အပိုင်း(၅၇၈)
အပိုင်း(၅၇၈)
ဖေးထန်ဆုပေးပွဲ၏ အကဲဖြတ်ဒိုင်လူကြီးမင်းများက အနိုင်ရသူကို မည်သို့ ဆုံးဖြတ်မည်နည်း။
ဖေးထန်၏ဆုကို စီစဉ်ကြီးကြပ်သူများက ပြိုင်ပွဲဝင်တစ်ဦးကို ဖယ်ထုတ်ပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းကို သူတို့ မလုပ်ခဲ့သလို ဟန်ဆောင်နေသည်။
မည်သို့ပင်ဆိုစေကာမူ ထျန်းနင်၏ အနုပညာလောကမှ ဆုတ်ခွာရသည့် လျှို့ဝှက်ချက် ထွက်ပေါ်လာပြီး ထျန်းနင်ဘက်မှ ရပ်တည်သူ အများအပြား ရှိနေသည်။ ထျန်းနင်၏ ယခင်က အပြုအမူကြောင့် ထျန်းနင်ကို ဖယ်ထုတ်ပစ်ရန် လုပ်ဆောင်လျှင် သူတို့က အကြင်နာ တရားခေါင်ပါးရာ ရောက်နိုင်သည်။
"ထျန်းနင် အနုပညာလောကထဲက ဆုတ်ခွာရတဲ့ အကြောင်းအရင်း ရှိပေမဲ့ ဒီပြဿနာရပ်ကို သေချာ မကိုင်တွယ်နိုင်ရင် ဆုပေးပွဲကို မကောင်းမြင်သူတွေ ရှိလာနိုင်တယ်။ ထျန်းနင်ကို ဆုပေးလိုက်ရင်လည်း ငါတို့ကို သံသယဝင်မယ်။ ထျန်းနင် ဆုမရရင်လည်း ငါတို့ကို သံသယဝင်မယ်"
"အခု ယန်ရှီးကို ဖယ်ထုတ်လိုက်ပြီ ဆိုတော့ ရွေးချယ်ရမယ့် သရုပ်ဆောင်မင်းသမီး လေးယောက်ပဲ ရှိတယ်။ ငါတို့ရွေးချယ်ရင် သေချာ ဂရုစိုက်ရမယ်"
အဆုံးသတ်မှာ အကဲဖြတ်ဒိုင်လူကြီးမင်းများက အများပြည်သူကို မည်သို့ တုံ့ပြန်ရမလဲ စိုးရိမ်နေသည်။
ထိုစဉ် တစ်စုံတစ်ယောက်က သူ့စိတ်ကူးကို ထုတ်ဖော် ပြောကြားသည်။
"နင်တို့အားလုံးက ဖေးထန်ဆုရဲ့ မူလရည်ရွယ်ချက်ကို မေ့နေကြတာလား။ သရုပ်ဆောင်ရဲ့ အရည်အချင်းကို အခြေမခံဘဲ သတင်းကျော်စောမှုနောက် လိုက်နေမလား"
ထိုစကားသံကို ကြားပြီးနောက် လူတိုင်းက အရှက်ရသော ခံစားချက်ဖြင့် ခေါင်းငုံ့သည်။ သူတို့အားလုံးက မှားယွင်းသော အပြုအမူကို အာရုံစိုက်နေမိကြောင်း သဘောပေါက်သွားသည်။
သူတို့က သရုပ်ဆောင် အရည်အချင်းကို အဓိက ကြည့်သင့်သည်။
ဖေးထန်ဆု၏ လျာထားခံ သရုပ်ဆောင်မင်းသမီး ၃ဦး၏ အေဂျင်စီများသည် မသမာသော အပြုအမူများ မလုပ်ဆောင်ဘဲ တရားမျှတစွာ ယှဉ်ပြိုင်ကြသည်။ သူတို့က အရည်အချင်းပေါ် မူတည်ပြီး ရပ်တည်ရကြောင်း ကောင်းကောင်း သိကြသည်။
