Pain
ထိန်းထားသောမီးမှိန်မှိန်အရ ညီအိပ်များပျော်နေပြီလား?
အိပ်ပျော်နေရင်တောင် ရအောင်နှိုးကျွေးနေကြ
""ညီ~~ရေ--""
MG!ကိုဇက်??
စာအုပ်ကိုပိတ်။ကုလားထိုင်မှ ထကာကျတော်
လှည့်ကာ လည်နေသည်။အောက်မှာ မီးတွေထွန်း
ထားခဲ့လား မထွန်းထားခဲ့လားကျတော်မသေချာ
တော့။Hoodie ကိုကောက်စွပ်
""ကိုဇက်--""
လက်ထဲက ဗူးက 77?
လှိုက်ခနဲနေအောင်ဝမ်းသာသွားသောကျတော့်အားငေးကြည့်နေသောကိုဇက်ကြောင့် ကျတော့်
မှာမလုံမလဲ??ဘာများဖြစ်နေလို့ပါလဲ??
ဘာလဲကွာ??ကိုင်းထူထူမျက်မှန်တပ်ထားပုံအရ
Computer သုံးနေတာလား?စာဖတ်နေတာ
လားပဲ??ရေးတေးတေးအလင်းရောင်ထဲကနေ
ညီ့ကို ကြည့်နေရတာကို ကျတော်အားမရတော့
""အင်--မ--မဖွင့်နဲ့။77 မလား ပေးပေး။""
""ခဏ ပန်းကန်သွားယူလိုက်အုံးမယ်။မီးတွေမဖွင့်နဲ့နော်။မီတာတက်တယ်""
ကျတော့်ပြောတော့ အူကြောင်ကြောင်ပြန်ကြည့်
Symptomတစ်ခုဖြစ်တဲ့ ဝါနေသော ကျတော့်
ပိုင်းပိုသိသာလာလို့ နေ့ဖက်တွေဆို သူနဲ့မတွေ့
အောင်ရှောင်နေရ၏။မိဘတွေက မိုးလင်းတာနဲ့
ထည့်ပေးသည်။
""လာထိုင်။တာမွေက
တာနဲ့ ညီ့ကိုသတိရပြီးဝယ်လာတာ။""
""အင်းဟုတ်တယ်။""
""ဒါလေးက ဘာလဲကွ""
ကိတ်မုန့်ငုံ့ကာစားနေစဉ်ကျတော့်ခေါင်းမှ ကြက်
လက်ထိပ်ဖျားတွေနဲ့စုကာ ဆွဲကြည့်လိုက် လက်ညှိုးနဲ့ရိုက်ကြည့်လိုက်နဲ့။
ကိုယ်စား""
ဖန်ပန်းကန်သူ့ရှေ့တွန်းပို့ ရင်းခေါင်းမှကြက်တောင်
စီးကိုပါဆွဲဖြုတ်လိုက်တော့
""ဟာ ညီရာ မဖြုတ်ပါနဲ့။ဒီအတိုင်းလေးကြည့်
ကောင်းနေတာကို""
ဘာမှပြန်မပြောပဲပန်းကန်ထဲ ကိတ်မုန့်ထည့်
ပေးနေစဉ်
"သပ်သပ်မထည့်နဲ့။ညီနဲ့ပဲစားမယ်လေ"
""မစားနဲ့။""
ဇွန်းကိုင်ပြီး ကျတော့်ပန်းကန်ထဲမှ ရအောင်ခပ်
စား၏။မစားစေချင်လို့မှ မဟုတ်ပဲ။ကျတော့်ရောဂါ
သေးသေးလေးက အစ ကျတော်တွေးပူနေတတ်
တာကို သူနားလည်အောင်ကျတော်ဘယ်လိုမှရှင်း
ပြလို့မရ။
ကျတော့်လေသံမြှင့်လိုက်တာနဲ့ မျက်နှာက၆၀
ကျော်အဘိုးလို အိုကျသွားလေသည်
""What??""
ဒီCakeကိုယ့်အိမ်ပြန်သယ်သွားရလိမ့်မယ်""
""ကလေးလိုပဲဗျာ--""
အချိန်ပိုင်း ကျူတာ။Intel Companyတစ်ခုမှ အရာရှိစသည့်သူ့ဂုဏ်တွေသည် ကျတော်နဲ့တွေ့
ရင် ဘယ်ဝင်ပုန်းကုန်ကြပါသလဲ??ခုလည်း
ခုအခြေအနေမှာ သူသတိတရဝယ်လာပေးသော
ကိတ်မုန့်အားကျတော်ခုံခုံမင်မင်ကို စားချင်မိတယ်
ပြီးတော့ကျတော်သိတယ်လေ။ခု ကျတော့်ပုံကို
ိုဖြည့်ဆည်းပေးသင့်သည်ဟုကျတော်ထင်တယ်။
""ကဲဗျာ။စီးမယ်""
""wait!!ကိုယ်စီးပေးမယ်""
""ဗျာ!!""
""မဗျာနဲ့။ဒီကိုလာစမ်းပါကွာ။""
ရေးသမားလို။ကျတော်လက်တစ်ဖက်ကိုဖြတ်ခနဲ
လှမ်းဆွဲ ကျတော့်ကိုသူ့ဖက်ယိမ်းသွားစဉ် လက်တစ်ဖက်ကလည်ပင်းကိုလှမ်းဆွဲရင်းနောက်တစ်ဖက်က ခေါင်းပေါ်ကခပ်ပုံ့ပုံ့လေးကျန်ခဲ့သော
ဆံပင်စုလေးကို စုကာစတင်စီးနေပြီ။
""စောနကကွင်းရော""
ကြောင့် ကျတော်ဆံပင်တွေ။
ရတာလဲ??ညီ နာသွားပြီ
""ညီ~~~ဆံပင်တွေကျွတ်--""
ဒီမှာစားလေ""
ပန်းကန်သူ့ရှေ့တွန်းပို့သည်တိုင် သူ့လက်ထဲက
ကျတော့်ဆံခြည်မျှင်တွေကို ငုံ့ကြည့်နေဆဲ။သောက်နေရသည့်ဆေးတွေကြောင့် ကျတော့်
သိမ်းပေးထားနိုင်တော့တာ သူ့ကိုရှင်းပြလို့မရ၍
ဒီအတိုင်းမသိချင်ယောင်ဆောင်နေလိုက်တာပို
ကောင်းမည်
""ညီ နာသွားလား?""
