ZingTruyen.Xyz

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)

401+402

jellyflower1

အပိုင်း(၄ဝ၁)

ကျောက်စိမ်းပြား ဘယ်မှာလဲ

 
“ယွဲ့အာ”
ထိုအချိန် အခိုက်အတန့်လေး အတွင်း ခမ်းနားထည်ဝါသော အခန်းမှာ ရှောင်ချန်က အိပ်ရာပေါ် လဲလျောင်းနေတဲ့ ပျံတံတံ နန့်တန့်တန့် အမျိုးသမီးကို ကြည့်နေရှာတယ်။ သူလည်း အပြစ်ရှိသော ပုံစံဖြင့် သူမအနားကို ဖြည်းဖြည်းချင်း ချဉ်းကပ် လာလိုက်တယ်။ သူမရဲ့ နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်လေးကို ညင်သာစွာ ပွတ်သပ်ရင်း သူ့မျက်ဝန်းမှာ မကျေနပ်ချက်များကို ဖုံးကွယ်ထားလေတော့…။
“စိတ်မဆိုးပါနဲ့တော့နော် ကိုယ်က ချစ်ဇနီးလေး အတွက် လက်စားချေပေးပါမယ်… မင်းလေးရဲ့ ဒေါသစိတ်ကို ဖြေလျော့ပေးပါမယ်”
လင်ယွဲ့လည်း နှုတ်ခမ်းစူလိုက်ပြီး မျက်နှာကို နံရံဘက် မျက်နှာမူ ထားလိုက်တယ်။ ရှောင်ချန် သူမကို လျစ်လျူရှု ရက်စက်ခဲ့တာကြောင့် သူမ ခွင့်မလွှတ်နိုင်ဘူး ဆိုတာ ထင်ရှားနေတာပဲလေ။
“ယွဲ့အာ”
သူ့အပေါ်ထားရှိတဲ့ လင်ယွဲ့ရဲ့ သဘောထားကို မြင်ရတော့ ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင် အပေါ်ထားရှိတဲ့ ရှောင်ချန်၏ မကျေနပ်ချက်များက ပိုပြီးတော့ ပြင်းထန်လာခဲ့တယ်။ သူလည်း အသပ်ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီးတော့ စကားဆိုလိုက်တယ်။
“မကြာခင် ယွီချင်းကို ကျင့်ကြံဆင့် တိုးတက်ဖို့ လျှို့ဝှက် နယ်မြေထဲ ဝင်ခွင့်ပေးတော့မယ်လို့ အဖေက ပြောတယ်… ဒီကိစ္စပြီးသွားရင်တော့ ချစ်ဇနီးလေး ဒီလူတွေကို စိတ်ကြိုက် စီရင်လို့ ရပြီ”
လင်ယွဲ့ အသားတဆတ်ဆတ် တုန်သွားရပြီး မကျေချမ်းသော အကြည့်များက သူမမျက်ဝန်းမှာ တဖျတ်ဖျတ် လက်နေခဲ့ရတာပေါ့။ သူ ရှောင်ချန်ဘက်ကို လှည့်ကြည့်လိုက်တယ်။
“ မကြာခင် ယွီချင်း လျှို့ဝှက်နယ်မြေထဲ ဝင်နိုင်တော့မယ်လို့ ရှင် ပြောလိုက်တာလား”
ရှောင်ချန်လည်း အေးအေးလူလူ ခေါင်းညိတ်လိုက်တယ်။
“ဒါက အဖေ့ရဲ့ ဆုံးဖြတ်ချက်… အမှိုက်ကောင် စေ့စပ်သင်္ကေတကို ပြန်အပ်သည် ဖြစ်စေ ပြန်မအပ်သည် ဖြစ်စေ သူနဲ့ လင်ယောင် ကြားက စေ့စပ်ကြောင်းလမ်းမှုကို ဘာပဲဖြစ်ဖြစ် ဖျက်သိမ်းမယ်တဲ့”
“ဒါဆို ယွီချင်းကို လင်မိသားစုက ကောင်မလေးနဲ့ တတ်နိုင်သမျှ မြန်မြန်  လက်ထပ်ဖို့ တိုက်တွန်းရမယ်ပေါ့”
လင်ယွဲ့လည်း ရွဲ့စောင်းရင်း မေးလိုက်တယ်။
“မဟုတ်ရင်လည်း တခြားမိန်းမတွေက သားလေးကို ငမ်းငမ်းတက် လိုချင် တပ်မက်နေမှာ”
ယွမ်လော့ဖုန်းက အမှိုက်လို ကောင်ကို ချစ်မှာ မဟုတ်ဘူးလို့ သူမ တွေးမိနေဆဲပါ။ ဒါပေမဲ့ ရှောင်ယွီချင်းကို ချစ်နေမိတာတော့ သေချာမယ်။ သို့သော်လည်း ယွမ်လော့ဖုန်းသာ ရှောင်ယွီချင်းနဲ့ အချစ်မှာ ကျဆုံးနေတယ်ဆိုရင် သူမကို ဒီလောက်အထိ ပြင်းပြင်းထန်ထန် ရိုက်နှက် ရက်ရတာလဲ။ ဒီအကြောင်းကို သူမ မစဉ်းစားမိခဲ့ဘူး။ သူမသားကို တကယ်ချစ်ရင် သူမကို ရိုက်နှက်ပါ့မလားဆိုတဲ့ အချက်ကိုတော့ သူမ ဘယ်သောအခါမှ စဉ်းစားမိမှာ မဟုတ်ပါဘူး။
“အရင်က အပြုအမူလေးအတွက် ကိုယ့်ဇနီးလေး ယွဲ့အာက ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မလား”
