အပိုင်း(၅၆၈)
အပိုင်း(၅၆၈)
ခဏကြာပြီးနောက် ရေပိုက်ပြင်သူ၏ ရဲတိုင်ကြားစာကို တရုတ်ဘာသာ စကားဖြင့် ဖန်သားပြင်ပေါ်တွင် ဖော်ပြသည်။ သတင်းထောက်များက အားရ ကျေနပ်ပုံ မရှိပေ။
"ဒါက အသုံးဝင်တဲ့ သက်သေ ဖြစ်ပါ့မလား"
"ဟိုက်ဟွေ့ဖျော်ဖြေရေးက ဟာသရေစင် တိုက်ကျွေးနေသလားပဲ"
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ အတွေးကို ငါတို့ နားမလည်နိုင်ဘူး"
"လှည့်ပတ် ပြောနေတာ ရပ်လိုက်တော့။ အမှန်တရားကို ငါတို့သိအောင် မြန်မြန်ပြော"
"တကယ်တမ်း ဒီတိုင်ကြားမှာ အများကြီး မရေးသားထားပါဘူး။ ဘာသာစကား အခက်အခဲကြောင့် ရေပိုက်ပြင်သမားက သူတို့ရဲ့ အခြေအနေကို ဘာမှန်း သေချာ မသိဘူး။ အဲဲဒါကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်လို့ပဲ ရေးသားခဲ့တာပါ"
ဟန်ရှင်းအာက ပခုံးဆက်ခနဲ တွန့်ပြီး ပြုံးသည်။
"ဒါမို့ နည်းနည်း ဟာသဆန်ပြီး တကယ် အသုံးမဝင်ခဲ့တာ"
"ရေပိုက်ပြင်သမားက အဖြစ်အပျက် အလုံးစုံကို မျက်မြင်တွေ့ခဲ့ပေမဲ့ ဘာသာစကား အခက်အခဲကြောင့် သူတို့ချင်း ပြောနေတဲ့ ဘာသာစကားကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့..."
ဟန်ရှင်းအာက ဆက်မပြောခင် ခဏမျှ ရပ်တန့်သည်။
"ဒါကြောင့် သက်သေမရှိဘူးဆိုတဲ့ ခံယူချက်နဲ့ မိန်းကလေး ယန်ရှီးက အမှန်တရားကို ဖုံးကွယ်ဖို့ မကြိုးစားသင့်ဘူး။ ရေပိုက်ပြင်သမားက တရုတ်ဘာသာစကားကို နားမလည်ပေမဲ့ သူက ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်။ သူ့ဖုန်းကို ထုတ်ပြီး အဖြစ်အပျက် အလုံးစုံကို မှတ်တမ်းတင်ခဲ့တယ်"
"ဒါနဲ့ ခဏကြာရင် အဲဒီဗီဒီယို ကြည့်ရမယ်"
ဟန်ရှင်းအာက သတင်းထောက်များကို ဆက်လက် အချိန်ဆွဲထားသည်။ ထို့နောက် သူမက မေးငေါ့လိုက်ပြီး စကားလမ်းကြောင်းလွှဲသည်။
"မို့သူဌေးက တခြားသူကို ရိုက်လိုက်တဲ့ ခေါင်းစဉ်ကို ပြောင်းလဲ ပြောရအောင်။ သူ့မှာ တခြားသူကို ရိုက်ခွင့် ရှိတယ်လို့ ပြောရင် ရှင်တို့ ဘာပြောချင်လဲ"
"တစ်စုံတစ်ယောက်ကို ရိုက်နှက်တာ မှန်ကန်တဲ့ လုပ်ရပ်လား။ သူက မိန်းမတစ်ယောက်ကို ရိုက်ခဲ့တာလေ"
