ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ အတွဲ(၃)

အပိုင်း(၅၈၂)

jellyflower1

အပိုင်း(၅၈၂)

အမည်းရောင်ကားထဲမှာ ထိုင်နေသူက အဖေရှမှလွဲ၍ တခြားသူ မဖြစ်နိုင်ပေ။

သူ့မျက်ဝန်းတွင် အမုန်းအာဃာတများ နှင့် မသတီသော ခံစားချက်များ ပြည့်နှက်နေသည်။

"ဒီကနေ့ပဲ အဆုံးသတ်လိုက်ရအောင်"
ထျန်းကျင်းရွှမ်က အဖေရှကို စကားပြောသည်။ အမျိုးသားနှစ်ဦးက အနီးအနား ကားပါကင်နား ကားမောင်းထွက်လာပြီး မျက်နှာချင်းဆိုင်ရန် ကားထဲမှ ထွက်လိုက်သည်။
"ရှချင်းယန်ကို ထိခိုက်အောင် မလုပ်ပါနဲ့။ ခင်ဗျားနှိပ်စက်တာကို အကြာကြီး ခံစားခဲ့ပြီးပြီ"

"ငါက သူ့ကို မွေးပေးထားတဲ့ သူ့အဖေ၊ ကျေးဇူးကန်းတဲ့ ကောင်မက ငါ့ကို ဒီလိုဆက်ဆံတယ်။ ငါ လက်မခံနိုင်ဘူး"

"ခင်ဗျားက သင်ခန်းစာယူရကောင်းမှန်း မသိဘူးလား။ ခင်ဗျားက ဘာလိုချင်သေးတာလဲ"
ထျန်းကျင်းရွှမ် အော်ပြောသည်။
"ဒီလိုအခြေအနေမျိုးပဲ ဖြစ်နေမလား။ ခင်ဗျားကို အကြံတစ်ခုတော့ ပေးလိုက်မယ်။ အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်တွေ မလုပ်စမ်းပါနဲ့"

"ဘာပဲဖြစ်ဖြစ် ချင်းယန်က ခင်ဗျား ရန်ရှာလို့ရတဲ့ အတန်းအစား မဟုတ်တော့ဘူး"

ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ် လှည့်ထွက်လာခဲ့သည်။ သို့သော်လည်း အဖေရှက သူ့ဓားမြှောင်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ထျန်းကျင်းရွှမ်၏ နောက်ကျောကို ဓားဖြင့် ချိန်းသည်။

ထျန်းကျင်းရွှမ်က တစ်စုံတစ်ရာ မူမမှန်ခြင်းကို ခံစားရသည်။  သို့သော်လည်း သူ နောက်လှည့်ကြည့်လိုက်စဉ် သူ့စီ လာနေသည့် ဓားမြှောင်ကို ရှောင်တိမ်းရန် အချိန်လွန်သွားခဲ့သည်။ ဓားမြှောင်က သူ့ခန္ဓာကိုယ်၏ အဓိက အင်္ဂါများကို မဖျက်ဆီးသော်လည်း အစာအိမ်ဘယ်ဘက်ကို စိုက်ဝင်သွားသည်။ ထျန်းကျင်းရွှမ်၏အဝတ်အစားများက အလျင်အမြန် သွေးစိုရွဲသွားသည်။ ရှကျန်းချင်းက ကြောက်လန့်တကြား ခြေလှမ်းအနည်းငယ် နောက်ဆုတ်သည်။

ရှကျန်းချင်း၏မျက်နှာထား ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်က တုန်ရီလာသည်။ ခဏတုန်လှုပ်ပြီးနောက် အသိပြန်ဝင်လာပြီး သူ့ကားစီ ပြေးသွားသည်။ သူ ကားမောင်းထွက်သွားစဉ် ကားက ထျန်းကျင်းရွှမ်၏ခန္ဓာကိုယ် ညာဘက်ခြမ်းကို တိုက်သွားသည်။