ကိုဇက်ရာ။""
ဘာမှမဖြစ်သလို--ကိတ်မုန့်တွေကိုသာ
အားပါးတရစားနေသော-ညီ
ဒါကျတော့်ကြောင့်ရလာသော ညီ့နာကျင်မှုအစိတ်
အပိုင်းတစ်စ။
ညီ--ကျတော့်ဘေးရှိနေရက်နဲ့ တိတ်ဆိတ်နေတာ
မျိုးကို ကျတော်မခံစားနိုင်။အိမ်တစ်ခုလုံး
တိတ်ဆိတ်နေတာ
""ညီ!မေမေပြုံးရော""
ဆွေးနွေးပွဲသွားတယ်။ပြီးတော့ ကလေးလေးဆီ
ကြီးနေကြတာလဲနော်။ပြီးတော့ အရွယ်မရောက်
တန်ဖိုးမထားကြတာ။""
""ကျတော်က ကလေးလေးကို သနားနေတာ""
ညီစိတ်ပင်ပန်းနေတာမျိုးကိုကျတော်လည်းမခံစား
""အင်းးဒါဆို အခုညီတစ်ယောက်တည်းပေါ့""
""ဟုတ်တယ် ဖေဖေကS'pore Flight""
ညီက တစ်ဦးတည်းသောသားဆိုပေမယ့် ကျတော့်လောက်တောင် အိမ်ရဲ့ဂရုစိုက်မှုမခံခဲ့ရ
ခြံထဲမှာ ဦးလေးလည်းရှိနေတာပဲ""
""ရပါတယ်ဆိုဗျာ။""
ကျတော်တစ်ယောက်တည်းဖြစ်နေရင်
သူ့အိမ်ခေါ်ခေါ်သိပ်နေကြ။ဒါငယ်ငယ်တုန်းကလေ
လောက်ကြာနေပြီလဲ??မယုံလို့မဟုတ်။
""မအိပ်ချင်သေးဘူးဗျာ။တက္ကသိုလ်ဝင်းနား
""မဟာသိရင်ရော?""
ကြည့်ကြရအောင်""
ညီခဏတာ ငိုင်တွေသွားကာကျတော့်ကို
ကိုဇက်--ကိုခါတလေ အဲ့ဒါတွေကြောင့်အဘလို့
ခေါ်တာ ဘဇိုင်းရ ဟားးးးး""
ဟုတ်သား။ကျတော်ကလည်းလေ--ခါတလေ
ထမ်းပိုးလိုက်ရတော့၏။
ကျတော် ခပ်ပြုံးပြုံးနဲ့ပြောတော့ Fashion အလေးထားသူ မျက်လုံးတွေဝိုင်းသွားသည်။
""အင်??လဲပါရစေ""
""မရဘူး။ဒီပုံစံနဲ့ပဲသွားမယ်။ဘာလဲ ကိုယ့်ကို
""မဆိုင်ပါဘူးဗျာ။ရူပါကသာအဓိကပါဗျ။အပေါ်ယံ အလွှာက သာမညပါ။ဟဲဟဲ""
""Ok!!လာထ!!Let Move on""
ညလယ်ခင်းသဘင်သည်မလေးကနှင်းမှုန်မှုန်ကြဲထားသောပဝါပါးကိုလွှမ်းခြုံရင်းအောက်လင်းမီး
တိုင်အလင်းအောက်တိတ်ဆိတ်
ခြင်းနဲ့ချမ်းအေးခြင်းသရုပ်ကိုကျတော်နဲ့ညီ့အ
ဆိုမယ့်လူကတစ်ယောက်။အဆောင်ရှေ့ထိ ဂစ်တာသယ်ပြီးလိုက်လာရတာက ကျတော်။
""ဒီမှာ ထိုင်မယ်ကိုဇက်။ပြတင်းပေါက် တည့်တည့်""
ပတ်ဝန်းကျင်က အကောင်ပလောင်လေးတွေ
နေကြသကဲ့လို့ရှိနေ၏
""ဘာဆိုရမလဲ ကိုဇက်??""
ဗရုတ်လေး။မသိရင်ခက်နေမယ်။သူငယ်ငယ်ကကြည့်ဖူးတဲ့မြန်မာဗီဒီယိုကားတွေထဲက မင်းသားစတိုင်ဲ့လာလုပ်နေတယ်။
ရယ်ချင်စိတ်ကို ထိန်းမနေတော့ပဲ တဟားဟား
နေပုံက မှောင်ရိပ်ကွယ်နေတာတောင်---
လာတဲ့ကျတော်က ကောင်လေးတစ်ယောက်ကို
""BETALSဆိုပြရင်ချာတိတ်တွေဝိုင်းလှောင်အုံးမယ်အဘိုးကျိတွေဆိုပြီး။Chineseဆိုလည်း
ဘာဆိုရမလဲ ကိုဇက်?""
