အပိုင်း(၃၃)
အချိန်အားဖြင့် ၆လ ကျော်ကြာခဲ့ပြီ။
ခြေထောက်အရိုးပြန်လည်ကောင်းမွန်နေပါသော်လည်း တဖြေးဖြေးခြင်းကြိုးစားကာ လေ့ကျင့်အားယူရသည့် ခက်ခဲသောကာလတစ်ခုကို ထင်လင်းထွဋ်ကျော်လွှားနိုင်ခဲ့ပြီ။ နာကျင်ပါသော်လည်း ပြုံးပြဖေးမမည့်အမျိုးသားငယ်တို့သားအဖ ကြောင့် ကြ်ိုးစားချင်စိတ်များပိုးတိုးခဲ့ရသည်။
သားအဖတွေ့ဆုံခါစ အပီကလာစကားတစ်ခွန်းစ ၊ နှစ်ခွန်းစ ပြောနေသည့် သမီးဆိုသည်ကား ယခုဆို သမုဒါကို တစ်လုံးမကျန်ကျေနပ်၍တမျိုး၊ စိတ်ကောင်းလျှင်တစ်ဖုံ အမျိုးမျိုးကွေ့ပတ်ကာ ပြောဆိုတက်နေခဲ့ပြီ။
သမီးဦးရတနာမို့ ငုံမတက်ချစ်ရပါသော်လည်း ရံဖန်ရံခါ သမုဒါဆိုသလို သမီးက ဆိုးနွဲ့ဂျစ်ကျချင်သည်။ ဘိုးဘွားဦးလေးတို့၏ အချစ်ကိုသိမ်းပိုက်ထားသည့်သမီးက အလိုလိုက်သူများအပေါ် သိသိသာသာ ဂျီကျကာ ခပ်ဆိုးဆိုးပုံရိပ်တို့ မကြာခဏတွေ့မြင်လာရပြီ။
ယခုတွင်မူ.....။
" သမီး....."
" ဒယ်ဒီ....."
" ဒါ ဘာလဲ သမီး....."
သမီးလက်ထဲရှိ ကျောင်းသုံးပစ္စည်းတစ်ခုကို ထင်လင်းထွဋ်ကောက်ကြည့်ကာ မေးဆိုနေမိသည်။
" ကိုကို...."
" ကိုကို့ပစ္စည်းလား..."
ခြေထောက်ကိုအားပြုစရာ ၊ ထောက်ကူပစ္စည်းတစ်ခုခု ဖြင့် အသုံးပြုရန်ဆိုနေသည့်ဆရာဝန်စကားကို ဖယ်ရှား၍ ထင်လင်းထွဋ်ကြိုးစားကာပင် အိပ်ခန်းအတွင်း စတင်လှမ်းလျှောက်နေသည်။
" ဘာလို့ယူလာလဲ သမီးရ....ကိုကို ရှာနေပါ့မယ်..."
" ပေးဘူး.....မီးဟာ...."
" အဲလိုမလုပ်ရဘူး သမီးလိုချင်ရင် ဒယ်ဒီဝယ်ပေးမှာပေါ့..."
" ဟင်းအင်း...ကိုကို....."
" ကိုကို့ပြန်ပေးလိုက်ပါ...."
" no ...."
" မီးလေး...."
" No......"
" အဲလိုမလုပ်ရဘူးလေ.."
" ဟင့်..."
သမီးအော်သံကြောင့် သမုဒါ အောက်ထပ်မှသည်မည်သို့ခုန်တက်လာသည်မသိရ။
ဦးထွဋ်အော်သံအဆုံး သမီးငိုသံတို့ကြောင့် ဘာပြသနာများကြီးမားနေလဲ သမုဒါစိတ်ဇောနေမိသည်။ ဦးထွဋ်ဆိုသည်မှာ သူ့သမီးကိုတုန်နေအောင်ချစ်သလို ဆူခဲငေါက်ခဲလှသည်မို့ ။
" သမီး......"
" ဟီး....ဖေ...."
ဦးထွဋ်ကို လက်ညှိုးထိုးကာ သူကိုအော်နေပါသည်ပေါ့။
သမီးလူလည်မ လေး ဆိုသည်မှာ သမုဒါ...ဆူရခက် ...ရယ်ရခက်။
" ဦးထွဋ်......"
" သားဆီက ကျောင်းသုံးပစည်းတွေ ယူချလာပြန်ပြီ....ဟိုက သူကို ချစ်လို့ညှာတာသလောက် မီးလေးက ကြာလေဆိုးလေ ဖြစ်တော့မယ်ထင်တယ်..."
