ZingTruyen.Xyz
ညီ
Epi28
HsuChiKo365
""ကိုဇက်~~""
ကျတော့်ကမ္ဘာချာချာလည်နေစဉ်
""ညီ့ကို ချစ်တယ်""
အသံဖမ်းအားကောင်းလှသော Micကတစ်
ကျတော့်ခန္ဓာစကြာဝဠာထဲလွင့်စင်ထွက်သွားသလို လွင့်ခနဲမျောသွားတာ~~~
အားရပါးရပြုံးပြနေသူ-- ကျတော်ရှေ့ဒူးတစ်ဖက်
အားမဝံ့မရဲမော်ဖူးနေသောအောင်ပွဲရစစ်သည်
တစ်ယောက်ဟန်-
Cameraမီးရောင်တွေဝင်းလက်လာတော့မှ
ကျတော့်စိတ်အစဉ်သတိတို့အသိနဲ့မိတ်ဆက်ကာ သိကျွမ်းမဝင်ခင် Liveလွှင့်နေတာဟူသော သတိတံဆိပ်ကပ်စိတ်ဝိညာဉ်ကြောင့် ကျတော်ထပြေးမိတာကBack Stageဆီ။
ပယောဂ စွဲကပ်နေတယ်လို့မစွပ်စွဲရဲခင် ကျတော့်
ကိုဖမ်းဆွဲလိုက်နိုင်သောကျတော့်စိတ်လိပ်ပြာ
ပိုင်ရှင်သည်လင်းထင်းနေသောBack
Satgeအဝတ်လဲခန်းထဲကျတော့်ကိုယ်သေးသေးအားထွေးပွေ့ပေးထားသေး၏
""ဘာတွေလုပ်လိုက်တာလဲ??ခင်ဗျားဘာတွေ
လုပ်လိုက်တာလဲ?!!""
ဟုတ်တယ်။ကိုဇက်ဘာတွေဖြစ်သွားတာလဲ??ထိုသုံးမိနစ်စာကာလအတွင်းသူဘာတွေဖြစ်သွား
တာလဲ???
""ခင်ဗျားဘာလို့အဲ့လို လုပ်လိုက်တာလဲ??ခင်ဗျားနဲ့ တန်လို့လား??ဟမ်""
ဇီဝိခြွေနေသောကျတော်ချစ်ရသော--ညီ
ကျတော်ဆွံ့အသွားစေခဲ့သော
ကျတော်တဆုံး,မတွေးမိခင် ရှေ့ဆက်ပြောလာ
သော ညီ့စကားကြောင့်ကျတော်ခြေမခိုင်
ချင်တော့
""ကျတော့်လို ဘာမဟုတ်တဲ့ကောင်အတွက်
ခင်ဗျားသိက္ခာချခင်းစရာလား??ဒါတစ်နိုင်ငံလုံး
လွှင့်နေတာမသိဘူးလား??ဘာလို့အဲ့လောက်တုံး
ရတာလဲ??""
ကျတော်ရင်ခွင်ထဲ စည်ဝင်တီးနေသောညီ~
""ခင်ဗျား မိုက်ရူးရဲဆန်လွန်းတယ်~~""
သောညီကိုယ်ပါးလျလျ
""ညီ!!!""
ကြားမှ ကျလာသောလက်တစ်ဖက်
""ညီ!! ညီ!!ထ--ထပါအုံး""
Back Stageထဲပြေးဝင်လာသော ညီ့ငယ်သူ
ကျတော်နဲ့အတူ ညီအားပွေ့ယူပေးသော
လင်းတာရာ ဆိုသူ---
""ခင်ဗျားမထိနဲ့""
ယောက်ျားလေးတစ်ယောက်၏ကိုယ်က မယုံနိုင်
စရာပေါ့နေလိုက်တာ။
""မောင်!!်""
မြင်လိုက်သေးသည်
သမားများကို တွန်းတိုက်ဖယ်ရင်းရှားရင်း ကျတော်တို့ အရေးပေါ်ကားဆီသို့ရောက်လာ
တော့---
""Heart attackပါနေတယ်""
် ညိမျက်နှာကိုoxygen maskတပ်ကာ ရှပ်အဖြူကိုကပ်ကြေးနဲ့ ထိုးခွဲလိုက်ချိန် ကျတော်မြင်လိုက်ရတာက ဝါနေသောရင်ဘက်ပေါ်မှ မီးကျွမ်းရာတွေ
တာလား??