 ရှောင်ချန်လည်း ဒဏ်ရာ ဗရပွဖြင့် ဖုံးလွှမ်းထားတဲ့ လင်ယွဲ့ခန္ဓာကိုယ်ကို ဖျတ်ခနဲ ကြည့်လိုက်တယ်။ ကြည့်နေတဲ့ သူ့မျက်ဝန်းများက နူးညံ့မှု အပြည့်နှင့် သနားစဖွယ်ပေါ့….။ ဒီလို ကြောက်စရာကောင်းတဲ့ ပုံစံဖြစ်အောင် ယွမ်လော့ဖုန်း ဘယ်လိုများ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်လိုက်လည်း ဆိုတာ တွေးတောင် မတွေးရက်ဘူး။  ရက်စက်လွန်းပါဘိ…။
လင်ယွဲ့မျက်ဝန်းများက မည်းမှောင်သွားခဲ့တယ်။ (မကောင်းကြံစည်သော သဘောဆောင်တာ)
“နှစ်ပေါင်းများစွာ ရှင့်ဇနီးတစ်ယောက် အဖြစ် ရှင့်ကို ခစားခဲ့ပြီး  ရှင့်အတွက် ထူးချွန်တဲ့ သားတစ်ယောက် မွေးပေးခဲ့တယ် ဒါပေမဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာ ရှင်က ကျွန်မကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တယ်  ကျွန်မ ဘယ်လောက်အထိ စိတ်ပျက်သွားခဲ့ရလဲ ဆိုတာ ရှင် သိရဲ့လား”
“ယွဲ့အာ … အဲဒီအချိန်က ကိုယ်တို့ သားလေးအတွက်  ရွေးချယ် လိုက်ရတာပါ ကိုယ်တို့တွေ အမှိုက်ကောင်ကို အသုံးချဖို့အတွက် လိုအပ်နေသေးတယ်…၊ ဒီအမှိုက်ကောင်က ကိုယ်တို့အတွက် အသုံးမဝင်တော့ရင် သတ်လိုက်လို့ ရတယ်”
 နောက်ဆုံး စကားတစ်ခွန်း အဆုံးသတ်သွားတော့ ရှောင်ချန်လည်း အံကြိတ်လိုက်တယ်။ ယွမ်ရှောင်က သူ့သားအရင်း မဟုတ်သလို ပြုမူဆက်ဆံပြီး သူသေကိုယ်သေ သတ်မယ့် ရန်သူများလိုသာ ကြံဆောင်နေတယ်။
သူ့စကားကိုကြားရတော့ လင်ယွဲ့လည်း မျက်လုံးကို ဝှေ့လိုက်ပြီး အကောက်ကြံစွာ စကားဆိုတယ်။
“မျိုးဆက်များကို ထိန်းချုပ်နိုင်ဖို့ ရှောင်မိသားစုမှာ မွေးကင်းစ ကလေးတစ်ယောက် ရှိလာတာနဲ့ အဲဒီကလေးရဲ့ ဝိညာဉ်အပိုင်းအစကို ထုတ်ယူပြီး ကျောက်စိမ်းပြား မှာထားတယ်လို့ ရှင် ပြောခဲ့ဖူးတယ်နော်”
“ယွဲ့အာ…. မင်း ဆိုလိုတာက…”
“ကျွန်မ အမှိုက်ကောင်ရဲ့ ကျောက်စိမ်းပြား လိုချင်တယ်”
လင်ယွဲ့လည်း နှုတ်ခမ်းထောင့်များကို မြှင့်တင်လိုက်ပြီး ရက်စက်သော အပြုံးကို ဖန်ဆင်းလိုက်တယ်။
“ရှင်… ကျွန်မ ခွင့်လွှတ်တာကို ခံယူချင်ရင်တော့ အမှိုက်ကောင်ရဲ့ ကျောက်စိမ်းပြားကို ယူလာခဲ့လိုက်…၊ မဟုတ်ရင်တော့ ကျွန်မ ရှင့်ကို ခွင့်မလွှတ်ဘူး”
ရှောင်ချန် တိတ်တဆိတ် မျက်မှောင်ကြုတ် လိုက်တယ်။ ရှောင်မိသားစုရဲ့ ကျောက်စိမ်းပြား အားလုံးက အဖေ့လက်ထဲမှာ ဖြစ်နေတယ်။ အဖေက ယွီချင်းကိစ္စ ပြင်ဆင်ဖို့ အလုပ်များနေတယ်။ အရေးမပါတဲ့ အသေးအဖွဲကိစ္စ အတွက် စဉ်းစားဖို့ အချိန်မရှိဘူး။ ဒါပြင် သူ အားလပ်ရင်တောင် လင်ယွဲ့ကို ကျောက်စိမ်းပြားပေးဖို့ မလိုအပ်ဘူးလေ။
သို့သော်လည်း လင်ယွဲ့၏ ဒေါသထွက်နေသော မျက်ဝန်းများကြောင့် ရှောင်ချန်လည်း အံကြိတ်ရင်း ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချမှတ်လိုက်တယ်။
“ကောင်းပါပြီ… ကျောက်စိမ်းပြား ဘယ်မှာ သိမ်းထားလည်းဆိုတာ ကိုယ်သိတယ်၊ နောက်မှ ကိုယ် မင်းအတွက် ခိုးထားပေးမယ်… ဒါပေမဲ့ ကိုယ်ယူသွားတဲ့ နေရာမှာ အစားထိုးဖို့ အရင်ဆုံး အတုတစ်ခု လုပ်ထားဖို့ လိုအပ်တယ်”
သူ ဒီလိုသာ မလုပ်ဆောင်ထားဘူးဆိုရင် သူ လုပ်ထားတဲ့ အပြစ်ကို သူ့ဖခင် သိသွားခဲ့ရင် မိုးမီးလောင်မှာ သေချာနေတယ်လေ။
 
