ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ အတွဲ(၃)

အပိုင်း(၅၈၅)

jellyflower1

အပိုင်း(၅၈၅)

"သူ့မှာ မိန်းကလေး မိတ်ဆွေ မရှားပါဘူး။ သူသာ ဆန္ဒရှိရင် သူ့ကောင်မလေး ဖြစ်ချင်တဲ့ မိန်းကလေး အများကြီးရှိတယ်"

လုချယ်၏မျက်နှာအမူအရာက လေးနက်သွားသည်။ နက်မှောင်သော မျက်စိသူငယ်အိမ်အတွင်း ရှချင်းယန်၏ပုံရိပ် တည်ရှိနေသည်။ သူက စနောက်ရုံသက်သက် ပြောဆိုခြင်း မဟုတ်ကြောင်း သိစေချင်သည်။

ရှချင်းယန်က အိပ်ရာပေါ် လှဲနေသော ထျန်းကျင်းရွှမ်ကို ဖျတ်ခနဲ မကြည့်ခင် လုချယ်ကို ပြန်ကြည့်ကာ ခေါင်းညိတ်ပြသည်။ သို့သော်လည်း သူ့မျက်နှာအမူအရာက နားလည်ရခက်သော စိတ်အခြေအနေကို ဖော်ပြနေသည်။

လုချယ် လေးလေးနက်နက် ပြောဆိုရသည့် အကြောင်းအရင်းကို သဘောပေါက်သော်လည်း သူ ပြောခဲ့သော စကားလုံး၏ နောက်ကွယ် သဘောကို နားမလည်နိုင်ပေ။

ခဏကြာပြီးနောက် ထျန်းကျင်းရွှမ် အိပ်ရာမှ နိုးလာသည်။ သူ မျက်လုံး ဖွင့်လိုက်စဉ် သူ့အိပ်ရာဘေး ထိုင်နေသော ရှချင်းယန်ကို မြင်တွေ့ရသည်။ သူ အနည်းငယ် မှင်တက်မိသည်။ သူ့ဗိုက်ကို လက်ဖြင့် ကွယ်ကာ မတ်တတ်ရပ်သည်။
"မင်း ဘယ်လို သိသွားတာလဲ"

"စုန့်ယန်ရှုက ငါ့ကို လာတွေ့ပြီး သူ့ကြောင့် နင် ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ ပြောတယ်"

"တကယ်လား"
ထျန်းကျင်းရွှမ် ရယ်မောသည်။ သို့သော်လည်း သူမကို ရှင်းပြချင်သည့် ရည်ရွယ်ချက် မရှိခဲ့ပေ။
"စိတ်ပူနဲ့။ ငါ့ကို ဂရုစိုက်ပေးမယ့် လုချယ် ရှိတယ်"

"လုချယ်က မိသားစုရှိ၊ မိန်းမရှိတယ်လေ။ ဘယ်လိုလုပ် နင့်ကို ဂရုစိုက်ပေးနိုင်မလဲ"
ရှချင်းယန်က စကားပြောနေစဉ် သူ မှာထားသော ကြက်သားစွပ်ပြုတ်ကို ထျန်းကျင်းရွှမ် အရှေ့ချပေးသည်။
"ဒါကြောင့်မို့ အဲဒီအလုပ်ကို ငါ့တာဝန်ထားလိုက်"

"နင် ဟိုမိန်းမကို မမေ့ပစ်နိုင်ဘူးလား"

"ဖြစ်နိုင်မယ်လို့ မထင်ဘူး"
ထျန်းကျင်းရွှမ်က စွပ်ပြုတ် တစ်ငုံ့သောက်ကာ ပြန်ဖြေသည်။

သို့သော်လည်း ထျန်းကျင်းရွှမ် ရည်ညွှန်းသော အမျိုးသမီးက စုန့်ယန်ရှု မဟုတ်ဘဲ ရှချင်းယန် အမည်ရှိသော အမျိုးသမီး ဖြစ်သည်။

...

