Epi13
လွန်တာပေါ့""
လွင့်ထွက်သွားသလိုပဲ။
""ကိုဇက် ကျတော်ခဏနေမှ ပြန်ဆက်မယ်နော်"
နေ၏
ဘူးလေဆိုတဲ့ဆင်ခြင်တုံ့တရားက ဘုရားဟော
သောလေနတ်သားလည်းကျတော့်အပူလှိုင်းတွေ
ကျတော်ချစ်တဲ့ယောကျာ်းတစ်ယောက်အတွက်
တော့ကျတော်ငိုပါရစေ။
""မောင်~~"
ပုခုံးပေါ်သို့ငြင်သာစွာထိတွေ့သောလက်သွယ်
နွယ်နွယ်တွေကြား ပူပန်နေသောမျက်နှာ။
""မောင် ပင်ပန်းနေပြီ။ခုဝန်ခံ
ကျိတ်ခံစားနေရတာဘယ်နှနှစ်ရှိပြီလဲ??ခုချိန်
""မောင်!!ဘာမှမဖြစ်ဘူး။ခဏလောက်တစ်
မောင်ဝန်ခံလိုက်ပါ။မ,ကိုအားနာနေစရာလည်း
မလိုဘူး။ရှက်စရာလည်းမလိုဘူး""
""ရှက်စရာမလိုဘူး??""
""မဟုတ်ဘူး။ကျတော်ယောကျာ်းတွေကိုကြိုက်
တာမဟုတ်ဘူး!!!""
ကျဆင်းလာသောမျက်ရည်များကိုမသုတ်ဖယ်ပဲ
အားကုန်အော်ဟစ်နေဆဲလဲပြိုကျသွားကာ ဒူးကိုပိုက်လျက်ငိုနေရင်းရှိုက်သံတွေကြားတိုးတိုး
လေးရေရွတ်နေ၏
"ကျတော်--ကျတော့်သူ့ကိုပဲချစ်မိသွားတာ။ကျတော် ကိုဇက်ကိုရူးချင်လောက်အောင်ချစ်
""ကျတော် Gayမဟုတ်ဘူး။ဝေယံထင်နေသလို
လည်းမဟုတ်ဘူး။ကျတော်--ကျတော်""
လေးအတိုင်းပင်။
ပိုပြီးရိပ်မိလာလေပဲ။အများအမြင်မှာ Zကမောင့်
Zကိုကြည့်ချိန်တိုင်းမောင့်မျက်လုံးထဲမှာရှိနေ
""ကျတော်ဘယ်လိုဖြစ်သွားတာလဲ?ဘယ်အချိန်
ပဲဘာလို့သူ့ကိုပဲ--""
""မောင်ရယ်--""
""ကျတော်တောင်းပန်ပါတယ်။ဒီကိစ္စကို ကိုဇက်
မသိပါစေနဲ့။သူ---သူသိလို့မဖြစ်ဘူး။""
အမှန်တော့ Zကအရင်အတ္တကြီးသင့်တာ။ခက်တာကZကလည်း သူ့ကိုယ်သူထက်မောင့်ကို
ပိုချစ်နေတာဆိုတော့Aigoo""
သူ
""မ,ကျတော့်ကို စိတ်မဆိုးဘူးလားဟင်??မ,ကို
ကျတော်လိမ်ခဲ့တာလေ""
တိဖြစ်နေသော တီတီလေးတစ်ယောက်ပုံစံနှင့်
""အိုးးးမ,လည်းမောင့်ကိုလိမ်ခဲ့တာပဲကိုး။မ,က
""ဒါဆို ဘာလို့ကျတော့်ကိုတွဲခဲ့တာလဲ်""
""ဒွိဟဖြစ်နေတဲ့ Zကို သူ့ကိုယ်သူသိလာအောင်
ပညာပေးလိုက်တာ။Zကလေဆုံးသွားတဲ့သူ့
သေမှတ်ထားတာ။ဒါပေမယ့်သူအရင်တွေးတာ
programmဆန်ဆန်ရွေးတာလေ""
ကျတော့်ကို--""
""Oh!အတွေးကြီးကဆိုးလိုက်တာ။မ,က အဲ့လို
မိန်းမလား??မ,ကသူ့ရှေးရိုးစွဲကိုကျွတ်အောင်
ဒါပေမယ့် သူသေချာသိသွားတယ်။သူမောင့်ကို
ချစ်နေပြီဆိုတာ""
""မဖြစ်နိုင်တာ---ကိုဇက်က--ကျတော့်ကိုညီလေး
လိုပဲသဘောထားတာ။ကျတော်--ကျတော်ကသာ
ထူးဆန်းနေတာ""
""Zလည်းမောင့်ကိုချစ်ပါတယ်။သူမောင်နဲ့ခွဲပြီးမ
နေနိုင်ဘူး။ခုကြည့်နေ။ကြာလာလေ--သူပိုသိလာ
လေဖြစ်မှာ""
""ဘယ်လိုပဲဖြစ်ဖြစ် ကျတော်တို့နှစ်ယောက်ရှေ့
ဆက်လို့ဖြစ်မှာမဟုတ်---""
""အိုးးးအဲ့လိုလုံးဝမပြောနဲ့။မောင်ကဇက်အတွက်
ပဲ။Zကလည်းမောင့်အတွက်ပဲ။ဒါကိုယုံလို့ရှင်
""ခု--မ,ပြောနေတာ""
ပေးမယ်။""
""မ,တို့ဆိုတာ??""
