ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)
အပိုင်း(၅၃၂)
အပိုင်း(၅၃၂)
"ဘိုးဘိုးက မြေးတို့သားအမိကို လက်ခံပေးမယ်လို့ တစ်ခါမှတောင် မမျှော်လင့်ဖူးဘူး"
ထျန်းရွှမ် အမှန်တကယ် ရင်ထဲထိသည်။
သို့သော်လည်း ထျန်းအကြီးအကဲက သူ့ထောက်ချောက်ထဲ နောက်တစ်ခေါက် မသက်ဆင်းနိုင်ပေ။ အထူးသဖြင့် သူမ ကျူးလွန်ခဲ့သော ပြစ်မှုများကို ခွင့်မလွှတ်နိုင်ချေ။
ထျန်းရွှမ်၏ စိတ်ဓာတ်ပြောင်းလဲသွားမည်ကို ထျန်းအကြီးအကဲ လုံးဝ မယုံကြည်ပေ။
"ဘာမှ မပြောနဲ့တော့။ အနားယူဖို့ ပြန်တော့"
ထျန်းအကြီးအကဲက သူ့လက်ကို ခါရမ်းသည်။ သူက ထျန်းရွှမ် နှင့် စကားဆက်ပြောချင်သော အတွေး မရှိပေ။ သူတို့နှစ်ဦးက သွေးသားတော်စပ်သော်လည်း မတူညီသော အကြံအစည် ရှိနေ၍ ပေါင်းစည်း မရပေ။
"ဟုတ်ကဲ့ဘိုးဘိုး၊ ဒါဆိုရင် မြေးအပေါ်တက်တော့မယ်"
ထျန်းရွှမ်က သူ့ဗိုက်လေးကို ထိန်းကိုင်ကာ စကားပြောသည်။ သို့သော်လည်း သူမ လှည့်လိုက်စဉ် သူတို့နောက်မှာ မတ်တတ်ရပ်နေသော ရှားယွီလင်းက နားလည်ရခက်စွာ ငေးကြောင် ကြည့်နေခြင်းကို သတိပြုမိသည်။
ထျန်းအကြီးအကဲ၏အကြံအစည်ကို ရှားယွီလင်း ကြားသွားသည်ဟု ထျန်းရွှမ် ယူဆမိ၍ ဝင့်ကြွားသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
ရှားယွီလင်းက ထျန်းအကြီးအကဲ ဘေးနားမထိုင်ခင် ထျန်းရွှမ် လမ်းလျှောက်ထွက်သွားသော မြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
"အဖေ၊ ဒါက ဘာသဘောလဲ"
ထျန်းအကြီးအကဲက သူ့လမ်းလျှောက်တုတ်ကောက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ခက်ထန်သော အမူအရာဖြင့် ပြန်ဖြေသည်။
"ဒါတွေက အဖေပိိုင်တဲ့ ရှယ်ရာတွေပဲ။ အဖေစိတ်ကြိုက် စီမံ့ခွင့် ရှိတာပဲ"
"ဒါပေမဲ့..."
