ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)
အပိုင်း(၄၉၇)
အပိုင်း(၄၉၇)
"ဘာမှ မဟုတ်ပါဘုး။ ဆွစ်ဇာလန်ကလူတွေက အန်တီရှားနဲ့ အဆက်အသွယ် မရလို့ သမီးတို့ကို ဖုန်းဆက်မေးတာပါ"
ထျန်းရွှမ် ပြန်ဖြေသည်။
"ဘာဖြစ်နေတာလဲပဲ ပြောစမ်းပါ"
ထျန်းအကြီးအကဲက ထျန်းရွှမ်၏ ရည်ရွယ်ချက်ကို သိနေ၍ အိမ်တော်ထိန်းဘက် လှည့်ကာ မေးမြန်းသည်။ အိမ်တော်ထိန်းက ထျန်းရွှမ်ဘက်လှည့်ကြည့်သည်။
ထို့နောက် ထျန်းအကြီးအကဲဘက် လှည့်ကြည့်ကာ လေးလေးနက်နက် ပြန်ဖြေသည်။
"မဒမ်ရဲ့အတွင်းရေးမှူး ဖုန်းဆက်တာပါ။ ခြံသွားတဲ့ လမ်းခုလတ်မှာ ဓားပြတွေနဲ့ ကြုံပြီး မဒမ်ကို ပြန်ပေးဆွဲသွားတယ်။ အခုဆို မဒမ် ဘယ်နားရောက်နေလဲ မသိရဘူး"
အိမ်တော်ထိန်း၏ ဖြေရှင်းချက်ကို ကြားပြီးနောက် ထျန်းအကြီးအကဲ ခြေနှစ်လှမ်း နောက်ဆုတ်သည်။
"ဘယ်လိုဖြစ်ရတာလဲ"
"ဘိုးဘိုး အရမ်းကြီး မစိုးရိမ်ပါနဲ့၊ သတင်းတွေက မမှန်ကန်လောက်ပါဘူး"
ထျန်းရွှမ်က ချက်ချင်း ထျန်းအကြီးအကဲကို တွဲလိုက်ပြီး သူ့ကို နှစ်သိမ့်ရန် ကြိုးစားသည်။
"မြန်မြန် ဆက်သွယ်စမ်း၊ ဆွစ်ဇာလန်က လူတွေကို ဆက်သွယ်ပြီး သတင်း မှန် မမှန် အတည်ပြုစမ်းပါ။ ဒီသတင်းက ထျန်းအုပ်စုကိုတော့ မပြန့်လောက်သေးပါဘူး"
ထျန်းအကြီးအကဲက အိမ်တော်ထိန်းကို ညွှန်ကြားသည်။
ထျန်းအကြီးအကဲက သူ့စာကြည့်ခန်းထဲ ချက်ချင်း ပြန်သွားသည်။ ထျန်းရွှမ်က သူ့ကိုကြည့်ပြီး ခနဲ့သည်။
"ဟိုမိန်းမကို ရှာနိုင်မယ်များ ထင်နေလား။ ဘယ်တော့မှ ရှာမတွေ့စေရဘူး"
တကယ်တမ်း ထျန်းအုပ်စုမှ ရှယ်ရာရှင်များက ရှားယွီလင်းပျောက်သွားသည့် သတင်းကို ထျန်းရွှမ် မဖြန့်ခင်တည်းက သိနေကြသည်။ နိုင်ငံတကာအဆင့်မှီ ရေမွှေးအင်ပါယာ၏ စီအီအို သတင်းက ဆွစ်ဇာလန်မှ တဆင့် သတင်းချက်ချင်း ပြန့်လာသည်။
ထိုသတင်းကို ထျန်းကျင်းရွှမ် ကြားကြားချင်း အိမ်သို့ အပြေးတစ်ပိုင်း ပြန်လာကာ ထျန်းအကြီးအကဲ၏ အခန်းထဲ ချက်ချင်း သွားသည်။
"ဘိုးဘိုး ဒါက..."
ထျန်းအကြီးအကဲ စကားလမ်းကြောင်းလွှဲရန် လက်ခါပြသည်။
"ဒါပေမဲ့..."