""ကျမတို့ ZK HCတွေပါမောင်""
""ဘယ်လို??""
နမ်းတော့ လုံခြုံရေးဦးလေးကြီးက မျက်လုံးပြူး
သွားလေရဲ့။ချိုမရှက်ပါဘူး။ဒါ ချိုတို့HCတွေရဲ့
အချစ်တော်လေးလေ။
သိပ်လှတဲ့အချစ်စစ်တွေအတွက် ဆူးခင်းလမ်းကြီး
ပဲရှိနေတာမျိုးမဟုတ်တော့ပါဘူး။21ရာစုမှာအချစ်
စစ်ရင် ဝန်းရံပေးမယ့်လူတွေကအများကြီးရယ်ပါ။
သင့်အချစ်သာစစ်ပါစေ။
Thank You All
Everyday on WP
>>မုန်တိုင်းတိုင်းဟာ ရုပ်မဆိုးပါဘူးကွာ။မနက်ကလက်ကျန်ပိုင်းလေးပါ။နက်ဖြန်Friday
Flower in Heavenလေးလည်းဖတ်ပေး
ပါအုံးလို့<<
(Unicode)
/
/
/
အပိုင်း (၁၃)
ဖုန်းထဲကနေကြားလိုက်ရသောစကားသံ။
"အခုလေးတင်အဖြေပေးထားတဲ့ချစ်သူထက် ကောင်းကောင်းကို ဂရုစိုက်ပေးနေတာတော့ လွန်တာပေါ့"
ရင်ထဲဟာခနဲ။ တစ်ကိုယ်လုံးလည်း အဝေးဆုံးကို လွင့်ထွက်သွားသလိုပဲ။
"ကိုဇက် ကျွန်တော်ခဏနေမှ ပြန်ဆက်မယ်နော်"
ဖုန်းကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ အံကိုကြိတ်လိုက်မိ၍ ဂွင်းစနဲ့ဖိထားသော သွားဖုံးတွင်း
တစ်နေရာမှ ငန်ကျိကျိအရသာ။
နှုတ်လိုက်တဲ့သွားနေရာက ခုထိသွေးမတိတ်သေး။ ကိုယ်တိုင်ဆွဲနှုတ်ပစ်လိုက်တဲ့ နှလုံးသား
တစ်နေရာကနေ နောင်တသွေးစိမ်းရှင်ရှင်တို့ကလည်း အသက်ရှုလမ်းကြောင်းထဲထိ အနှောင့်အယှက်
ပေးနေ၏။ မွန်းကျပ်ပိတ်ဆို့လာသော ရင်ကိုလက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ ထုနေတာတောင် တင်းကျပ်မှုက လျော့မသွား။ လိမ်ချင်ပေမယ့် သူ မလိမ်တတ်ခဲ့ပါဘူး။ ကိုယ့်ကိုကိုယ်လိမ်နေရတာမို့လို့ ပိုခက်တယ်။
မဖြစ်သင့်ဘူးလေ ဆိုတဲ့ ဆင်ခြင်တုံတရားက ဘုရားဟောထားတဲ့ အဆိုးဆုံး မုသာဝါဒကိုကျူးလွန်မိစေတယ်။
ငိုပါရစေ။ တိတ်ဆိတ်နေသော ကန်တော်ကြီးတံတားပတ်လမ်းတွင် ကျောင်းတက်ချိန်ရုံးတက်ချိန်မို့
တိတ်ဆိတ်ငြိမ်သက်လျက်။ ကန်ရေပြင်ပေါ်ကခုန်နေသော လေနတ်သားလည်း ကျွန်တော့်အပူလှိုင်းတွေကို
