ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)

အပိုင်း(၅၄၃)

jellyflower1

အပိုင်း(၅၄၃)

မိန်းမချောလေးက သူမနှင့် စီးပွားရေးမိတ်ဘက် ဖြစ်ပြီး သူမအပေါ် အထင်ကြီးလေးစားသော ခံစားချက်ကောင်း ရှိနေ၍ သူမနှင့် လူချင်းတွေ့ဆုံရန် သဘောတူခဲ့သည်။

ထျန်းနင်က အနုပညာရှင် ဖြစ်နေ အပြင်သွားလာရန် မလွယ်ကူပေ။ ထို့ကြောင့်ရှချင်းယန်က ထျန်းနင်တို့အိမ်မှာ တွေ့ဆုံကြရန် ကမ်းလှမ်းသည်။

မည်သို့ပင်ဆိုစေကာမူ ရှအိမ်တော်က ထျန်းနင် လာလည်ရန် မသင့်လျော်ပေ။ အကယ်၍ မယားငယ်မ အိမ်မှာ ရှိနေပြီး ထျန်းနင်ကို မြင်သွားလျှင် ရူးခါသွားလိမ့်မည်။

လေးလေးနက်နက် စဉ်းစားပြီးနောက် ထျန်းနင်က ရှချင်းယန်ကို သံသယ မဝင်မိပေ။ ထို့အပြင် သူမ ကိုယ်ဝန်ဆောင်ထားရသည့် သတင်းကို မထုတ်ဖော်ချင်သေး၍အိမ်မှာနေခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။ အကျိုးဆက်အနေဖြင့် ရှချင်းယန်၏ အကြံပြုချက်ကို သဘောတူခဲ့သည်။

"ထင်၊ ရှချင်းယန်က ချစ်လေးကို ဘာကြောင့် တွေ့ချင်နေတယ်လို့ ထင်လဲ"
ထျန်းနင်က ဖုန်းချလိုက်ပြီးနောက် သူမ၏ဒွိဟဖြစ်သော ခံစားချက်ကို ဖော်ပြသည်။

"လုချယ် စုံစမ်းထားရသလောက် သူက စိတ်ဓာတ်ကောင်းပါတယ်"
မို့ထင်က ထျန်းနင်ကို စောင်ခြုံပေးလိုက်ပြီး သူ့ရင်ခွင်ထဲ သက်သောင့်သက်သာ လှဲလျောင်းစေသည်။

ထျန်းနင်က မို့ထင် ဆိုလိုချင်သည့် သဘောကို နားလည်သည်။ ရှချင်းယန်က မိတ်ဆွေဖြစ်သင့်သည်။
"ကောင်းပြီလေ ယောက်ျား၊ ချစ်လေး သဘောပေါက်ပြီ"

မို့ထင် ထွက်သွားပြီး သိပ်မကြာလိုက် ရှချင်းယန်က  Hyatt Regency ရောက်လာသည်။ ထျန်းနင်တို့ အချစ်အိမ်လေးကို စိတ်ကူးယဉ်ကြည့်ဖူးသော်လည်း တကယ်လက်တွေ့ မြင်တွေ့ရသောအခါ  အထင်ကြီးလေးစားသော ခံစားချက်ကြောင့် ပင့်သက်ရှိုက်မိသည်။ သူတို့ဇနီးမောင်နှံက ကြီးမားသော စံအိမ်တော်ထဲ နေထိုင်ကြသော်လည်း အေးစက်စက် မကြိုဆိုသော အငွေ့အသက်ကို မခံစားရပေ။ သူတို့အိမ်ကို ချစ်ခြင်းမေတ္တာဖြင့် အလှဆင်ထားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။

ရှချင်းယန်က ထျန်းနင်နှင့် ဒုတိယကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။ သူမနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့စဉ် ကြော့ရှင်းလှပသော ခံစားချက် နှင့် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက် ဖြစ်ပေါ်သည်။ ယခု သူမက ရိုးရိုးရှင်းရှင်း အိမ်ရှင်မ ဟန်အမူအရာ ရှိသော်လည်း သာမန်ထက် ထူးကဲသော ခံစားချက် ဖြစ်ပေါ်စေသေးသည်။