" အဲ့ဒါ ဘယ်သူကြောင့်လဲ ...."
" သမုဒါ....."
" ဟုတ်တယ်လေ ...ဟိုးကတည်းက မုမုပြောသားပဲ သူကမလိမ်မာဘူးနော်...အလိုမလိုက်ကြနဲ့ပြောနေတာလေ...ခုကြမှ အော်လားဟစ်လားနဲ့ရမလား ..."
" ခုလည်း ကိုယ်ဘာမှမပြောရသေးဘူး"
" ခင်များတစ်ခွန်း သူတစ်ခွန်းအော်ဟစ်နေကြပြီ "
" အင်း...ဒီမှာ...."
" ဟင်.....ဒါ သားရဲ့ပစ္စည်းမဟုတ်လား..."
" အင်း...."
" သမီးကတော့လေ...."
ဦးထဋ်လက်ထဲက MacBook သုံး pan လေးနှင့် ကျောင်းသုံးပစည်းတချို့ကို သမုဒါ ကောက်သိမ်းကာ ကုတင်ပေါ်မှခေါင်းငုံကာ တိတ်နေသည့်သမီးကို လှမ်းကြည့်မိတော့ သူ့အပစ်သူ့သိနေသည်အလား လူလည်မလေးတို့က တိတ်တိတ်ဆိတ်ဆိတ်။
" ဒယ်ဒီက မအော်ဘူး....သမီးဝမ်းနည်းနေလား..."
ဦးထွဋ်ရင်ခွင်ထဲ ဝင်ခွေကာ သမုဒါဆူတော့မည်ကို ကျိန်းသေပေါက်သိထားသည်နှယ်။
" ဒယ်ဒီ.....ပေး...ပေး...."
" ကိုက်ို့ ပြန်ပေးလိုက်နော်...မီးလေး လိုချင် ဒယ်ဒီဝယ်ပေးမှာပေါ့ကွာ.."
" အွင်း....ပေး...ကိုကို....ပေး..."
" ဘာကိုဝယ်ပေးရမှာပဲ ဒီအရွယ်ဘာသိအုံးမလဲ ...ဘာမှဝယ်မပေးရဘူး..."
" သမုဒါ ...."
" ကျွန်တော်ကို ဘာမှလာမပြောနဲ့ ဒါဆိုဒါပဲ ...ကြည့်နေနော် နောက်တစ်ခါဆိုးလာရင် ဖင်ကိုခပ်စပ်စပ်လေးရိုက်ပြစ်မယ် "
လက်လေးဖြင့်ရွယ်ကာ သမုဒါကိုကြည့်နေသည့်သမီးအား ရိုက်ဟန်ပြတော့ ငိုချင်ရဲ့လက်တို့ သူ့ဒယ်ဒီရင်ခွင်ထဲအော်ငိုနေသည်။
" သမီးက ငယ်ပါသေးတယ် ဆိုဆုံးမရ လွယ်တဲ့ကလေးပါ..."
"......."
တိတ်တဆိတ်ဖြင့် ထိုလူကြီးကို မျက်စောင်းထိုးပြမိတော့ ထိုအမျိုးက ခပ်ရေးရေးပြုံးနေပြန်သည်။ သိပ်ကို လှတဲ့အပြုံးမျိုး.....
တချိန်က အောင်မြင်ကျော်ကြားသူအဖြစ် အများကဂုဏ်ယူစရာတွေကြား ထိုကဲ့သိုအပြုံးမျိုးဖြင့် ဝန်းကျင်ကိုနွေးထွေးစေသည့် အပြုံးမျိုး။
ပါးချိုင့်မဟုတ်သော ခပ်ရေးရေးဖြင့် တည်ကြည်ခန့်ညံ့စွာ ထိုလူပြုံးပြနေပြန်သည်။
" ဟင်....ခင်များ ဘာပြုံးတာလဲ ...."
" ဟောဗျာ...."
" ဘာ....ဘာကိုလဲ ...."
" ကိုယ်ဘာမှမပြောရသေးဘူး ..."
"မသိဘူး...လာထ ..သမီး...."
" သမုဒါ....ကိုယ်......"
" ဘာကိုယ်လဲ ...ပြော...."
" ကိုယ် ဘာလုပ်ပေးရမလဲ....."