မဖယ်ရှားပေးနိုင်ပါဘူး။ ရင်ဖက်ကိုဖိကာ ကျဆင်းလာသော မျက်ရည်တွေကို လိုလိုလားလားပဲ ခွင့်ပြုလိုက်
တော့တယ်။ ယောကျာ်းတန်မဲ့ မျက်ရည်မကျချင်ပေမယ့် ကျွန်တော်ချစ်တဲ့ယောကျာ်းတစ်ယောက်အတွက်
တော့ ကျွန်တော်ငိုပါရစေ။
"မောင်"
"ဟင်! မ,ဘယ်လိုရောက်လာတာလဲ"
ပုခုံးပေါ်သို့ညင်သာစွာထိတွေ့သော လက်သွယ်သွယ်တွေ။ လေအဝှေ့မှာ လွင့်သွားသောဆံပင်နွယ်နွယ်တွေ
က ပူပန်နေသော မမချိုမျက်နှာကို ရနိုင်သမျှ ကွယ်ဝှက်ပေးနေကြသည်။
"မောင် ပင်ပန်းနေပြီ။ ခုဝန်ခံလိုက်ပါတော့။ မောင်တစ်ယောက်တည်း ခုလို ကျိတ်ခံစားနေရတာ
ဘယ်နှနှစ်ရှိပြီလဲ။ ခုချိန်ဝန်ခံဖို့ သေချာလွန်းမက သေချာလွန်းနေပါပြီ"
"မောင် ဘာမှမဖြစ်ဘူး။ ခဏလောက်တစ်ယောက်တည်း လွှတ်ထားပေးပါလား။ Please leave me alone"
"ဟင့်အင်း ဒီအချိန်မှာ မောင့်ကို တစ်ယောက်တည်းထားခဲ့ရင် မောင်ဒီထက်ပိုဆိုးသွားတော့မှာ မောင်ဝန်ခံ
လိုက်ပါ။ မ,ကိုအားနာနေစရာလည်း မလိုဘူး။ ရှက်စရာလည်းမလိုဘူး"
"ရှက်စရာမလိုဘူး"
မမချို စကားကို ယောင်ဝါးဝါးနဲ့ သံယောင်လိုက်မိသည်။
"ဟုတ်တယ်လေ။ ယောကျာ်းလေးမို့ ယောကျာ်းလေးတစ်ယောက်ကို မချစ်ရတော့ဘူးတဲ့လား"
ဘာလို့များ ဘာကြောင့်များ ကျွန်တော့်ချစ်သူက ကျွန်တော်အကြောက်ဆုံးသော စကားကို ပြောထွက်ရ
သည်လဲ။
"မဟုတ်ဘူး။ ကျွန်တော်ယောကျာ်းတွေကို ကြိုက်တာမဟုတ်ဘူး!"
ကျဆင်းလာသော မျက်ရည်များကို မသုတ်ဖယ်ဘဲ အားကုန်အော်ဟစ်နေဆဲ လဲပြိုကျသွားကာ ဒူးကို
ပိုက်လျက်ငိုနေရင်း ရှိုက်သံတွေကြား ခပ်တိုးတိုး ရေရွတ်နေမိ၏။
"ကျွန်တော်...ကျွန်တော့်သူ့ကိုပဲ ချစ်မိသွားတာ။ ကျွန်တော် ကိုဇက်ကို ရူးချင်လောက်အောင်ချစ်မိသွားတာ။
ဒါ...ဒါကိုထိန်းချုပ်လို့လည်း မရဘူး"
ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးတော့...
