အပိုင်း(၅၉၆)
အပိုင်း(၅၉၆)
ဆရာဝန်က ထျန်းအကြီးအကဲ၏အပြုအမူကို ထူးဆန်းနေသည်ဟု ခံစားရသည်။ အဘိုးက သူတို့မြေးအရင်းကို အကြင်နာကင်းမဲ့စွာ ဆက်ဆံခြင်းက ရှားရှားပါးပါး ဖြစ်ရပ် ဖြစ်နေ၏။
သို့သော်လည်း ဤသည်က မိသားစု၏ဆုံးဖြတ်ချက် ဖြစ်နေ၍ ဆရာဝန်က ဝင်ရောက် မပတ်သက်နိုင်ပေ။ သူတို့အားလုံးက ထျန်းရွှမ် နှင့် သူမ၏ကလေးကို ကယ်တင်ရန် အကောင်းဆုံး ကြိုးစားရန်ပင်။
ထို့အပြင် သူတို့ကြားက ဆိုးရွားသော ဆက်ဆံရေးကို မခန့်မှန်းနိုင်ပေ။
ထို့ကြောင့်လည်း ထျန်းရွှမ်၏ မုန်းတီးဖွယ် အပြုအမူများကို သူတို့ မသိခဲ့ချေ။
...
စိုးရိမ်တကြီး စောင့်မျှော်ရသော အချိန်က နောက်ထပ် နာရီဝက်ကြာပြီးနောက် ရှာယွီလင်းက ထျန်းအုပ်စုမှ အပြေးအလွှား ရောက်လာပြီး ထျန်းရွှမ်၏အခြေအနေကို မေးမြန်းသည်။
"သူ မွေးခန်းထဲက ထွက်မလာသေးဘူးလား"
ထျန်းအကြီးအကဲက တိတ်တဆိတ် ထိုင်နေသည်။ အချိန်အတော် ကြာပြီးနောက် သူက ခေါင်းညိတ်သည်။
"ဟုတ်တယ်။ ဘယ်တော့မှ ထွက်မလာနိုင်တာလဲ ဖြစ်နိုင်တယ်"
"အဖေ..."
ရှာယွီလင်းက ထျန်းအကြီးအကဲကို မယုံသင်္ကာဟန် ကြည့်သည်။ ထျန်းအကြီးအကဲက အကြင်နာကင်းမဲ့သော လုပ်ရပ်မျိုး လုပ်ဆောင်မည်ဟု မယုံကြည်နိုင်ပေ။
"လူတစ်ယောက်က သဘာဝဘေးအန္တရာယ်က လွတ်မြောက်နိုင်ပေမဲ့ သူတို့ဆပ်ရမယ် ဝဋ်ကြွေး ကံကြွေးက လွတ်မြောက်ဖို့တော့ ခက်တယ်"
ထျန်းအကြီးအကဲ၏စကား အဆုံးသတ်ပြီးနောက် ခွဲစိတ်ခန်းတံခါးဖွင့်လာပြီး ဆရာဝန် အပြင်ထွက်လာသည်။
"ကံကောင်းတယ် ပြောရမယ်။ မစိုးရိမ်နဲ့တော့ ကလေးရော မိခင်ရော ကျန်းမာတယ်။ ဒါပေမဲ့ ကလေးက ၇လပဲ ရှိသေးတော့ စောင့်ကြည့်ခန်းထဲ ထည့်ထားဖို့ လိုအပ်တယ်"
"ကျေးဇူးတင်ပါတယ်"
"အမေက အတော်ကို အားနည်းနေတယ်။ ပြန်သက်သာဖို့ အနားယူဖို့ လိုအပ်တယ်။ သူနာပြုက သူ့ကို ဆေးရုံခန်းထဲ ခေါ်သွားပြီ"
ထိုစကားသံကို ကြားပြီးနောက် ထျန်းအကြီးအကဲက တုံ့ပြန်ခြင်း မရှိခဲ့ပေ။ အတိအကျ ပြောရလျှင် သူက ကောက်ကျစ်သော မိန်းမကို ဂရုမစိုက်မိအောင် ဖိအားပေးနေခြင်း ဖြစ်သည်။
"အဖေ၊ ထျန်းရွှမ်ကို သွားကြည့်ချင်လား"
"ဟင့်အင်း၊ ရှောင်နင် မကြာခင် ရောက်လာလိမ့်မယ်။ ငါ့မြစ်လေးကိုပဲ သွားကြည့်ချင်တယ်"
ထျန်းရွှမ်က အရမ်းကို ကောက်ကျစ်ပြီး သူမ၏မကောင်းမှုများကို သက်သေပြထားသည့် သမိုင်းကြောင်း များစွာ ရှိနေသောကြောင့် သူမကို အခွင့်အရေးပေးချင်သည့် စိတ်ကူး မရှိခဲ့ပေ။
ရှားယွီလင်း ခေါင်းညိတ်သည်။ ထျန်းနင် လာနေပြီ ဖြစ်၍ သူမက ထျန်းရွှမ်နှင့် စာရင်းရှင်းမည့် သဘော ရှိသည်။ ထို့ကြောင့် ရှားယွီလင်းလည်း ဆေးရုံအခန်းထဲ သွားလည်ခြင်း မရှိခဲ့ပေ။ သူမက ရိုးရှင်းစွာ ထျန်းအကြီးအကဲ၏အနောက် လိုက်ခဲ့သည်။ ကလေးက ထျန်းမိသားစု၏ သားသမီးမျိုးဆက် ဖြစ်နေ၍ သူမ ကောင်းကောင်း ဆက်ဆံမည်။ သို့သော်လည်း ကလေးကို ထျန်းရွှမ်နှင့် နောက်ထပ် တွေ့ခွင့် မပေးနိုင်ချေ။
...
