ZingTruyen.Xyz

အဝါရောင်ဆူးပန်းပွင့်လေးနှယ်

အခန်း၁၂

eainsi23

"ဟာကွာ မရပါဘူးဆို"

နေစူးရှကျော် ဖုန်းပြောရင်း လက်ထဲက ဘောပင်ကိုလှည့်နေသည်။ ဘေးတိုက်ကြည့်နေတဲ့ မလတ်ကို သတိထားမိပေမဲ့ အလိုလို တွန့်ကွေးနေတဲ့ မျက်မှောင်ကို ပြန်ဖြေမရပေ။ နေစူးရှကျော်က စိတ်ကြီးသလောက် အတော်အသင့် စိတ်ပြေလွယ်သည်။ နိုင်ကွက်ကို နင်းထားသလားမှတ်တယ် နိုင်းက သူ့ကို မကြောက်ပေ။ ရိုသေလေးစားတာမျိုး သူလည်းမလိုချင်ပါ။ နိုင်းအရင်က စကားနည်းတယ်ဆိုတာ ပုံပြင်တစ်ခုလိုပင်။ သူလိုချင်တာ ဖြစ်ချင်တာ ရှိရင် မရရအောင် နိုင်းက လုပ်တက်သည်။

"အငယ်ကောင် ရည်းစားနဲ့ဖုန်းပြောနေတာထင်တယ်"

လွှတ်ခနဲထွက်သွားပြီးမှ မေမေကြားသွားသလား သေချာအောင်ပြန်ကြည့်ရသေးသည်။ ဒေါ်ခိုင်ရွှေရည်က သူမကို စိတ်မဝင်စားပဲ လတ်တလောခေတ်စားနေတဲ့ dating showတစ်ခုကို စိတ်ဝင်တစားကြည့်နေသည်။
ငုလေပြေကျော်အကြည့်တွေ စူးစမ်းစွာ နေကျော်ဆီပြန်ရောက်သွားသည်။ အလိုမကျစွာ စူပုတ်နေပေမဲ့ ဖုန်းကိုချမပစ်ပဲဆက်ပြောနေသည်။ တစ်ခါတစ်လေ နဖူးပေါ်ကျနေတဲ့ဆံပင်ကောက်တွေအား လှန်ကာ ဖွပစ်ပေမဲ့ ရုပ်ဆိုးမသွားပဲ ကြည့်ကောင်းနေပြန်သည်။ ဒီကောင်ရုပ်ချောလာတာ သေချာသည်။

သူမ ကြားဖူးတဲ့ စကားအရ ထူးထူးခြားခြား ရုပ်ရည်ပိုချောပိုလှလာရင် အချစ်ကိုတွေ့နေလို့တဲ့။ ဒီကောင် ဒီတစ်ခါ အချစ်စစ်ထင်တယ်။ အတွေးကြောင့် ငုလေပြေကျော် တိတ်တခိုးရယ်မိသွားသေးသည်။

"အေး သဘောပဲ ၊ ငါ သွားချင်သွားမှာပဲ"

"ကျွန်တော် တားမြစ်နေတာတောင်မှ သွားချင်ရအောင် ကိုကြီးရိုးရောရိုးရဲ့လား"

"နိုင်းမင်း ဘာစကားပြောတာလဲ"

"ကြားတဲ့အတိုင်းပဲ။ လုံးဝမသွားရဘူး"

"ငါသွားမှာလို့ပြောပြီးပြီနော် နိုင်း "

"သွားချင်ရင်သွားပေါ့ ပြီးမှ အဆိုးမဆိုနဲ့"

"တောက်"

နေစူးရှကျော် စိတ်တိုတိုဖြင့်ဖုန်းချပစ်ကာ အိမ်ပေါ်အခန်းကို ပြန်တက်သွားလိုက်သည်။

နိုင်းက ဟိုးအဝေးကနေ ထိ သူ့ကို ချုပ်ချယ်နေသေးသည်။ သက်တန့်မွေးနေ့ကို သူသွားဖို့ ပြောထားတာကို လက်မခံ၍ နှစ်ဦးသားရန်ဖြစ်ထားသည်။

