
ဂစ်တာတီးပြတာမျိုးလေးပေါ့"
စဉ်းစားနေရစဉ်...
"ကော ရယ် လုပ်ပေးပါနော်။ ကောကော ဂစ်တာတီးနေပုံက အရမ်းမိုက်တာ"
"ဟုတ်တယ် ကော ရယ်။ လုပ်ပေးပါနော်"
"မ,ခုဟာက ရုပ်သံလိုင်းမှာပါ လွှင့်မှာ မဟုတ်လား။ ပြီးတော့ နာမည်ကြီးတွေလည်းဖိတ်ထားသေးတယ်ဆို
ပွဲအကြီးကြီးကို မောင်က ပညာရှင်လည်းမဟုတ်ဘာမဟုတ်နဲ့... မဖြစ်ဘူးထင်တယ်နော်"
"အင်းဖိတ်ထားတယ်။ ဒါကြောင့်လေ မ,ကပထမဆုံးဖန်တီးမှုကို သူတို့လောကထဲမှာ မမြင်ဖူးတဲ့လူနဲ့
ထုတ်ပြချင်တာ။ ပြီးတော့ မောင့်ပုံစံလေးနဲ့ မ,ဝတ်စုံက ကွတ်တိဖြစ်နေလို့ပါ။ မောင်လည်းပညာရှင်အဆင့်
မဟုတ်ပေမယ့် မောင့်စကေး ကမနည်းပါဘူးနော် မောင်ရယ်... ကူညီပေးပါနော်"
ဟာ...မမချိုသည် မသုံးစဖူး ချစ်စဖွယ်အမူအရာတွေပါထုတ်သုံးနေ၍ ကျွန်တော်ငြင်းရခက်နေစဉ် ဆုမြတ်ကို
လှမ်းကြည့်တော့ စကားဝိုင်းကို စိတ်မဝင်စားဟန်ဖြင့် အအေးသာ ငုံ့သောက်နေသည်။
"အင်း...ကျွန်တော်တယောတော့ ယုံကြည်မှုသိပ်မရှိဘူး။ မကိုင်တာကြာနေတော့ ဂစ်တာဆိုဘာတီးရမလဲ"
"ကြိုက်တဲ့သီချင်းတီးလေ။ ဟိုတစ်ခါတုန်းက ချစ်သူ့အနား ဆိုလည်းမဆိုးဘူး"
ကလေးမတစ်ယောက်က အားတက်သရောထပြော၏။ နေပါဦး တစ်ချက်စဉ်းစားမယ်ဆို ဒီချာတိတ်တွေနဲ့
ဒီပွဲက သိပ်တော့ဆက်စပ်မှုမရှှိသလိုပဲ။ နေရာတကာ ဆရာကြီးလုပ်ချင်လုပ်နေတတ်သော ဆုမြတ်က
ဒီတစ်ခါငြိမ်နေတာကလည်း ပုံမှန်မဟုတ်ချင်။
"ဘာ တီးရမလဲမသိဘူးဖြစ်နေတယ်"
"မောင် အခု နားထောင်ဖြစ်နေတဲ့သီချင်းရှိလား။ ဒါဆို အဲ့ဒါပဲကြိုးစားကြည့်ပါလား။ ရက်ကကပ်နေတော့
မောင် လေ့ကျင့်ချိန်မရှိမှာနဲ့..."