ထိုစဉ် လုချယ်က ထျန်းကျင်းရွှမ်၏အခြေအနေကို အစီရင်ခံရန် Hyatt regency သို့ ပြန်သွားသည်။ စုန့်ယန်ရှုက ရှချင်းယန်ကို တမင်တကာ ရန်ရှာခဲ့သည့် အကြောင်းကိုလည်း ထည့်ပြောခဲ့သည်။ သတင်းအချက်အလက် အားလုံးကို နားထောင်ပြီးနောက် ထျန်းနင်က ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ သို့သော်လည်း သူမ၏စကားလုံးထဲ လှောင်ရိပ်သန်းသော အငွေ့အသက်များ ရောယှက်နေသည်။

"အပမှီသွားသလား။ သူက လုံးဝ ပြောင်းလဲသွားပြီ"

"သူဌေးကတော်"

ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ အလုပ်လုပ်ကာ သူမကို ဖက်ထားသော အမျိုးသားကို လှည့်ကြည့်သည်။

မို့ထင်က သူ့ဇနီးသည်၏အကြည့်ကို ခံစားမိ၍ ခေါင်းမော့မကြည့်ဘဲ လုချယ်ကို စကားပြောသည်။
"စုန့်ယန်ရှု အုပ်ချုပ်ရတဲ့ အနုပညာရှင်အားလုံးကို တခြားမန်နေဂျာစီ အလုပ်ပြောင်းပေးလိုက်တော့။ အခုကစပြီးတော့ သူ ကြီးကြပ်ရမယ် အနုပညာရှင်တွေက မကောင်းတဲ့ မှတ်တမ်းရှိတဲ့ အနုပညာရှင် နဲ့ အလုပ်ရပ်နားခံထားရတဲ့ အနုပညာရှင်တွေပဲ။ ဒါက သူ့အပြုအမူကို ရပ်တန်းက ရပ်အောင် သတိပေးတာပဲ"

"ဒီလောက်ပဲလား"
စုန့်ယန်ရှု ယခုလိုမျိုး ဆက်လက်လုပ်ဆောင်နေလျှင် ဒုက္ခရောက်တော့မည်ဟု လုချယ် ခံစားရသည်။

"သူ မကောင်းကြံစည်ခွင့် ရသွားအောင် တခြားနေရာ ပို့မယ်အစား ငါတို့မျက်စိအောက် ထားတာ အကောင်းဆုံးပဲ"

လုချယ်က မို့ထင်၏အကြံအစည်ကို နားလည်သည်။ ထျန်းနင် နှင့် ရင်းနှီးခဲ့ဖူးသည့် စုန့်ယန်ရှုက သူစိမ်းဆန်သွားခြင်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

သို့သော်လည်း ဤသည်ကား ဖျော်ဖြေရေးလောကကြီး၏ နိယာမဖြစ်သည်။

ယခုအချိန်တွင် ထျန်းနင်၏အဓိက ဦးစားပေးက ဖေးထန် နှင့် ထျန်းရွှမ် ဖြစ်သည်။

ထျန်းနင်က သူမ၏အတွေ့အကြုံကြောင့် ခွဲခွဲခြားခြား သိမြင်တတ်လာသည်။ အထူးသဖြင့် သူမက ကိုယ်ဝန် ၆လရှိသော ကိုယ်ဝန်ဆောင် မိခင် ဖြစ်နေ၍ သူမ၏နှလုံးသားထဲမှာ အရေးပါသော အကြောင်းအရာ တချို့က ပြောင်းလဲသွားခဲ့သည်။

ဖေးထန် ဆုပေးပွဲ တရားဝင်ကျင်းပမည့် နေ့ရက် နီးကပ်လာပါပြီ။ ထို့ကြောင့် အကြီးမားဆုံး ဖျော်ဖြေရေး စာမျက်နှာများက အနိုင်ရသူက အသီးသီး ခန့်မှန်းကြသည်။

