ZingTruyen.Xyz

ညီ

EXTRA[1]

HsuChiKo365

၁၄နာရီကြာ ခွဲစိတ်မှုကြီးပြီးနောက် ကျတော်ပထမဆုံးပြန်နိုးထလာသောမနက်ခင်း
တွင် ကျတော့်အသည်းအားညီက ကောင်းစွာ
လက်ခံနိုင်သည်တဲ့လေ။ကျတော်သာလျှင်ညီကို
ချစ်တာမဟုတ်ပါဘူး စိတ်ထိန်းမဲ့ကြွက်သားတွေ
ဖြစ်တဲ့ ကျတော့်ကိုယ်တွင်းအဂါင်္တွေကပါ ညီ့ကိုယ်လေးထဲ ကောင်းစွာအလုပ်လုပ်ပေးနေခဲ့
ပြီ။ဒါမျိုးကို အသွေးထဲအသားထဲကချစ်တယ်လို့
ပဲခေါ်မလားလေ။ဒီလိုပြောရင်သိပ်များပိုသွားမလား???
ပိုးသတ်ခန်းထဲထည့်ထားခံရသောညီသည် လောင်ကျွမ်းပြာကျပြီးသည့်နောက်ဝံ့ကြွားစွာပြန်လည်ရှင်သန်နိုးထလာသော ဇာမဏီငှက်လို လန်းလန်းဆန်းဆန်းနှင့်မို့ငေးကြည့်လို့ပင်မဝနိုင်။
ကျန်းမာရေးဒေါင်ဒေါင်မြည်လှသော ကျတော်
သည် ညီ့ထက်စောစီးစွာနလန်ထူနိုင်၍ ဆရာဝန်
တွေကပြန်ရန်ပြောကြသော်လည်း ကျတော်က
ညီ့အနားပေကပ်နေ၍သာ။
ခွဲစိတ်မှုအောင်မြင်သည်ဆိုသည့်သတင်းသည်
လူမှုကွန်ရက်တွေကတစ်ဆင့် အိမ်နီးချင်းနိုင်ငံများ
သို့တိုင် ရောက်ရှိသဖြင့်နေ့စဉ်နှင့်အမျှ ကျတော်
တို့အတွက်ရောက်ရှိလာသော ဂုဏ်ပြုပန်းစည်း
တွေ။ညီဆို အံ့သြမဆုံးတော့

""Cele တွေမှ မဟုတ်ပဲနဲ့ဗျာ""ဟူ၍
ခပ်တိုးတိုးလေးပြောတတ်သေးလေရဲ့

ရန်ကုန်မြေသို့ခြေချချိန်တွင်တော့ နှစ်ဖက်မိဘတို့
သည် ဘာတွေတွေးကာစိုးရိမ်သည်မသိ
သားကောင်းနဲ့ Zအတူတူထားလို့မဖြစ်သေးဟုဆို
ကာ ညီကို ပြင်ဦးလွင်က ကိုကို့ခြံတွေဖက်
ပို့ထား၍ ကျတော်နှင့်ညီ
တိတ်တိတ်အသည်းကွဲရသေး၏။
ကိုယ်တွေမှာ ညီ နေကောင်းလာရင် ဘာလုပ်မယ်
ဘာညာနဲ့ နှစ်ယောက်သားတိုင်ပင်ပြီး Planဆွဲ
ထသမျှ ခုတော့--

ပးခဲ့ဖူးတဲ့ကတိတွေအား အလွမ်းနဲ့သာ အနား
သတ်ထားရတော့၏

လာချင်ရင်အနီးလေးဖြစ်လို့ Friday ညတိုင်း
ပြင်ဦးလွင်သို့တက်ကာ weekendတွေတိုင်း ညီနဲ့အတူတူရှိနေဖို့ကြိုးစားသောကျတော့်အား
ညီကလည်း အပြုံးနဲ့ဆက်ဆက်ကြိုမြဲ။
မိဘတွေကလည်း တကယ်ရယ်ရသည်။အရင်ကဆို ညလုံးပေါက် ဘောလုံးပွဲအတူတူထိုင်
ကြည့်ခဲ့တာတောင်ဘာမှမပြောပဲ ညီ့ကိုအခုဆို
အပြင်ကို တစ်ယောက်တည်းခေါ်သွားခွင့်မပြု
ညီ့အား အပြင်ခေါ်ထုတ်ချင်ပါက ကိုကို သို့မဟုတ်
မေပြုံးက ပါမြဲ။

ကိုယ်တွေဘာသာအရင်ကလို တစ်ယောက်ပုခုံး
တစ်ယောက်ဖက်သွားဖို့ပင်မလွယ်တော့။ကျတော့်
အဖြစ်ကအစ်ကိုမောင်တွေမိဘတွေရဲ့
အချစ်တော်လေးကို ခရီးဝေးထိလာရောက်ပိုးပန်း
နေသော လူပျိုသိးုကြီးလိုလို။
ကိစ္စတော့မရှိ ပါလာသူလက်ထဲ Cmaeraထိုး
ထည့်ကာညီနဲ့အမှတ်တရ ဓာတ်ပုံရိုက်ခြင်းဖြင့်
ညီ့ အနား ညာတာပါတေးကပ်ခွင့်ရသည်။
ခါတလေပိုဆိုးတာကကျတော့်ဖေဖေရန်ကုန်ဆင်းလာချိန်နဲ့တိုးရင်သေပြီပဲ။

""သားကောင်း ကို လိုက်တွေ့အုံးမှ""ဆိုသည့်
အကြောင်းပြချက်နဲ့ ကျတော်နဲ့အတူတူလိုက်လာ
တတ်သည်။ဖေဖေလိုက်လာပြီဆိုကျတော်တို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် စေ့စေ့ပင်ကြည့်ဖို့
ခက်လှ၏။ တစ်ယောက်တစ်ယောက်ခိုးခိုးကြည့်
ရင်းနဲ့သာ weekendတွေကိုဖြတ်သန်းရသည်
ကျတော့်အဖြစ်က ငိုရခက်ရယ်ရခက်ကြီးနဲ့--

YGNပြန်ရောက်ပြီဆိုအခန်းထဲနေရင်းဖုန်းထဲမှ ညီ့ပုံတွေကြည့်ကာ ကျတော်ညတွေကိုဖြတ်သန်း
ရသည်။

အားးးးးအတူတူနေချင်ပြီ။

ဟူသောစကားအား ညီ့ပုံတွေကြည့်ပြီးတိုင်း ညီ
နဲ့ ဖုန်းပြောပြီးတိုင်း ခေါင်အုံးထဲမျက်နှာထည့်ကာ
ကြုံးအော်နေကြ။
အသက်၂၅နှစ်နားနီးမှ ကျတော့်မှာ ခုမှရည်းစား
ထားဖူးသော လူပျိုပေါက်စလေးလိုဖြစ်နေသည်
သိပ်တော်လွန်းတဲ့မိဘတွေရယ်။

Thank you All

>>ဒါက Zရဲ့ Pov လေးပါ။နောက် Wuri gegeရဲ့ Povလေးလာပါမယ်။ဖြည်းဖြည်းချင်း
ပဲသွားကြတာပေါ့ 😍😍😍

Bạn đang đọc truyện trên: ZingTruyen.Xyz