"ဟုတ်တယ် အခုတလော ကော ဘာသီချင်းနားထောင်ဖြစ်နေလဲ"
"Until you"
လွှတ်ခနဲထွက်သွားပြီးမှ ပြန်ပိတ်လို့မရတော့။ သူတို့တွေ ဝမ်းသာအယ်လဲ ဖြစ်သွားတာ မြင်တော့
ပြန်ငြင်းဆန်ဖို့ တုံ့ဆိုင်းသွားရ၏။
"ဝိုး အဲ့သီချင်းကို ဂစ်တာသီးသန့်ဗားရှင်း တွေ ရှိတယ်မိုက်တယ်။ အဲ့ဒါလေးတီးကြည့်လေ။ သေချာရင်
LED စီစဉ်တဲ့လူတွေကို ပြောရမယ်။ သီချင်းနဲ့လိုက်တဲ့ Backgroundလေးတွေထည့်ပေးဖို့"
တက်ကြွလွန်းနေသူတွေအတွက် ခေါင်းသာညိတ်ပြလိုက်တော့၏။ အခုချိန် ဘေးနားရှိနေသူအားလုံးကို
စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့ချင်တယ်။
"ဒါဆို ဒါကို အတည်ယူ လိုက်မယ်နော်"
မမချိုသေချာအောင်ထပ်မေးတော့နှစ်ခါပြန်စဉ်းစားမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်တော့၏။
"ဒါဆို ကျွန်တော်လေ့ကျင့်ထားလိုက်မယ်လေနော် ၊ လိုတာရှိရင်ကျွန်တော့်ကိုဖုန်းဆက်ပြောပေါ့"
"အင်း အင်း...မောင် အခုတလော အားပါတယ်နော်"
"အားပါတယ်...သင်တန်းကလည်း အပတ်စဉ်တစ်ခုပြီးသွားလို့ ခဏရပ်ထားတယ်လေ"
"နားနားနေနေလည်း နေဦးနော်မောင် ၊ မောင့်ကြည့်ရတာ အားကိုမရတာ"
"ဟုတ်တယ်။ ကော အားနည်းနေသလိုပဲ"
"အာ...ဘာမှမဖြစ်ပါဘူး။ ဒါဆို ကျွန်တော်ပြန်ဦးမယ်နော်။ ဆိုင်မှာ ကိုဦးတစ်ယောက်တည်းထားခဲ့တာ"
"နင်ပြန်ရင်ငါလည်းလိုက်မယ်"
တစ်ချိန်ကုန်ငြိမ်နေသော ဆုမြတ်သည် ပြန်ခါနီးမှထကာ ကျွန်တော်နှင့်အတူတူပြန်ဖို့ပြောလာသောအခါ ငြင်းရလည်း ခက်နေသည်နှင့်...
"အင်း လိုက်ခဲ့လေ၊ ငါ Taxiစီးမှာနော်"
"ရတယ်။ မမချို...ငယ် ကောင်းနဲ့ပဲပြန်လိုက်တော့မယ်။ နောက်မှ လိုတာတွေ ဖုန်းဆက်မေးမယ်နော်"
"အင်း အင်း နှစ်ယောက်သားလမ်းမှာ ရန်ဖြစ်မနေနဲ့ဦးနော်"
"Nae(ဟုတ်ကဲ့)"
ဖြည်းဖြည်းချင်း ထွက်သွားသော ကောင်းကောင်းကျောပြင်က ကို အထီးကျန်ခြင်းဆိုတာတွေကို
ဖော်ညွှန်းပြနေသလို။
"နားထောင်ဖြစ်နေကျသီချင်းက Until you တဲ့လား ။ ညိ ရယ် အနော် သေပါပြီ"
ထွက်သွားသည်နှင့် မျက်နှာဖုံးတွေခွာချကာ ငိုချင်းချသူလေးတွေ။
"ဘာပဲဖြစ်ဖြစ်လေ။ ခုချိန်သူဘာဆိုဆို အဓိပ္ပါယ်ကို ရှိနေမှာ"
"ဟုတ်ပါပြီ။ ဒါဆို အနော်တို့ ဘယ်လိုစီစဉ်ကျမလဲ"
"အင်း ညိက အရင်ဆုံး တာရာကို ပြန်ခေါ်ထားမယ်။ ပွဲပြီးတာနဲ့ တာရာနဲ့ပွဲထွက်ပြီး ပန်းစည်းလက်ခံမှာ
ပွဲကိုလာတည်းက တာရာနဲ့ လာမှာ၊ ဒါကို ဇက်မမြင်ဖို့လိုတယ်။ သူ့ကိုလည်း အတွဲလိုက်တက်ဖို့ ဖိတ်ထားမှာ
မဟာလိုက်ချင်မှလည်း လိုက်လာမှာဆိုတော့...ဇက်တစ်ယောက်တည်းလာရင် ပိုအဆင်ပြေတယ်"
"အင်...ဒါဆို ကော ကရော။ ကော က အစတည်းက အနော်တို့ အစီအစဉ်ကိုရိပ်မိသွားမှာနော်ညိ။ ညိ
လူကြီးပါ ပွဲတက်မယ်ဆိုရင်..."