စိတ်ပေါက်ပေါက်ဖြင့် နေကျော် ရေချိုးလိုက်သည်။ သူမလိမ်ချင်ပေမဲ့ နိုင်းက မရ။ ခိုးဝှက်သွားဖို့ စိတ်ကူးပြီး သေချာ ဖြီးလိမ်းပြင်ဆင်လိုက် ပေမဲ့ အရွဲ့တိုက်ချင်သည်ကသာ ပထမဖြစ်သည်။

"နိုင်း မင်းရဲ့လူ ထွက်သွားပြီ"

အနက်ရောင် အနောက်တိုင်းဝတ်စုံဖြင့် နိုင်းက အခန်းထောင့်တွင်ဖုန်းပြောနေသည်ကို နိုင်ငံခြားသား ဧည့်သည်တချို့က စကားပြောရင်း စောင့်ဆိုင်းနေကြသည်။ နိုင်းရောက်နေတာ အစည်းအဝေးခန်းတစ်ခုမှဖြစ်သည်။
ကိုထက်ဆီကနေ သတင်းကြားတော့ နိုင်း တောက်ခေါက်ချင်စိတ်ထိန်းမရပေါ်လာသည်။
မသွားပါနဲ့လို့အတန်တန်ပြောထားရက်နှင့်။

"လိုက်သွား...ဘာတစ်ခုမှမဖြစ်စေနဲ့ ကိုထက်။ ကျွန်တော်စိတ်ချပါရစေ"

ဖုန်းကိုချလိုက်ပြီးနောက် သက်ပြင်းချကာ သူတောင်းပန်စကားကို အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောလိုက်သည်။ အစည်းအဝေးခန်းတွင် တိုင်ပင်ဆွေးနွေးသံတချို့ပြန်လည်ထွက်ပေါ်ပြီးနောက်....

"လာ.. ဖိုးနေ"

သက်တန့်အပါအဝင် ရှိုင်းတို့စုံတွဲပါ သူ့ဆီလျှောက်လာတာမို့ခေါင်းညိမ့်နှုတ်ဆက်ဖြစ်သည်။
မွေးနေ့ပွဲက ကြီးကြီးကျယ်ကျယ်မဟုတ်၊ ဘားတစ်ခုမှာ စီစဉ်ထားတာမို့ လူ အနည်းအကျဉ်းဖြင့် နွေးနွေးထွေးထွေး ရှိနေသည်။

"ကိုမင်း နေကောင်းလားဗျ"

"ကောင်းပါ့ ငါ့ညီကမတွေ့တာကြာလို့လားမသိဘူးပိုချောလာတယ်"

ကိုမင်းစကားကို သက်တန့်က သဘောတကျရယ်ကာ

"မှားမယ်နော် ကိုမင်း ... သူခုတလော တအားလိမ်မာနေတာ ၊ အပြင်ထွက်ဖို့တောင်မှ သူ့သားလေးကို သံတော်ဦးတင်နေရတာလေ"

သက်တန့်က သူ့အကြောင်းသိတာမို့ အရွဲ့တိုက်ပြောလေသည်။

"ဘာသားလေးလဲ ။ ခွေးကောင် "

"မဟုတ်လို့လား"

"တော်ပြီဟေ့ကောင်တွေ ။ "

ရှိုင်းက ကြားထဲကနေ လိုက်တားတာကို ကိုမင်းက သဘောတကျဘေးမှာရယ်ပေးလေသည်။

"လာကွာ ဟိုဖက်မှာ သက်လျာတို့ရော ရောက်နေတယ်"

နေကျော် နဖူးကို ပွတ်လိုက်မိသည်ထိနေရခက်သွားသည်။ သက်လျာနှင့် ဘာမှမဆိုင်ခဲ့သည့်တိုင် ဆက်ဆံရေးကျဲသွားတာ ဟိုတစ်ခါ ကိစ္စဖြစ်ပြီးကတည်းက သိသာသည်။

"ဟိုင်း ကိုနေကျော်"

"ဒေစီ မတွေ့တာကြာပြီနော်"