ဟင်.....။ ညှိုးငယ်အားနာစွာ ဆိုလာသည့် ထိုစကားကြောင့် သမုဒါ သမီးကိုချီရင်း ဦးထွဋ်ကို မော့ကြည့်နေမိသည်။ ဦးထွဋ် ခြေထောက်ထိခိုက်နေစဉ်အတွင်း မိသားစုကို အလွန်အားနာနေပြန်သည်။ သမီးကို ချီပွေ့မရပေမယ့် သမီးကို အမြဲစောင့်ကြည့်ကာ အတူဆော့ကစားပေးရင်း ဖခင်တာဝန် ကြိုးစားထမ်းရှာနေပြန်သည်။
" ဟင်အင်း...."
" ကိုယ်....."
" အားနာရမယ့် လူတွေမဟုတ်လို့ ကျွန်တော်တို့သားအဖ အပေါ် ဘာမှခံစားမနေပါနဲ့ ...မိသားစုတွေလေ ...ကျွန်တော်လျော့ချလိုက်ပြီ ...သမီးအတွက်ပဲ..ကျွန်တော်တို့သမီးအတွက်ပဲမို့ ဦးထွဋ်ခြေထောက်ပြန်ကောင်းဖို့ပဲအလေးထားပေးပါ...."
" ကိုယ်နားလည်ပြီ ..."
လေးဘက်ထောက်ဒေါက်အကူလေးဖြင့် သမုဒါတို့အနီးတိုးကပ်ကာ ခပ်ဖွဖွပေးဖက်ထားရင်း ကျေးဇူးတင်စကား ဆိုနေပြန်သည်။
" ဒယ်ဒီ......"
" အင်း...."
ဖအေနှစ်ယောက်၏ တစ်ခွန်းချင်း စကားသံကြမ်းသည့်အချိန်မှာ အချင်များရန်ဖြစ်သည် ကလေးအတွေးဖြင့် သမုဒါလည်ပင်းကိုကျစ်နေအောင်ဖက်တွယ်တက်သေးပြန်သည်။
ငိုမဲရိပ်ဆင်ကာ သနားပို၍ သမီးပုံရိပ်တို့က နှလုံးသားတစ်စုံနာကျင်းသည်မို့ သမုဒါတို့နှစ်ယောက်တိုင်ပင်ဖြစ်သည်က သမီးရှေ့ဝယိ အချင်းများဖို့။
" ဖေ့တို့က ရန်မဖြစ်ဘူး "
" ဒယ်ဒီ....."
" ဒယ်ဒီ မချီနိုင်သေးသရွေ့ စိတ်ထဲမကောင်းဘူး မီးလေး...."
အခန်းတွင်းနားခိုရာ မှန်ပြတင်းဘေးရှိ ဆိုဖာပေါ်ထိုင်နေသည့် ထင်လင်းထွဋ်အနီး သမီးကိုချပေးမိသည်။
" ဒယ်ဒီ....."
သူ့ဒယ်ဒီရွှေပေါင်လုံးကိုဖက်ကာ မေးတင်၍ ခပ်ချွဲချွဲ သမီးငယ်အသံတို့ကား ထင်လင်းထွဋ်နှလုံးသား ကြည်နူးစိတ်များယိုဖိတ်လျှက် ။
" မီးလေး ....."
သမီးငယ်ပါးပြင်လေးကိုပွတ်သပ်ကာ ရင်ခွင်အတွင်းထားချင်ပါသော်လည်း.....အားပြုမရသေးသည့် ခြေထောက်အရှိန်က ပြန်လည်ထိခိုက်မည်ဆိုးသည်ဆိုကာ ထွေးပွေ့ခွင့်မဲ့ရသည်။
" ရော့......ဒယ်ဒီနဲ့ ခဏနေော် သမီ...ဖေ ..မူန့်မူန့်ယူလာမယ်"
" အွင်း....မူန့်....ဒယ်ဒီး...."
" ဖေ့ ယူနေတယ် ...မီးလေး ..ဒယ်ဒီကို ချစ်လား..."
" ချစ်....မွ..."
" အင်း....ဒယ်ဒီနှလုံးသားလေး......" သမုဒါပေးထားခဲ့သည့်အတိုင်း ရင်ခွင်ထဲကသမီးကို ကျစ်နေအောင်ထွေးပွေ့ရင်း မှန်ပြတင်းမှတဆင့် မြင်နေရသော သဘာဝအလှတရား၏ ပြယုတ် ကြည်လင်အေးချမ်းသော ကောင်ကင်ပြင်ကို ကြည့်နေမိသည်။
" ငှက်....ဒယ်ဒီ..."
" ငှက်လိုချင်လား...သမီး.."