"အဲ့ဒါက ညိတာဝန်ထား။ ကောင်းကို နောက်ကျမှ ရောက်လာအောင်စီစဉ်ထားတယ်။ပြီးတော့...လာရင်လည်း သူ့ကိုပြင်စရာရှိတာ ပြင်ပေးမယ်ဆိုပြီး အဝတ်လဲခန်းထဲ ဆွဲသွင်းထားမှာ။ တာရာ့ကို ဇက်ပဲမြင်ရမှာ။ ညိတို့ပွဲထွက်ပြီးတာနဲ့ ကောင်းကိုစင်ပေါ်ဆွဲတင်မှာ။
ညိတို့နှစ်ယောက်ထွက်ပြီးတာနဲ့ သူ့နာမည်ကိုကြေငြာထားမှာ။ ညိတို့ကိုမြင်တာနဲ့ဇက်က
ဘာတွေဖြစ်ကုန်တာလဲ ၊ သူ့ ညီကောဆိုပြီး ယောက်ယက်ခတ်နေချိန်နဲ့ ကွက်တိ ကောင်း ကိုစင်ပေါ်
ဆွဲတင်လိုက်မှာ"
"ဒါဆို စလိုက် ကရော အစက အနော်တို့စဉ်းစားထားသလိုပဲလား"
"အင်း ကောင်းဆိုနေချိန် ခန်းမတစ်ခုလုံးအမှောင်ချပြီး ကောင်းကိုပဲ စလိုက်ထိုးပေးထားမှာ..."
"အင်း ဒါဆို သူနောက်ဆုံး Until you ဆိုပြီးအဆုံးသတ်မှ ငေးကြည့်နေတဲ့ ဇက်ပေါ်စလိုက်ထိုးချ လိုက်ရင်..."
လက်ခုတ်တစ်ချက်ဖြောင်းခနဲထတီးကာ
"အဲ့မှာ ပွဲသိမ်းပဲ။ ဒီလူအတွက် ဒီလူပဲရှိတယ်ဆိုတာ အားလုံး ဒက်သွားကြချိန် အနော်တို့က လက်ခုပ်ပါထတီး" ဟူ၍ တစ်ယောက်ကအားပါးတရ တက်ကြွနေသလို ကျန်ချာတိတ်တစ်ယောက်ကတော့
"အိုက်စ် တွေးရင်း ရင်တွေခုန်တယ်" ဟုဆိုကာ စားပွဲကို တဖြန်းဖြန်းနဲ့ရိုက်နေ၏။
'' ဒီအစီအစဉ်သာ မလွဲဘဲ အောင်မြင်ရင် ကျန်တာ အေးဆေးပဲ။ နိုင်ငံနဲ့ချီပြီး Liveလွှင့်မှာဆိုတော့ ဂယက်က
တော်တော်တော့ထမှာနော်ညိ"
"အဲ့လို ထမှ လည်း သူတို့နှစ်ယောက်လုံး အဆင်ပြေမှာ ၊ တစ်ခါတည်းချည်ပြီး တုတ်ပြီး။ မိဘဘာညာ
တွေတောင် တွေးချိန်မရဘဲ ဝန်ခံလိုက်ရတော့မှာ။ အဲ့လိုလုပ်မှပဲ ရတော့မှာလေ"
"ဟုတ်တော့လည်း ဟုတ်တာပဲ၊ ကော ကမလှုပ်ပါဘူးဆိုမှ ကိုဇက် က တကယ့်ဘိုးတော်။ တစ်ခါတလေ
ကိုဇက်ကြည့်ရင်း အသည်းတွေယားတယ်။ သူ့လောက် ဂရုစိုက်ပြတာလည်း သူပဲ၊ ပြီးတော့...မထုံတတေးနဲ့
ဘာကြီးမှန်းမသိ"
"ဒါက ဇက်က မြန်မာဆန်ပြီး ဘယ်လိုခေါ်မလဲ အိမ်ထောင်ပြုခြင်းအမှုကို ရိုးရိုးရှင်းရှင်းပဲ တွေးခေါ်ထားတဲ့
မိသားစုထဲမှာကြီးပြင်းခဲ့ရတာလေ၊ ယောကျာ်းတစ်ယောက်ကို ချစ်မိသွားတာကိုတောင် ဒီအတိုင်း လူလူချင်း