သို့သော်လည်း မို့ထင်က ထျန်းနင်၏ အခက်အခဲများကို ကူညီဖြေရှင်းပေးခဲ့၍ ဖေးထန်ဆု၏ ဆုပိုင်ရှင်က ထျန်းနင် ဖြစ်လိမ့်မည်ဟု အများပြည်သူက ယူဆနေကြသည်။
အကျိုးဆက်အနေဖြင့် အများပြည်သူက ဆုအနိုင်ရသူကို အာရုံစိုက်မှု လျော့နည်းခဲ့သည်။
သို့သော်လည်း ဟန်ရှင်းအာက ဟိုက်ဟွေ့ဖျော်ဖြေရေး ကိုယ်စားပြု အင်တာဗျူး လက်ခံခဲ့သည်။
"ရှင်တို့ ယုံချင်ယုံ မယုံချင်နေ ဟိုက်ဟွေ့ဖျော်ဖြေရေးက အကဲဖြတ်ဒိုင်လူကြီးမင်းတွေရဲ့ ဆုံးဖြတ်ချက်ကို မထိန်းချုပ်ထားပါဘူး"
"ထျန်းနင်မှာ နောက်ခံကောင်းကောင်း ရှိတယ်မလား။ ထျန်းနင်က အိမ်မှာ အေးဆေး အနားယူနေပြီး ဖေးထန်ဆုကို သူပဲ ရမယ်လို့ ပြောနေတာလေ"
"လူတိုင်းက သတင်းအမှားတွေကို အာရုံမစိုက်ဖို့ မျှော်လင့်ပါတယ်။ ဆုအနိုင်ရသူက သူ့သရုပ်ဆောင် အရည်ချင်းပေါ် မူတည်ပြီး ဆုရမှာပါ။ ကျော်ကြားမှုတွေ မကောင်းကြံစည်မှုတွေကြောင့် ဆုရမှာ မဟုတ်ဘူး"
"ပြီးတော့ ထျန်းနင်နဲ့ ပတ်သက်တဲ့ စန်းစန်းတင် သတင်းတွေ မဖန်တီးကြပါနဲ့။ ဖေးထန်ဆုက တရားမျှတမယ်လို့ ထျန်းနင်လည်း ယုံကြည်တယ်။ လူတိုင်းမှာ သူ့အမြင်နဲ့သူ ရှိမှာပါ။ ဒါကြောင့်မို့ ရလဒ်က လူတိုင်း ကျေနပ်စေလောက်တဲ့ အခြေအနေမျိုး ဖြစ်မယ်"
"သူက တရားမျှတမှုကို လိုလားတဲ့ လူသစ်ဆိုတာ သူ ဘယ်တော့မှ မမေ့ပါဘူး"
"ချစ်လှစွာသော မို့ထျန်းပရိသတ်များရှင်၊ ထျန်းနင်ကို စိတ်သက်သောင့်သက်သာ ဖြစ်စေချင်ရင် ဖေးထန်ဆုကို ထျန်းနင် ရမယ်လို့ ပြောနေတာတွေ ရပ်တန့်ပေးပါ။ ထျန်းနင်က သူမရဲ့အရည်အချင်းကို ရိုးရိုးသားသား အကဲဖြတ်တာပဲ လိုချင်ခဲ့တာပါ"
"ဖေးထန်ဆုကို ထိုက်တန်သူပဲ ရပါစေ။ ဆုရသူကို ကြိုတင်ဆုံးဖြတ်ထားလို့ မရဘူးလေ"
နောက်ဆုံးတော့ ဟန်ရှင်းအာက သူမ၏ဖုန်းထဲမှ ဗီဒီယိုကို သူမနောက်မှာ ရှိနေသော ပရိုဂျက်တာဖြင့် ပြသပေးသည်။ ဗီဒီယိုက စက္ကန့် ၂၀ခန့်သာ ကြာပြီး ထျန်းနင်က မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိပေ။ သို့တိုင် သူမ၏ စူထွက်နေသော ဗိုက်လေးကို မမြင်တွေ့ရပေ။