""ရွှေဈေး၈သိန်းကျော်နေချိန်မှာနားကပ်
်တစ်ဖက်ရမယ့်အရေးပဲဒီလောက်တော့
ခေါင်းသုံးရအုံးမှာပေါ့ဗျ။နေကောင်းမြတ်သူတို့က
""အေးပါကွာ""
နားကပ်လိုချင်လို့တဲ့လား??စိတ်တွေချမ်းသာပါ
ဂစ်တာကြိုးတွေညှိနေသောညီ့လက်ချောင်းတစ်
ကိုက်အောင်လဲ ညီ့ဘေးနားလက်နဲ့ယက်ပေးနေ
ရသေး။ကျတော်တစ်ယောက်တည်း အလုပ်တွေ
ရှုပ်နေသလိုပဲ
""OK စပြီ""
""ဟင်?အဲ--ကို လည်းမသိဘူး""
""ဂွမ်းပါရော--ဟ ဟား""
""မရရင်လည်းတော်ပါတော့ညီရာ--ညီ
မယ်""
"နေပါ--ရအောင်ဆိုမှာ""
chocolate cakeထဲ ဘယ်သူမှတော့အရက်
မထည့်လောက်ပါဘူး။ခုက choco cake
စားပြီးရစ်နေတာ ခုမှတွေ့ဖူးတော့တယ်
""သေချာနားထောင်နေ--ကျတော်ဆိုမယ်။ဒီတစ်
ခါအတည်""
မင်းငါ့အတွက် မတွေးနဲ့တော့~~~ဟိုးးးးအဝေး
တစ်ခု~~ခြားးးးလို့ထားးးးး
ကျတော်တို့ ဆယ်ကျော်သက်အရွယ်က နား
စိုနေတာကို ကျတော်ပါးပြင်ကို ခပ်ဖွဖွပွတ်ကာ
သုတ်ဖယ်ပေးတော့မှ ကျတော်မျက်ရည်တွေ
ကျတော်သတိမထားမိပါပဲဟိုးအတွင်းတစ်နေရာကမွမ်းကြပ်မှုအစိုင်အခဲထုတို့အလိုလိုအရည်ပျော်ကျလာတာ။
နှစ်--သုံး--လေး။MG!သုံးမိနစ်နဲ့နားကွင်းနှစ်စုံပိုင်
နဲ့ ဟဲဟဲ တိတ်တိတ်""
သောညီ့လက်တွေကို ဖမ်းဆွဲထားသောကျတော့်
လက်တွေက ရေခဲရိုက်ထားခံရသလို တဆက်ဆက်နဲ့အေးစက်တုန်ယင်နေ၏။
""ညီ~~""
မျက်ရည်သုတ်ပေးနေသောကောင်လေးအား~~
Thank You All
(Unicode)
/
/
/
အပိုင်း(၂၇)
အိမ်တစ်ခုလုံးတိတ်တိတ်ဆိတ်ဆိတ်။ ဧည့်ခန်းထဲထွန်းထားသော မီးမှိန်မှိန်အရ ညီ အိပ်များပျော်နေပြီလား။
အချိန်အားဖြင့် ည၁၁နာရီ။ ဒီအချိန်အိပ်တတ်သူမဟုတ်။ စိတ်ထဲမယ်အိပ်နေပါစေလို့ ဆုတောင်းနေမိသေး၏။
ဘာလို့ဆို ကျွန်တော့် ညီကြိုက်တဲ့ 77 Chocolate Cakeဝယ်လာတာလေ။ ညီက သူအိပ်နေတုန်း
မုန့်ဝယ်လာပြီး သူ့အားသတိတရ နှိုးကျွေးရင်အပျော်လွန်တတ်သူ။ ထိုအကျင့်ကိုသိသော ညီ့ဖေဖေနဲ့
ကျွန်တော်က သူအိပ်ပျော်နေရင်တောင် ရအောင်နှိုးကျွေးနေကျ။
"ညီ ရေ..."
အောက်ထပ်မှနေ၍ အခန်းထဲထိ ပြန့်လွင့်လာသော အော်ခေါ်သံကြောင့် စာရေးစားပွဲပေါ်မှ ထခုန်မိမတတ်။
ဖတ်လက်စ စာအုပ်ကိုပိတ်၊ ကုလားထိုင်မှ ထကာကျွန်တော် ဘာအရင်လုပ်ရမှန်းမသိ အဲ့နားတွင်ပတ်ချာ
လည်လှည့်ကာ လည်နေသည်။ အောက်မှာ မီးတွေထွန်းထားခဲ့လား မထွန်းထားခဲ့လား ကျွန်တော်
မသေချာတော့။
လက်ရှည်တစ်ထည်ကိုကောက်စွပ် ၊ လက်ချောင်းတွေထိ ရောက်အောင်ဆွဲချပြီးမှ အောက်ထပ်ကို ပြေးဆင်း
ရသည်။
"ကိုဇက်..."
ကိုဇက် လက်ထဲက ဗူးက 77... လှိုက်ခနဲနေအောင် ဝမ်းသာသွားသောကျွန်တော့်ကို ငေးကြည့်နေသော
ကိုဇက်ကြောင့် ကျွန်တော့်မှာ မလုံမလဲ၊ ဘာများဖြစ်နေလို့ပါလိမ့်။
အိမ်နေရင်းခေါင်းစွပ်အနွေးထည်ပွပွ၊ ညဝတ်ဘောင်းဘီရှည်နှင့်တင်သဘာဝဆန်စွာ ချစ်ဖို့ကောင်းနေပြီကို
ခေါင်းက ကြက်တောင်စီးက ဘာလဲကွာညီရာ။ကိုင်းထူထူမျက်မှန်တပ်ထားပုံအရ ကွန်ပြူတာ
သုံးနေတာလား။ စာဖတ်နေတာလားပဲ။
ရေးတေးတေးသာလင်းနေသော ဖန်မီးအိမ် အလင်းရောင်ထဲကနေ ညီ့ကို ကြည့်နေရတာကို ကျွန်တော်
အားမရတော့...