"ကျွန်တော် Gayမဟုတ်ဘူး။ ဝေယံထင်နေသလိုလည်း မဟုတ်ဘူး။ ကျွန်တော်...ကျွန်တော်" ဟုလည်း
ဖြစ်တည်ခြင်းကို ထပ်မံငြင်းဆို သမှုပြုနေသေးသည်။
"မမချိုသိတယ်။ မောင့်စိတ်ကို မမချိုသိတယ်။ မောင်ဒီမှာ မ,ကိုကြည့်"
ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစွာ မော့ကြည့်လာသူ။ ကျောင်းသားဘဝက သူသိချင်သော
ပုစ္ဆာတစ်ပုဒ်ကို အားကိုးတကြီး မေးခဲ့သော ပုံစံလေး အတိုင်းပင်။
"မောင်တို့နှစ်ယောက်ကို မ,တွေ့တည်းကသိတယ်။ မောင်တို့နဲ့အနေကြာလာလေ မ,မောင့်ကို ပိုပြီး ရိပ်မိ
လာလေပဲ။ အများအမြင်မှာ ဇက်က မောင့်ကိုဂရုစိုက်လွန်းတယ်လို့ထင်ရပေမယ့် မောင် ဇက်ကို
ကြည့်ချိန်တိုင်း မောင့်မျက်လုံးထဲမှာ ရှိနေတတ်တဲ့ အရိပ်တွေက တကယ်လေးနက်တယ်"
"ကျွန်တော်ဘယ်လိုဖြစ်သွားတာလဲ။ ဘယ်အချိန်တည်းက အဲ့လိုဖြစ်နေလဲမသိပေမယ့်...ငယ်ငယ်တည်းက
လူတိုင်းက ကျွန်တော့်ကို ကိုဇက်ထက်ပိုချစ်ကြတယ်။ အဲ့လူတွေကို ပြန်မချစ်မိဘဲ ဘာလို့သူ့ကိုပဲ...
ကျွန်တော်က လူတိုင်းထက်ပိုတဲ့အချစ်တွေနဲ့ ကိုဇက်ကို ချစ်မိသွားတာလဲ။ ဘာလို့သူကို့မှလဲ"
"မောင်ရယ်..."
"ကျွန်တော်တောင်းပန်ပါတယ်။ ဒီကိစ္စကို ကိုဇက်မသိပါစေနဲ့။ သူ...သူသိလို့မဖြစ်ဘူး။"
"ခုချိန်သိဖို့လည်း မလိုသေးပါဘူး။ မောင်နဲ့ဇက်ကလေ တစ်ယောက်အတွက်တစ်ယောက်သိပ်စဉ်းစားပေး
လွန်းလို့ ခုလိုတွေဖြစ်ကုန်တာ သိလား၊ အမှန်တော့ ဇက်က အရင်အတ္တကြီးသင့်တာ။ခက်တာကဇက်ကလည်း
သူ့ကိုယ်သူထက် မောင့်ကိုပိုချစ်နေတာဆိုတော့..."
ပြောနေရင်းမှ မျက်ရည်တွေကို လက်ဖဝါးနုနုနှင့်ဖိသုတ်ပေးနေသူ။
"မ,ကျွန်တော့်ကို စိတ်မဆိုးဘူးလား။ မ,ကိုကျွန်တော်လိမ်ခဲ့တာလေ"
သဘောတကျ ပေါ့ပေါ့ပါးပါးရယ်မောလေ၏။ ကလေးငယ်တစ်ယောက်၏ ရိုးသားမှုကို ကြည်နူးပီတိ
ဖြစ်နေသော အစ်မတစ်ယောက်ပုံစံနှင့်...