ထျန်းအကြီးအကဲက ထျန်းကျင်းရွှမ်ကို ဟန်ပါပါ ကြည့်လိုက်သည်။ ထျန်းကျင်းရွှမ်၏ မျက်ခုံးများက အပေါ်သို့ ကော့ညွှတ်သွားပြီး ကြောက်စိတ်မွှန်ထူနေသော လေသံဖြင့်
"ဘိုးဘိုး၊ အမေကို ရှာပေးပါဦး၊ ဒီအတိုင်း ပစ်မထားပါနဲ့"
တံခါးအပြင်ဘက်မှာ ထျန်းရွှမ်က ခိုးကြောင်ခိုးဝှက် နားထောင်နေသည်။ ပုံမှန်အခြေအနေ ဖြစ်မှန်း သေချာမှ အခန်းတံခါးကို ခေါက်ပြီး စာကြည့်ခန်းထဲ ဝင်သည်။ သူမက ထျန်းအကြီးအကဲကို ဖုန်းလက်လွှဲပေးသည်။
"ဘိုးဘိုး၊ ထျန်းအုပ်စုရဲ့ ရှယ်ရာမြင့်တဲ့သူ ဖုန်းဆက်တာပါ"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို ကြည့်ပြီး သူ့လက်ထဲမှ ဖုန်းကို လက်လွှဲယူသည်။
"ဘာကိစ္စလဲ"
"သူဌေး၊ ရှားသူဌေး ပြန်ပေးဆွဲခံရတယ် ကြားတယ်။ ဆွစ်ဇာလန်က အလုပ်ကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ"
"ဘာလဲ။ ယွီလင်း ဒုက္ခရောက်တယ် ကြားရုံနဲ့ သူ့နေရာကို မျက်စိကျနေပြီလား။ တစ်ခုတော့ ပြောလိုက်မယ်နော် ငါတို့ထျန်းမိသားစုက ကုမ္ပဏီကို ချုပ်ကိုင်နိုင်တဲ့ အာဏာ ရှိတယ်။ ဘယ်သူမှ လုယူလို့ မရဘူး"
"ဒါကိုတော့ သံသယ မဝင်ပါဘူး။ ဆွစ်ဇာလန်က ကျွန်တော်တို့ကို ခဏခဏ ဖုန်းဆက်မေးနေလို့ ဒီအတိုင်း မေးကြည့်ရုံပါ။ သတင်းအရှုပ်အရှင်း ဖြစ်မှာ စိုးလို့ သူတို့က ကျွန်တော်တို့နဲ့ ပူးပေါင်းတာကို ဖျက်သိမ်းဖို့ အကြောင်းပြချက် ရှာကြံနေတာပါ။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ထျန်းစီးပွားရေး အုပ်စုအတွက် ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှုပဲ။ ထျန်းအုပ်စုက ဦးဆောင်သူ မရှိဘဲ ဆက်လက် မရပ်တည်နိုင်ဘူး"
ထိုလူက သူ့ထင်မြင်ချက်ကို ပြောဆိုသည်။
"ဒါကြောင့်မို့ ဒါရိုက်တာအဖွဲ့က အရေးပေါ် အစည်းအဝေး ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်။ သူဌေးလည်း တက်ရောက်ရင် အကောင်းဆုံးပဲ"
"သုံးစားမရတဲ့ကောင်"
ထျန်းအကြီးအကဲက ဒေါသစိတ်ကြောင့် အသားတဆက်ဆက် တုန်လျက် ဖုန်းချလိုက်သည်။
"ယွီလင်း ပျောက်သွားရုံလေးနဲ့ ဒင်းတို့က နေရာလုဖို့ ကြိုးစားလာတယ်။ ငါ မသေသေးပါဘူး"
"ဘိုးဘိုး စိတ်မဆိုးပါနဲ့"
ထျန်းရွှမ်က ချက်ချင်း ချော့မော့သည်။