ဘာလို့မသိခဲ့တာလဲ??ဒါတွေကဘာတွေလဲ??
ဟုတ်တယ် ညီ ဥာဏ်ကောင်းလွန်းတာမဟုတ်
ပါဘူး ကျတော်ကသာညီဘာဖြစ်လို့ဖြစ်မှန်းမသိ လောက်အောင်ထုံပေလွန်းခဲ့တာ---
-
-
-
Ex ပါသွား၏။
""နင်တွေ့ပြီမလား မဟာ~~ငါတို့က အတင်းဆွဲ
Shipနေတာမဟုတ်မှန်း""
တွေလဲ?""
ခဲ့သောကိုးတန်းကျောင်းသူလေးဟန်တွေ မပြယ်
မပျောက်သေး။
အုံးမှာ။ကျေးဇူးပါ သွန်းသွန်း""
""ရပါတယ်""
မဟာသည် Zဟူသောထိုလူသားအား မဖြစ်မနေ
ုပြန်ဆွဲထားမိခဲ့အုံးမှာ---
အော်ဟစ်သံတွေကြောင့်~~~
-
-
-
-
-
ဒါပေမယ့် အပေါ်စီးမှနေရင် စိတ်ရှိလက်ရှိထိုးနေ
သော ဖေဖေဒေါသတွေနည်းနည်းလေးမှပင်လျော့
မသွား။ဖေဖေ့နောက်မှာငိုနေသောမေမေ့နဲ့ဖေဖေ့အား
""ဟေ့ကောင် ပြောလေ။ဒါ မင်းဘာအချိုးချိုး
လိုက်တာလဲ??တစ်နိုင်ငံလုံးကိုမျက်နှာမပြရဲတော့
ဒူးထောက်နေသော ကျတော်စိတ်အစဉ်အား
ကျတော့်အား အညှိုးတကြီးနဲ့ ရိုက်နှက်နေသော
ဖေဖေ့စကားများအားလည်း နားထဲမဝင်
မင်းက အခြောက်လား??မင်းဘယ်တုန်းတည်း
ကအဲ့လိုဖြစ်နေတာလဲ??မင်းကွာ--ငါမွေးထား
တာ ယောကျာ်းကွ။""
လည်းမဟုတ်ဘူးလို့ပြောလိုက်လေ--မမချိုပွဲ
အတွက်လုပ်ပေးတာလို့""
ခုမေမေကလိမ်ခိုင်းနေတာလား??ဒါလိမ်လို့ရတဲ့
ကိစ္စမဟုတ်မှန်းကျတော့်ဘဝနဲ့ရင်းကာသိနေပြီဖြစ်၍
""ကျတော် ညီ့ ကိုတကယ်ချစ်တာမေမေ။ငယ်
ငယ်လေးတည်းကချစ်တာ။ကျတော်ရုန်းထွက်ဖို့
ကြိုးစားခဲ့ဖူးတယ်။ဒါပေမယ့် ခုကျတော်သိသွား
ပြီ ကျတော် ညီ့ကို သူများကိုမပေးချင်တော့ဘူး
ကျတော်လည်း ညီမဟုတ်တဲ့တခြားတစ်
""မင်းကွာ!!""