"အကိုက စိမ်းသွားတာပါ"

"ထင်လို့ပါဗျာ။ "

စားပွဲတစ်ဝိုင်းထဲမှာမို့ သက်လျာ ဘာသိဘာသာ
ဖြစ်နေတာကို မြင်ပေမဲ့ နေကျော်လည်း ထူးပြီးရှင်းပြလိုက် ပတ်သက်လိုက် မလုပ်ချင်တော့တာမို့ ရှိုင်းနှင့်သာ စကားမပြတ်ပဲရှိနေခဲ့သည်။

"ကိုမင်းက ဘာအလုပ်လုပ်တာလဲ ၊ တစ်မျိုးမထင်နဲ့နော်ကိုမင်း ကြည့်ရတာ business manထင်လို့မေးကြည့်တာပါ"

"ဆိုပါတော့။ အကို့အလုပ်က လက်ဝတ်လက်စား
ဖန်တီးတာမျိုး အမ်း.... ကျောက်မျက်ဒီဇိုင်းနာ လို့ပြောရင်ပိုမှန်မယ်"

"မိုက်သားပဲ... အားလုံးထဲမှာ ကျွန်တော် အသုံးမကျဆုံးထင်တာပဲ။ "

နေကျော် အပြောကို  သက်တန့်က ရယ်၍

"မင်း ဆေးရောင်းတက်တာပဲကွာ။ "ဟုဝင်ပြောလေသည်။

နေကျော်က ဆေးဝါးကျွမ်းကျင်တက်ထားသေးသည်။ အိမ်လုပ်ငန်းက ဆေးဆိုင်တွေမို့ မဖြစ်မနေ သူသိထားရတာမျိုးပင်။

"အတော်အသင့်နေမကောင်းတာမျိုးလောက်ကတော့ ကျွန်တော်ဆေးစပ်ပေးတတ်တယ်။ လိုအပ်ရင်ပြောပေါ့"

"ကိုနေကျော် ဟိုတလောက နိုင်းဆိုတဲ့တစ်ယောက်နဲ့ လက်တွဲသွားတာ တွေ့လိုက်တယ်"

သက်လျာ ကမျက်ခုံးပင့်ကာ နေကျော်မျက်နှာကို စူးစိုက်ကြည့်သည်။ ဘာမှမသက်ဆိုင်ပဲ ပြောလာတဲ့စကားကြောင့် ဝိုင်းက တိတ်ဆိတ်သွားတာမို့နေကျော် ရုပ်တည်သွားသည်။

"ဟုတ်တယ် အဲ့ဒါ ကျွန်တော် ရည်းစား"

"ကိုနေကျော်က မထင်ရဘူး"

"ဘာကိုမထင်ရတာလဲ။ ကျွန်တော်ပုံစံက
ဂေးနေတဲ့ပုံမပေါက်လို့လား"

"မဟုတ်ပါဘူး သက်လျာ ပြောတာက ..."

သက်လျာ အရွဲ့တိုက်မေးလိုက်ပေမဲ့နေကျော် အမှန်အကန်ဝန်ခံလိုက်တော့ဘာပြောရမှန်းမသိတော့ဟန်။ နေကျော်ကလည်း လူအများကို ထုတ်မဖော်ရဲတာထက်ထုတ်ဖော်ပြသလို့လည်း အကျိုးထူးတာမဟုတ်လို့ ခံယူထားသူမို့တွေတဲ့သူတိုင်း လိုက်ရှင်းမပြချေ။ မေးလာတဲ့အခါကျရင်လည်း လိမ်လည်မလှည့်စားချင်တာကြောင့် သူကိုယ်တိုင်ဝန်ခံလိုက်သည်။ နိုင်းက ထို့ထက်မက ပိုတန်ဖိုးထားရတဲ့ကောင်လေးမို့ သူ့အနေနှင့် လူတိုင်းတောင်မှ ကြွားဝါချင်ပါသေးသည်။

"ကိုနေကျော် ဒေစီတောင်းပန်ပါတယ်။ သက်လျာက ဘာရယ် မဟုတ်ပြောလိုက်မိတာပါ"