ကလေးမွေးဖွားပြီးနောက် ထျန်းရွှမ် အားအင်ကုန်ခမ်းသွား၍ အိပ်မောကျသွားသည်။ သူမ နောက်တစ်ကြိမ် မျက်လုံးဖွင့်လာရန် ၂နာရီကြာခဲ့သည်။ သို့သော်လည်း သူမ ပထမဆုံး မြင်တွေ့ရသူက ဆရာဝန် နှင့် သူနာပြု မဟုတ်ခဲ့ပေ။ ထျန်းအကြီးအကဲလည်း မဟုတ်နေခဲ့ချေ။ ပြတင်းပေါက် ဘေးနားမှာ မတ်တတ်ရပ်နေသူ တစ်ဦးရှိသည်။
သူမက ထျန်းနင်ကို မြင်မြင်ချင်း ထျန်းရွှမ် စကားပြောချင်သော်လည်း လည်ချောင်းအရမ်း ခြောက်ကပ်နေ၍ အသံတစ်သံမျှ ထွက်မလာခဲ့ပေ။
"နင်..."
"နင် နောက်ဆုံးတော့ နိုးလာပြီပေါ့"
ထျန်းနင် မှတ်ချက်ပေးသည်။
"နင် ယောက်ျားလေး မွေးတယ်။ သူက အခြေအနေ သိပ်မကောင်းလို့ စောင့်ကြည့်အခန်းထဲ ထည့်ထားတယ်"
ထျန်းရွှမ်က ထျန်းနင်ကို အမုန်းမျက်ဝန်းများဖြင့် ငေးစိုက်ကြည့်သည်။ သူမ၏ခွန်အား အကုန်သုံးကာ ထထိုင်ရန် ကြိုးစားသော်လည်း သူမ၏ခန္ဓာကိုယ် အောက်ပိုင်းမှ နာကျင်မှုက သူမကို ပြန်လှဲလျောင်းစေသည်။
"ထျန်းနင်၊ ဟန်ကိုယ့်မနေနဲ့။ ဘာလို့ ဒီနေရာကို လာခဲ့တာလဲ"
"အို့ ဘာထူးထူးခြားခြားမှတော့ မဟုတ်ပါဘူး။ အကြွေးဟောင်းတွေ ယူဖို့ လာခဲ့တာပဲ။ ဒါနဲ့ ဘိုးဘိုးက ကလေးကို ဆေးရုံပြောင်းလိုက်ပြီ"
"ဒါက ဘာသဘောလဲ"
ထျန်းရွှမ်က စိုးရိမ်တကြီး မေးမြန်းသည်။
"ငါ ဘာပြောချင်တာလဲ ဆိုတော့ ဘိုးဘိုးက နင့်ကလေးကို အဝေး ခေါ်ထုတ်သွားပြီ။ ဒီဘဝမှာ သူ့ကို နောက်ထပ် တွေ့ဖို့ အိပ်မက် မက်နဲ့တော့"
ထျန်းနင်က တိတ်တဆိတ် ပြောသည်။
"အရိုးသားဆုံး ပြောရရင် နင်ကို ထူးထူးခြားခြား လက်ဆောင် ပေးစရာတော့ မရှိဘူး။ နင် ငါ့ကို မကောင်းကြံဖို့ ကြိုးစားခဲ့တာတွေပဲ ပြန်ပေးနိုင်မယ်။ အခုကစပြီးတော့ နင်က နောက်ထပ် ကလေးယူလို့ မရတော့ဘူး"
ထျန်းရွှမ် အေးခဲသွားသည်။ ခဏကြာပြီးနောက် သူမက ထျန်းနင် ပြောချင်သည့် အဓိပ္ပါယ်ကို နားလည်သွားသည်။
"နင် နင် ဖယ်ထုတ်လိုက်တာ"
"အမှန်ပဲ။ နင်က တခြားတစ်ယောက်ရဲ့ သားအိမ်ကို အရမ်း ထုတ်ချင်ခဲ့တာလေ။ နင့်ကိုယ်တိုင် အဲဒီခံစားချက်ကို ခံစားချင်နေတယ်လို့ ငါ တွေးလိုက်တာပဲ"
ထျန်းနင် ပြန်ဖြေသည်။