နှစ်နာရီနီးပါးတိုင်အောင်ဖေဖေ့ရဲ့ဒေါသတွေအား
ဝစီပိတ်တရားနဲ့သည်းခံနေသော ကျတော်ရဲ့
မေမေသည်ပင် နောက်ပြန်လဲမတတ်ဖြစ်သွား၏
""ဟုတ်တယ် ကျတော် ညီ့ကို ချစ်တာ!!ညီ့ကိုပဲ
တသက်လုံးချစ်ခဲ့တာ""
""မင်း မရှက်ဘူးလား??ဟမ် ဇိုင်းဇက် မင်းဒီစကားပြောရမှာ နည်းနည်းလေးတောင်
်မရှက်ဘူးလား""
တာ--""
မျက်နှာမဖော်ရဲအောင်ပါမင်းလုပ်လိုက်တာ
""ကိုနိုင်-""
ကျတော်လိုသားဆိုးတစ်ယောက်ကိုပိုင်ဆိုင်ထား
သောဖေဖေသည် ညီ့ ဖေဖေအားမျက်လုံးချင်းဆုံ
""ကျတော် ဆိုဆုံးမမှုညံ့လို့ခုလိုတွေဖြစ်ရတာ
ကျတော်တောင်းပန်--""
ပေမယ့် ဒါ-ကိုကြည့်ပါ။ကျတော့်သားစာအုပ်တွေ
Diaryစာအုပ်ရောင်စုံ။Diaryစာအုပ်ပေမယ့်
တွေက တစ်ကြောင်းတည်း--မဟုတ်ဘူးအမှန်
တော့ နှစ်ကြောင်း
""ကျတော် ကိုဇက် ကိုမချစ်ဘူး။""
ပေါင်းများစွာထဲ
""ကျတော် ကိုဇက် ကို ချစ်တယ်""
ုတွေကလည်းပဏာမများစွာပါနေတတ်သေး၏
""အားးးး""
အဖေတွေအမေတွေရှေ့လည်းကျတော်မရှက်နိုင်
တော့ပါဘူး။
တောင်မျက်ရည်မကျခဲ့တဲ့ကျတော့်ကို ခဲတံနဲ့ပင်
နစ်နစ်နဲနဲဖိရေးထားသော စာလုံးတွေက ကျတော့်
ကျတော့်အား နွေးနွေးထွေးထွေးထူပွေ့လာသော
ညီ့ဖေဖေ
တော့ပါဘူး""
""မဟုတ်ဘူး။ညီဘာမှမဖြစ်စေရဘူး!!!""
သော ကျတော့်အားပွေ့ဖက်နှိမ့်သိမ့်နေသော
ညီ့ ဖေဖေထွေးပွေ့မှုမှ ရှုန်းထွက်ကာ အားလုံးရှေ့
ကျတော်ကြွေးကြော်မိတယ်
""ညီ ဘာမှမဖြစ်စေရဘူး။ညီ့ကို ကျတော်ရ
အောင်ကယ်မှာ""
ဖေဖေကတော့ စိတ်လျော့သွားတာလား??ကျတော်တို့ကိုပဲနားလည်သွားတာလားမသိပေ
မယ့် ငူငူငိုင်ငိုင်
""ညီ့ကိုရအောင်ကယ်မှာ။ပြီးရင်ညီ့ကို ကျတော့်ကိုပေးပါ""
""ဟုတ်တယ်။ကျတော့်ညီ့ကို ဘယ်သူ့လက်ထဲ
မှမထည့်တော့ဘူး။ပြီးတော့ကျတော်အခု BKလိုက်ခဲ့မယ်""
ကျတော့် ဘဝ။သိက္ခာ။အရှက်တရား။နာခံမှု။နောက်ဆုံးကျတော့်အသက်။အရာအားလုံးကို
ဲ့ ညီ့ထံပါး အကုန်ပေးအပ်ပြီးညီ့ကိုချစ်ချင်တယ်။
ချစ်ခွင့်ပြုပါညီ~~
Thank You All
(Unicode)
/
/
/
"ညီ့ကို ချစ်တယ်"
အသံဖမ်းအားကောင်းလှသော မိုက်မှတစ်ဆင့် ခန်းမတစ်ခုလုံး ပြန့်လွင့်သွားသော ကိုဇက်၏