သူပုခုံးတွန့်ကာ သက်တန့်ချပေးတဲ့ဘီယာခွက်ကိုကောက်မော့လိုက်သည်။

စကားဝိုင်းက အထာမကျတော့တာမို့ သက်တန့်ရော ရှိုင်းရော ထိန်းကာ ပြောနေပေမဲ့ သက်လျာနှင့်ဒေစီက အကြာကြီးမထိုင်ပဲနှုတ်ဆက်ပြန်သွားသည်။

"Sorry သက်တန့် ငါ့ကြောင့်ပါ"

"ဘာဆိုင်လဲ သက်လျာ ဂျေကိုက်နေတာမင်းကို။ သက်သက်ကြီးလူပုံအလယ် ဝင်ပြောတာကို ငါလည်းစိတ်ဆိုးတယ်။ သူထင်ထားတာ အချိန်တန် မင်းနဲ့ သူနဲ့ တွဲဖြစ်မယ်လို့လေ။ မြင်လိုက်ရတော့ သူမထိန်းထားနိူင်တော့တာလည်းပါမှာ။ပြီးတော့  နိုင်းလို့လည်းထင်မထားဘူးထင်တယ်။ အဲ့ကောင်လေးကို သူတော်တော်မတည့်နေတာ"

"သူမတည့်လည်းဂရုမစိုက်ဘူး။ မင်းတို့ ငါအပိုပြောတယ်ထင်မှာ။ ကလေးကတော်တော် စိတ်ထားကောင်းတယ် ၊ သူ့အနေအထားလည်းမင်းတို့မြင်တာပဲ၊ ရုပ်ရော ငွေရော ဘယ်နေရာမှမလျော့ဘူး။ ငါ့အနေနဲ့ သူ့ကို ရထားတာတောင်မှ မတန်မရာလို့ခုထိထင်တုန်း"

"ငါလည်း အဲ့လိုထင်တာ"

"ခွေးကောင်းရှိုင်း ။မင်းလည်းအတူတူပဲ"

ရှိုင်းဝင်ပြောတော့ နေကျော်မခံပဲပြန်ဆဲသည်။

"ငါပြောတာမှားလား။ အဲ့ကလေးကို ငါသိတယ်
တော်တော်လေး ရုပ်ဖြောင့်တယ်ကွာ။ ချမ်းသာတာကလည်း ကျိကျိတတ်။ သူ့အနေအထားကြီးနဲ့
မင်းထက်သာတဲ့ရုပ်မျိုး ခေါင်းခေါက်ရွေးလို့ရတယ်။ မင်းနဲ့တွဲတယ်ကြားတော့ အံ့တောင်ဩတယ်"

နေနေသက်ပြင်းချကာ ဘေးမှာ အမြည်းစားနေတဲ့ကိုမင်းဖက်ကိုလှည့်ကာ

"ကိုမင်း ကျွန်တော် အတော်ရုပ်ဆိုးနေသလား"

"မဆိုးပါဘူး၊ ရှိုင်းပြောသမျှ ခေါင်းထဲထည့်မနေနဲ့
အချစ်ဆိုတာ ရုပ်ရည်တစ်ခုထဲ ဦးတည်တာမှမဟုတ်တာ။ သူ့ရှေးရေစက် ပါလာရင် ဖူးစာဖက်က ရှောင်လို့မရပါဘူးကွ"

"မင်းတော်တော်ငြိနေပြီလား"

သက်တန့်က လက်မဖြင့် ရင်ဘတ်ကိုထိုးပြသည်။

နေနေ မျက်နှာကိုလက်ဖဝါးဖြင့်ဖိပွတ်ကာ ခေါင်းညိမ့်ပြလိုက်သည်။

"ဟုတ်တယ် ဒီအသက်အရွယ်ကြီးရောက်မှကွာ အချစ်ဆိုတာ နဖူးတွေ့ဒူးတွေ့ပဲ။ ငါ သူထားခဲ့မယ်ဆိုရင် နလန်ထူဖို့အချိန်အတော်ယူရမယ်ထင်တယ်။"