"ညီ မီးဖွင့်လိုက်ပါလား"
"အင် မ...မဖွင့်နဲ့။77 မလား ပေးပေး။"
လက်ထဲမှ Cakeဗူးကိုလှမ်းယူကာ ၏။
"ခဏ ပန်းကန်သွားယူလိုက်ဦးမယ်၊ မီးတွေမဖွင့်နဲ့နော်...မီတာတက်တယ်"
ကျွန်တော်ပြောရင် အူကြောင်ကြောင် ပြန်ကြည့်ပြီးကျန်နေခဲ့မှာ သိတယ်။ မီးဖွင့်လိုက်ရင် ရောဂါလက္ခဏာ
တစ်ခုဖြစ်တဲ့ ဝါနေသော ကျွန်တော့်အရေပြားတွေ ကိုဇက်တွေ့လို့မဖြစ်ဘူး။ အခုနောက်ပိုင်း ပိုသိသာလာ၍
နေ့ဖက်တွေဆို သူနဲ့မတွေ့အောင် ရှောင်နေရ၏။ မိဘတွေကိုတော့ အထူးတလည်ရှောင်နေစရာမလို။
မိုးလင်းတာနဲ့ အလုပ်ကိုယ်စီနဲ့မို့ ကိုဇက်ကိုသာ အဓိက ထားရှောင်ဖယ်နေရသလိုဖြစ်နေ၏။
ပန်းကန်နှစ်ချပ်နဲ့ဇွန်းနှစ်ချောင်းကို ပန်းကန်တစ်ချပ်ပဲ လှမ်းယူကာ လှီးထားသောCakeကိုထည့်ပေးသည်။
"လာထိုင် တာမွေက ဂီတအစည်းအရုံးနားရောက်တာနဲ့ ညီ့ကိုသတိရလို့ဝယ်လာတာ"
"ဒီအချိန် ဆိုင်က ပိတ်နေပြီမလား"
"အင်း ၈နာရီလောက်တည်းက ဝယ်ထားတာဓ၊ အလုပ်ကမပြီးသေးတာနဲ့...စာဖတ်နေတာလားညီ"
"အင်းဟုတ်တယ်"
"ဒါလေးက ဘာလဲကွ"
ကိတ်မုန့်ကိုငုံ့ကာစားနေစဉ် ကျွန်တော့်ခေါင်းမှ ကြက်တောင်စီးအား သဘောတကျလာ ဆော့နေသူ။
လက်ထိပ်ဖျားတွေနဲ့စုကာ ဆွဲကြည့်လိုက် လက်ညှိုးနဲ့ရိုက်ကြည့််လိုက်နဲ့။
"ဖယ်ပါဗျာ...ရော့ ဒီမှာ ပန်းကန် ကိုယ့်ပန်းကန်နဲ့ကိုယ်စား"
ဖန်ပန်းကန်ကို သူ့ရှေ့တွန်းပို့ ရင်း ခေါင်းမှကြက်တောင်စီးကိုပါ တလက်စတည်းဆွဲဖြုတ်လိုက်တော့
"ဟာ ညီရာ မဖြုတ်ပါနဲ့...ဒီအတိုင်းလေး ကြည့်ကောင်းနေတာကို" ဟု ပြာပြာသလဲ ဆိုလာသူကို
ဘာမှပြန်မပြောဘဲ ပန်းကန်ထဲ ကိတ်မုန့်ထည့်ပေးနေစဉ်
"သပ်သပ်မထည့်နဲ့ ၊ ညီနဲ့ပဲစားမယ်လေ" ဟူ၍ ထပ်ကာ အမှတ်မရှိ ဆိုပြန်သည်။
"မစားနဲ့"
လေသံပြတ်နဲ့ပဲ တစ်ခွန်းပြောလိုက်တာတောင်ဇွန်းကိုင်ပြီး ကျွန်တော့်ပန်းကန်ထဲမှ ရအောင်ခပ်စား၏။
မစားစေချင်လို့မှ မဟုတ်ဘဲ။ ကျွန်တော့်ရောဂါကကူးတတ်တာမျိုးမဟုတ်ပေမယ့် သူ့အတွက်
သေးသေးလေးက အစ ကျွန်တော်တွေးပူနေတတ်တာကို သူနားလည်အောင်ကျွန်တော် ဘယ်လိုမှရှင်း
ပြလို့မရ။
"ကိုယ့်ပန်းကန်နဲ့ကိုယ်ထည့်စား!"
ကျွန်တော့်လေသံမြှင့်လိုက်တာနဲ့ မျက်နှာက ၆၀ကျော်အဘိုးအိုလို အိုကျသွားလေသည်။
"အေးပါညီရာ...But give and take ရှိတယ်"
"What?"
"ညီ စောနကလို ကြက်တောင်ပြန်စီးရင် ကိုယ့်ပန်းကန်နဲ့ကိုယ်စားမယ်။ အိုကေလား၊ မစီးရင်တော့
ဒီကိတ်ကို ကိုယ့်အိမ်ပြန်သယ်သွားရလိမ့်မယ်"
"ကလေးလိုပဲဗျာ..."