ကြည်လင်နေသော အသံကြောင့် ကျွန်တော့် ခန္ဓာစကြာဝဠာထဲ လွင့်စင်ထွက်သွားသလို လွင့်ခနဲ
မျောသွားတာ။ ဒါမျိုးကို လိပ်ပြာလွင့်တယ်လို့ ပြောကြတာလား။
အားရပါးရပြုံးပြနေသူ။ ကျွန်တော်ရှေ့ဒူးတစ်ဖက်ထောင်ကာ မော်ကြည့်နေပုံက အိမ်ရှေ့စံတစ်ပါးကို
မဝံ့မရဲမော်ဖူးနေသော အောင်ပွဲရစစ်သည်လေးတစ်ယောက်ပမာ။
ကင်မရာ မီးရောင်တွေ ဝင်းလက်လာတော့မှ ကျွန်တော့် စိတ်အစဉ်သတိတို့ အသိနဲ့မိတ်ဆက်ကာ
သိကျွမ်းမဝင်ခင် တိုက်ရိုက်လွှင့်နေတာ ဟူသော သတိတံဆိပ်ကပ်စိတ်ဝိညာဉ်ကြောင့် ကျွန်တော်ထပြေး
မိတာက စင်နောက်ဖက် မှောင်ရိပ်သန်းအခြမ်းဆီ။
ပယောဂ စွဲကပ်နေတယ်လို့ မစွပ်စွဲရဲခင် ကျွန်တော့်ကို ဖမ်းဆွဲလိုက်နိုင်သော ကျွန်တော့်စိတ်လိပ်ပြာ
ပိုင်ရှင်သည် အလင်းရောင်ခြယ်လှယ်မထားသော အဝတ်လဲခန်းထဲ ကျွန်တော့်ကိုယ်သေးသေးအား
ထွေးပွေ့ပေးထားသေး၏။ ကျွန်တော် သွေးရူးတန်းရူးနှင့် ပလုံးပထွေးအော်ရင်း ရင်ခွင်ထဲမှ ရုန်းကန်ထွက်မိ
သည်။
"ဘာတွေလုပ်လိုက်တာလဲ ။ ခင်ဗျားဘာတွေလုပ်လိုက်တာလဲ!"
ဟုတ်တယ်။ကိုဇက်ဘာတွေ ဖြစ်သွားတာလဲ။ ထိုသုံးမိနစ်စာကာလအတွင်း သူဘာတွေဖြစ်သွားတာလဲ။
"ညီ! ညီ စိတ်လျော့...ခဏ ၊ ကို...ကိုရှင်းပြမယ်"
"ခင်ဗျား ဘာလို့အဲ့လို လုပ်လိုက်တာလဲ။ ခင်ဗျားနဲ့ တန်လို့လား ။ ဟမ်"
မျက်ရည်ဆည်ကျိုးကျစဉ် ဆည်အောက်ဖက်ရေဝေဒေသ ရင်ခွင်တစ်ခုလုံး စုံးစုံးမြှုပ်ပစ်ခြင်းဖြင့်
ဇီဝိခြွေနေသော ကျွန်တော်ချစ်ရသော ညီ။
ကျွန်တော့်ကို ဆွံ့အသွားစေခဲ့သော "တန်လို့လား" ဟူသော ထိုစကားစုအား ကျွန်တော်တစ်ဆုံး
မတွေးမိခင် ရှေ့ဆက်ပြောလာသော ညီ့စကားကြောင့် ကျွန်တော်ခြေမခိုင်ချင်တော့။
"ကျွန်တော့်လို ဘာမဟုတ်တဲ့ကောင်အတွက် ခင်ဗျား သိက္ခာချခင်းစရာလား။ ဒါတစ်နိုင်ငံလုံးလွှင့်နေတာ
မသိဘူးလား။ ရူးနေလို့လား ခင်ဗျား ၊ ဟမ် ဘာလို့အဲ့လောက်တုံးရတာလဲ"
ကျွန်တော်ရင်ခွင်ထဲ စည်ဝင်တီးနေသော ညီ ။ ကိုဇက်ဟုခေါ်နေကျ ကလေးကခုတော့ ခင်ဗျားချည်း
ထပ်ကာ အော်ဟစ်နေတော့ စင်နောက်အပြေးအလွှား ရောက်လာသူတွေတောင်ဝင်မဆွဲရဲ။
"ခင်ဗျား တအားမိုက်ရူးရဲဆန်လွန်းတယ်ဗျာ..."