အသက်တောင်ရှင်နိုင်ပါ့မလားတို့ဘာတို့တော့ သူမပြောချင်ပါ။ နိုင်းသာ ထာခဲ့ရင် သူ အရာရာ
အရွဲ့တိုက်ဖြစ်မယ်ထင်သည်။

"မရတော့ဘူး သူမူးနေပြီ"

နေကျော်သောက်ထားတဲ့ ခွက်ကို လက်ညိုးထိုးကာ ရှိုင်းက သက်တန့်ကိုကြည့်ပြောလာသည်။
နေကျော်ကတော့ ခပ်ပြုံးပြုံးမျက်နှာဖြင့် သူဆံပင်ကောက်တို့အားထိုးဖွကာ ယိုင်နှဲ့နှဲ့ထိုင်နေလေသည်။

"ဟေ့ကောင် ပြန်ရအောင် မင်းရသေးလား"

"ငါ ရတယ် ။ ဒါပေမဲ့ သက်တန့် မင်းကားပါတယ်မို့လား..အေ့ ငါ့ကိုလိုက်ပို့ပေး"

"အရူးပါး တွေ့လား ကိုမင်း ။ မူးနေရင် ဘယ်တော့မှရပါတယ်မပြောဘူး ။ အိမ်မရောက်မှာ တအားဆိုးတဲ့ကောင်"

"ဒါအန္တရာယ်ကင်းတာပေါ့ ။ ထ..ထ နေကျော် အကိုတွဲရမလား"

"ရတယ် ကျွန်တော်အဲ့လောက်မမူးဘူး"

သက်တန့်က တစ်ယောက်ထဲအလျှောက်မခံ။ ဘေးကနေတွဲ၍ ထိန်းကာ

"ရတယ် ငါပြန်လိုက်ပို့ပေးမယ် ရှိုင်း မင်းတို့ပြန်ရမှာဝေးတယ် ပြန်နှင့်တော့"

သူတို့ထိုင်တဲ့ ဘားရဲ့ လမ်းတစ်ဖက် ဝိုင်းကျယ်ကြီးကို ကားပါကင်အဖြစ်သီးသန့်ထားတာမို့
နေကျော်ပုခုံးကိုဖက်ကာ သက်တန့် လမ်းဖြတ်ကူးရင်းပြောလိုက်သည်။ လမ်းမကြီးပေါ် မဟုတ်ပေမဲ့ လမ်းက ကျယ်ကာ ကားထင်သလောက်မရှုပ်တာမို့ ရှိုင်းရော ကိုမင်းရော ကားလမ်းရှင်းမရှင်းကြည့်ရသေးသည်။

ကားတစ်စီး မီးရောင်ကြောင့် ရှိုင်းနှင့်ကိုမင်းက စကားထပ်မပြောပဲ အရင် ကူးသွားသည်။
သက်တန့်ကတော့ နေကျော်ကြောင့် ထိုကားဖြတ်အပြီးထိ စောင့်ကာ ကားပေါ်တက်ခဲ့လိုက်သည်။ ကားက ရှင်းသည်လည်းမဟုတ်ရှုပ်သည်လည်းမဟုတ်ပဲ ဖြတ်သန်းသွားလာဖို့ အဆင်ပြေရုံသာ။

"ဖိုးနေ မင်း အိမ်ပြန်ရောက်ရင် မဆော်ခံရဖို့သာ တွေးထား"

အမှန်တော့ နေကျော်က ထိုမျှ မူးရူးနေအောင်မသောက်တတ်ပေ။ ဒီနေ့ စိတ်ညစ်စရာများရှိသလားမသိ ၊ ငူငူကြီး ထိုင်နေတဲ့ နေကျော်ခေါင်းကိုလက်ညိုးဖြင့် ထိုးလိုက်တော့ တစ်ဖက်သို့ စောင်းကာ ကားတံခါးဖြင့် ဒုန်းခနဲစောင့်သွားရှာ၏။နေကျော်အဖြစ်ကို သက်တန့်က ခပ်ဟဟရယ်၍ ကား ကို ကျွမ်းကျင်စွာ ကွေ့လိုက်သည်။