"ယွီလင်း၊ သမီးပြောဖို့ မလိုအပ်ဘူး"
ထျန်းအကြီးအကဲက သူမကို ဟန့်တားရန် လက်ဆန့်သည်။ ထို့နောက် သူ မတ်တတ်ထရပ်လိုက်ပြီး ဆက်ပြောသည်။
"အဖေ ဆုံးဖြတ်ပြီးပြီ။ အဖေနဲ့ စာကြည့်ခန်း လိုက်လာခဲ့ပါ။ အဖေအကြံအစည်ကို မသဘောမကျစရာ အကြောင်းမရှိပါဘူး။ ငါတို့ပြောတာကို ရှောင်ရွှမ် ကြားသွားလို့ မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ သူက ကိုယ်ဝန်ဆောင်မိခင်ပဲ"
ရှားယွီလင်းက ထျန်းအကြီးအကဲ တကယ် ပြောချင်သည့် စကား၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွား၍ နောက်ဘက် တစ်ချက်လှည့်ပြီး စာကြည့်ခန်းထဲ ဝင်ရောက်ရန် ထျန်းအကြီးအကဲနောက် လိုက်သွားခဲ့သည်။
"အဖေ"
"ထျန်းအုပ်စုရဲ့ သူဌေးရာထူးကို ဘယ်သူကိုပေးမလဲ ဆုံးဖြတ်ထားပြီသားပါ။ ထျန်းနင်က ထျန်းအုပ်စုရဲ့ သူဌေး ဖြစ်လာစေရမယ်"
ထျန်းအကြီးအကဲက ထိုင်ခုံကို မှီပြီး သက်ပြင်းချသည်။
"ထျန်းရွှမ်က ကယ်တင်လို့ မရတော့ဘူး။ သူ ကလေးမွေးပြီးတာနဲ့ သွားချင်တဲ့နေရာ သွားပါစေ။ အဖေ ဂရုမစိုက်ဘူး"
"ဒါဆိုရင် အဖေရဲ့ ပထမဆုံးမွေးလာတဲ့ မြစ်လေးကို ရှယ်ရာ ၂၀ ရာခိုင်နှုန်း ပေးမယ်လို့ မပြောသင့်ဘူးမလား"
"အဖေ့မြစ်လေးကို လက်ဆောင်ပေးရင်တောင် ဒါက ထျန်းရွှမ်နဲ့ မသက်ဆိုင်ဘူးလေ"
"ထျန်းနင်က ထျန်းအုပ်စုကို ဆက်ခံချင်တဲ့ ဆန္ဒမရှိပေမဲ့ ငါက တကယ်ကို အိုမင်နေပြီ။ မင်းနဲ့ ကျင်းရွှမ်သာ အနားရှိနေရင် တာဝန်အားလုံးကို လွှဲပြောင်းပေးခဲ့လို့ ရပြီ"
"ရှောင်နင် အရမ်းအလုပ်ကြိုးစားစရာ မလိုတော့ဘူး။ ထျန်းအုပ်စုရဲ့ သူဌေးနေရာကို ထျန်းနင် ယူထားပေးရင် ထျန်းအုပ်စုကြီး ဆက်လက် တိုးတက်နေမှာပဲ"
"အဖေ"
ထျန်းအကြီးအကဲက သူ့လက်ကို ခါရမ်းလိုက်စဉ် သူ့ကိုယ်သူ လှောင်ရယ်သော အပြုံးလေးက သူ့မျက်နှာမှာ ဖြစ်ပေါ်လာသည်။
"အဖေ ဆုံးဖြတ်လိုက်ပြီ။ အားလပ်ရက် ရုံးပိတ်ရက်ရှည်တွေ ရောက်တော့မယ်ဆိုတော့ ကုမ္ပဏီ နှစ်ပတ်လည်ပွဲကျင်းပမယ်။ အဲဒီဂုဏ်ပြုပွဲမှာ ကြေညာစရာ ရှိတာ ကြေညာရမယ်။ ရှောင်နင်ကို အဲဒီနေ့မှာ တရားဝင် တာဝန်လွှဲပြောင်းပေးမှာမို့ သေချာပြင်ဆင်ခိုင်းထားနော်"
ရှားယွီလင်း ခေါင်းမညိတ်ခင် စက္ကန့်ပိုင်းမျှ နှုတ်ဆိတ်နေသည်။
"ကောင်းပြီလေ။ အဖေ စီစဉ်ထားတာကို လိုက်နာပါမယ်"
"သမီး စိတ်ကြိုက် ထျန်းရွှမ်ကို စီရင်နိုင်တယ်။ အဖေ ကန့်ကွက်စရာ မရှိဘူး။ အဖေရဲ့ မြေး မဟုတ်ခဲ့သလို မျက်ကွယ်ပြုပေးမယ်"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို အမှန်တကယ် စွန့်ပစ်ခဲ့သည်။
ထျန်းရွှမ်က ကိုယ်ဝန်ဆောင်ထားရသော်လည်း အတိတ်က သူမကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်မြင်ယောင်သောအခါ သူမကို သနားစိတ် မဝင်မိပေ။ ထျန်းရွှမ်၏ကလေးကို မျှမျှတတ ဆက်ဆံရန်သာ ဆုံးဖြတ်ထားသည်။
...