အချိန်ပိုင်း ကျူတာ ၊ လုပ်ငန်းခွင်တွင်လည်း နေရာတစ်ခုစရနေသောသူ စသည့် သူ့ဂုဏ်တွေသည်
ကျွန်တော်နဲ့တွေ့ရင် ဘယ်ဝင်ပုန်းကုန်ကြပါသလဲ။ အခုလည်းဆက်ပြောလေဆိုသည့် ဒီဇိုင်းနဲ့ ကြည့်နေသး၏။
အမှန်တော့ ဆရာဝန်ပြောစကားအရ အဆီများတာတွေ မစားသင့်ဘူး။ အသားတောင်မစားသင့်တဲ့
အခုလို အခြေအနေမှာ သူသတိတရ ဝယ်လာပေးသော ကိတ်မုန့်ကို ကျွန်တော်ခုံခုံမင်မင်ကို
စားချင်မိတယ်။ ပြီးတော့... ကျွန်တော်သိတယ်လေ။ အခု ကျွန်တော့်ပုံကို သူသဘောကျနေတာ ဖြစ်ကြောင်း
သိနေရက်နဲ့တော့ ဆက်မငြင်းချင်တော့။ ဘာမှမပေးနိုင်တဲ့ဒီခန္ဓာကိုယ်မှာ သူ့အတွက်မျက်စိ
ပဏာသဖြစ်နေစရာအကြောင်းတစ်ခုရှိပါကမဖြစ်မနေကို ဖြည့်ဆည်းပေးသင့်သည်ဟု ကျွန်တော်ထင်တယ်။
"ကဲဗျာ...စီးမယ်"
"wait! ကိုယ်စီးပေးမယ်"
"ဗျာ!"
"မဗျာနဲ့။ ဒီကိုလာစမ်းပါကွာ"
အဲ့လိုတွေဆို သွက်လက်နေတာ ဝါရင့်တိုက်ခိုက်ရေးသမားလိုပင် ကျွန်တော်လက်တစ်ဖက်ကိုဖြတ်ခနဲ
လှမ်းဆွဲ၊ ကျွန်တော့်ကိုယ် သူ့ဖက်ယိမ်းသွားစဉ် လက်တစ်ဖက်က လည်ပင်းကို လှမ်းဆွဲရင်း
နောက်တစ်ဖက်က ခေါင်းပေါ်မှာ ခပ်ပုံ့ပုံ့လေးကျန်ခဲ့သော ဆံပင်စုကို ဆွဲစုကာ စတင်စီးပေးနေပြီ။
"စောနက ကွင်းရော"
သရေကြိုးပျော့လေးကို သူ့လက်ထဲထည့်ပေးတော့ ကျွမ်းကျွမ်းကျင်ကျင် မဟုတ်တာရော သူတစ်ခါမှ
မလုပ်ဖူးတာရောကြောင့် ကျွန်တော်ဆံပင်တွေ သူ့လက်ထဲပါကုန်တော့သည်။
လက်ဖဝါးထဲပါလာသော ဆံမျှင်ကြည်တွေကို ငုံ့ကြည့်မိ၏။ ဘာလို့ဆံပင်တွေဒီလောက်ကျွတ်သွား
ရတာလဲ ။ ညီ နာသွားပြီ။
"ညီ...ဆံပင်တွေကျွတ်..."
"အင်း စောနက စီးထားတာ ကြာသွားလို့...ရော့ ဒီမှာစားလေ"
ပန်းကန်သူ့ရှေ့တွန်းပို့သည့်တိုင် သူ့လက်ထဲက ကျွန်တော့်ဆံခြည်မျှင်တွေကို ငုံ့ကြည့်နေဆဲ။
သောက်နေရသည့်ဆေးတွေကြောင့် ကျွန်တော့်ဦးရေပြားတွေက ဆံပင်တွေကို ခိုင်မြဲအောင်မထိန်း
သိမ်းပေးထားနိုင်တော့တာကို သူ့ကိုရှင်းပြလို့မရ၍ ဒီအတိုင်းမသိချင်ယောင်ဆောင် နေလိုက်တာက
ပိုကောင်းမည်။
"ညီ နာသွားလား"
"ဟား ဒါလောက်လေးနဲ့ နာစရာလားဗျ။ စားပါကိုဇက်ရာ"
ဘာမှမဖြစ်သလို ပြောရင်း ကိတ်မုန့်တွေကိုသာ အားပါးတရစားနေသော ညီ။
လက်ထဲက ဆံခြည်မျှင်တွေကို ညီမမြင်ခင်အိတ်ကပ်ထဲထည့်သိမ်းထားလိုက်သည်။ ဟုတ်တယ်
ဒါကျွန်တော့်ကြောင့်ရလာသော ည့ီနာကျင်မှုအစိတ်အပိုင်းတစ်စ။
ညီ ကျွန်တော့်ဘေးရှိနေရက်နဲ့ တိတ်ဆိတ်နေတာမျိုးကို ကျွန်တော်မခံစားနိုင်။ အိမ်တစ်ခုလုံးလည်း
တိတ်ဆိတ်နေ၍ အလိုလို မွန်းကျပ်လာသလို ခံစားရသည်။
"ညီ! မေပြုံးရော"
"သက်ငယ်မုဒိန်းမှုအတွက် လှုပ်ရှားမှုလုပ်ဖို့ဆွေးနွေးပွဲသွားတယ်။ ပြီးတော့ ကလေးလေးဆီကိုရော...