ထိုအချိန်တွင်ဖြတ်ခနဲ စူးရှလာတဲ့မီးရောင်ကြောင့်
သက်တန့် အမြန် နောက်ပြန်ဆုတ်လိုက်သော်ငြား
ဒုန်းခနဲ အသံအကျယ်ကြီးသာထွက်လာတော့သည်။
ကားသည် သိမ့်ခနဲဖြစ်ကာ ကားခါးပတ်ပတ်မထားသေးတဲ့ သက်တန့်သည် ဆန်ကောထဲက ဇီးဖြူသီးလို ပစ်စလက်ခတ်လိမ့်သွားသည်။

"သွားပြီကားတိုက်မူ့ ဖြစ်ပြီ"

"အနောက်က ကားက ဖြတ်တိုက်တာ"

"ဟိုတစ်စီး က ဘယ်က ဝင်လာတာလဲ ။ အဲ့ကားခံလို့ ရှေ့က ကား သက်သာသွားတာ ။ ဒါတောင်အရှိန်မသေဘူး ရှေ့ကားနဲ့သွားစောင့်သေးတာ"

ရှိုင်းတို့ပြေးလာတဲ့အချိန် ပြောနေကြတဲ့စကားသံတွေက တစ်ယောက်တစ်ပေါက်။
တော်သေးတယ်ဟု ဆိုရမလား။ ဒါတောင် သက်တန့်ကားဖင်က အတော်အခြေအနေရဆိုးသွားတာ။ ကြားက ခံလိုက်တဲ့ကားကို အပြေးအလွှား သွားကြည့်တော့ ထိုသူက မေ့နေပြီဟု ဆိုသည်။

"တိုက်တဲ့ကား က ပြေးပြီ"

မောင်းထွက်သွားတဲ့ကားက မြန်သည်။ ဖြတ်တိုက်တာမို့ အလယ်က ကားပေါ်ကလူပဲအခြေအနေဆိုးသွားတာပင်။ တစ်ဖက်ကားက အတော်လေး တောင့်ပြီးမာတဲ့ ကားဖြစ်မည်ထင်သည်။

"သက်တန့်ရလား "

"ရတယ် အကို ။ ကျွန်တော်ဘာမှမဖြစ်ဘူး ။ ဖိုးနေကို ကြည့်ပါဦး အဆင်ပြေရဲ့လား"

"မင်းခေါင်းမှာ သွေးတွေထွက်နေတယ်ကွ"

"ရှိုင်းသွားရအောင်ကားပေါ်တက်"

"ဟိုလူကိစ္စကရော ကိုမင်း"

ဟိုဖက်ကားကို ကြည့်တော့ ဆွဲထုတ်ကာဆေးရုံကားခေါ်ပေးနေကြတာတွေ့တာမို့ ဘာပြဿနာမှ မရှုပ်ရအောင် သက်တန့်ကို နောက်ဆွဲပို့ကာ ကားကိုမောင်းထွက်လိုက်သည်။

"ဘာမှမဖြစ်ဘူး ငါတို့က ခံရတဲ့သူ ။ တခြားလူတွေမရောက်ခင် အမြန်သွားတာ ကောင်းတယ်။ ပြင်ရတဲ့ကုန်ကျစရိတ်က ဘာမှမဖြစ်ဘူး ရုံးရောက်ဂတ်ရောက်နဲ့ ရှင်းရတာခက်တယ်။ဖြစ်လာရင် အကိုရှင်းပေးမယ်။ သက်တန့် ဆေးခန်းသွားလိုက်မယ်နော် "

ကိုမင်းစကားကြောင့် သက်တန့်စိုးရိမ်စိတ်ပြေသွားသည်။ တရိပ်ရိပ်မူးလာတဲ့ခေါင်းကြောင့် သူစကားပင်ဆက်မပြောနိုင်တော့ပေ။ ဖိုးနေက ခါးပတ်ကြောင့်သူလောက်အခြေအနေမဆိုးသေး။ ဒါတောင် ကားမှန်ဖြင့်တိုက်မိတာလားဘာလားမသိ မေ့ကာနေလေသည်။ ဒီနေ့မွေးနေ့ကတော့ ပြဿဒါး။