အမျိုးသမီး သတင်းထောက်က သရော်သည်။
"ဒီလိုလုပ်ရတဲ့ အကြောင်းပြချက် ကောင်းကောင်း ရှိတယ်ဆိုရင်ရော"
"နင် ဘယ်လိုပဲ ကာကွယ်ပြောပြော မို့သူဌေးက တခြားသူတစ်ယောက်ကို ရိုက်ပိုင်ခွင့် မရှိဘူး"
"ဟိုက်ဟွေ့ဖျော်ဖြေရေးက ခိုင်မာတဲ့ သက်သေအထောက်အထား မရှာနိုင်လို့ ကွေ့ဝိုက်ပြောနေသလားပဲ။ သတင်းထောက်တွေရဲ့ အချိန်က တန်ဖိုးရှိတာ မသိဘူးလား"
သတင်းထောက်တစ်ဦးက အထွန့်တက်ပြီး တခြားသူများက သူနှင့်အတူတူ ပါဝင်လာသည်။
"ငါလည်း အဲလိုပဲထင်တယ်။ ဘာမှ မသက်ဆိုင်တဲ့သူကို သတင်းစာ ရှင်းလင်းပွဲ ဦးဆောင်ခိုင်းရတယ်လို့။ ဟန်ရှင်းအာ၊ နင့်ပြဿနာနင် ဖြေရှင်းပြီးပြီလား။ ပိုင်ချန်သုန်ရဲ့နေ့ရက်တွေလည်း မသာယာနိုင်လောက်ဘူး"
ပိုင်ချန်သုန်က စင်အောက်မှာ မတ်တတ်ရပ်နေသည်။ သတင်းထောက်များက သူ့ချစ်ရသော အမျိုးသမီးကို စော်ကားမော်ကား ပြောဆိုလာ၍ သွေးပွက်ပွက်ဆူလာသည်။ သို့သော်လည်း သူ့ဒေါသကို ထုတ်ဖော်ခါနီး ဟန်ရှင်းအာက အံ့ဩဖွယ်ကောင်းသော လုပ်ရပ်ကို လုပ်ဆောင်လာခဲ့သည်။ ဟန်ရှင်းအာက သူမကို အပြစ်ပြောသော သတင်းထောက် သုံးဦးကို လက်ညိုးထိုးလိုက်သည်။
"ခုံ လေးတန်းမြောက်က သတင်းထောက်ယွီ၊ ခြောက်တန်းမြောက်က သတင်းထောက်ကျန်း ၊ ခုနှစ်တန်းမြောက်က သတင်းထောက်လျို အခုချက်ချင်း အခန်းထဲက ထွက်သွားပေးပါ"
ဟန်ရှင်းအာ၏အပြောကြောင့် ခန်းမဆောင် တစ်ခုလုံး တုန်လှုပ်သွားသည်။
ဟန်ရှင်းအာက ရဲတင်းသော အပြုအမူမျိုးဖြင့် ပြောဆိုရဲလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ပေ။
"ရှင်တို့က ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ သတင်းကို မသိချင်ရင် ထွက်သွားနိုင်တယ်။ နောက်နောင် ရှင်တို့အေဂျင်စီတွေက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ သတင်းတွေ မရတော့ဘူးလို့ ကျွန်မ အာမခံတယ်။ ရှင်တို့ ထွက်သွားတာနဲ့ ထျန်းနင်နဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းကို ကြေညာပေးမယ် ဒီလို သတင်းထူးမျိုးကို ရှင်တို့ ကြားခွင့် မရှိတော့ဘူး"
ဟန်ရှင်းအာ၏အပြုအမူက ဟိုက်ဟွေ့ဖျော်ဖြေရေး၏ အာဏာကို ပြသပြီး ခန်းမဆောင်တစ်ခုလုံးကို ပင့်သက်စေသည်။