လူတွေလည်းဗျာ ဒီယောကျာ်းဘဝကိုရထားပြီးတာကို ဘာလို့များ ဒီလောက် အလိုရမ္မက် ကြီးနေကြတာ
လဲနော်။ ပြီးတော့... အရွယ်မရောက်သေးတဲ့ ကလေးလေးတစ်ယောက်ကို သူတို့မို့လုပ်ရက်တယ်"
"စိတ်ပေါ့ညီ။ စိတ်ကို မထိန်းနိုင်သလို ဖြစ်တည်မှုတွေကို တခဏတာ ကိုယ့်အလိုရမ္မက်လောက်
တန်ဖိုးမထားကြတာ"
"ကျွန်တော်က ကလေးလေးကို သနားနေတာ"
ညီစိတ်ပင်ပန်းနေတာမျိုးကို ကျွန်တော်လည်း မခံစားနိုင်၍ စကားလမ်းကြောင်းလွှဲရတော့၏။
"အင်း...ဒါဆို အခုညီတစ်ယောက်တည်းပေါ့"
"ဟုတ်တယ် ဖေဖေက စင်္ကာပူဖလိုက်နဲ့ ပါသွားတယ်"
ညီက တစ်ဦးတည်းသော သားဆိုပေမယ့် ကျွန်တော့်လောက်တောင် အိမ်ရဲ့ဂရုစိုက်မှုမခံခဲ့ရ။
Pilotနဲ့လေယာဉ်မယ်ဟောင်း မေမေတို့က ညီငယ်ငယ်တည်းက အလုပ်များကြတယ်။ ညီက အိမ်မှာ
တစ်ယောက်တည်း ကျန်ခဲ့ရတာများ၍ အချိန်တော်တော်များများက ကျွန်တော့်တို့အိမ်မှာသာ အနေများခဲ့တာ။
အခုလည်း ညဖက်တစ်ယောက်တည်းဖြစ်နေသော ညီ့ကို စိတ်မချ။
"ညီ ကိုတို့အိမ်လိုက်အိပ်မလား" ဟု ဖွင့်ဟ ခေါ်မိသည်။
"ရပါတယ်ဗျာ။ တစ်ယောက်တည်းမှ မဟုတ်တာ။ပြီးတော့ နေနေကျပဲ... ခြံထဲမှာ ဦးလေးလည်းရှိနေတယ်"
အမှန်က ညီ့နားဘယ်သူနေနေကိုစိတ်မချတာ။
"ဒါဆို ကို လာအိပ်ပေးရမလား"
"ရပါတယ်ဆိုဗျာ"
ကျွန်တော်တစ်ယောက်တည်း ဖြစ်နေရင်သူ့အိမ်ခေါ်ခေါ်သိပ်နေကျ ။ ဒါငယ်ငယ်တုန်းကလေ။ အခုနောက်ပိုင်း
အတူတူမအိပ်ဖြစ်ကြတာပဲ ဘယ်လောက်ကြာနေပြီလဲ။ မယုံလို့မဟုတ်။ ထက်နေခြည်သီချင်းထဲကလို
နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးနေမိမှာဆိုး၍သာ...
"မအိပ်ချင်သေးဘူးဗျာ။ တက္ကသိုလ်ဝင်းနားက အဆောင်ရှေ့ဂစ်တာသွားတီးကြမလား"
မျက်ခုံတစ်ဖက်ပင့်ကာ အဖော်ညှိနေသောညီ့စတိုင်။ ချစ်စရာကောင်းခြင်းဆိုသော ဟန်ပန်တွေကြား
တစ်စွန်းတစ ပေါ်ထွက်လာသော ယောကျာ်းပီသမှု။ အဲ့ပုံစံတွေသည်လည်း ကျွန်တော့်မျက်လုံးထဲ
မိုက်နေပြန်ရော။ ဒါတွေကိုကနုဖတ်ချောမောနေလွန်း၍ချစ်ခဲ့မိတာမဟုတ်ကြောင်းလျှောက်လွှဲချက်ကောင်းတွေ။
"ကောင်းပါ့မလား...မမချိုသိရင်..."
"မဟာသိရင်ရော"
မေးခွန်းပြန်ထုတ်သော ညီ့ကို မီးရောင်မှိန်မှိန်အကူအညီနဲ့ တန်ပြန်စိုက်ကြည့်တော့
"တစ်ခါတလေ သစ္စာဖောက်ဖူးတယ်ရှိအောင် ဖောက်ကြည့်ကြရအောင်"
လွယ်လွယ်ထွက်သွားသော ကျွန်တော့်စကားစုတို့နောက် ညီခဏတာ ငိုင်တွေသွားကာ ကျွန်တော့်ကို
ပြန်ကြည့်လာသည်။ သို့ပေမယ့် ထိုအကြည့်ကို ဘာသာမပြန်နိုင်သေးခင် မျက်လုံးတွေမှိတ်သွားသည်အထိ
သဘောတကျ ထရယ်လေ၏။
"ဟားဟား အမယ်လေးဗျာ... အဆောင်ရှေ့ဂစ်တာလေး မတီးဖူးလို့ သွားတီးကြည့်မှာကိုပဲ...
အကြီးကြီးတွေပြောနေလိုက်တာ ဆိုတာ...ကိုဇက်ကို အဲ့ဒါတွေကြောင့် အဘလို့ခေါ်တာ သိလား
ဘဇိုင်း ရ ဟား ဟား "
ဟုတ်သား။ ကျွန်တော်ကလည်းလေ တစ်ခါတလေ ညီ့ရှေ့ရောက်ရင် အဲ့လိုတွေဖြစ်ဖြစ်သွားတတ်တာ
မှောင်ရိပ်ထဲ လဲ့သွားသော ညီ့အပြုံးပွင့်တစ်ခုကို တမေ့တမော မငေးမိခင် ညီ့ကဲ့သို့ပေါ့ပါးခြင်းတွေ
ထမ်းပိုးလိုက်ရတော့၏။
"ဒါဆို သွားမယ်လေ။ အခုဒီဇိုင်းနဲ့သွားမယ်နော်"
ကျွန်တော် ခပ်ပြုံးပြုံးနဲ့ပြောတော့ ဖက်ရှင် အလေးထားသူ မျက်လုံးတွေ ဝိုင်းသွားသည်။
"အင် လဲပါရစေ"
"မရဘူး။ ဒီပုံစံနဲ့ပဲသွားမယ်။ ဘာလဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတာလား ညီ"
"မဆိုင်ပါဘူးဗျာ ရူပါကသာ အဓိကပါဗျ။ အပေါ်ယံ အလွှာက သာမည ဟဲဟဲ"
"အေးပါကွာ...ညီ တီးနေရင်း ချာတိတ်တစ်ယောက်ထွက်ကြည့်ရင် နားကွင်းတစ်ခု၊ ဘယ်လိုလဲ စိမ်ခေါ်လား"
"အိုကေလေ ၊ လာထ!"