မချိတင်ကဲ ညီ့အပြောနောက် ပြိုဆင်းကျလာသော ညီ့ကိုယ်ပါးလျလျ
"ညီ!"
ချွေးစေးတွေနဲ့ ရင်ခွင်ထဲပျော့ခွေကျလာ၍ လူတကာ နင်းလျှောက်နေသော ကြမ်းပြင်ပေါ်ညီ့ ကိုယ်ကို
အရောက်မခံ။ အချိန်မီ လှမ်းပွေ့လိုက်ချိန် လက်မောင်းကြားမှ ကျလာသော ညီ့ လက်တစ်ဖက်
"ညီ! ညီ! ထ...ထပါဦး။ ညီ"
"ကိုဇက် ဆေးရုံကားအမြန်ခေါ်ပါ။ နေကောင်းကိုဆေးရုံပို့မှဖြစ်မယ်"
ပြေးဝင်လာသော ညီ့ငယ်သူငယ်ချင်းမလေးက အရေးပေါ်ကားအမြန်ခေါ်ချိန် ကျွန်တော်နဲ့အတူ ညီ့ကို
ပွေ့ယူပေးနေသော လင်းတာရာ ဆိုသူကို ဖယ်ထုတ်မိသည်။ ညီ့ကို ဘယ်သူမှ အထိမခံချင်။
"ခင်ဗျားမထိနဲ့"
ယောကျ်ားလေးတစ်ယောက်၏ကိုယ်က မယုံနိုင်စရာပေါ့နေလိုက်တာ။
"မောင်!"
စိုးရိမ်တကြီးပြေးလာသော မမချို၏နောက်တွင် ရပ်ငေးနေသော မဟာအား ဝေဝေဝါးဝါးအမြင်အာရုံ
ကြားမှ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ အလိုက်ကမ်းဆိုးမသိ ဝိုင်းအုံနေသော သတင်းသမား
များကို တွန်းတိုက်ဖယ်ရင်း ရှားရင်း ကျွန်တော်တို့ အရေးပေါ်ကားဆီသို့ရောက်လာတော့...
"Heart attack ပါနေတယ်" ဟူသော အသံက သွေးပျက်ဖွယ်လိလိ။
ညီ့ကို အောက်ဆီဂျင် တပ်ကာ ရှပ်အဖြူကိုကပ်ကြေးနဲ့ ထိုးခွဲလိုက်ချိန် ကျွန်တော်မြင်လိုက်ရတာက
ဝါနေသော ရင်ဘက်ပေါ်မှ မီးကျွမ်းရာတွေ။ ကမ္ဘာပျက်တယ်ဆိုတာ ဒါမျိုးခံစားချက်ကိုဆိုလိုတာလား။
ဘာလို့မသိခဲ့တာလဲ ။ ဒါတွေကဘာတွေလဲ။
ဟုတ်တယ် ညီ ဉာဏ်ကောင်းလွန်းတာမဟုတ်ပါဘူး။ ကျွန်တော်ကသာ ညီဘာဖြစ်လို့ဖြစ်မှန်းမသိ
လောက် အောင်ထုံပေလွန်းခဲ့တာ။
ညီ
"အခုချိန် သူဘယ်လောက်သွေးပျက်နေမလဲ?"
တတီတီမြည်ကာ မောင်းထွက်သွားသော ဆေးရုံကားပေါ်တွင် ၂၄နာရီမပြည့်သေးသောမဟာ့
ချစ်သူဟောင်း ပါသွား၏။
"နင်တွေ့ပြီမလား မဟာ ၊ ငါတို့ကယောကျာ်းလေးနှစ်ယောက်ကို အတင်းပေးစားနေတာမဟုတ်မှန်း..."