ထိုစဉ်အခိုက်အတန့် မောင်းထုတ်ခံရသော သတင်းထောက် သုံးဦးက ရွေးချယ်စရာ မရှိသည့်အဆုံး အခန်းထဲမှ ထွက်သွားရသည်။ သူတို့၏အရှက်ရဖွယ် ဖြစ်ရပ်ကြောင့် တွင်းတစ်တွင်းတူးကာ ပုန်းချင်စိတ် ဖြစ်ပေါ်လာသည်။
သူတို့ထွက်သွားပြီးနောက် ကျန်နေခဲ့သော သတင်းထောက်များက ဟန်ရှင်းအာကို လျှော့မတွက်ရဲကြ၍ ပတ်ဝန်းကျင် အခြေအနေက ပိုလေးနက်လာသည်။
ဟိုက်ဟွေ့ဖျော်ဖြေရေးက အတင်းအဖျင်း သတင်းများ ဝိုင်းရံနေသော်လည်း ဖျော်ဖြေရေးလောက၏ ခေါင်းဆောင်များ အနေဖြင့် ရပ်တည်နိုင်သေးသည်။
"မို့သူဌေးက ယန်မိန်းကလေးကို ပါးရိုက်ရတဲ့ အကြောင်းအရင်းက ရိုးရှင်းပါတယ်။ ထျန်းနင်ကို သူတို့ချိန်းတဲ့နေရာ ခေါ်ပြီး ယန်မိန်းကလေးက ဖေးထန်ဆုကို လက်လွှတ်ဖို့ ခြိမ်းခြောက်တယ်။ ပြီးတော့ ထျန်းနင်ရဲ့ သိက္ခာကျဖွယ် ဓာတ်ပုံတွေ ရိုက်ကူးပြီး သိက္ခာချမယ် ပြောခဲ့တယ်"
"ရှင်တို့လည်း ထျန်းနင် နေရာမှာဆို ကြောက်စိတ်ဝင်မိမှာပါ။ ဟုတ်တယ်မလား"
ဟန်ရှင်းအာ ခဏရပ်တန့်လိုက်သည်။ သူမက ဆက်မပြောခင် စိတ်တည်ငြိမ်အောင် ကြိုးစားသည်။
"ဒါက ယန်မိန်းကလေးရဲ့ အဆိပ်ပြင်းတဲ့ စရိုက်လို့ မခေါ်ထိုက်သေးဘူး။ သူရဲ့ အရက်စက်ဆုံး အပြုအမူက လူသားမဆန်လို့ပဲ"
"ဒါနဲ့ပဲ ထျန်းနင်က ဖေးထန်ဆုက နုတ်ထွက်ဖို့ သဘောတူခဲ့ပြီး သူ့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ယန်မိန်းကလေးက သူ့ပြိုင်ဘက်ကို အလွယ်တကူ မလွှတ်ပေးနိုင်ဘူးလို့ ပြန်ပြောခဲ့တယ်"
"သတင်းထောက်တွေက ဒီိလိုဖြစ်ရပ်မျိုးတွေ ကြုံဖူးမှာပါ"
"ဒါပေမဲ့ ထျန်းနင်က ယန်ရှီးကို အသနားခံရတဲ့ တကယ်အကြောင်းအရင်းကို နင်တို့ သိရဲ့လား။ သူ့ဗိုက်ထဲက ကလေးကြောင့်လေ။ ကလေးကြောင့် သူက အသနားခံနေတာ"
"ဘယ်လို ဖြစ်တာလဲ"
"ထျန်းနင်က ကိုယ်ဝန်ရှိနေတာလား"
ခန်းမဆောင်ထဲမှ လူအားလုံး မှင်တက်သွားသည်။
"အမှန်ပဲ။ ထျန်းနင်က ယန်ရှီးနဲ့ တွေ့ဆုံခဲ့တယ်။ ယန်ရှီးက ထျန်းနင်ကို ထိခိုက်နစ်နာအောင် လုပ်ခဲ့တယ်။ ထျန်းနင်ရဲ့ ကိုယ်ဝန်က ခြောက်လ ဖြစ်နေပြီ။ ထျန်းနင်က သူနဲ့ သူ့ကလေးအတွက် အသနားခံတယ်။ ဒါပေမဲ့ ယန်မိန်းကလေးက ဘယ်လို တုံ့ပြန်ခဲ့လဲ သိချင်လား"