ချစ်တာလို့ မတွေးဘဲ ရှေးရှေးဘဝက အမှားတစ်ခုလို့ကြောင့်ဆိုပြီး ယုံကြည်ထားတဲ့ မိသားစုထဲ
နေလာခဲ့ရတာလေ"
"ဒီတော့ အနော်တို့ ကောကောပဲ ခံစားရတာပေါ့"
"ကဲပါ။ ညိတို့က မခံစားရအောင်ကြိုးစားပေးလိုက်ရအောင်။ ဟုတ်လား ၊ ညိတို့လုပ်ရမှာက ဒီကိစ္စပိပိရိရိ
ဖြစ်နေဖို့ရယ်...ဒီကိစ္စပြီးသွားလို့ဖြစ်လာမယ့် ရိုက်ခတ်မှုတွေကို သူတို့နှစ်ယောက်နဲ့ အတူတူရင်ဆိုင်ပေးဖို့ပဲ။
ဟုတ်ပြီနော်"
"Nae(ဟုတ်ကဲ့) အား...ရင်တွေခုန်တယ်"
ညီ
"နင် အခုဘယ်လိုနေသေးလဲ ကောင်း"
"နင် ငါ့ကို ဂရုစိုက်လာတာကို ငါဝမ်းသာတယ်ဆုမြတ်၊ ဒါပေမဲ့ ငါ့ကို နေကောင်းမြတ်သူလို့ပဲ မြင်ပေးပြီး
ငါ့ရောဂါကြီးကို မေ့ပေးထားပါ"
"ငါ မေ့ထားလို့မှ မရတာ ကောင်းရယ်...ငါလေ အခု ကင်ဆာနဲ့ပတ်သတ်တာတွေ ရှာဖတ်။ လိုင်းပေါ်က ကင်ဆာအကြောင်းဆွေးနွေးပေးနေတဲ့ ဆရာကြီးတွေရဲ့ account ထဲဝင်မေးနေတာ"
"စိတ်မပူပါနဲ့ဟာ...အခု ငါ ဓာတ်ကင်နေတာပဲ"
"မပျောက်တော့ မပျောက်သေးဘူးမလား"
"ထပ်မပြန့်အောင်တော့ တားထားနိုင်တယ်လေ။ ဒီက အလုပ်တွေလက်စသတ်ပြီးရင် ငါဘန်ကောက်ကိုသွား
တော့မယ်။ ကိုဇက် နဲ့ မိဘတွေကိုတော့ သင်တန်းတက်မယ် လို့လိမ်ထားခဲ့မယ်။ ဆက်မပြန့်တော့တာ
သေချာရင်အဲ့မှာပဲ ခွဲစိတ်လို့ရပြီ်"
"အဲ့ဒါ chemotherapyနဲ့ အရင်လုပ်မှာမလား ။ အသည်းထဲကို Tubeနဲ့အရင် ဆေးသွင်းပြီးမှ ခွဲစိတ်မှာမလား။
ဒါ ဘယ်လောက်နာပြီးနေရခက်လဲ နင်မသိတာလည်း မဟုတ်ဘဲ ဘာလို့တစ်ယောက်တည်းသွားမှာလဲ။
နင်တစ်ယောက်တည်းငါ စိတ်မချဘူးဟာ...မိဘတွေကိုတော့ ပြောပါဟာနော် ၊ ကိုယ့်မိဘပဲဟ
ဘာကို အားနာနေမှာလဲ"
"နင်ကော နင့်မိဘတွေကိုအားမနာဘူးလား။ တစ်ဦးတည်းသောချင်းတူတူ ကို အဲ့ခံစားချက်နင်ကောင်းကောင်း
သိရဲ့သားနဲ့...တစ်ယောက်တည်းမွေးထားပြီး အဲ့တစ်ယောက်တည်းက ရင်တွေနာအောင်လုပ်ရင်
မကောင်းဘူးပေါ့။ မေမေဆိုလည်း အဘွားနဲ့တင်ခံစားခဲ့ရတာတွေလုံလောက်နေပါပြီ။ ငါငယ်ငယ်တုန်းက
ဘွား ကိုကြည့်ပြီး ငါ့အမေလည်း အဲ့လိုနာကျင်နေရင်ဒုက္ခဆိုပြီးကြောက်ခဲ့တာ။ တော်သေးတယ်
မေမေ့မှာ မဖြစ်ဘဲ မျိုးဆက်တစ်ဆင့်ကျော်ပြီး ငါ့မှာလာဖြစ်လို့"
"ကောင်းရာ..."