ညလယ်ခင်းသဘင်သည်မလေးကနှင်းမှုန်မှုန်ကြဲထားသော ပုဝါပါးကို လွှမ်းခြုံရင်း အောက်လင်းမီး
တိုင်အောက် တိတ်ဆိတ်ခြင်းနဲ့ချမ်းအေးခြင်းသရုပ်ကို ကျွန်တော်နဲ့ညီ့အတွက်အသုံးတော်ခံ ခင်းကျင်း
ကပြနေ၏။
ဆိုမယ့်လူကတစ်ယောက် ၊ အဆောင်ရှေ့ထိ ဂစ်တာသယ်ပြီးလိုက်လာရတာက ကျွန်တော်။
"ဒီမှာ ထိုင်မယ်ကိုဇက်။ ပြတင်းပေါက် တည့်တည့်"
ပတ်ဝန်းကျင်တွင်တော့ အကောင်ပလောင်လေးတွေ တကျီကျီုမြည်သံလွဲ၍ အသံလှိုင်းတို့ အလုပ်နား
နေကြသကဲ့လို့ရှိနေ၏။
"ဘာဆိုရမလဲ ကိုဇက်"
လက်တစ်ဖက်အုပ်ကာ တိုးတိုးကပ်မေးလာသော ဗရုတ်လေး။ မသိရင်ခက်နေမယ်။ သူငယ်ငယ်ကကြည့်ဖူးတဲ့
မြန်မာဗီဒီယိုကားတွေထဲက မင်းသားတွေစတိုင်လာလုပ်နေတာ ၊ ရယ်ချင်စိတ်ကို ထိန်းမနေတော့ဘဲ
တဟားဟား ထရယ်ရင်း ကြက်တောင်စီးကိုဆွဲတော့...
"ဟ တိုးတိုးသက်သာရယ်ပါ ကိုဇက်ရာ။ မြန်မာသီချင်းတွေကလည်း တစ်ပုဒ်မှ အစအဆုံးမရ"
အောက်နှုတ်ခမ်းကို ဖိရင်းခေါင်းမော့ကာ စဉ်းစားနေပုံကို မှောင်ရိပ်ကွယ်နေတာတောင်
ဆက်မငေးမိတော့အောင် ခေါင်းသာ ငုံ့ထားလိုက်ရ၏။ ကောင်မလေးတွေအဆောင်ရှေ့ဂီတာတီးဖို့
လာတဲ့ ကျွန်တော်က ကောင်လေးတစ်ယောက်ကို ရင်ခုန်နေတယ်ဆိုတာက နည်းနည်းတော့
တစ်မျိုး ဖြစ်နေတာပေါ့။
"Betalsတို့ သီချင်းတွေ ဆိုပြရင်ချာတိတ်တွေဝိုင်းလှောင်ဦးမယ် ၊ အဘိုးကြီးတွေဆိုပြီး။ တရုတ်သီချင်း ဆိုလည်းတစ်လုံးမှ တောင်နားလည်လိုက်ကြမှာမဟုတ်။ ဘာဆိုရမလဲ ကိုဇက် ၊ စဉ်းစားပေးဦး ဗျ"
"ကောင်မလေးတစ်ယောက်ထွက်ကြည့်လာဖို့ကို အဲ့လောက်ထိကြိုးစားနေတာပေါ့။ ဟုတ်လားညီ"
ဟုတ်တယ်စိတ်ထဲနည်းနည်းတော့ မကောင်းဘူး။
"ရွှေဈေး၁၀သိန်းကျော်နေချိန်မှာ နားကပ်တစ်ဖက်ရမယ့် အရေးကို ဒီလောက်တော့ခေါင်းသုံးရဦးမှပေါ့ဗျ။
နေကောင်းမြတ်သူတို့က လုပ်ရင်အပီပိုင်မှ လုပ်တာ"
"အေးပါကွာ"
နားကပ်လိုချင်လို့တဲ့လား။ စိတ်တွေချမ်းသာပါတယ် ရွှေမက်တဲ့ပေါက်ဖော်ကပြားလေးရယ်။
"ကဲဗျာ ကိုဝိုင်ဝိုင်းပဲ ဟဲတောမယ်။ ရတဲ့အကြောင်းတွေပဲ ဆိုရတာပေါ့။ သနပ်ခါးတုံးနဲ့တော့လှမ်းမထုလောက်ပါဘူးနော်"
သူ့စကားသူ သဘောတကျရယ်နေရင်းမှ ဂစ်တာကြိုးတွေညှိနေသော ညီ၊ ညီ့လက်ချောင်းတစ်ချောင်းစီကို
လိုက်ငေးနေမိသလို မှောင်ထဲခြင်မကိုက်အောင်လည်း ညီ့ဘေးနားလက်နဲ့ ယက်ခတ်ပေးနေရသေး။
ကျွန်တော်တစ်ယောက်တည်း အလုပ်တွေရှုပ်နေသလိုပဲ။
"အိုကေ စလို့ရပြီ"
နင့် နားကို...ငါမရောက်နိုင် လှောင်အိမ်ထဲက အချစ်ငှက်လို...ငါ့အသည်းတွေ ကြွေကွဲနေ...
ငိုစရာသီချင်းလေးအမြဲတမ်းဆို...