အင်တာနက် တစ်ခုလုံးလည်း အနိုင်ရသူကို ခန့်မှန်းသော ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေသည်။

"ငါ တစ်ခါမှ ဖေးထန်ဆုကို အာရုံမစိုက်မိဘူး။ ဒါပေမဲ့ ဟိုတလောက နာမည်ကျော်ခဲ့တဲ့ ရန်ပွဲကြောင့် ငါသိလိုစိိတ်ကို ဆွဲဆောင်သွားတယ်။ ငါတစ်ယောက်တည်း အဲဒီလို ဖြစ်တာတော့ မဟုတ်နိုင်ဘူး"

"ငါလည်း အဲဒီလိုပဲ ခံစားရတယ်"

"ငါရောပဲ"

"ထူးဆန်းလိုက်တာ။ အကျိုးသင့်အကြောင်းသင့် ပြောရရင် ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ထျန်းနင်က လူတိုင်း သူ့ကို အာရုံစိုက်လာအောင် လုပ်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ အံ့ဩစရာအကောင်းဆုံးကိစ္စတစ်ခုက ဖေးထန်ဆုက တရားမျှတမှု ရှိတယ်လို့ လူတိုင်းက အပြည့်အဝ ယုံကြည်ပေးနေသေးလို့ပဲ"

"ထျန်းနင်ရဲ့အတွေးက ခန့်မှန်းရခက်တယ်။ သူ ဆုရသွားရင်တောင် ဆုကို ငြင်းပယ်ပြီး အဆိုတော်လမ်းကြောင်း ပြောင်းမလားပဲ"

"တကယ် အရည်အချင်းရှိတဲ့သူတွေက ဘာပဲလုပ်လုပ် အောင်မြင်တယ်လေ"

"ထျန်းနင်ပဲ ဆုရမှာ"

"ဆုပေးပွဲ  အခမ်းအနား ကျင်းပခါနီးပေမဲ့ အနိုင်ရတဲ့သူ ဘယ်သူလဲ သိချင်လှပြီ"

အင်တာနက် သုံးစွဲသူများ၏ စန်းစန်းတင် သတင်းများကြောင့် မို့ထင် စိတ်အနှောင့်အယှက် မဖြစ်ပေ။ သူ့နှလုံးသားထဲ ထျန်းနင်က အကောင်းဆုံး သရုပ်ဆောင်မင်းသမီး ဖြစ်သည်။

နောက်တစ်နေ့ ဆုပေးပွဲတွင် ဝတ်ဆင်ရမည့် အဝတ်အစားကို လုချယ်က လာပို့ပေးသည်။ ငွေရောင် ပွဲတက်ဂါဝန်က ထျန်းနင်ကို အနည်းငယ် နိုင်ငံခြားသူဆန်စေသည်။

"ဒီလို မဝတ်ရတာ ကြာတော့ ထူးဆန်းနေသလို ခံစားရတယ်"
ထျန်းနင် ရေရွတ်သည်။ ထို့နောက် သူမက လုံကျဲကို စကားပြောလျက် မှန်ကြည့်သည်။
"နင်ရော ဘယ်လိုထင်လဲ'

လုံကျဲ၏မျက်ဝန်းများက ထျန်းနင်ကို အကဲခတ်ကာ လက်မထောင်ပြသည်။
"နင်က ကိုယ်ဝန် ၆လရှိတဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံးထိန်းသိမ်းနိုင်တဲ့ တစ်ဦးတည်းသောသူပဲ"

ထျန်းနင် ပြုံးသည်။ ထိုစဉ် မို့ထင်က အလုပ်ပြီးခါစ ဖြစ်၍ အဝတ်လဲခန်းထဲ ဝင်လာသည်။ ဂါဝန်လေးဖြင့် လှပနေသော ထျန်းနင်ကို မြင်တွေ့ရသောအခါ မျက်လုံး ပင့်လိုက်သည်။