***

အပိုင်း(၄ဝ၂)

လျှို့ဝှက်နယ်မြေ (၁)

 
“ယောက်ျား”
ရှောင်ချန်ရဲ့ စကားကို ကြားပြီးတော့မှ လင်ယွဲ့မျက်နှာက ပိုပြီးတော့ နူးညံ့ သိမ်မွေ့လာပြီး သူမ၏ ဖောင်းပွနေသော ဝက်မျက်နှာကို ရှောင်ချန်ရဲ့ ရင်ခွင်ထဲ အပ်ထားလိုက်တယ်။ တီးတိုးလေး သူမ စကားဆိုတယ်။
“ဒါဆို… ဒီနေရာလေးမှာ ရှင် သတင်းကောင်းကို စောင့်နေမယ်”
လင်ယွဲ့၏ ဖောင်းပွနေသော ဝက်မျက်နှာကို မြင်ရတော့ ရှောင်ချန် ပျို့အန်ချင်လို ဖြစ်လာတယ်။ သို့သော်လည်း အရင်က ရှောင်လင်း သူ့ကို ပြောခဲ့တဲ့ စကားကို ပြန် စဉ်းစားမိတော့  သူ့စက်ဆုပ်ရွံရှာနေတဲ့ မျက်နှာအမူအရာကို ဖုံးကွယ်ထားလိုက်ပြီး သူ့မျက်ဝန်းမှ ချစ်ခင်နှစ်သက်သော အရိပ်အမြွက်များကို ဖော်ပြပေးနေရတာပေါ့။
“ယွဲ့အာ … ကိုယ် မင်းအတွက် မကြာခင်မှာ ကျောက်စိမ်းပြား ယူလာပေးပါမယ် မင်းလေးက ဒီနေရာလေးမှာ တိတ်တဆိတ် စောင့်မျှော်ပေးနေနော်”
ပြောပြီးတာနဲ့ ရှောင်ချန်လည်း လင်းယွဲ့၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ပြီး မပြုံးချင်သော်လည်း အားတင်း ပြုံးလိုက်တယ်။ သူတို့ စကားပြောနေစဉ်မှာ တစ်စုံတစ်ရာကို လုံးဝ သတိမထားမိခဲ့ကြဘူး။ ကြွက်လေးက မှောင်မိုက်သော အခန်းထောင့် တံခါးအောက်လေး နားမှာ ပုန်းကွယ်နေပြီး တကျွီကျွီ အသံပြုကာ တံခါး အပြင်ဘက်သို့ ပြေးထွက်သွားတယ်။ ထွက်ခွာသွားတဲ့ ကြွက်လေးက တောက်ပနေသော နေရောင်အောက်မှာ ပျောက်ကွယ် သွားလေတော့။
 