"အစ်မကို အနှောင့်အယှက် မဖြစ်စေဖို့ မျှော်လင့်ပါတယ်"
ရှချင်ယန်က အားတုံ့အားနာ ပြုံးသည်။

"ရှမိန်းကလေး ထိုင်ပါဦး"
ထျန်းနင် ပြုံးသည်။

"ကျွန်မက အစ်မကို ရုတ်တရက် တွေ့ခွင့်တောင်းလို့ အံ့သြနေမှာပဲ"
ရှချင်းယန်က ထျန်းနင်အနား လမ်းလျှောက်သွားပြီး ဆိုဖာပေါ် ထိုင်သည်။
"အရမ်းအရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဖေးထန်ဆုအတွက် ပထမဆုံး မဲခွဲရွေးချယ်တုန်းက အစ်မကို နှောင့်ယှက်ခဲ့တဲ့သူက ယဲ့လန်ဆိုတာ အသိပေးချင်လို့ပါ"

"မင်းက..."

"ယဲ့လန်က ကျွန်မရဲ့မိထွေးပါ"
ရှချင်းယန်က အားတုံ့အားနာ လက်ခါရမ်းသည်။

ထျန်းနင်က အနည်းငယ် မှင်တက်သော်လည်း ယဲ့လန်၏ အသက်အရွယ်ကို ချက်ချင်း မှတ်မိသွားသည်။ သူ့အထင် မမှားလျှင် ယဲ့လန်က ရှချင်းယန်ထက် အသက်နည်းနည်း ငယ်လိမ့်ဦးမည်။

"အစ်မရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်တဲ့ သဘောနဲ့ ရောက်လာတာပါ။ ဒီအကြောင်း မပြောရရင် ကောင်းကောင်း အိပ်မပျော်လို့။ အဲဒီမိန်းမက သူတစ်ပါးကို စိတ်ဒုက္ခပေးရင် ပျော်ပါးနေတာ ကြာပြီလေ။ လူယုတ်မာ ပျော်နေတာကို လက်ပိုက်မကြည့်နိုင်ဘူး"
ရှချင်းယန်က စိတ်လျော့လိုက်ပြီး ဖြည့်စွက်ပြောသည်။

"ကျွန်မကို သံသယမဝင်ပါနဲ့။ ကျေးဇူးတင်စကား ပြောချင်လို့ လာခဲ့တာပါ"

"ကျွန်မက အစ်မနဲ့ လျှောက်တဲ့လမ်းချင်း မတူလို့ မကောင်းတဲ့ အကြံအစည် မရှိပါဘူး"

ရှချင်းယန်က မကောင်းကြံစည်တတ်သူ မဟုတ်မှန်း ထျန်းနင် ခံစားမိသည်။ သူမ၏ ပျော်ရွှင်မှုက စစ်မှန်သည်။ သူမနှင့် ရန်သူချင်း တူညီသူကို တွေ့ရ၍ ပျော်ရွှင်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"မင်းရဲ့တင်ပါးက ဘာဖြစ်လို့လဲ"
ရှချင်းယန် ထိုင်လိုက်တည်းက ထျန်းနင် သတိပြုမိသည်။ သူမ၏တင်ပါးနား တစ်ဝိုက်ကို နှိပ်နယ်နေသည်။ သူမကို တစ်ချက်ကြည့်ရုံဖြင့် နေရထိုင်ရ အဆက်မပြေပုံရှိသည်။

"အဆင်ပြေပါတယ်"
ရှချင်းယန် ပြုံးသည်။

"အားနာနေမိလို့ပါ။ ဘာမဟုတ်တဲ့ ကိစ္စလေး ဘာပြောမိသလို ဖြစ်နေတယ်။ အလုပ်ရှုပ်နေတဲ့သူကို တမင် လာရှုပ်သလို ဖြစ်သွားတယ်"

ထျန်းနင်က ရှချင်းယန်ကို ကြည့်ပြီး ခေါင်းခါပြသည်။
"မင်းသိတဲ့ အတိုင်းပဲ ငါက ရုပ်ရှင်အလုပ်တွေ ရပ်နားထားတယ်။ ဒါမို့ ငါက အလုပ်ရှုပ်မနေပါဘူး"

"ဒီလိုဆိုရင်..."