"ဟယ်လို အားလုံးပဲ မတွေ့ရတာ ကြာပြီနော်။ ကျွန်မကို စိုးရိမ်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပထမဆုံး ပြောပါရစေ။ ကျွန်မရဲ့ဗိုက်ထဲက ကလေး ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ်ဝန် ၇လ ဖြစ်နေပါပြီ"
"ဒီအတောအတွင်း ကျွန်မနဲ့ ပတ်သက်တဲ့ သတင်း တော်တော်များများ ထွက်ပေါ်ခဲ့တာ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေကြောင့် အိမ်ထဲက အိမ်အပြင် မထွက်ရဲခဲ့ဘူး"
"နောက်ပြီး ဖေးထန်ဆုရဲ့ အကဲဖြတ်ဒိုင်လူကြီးတွေကို ယုံကြည်ပေးဖို့ တောင်းဆိုပါရစေ။ ဆုပေးပွဲရဲ့ နောက်ဆုံးရလဒ်က အားလုံးလက်ခံနိုင်တဲ့ ကျေနပ်ဖွယ် အခြေအနေ ဖြစ်မှာပါ"
ဗီဒီယိုက တိုတောင်းပြီး အဓိကအချက် တချို့သာ ပါဝင်သည်။
သို့သော်လည်း ထျန်းနင် ကိုယ်တိုင် အင်တာဗျူးတွင် ပါဝင်လာ၍ ဖေးထန်ဆုကို အတင်းအဖျင်း သတင်းကဲ့သို့ လူတိုင်းက သဘောမထားရဲပေ။
...
ထိုစဉ် ယန်ရှီး အခြေအနေ မကောင်းပေ။
သူမကို ရဲဌာနက ဖမ်းဆီးထား၍ နီလူကြီးမင်းကို ဆက်သွယ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ထို့အစား သူမကို သတိပေးစာ ပေးပို့သည်။
"နင့်ဘက်က နမော်နမဲ့နဲ့ ရဲကို တစ်ခုခု ပြောမိရင် နင့်အလောင်းတောင် ရှာမတွေ့စေရဘဲ နင့်ကို သတ်ပစ်မယ်"
ထို့အပြင် ရဲဌာနက အလောတကြီး လုပ်ဆောင်ခြင်း မပြုခဲ့ပေ။ နီလူကြီးမင်းနှင့် နီးစပ်သူကို ဖမ်းချုပ်ရန် သူတို့အတွက် မလွယ်ကူ၍ ယန်ရှီးကို အလွယ်တကူ မလွှတ်ပေးချေ။ ယန်ရှီးထံမှ နီလူကြီးမင်းနှင့် သက်ဆိုင်သော အရေးကြီးသတင်းရရန် မျှော်လင့်မိသော်လည်း ယန်ရှီးက အစတည်းက သူ့သစ္စာစောင့်သိမှုကို ဖော်ပြသည်။ သို့သော်လည်း နီလူကြီးမင်းက ရဲဖမ်းခံရသော ယန်ရှီးကို ညှာတာသော အတွေး ရှိမည်လော။
နီလူကြီးမင်းက သံသယလွန်ကဲသော ပုဂ္ဂိုလ် ဖြစ်သည်။ သူနှင့် နှစ်ပေါင်းများစွာ အတူတူနေခဲ့သော်လည်း ယန်ရှီးက သူ့ကို ဆန့်ကျင်နိုင်သော အချက်အလက် တစ်စုံတစ်ရာ မရခဲ့ပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နီလူကြီးမင်းက သတိကြီးသူမှန်း သိနိုင်သည်။