***
 


အနောက်ဘက် ခြံဝင်း  
ဇိမ်ကျသော အိပ်ရာပေါ်မှာ ယွမ်လော့ဖုန်းက သူမရဲ့ မျက်ဝန်းများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး အပြင်မှ တစ်ဟုန်ထိုး ပြေးဝင်လာတဲ့ ရွှေရှာကြွက်လေးကို ကြည့်ကာ မေးလိုက်တယ်။                                                                                                            
“ဘယ်လိုလဲ… တစ်ခုခု ကြားခဲ့မိသေးလား”
ရွှေရှာကြွက်လေးက ယွမ်လော့ဖုန်းပေါင်ပေါ် ခုန်တက်လိုက်ပြီး ပျော်လွန်းလို့ ခုန်ပေါက် ကမြူးကာ လက်ဟန်ခြေဟန်ဖြင့် စကားဆိုတယ်။
“ရှောင်မို… သူ ဘာပြောတာလဲဆိုတာ နားလည်လား”
ယွမ်လော့ဖုန်းလည်း သူမနဖူးကို ကြုတ်ရင်း မေးလိုက်တယ်။
အချိန်အတော်ကြာပြီးမှ ရှောင်မိုရဲ့ နူးညံ့သော စကားသံလေးကို သူမ စိတ်ဝိညာဉ်မှ တစ်ဆင့် ကြားနိုင်တယ်။
“သခင်… နို့လက်ဖက်ရည်လေး ပြောတာက ရှောင်ချန်နဲ့ လင်ယွဲ့ရဲ့ အခန်းထဲမှာ သတင်းတချို့ ကြားလာရတယ်တဲ့။  ကျောက်စိမ်းပြားက ရှောင်လင်း လက်ထဲမှာ ရှိတယ်။ ဒါပေမဲ့ သူမကို ချော့မြှူချင်တယ်ဆိုရင် ကျောက်စိမ်းပြားကို သူမအတွက် ခိုးပေးရမယ်လို့ လင်ယွဲ့က ရှောင်ချန်ကို ပြောထားတယ်လို့ နို့လက်ဖက်ရည်လေး ပြောတာပါ”
တဒင်္ဂတော့  ယွမ်လော့ဖုန်းလည်း ဘာပြောရမှန်း မသိအောင် မှင်တက်သွားရတယ်။ အလွန်လှသော သူမမျက်နှာမှာ အပြုံး တစ်ပွင့် ပေါ်လွင်လာတာပေါ့။
“ဒီလောက် အရှက်ခွဲခံထားရတာ လင်ယွဲ့က အလွယ်တကူ မေ့ဖျောက် မျိုသိပ်မယ့်လူစားမျိုး မဟုတ်ဘူးဆိုတာ ခန့်မှန်းမိပါတယ်။ ဒါကြောင့်လည်း အခြေအနေကို အကဲခတ်ကို နို့လက်ဖက်ရည်လေးကို လွှတ်လိုက်တာပေါ့…  အံ့သြမှုအကြီးအစား ပြန်ရမယ်လို့တော့ မထင်ထားမိဘူး”
“နို့လက်ဖက်ရည်လေး အခြေအနေကို ဆက်ပြီးတော့ စောင့်ကြည့်ထားလိုက် သတင်းထူးရှိရင် ငါ့ကို ချက်ချင်း လာရောက် အကြောင်းကြား”
နို့လက်ဖက်ရည်လေးက ပျော်ရွှင် သွက်လက်စွာ အခန်းအပြင်ဘက်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားတယ် မျက်တောင် တစ်ခတ်အတွင်းမှာ ပျောက်ကွယ် သွားတာပေါ့။
ယွမ်လော့ဖုန်းလည်း ပျောက်ကွယ်သွားတဲ့ နို့လက်ဖက်ရည်လေး အရိပ်ကို ငေးကြည့်ရင်း ပြုံးလိုက်တယ်။ ကောက်ကျစ် စဉ်းလဲသော အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေသော မျက်နှာက ပြုံးရိပ် သန်းနေတာပေါ့။
“အခုတော့ ဒီနေရာလေးမှာ သတင်းကောင်းလေးကို တိတ်တဆိတ် စောင့်နေရုံပဲပေါ့ ကျောက်စိမ်းပြားရတာနဲ့ ရှောင်မိသားစုကို ဆန့်ကျင် တိုက်ခိုက်လို့ ရပြီပေါ့”
 

