ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
အခန်း(၈၀)
အပိုင်း(၈၀)
ခေတ်ဟောင်းမော်ဒယ်
မို့ယွီရို့က ဟန်ယွီဖန်အား ကိုယ်ဝန်ဖျက်ချရန် အကြံပေးဖို့ တိုက်တွန်းစေလိုတယ်။ ဒါက သူတို့ရဲ့ ဆက်ဆံရေးကို ပြီးပြတ်စေမယ်။ မို့ယွီယို့က ဟန်ယွီဖန်နဲ့နှစ် ပေါင်းများစွာ အတူတူ ဖြတ်သန်းလာခဲ့တော့ အခြေအနေတွေကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကောင်းစွာ သတိထားမိတယ်။ တစ်ချိန်က လျှို့ဝှက်ခဲ့တဲ့ အရာအားလုံးဟာ သူမကို ဒုက္ခဖြစ်စေတဲ့ ကိစ္စတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဟန်ယွီဖန် သူမကို စူးရှတဲ့ အကြည့်နဲ့ ငေးကြည့်လိုက်တယ်။ သူက သူမရဲ့ ဝိညာဉ်ကို တစ်ဆင့် ကြည့်ရှုသလိုပဲ
"ဒါပေါ့ မင်းဒီ ကလေးကို မွေးသင့်တာပေါ့။ ဒီကလေးအတွက် အများကြီး စွန့်လွှတ်ခဲ့ပြီးပြီ။ ငါအလွယ်တကူ လက်လျှော့ အရှုံးပေးမယ်လို့ မင်းထင်နေတာလား။ မို့ယွီရို့ ငါ့ကိုပြောစမ်းပါ။ ငါ့ကလေးကို မင်း ဖျက်ချရဲတယ် ဆိုရင် မင်းရဲ့ အသက်မွေး လုပ်ငန်းကို ဖျက်ဆီးပစ်ဖို့ ငါအကုန် လုပ်ရဲတယ်"
ဟန်ယွီဖန်ရဲ့ စကားလုံးတွေက လေးနက်ပြီး အန္တရာယ်ပြုမယ့် အလားအလာ ရှိတယ်လို့ သတိပေးနေတယ်။ မို့ယွီရို့က သူနဲ့ တန်ရီကနေ ထွက်သွားချင်ပေမဲ့ အဲဒါက ထင်သလောက် မလွယ်ဘူး။ မို့ယွီရို့က ဟန်ယွီဖန်ကို ကြည့်ရင်း အံ့အားသင့်နေတယ်။ သူမ တွေးလိုက်တယ်။ ဟန်ယွီဖန့် ဒေါသအရ ဒီကလေး တည်ရှိမှုကို လက်ခံရတော့မယ်။ ဒါပေမဲ့ ... သူက ကလေးကို စောင့်ရှောက်ဖို့ ပြောတယ်လို့ ဘယ်သူက ထင်မှာလဲ သူမ ဒီကလေးကို လက်ခံမယ်ဆိုရင် Creative Century နဲ့ လက်မှတ်ထိုးဖို့ ဘယ်လို လုပ်ရမှာလဲ သူမ အေဂျင်စီ ပြောင်းမယ်ဆိုတဲ့ သတင်းက တောမီးလိုပဲ ပျံ့နှံ့သွားခဲ့တယ်။
သူမ ဒီကလေးကို ရှင်းမပစ်ဘူးဆိုရင် မစ္စတာလီနဲ့ Creative Century ကို ဘယ်လို ရှင်းပြရမလဲ ဟန်ယွီဖန်က မို့ယွီရို့ မှင်တက်နေတာကို ကြည့်ရင်း သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အပေါ်ကို ကွေးညွှတ်လာတယ်၊ သူ့ကို သစ္စာဖောက်ပြီး သူမတစ်ယောက်တည်း ဆုတ်ခွာခွင့်ပေးဖို့ နည်းလမ်း မရှိဘူး။ သူက သူမလုပ်မယ့် စက်ဆုပ်ဖွယ်ကောင်းတဲ့ အရာတွေကို စောင့်ကြည့်နေမယ်။ အခု သူမ ကျားမြီးဆွဲမိပြီ။