"ကျွန်မရဲ့ အသိပေးစကားကြောင့် ယဲ့လန်ကို သတိထားမိမယ်လို့ မျှော်လင့်ပါတယ်"

"ငါ့အတွက် စိုးရိမ်လို့လား"
ထျန်းနင်က သဘောကျဟန် မေးမြန်းသည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး။ အစ်မက အရည်အချင်း ရှိတဲ့သူပါ။ ကျွန်မက တစ်ခုပဲ တောင်းဆိုချင်တာပါ။ အဲဒီအပျက်မ အစ်မလက်ထဲ ရောက်သွားရင် လုံးဝ မသနားပါနဲ့"

ထိုစကားသံကို ကြားပြီးနောက် ထျန်းနင်က အားရပါးရ ရယ်မောသည်။ မို့ထင် ပြောသည့်အတိုင်း ရှချင်းယန်က စိတ်ဓာတ်ကောင်းသော လူမှန်ဖြစ်သည်။

သူမက မြင့်မားသော EQမရှိသော်လည်း သဘောကျစရာကောင်းသည်။

"မစိုးရိမ်ပါနဲ့။ တခြားကိစ္စဆိုရင် ကတိမပေးနိုင်ပေမဲ့ မင်း တောင်းဆိုထားတဲ့ ကိစ္စ ဖြစ်နေတော့ လေးလေးနက်နက် ဆောင်ရွက်ပေးပါမယ်"
ထျန်းနင်က စိတ်အေးဟန် အမူအရာဖြင့် ပြန်ဖြေသည်။

တကယ်တမ်း ရှချင်းယန်က စကားပြောကောင်းသူ မဟုတ်ပေ။ သူမ၏မိခင်က သူမငယ်ငယ်တည်းက ဆုံးပါးခဲ့ပြီး ဖခင်က သူမကို မကြာခဏ ပြစ်တင်ကာ ရိုက်နှက်လေ့ရှိသည်။ ထို့ကြောင့် တခြားသူများနှင့် ပေါင်းသင်းဆက်ဆံရသော လူမှုရေးကို မသင်ယူခဲ့ရ၍ သူမ၏ခံစားချက်ကို ဖွင့်ပြောလေ့ မရှိချေ။တခြားသူများ နှင့် ငြင်းခုန်နိုင်ခြင်းက နှစ်အတော်ကြာ လေ့ကျင့်ခဲ့သော ကျွမ်းကျင်မှုကြောင့် ဖြစ်သည်။

နှစ်ပတ်လည် ဂုဏ်ပြုပွဲတွင် ငြင်းခုန်ရခြင်းကလည်း ထျန်းရွှမ်က ရန်စခဲ့၍ ဖြစ်သည်။

အမျိုးသမီးနှစ်ဦး နှုတ်ဆိတ်စွာ ထိုင်နေစဉ် တံခါးအချက်ပေးသံ မြည်လာသည်။ ရှချင်းယန် မတ်တတ်ရပ်လိုက်ပြီး ကမ်းလှမ်းသည်။
"ကျွန်မ တံခါးသွားဖွင့် ပေးမယ်"

ထျန်းနင် မလှုပ်ရှားခဲ့ပေ။ သူမ၏ စူထွက်နေသော ဝမ်းဗိုက်ကို ဖုံးကွယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်းကျင်းရွှမ်က တစ်ရက်စောပြီး အိမ်ပြန်လာမည်ဟု ထျန်းနင် မမျှော်လင်ခဲ့ပေ။ ထျန်းကျင်းရွှမ်က ရှချင်းယန်ကို မြင်ပြီး တအံ့တသြဖြစ်နေသည်။

"မျောက်ကလေး"

ရှချင်းယန်က ကြောင်အမ်းအမ်းဖြင့် သူ့ကိုယ်သူ လက်ညိုးပြန်ထိုးနေသည်။
"နင်က ငါ့ကို သိလို့လား"