"အန်တီရှားကို ရှာဖို့ နည်းလမ်းကြံကြတာပေါ့။ ပြီးတော့မှ ထျန်းအုပ်စု ကိစ္စကို မြေးတို့တွေ ရင်ဆိုင်လို့ ရပါတယ်"
ဤတစ်ကြိမ်တွင် ထျန်းအကြီးအကဲ အမှန်တကယ် ဒေါသထွက်နေသည်။
"ရှောင်ရွှမ်၊ မြေးက ရှယ်ရာရှင်တွေကို ဖျောင်းဖျဖို့ ကြိုးစားပေး။ ဘိုးဘိုးက ရှောင်နင်နဲ့ သွားတွေ့လိုက်ဦးမယ်"
"ဟုတ်ကဲ့ ဘိုးဘိုး၊ မြေးလေးက ထျန်းအုပ်စုကို အကောင်းဆုံး ကာကွယ်ပေးပါမယ်"
ထျန်းရွှမ်က ယခုလိုအခွင့်အရေးမျိုးကို စောင့်နေသည်မှာ ကြာပါပြီ။
"သွားတော့"
ထျန်းအကြီးအကဲက လက်ခါသည်။
"ဒီတစ်ခေါက်တော့ အဘိုးကို စိတ်မပျက်စေနဲ့"
"စိတ်မပူပါနဲ့"
ထျန်းရွှမ်က စာကြည့်ခန်းမှ မထွက်သွားခင် ပြုံးနေသည်။
သူမ ထွက်သွားမှ ထျန်းကျင်းရွှမ် စကားပြောလာသည်။
"ဘိုးဘိုး"
"အောင်ပွဲခံသင့်တဲ့ အချိန် မဟုတ်သေးဘူး။ အခုတော့ သူ့ကို ပျော်ခွင့်ပေးလိုက်ပါ"
ထျန်းအကြီးအကဲက ဟန်ပါပါ ပြောသည်။
"ရှယ်ရာရှင်တွေကို ဘယ်လိုများ ဖျောင်းဖျမလဲ ကြည့်ချင်သေးတယ်"
"အမေရော အဆင်ပြေရဲ့လား"
ထျန်းကျင်းရွှမ်က ရှားယွီလင်းကို သူ့မွေးမိခင်ကဲ့သို့ အလေးထားဆက်ဆံ၍ အမေဟု ခေါ်ခဲ့သည်မှာ ကြာပါပြီ။ ထျန်းရွှမ် တစ်ဦးတည်းသာ အန်တီဟု ခေါ်လေ့ရှိသည်။
"မင်းရဲ့အစ်မ၃ နဲ့ ခယ်အို လက်ကနေ ထျန်းရွှမ် မလွတ်မြောက်နိုင်ပါဘူး"
"ဒီလို သတင်းကောင်းပဲ ကြားချင်တာပါ"
ထျန်းကျင်းရွှမ် တဖြည်းဖြည်းချင်း ပူပန်မှု လျော့နည်းလာခဲ့သည်။
...
ထိုစဉ်အခိုက်အတန့် Hyatt Regency တွင်
ထျန်းနင်က ရှားယွီလင်း ပျောက်ဆုံးသွားသည့် သတင်းကို တီဗီတွင် ကြည့်ရှုနေပြီး တီဗီခလုတ်ကို ချက်ချင်း ပိတ်လိုက်သည်။
လုံကျဲကဲ့သို့ အမှန်တရား မသိသူက ထျန်းနင်စီ အပြေးတပိုင်း ရောက်ချလာသည်။ သို့သော်လည်း ထျန်းနင်၏ တည်ငြိမ်နေသော မျက်နှာအမူအရာကြောင့် သူမ အံ့ဩနေရသည်။
"နင် မစိုးရိမ်ဘူးလား"
"ငါ့အမေက အိမ်ပြန်လာဖို့ လေယာဉ်စီးနေပြီလေ။ အခုဆို လေယာဉ်ပေါ် ရောက်လောက်ရောပေါ့"
"ဒါက ဘာသဘောလဲ"
လုံကျဲက နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်ရှုနေသည်။
ခဏကြာပြီးနောက် ထျန်းနင်က ထျန်းရွှမ်၏အကြံအစည် အလုံးစုံကို လုံကျဲ သိအောင် ရှင်းပြသည်။
လုံကျဲက အကြောင်းစုံ သိပြီးနောက် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။