ညဉ့်အချိန်
မို့ထင်က ထျန်းနင်ကို ရေချိုးခန်းအပြင်ဘက် ပွေ့ချီသွားပြီး အိပ်ရာပေါ် ညင်ညင်သာသာ တင်လိုက်သည်။ ထို့နောက် သူ ဒူးထောက်လိုက်ပြီး သူမ စူဖြိုးနေသော ဝမ်းဗိုက်ကို ကြင်ကြင်နာနာ ပွတ်သပ်ပေးသည်။
"စောနလေးတင် အမေ ဖုန်းဆက်တယ်။ ထျန်းအုပ်စုရဲ့ နှစ်ပတ်လည် ဂုဏ်ပြုပွဲကို တက်မလားတဲ့"
ထျန်းနင်က နူးညံ့သော ခေါင်းအုံးလေးကို မှီကာ စကားပြောသည်။
"ယောက်ျား၊ ချစ်လေး သွားသင့်လား"
"ချစ်လေးက အခုချိန်မှာ ကုမ္ပဏီကို ကြီးကြပ်နေတော့ ပွဲတက်သင့်တာပေါ့"
မို့ထင်က ထျန်းနင်၏ ညာဘက်လက်ကို ဆုပ်ကိုင်ပြီး သူ့လက်ဖမိုးကို ချစ်မြတ်နိုးစွာ နမ်းလိုက်သည်။
"ဒါပေမဲ့ ချစ်လေးရဲ့ကိုယ်ဝန်ကို ဆက်မဖုံးကွယ်နိုင်လောက်ဘူး"
ထျန်းနင်က သူမ၏ ဗိုက်ကို ငုံ့ကြည့်ကာ စကားပြောသည်။
"နဂိုတည်းက ကိုယ်တို့က အဲဒီအကြောင်းကို ကြေညာဖို့ စီစဉ်ထားပြီသားလေ။ ဒီလိုဆိုရင် ထျန်းအုပ်စုရဲ့ ဝန်ထမ်းတွေကို ပထမဆုံး အသိပေးကြတာပေါ့"
ထျန်းနင်ကို လွှတ်ပေးလိုက်ပြီး စောင်ခြုံပေးသည်။
"ကလေးအတွက် မစိုးရိမ်နဲ့။ ကိုယ်က မင်းကို အကောင်းဆုံး ပံ့ပိုးပေးသွားမယ်"
ထျန်းနင်က ခေါင်းညိတ်လိုက်ပြီး မို့ထင်၏ခေါင်းကို ဖမ်းဆုပ်ကာ သူ့ကို လေးလေးနက်နက် ကြည့်ရှုသည်။ ထို့နောက် သူမ ပြုံးသည်။
"တို့နှစ်ယောက်ရဲ့ ကလေးက ယောက်ျားလေးပဲ ဖြစ်ဖို့ မျှော်လင့်တယ်"
"ပြီးတော့ သမီးလေးလည်း လိုချင်တယ်"
"ဒါဆို နှစ်ယောက် ယူကြတာပေါ့"
ထျန်းနင်က မို့ထင်နှင့် နဖူးချင်းတိုက်သည်။ သူတို့စုံတွဲလေးက တစ်ယောက်ကိုယ် တစ်ယောက် ချစ်မြတ်နိုးစွာ မှီထားသည်။
အပြင်လောကတွင် မို့ထင်က ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအီအို ဖြစ်နေ၍ စည်းကမ်းတင်းကျပ်ပြီး သွေးအေးရက်စက်သည်။ သို့သော်လည်း ထျန်းနင်နှင့် ပတ်သက်လာလျှင် နွေးထွေးသော ခံစားချက်က မပျောက်ကွယ်သွားခဲ့ပေ။ ဆယ်စုနှစ်ကျော်ကြာပြီး ကလေးရလာလျှင် သူမ အပေါ် ထားရှိသော မေတ္တာတရားက မပျက်ယွင်းသွားနိုင်ပေ။
ထျန်းအုပ်စု၏ နှစ်ပတ်လည် ဂုဏ်ပြုပွဲ
ဝန်ထမ်းတိုင်း မျှော်လင့်စောင့်ဆိုင်းနေသော နေ့ရက်လေးဖြစ်သည်။နှစ်တိုင်း အပိုဆုကြေးများ နှင့် တခြားသော ဆုလာဘ်များကို လက်ခံရမည်။
သို့သော်လည်း ယခုနှစ် ဂုဏ်ပြုပွဲက အနည်းငယ် ထူးခြားလိမ့်မည်။
...