ထျန်းကျင်းရွှမ်က မြေကြီးပေါ် လဲကျသွားပြီး ခပ်လှမ်းလှမ်းကို လှိမ့်သွားသည်။ အချိန်အတော်ကြာ လှိမ့်သွားပြီးမှ သူ့နောက်ဆုံး ကျန်သော ခွန်အားကို အသုံးပြုကာ ထျန်းနင်ကို ဖုန်းဆက်သည်။
"အစ်မ၃ ကျွန်တော့်ကို ကယ်ပါ"

ထျန်းနင် နှင့် မို့ထင်တို့က ထျန်းရွှမ်ကို သွားတွေ့ရန် ပြင်ဆင်နေစဉ် ထျန်းကျင်းရွှမ် ဖုန်းခေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း လုချယ်က ချက်ချင်း ကားကို ပြန်လှည့်လိုက်ပြီး မို့ထင်က ထျန်းကျင်းရွှမ်၏ တည်နေရာကို  ခြေရာခံနိုင်သူအားလုံးကို ချက်ချင်း ဆက်သွယ်သည်။ ထျန်းကျင်းရွှမ်ကို သူတို့ ရှာတွေ့ချိန်တွင် ထျန်းကျင်းရွှမ် သတိလစ်နေသည်။

ထျန်းကျင်းရွှမ်၏နာမည် သတင်းခေါင်းစဉ်တွင် ပါဝင်ခြင်းကို ဟန့်တားရန် မို့ထင်က သူ ယုံကြည်အားကိုးထိုက်သော ဆေးရုံကို ချက်ချင်း ဆက်သွယ်ပြီး ထျန်းကျင်းရွှမ်ကို အရေးပေါ် အခန်း ချက်ချင်း ပို့လိုက်သည်။

ထျန်းနင်က ထျန်းကျင်းရွှမ်၏ သွေးများ ဖုံးလွှမ်းနေသော ခန္ဓာကိုယ်ကို ငေးကြည့်ကာ မျက်လွှာတင်းတင်းကျပ်ကျပ် ပိတ်လိုက်သည်။
"လုချယ်၊ ဘာတွေဖြစ်ခဲ့လဲ စုံစမ်းပေးပါ"

လုချယ် နားလည်သဘောပေါက်သွား၍ ချက်ချင်း ခေါင်းညိတ်သည်။
"မစိုးရိမ်ပါနဲ့ သူဌေးကတော်၊ ကျွန်တော် တာဝန်ထားလိုက်ပါ"

"ပြီးတော့ အခုကိစ္စကို ဖုံးကွယ်ထားပါ။ ဒီအကြောင်းကို ဘယ်သူမှ သိလို့ မဖြစ်ဘူး။ အထူးသဖြင့် နီလူကြီးမင်း သိလို့ မဖြစ်ဘူး"

နီလူကြီးမင်းက ထျန်းမိသားစုကို ပစ်မှတ်ထားနိုင်သည်ဟု သဘောပေါက်သွားလျှင် စက်ဆုပ်ဖွယ်ကောင်းသော အကြံအစည်များကို အသုံးပြုလာနိုင်သည်။

"နားလည်ပါပြီ"
လုချယ်က နောက်တစ်ကြိမ် ခေါင်းညိတ်သည်။

ရှချင်းယန်က ထျန်းကျင်းရွှမ် ဒဏ်ရာရသည့် ကိစ္စကို မသိခဲ့ပေ။ သူမ အိမ်ပြန်ရောက်ရောက်ချင်း သူတို့နှစ်ဦး ပြောခဲ့သော အကြောင်းအရာများကို ပြန်တွေးပြီး မသိစိတ်၏လှုံ့ဆော်မှုအရ အရှက်သည်းနေမိသည်။ တကယ်တမ်း ထျန်းကျင်းရွှမ်ကို ဖက်ခဲ့သည့် နေ့ကတည်းက ထူးခြားသော ခံစားချက်ကို ခံစားမိသည်။ သူတို့နှစ်ဦးက သာမန်မိတ်ဆွေ ဆက်ဆံရေးကို ကျော်လွန်ခဲ့သော်လည်း သူတို့က ချစ်သူအဆင့် ရောက်နေခြင်းကို သူမ မတွေးမိခဲ့ပေ။