"အခြေအနေ ဘယ်လိုရှိလဲ"

တစ်နေ့လုံးမနားရသေးတာမို့ သူဝတ်ထားတဲ့ ကုတ်ကို ဖြစ်သလိုချွတ်ကာ အိပ်ယာပေါ်ပစ်တင်လိုက်သည်။

"ကိုညီထက် ခုထိသတိမရသေးဘူး၊ ကြားကနေပစ်ခံလိုက်တာဆိုတော့ နံရိုးသုံးချောင်းကျိုးတဲ့အပြင် ကျိုးတဲ့နံရိုးက အထဲက နှလုံးကို ထိုးမိဖို့ နည်းနည်းပဲလိုတာကံကောင်းလို့"

ကြားရတဲ့သတင်းက တစ်ခုမှကောင်းတာမရှိ။
သူအတန်တန်ထားရက်နှင့် နေစူးရှကျော် လုပ်ရက်သည်။ ကုမ္ပဏီမှာ သူ့အာဏာက ထင်သလောက်မကြီးထွားသေးတာမို့ အပြိုင်အဆိုင်ဂြိုလ်ကြွနေကြတဲ့ ရှယ်ယာရှင်ဆိုတဲ့ ဘိုးတော်တွေကလည်းအများသား။ ကိုညီထက် မရှိရင် ဟိုမှာလည်း ဗရမ်းဗတာဖြစ်နေမှာမြင်ယောင်သေးသည်။
ဒီဖက်က ကိစ္စလည်း ပြီးသလောက်ရှိပြီမို့ သူနှင့်ပါလာတဲ့ အတွင်းရေးမှူး ကျော်သက်ကို ခေါ်လိုက်သည်။

"ကိုကျော်သက် ကျွန်တော် မနက်ဖန် ဖလိုက်နဲ့ပြန်နှင့်မယ်။ ကျန်တဲ့ကိစ္စ ခင်ဗျားကို လက်လွှဲလို့ရမလား"

"ရတယ် ကိုနိုင်း ကျွန်တော် သေချာ အပြီးသတ်ပြီးမှပြန်ခဲ့ပါ့မယ် စိတ်ချပါ"

ကျော်သက်ကိုက ဖေဖေရှိစဉ်ကတည်းက လူယုံမို့ သူစိတ်ချသည်။ သူ့မှာ ကျန်ခဲ့တဲ့ လူယုံအချို့လည်းရှိသေးတာမို့ ဖုန်းဆက်က ညွှန်ကြားရသည်။

ပြန်ရောက်တော့ သူ့မှာဆေးရုံတန်းပြေးရသည်။
ကိုညီထက်က တော့ သတိမရသေးတာမို့ သူ့မှာ တာဝန်မကင်းတာရော ပူရတာရောစိတ်မှာ နှစ်ခွ။

"ဦးထွန်း သူ့အခြေအနေရဘာထူးလဲ"

"ဒီရက်ပိုင်းအတွင်း သတိမရရင် ကိုမာ ဝင်နိုင်တယ်တဲ့"

"မထူးခြားရင် ဘန်ကောက် ပြောင်းရမယ်။ ဒီတလော သတိထားပေးဦး။ "

"ဟုတ်ကဲ့ကိုနိုင်း"

"ဦးဇော်ထွေးတို့ဖက်က ဘာသိရလဲ"

"မသဇင်ဖူးဖက်ကနေ ဦးဇော်ထွေးနဲ့ သွားလာပတ်သက်မူ့တွေ တွေ့ထားရတယ်။ ခုထွက်ပြေးသွားတဲ့ ကားကိုမောင်းတဲ့သူက ဦးဇော်ထွေး လူယုံ ချစ်ညီဆိုတဲ့ကောင်ပါ "