ထိုစဉ် 'W.H.'ရုပ်ရှင်ကို ရုပ်ရှင်ရုံများတွင် ဆက်လက်ပြသနေပြီး လက်မှတ်ရောင်းရနှုန်းက မျှော်မှန်းထားသော ရလဒ်ကိုပင် ကျော်လွန်ခဲ့သည်။
" 'The Lost Relative' ရုပ်ရှင်ကို ဘယ်အချိန် ရုံတင်မလဲ။ ထျန်းနင်က တိုက်ခိုက်ရေးသမား ဇာတ်ကောင်ကို သရုပ်ဆောင်ထားတာတဲ့။ စိတ်လှုပ်ရှားစရာ ပိုမကောင်းဘူးလား"
"ထျန်းနင်က တကယ်ထူးချွန်တယ်။ ရုပ်ရှင်သုံးကားလုံးမှာ မတူညီတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ထားတယ်။ သူ သရုပ်ဆောင်တဲ့ ဇာတ်ကောင်တိုင်းကို အသက်သွင်းနိုင်တယ်။ ရုပ်ရှင်ရိုက်ကူးတာ ရပ်နားဖို့ ဖိအားပေးခံရတာ နှမြောစရာပဲ"
"ဒီနှစ်ထဲ ငါကြည့်ဖူးသမျှ ဇာတ်ကားထဲ 'W.H.'ရုပ်ရှင်က စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ။ ထျန်းနင်က idolလမ်းကြောင်း မလိုက်ဘဲ စစ်မှန်တဲ့ သရုပ်ဆောင်လမ်းကို ဆက်လျှောက်စေချင်တယ်"
"ငါကတော့ ထျန်းနင်ကိုပဲ မဲပေးမယ်"
"ငါတို့တွေ ထျန်းနင်ကို ဘယ်အချိန်မှ ထပ်တွေ့ရမလဲပဲ သိချင်မိတယ်"
တကယ်တမ်း ထျန်းနင်၏ လက်ရှိအနေအထားကို ပိုင်ဆိုင်ရန် မလွယ်ကူပေ။ ဖျော်ဖြေရေးလောကကြီးက နေ့တိုင်း လူသစ်ထွက်ပေါ်နေပြီး ကျော်ကြားသူ ပေါများလှသည်။ တစ်စုံတစ်ယောက်က ပရိသတ်နှင့် ထိတွေ့မှု နည်းပါးလာလျှင် လူအများစုက သူတို့ကို အလွယ်တကူ မေ့ပစ်လိမ့်မည်။
သို့သော်လည်း ထျန်းနင်၏ကျော်ကြားမှုက တခြားသူများ ကဲ့သို့ လျော့ကျသွားခြင်း မရှိပေ။ အထူးသဖြင့် 'W.H.'ရုပ်ရှင် ကျော်ကြားပြီးနောက် သူမ၏နာမည်ကျော်ကြားမှုက ရုပ်ရှင်နှင့် အပြိုင် လျင်လျင်မြန်မြန် တိုးတက်ခဲ့သည်။
အနုပညာလောကမှ ဆုတ်ခွာသူက လက်ရှိ အလုပ်လုပ်ကိုင်နေသူများထက် ပို၍လင်းလက်တောက်ပနေသည်။
ထျန်းနင်က မီဒီယာ စိတ်လှုပ်ရှားစေမည့် သတင်းတချို့ ထုတ်ပြန်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ပေ။
အပိုင်း(၅၃၂)
ပြီး၏။
Bạn đang đọc truyện trên: ZingTruyen.Xyz