" အွင်း...." လိုအင်ဖြည့်ပေးမည့်သူ၏ရင်ခွင်ထဲ ထပ်တိုးဝင်ကာ သမုဒါသမီးက အချွဲပိုနေသည်ကို ကွက်ကီးတချို့နှင့်အတူ နွားနို့ပူပူတင်ထားသော ဗန်းကိုကိုင်ထားသည့်သမုဒါက ခဏရပ်ကြည့်မိသည်။
" သမီးအတွက် ဒယ်ဒီဝယ်ပေးမယ် ..."
" yeah......"
" ဘာကို...ဘာကိုဝယ်ပေးမှာမို့လို့ တစ်ယောက်က ဘာကိုအော်နေလဲ..."
" သမုဒါ...."
" ဖေ့ ..."
" ဘာလဲ....ဒီမှာ နွားနို့သောက်....ထွေးမယ်မကြံနဲ့ ...ရိုက်ခံထိမယ်နော် ဒါဒါ..."
" ဟင့်....."
" သမုဒါ......"
" ခင်များ မပြောနဲ့ ...ရော့ ကွက်ကီးလေး ပါ စား..."
" မင်းကိုယ်တိုင်လုပ်ထားပြန်ပြီလားကွာ....."
" အန္တရာယ်မရှိပါဘူး......"
" မထားတို့ရှိနေတယ်လေ...ကိုယ်ဆိုလိုတာက .."
" သိပါပြီ....မြည်းကြည့်ပါအုံး...."
ထင်လင်းထွဋ်နူတ်ခမ်းအနီးရောက်လာသည့် ကွက်ကီးလေးတစ်ချပ်ဆိုပေမယ့် ကြည်နူးမူလိုင်က အခန်းတွင်းကိုနွေးထွေးစေခဲ့သည်။
ပြောင်းလဲလာခဲ့သည့် ခြေနေဆိုးမှသည့် နွေးထွေးကြင်နာသည့်မိသားစုပုံရိပ်တို့က တဖြေးဖြေးထင်ပေါ်လာခဲ့ပြီ။
မိသားစုတစ်၏ ရသ ....ကြည်နူမူ....နွေးထွေးမူ....စသော စိတ်ခံစားချက်များအပြင် မိသားစုဝင်များအပေါ် ထားရှိသော ဖေးမစိတ်၊ ကာကွယ်လိုစိတ်၊ ဖြည့်ဆည်းပေးလိုစိတ်တို့က ထိုသူတို့မတောင့်တပါဘဲနဲ့ မြတ်နိုးကြင်နာစွာ လိုလားစွာပေးအပ်ချင်မိသည်။
ငယ်ဘဝရဲ့အိမ်မက်ဆိုးပုံရိပ်တို့ကတဖြေးဖြေး ကွယ်ပျောက်ခဲ့ပြီ။
ပျော်ရွှငိကြည်နူးခြင်းတို့ အစားဝင်ေးာက်လာသည့် အချိန်တိုင်းက ထင်လင်းထွဋ်ရင်တွင်း ကျေနပ်မူတို့က တသိမ့်သိမ့်။
"ဒါ ငါမိသားစု၊ ငါ့ကာကွယ်ဖြည့်ဆည်းပေးရမည့် အိမ်ငယ်လေး " ဆိုတဲ့အတွေးဖြင့် ကြိုးစားပုွဖော်ရကျိုးနပ်ခဲ့ပြီ။
" မင်းတို့သားအဖအပေါ် သက်ဆုံးတိုင်ကာကွယ်ပေးနေမှာ "
" ဟုတ်ပါပြီ ခုတော့ အားတင်းပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ရမယ် "
" အင်း..မင်းသဘောအတိုင်း...."
သမုဒါတို့မိသားစု တည်ငြိမ်အချိန်ကာလလမ်းပေါ် လျှောက်နေပြီ။ ရွှေဘုံစံမင်းသားဘဝမှာ နေသားကျဖို့ သမုဒါမနေတက်ရာ။ ဘာမှမလုပ်ပါနဲ့ အိမ်မှာလူတွေရှိပါတယ်ဆ်ုတဲ့ ဦးထွဋ် ပြောဆိုပေမယ့် အိမ်မူကိစ္စ အပါအဝင် မီးဖိုခန်းထဲ မနက်စောစော ချက်ပြုတ်ရာတွင်လဲ သမုဒါ ချပ်ပြုတ်မှနေသားကျ။
အိမ်သန့်ရှင်းတော့ လုံးဝဝင်မလုပ်ရဘူးဆိုတဲ့ ခပ်မာမာအမိန့်တစ်ခုကြောင့် လျစ်လျူနိုင်ဖို့ကြိုးစားပေမယ့် သမုဒါ မြတ်နိုးရဆုံးသော အိမ်တော်မျက်နှာရှေ့ဝယ် အလှပဆုံး ဖူးပွင့်ဖို့ကြိုးစားနေသော ရောင်စုံပန်းအလှကိုတော့သမုဒါ ခြေ/လက်ဖြင့်သာ ပျိုးထောင်ယုယ ခဲ့ပြီ။ ကိုယ်ပိုင်ပန်းခင်းထဲက အလှပဆုံးသော ပန်းဖူး၊ ပန်းဦးများကို နံနက်စောတိုင်း ဘုရားတင်ပူဇော်လေ့ရှိသည်။ နေ့စဉ် သံဃာတော်ဆွမ်းလောင်မူ ချက်ပြုတ်ရာတွင်သမုဒါ စိတ်ကြိုက် လောင်းလှူဒါနပြုပါရစေ ဆိုတဲ့တစ်ခုတည်းသော ခွင့်ကို ဦးထွဋ်ဆီက တောင်းယူခဲ့ဖူးသည်။
" ဘာတွေးနေလဲ...."