"အိုး...မ,လည်းမောင့်ကိုလိမ်ခဲ့တာပဲကိုး။ မ,ကမောင့်ကိုချစ်သူလို ဘယ်နှစ်ခါများနမ်းခဲ့ဖူးလဲ။
မ,တို့လူသူကင်းတဲ့ ဆိတ်ကွယ်ရာမှာ ဘယ်နှစ်ခါတွေ့ခဲ့ကြဖူးလဲ ၊ ဟင်ပြောလေ"
"ဒါဆို ကျွန်တော် ကိုဇက်ကို ဒီလိုဖြစ်နေမှန်းသိတာတောင် ဘာလို့ကျွန်တော့်ကို တွဲခဲ့တာလဲ''
"ဒွိဟဖြစ်နေတဲ့ ဇက်ကို သူ့ကိုယ်သူသိလာအောင် ပညာပေးလိုက်တာ။ ဇက်ကလေ ဆုံးသွားတဲ့
သူ့ဘွားဘွားကြီးရဲ့ နတ်ပြည်ရောက်ပုံပြင်တွေနဲ့ အိပ်ယာဝင်ခဲ့ရလို့လားမသိ ရှေးရိုးနည်းနည်းဆန်တယ်။
သူကယောကျာ်းဟာမိန်းမပဲ ယူရမယ်လို့တရားသေ မှတ်ထားတာ။ ဒါပေမဲ့ သူအရင်တွေးတာဘာလဲသိလား
အဲ့ သူယူတဲ့မိန်းမဟာ မောင်နဲ့ပါ အဆင်ပြေတဲ့သူဖြစ်ရမယ်ဆိုပြီး မ,ကို ပရိုဂရမ်ဆန်ဆန်ရွေးတာလေ"
"ဒါကိုသိသွားလို့ မမချိုက ကိုဇက်ကိုမုန်းလို့ကျွန်တော့်ကို..."
"အို အတွေးကြီးက ဆိုးလိုက်တာ။ မ,က အဲ့လိုမိန်းမလား ။ မ,က သူ့ရှေးရိုးစွဲကိုကျွတ်အောင် ချွတ်တာပဲ။
ရိုးရာစွဲက တော်ရုံမကျွတ်ဘူးလေ။ ဒါပေမဲ့... သူသေချာသိသွားတယ် ၊ သူမောင့်ကို ချစ်နေပြီဆိုတာ"
"မဖြစ်နိုင်တာ...ကိုဇက်က ကျွန်တော့်ကိုညီလေးလိုပဲ သဘောထားတာ။ ကျွန်တော်...ကျွန်တော်ကသာ
ထူးဆန်းနေတာ"
"ဇက်လည်း မောင့်ကိုချစ်ပါတယ်။ သူမောင်နဲ့ခွဲပြီးမနေနိုင်ဘူး။ ခုကြည့်နေ။ ကြာလာလေ...သူပိုသိလာ လေ
ဖြစ်မှာ"
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နှစ်ယောက် ရှေ့ဆက်လို့ဖြစ်မှာမဟုတ်..."
"အိုး အဲ့လိုလုံးဝမပြောနဲ့ ၊ မောင်ကဇက်အတွက်ပဲ ၊ ဇက်ကလည်း မောင့်အတွက်ပဲ ၊ ဒါကိုယုံလို့ရှင်
တို့နှစ်ယောက်ဘေးမှ ခုချိန်ထိနေလာတာ"
"ခု မ,ပြောနေတာ..."
"မ,ကူညီပေးမယ်။ မောင်ကနေမြဲတိုင်းလေးပဲနေ ၊ ခုမောင်ဇက်ကို ချစ်တယ်ဆိုတာ သေချာသွားပြီပဲ။
ဒါက အရေးကြီးဆုံးပဲ။ ကျန်တာ မ,တို့က ဇက်နဲ့မောင့်ကို ကူညီပေးမယ်"
"မ,တို့ဆိုတာ..."