နိုင်း စိတ်မောလက်မောသက်ပြင်းချကာ နားထောင်မိသည်။ အခြေအနေက သူထင်ထားတဲ့အတိုင်းပင်။

"နောက်အကြောင်းထူးတာက ဦးဇော်ထွေးက
သူ့သမီး မွေ့နေ့မှာ ပတ္တမြားလက်စွပ်လက်ဆောင်ပေးတာပါ။ ဒီမှာ ကြည့်ပါ ကိုနိုင်း"

ဖုန်းထဲပြလာတဲ့ ပုံကို သူသေချာကြည့်လိုက်တော့ အရည်အသွေးမြင့် ကျောက်က တန်ဖိုးသေးဟန်မရှိတာကိုပင်။
သူအရည်အသွေးမျိုးရှိတဲ့ ပတ္တမြားက  မရှားပါးပေမဲ့ လူတိုင်းလက်ဝယ် ပိုင်နိုင်တာမျိုးမဟုတ်ပေ။

သူ့အမေက ခေတ်အဆက်ဆက် ချမ်းသာလာတဲ့ သူဌေး မျိုးဆက်မို့ ထိုသို့သော ပတ္တမြား ကျောက်မျက်က အိမ်မှာတင် ထွေပစ်တမ်းကစားနိုင်တဲ့အထိ ရှိခဲ့ဖူးသည်။

အမေဆုံးတော့ ဖေဖေလက်ထဲမှာ ထိုပစ္စည်းမျိုး အနည်းအကျဉ်းကျန်ခဲ့သေးပေမဲ့ ကျန်ခဲ့တဲ့ ပစ္စည်းအရေအတွက်က သူ့တစ်သက်စားမကုန်အောင် တန်ဖိုးရှိသည်။

ထိုအထဲကနေ ပတ္တမြား လုံးချော သီးသန့်ချည်းပဲ
(၁၀၅)လုံးထုပ် ပျောက်ခဲ့သည်။
အတွင်းစကားများအရ ဖေဖေရှိစဉ်ကတည်းပဲ ကုန်ခဲ့တာလိုလို၊ သေချာမရည်ရာပဲ သတင်းစကားထွက်ခဲ့သည်။
ကျန်ခဲ့တဲ့ စည်းစိမ်က ထိုမျှမကပေမဲ့ မေမေ ပစ္စည်းတွေမို့ သူလည်းနှမျောခဲ့သည်။
လက်ဝတ်လက်စားတွေကသပ်သပ်ရှိသေးသည်၊ ဒါပေမဲ့ မေမေ ရှိစဉ်အခါကတည်းက တန်ဖိုးမသေးတာမို့ ပစ္စည်းတောင်လုပ်မဝတ်ပဲ ဒီတိုင်းအထုပ်လိုက် သိမ်းခဲ့မို့ သူပြန်ရှာဖို့ ကြိုးစားနေတာပင်။ သဇင်ဖူးနှင့်ပတ်သက်လို့ကတော့ ကျန်ရှိအမွေရဲ့အစွန်အဖျားကိုသာ ဖေဖေသေတမ်းစာမှာပေးခဲ့တာဖြစ်သည်။

" ဦးဇော်ထွေးအခုလုပ်နေတဲ့ ပရော့ဂျက်က ဘာလဲသိလား"

"အခု လူကြီးတစ်ယောက်နဲ့ မြေနေရာတစ်ခုကို လိုက်နေတယ်။ အဲ့မြေနေရာမှာ စိမ်းလန်းသာယာ အပန်းဖြေ ဟော်တယ် တစ်ခုဆောက်ဖို့ပါ"

"ကျွန်တော့်ကို ဝန်ကြီးဦးစန်းမြင့်ကြိုင်နဲ့ ချိတ်ပေးထားဦးထွန်း "

"ဟုတ်ကဲ့ "

အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာတင်ထားတဲ့ပုံလေး သူ့အားပြုံးရယ်ပြနေသည်။
သူ ထိုပုံကိုခုံပေါ်မှောက်ကာ အိပ်ခန်းအတွင်းဝင်လိုက်သည်။ သူ နေစူးရှကျော်ကို စိတ်ပျက်နေသည်မှာအမှန်။

Bạn đang đọc truyện trên: ZingTruyen.Xyz