"သူ ငါ့ကို ဒေါသမထွက်လောက်ပါဘူးနော်"
ရှချင်းယန်က အတွေးလွန်နေ၍ ထျန်းကျင်းရွှမ်ကို ဖုန်းခေါ်လိုက်သည်။ သို့သော်လည်း သူမ ဖုန်းဆက်လျှင် ၃စက္ကန့်အတွင်း ဖုန်းကိုင်တတ်သည့် ထျန်းကျင်းရွှမ်က ဖုန်းပြန်ဖြေခြင်း မရှိခဲ့ပေ။

ရှချင်းယန်က ဇွဲမလျော့ဘဲ နောက်တစ်ကြိမ် ဖုန်းဆက်ကြည့်သည်။ သို့သော်လည်း ရလဒ်က အတူတူ ဖြစ်နေသည်။

"သူ တကယ် ဒေါသထွက်သွားသလား"

...

"သူဌေးကတော်၊ ဈေးဝယ်စင်တာရဲ့ ပိုင်ရှင်က သူတို့ရဲ့စောင့်ကြည့် ကင်မရာတွေကို ပေးကြည့်ဖို့ သဘောတူခဲ့တယ်။ ကျင်းရွှမ်ကို ဓားနဲ့ထိုးခဲ့သူကို အတည်ပြုပြီးပြီ။ ရှကျန်းချင်းပါ"
လုချယ်က စိတ်ပျက်လက်ပျက် ပြောဆိုသည်။

"ကျင်းရွှမ်က ရှမိန်းကလေးကို ကာကွယ်ဖို့ ကြိုးစားခဲ့လို့ ရှကျန်းချင်းက တိုက်ခိုက်တာ ထင်တယ်။ သူဌေးကတော် ကျွန်တော်တို့တွေ ရှမိန်းကလေးကို အသိပေးသင့်လား"

"ချင်းယန်က ကျေးဇူးမသိတတ်သူ ဖြစ်မှာ စိုးရိမ်တာလား"
ထျန်းနင်က လုချယ်ပြောမည့် စာကြောင်းကို ဖြည့်စွက် ပြောလိုက်သည်။
"ကျင်းရွှမ် သတိရလာမှ ဆက်ပြောကြတာပေါ့"

"လုချယ်၊ ဒီအမှုကို ရဲတိုင်ထားပေး။ ဒါပေမဲ့ လျှို့ဝှက် စုံစမ်းပေးဖို့ပါ အသိပေးထားပါ"

မို့ထင်က ချက်ချင်း ညွှန်ကြားသည်။

ထိုစကားသံကို ကြားပြီးနောက် လုချယ်က ညင်သာစွာ ခေါင်းညိတ်သည်။ မို့ထင်၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။ မို့ထင်က ရှကျန်းချင်းကို တစ်သက်လုံး ထောင်ချထားချင်သည့် အကြံအစည် ဖြစ်သည်။

ရှကျန်းချင်းက လူ့ဘောင်လောကကို ဘေးသင့်စေ၍ လူ့အမှိုက်သရိုက်ကို သူတို့က ရှင်းလင်းပေးရမည်။

ထျန်းကျင်းရွှမ်က ရှချင်းယန် ရင်ဆိုင်ရမည့် ဘေးအန္တရာယ်ကို ကိုယ်စား ခံယူသွားသည့် အကြောင်းကို ရှချင်းယန် မသိခဲ့ပေ။