" ရန်ကုန်က ကိုကြီးတို့အဖွဲ့ ဘယ်နေ့ရောက်မလဲ ဦး..."
" ကိုအောင် projects တစ်ခုနဲ့မန်းလေးတက်လာမယ်တဲ့ သမီးကိုလဲ တွေ့ဖူးချင်လို့ ကိုအောင်ဇနီးပါလာမယ်ပြောတယ် "
" ဟုတ်လား....ဒါနဲ့ သမီးကို မူကြိုပို့ကြမလား..."
" ငယ်ပါသေးတယ်ကွာ...ကိုယ်တို့သမီးက bright ဖြစ်ပြီးသားပါ သူ့အရွယ်မှာ ဖွံ့ဖြိုးရမည့် ဉာဏ်ရည်က ထူးချွန်ပြီးသားပါ...ကိုယ့်ပြောတာယုံထား..."
" သာမာန်မဟုတ်တဲ့မိဘတွေက ဆင်းလာတာမို့ သမီး....."
" အဲလိုမတွေးရဘူး သမုဒါ....လိင်တူ/ကွဲပြားကြတာကလွဲ သမီးကို မင်းကိုယ်တိုင်သဘာဝအတိုင်း ကိုးလလွယ်မွေးခဲ့တာပါ ..မိန်းမ/ယောကျာ်း ကွဲပြားမူ မရှိဘူး....ယောကျာ်းနှစ်ဦးကမွေးဖွားလာလို့ အထင်မြင်သေးစွာကြည့်တက်တာ ဉာဏ်ရည်မမှီတဲ့ လူညံ့ လူ့အောက်တန်းစားတွေပဲ ကြည့်တက်ကြနာ...တကယ်က ဒါကကွဲပြားမူမရှိဘူးလေ...လူပဲ မဟုတ်လား...ယောကျာ်း၊ မိန်းမ ခွဲခြားထားလို့သာ လူတွေကအမျိုးမျိုးအမည်တပ်ပြီး ပြောနေကြတာပါကွာ...သိပ်မတွေးနဲ့ "
" ဒါပေမယ့် ဦးရယ်...."
"တော်ပြီ အတွေးဆိုတာမျိုးကလည်း တွေးသင့်တာမတွေးဘဲ၊ မတွေးသင့်တာကို တွေးရင် ကိုယ်ကိုကိုယ့် နှိပ်စက်နည်းတမျိုးပဲ သမုဒါ..."
"ဦး ကောင်းမယ်ထင်သလိုစီစဉ်ပါ...."
" ကိုယ်ခြေထောက်ကောင်းရင် ရန်ကုန်ပြန်အခြေချမယ်...ဟိုမှာ ကိုယ်အိမ်အတွက် ပြင်ဆင်မူပြီးသလောက်ရှိနေပြီ သမုဒါ....
" ဟုတ်....."
" သမီးအတွက်ဆိုပြီး မင်းလျော့ချလိုက်တဲ့ မင်းအတ္တတွေကိုနဲ့ကိုယ်ကို သိမ်းပိုက်နိင်တယ်သမုဒါ...ဟိုတချိန်က လမ်းဘေးပန်းသည်ဘေးဘဝမှတင် မင်းကို ငေးကြည့်မိတာ မုသားမပါတဲ့စကားတွေပါ..."