အပီဟဲနေပြီးမှ တိခနဲရပ်ပစ်ကာ
"အဲ့ဒါပြီးတော့ ဘာလဲ ကိုဇက်"
"ဟင် အဲ ကို လည်းမသိဘူး"
"ဂွမ်းပါရော ဟ ဟား"
"မရရင်လည်း တော်ပါတော့ညီရာ အေးနေပြီ။ ပြန်ရအောင် ညီလိုချင် ကိုမနက်လိုက်ဝယ်ပေးမယ်"
"နေပါ ရအောင်ဆိုမှာ"
ချောကလက်ကိတ်ထဲ ဘယ်သူမှတော့ အရက်မထည့်လောက်ပါဘူး။ အခုက ကိတ်တစ်တုံးလောက် စားပြီး
အပြင်းတစ်ပုလင်းသောက်ထား သလို ရစ်နေတာ ခုမှတွေ့ဖူးတော့တယ်။
"သေချာနားထောင်နေ ဒီတစ်ခါ ကျွန်တော်တကယ်ဆိုမှာ ၊ ဒီတစ်ခါအတည်"
ဝမ်းနည်းတတ်သူကို မင်းထပ်မနှိပ်စက်နဲ့တော့~~~အချစ်က ကိုယ့်အတွက်ဆို အမြဲတမ်း
ရှုံးမယ့်တိုက်ပွဲတစ်ခု...ကိုယ်နောက်ထပ်မရှုံးချင်ပါ မင်းငါ့အတွက် မတွေးနဲ့တော့~~~ဟိုး...အဝေး
ဆုံးတစ်ဖက်မှာ မင်းဘဝကိုပြန်အသစ်စ~~~
မင်းကြောင့်ငါ မပြောရက်ခဲ့ပါ~~မလွန်ရဲတဲ့ဲ့ကံတရားရှိခဲ့လို့ပဲ...ဒီလိုဇာတ်သိမ်းဖို့ပညတ်ထား
နောက်လူရင်မှာ ပျော်နိုင်မှာပါ~~ငါ့နားမလာနဲ့တော့~~~အခုလိုပြောတာ~~မချစ်လို့မဟုတ်ဘူးနော်
ဒီလိုနဲ့~~~သိပ်မကြာခင်အဆင်ပြေမှာပါငါ~~နားလည်ပြီးသား...မင်းနဲ့ကိုယ်နဲ့~~စည်းခြားနေပြီကွာ...
ခြောက်သွေ့သစ်ပင်တောင်~~အမြဲထာဝစဉ်မခြောက်ခမ်းဘူး~~တစ်နေ့တော့မိုးထဲမှာ အမွှေးဆုံးပန်းများ
ပွင့်လန်းလို့~~~ငြိမ်းချမ်းတဲ့ရင်ခွင်မင်းမှေးစက်အိပ်လိုက်တော့~~~မဝေးသောတို့အတိတ်ဟာ~~~~
အိပ်မက်လိုသာ~~ကျန်ရစ်ခဲ့...
မင်းကြောင့်ငါ မပြောရက်ခဲ့ပါ~~မလွန်ရဲတဲ့ဲ့ကံတရားရှိခဲ့လို့ပဲ...ဒီလိုဇာတ်သိမ်းဖို့ ပညတ်ထား
နောက်လူရင်မှာ ပျော်နိုင်မှာပါ~~ငါ့နားမလာနဲ့တော့~~~အခုလိုပြောတာ~~မချစ်လို့မဟုတ်ဘူးနော်~~
ဒီလိုနဲ့...သိပ်မကြာခင်အဆင်ပြေမှာပါ...ငါနားလည်ပြီးသား...မင်းနဲ့ကိုယ်နဲ့စည်းခြားနေပြီကွာ...
မင်းနဲ့ကိုယ်နဲ့~~စည်းတစ်ခု~~ခြား...လို့...ထား...
ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်က နားထောင်ခဲ့ဖူးသောဝိုင်ဝိုင်း၏ "စည်း"သီချင်းကိုအစအဆုံး
ရနေသောညီ့ကို ငေးနေရင်းမှ မျက်လုံးတွေ ပြန်ပွင့်လာသော ညီက ပြုံးပြရင်း
စိုနေသော ကျွန်တော်ပါးပြင်ကို ခပ်ဖွဖွပွတ်ကာ သုတ်ဖယ်ပေးတော့မှ ကျွန်တော်မျက်ရည်တွေကျနေတာကို
သတိထားမိတယ်။ ဟုတ်တယ်ကျွန်တော်သတိမထားမိပါဘဲ ဟိုးအတွင်းတစ်နေရာက မွန်းကျပ်မှု
အစိုင်အခဲထုတို့ အလိုလို အရည်ပျော်ကျလာတာ။
"ဟိုမှာ တွေ့လား ကောင်မလေးတွေ...တစ် ၊ နှစ်၊ သုံး၊ လေး။ အိုမိုင်ဂေ့ါ လေးယောက်တောင်ဆိုတော့
သုံးမိနစ်နဲ့နားကွင်းနှစ်စုံပိုင်သွားပြီ။ မငိုနေပါနဲ့ဗျာ...ငါးမူးသားလေးနှစ်စုံလောက်နဲ့ ဟဲဟဲ တိတ်တိတ်"
မျက်ရည်တွေကို လက်မမိုးနဲ့ဖိအုပ်သုတ်ပေးနေသော ညီ့လက်တွေကို ဖမ်းဆွဲလိုက်မိသည်။
ကျွန်တော့် လက်တွေသည်လည်း ရေခဲရိုက်ထားခံရသလို တဆက်ဆက်နဲ့အေးစက်တုန်ယင်နေ၏။
"ညီ..."
မိန်းကလေးအဆောင်ရှေ့မှောင်ရိပ်ကွယ်နေသော အုတ်ခုံလေးပေါ်တွင် ဂစ်တာပေါ်ပေါ်တင်ကာ
မျက်ရည်သုတ်ပေးနေသော ကောင်လေးကို...
Bạn đang đọc truyện trên: ZingTruyen.Xyz