သို့သော်လည်း ထျန်းကျင်းရွှမ် သတင်းကို သိသွားသည့် လူနည်းစု ရှိသည်။ အထူးသဖြင့် သတင်းစုံစမ်းခြင်းတွင် ဆရာတစ်ဆူ ဖြစ်သော လုံကျဲက သူ ချိတ်ဆက်ထားသော သတင်းအရင်းအမြစ်များမှ တဆင့် ထျန်းကျင်းရွှမ်၏ သတင်းကို စုံစမ်းမိခြင်း ဖြစ်သည်။ ထျန်းကျင်းရွှမ်၏ သတင်းကို ကြားသိထားသူထဲ စုန့်ယန်ရှုလည်း ပါဝင်သည်။

စုန့်ယန်ရှု

ထျန်းကျင်းရွှမ်၏အမည်ကို ကြားတိုင်း သူ့နှလုံးသား အထိန်းအချုပ် ကင်းမဲ့စွာ ခုန်နေရသည့် အကြောင်းအရင်းကို သူမ ကိုယ်တိုင် နားမလည်ပေ။ အထူးသဖြင့် ထျန်းကျင်းရွှမ် ဆေးရုံတင်ထားရသည့် သတင်းကို ကြားကြားချင်း နှလုံးခုန်နှုန်း ပိုမြန်ဆန်နေသည်။

စုန့်ယန်ရှုက မည်သူမှ မသိအောင် တိတ်တဆိတ် လူနာသွားကြည့်သည်။

ထိုစဉ်အခိုက်အတန့် ထျန်းကျင်းရွှမ်က ခွဲစိတ်ခန်းထဲမှ ထွက်လာခါစ ဖြစ်ပြီး ဆေးရုံအခန်းထဲ ပို့ခံထားရသည်။ မို့ထင်က ထျန်းနင် ပင်ပန်းမည်ကို စိုးရိမ်မိ၍ သူမကိုယ်စား လုချယ်ကို လူနာစောင့်ခိုင်းထားသည်။ ထျန်းကျင်းရွှမ် သတိရလာသည်အထိ စောင့်ကြည့်စေသည်။

စုန့်ယန်ရှုက လုချယ် အခန်းအပြင် ထွက်သွားသည်အထိ စောင့်ပြီး အခန်းတံခါးကို တွန်းဖွင့်ကာ ထျန်းကျင်းရွှမ်အနား ချဉ်းကပ်သည်။ အိပ်ရာပေါ်မှာ နွမ်းလျစွာ လဲလျောင်းနေသော သူ့ကို မြင်တွေ့ရသောအခါ စုန့်ယန်ရှု၏နှလုံးသား နာကျင်ရသည်။

တကယ်တမ်း ထျန်းကျင်းရွှမ်က သတိရနေပါပြီ။ သို့သော်လည်း သူ မျက်လုံး ဖွင့်ဖွင့်ချင်း စုန့်ယန်ရှုကို မြင်တွေ့ရသည်။ သူ အတော်ကလေး အံ့သြမိသည်။
"မင်းက ဘာလို့ ဒီနေရာ ရောက်နေတာလဲ"

"ရှင် ထိခိုက်ဒဏ်ရာရတဲ့ သတင်းကြားလို့ပါ။ ဒါကြောင့်မို့ လူနာသတင်းလာမေးတာ"
စုန့်ယန်ရှုက ထျန်းကျင်းရွှမ်၏ ကုတင် အစွန်းနားမှာ ထိုင်နေစဉ် သူမ၏မျက်ဝန်းများက နီရဲနေသည်။

"ငါမှာ ရွေးချယ်ခွင့် ရှိသေးရင် အရာရာ နောက်ပြန်ဆုတ်ချင်တယ်။ ရှင်က ကျွန်မရဲ့အနုပညာရှင် အနေနဲ့ ရှိနေပြီး ဘာမှ မပြောင်းလဲသွားမှာလေ"

ထိုစကားသံကို ကြားပြီးနောက် ထျန်းကျင်းရွှမ်က ပင်ပန်းနွမ်းနယ်စွာ မျက်လွှာချသည်။
"ဒါတွေ ပြောချင်လို့ လာတယ်ဆိုရင် ထွက်သွားလိုက်ပါတော့"