ရဲဌာန၏ ရုပ်မြင်သံကြားမှ တဆင့် ယန်ရှီးက ယဲ့လန်၏အဖြစ်အပျက်ကို မြင်တွေ့ရသည်။ မို့ထင် နှင့် ထျန်းနင်က လူတစ်ယောက်၏ မိမိကိုယ်ကိုယ် အထင်ကြီးစိတ် နှင့် စိတ်စွမ်းအားကို ဖျက်စီးနိုင်၍ ရင်ဆိုင်ရ မလွယ်ကူပေ။ သူတို့က ယဲ့လန်၏ ရုပ်အဆိုးဆုံး သွင်ပြင်ကို အများသိအောင် ဖော်ပြခဲ့သည်။
ထို့ကြောင့် ယန်ရှီးလည်း အမှန်တကယ် ကြောက်လန့်မိသည်။
အထူးသဖြင့် သူမက ထျန်းနင်ကို ဖမ်းချုပ်ပြီး ခြိမ်းခြောက်ခဲ့ဖူးသည်။ ထျန်းနင်အကြောင်း သတင်းပါးရုံသာ လုပ်ဆောင်ခဲ့သည့် ယဲ့လန်က ဘဝပျက်သွားသည်အထိ လက်စားချေခံရသည်။ သူမ၏ကံကြမ္မာကို သူမ တွေးပူနေမိသည်။
ယန်ရှီးက မိသားစုဝင် မရှိ၊ မိတ်ဆွေ မရှိသူ ဖြစ်သည်။ သူမက ဆိုးရွားသော မိသားစုနောက်ခံမှ ဆင်းသက်လာပြီး လမ်းမပေါ်မှာ ကြီးပြင်းခဲ့ရသည်။ နီလူကြီးမင်းက သူမကို စွန့်ပစ်ခဲ့လျှင် သူမ၏ကံကြမ္မာက ယဲ့လန်ထက် ပိုဆိုးနိုင်သည်။
ယန်ရှီးက သူမဘဝသူ ပြန်တွေးလျက် ငိုမဲ့မဲ့ဖြင့် ရဲအရာရှိကို တောင်းဆိုသည်။
"နင် ငါ့စီကနေ အရေးပါတဲ့ အချက်အလက် ရချင်တာ ငါ သိတယ်။ နင့်ကို အရိုးသားဆုံး ဆက်ဆံဖို့ ငါ ကတိပေးတယ်။ ဒါပေမဲ့ ငါ တစ်ခုတော့ တောင်းဆိုချင်တယ်"
"ငါ ထျန်းနင်နဲ့ တွေ့ချင်တယ်"
ယန်ရှီးက ယခုလို တောင်းဆိုလာမည်ဟု ရဲအရာရှိ မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း နီလူကြီးမင်း၏ သတင်းကို သိချင်၍ သူတို့က သဘောတူခဲ့သည်။
"မင်းကိုယ်စား ဆက်သွယ်ပေးမယ်။ မင်းနဲ့ တွေ့ဖို့ သဘောတူလား သဘောမတူလားက ငါတို့ ထိန်းချုပ်လို့ မရဘူး"
"သူ သေချာပေါက် သဘောတူမှာပါ"
ယန်ရှီးက ငိုယိုကာ ပြန်ပြောသည်။
"ငါ့ကို သနားစရာကောင်းတဲ့ အခြေအနေနဲ့ မြင်ရမှာပဲ။ အဲဒီအခွင့်အရေးကို လက်လွှတ်ခံပါ့မလား"
ယန်ရှီးက ထျန်းနင်နှင့် မဆုံတွေ့ခင် နီလူကြီးမင်း၏ ရှေ့နေက အရင်ဆုံး ရောက်လာသည်။
အတိအကျ ပြောရလျှင် ၎င်းက ရှေ့နေ သက်သက် မဟုတ်ခြင်းကို ယန်ရှီး သိနေသည်။ ၎င်းက နီလူကြီးမင်း၏ အရည်အချင်းရှိသော ညာလက်ရုံး ဖြစ်သည်။ သူ ပေါ်လာတိုင်း ရိုးရှင်းသော ပြဿနာရပ်များကို ဖြေရှင်းရန် မဟုတ်သော်လည်း သေခြင်း၊ ရှင်ခြင်းကို ကိုင်တွယ်လေ့ရှိသည်။
အပိုင်း(၅၇၈)
ပြီဒ၏။
Bạn đang đọc truyện trên: ZingTruyen.Xyz