"သူက ရှယ်ရာရှင်တွေကို ဖျောင်းဖျဖို့ ကုမ္ပဏီကို သွားနေပြီဆိုတော့ အောင်မြင်သွားရင် ဘယ်လိုလုပ်မလဲ"
"ဒီတစ်ခေါက် ငါတို့က ထျန်းရွှမ် နဲ့ အတူတူ အမြတ်ထုတ်ဖို့ ကြံရွယ် နေတဲ့ ရှယ်ရာရှင်တွေကိုပါ ရှင်းထုတ်ပစ်ဖို့ စဉ်းစားထားတယ်။ ငါ့အမေရဲ့ အရည်အချင်းကို သံသယဝင်တဲ့ သူတိုင်းကို တစ်ယောက်မကျန် ဖယ်ထုတ်ပစ်မယ်။ ဒါကြောင့်လည်း သူတို့ကို အခုချိန်မှာ အငြင်းပွားခွင့် ပေးထားတာလေ။ ငါက ပွဲကောင်းလေးကို စောင့်ကြည့်နေရုံပဲ"
ထျန်းနင်က တည်ငြိမ်စွာ စကားပြောသည်။
လုံကျဲက အချိန်အတော်ကြာအတွေးထဲ နစ်မြောနေပြီးမှ ထျန်းနင်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့သည်။
"ထျန်းရွှမ်ကို အလုပ်ကြိုးစားခိုင်းပြီး ဘာဆုလာဘ်မှ မပေးချင်တာပေါ့ အဲလိုလား"
"သူက အရမ်းတွေ လုပ်ချင်နေလို့ အခွင့်အရေး ပေးခဲ့ရုံပါ"
ထျန်းနင် မဲ့ပြုံးပြုံးသည်။
"သူက ငါ့ကလေးနဲ့ ငါ့ကို ထိခိုက်အောင် လုပ်ခဲ့သလို ငါ့ကို သိက္ခာလည်းချခဲ့တယ်။ သူ့လုပ်ရပ်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တော့ ခံရမှာပေါ့"
"ဒါတွေအားလုံးက နင့်ရဲ့အစီအစဉ် ဆိုရင်တော့ စိတ်ရှည်ရှည် စောင့်ကြည့်မှာပေါ့။ ဒါပေမဲ့ ငါ နားမလည်နိုင်က ဘာလို့များ ထျန်းရွှမ်က နင့်ကို အမြဲတမ်း စိန်ခေါ်ချင်နေတာလဲပဲ။ နင်က သူနဲ့ အငြင်းပွားချင်တဲ့ အတွေးမှ မရှိတာလေ"
"တချို့လူတွေက စဉ်းစားဆင်ခြင်တုံတရား မပါဘဲ မွေးလာသလိုပဲ"
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က သူမ၏ဝမ်းဗိုက်လေးကို ဖွဖွလေး ပွတ်သပ်သည်။သူမလည်း ကိုယ်ဝန်ဆောင် ထားရသည့် အကြောင်းကို ထျန်းရွှမ် ယခုထိတိုင် မသိသေးပေ။ ထျန်းရွှမ်က သူမကိုယ်သူမ အဖိုးတန်ဟု သတ်မှတ်ထားသော်လည်း ထျန်းအကြီးအကဲက သူ့ဗိုက်ထဲမှ ကလေးကိုသာ အလိုရှိခြင်း ဖြစ်သည်။
သို့သော်လည်း တချို့သောအမှန်တရားများက စောစီးစွာ သိခွင့်ရသွားလျှင် ငြီးငွေ့ဖွယ်ကောင်းလိမ့်မည်။ ထို့ကြောင့် ထျန်းနင်က ထျန်းစီးပွားရေးအုပ်စုကို ပထမဆုံး လက်ဝါးကြီးအုပ်ပြီး ထျန်းရွှမ်၏ အိပ်မက်ဆိုးကြီးကို အကောင်ထည် ဖော်ပေးသွားမည်။
အပိုင်း(၄၉၇)
ပြီး၏။
Bạn đang đọc truyện trên: ZingTruyen.Xyz