"ကလေးကို ဆွဲထုတ်ပစ်ဖို့ သူ့သက်တော်စောင့်တွေကို ညွှန်ကြားခဲ့တယ်"
"အခုပြဿနာ မတိုင်ခင်က ထျန်းနင်နဲ့ ယန်ရှီး မဆုံဖူးဘူး။ ဒါပေမဲ့ သူတို့တွေ့တွေ့ချင်း ယန်ရှီးက ထျန်းနင်၏ ကလေးကို ဗိုက်ထဲက ထုတ်ပစ်ချင်နေတယ်။ ဒါက လူ့အသက်နဲ့ စပ်လျဉ်းနေတယ်။ ပြီးတော့ သူ့မှာ ဒီလို လုပ်ပိုင်ခွင့် ရှိလို့လား"
"ရှင်တို့သာ သူတို့နေရာမှာ ဆိုရင် ယန်မိန်းကလေးကို ပါးရိုက်မိမှာပဲလေ"
ဟန်ရှင်းအာ၏စကားအဆုံးသတ်သည်နှင့် ခန်းမဆောင်တစ်ခုလုံး အုတ်အုတ်သဲသဲ ဖြစ်သွားသည်။
သူမ ဖော်ထုတ်ခဲ့သော သတင်းများက အံ့ဩတုန်လှုပ်စေသော သတင်းထူးများ ဖြစ်သည်။
ပထမဆုံး ထျန်းနင် ကိုယ်ဝန်ရှိနေသည်။
ဒုတိယ၊ ယန်ရှီးက တခြားသူ၏ကလေးကို သတ်ပစ်ရန် ကြိုးစားခဲ့သည်။
ဇာတ်လမ်းက ဇာတ်ဟန်ပါပါ ပြောင်းလဲသွားခဲ့သည်။
ခဏကြာပြီးနောက် ဟန်ရှင်းအာက ထျန်းနင်၏ သိပ်မကြာခင်က ရိုက်ကူးထားသော ဓာတ်ပုံများကို ပြသသည်။ သတင်းထောက်များက ချက်ချင်း မတ်တတ်ထရပ်ကြပြီး ဖန်သားပြင်ပေါ်မှ ဓာတ်ပုံကို လျှပ်တပြက် ဓာတ်ပုံရိုက်ကူးကြသည်။
"ယန်မိန်းကလေးက လူမဟုတ်နိုင်ဘူး။ ဆုရဖို့အတွက်နဲ့ တရားလွန် နည်းလမ်းကို သုံးပြီး ကိုယ်ဝန်ဆောင်မိခင်ကို အရက်စက်ဆုံး နည်းလမ်းနဲ့ ဆက်ဆံခဲ့တယ်။ ရှင်တို့ မိန်းမ၊ ရှင်တို့ကလေး ဒီလိုလုပ်ခံရရင် ရှင်တို့လည်း ဒီလို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်မိမှာပဲ ဟုတ်တယ်မလား"
"အမျိုးသမီး သတင်းထောက်တွေကိုလည်း မေးချင်တယ်။ ကိုယ်ဝန်ဆောင်မိခင်ကို တစ်စုံတစ်ယောက်က ကလေး ဆုံးရှုံးအောင် ဖိအား ပေးလာရင် သူ့ခင်ပွန်းက အဲဒီလူတွေကို ကြင်ကြင်နာနာ တုံ့ပြန်ပါ့မလား"
ထိုစကားသံကို ကြားပြီးနောက် သတင်းထောက်များက တစ်ယောက်မျက်နှာ တစ်ယောက် ငေးကြည့်ကြသည်။
သူတို့အားလုံး တူညီသော အခြေအနေဖြင့် ရင်ဆိုင်ရလျှင် ယန်ရှီးကို တစ်စစီ စုတ်ဖြဲပစ်နိုင်သည်။ ပါးတစ်ချက် ရိုက်ရုံက သူမကို ညှာတာရာ သက်ရောက်သည်။
အပိုင်း(၅၆၈)
ပြီး၏။
Bạn đang đọc truyện trên: ZingTruyen.Xyz