ဒီသူငယ်ချင်းလေးဟာလေ အကောင်းမြင်စိတ်တွေကို ဘယ်အရွယ်တည်းကများ မွေးမြူခဲ့လို့
အခုအသက်နှစ်ဆယ်ကျော်စလေးနဲ့တင် သူ့မွေးဖွားခဲ့တာတွေက ဒီလောက်ထိရင့်သန်နေရပါသလဲ။
"ငါ အခု စိတ်ထဲထင့်နေတာ။ အခု မမချိုအကူအညီတောင်းတဲ့ ကိစ္စက ရိုးမှရိုးရဲ့လား။ နင်ဘာသိထားသေးလဲ ဆုမြတ်"
"နင်ကလည်း သံသယတွေများလိုက်တာ"
"အေးပါ။ နင်လည်းငါ့ကို တစ်ခုတောင်းမယ်လို့ပြောထားဖူးလို့ မေးကြည့်တာ။ နင့်ထောင်ထားတဲ့ page ကိုဖျက်ပေးလိုက်ရတဲ့အနေနဲ့ ငါ့ဆီက နင်လိုချင်တာ ပြန်တောင်းမယ်လို့ပြောခဲ့တာလေ။ မှတ်မိတယ်မလား။ အဲ့ဒါဘာလဲပြောထား ငါမသွားခင်အားလုံးစိတ်ချမ်းသာအောင်လုပ်ပေးခဲ့ချင်လို့"
"နေပါဟာ...ငါလိုချင်တာ နင်ပြန်ကျန်းမာလာဖို့ပဲ"
"ငါ့ဘေးနားမှာ အခုချိန်ထိ မိန်းကလေးသူငယ်ချင်းဆိုတာထက် ငါ့ရဲဘော်ရဲဖက်တစ်ယောက်လိုရှိခဲ့ပေးလို့
ကျေးဇူးတင်တယ်ဆုမြတ်၊ ဒီစကားပြောဖို့ နောက်များ နောက်ကျနေပြီလားမသိပေမယ့် ငါတကယ်
ကျေးဇူးတင်တယ်။ ထူးဆန်းနေတဲ့ ငါ့ကိုတခြားလူတွေလို အထင်မသေးဘဲ နားလည်ပေးလို့..."
"တော်ပါတော့ ကောင်းရယ်...မပြောပါနဲ့တော့...နင် မဟုတ်တာတွေလုပ်နေတာလည်းမဟုတ်ဘဲနဲ့ဟာ"
နောက်ကြည့်မှန်ကတစ်ဆင့် ခြောင်းခြောင်းကြည့်နေသော ကားဆရာ ဦးလေးကြီးကိုလည်း ဂရုမစိုက်
တော့ပါဘူး။ နေကောင်း စိတ်မကောင်းဖြစ်မှာဆိုး၍ မကျလာအောင်ထိန်းထားသော
မျက်ရည်များကလည်း အလိုက်ကမ်းဆိုးမသိ။ အခုမှမျက်ရည်ရွှင်နေလိုက်တာဆိုတာ။
ရန်ကုန်မြို့ကို ကားပြတင်းပေါက်ကနေ၍ ခေါင်းလေးစောင်းရင်း ငေးကြည့်နေရင်းမှ ကားမှန်လေးပေါ်
လက်ညိုးလေးနဲ့လည်း အက္ခရာတစ်ခုကို ရေးဆွဲနေသေး၏။
ကောင်လေး အထပ်ထပ်အခါခါ ရေးဆွဲနေသောစကားလုံးက ဇက် ဟူ၍သာ...
Bạn đang đọc truyện trên: ZingTruyen.Xyz