"လုံကျဲ၊ မင်းထွက်သွားနိုင်ပြီ"

လုံကျဲက ထျန်းနင်ကို ကြည့်ပြီး မျက်စိ တစ်ဖက်မှိတ်ပြကာ အချက်ပြသည်။
"သတိထားဦးနော်။ ဒါက လက်ချုပ်နော်။ ဒီကမ္ဘာပေါ်မှာ တစ်စုံပဲ ရှိတယ်"

ထျန်းနင်က လုံကျဲစကား၏ နောက်ကွယ်အဓိပ္ပါယ်ကို သဘောပေါက်၍ သူမကို ကူကယ်ရာမဲ့ ပြန်ကြည့်သည်။ လုံကျဲ ထွက်သွားပြီးနောက် ထျန်းနင်က မို့ထင်အနား လမ်းလျှောက်သွားပြီး သူ့လည်တိုင်ကို ဖက်သည်။

"သူ ပြောတာတွေ နားမထောင်နဲ့"

"ဒါပေမဲ့ သူက ကိုယ့်အတွေးကို နားလည်ပုံပဲ"
မို့ထင်က  ညှို့ဓာတ်ပြင်းစွာ ထျန်းနင်အနား တိုး ကပ်သည်။
"မို့ကတော်လေး"

ထျန်းနင်၏ခန္ဓာကိုယ် တစ်ကိုယ်လုံး တစစ်စစ် ခံစားရပြီး သူမ၏
လက်ဖြင့် မို့ထင်၏ခန္ဓာကိုယ်ကို ညင်သာစွာ တွန်းထုတ်သည်။
"တကယ်လား"

သို့သော်လည်း မို့ထင်က သူမ၏နောက်ကျောနား ကပ်ကာ ဂါဝန်ဇစ်ကို ဆွဲဖြုတ်ပြီး လည်တိုင်ကို စတင် နမ်းရှိုက်သည်။
"ကိုယ် ပိုင်ဆိုင်ချင်တယ်"

ထျန်းနင် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူမက ခေါင်းမော့ပေးလိုက်ပြီး သူမ၏နှုတ်ခမ်း နှင့် သူ့ နှုတ်ခမ်းကို ထိကပ်ကာ ချစ်မြတ်နိုးသော ဆန္ဒများကို ဖော်ပြသည်။

မို့ထင်က ဤကိုယ်ဝန်ဆောင်အမျိုးသမီးကို ခပ်ကြမ်းကြမ်း မနမ်းနိုင် သကဲ့သို့ နမော်နမဲ့ မထိတွေ့ရဲပေ။ ထို့ကြောင့် သူမကို နံရံကပ်လိုက်ပြီး လေတိုးနိုင်သော နံရံလပ်မရှိအောင် ခန္ဓာကိုယ်ချင်း ကပ်လိုက်သည်။

"ချစ်လေး စိတ်လျော့..."

မို့ထင်၏ညှို့ဓာတ်ပြင်းသော အသံကို ကြားပြီးနောက် ထျန်းနင်၏မျက်ဝန်းများ ဖြည်းဖြည်းချင်း ဖွင့်လာပြီး မို့ထင်၏ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဖက်သည်။

ဤအမျိုးသားက သူမကို အထိန်းအချုပ် ကင်းမဲ့စေသော ခံစားချက် ဖြစ်စေသည်။

နောက်ဆုံးတော့ ထျန်းနင်က သူမ၏ဆန္ဒကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ကာ မေးဖျားလေးကို မော့လိုက်ပြီး မို့ထင်ကို နောက်တစ်ဆင့် ထပ်တက်ရန် အရိပ်အကဲ ပြသည်။

အပိုင်း(၅၈၅)
ပြီး၏။

Bạn đang đọc truyện trên: ZingTruyen.Xyz