ထျန်းရွှမ်က ထထိုင်ရန် ရုန်းကန်နေစဉ် သူနာပြုက အခန်းတံခါးခေါက်ပြီး အခန်းထဲ ဝင်လာသည်။
ထို့နောက် သူက ဆေးရုံကုန်ကျစရိတ်ကို ထျန်းနင်လက်ထဲ ထည့်ပေးသည်။
"မို့သူဌေးကတော်၊ ဒါက ထျန်းမိန်းကလေးရဲ့ ကလေးမွေးဖွားတဲ့ ကုန်ကျစရိတ်ပါ။ ကျေးဇူးပြုပြီးတော့..."
ထျန်းနင်က စာရွက်အထပ်လိုက်ကို ကြည့်ပြီး ရယ်မောသည်။
"ကလေးမွေးတဲ့သူက ငါ မဟုတ်ဘူးလေ"
သူနာပြုက ထျန်းနင် ဆိုလိုချင်သည့် သဘောကို သေချာမသိ၍ ငေးကြောင် ကြည့်နေသည်။
"သူ့ကို ငွေတောင်းလိုက်လေ"
ထျန်းနင်က လူမှားပြီး ငွေတောင်းခံရကြောင်း သိအောင် ထျန်းရွှမ်ကို မေးငေါ့ကာ ညွှန်ပြသည်။
ထျန်းရွှမ်၏မျက်နှာထား ပြောင်းလဲသွားပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အချိန်အတော်ကြာပြီးမှ သူမက သူနာပြုကို စကားပြောသည်။
"ငါ့မှာ ပိုက်ဆံ မရှိဘူး"
"ဒါဆို..."
"ငါ့မှာ ငွေမရှိဘူး။ ငါက ဘဝပျက်နေတာ"
ထို့နောက် သူမက ထျန်းနင်ကို ငိုမဲ့မဲ့ဖြင့် စကားပြောသည်။
"ဒီလို အဆုံးသတ်ရောက်အောင် နင် တမင် တွန်းပို့တာလား"
အခြေအနေ မကောင်း၍ သူနာပြု လှည့်ထွက်သွားသည်။
"ရှင်တို့နှစ်ယောက်ပဲ အရင်ဆုံး အေးအေးဆေးဆေး စကားပြောပါဦး"
"ပြောစရာ ဘာအကြောင်းမှ မရှိတော့ဘူး။ သူ့စီကပဲ တောင်းလိုက်ပါ"
ထျန်းရွှမ်က ထျန်းနင်၏အရှေ့မှာ အရှက်ကွဲခြင်းကို မုန်းတီးသည်။ ထို့ကြောင့် သူမက စောင်ကို လွှတ်ပစ်ပြီး အတင်းအားယူ ထသည်။
"ထားလိုက်တော့ နင်တို့ ငွေအရမ်း လိုချင်နေရင် ငါ အခုပဲ ဒီဆေးရုံက ထွက်သွားပေးမယ်"
သူနာပြုက ထျန်းနင်ကို အားတုံ့အားနာ ကြည့်သည်။ ထိုစဉ် ထျန်းရွှမ်က အိပ်ရာပေါ်မှ ပြုတ်ကျသွား၍ သူနာပြုက သူမကို ချက်ချင်း လာကူညီသည်။
"မြန်မြန်ထ၊ နင်စီကနေ အလောတကြီး ငွေမတောင်းပါဘူး"
ထျန်းရွှမ်က ကြမ်းပြင်ပေါ် လဲလျောင်းနေပြီး ထျန်းနင်ကို ငေးကြည့်ကာ လှောင်ရယ်နေသည်။
"နင် အခု ပျော်နေပြီမလား"
"ပျော်ရမယ် ဟုတ်လား။ နင်က ဆရာဝန်နဲ့ ပူးပေါင်းကြံစည်ပြီး ငါ့သားအိမ်ကို ထုတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ ငါ့သတင်းကို ယဲ့လန်စီ ရောင်းစားခဲ့လို့ ငါတို့သားအမိ သေမလို ဖြစ်ခဲ့တယ်။ ဒါတွေက ငါ့ကို ပျော်ရွှင်ဖို့ လုံလောက်မယ် ထင်နေလား"