"ကျွန်မတို့ က ZK HCတွေပါ မောင်"
"ဘာ HC"
မျက်လုံးလေးဝိုင်းစက်ကာ အကြီးအကျယ်အံ့သြနေသော ကောင်လေးရဲ့ ခေါင်းလုံးလုံးလေးကိုငုံ့နမ်းတော့
လမ်းလျှောက်နေသော လုံခြုံရေးဦးလေးကြီး မျက်လုံးပြူးသွားလေရဲ့။ ချိုမရှက်ပါဘူး။ ဒါ ချိုတို့HCတွေရဲ့
အချစ်တော်လေးလေ။
>>>>>ညီ<<<<<
ကျွန်တော့်ကိုမြင်သည်နှင့် ကော်ဖီစေ့တွေကြိတ်နေရာမှ မော့ကြည့်ကာ မူပိုင်အပြုံးနှင့်လှမ်းပြုံးပြသည်။
ပါးပြင်တစ်ဖက်က သိသိသာသာကို နီရဲနေဆဲ။ ဖြူဖွေးနေသောနို့နှစ်တွေနှင့်ပန်းကွက်တစ်ခုကို
စိတ်ဝင်တစားဆွဲတော့မည်ဖြစ်၍ မနှောင့်ယှက်ဖြစ်တော့ဘဲ ညီ့နောက်တွင်သာ ဝင်ထိုင်နေလိုက်သည်။
ဆိုင်ပိတ်ကာနီး ည၈နာရီလည်း ကျော်နေပြီမို့ Customer ၆ယောက်လောက်သာ ရှိတော့သည်။
သုံးခွက်မြောက်ဆွဲပြီးတော့ ထိုင်နေသော သူ့နားလာထိုင်လျက် ထပ်ပြုံးပြပြန်၏။ ဒါသက်သက်
အဆင်ပြေချင်ယောင်ဆောင်လွန်းနေမှန်း သိသာမနေဘူးလားညီ။
"ညီ...အဆင်ပြေရဲ့လား၊ သွားကိုကော ဘာလုပ်လိုက်လဲ"
"ပြေတယ် ၊ ဒေါက်တာက မဖာနဲ့တော့ဆိုလို့ တစ်ခါတည်း နှုတ်လာလိုက်တယ်။ သွားကသေးသေးလေးပဲ ကျန်တော့တာ။ နောက်အချိုတွေစားတာ လျှော့မှပဲ"
စကားတွေရေပက်မဝင်အောင် ပြောနေတာညီ့ပုံစံမှမဟုတ်ဘဲ ။ဒါနေ့လည်က ဖုန်းဆက်တဲ့ကိစ္စကိုဘာမှ
မဖြစ်ခဲ့သလို အတင်းဟန်ဆောင်နေတာ။ ကျွန်တော့်ကို စိတ်သက်သာရာရစေချင်၍ ပေါ့ပေါ့ပါးပါးနှင့်
ပြောဆိုပေးနေပေမယ့် ရင်ထဲမှာ ပေါ့ပါးမသွား။ ခုချိန်ကျွန်တော့်ကို စကားနာထိုးမယ်ဆိုရင်တောင် ဖြေသာ
သေးတယ်။ ခုခါမှာတော့...
အားနာသနားစိတ်တွေနဲ့ပို၍တောင်နင့်လာရတာ။ သွားဖာတာလေးကိုတောင် လက်ဖျားတွေအေးစက်ပြီး
ကျွန်တော့်လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားခဲ့ဖူးခဲ့တဲ့ ညီကနှုတ်ပစ်ဖို့ဆိုတာကို ဘယ်လောက်အားတင်း
ထားခဲ့ရမလဲ ။ စိတ်မကောင်းဖြစ်ပေမယ့် သနားတယ်ဆိုတဲ့ အကြည့်ကိုလုံးဝမကြိုက်တတ်သူမို့ ကျွန်တော်ပုံမှန်အတိုင်း နေပြသင့်သည် မဟုတ်လား။
"မမချိုရောက်လာလား"
"အင်း လာတယ်။ ကိုဇက်ဖုန်းဆက်လွှတ်လိုက်တာဆို...သူရှိလို့ အဆင်ပြေသွားတာ"
"ညီ့ကို ဖုန်းခေါ်တဲ့ကိစ္စက..."
"အာ... ကျွန်တော်လည်း အဲ့ဒါပြောမလို့၊ ကိုဇက်မေးနေတုန်း စက်ရုံက ဖုန်းဆက်လာတာနဲ့ ကျွန်တော်လည်း
ကိုဇက့်ဖုန်းချမိလိုက်တာ"
စကားမဆုံးခင်အတင်းဖြတ်ကာ ရှင်းပြနေသော ညီ့အား ငေးသာ ကြည့်နေလိုက်တော့၏။
"မေးပြီးတော့ ဘာဝယ်ပေးလာပြန်ပြီလဲ"
"ဟင်! အင်း ဘာမှမဝယ်ဖြစ်လိုက်ဘူး"
ကျွန်တော် မုသားကို လွယ်လွယ်ပင် ပြောထွက်လိုက်တော့သည်။ ဟုတ်တယ်။ မိန်းမတစ်ယောက်က
ဝယ်ပေးလိုက်တဲ့ အဝတ်အစားတွေ ညီ့ကို မဆင်ပေးချင်ဘူး။ ရှာနိုင်တည်းက ညီ့အတွက်ကျွန်တော်ပဲ
ဝယ်ပေးခဲ့တာ။
"ဒါနဲ့ မဟာက ဘာဖြစ်လို့တဲ့လဲ"
ညီ ဟန်ဆောင်တာ နည်းနည်းများနေပြီလို့မထင်ဘူးလား။ အေးလေ ဖုန်းထဲကနေမဟာပြောလိုက်တဲ့စကားကို
သူမကြားလိုက်တဲ့ ပုံစံပြောပြီးမှတော့...ဉာဏ်သိပ်ကောင်းလွန်းပါတယ်ညီရာ။
ဒါပေမဲ့ အလိမ်ပေါ်အလိမ်ဆင့်နေတာကတော့ ကောင်းတဲ့အမူအကျင့်တော့ မဟုတ်ဘူး။
"ကို့ ကိုလက်ခံလိုက်တာ"
"ဝါး တကယ်ကြီးလား ။ Daebaek(မိုက်တယ်) လုံးဝSurprise! ဒါနဲ့များကိုဇက်က Dinner Eventလေးဘာလေး
လုပ်မပေးဘူးလား"
"အင်း..."