***
 


ညအချိန်….
 လရောင်က အခန်းကို ဖြန့်ကြက်ထားတာပေါ့။
ရှောင်ချန်က တံခါးပေါက်ဝမှ အခန်းထဲကို တိတ်တဆိတ် ခိုးဝင်တာပေါ့။ သူ့နောက်ကို ဘယ်သူမှ လိုက်မလာတာ သေချာမှ သက်ပြင်းရှိုက်ပြီး အိပ်ရာပေါ်မှာ မျက်ဝန်း မှေးစဉ်းရင်း လဲလျောင်းနေတဲ့ လင်ယွဲ့အနား လျှောက်လှမ်း သွားလိုက်တယ်။
“ကိုယ် မင်းအတွက် ကျောက်စိမ်းပြား ယူလာပေးတယ်”
သူလည်း သူ့ဝတ်စုံမှ ကျောက်စိမ်းပြားကို ဂရုတစိုက် ဆွဲထုတ်လိုက်ပြီး လင်ယွဲ့ အရှေ့ထားလိုက်တယ်။
“မင်း ဒီကျောက်စိမ်းပြားကို ဂရုတစိုက် သိမ်းထားရမယ်နော်။ အနည်းဆုံးတော့ ယွီချင်း အိမ်တော်ခေါင်းဆောင် နေရာကို ဆက်ခံလို့ မရသေးခင် အချိန်လေးအထိတော့ မင်း ဘယ်သူကိုမှ သိခွင့်ပေးလို့ မဖြစ်ဘူး။ ဒီကိစ္စ အဖေ့ရဲ့နားထဲ ပေါက်ကြားသွားခဲ့ရင် ကိုယ်တို့ နှစ်ယောက်စလုံး အပြစ်ပေးခံရမယ်”
ရှောင်ယွီချင်း မိသားစု ခေါင်းဆောင် ဖြစ်လာရင် သူက ဒီမိသားစုမှာ အာဏာ အရှိဆုံး လူတစ်ယောက် ဖြစ်လာမှာ။ ဒါကြောင့် သူက ရူးကြောင်ကြောင် အဘိုးကြီးကို ကြောက်နေစရာ အကြောင်း မရှိတော့ဘူး။
လင်ယွဲ့လည်း ကျောက်စိမ်းပြားကို တအံ့တသြ ယူလိုက်တယ်။ သူမမျက်နှာမှာ ယုတ်မာသော အပြုံး ပေါ်လွင်လာတာပေါ့။
“အမှိုက်ကောင်… သူ့ဘဝ ငါ့ထိန်းချုပ်မှု အောက်မှာ ရောက်လာမယ်လို့ မျှော်လင့်ထားမှာ မဟုတ်ဘူး နောင်ဆို ငါ့သေဆိုသေ … ငါ ရှင်ဆို ရှင် ဘဝနဲ့ နေထိုင်ရမယ်”
 

***

Bạn đang đọc truyện trên: ZingTruyen.Xyz