ထျန်းကျင်းရွှမ်က သူမကို လူရွှင်တော်ကြီးကဲ့သို့ ကြည့်ကာ စံအိမ်တော်ထဲ ဝင်ရောက်လာသည်။
"ငါတို့က မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း အတူတူတက်ခဲ့တာလေ။ မင်းက တကယ်ကို နာမည်ကျော်တယ်လေ"

"နင့်ကို တီဗီမှာ မြင်တုန်းက ရင်းနှီးနေတယ် ခံစားရတာ အံ့ဩစရာမရှိဘူး။ အခုမှပဲ သဘောပေါက်တော့တယ်"
ရှချင်းယန် ရုတ်တရက် သဘောပေါက်သွားသည်။ သို့သော်လည်း သူမ၏ မျက်နှာကို ရှက်ကိုးရှက်ကန်းဖြင့် ကွယ်လိုက်သည်။
"အရင်တုန်းက ငါ့ရဲ့ သိက္ခာကျဖွယ် အတိတ်ဟောင်းကို မှတ်မိနေတဲ့ သဘောလား"

ထျန်းကျင်းရွှမ်က အားရပါးရ ရယ်မောပြီး ခေါင်းညိတ်သည်။

ထျန်းနင်က ရယ်မောနေသော ထျန်းကျင်းရွှမ်ကို စောင့်ကြည့်သည်။ ထို့ကြောင့် တခြားသူ ရှိနေသေးကြောင်း သတိပေးရန် ချောင်းဟန့်သည်။

"အားနာပါတယ် အစ်မရယ်။ အတန်ဖော်ဟောင်းနဲ့ တွေ့ရလို့ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ"

ထျန်းကျင်းရွှမ် ဆိုလိုချင်သည့် အတန်းဖော်က အတန်းချင်းမတူညီဘဲ တစ်ကျောင်းတည်း အတူတူ တက်ခဲ့ခြင်းကို ဆိုလိုသည်။

"မနက်ဖြန်ပွဲအတွက် ပြင်ဆင်ပြီးပြီလား"
ထျန်းနင်က တိုက်ရိုက် မေးမြန်းသည်။

ဤမေးခွန်းကို ကြားပြီးနောက် ထျန်းကျင်းရွှမ်၏ မျက်နှာအမူအရာ သုန်မှုန်သွားပြီး အသက်ခပ်ပြင်းပြင်းရှုသည်။
"ဟုတ်ကဲ့ ကျွန်တော် ပြင်ဆင်ထားပါတယ်"

"နင် ဘယ်သွားမလို့လဲ။ ငါလည်း လိုက်ခဲ့လို့ရမလား"
ရှချင်းယန် မေးမြန်းသည်။

ထျန်းကျင်းရွှမ်ကို အံ့ဩမိသော်လည်း ထျန်းနင် ရယ်မောမိသည်။
"လိုက်ခဲ့လို့ရပါတယ်။ ကျင်းရွှမ် သဘောတူလား"

ရှချင်းယန်ကို သူနှင့်အတူတူ ခေါ်သွားနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။

ရှချင်းယန်က EQမမြင့်သော်လည်း သူမ၏လူမှု့ဆက်ဆံရေး ကျွမ်းကျင်အောင် ကြိုးစားနေမှန်း ပေါ်လွင်သည်။

ထျန်းကျင်းရွှမ်က အစပိုင်းတွင် မတုံ့ပြန်ခဲ့ပေ။ သို့သော်လည်း ထျန်းနင် ပြောချင်သည့် စကားအဓိပ္ပါယ်ကို သေချာစဉ်းစားပြီးနောက် နောက်ဆုံးတော့ သူ ခေါင်းညိတ်သည်။
"သူ မပျင်းရင်တော့ လိုက်ခဲ့ပေါ့"

"နင်နဲ့ စကားပြောလို့ ရတာပဲ ပျင်းစရာလား။ ငါတို့စကားပြောဖို့ အချိန်ပိုရတာပေါ့"

အပိုင်း( ၅၄၃)
ပြီး၏။

Bạn đang đọc truyện trên: ZingTruyen.Xyz