ဒါကို တွေးမိရင်းနဲ့ တျန်းနင်က ဟန်ယွီဖန်ရဲ့ စိတ်ကို နောက်တစ်ခါ ဖမ်းစားထားတယ်။ သူမ တစ်ခါပဲ ဘယ်လောက် ခံစားရပါစေ သူမရဲ့ စိတ်အခြေအနေက ... အဲဒီအချိန်မှာ သူ အရာအားလုံးကို နားလည် လာတယ်လို့ ခံစားရတယ် တစ်ယောက်ယောက်ကို သစ္စာဖောက်ခြင်းက တစ်ယောက်ယောက်ကို ရက်စက်စေပြီးတော့ အခြားတစ်ယောက်ကို ပျက်စီးဖို့ မျှော်လင့်ချက် ရှိစေတယ်။
မကြာခင်ပဲ ဟန်ယွီဖန်က သူ့ဖုန်းကို ကောက်ယူလိုက်တယ်။ မို့ယွီရို့ရှေ့တင် လုံကျဲကို ဖုန်းခေါ်လိုက်တယ်။
"ငါ့ကို တျန်းနင်ရဲ့ အချိန်စာရင်းပေးပါ။ ဒီညပဲ ပြင်သစ်ကိုသွားဖို့ လေယာဉ်လက်မှတ် စီစဉ်လိုက်မယ်"
ဖုန်းရဲ့ အခြား တစ်ဖက်မှာတော့ လုံကျဲက ကြက်သေ သေသွားတယ်။ ဟန်ယွီဖန်က ပြင်သစ်ကို တကယ် သွားချင်တာလား။ ကြည့်ရတာ တျန်းနင်နဲ့ ပြေလည်ဖို့ စိတ်ကူးရှိနေတာ နေမှာ။ လုံကျဲရဲ့ အဖြေ မပြန်တာကိုသိတော့ ဟန်ယွီဖန်ရဲ့ အသံက အေးစက်လာပြီး မာန်ပါပါနဲ့ ပြောလိုက်တယ်။
"လုံကျဲ ငါက တန်ရီရဲ့ CEO ပါ။ တျန်းနင်က ငါ့ရဲ့ လက်အောက်က အနုပညာရှင်ပါ။ သူမ ဘာတွေလုပ်နေလဲ ဆိုတာ ငါသေသေချာချာ သိချင်တယ်"
တကယ်တော့ တျန်းနင်က လုံကျဲရဲ့ ဖုန်းကနေ သူ့စကားတွေကို ကြားလိုက်တယ်။ ဒါကြောင့်သူက လုံကျဲကို ညွှန်ကြားလိုက်တယ်။
"သူ့ဆီကို ပို့ပေးလိုက်"
"ဒါပေမဲ့ ..."
တျန်းနင်က သူ့ခေါင်းကို ယမ်းလိုက်တယ်။ ဟန်ယွီဖန်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ မလိုဖူးလို့ လုံကျဲ သတိ ရလိုက်တယ်။ လုံကျဲ ခေါင်းညိတ်လိုက်တယ်။ စိတ်မပါဘဲနဲ့ ဟန်ယွီဖန်ကို ပြောလိုက်တယ်။
"ကျွန်မအဲဒါကို ရှင့်ဖုန်းဆီ ပို့ပေးမယ်"
ပြီးတော့ သူမ ဖုန်းကို ကိုင်ထားရင်းနဲ့ တျန်းနင်ကို စိတ်ရှုပ်စွာ ကြည့်လိုက်တယ်။
"နင်ဥက္ကဋ္ဌကြီးရဲ့ ကုမ္ပဏီကို ထိန်းသိမ်းသင့်တယ်။ ဘာလို့ ဟန်ယွီကို ခွင့်ပြုလိုက်တာလဲ"
"နင် မပြောနိုင်ဘူး။ မို့ယွီရို့က သူ့ဘေးမှာ ရှိနေတယ်။ သူက သူမရဲ့ သဝန်တိုတာကို လိုချင်တယ်။ Creative Century ဆီ သွားမယ့် အရာအားလုံးနဲ့အတူ သူဒီကို တကယ် လာမယ်လို့ ထင်လား စိတ်မပူပါနဲ့ နဂို အချိန်ဇယား အတိုင်းဆို ငါတို့ Hotel မှာ နေလို့ မရဘူး"