"ဟ...ဟား ညံ့ပါ့ဗျာ"
ကျွန်တော်မျက်လုံးလှန်ကြည့်မိသွားသည်။ ထိုအခါမှ သွားတန်းဖြူဖြူများကိုနှုတ်ခမ်းများနှင့်ဖြည်းဖြည်းချင်း
ဖုံးကွယ်ချလျက်
"ကိုဇက်ကြည့်ရတာ...သိပ်မပျော်သလိုပဲ" ဟု ခပ်လေးလေးပြော၏။
"မပျော်ဘူးရယ်လို့လည်း မဟုတ်ပါဘူး။ မထင်ထားတဲ့အချိန်မှာ ရုတ်တရက်ကြီးဖြစ်သွားတော့...
ပြီးတော့...ကို သွားတဲ့အချိန်မှာ ကိုဇော်မင်းဌေးဆိုတဲ့လူရှိနေတယ်။ မဟာတို့အိမ်က သဘောတူထားသူလို့
သူ ပြောတယ်။ အဲ့လူရှေ့မှာပဲ အဖြေပေးလိုက်တာ။ ကို အသုံးချခံလိုက်ရတယ်လို့ထင်နေတယ်"
"အင်း...ဖြစ်တတ်ပါတယ်"
ဒါဘယ်လိုတုံ့ပြန်မှုမျိုးလဲ ညီ
"ခု ညီရော ဒီသတင်းကြားရတော့ပျော်လား"
"ကိုဇက်ကော ပျော်နေလား"
"ပျော်နေတဲ့ပုံပေါက်နေလား"
"တစ်ခါတလေ ကိုယ်က ဘယ်လိုလုပ်ပေးမယ် ဘာညာတွေးထားပြီးမှ ကိုယ်တွေးထားတဲ့အတိုင်း
ဖြစ်မလာတော့ နည်းနည်းတော့ အောင့်သက်သက်ဖြစ်တာပါ။ ခု ကိုဇက်လည်း အများကြီးမတွေးနဲ့။ ဟုတ်လား
Everything will be ok! Right?"
ကျွန်တော့်ပုခုံးတစ်ဖက်ကို အားနဲ့ဆုပ်ညှစ်ကာ ပြောနေသော ညီက သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး
ပြောပြနေတာလား။ ရေရေရာရာမရှိသော စိတ်အစဉ်နှင့် အကြောင်းမဲ့သက်သက် ငေးကြည့်နေသော
ကျွန်တော့်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလေရဲ့။ အပြုံးတွေကို ဖောဖောသီသီထုတ်မသုံးစမ်းပါနဲ့ကွာ။
တစ်ခါတလေအတွက် မင်းအပြုံးတွေက အင်အားဖြစ်စေတာ မှန်ပေမယ့် ခုအခြေအနေမှာက
စိတ်လွတ်သွားစေဖို့ တွန်းအားဖြစ်နေတယ်ဆိုတာ ဉာဏ်ကောင်းတဲ့မင်းက ပိုသိသင့်တယ်။
"ဒီည အိပ်မက်မမက်ပါရစေနဲ့ဘုရား" ဟု ခပ်တိုးတိုး ဆုတောင်းနေမိတယ် ညီ။
Bạn đang đọc truyện trên: ZingTruyen.Xyz