" အဲ့တုန်းက ဦးထွဋ်က မာနအရမ်းကြီးတာ...စကားပြောဖို့ မုမုကြောက်တာပေါ့"
" ရပ်ကွက်ထဲ ကိုယ်တလေးတစား စကားပြောဖူးတာလဲ မင်းတစ်ယောက်တည်းပဲ သမုဒါ..ကိုယ့်အာရုံထဲမှာလဲ မင်းအတွက်နဲ့အစချီတဲ့မာတိကာတွေများခဲ့ဖူးတယ် ...ကိုယ်ထုတ်မပြောမိခဲ့တဲ့ ကြင်နာမူတွေက မင်းဆီမှာမင်းတစ်ယောက်တည်းအတွက်..."
" တကယ် ...ရည်စားမထားခဲ့ဖူးဘူးလား....."
" ဆယ်ကျော်သက်ဘဝ မှာ ရှိဖူးတယ်...ဖေဖေရှိရာပြန်လာလဲ့ပြီနောက် မင်းတစ်ယောက်တည်းပဲ ကိုယ်မြင်ခဲ့မ်ိတာထင်တယ်...."
" သနားလို့မဟုတ်လား..."
" မငြင်းဆန်ချင်ပေမယ့် ချစ်ခြင်းမေတ္တာတွေပါ ရောနွယ်နေတာပါ ....အားနာတာထက် သနားစိတ်ကို အရောင်မဆိုးရက်နေတာ..."
" မုမုဆို ငိုခဲ့ရတာ...မေမေဆုံးသွားချိန် ဆို ကမ္ဘာတွေပျက်လို့ ...."
" ကိုယ်တောင်းပန်တယ် ..."
" ဦးထွဋ်ကို အပြစ်မဆိုချင်တော့ပါဘူး..မုမုကပြောပြတာပါ အားလုံးကပြီးခဲ့ပါပြီ..ခုလက်ရှိ သမီးလေးပြေတယ် သမုဒါတို့မိသားစုလည်း အတူတူနေရပြီ "
" မင်းကို ပဲ ချစ်မယ် ...မဟုတ်ဘူး မင်းတစ်ယောက်တည်းအတွက်ပဲ ကိုယ်မေတ္တာက "
" အင်း...."
နောက်ပါးဆီကနေ ထင်လင်းထွဋ် လည်ပင်းကို ပွေ့ဖက်တွယ်ယက်လာသည့် သမုဒါ လက်ဖမိုးလေးကို ကြင်နာစွာအနမ်းတစ်ပွင့် ခြွေပေးမိသည်။ ထင်လင်းထွဋ် ပုခုံးပေါ် မျက်နှာလေးတင်တာ အနီးကပ်ဆုံးပွေ့ဖက်ပေးထားမိသည့် သမုဒါ အပြုံးတို့က ကြည်လင်လှပနေသည်။
ပြီးခဲ့ပါပြီ......
နေ့ရက်ဆိုး.....အိမ်မက်ဆိုးတွေ ...ကုန်ဆုံးခဲ့ပြီ။
" ချစ်တယ် သမုဒါ...."
နွေးခနဲဖြစ်သွားပါးပြင်လေးကြောင့် ဒါဒါတို့ဖေဖေ ရှက်သွားဖြာသွားသည်ထင်ရဲ့။
ချက်ချင်းရဲတက်လာသော နားဖျားလေးနှင့်ပါးအို့အို့လေးက သက်သေတည်လျက်။ ခပ်ရေးရေးပြုံးမိရင်ကို မို့တက်လာသော ပါးပြင်နုနုလေးကို ထင်လင်းထွဋ် နဖူးလေးဖြင့်ပွတ်သပ်ကာ သမီးငယ်ကို ရင်ခွင်ထဲပွေ့ပိုက်ထားရင်း သမုဒါကိုကျီဇယ်နေမိသည်။
" ဒီည ကိုယ်နဲ့လာအိပ်...."
" သမီးရှိတယ်...."
" သူ့ကုတင်ကိုအခန်းထဲပြင်ပေးမယ်...."
" အပိုတွေဖြစ်အောင်လို့...."
" လွမ်းခဲ့ရတဲ့ညတွေ ရှည်ကြာနေပြီ...သမုဒါ..."
" အင်း...."
"ခွင့်လွတ်ပေးလို့ကျေးဇူးတင်တယ် ဘယ်လိုအကြောင်းရှိရှိ ကိုယ်လက်မလွတ်ဘူး..."
" မရရအောင်အတင်းကပ်ပူဆာနေတာ သနားလာလို့ ..."
" ကိုယ်အရှက်မဲ့နေပြီထင်တယ်"
" သိလေ ...သမီးတောင်အဲလောက် ပူညံပူညံမလုပ်ဖူးဘူး...."
" ကိုယ်မှ လွတ်မပေးနိုင်တာ ဘယ်နည်းနှင့်ဖြစ်ဖြစ် ..."