ထျန်းနင်က အေးစက်စက် ပြောသည်။
သူနာပြု သက်ပြင်းချသည်။ဤသတင်းက လူတိုင်း သိထားပြီသား ဖြစ်သည်။
ထို့ကြောင့် သူမက ထျန်းရွှမ်ကို စာနာစိတ်ထားခြင်းက မှန်ကန်သော လုပ်ရပ် မဖြစ်နိုင်ပေ။
"ဆေးရုံစရိတ်ရအောင် နင့်အကြွေးကို ဆေးရုံမှာ အလုပ်လုပ်ရင်း ပြန်ဆပ်ပါလား။ သန့်ရှင်းရေးသမား ရာထူးက နင်နဲ့ အသင့်လျော်ဆုံးပဲ"
"ထျန်းရွှမ်၊ နင်က မိန်းမ မပီသတော့ဘူး။ အခုကစပြီးတော့ နောက်ထပ် ပျော်ရွှင်မှုလည်း ရှာဖွေလို့ မရတော့ဘူး။ ဒါဆိုရင် ငါတို့ရဲ့ရန်ငြိုးတွေ ပြီးဆုံးပြီ"
ထျန်းရွှမ်က ကျယ်လောင်စွာ ရယ်မောပြီး ကြမ်းပြင်ပေါ် လှဲနေသည်။
"နင်က အရာအားလုံး ပိုင်ဆိုင်ပြီး ငါက ဘာဆိုဘာမှ မကျန်ခဲ့ဘူး။ ဒါက ဘယ်လို တရားမျှတ မလဲ"
"အနိုင်ရသူက အားလုံး အကုန်ယူမှာပဲ။ အခုကစပြီးတော့ နင်က ဘယ်လို တိုးတက်လာမလဲ ဖျော်ဖြေရေးလောကရဲ့ ထိပ်ဆုံးကို ရောက်သွားမလဲ နင် မျက်စိနဲ့ သေချာ စောင့်ကြည့်နေလိုက်စမ်း"
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က သူမ၏ဗိုက်ကို ပွတ်သပ်ပြကာ အခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။
သူနာပြုက ထျန်းရွှမ်၏ဆေးရုံစရိတ်ကို ဘယ်လို ဖြေရှင်းရမလဲ မသိ၍ တာဝန်ခံ ဆရာဝန်ကို အစီရင်ခံသည်။ ထျန်းရွှမ်၏ ကလေးမွေးဖွားခြင်းကို တာဝန်ယူခဲ့သော ဆရာဝန်က သူမ၏အခြေအနေကို စစ်ဆေးရန် အခန်းထဲ ဝင်လာခဲ့သည်။
"ထျန်းမိန်းကလေး၊ မင်းကိုယ်မင်း သေချာဂရုစိုက်ရင် အကောင်းဆုံးပဲ။ ဒါနဲ့ မင်းကို ပြောသင့်တဲ့ ကိစ္စ ရှိတယ်"
"မင်းကလေးမွေးခန်း ရောက်နေတုန်းက အခြေအနေက ရှုပ်ထွေးနေလို့ မင်းရဲ့အဘိုးကို ကလေးနဲ့ မိခင် ဘယ်သူကို ကယ်တင်မလဲ ရွေးချယ်ခိုင်းခဲ့တယ်"
ဆရာဝန်က ထျန်းရွှမ်၏မျက်နှာအမူအရာကို ဆန်းစစ်ဝေဖန်ပြီး ဆက်ပြောသည်။
"သူ့တုံ့ပြန်မှုက အတော်လေး အံ့ဩစရာကောင်းတယ်။ သူ ဘာပြောမယ်ထင်လဲ ခန့်မှန်းကြည့်စမ်းပါဦးလား"
အပိုင်း(၅၉၆)
ပြီး၏။
Bạn đang đọc truyện trên: ZingTruyen.Xyz