"ကျင်းရွှမ်... "

"ငါတို့ကြားက ဆက်ဆံရေးက သိသိသာသာ ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီ ထင်တယ်။ ပြီးတော့ မင်းမှာ စေ့စပ်ထားတဲ့ သတို့သားလောင်း ရှိတယ်။ မင်းရဲ့ခံစားချက်ကို ထိန်းချုပ်ပါ ယန်ရှု။ ငါ့အချစ်ကို ဖော်ပြတုန်းက မင်းကို ရာနှုန်းပြည့် ချစ်ခဲ့တယ်။ ဒါပေမဲ့ ငါ့အချစ်တွေကို ပြန်ရုပ်သိမ်းလိုက်ပြီ။ အားနာပါတယ်။ မင်းက ငါ့အတွက် သူစိမ်းထက်တောင် ဆိုးရွားတဲ့သူ ဖြစ်နေပြီ။ ငါတို့ တစ်ယောက်ကိုယ် တစ်ယောက် ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် လုပ်နေတာ ရပ်တန့်လိုက်သင့်တယ်"

"ဒါပေမဲ့... "

"ငါက ချင်းယန် ထိခိုက်မှာကို မမြင်ရက်ကို နာကျင်မှုကို ခံယူလိုက်တာ။ ချင်းယန် စိတ်မကောင်းဖြစ်မှာကိုလည်း မမြင်ရက်ဘူး"
ထျန်းကျင်းရွှမ် ရှင်းပြသည်။
"မင်းရဲ့မိသားစုနောက်ခံက သူတို့လိုပဲ ချမ်းသာတယ်။ ဒါပေမဲ့ မင်းတို့က လျှောက်ရတဲ့လမ်းချင်း မတူဘူး။ ယန်ရှု မင်းကို ချစ်ခင်အလိုလိုက်မယ်လူတွေ ရှိတယ်။ ချင်းယန်မှာတော့ ဘာမှ မရှိဘူး"

"ဒါကြောင့်မို့ ရှင်က သူ့ကို ကာကွယ်ပေးတာလား"

"တစ်နေ့ ငါက သူ့ကို မုန်းပစ်ဖို့ ဆုံးဖြတ်လိုက်ရင် သူက ငါ့ကို တွယ်ကပ်နေမှာ မဟုတ်ဘူး"
ထျန်းကျင်းရွှမ်က အေးစက်စက် ပြောသည်။
"တံခါးပြန်ပိတ်ပေးသွားပါ။ ငါ့အစ်မက ငါ ဒဏ်ရာရတဲ့ သတင်းကို ဖုံးကွယ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတာကို ငါသိတယ်။ သတင်းပေါက်ကြားသွားရင် မင်းကို အပြစ်တင်မိလိမ့်မယ်"

"နင် အခုလို ကာကွယ်ပေးခဲ့တာ ရှချင်းယန် သိလား"
ခဏကြာ နှုတ်ဆိတ်ပြီးမှ စုန့်ယန်ရှုက ရုတ်တရက် မေးမြန်းသည်။

ထျန်းကျင်းရွှမ် ပြန်မဖြေခဲ့ပေ။

"ကျင်းရွှမ်၊ ငါတို့တွေ ဒီနေရာကနေ အတူတူ ထွက်ပြေးကြရအောင်လား။ ပေကျင်းမြို့က ထွက်သွားပြီး နေရာအသစ်မှာ နေကြမယ်လေ"

"အားနာပါတယ်။ အဆုံးမရှိတဲ့ ဂိမ်းကို ငါ မကစားချင်ဘူး"
ထျန်းကျင်းရွှမ်က တည့်တိုး ပြောသည်။

"ဒါက ငါ့ကို စက်ဆုပ်တဲ့ ခံစားချက် ဖြစ်စေတယ်"

အပိုင်း(၅၈၂)
ပြီး၏။

Bạn đang đọc truyện trên: ZingTruyen.Xyz