" အကြံဆိုးနဲ့ ဒယ်ဒီ...."
" ကိုယ့်အပိုင်လေးမို့ ...."
နူးညံ့ညင်သာလွန်းတဲ့လေပြေလေးက ရှက်ပြေးနေလေပြီ။ အိပ်ငိုက်စပြုနေသည့်သမီးငယ်ခေါင်းလေးကို ထင်လင်းထွဋ် ပွေ့သပ်ချော့မြူရင်း လည်ပင်းပေါ် ဖြာယှက်နေသည့် အမျိုးသားငယ်လက်မောင်းလေးကိုပါ မှီသလောက် နမ်းရိူက်မိသည်။ သမုဒါရင်ခွင်သေးသေးလေးထဲ ခေါင်းတိုးဝင်ရင်း ချစ်ခြင်းမေတ္တာဟုသည့် စကားစုလေးကို ညိမ့်ညိမ့်ညောင်းစွာ နားဆင်နေမိသည်။ ထပ်တူကျနေသည့်ရင်ခုန်သံတွေက နူးနူးညံ့ညံ့လေး၊ တသွင်သွင်းစီးဆင်းနေသည့် စိမ့်စမ်းရေလေးအလား...သမီးငယ်နဖူးပြင်လေးပေါ်က ဆံသားနုနုလေးကို အပေါ်ပင့်တင့်ပေးရင်း...။
" ဒီမိသားစု အသိုက်အဝန်းလေးကို ကိုယ်အရမ်းတန်ဖိုးထားသလို မြတ်နိူးတယ်"
" အင်း...."
ရန်ကုန်မှလာသည့်ဧည့်သည်တချိူ့ကို သမုဒါတို့ အစားအသောက်ကောင်းများဖြင့် ဧည့်ခံပေးသည့်အချိန် သမုဒါ သမီးကို ကိုအောင်က ချီပိုးထားသည်က လက်ပေါ်ကမချ။ ကိုအောင်ဇနီးဖြစ်သူက ခဏပေးချီပါလို့ပြောယူရသည်အထိ ပန်းမြတ်သဒ္ဒါထွဋ်တို့က မျက်နှာပန်းလှခဲ့သည်။ စကားတက်လွန်းတဲ့ သမီးအပြောတွေအောက် တဟားဟားအော်ရယ်ရင်း သမီးကို မူန့်ဖိုးပေးနေကြသည်ကို သမုဒါငြင်းဆန်ခဲ့သော်လည်းမအောင်မြင်ခဲ့ပါ။
" တို့တူမလေးကို ပေးတာမို့ အစ်ကိုတို့ကို နားလည်ပေး..."
" မုမုက...."
" သမုဒါက မင်းတို့ကိုအားနာနေတာ..."
" အားနာရမည့်လူတွေမဟုတ်ပဲ ကိုထွဋ်....လေ့ကျင့်ခန်းပုံမှန်လုပ်ပါ...တို့တွေ ရန်ကုန်မှာပြန်ဆုံမယ်"
" ကျေးဇူးကိုအောင်...."
" ညီအစ်ကိုတွေပဲ..."
သမုဒါတို့အိမ်မှာ တည်းခိုပါဆိုတာ မဟုတ်ရပြန်။
အလုပ်ကိစ္စနှင့်အတူလာခဲ့တာ ဆိုတဲ့အကြောင်းချက်ဖြင့် တစ်ညနေအချိန်ကို ရယ်မောပျော်ရွှင်စွာဖြင့် အချိန်မည်သို့ကုန်သွားသည် မသိလိုက်ပါ။
သမီးကတော့ လက်ဆောင်ရ အရုပ်တွေကို ဟိုတစ်ခု၊ ဒီတစ်ခု ခွဲထားပြီး ဘာတွေအလုပ်ရူပ်နေလဲ သမုဒါမသိခဲ့။ ကိုကြီးအောင်မြတ်တို့အိမ်ကို မနက်အစော လာခဲ့ကြဆိုတဲ့ စကားကြောင့် ဒီည သမုဒါ သမီးကို စောစောပေးအိပ်စေမည်။
အနည်းငယ်ဂျီကျချင်ပါသော ကောက်ကွေးလေး သမီးကို ချော့တစ်ခါ/ခြောက်တစ်လှည့်ျချာ့သိပ်ရမည် မဟုတ်ပါ့လား။
" သမီးအိပ်ဖို့ ကုတင်စင်ပြီးပြီ "
အင်း/အဲမလုပ် ထင်လင်းထွဋ်စကားကို မျက်စိထောင့်စွေ့စွာ ကြည့်သွားသည့် အမျိုးသားငယ်ရဲ့အပြုအမူကြောင့် ထင်လင်းထွဋ်ခေါင်းမော့ကာ ရယ်သောမိသည်။
ဘာရုပ်လေးလဲကွာ......။
ရယ်သောသံသဲ့သဲ့က သမုဒါ နားစင်ဝဝယ်ခါးသက်နေသည့်အလား ထိုအမျိုးသားကို ထပ်မံပို့လွတ်မိသည့်က မကျေနပ်သည့်အမူအရာ။
" ကိုယ်ဘာမှမရယ်ပါဘူးကွာ...."