"ငါသာဒီထက်ပိုပြီးသူ့ကိုဆွဲထားမိရင် ငါအသေတောင်ဖြောင့်မယ်မထင်ဘူး။ ဒါဘယ်လိုရေစက်မျိုးတွေလဲ"
"ကံအကောင်းလွန်သွားတဲ့ဖူးစာဖက်တွေပေါ့"
သွန်းသွန်းတွင် အောင်မြင်သော Fashion Show တစ်ပွဲအား ဦးဆောင်သွား နိုင်သည်ဟူသော
ဂုဏ်ယူဝမ်းမြောက်ခြင်းတွေ စိုးစိမျှရှိမနေ။ လွန်ခဲ့သောနှစ်များဆီက မဟာတို့ခြံတံခါးဝ မတ်တပ်ရပ်ကာ
တောင်းပန်စကားဆိုခဲ့သော ကိုးတန်းကျောင်းသူလေးဟန်တွေက မပြယ်မပျောက်သေး။
"ရပါတယ်။ ငါသာဒီပွဲမတက်မိရင် ဆက်မိုက်နေမိဦးမှာ။ ကျေးဇူးပါ သွန်းသွန်း"
"ရပါတယ်"
မဟာဆီသို့ ဖုန်းဆက်ကာ ဒီပွဲသို့သာ မဖိတ်ခဲ့ရင် မဟာသည် ဇက်ဟူသော ထိုလူသားအား မဖြစ်မနေ
ပြန်ဆွဲထားမိခဲ့ဦးမှာ။ အရာရာကိုစွန့်လွှတ်ရဲတဲ့ ရှင့်သတ္တိကို မိုက်ရူးရဲဆန်တယ်လို့ မသမုတ်ရဲတာ
ကောင်းကောင်းကို အော်ခေါ်နေသော ရှင့်ရဲ့သွေးပျက်လုမတတ် အော်ဟစ်သံတွေကြောင့်...
ညီ
မျက်နှာလည်ထွက်သွားသလို နှုတ်ခမ်းထောင့်စွန်းမှ ငန်ကျိကျိအရသာအရ နှုတ်ခမ်းပေါက်သွားပြန်ပြီ။
ဒါပေမဲ့ အပေါ်စီးမှနေရင် စိတ်ရှိလက်ရှိထိုးနေသော အဖေဖြစ်သူ၏ ဒေါသတွေသည်ကား နည်းနည်းလေး
မှပင် လျော့မသွား။ ဖေဖေ့နောက်မှာ ငိုနေသော မေမေ ၊ ဖေဖေ့ကို အတင်းလိုက်ဆွဲတားနေသော
တီဆွေ့ကိုတော့အားနာပေမယ့်...
"ဟေ့ကောင် ပြောလေ။ ဒါ မင်းဘာအချိုးချိုးလိုက်တာလဲ။ ငါတို့ကို တစ်နိုင်ငံလုံးကို မျက်နှာမပြရဲတော့
အောင် လုပ်လိုက်တာ မင်းက"
ဖေဖေ့ရှေ့ ဒူးထောက်နေပါသော်လည်း ကျွန်တော်စိတ်အစဉ်အား အရေးပေါ်ခန်းထဲကျန်ခဲ့သော ညီ့ဆီ
အပ်နှံထားခဲ့သည်မို့ အရေပြားပေါ်က နာကျင်မှုတွေကို အာရုံမခံနိုင်။ ခုရင်ထဲက တဆစ်ဆစ်နဲ့မို့
ကျွန်တော့်ကို အငြိုးတကြီးနဲ့ ရိုက်နှက်နေသော ဖေဖေ့စကားများကိုလည်း နားထဲမဝင်
"ဇိုင်းဇက်! မင်းကိုငါ မေးနေတယ်လေ။ ဟမ် မင်းက အခြောက်လား။ မင်းဘယ်တုန်းတည်း ကအဲ့လိုဖြစ်
နေတာလဲ ။ မင်းကွာ...ငါမွေးထားတာ ယောကျာ်းကွ"
"တော်ပါတော့ ဖေကြီးရယ်...သားငယ်ကလည်း မဟုတ်ဘူးလို့ပြောလိုက်လေ။ မမချိုပွဲ အတွက်လုပ်ပေး
တာလို့"
ခုမေမေက လိမ်ခိုင်းနေတာလား။ ဒါလိမ်လို့ရတဲ့ ကိစ္စမဟုတ်မှန်း ကျွန်တော့်ဘဝနဲ့ရင်းကာသိနေပြီဖြစ်၍
"ကျွန်တော် ညီ့ ကို တကယ်ချစ်တာမေမေ။ ငယ်ငယ်လေးတည်းက ချစ်တာ။ ကျွန်တော်ရုန်းထွက်ဖို့
ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျွန်တော်သိသွားပြီ။ ကျွန်တော် ညီ့ကို သူများကို မပေးချင်တော့ဘူး
ကျွန်တော်လည်း ညီမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ အတူတူ မနေနိုင်ဘူး"
"မင်းကွာ!"