" ခင်များ....."
" ဟောဗျာ.....ကိုယ်ဘာမှလဲ မလုပ်ရဘဲ...."
နောက်တစ်ကြိမ်ရောက်လာမည့် မျက်စောင်းလှလှလေးကို ထင်လင်းထွဋ်မျှော်လင့်ရင်း ။
သမီးအိပ်ယာပေါ် အသာယာ ချပေးမိရင်း စောင်းပါးလွှမ်းခြုံကာ သမီးနဖူးပြင်လေးကို ညချမ်းအနမ်းလေးဖြင့်မှေးစက်စေသည်။
နောက်ပါးဆီက သန့်ရှးပြီးဖြစ်နေသော ဦးထွဋ်က သမုဒါ အလာကို စောင့်မျှော်နေဟန်။ အမြဲငဲ့စောင်းကာ ကြည့်နေသည့် ဦးထွဋ်။
" အိပ်နှင့်တာမဟုတ်ဘူး..."
သန့်စင်ခန်းကထွက်လာသော သမုဒါအပြောလေးကို ခပ်ရေးရေးပြုံးကာ ခြုံစောင်ဖယ်ထားပေးရင်း ရင်ခွင်ဖွင့်ကာကြိုဆိုနေပြန်သေးသည်။
အင့်......!
" ဘယ်လိုဖြစ်နေလဲ ခင်များ...."
" လွမ်းနေတာ ဒီကိုယ်သင်းရနံ့လေးကို "
ရင်ခွင်ထဲ ထည့်ကာ ကျစ်နေအောင်ထွေးဖက်ခံထားရသည့် သမုဒါလည်ပင်း၊ နားစယ်သပ်လေးတွေကို တရစပ်နမ်းရိူက်နေသည့် ဦးထွဋ်ကြောင့် လိမ်ဖယ်တွန့်ကွေးနေရသည့်သမုဒါ။
တွန်းဖယ်မရ ...ရုန်းကန်မရ ။
ခက်ပြီ.........။
ဒီလူကြီး အတော်ဆိုးဆိုး ....။
" ဘယ်လိုတွေ ....အွတ်.......အင်းးးးးးးးးးး"
" ကိုယ် လွမ်းနေရတာ.......အင်းးးးးးးးးအာ့...."
" အားးးးးးးးဦးထွဋ်............"
" မင်းမို့လို့......သမုဒါ မင်းဖြစ်နေလို့ ......"
ညမီးအလင်းရောင်အောက်က လှချင်တိုင်းလှနေသည့် ကလေးငယ်ကို ဒီအတိုင်းပေးအိပ်ရန် ထင်လင်းထွဋ်မှာ ဆန္ဒရှိမနေခဲ့ပါ။
လွမ်းမောခဲ့ရသည့် အချစ်ညလေးအတွက် အားသွန်ခွန်စိုက်ကြိုးစားရန်အတွက်လည်း ထင်လင်းထွဋ်မှာ ခွန်အားအပြည့်။
ဒါ ကိုယ့်အမျိုးသား......၊ သမီးလေးရဲ့ ဖခင်ဆိုတဲ့ ဂုဏ်ပုဒ်လေးနှင့်အတူ ဟိုတချိန်ကတည်းက နားအကြား ပန်းလေးတစ်ပွင့်ညှပ်ကာ အမြဲပန်ဆင်တက်သည့် သမုဒါဖြစ်နေလို့ ။
သမုဒါမို့ ....အရားအားလုံးကို ပုံအပ်ကာ ချစ်ပေးမည်။
ရွှေ၊ငွေ စည်းဇိမ်ထက် သာလွန်သော အဖိုးတန်လူသားလေးမို့။ ....
" ကလေး...ပင်ပမ်းသွားပြီ...."
#မမအတွက်voteပေးခဲ့ဖို့မမေ့နဲ့နော်
#Takecareall
Bạn đang đọc truyện trên: ZingTruyen.Xyz