နှစ်နာရီနီးပါးတိုင်အောင် ဖေဖေ့ရဲ့ဒေါသတွေကို ဝစီပိတ်တရားနဲ့သည်းခံနေသော ကျွန်တော်ရဲ့
ပထမဆုံး ထွက်လာသော နှုတ်ထွက်စကားကြောင့် မေမေသည်ပင် နောက်ပြန်လဲမတတ်ဖြစ်သွားရ၏။
"ဟုတ်တယ် ကျွန်တော် ညီ့ကို ချစ်တာ! ညီ့ကိုပဲတသက်လုံးချစ်ခဲ့တာ"
"မင်း မရှက်ဘူးလား။ ဟမ် ဇိုင်းဇက် မင်းဒီစကားပြောရမှာ နည်းနည်းလေးတောင် မရှက်ဘူးလား"
"ဘာလို့ရှက်ရမှာလဲ ဖေဖေ။ ကျွန်တော် ညီ့ကိုချစ်တာလေ။ လူတစ်ယောက်ကလူတစ်ယောက်ကိုချစ်တာ"
"တော်တော့။ မင်းအရှက်မဲ့တိုင်း ပြောချင်ရာမပြောနဲ့ကွ။ တစ်ဖက်က သားကောင်းနဲ့ သူ့မိဘတွေကို ငါတို့
ဘယ်မျက်နှာနဲ့ ကြည့်ရမလဲ။ မင်းလုပ်လိုက်တာ ရောဂါကြီးကြီးမားမားရနေတဲ့ ကလေးကို
လူအများကြီးရှေ့မှာ မင်း အရှက်ခွဲလိုက်တာ။ ငါတို့ ကိုနိုင် တို့ကို ဘယ်လိုမျက်နှာပြရတော့မလဲ ဟမ်"
ကော်လံစကို ဆွဲကိုင်ကာ မျက်နှာတည့်တည့်ကို ထပ်ထိုးလိုက်ပြန်သော ဖေဖေ
"တော်ပါတော့ အစ်ကို။ တော်ပါတော့။သားငယ် မှာ အပြစ်မရှိပါဘူး"
ဧည့်ခန်းထဲပြေးဝင်လာသော ညီ့ဖေဖေ။
"ကိုနိုင်"
ကျွန်တော့်လို သားဆိုးတစ်ယောက်ကို ပိုင်ဆိုင်ထားသော ဖေဖေသည် ညီ့ ဖေဖေကို မျက်လုံးချင်း
ဆုံအောင်မကြည့်ရဲတော့ချေ။
"ကျွန်တော် ဆိုဆုံးမမှုညံ့လို့ခုလိုတွေဖြစ်ရတာ။ ကိုနိုင်တို့ကို ကျွန်တော်တောင်းပန်..."
"မဟုတ်ဘူး။ သားငယ်အမှားမဟုတ်ပါဘူး။ အဖေတစ်ယောက်အနေနဲ့ပြောရမှာ မျက်နှာပူစရာပေမယ့်
ဒါ- ဒါ ကိုကြည့်ပါ။ ကျွန်တော့်သားစာအုပ်တွေ အခုပဲ သူ့အခန်းထဲကတွေ့လာတာ"
စာအုပ်ရောင်စုံ။ ဒိုင်ယာရီစာအုပ်ပေမယ့် စာအုပ်တွေထဲ ညီရေးထားသော စာကြောင်းတွေက
တစ်ကြောင်းတည်း... မဟုတ်ဘူး။ အမှန်တော့ နှစ်ကြောင်း။
"ကျွန်တော် ကိုဇက် ကိုမချစ်ဘူး" ဟူ၍ ထပ်ထပ်ခါခါရေးထားသော စာကြောင်းပေါင်းများစွာထဲ
"ကျွန်တော် ကိုဇက် ကို ချစ်တယ်" တွေကလည်း ပဏာမများစွာ ပါနေတတ်သေး၏။
"ဘုရားရေ..."
အဖေတွေအမေတွေရှေ့လည်း ကျွန်တော်မရှက်နိုင်တော့ပါဘူး။
ဖေဖေနာနာကျင်ကျင်ရိုက်နေထိုးနေတုန်းကတောင်မျက်ရည်မကျခဲ့တဲ့ ကျွန်တော့်ကို
ခဲတံနဲ့ပင်နစ်နစ်နဲနဲဖိရေးထားသော စာလုံးတွေက ကျွန်တော့် နှလုံးသားထဲ ဆေးမင်ကြောင်ထိုး
နေသလိုပင် နာကျင်ဆို့နင့်စေသည်။ ကျွန်တော့်ကို နွေးနွေးထွေးထွေး ထူပွေ့လာသော ညီ့ဖေဖေ။
"သားတို့ကို ဖေဖေနားလည်တယ်။ အစ်ကိုကြီးလည်း နားလည်ပေးလိုက်ပါ။ ကျွန်တော့်သားအတွက်
အချိန်လည်း သိပ်မကျန်တော့ပါဘူး"
"မဟုတ်ဘူး။ ညီဘာမှမဖြစ်စေရဘူး!"
အာခေါင်ခြစ်အော်ကာ ဆောက်တည်ရာကင်းမဲ့နေသော ကျွန်တော့်ကို ပွေ့ဖက်နှိမ့်သိမ့်နေသော
ညီ့ ဖေဖေ၏ထွေးပွေ့မှုမှ ရှုန်းထွက်ကာ အားလုံးရှေ့ကျွန်တော်ကြွေးကြော်မိတယ်။
"ညီ ဘာမှမဖြစ်စေရဘူး။ ညီ့ကို ကျွန်တော်ရအောင်ကယ်မှာ"
ဖေဖေကတော့ စိတ်လျော့သွားတာလား။ ကျွန်တော်တို့ကိုပဲ နားလည်သွားတာလား မသေချာပေမယ့် ငူငူငိုင်ငိုင်နဲ့ဖြစ်နေပြီ။
"ညီ့ကိုရအောင်ကယ်မှာ။ ပြီးရင်ညီ့ကို ကျွန်တော့်ကိုပေးပါ"
"သားဘယ်လိုပြောလိုက်တာလဲ"
အလန့်တကြားဝင်တားသောမေမေ
"ဟုတ်တယ်။ ကျွန်တော့်ညီ့ကို ဘယ်သူ့လက်ထဲမှ မထည့်တော့ဘူး။ ပြီးတော့...ကျွန်တော်အခု ဘန်ကောက်ကို ဦးတို့နဲ့အတူလိုက်ခဲ့မယ်"
"ရပါတယ်။ သားလိုက်ချင်လိုက်ခဲ့ပါ။"
လိုလိုလားလားပင်ခေါ်နေသော ညီ့ဖေဖေ။
ကျွန်တော့် ဘဝ၊ သိက္ခာ၊ အရှက်တရား၊ နာခံမှု၊ နောက်ဆုံး ကျွန်တော့်အသက်။ အရာအားလုံးကို ညီ့ထံပါး
အကုန်ပေးအပ်ပြီး ညီ့ကိုချစ်ချင်တယ်။
ချစ်ခွင့်ပြုပါညီ...
Bạn đang đọc truyện trên: ZingTruyen.Xyz