တျန်းနင်က ဘာလို့ မို့ထင်အဝတ်စားတွေ မထည့်ခဲ့လဲဆိုတာ ရှင်းပြလိုက်တယ်။ သူမဆီက ကြားပြီးတော့ လုံကျဲ စိတ်သက်သာပြီးတော့ သူမ တျန်းနင်ရဲ့ အချိန်ဇယားကို ဟန်ယွီဆီ ပို့လိုက်တယ်။
"ကောင်းပြီ မနက်ဖြန်မနက် ... ငါနင့်ကို လာခေါ်မယ်။ ဒီအတောအတွင်း ဥက္ကဋ္ဌကြီးနဲ့ နွေးထွေးမှု ဖလှယ်ဖို့ ငါနင့်ကို ထားခဲ့မယ်"
လုံကျဲ မျက်စိမှိတ်ပြရင်း အခန်းထဲက ထွက်သွားတယ်။ TQ က စီစဉ်ပေးတဲ့ hotel ဆီ ပြန်သွားလိုက်တယ်။ မကြာခင်မှာ မို့ထင်က ရေချိုးပြီး ရေချိုးခန်းက ထွက်လာတယ်။ ခေါင်းကနေ ခြေဖျားအထိ သူက အဖြူရောင်သဘတ်ကို ဝတ်ထားတယ်။ တျန်းနင် မြန်မြန်ထလိုက်ပြီး သူ့ဆံပင်တွေ ခြောက်အောင် သူ့ကို ကူညီလိုက်တယ်။
"ရှင်အရင်ဆုံး အိပ်မလား ဒါမှမဟုတ် ကမ်းခြေမှာ ကျွန်မနဲ့အတူ လမ်းလျှောက်ပြီး နေထွက်လာတာကို ကြည့်ကြမလား"
"ဒါပေါ့ ကိုယ် ... နေထွက်တာကို ကြည့်ချင်တယ်"
မို့ထင်လည်း ခပ်တိုးတိုး ဖြေလိုက်တယ်။ တကယ်တော့ သူက ဟိုက်ဟွေ့ရဲ့ လုပ်ငန်းတွေကို အမြဲတမ်း လုပ်နေရတာ ဒီလိုမျိုး အနားမယူဖူးဘူး။ တျန်းနင်ရဲ့ ကျေးဇူးကြောင့် သူဘယ်အလုပ်မှ ယူမလာခဲ့ဘူး။ တျန်းနင် ပြုံးရင်းနဲ့ သူ့ရဲ့လက်ကို သူမ လက်ချောင်းတွေနဲ့ ဆုပ်မကိုင်ခင်မှာ အင်္ကျီ အသစ် တစ်စုံကိုထုတ်ကာ မို့ထင်ကို ကူပြီး ဝတ်ပေးလိုက်တယ်။
အတွဲလေးဟာ ကမ်းခြေဘေးက ဗီလာမှာ ရှိနေကြတယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်က အလွန်ကို အေးချမ်းတယ်။ သူမရဲ့ မော်ဒယ်ပုံနဲ့ မတူအောင် တျန်းနင်က A ပုံစံရှိတဲ့ အဝါရောင် ဂါဝန်ကို ဝတ်ထားပြီး ကောက်ရိုးနဲ့ လုပ်ထားတဲ့ ဦးထုပ်ကို ဆောင်းထားတယ်။ သူမရဲ့ လည်ပင်းမှာ ကင်မရာတစ်လုံးကို ချိတ်ဆွဲထားတယ်။ မို့ထင်ရဲ့ လက်တွေက သူမပခုံးပေါ်မှာ တစ်ချိန်လုံး ရှိနေပြီး သူတို့က ဖိနပ်မပါဘဲ ကမ်းခြေမှာ လမ်းလျှောက် နေကြတယ်။ လှိုင်းခတ်သံတွေက အကွာဝေး တစ်ခုကနေ ပေါ်ထွက်လာပြီး သူတို့ နားတွေဆီကို ရောက်လာတယ်။
အတွဲက ကမ်းခြေမှာ ဘေးချင်းယှဉ်ရက် ထိုင်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ချီးမွမ်းနေကြတယ်။ တျန်းနင်လည်း ကင်မရာကို ကိုင်ထားရင် မို့ထင်ရဲ့ မျက်နှာဘေးဘက်ကို ဓာတ်ပုံရိုက်တယ်။ မို့ထင်ရဲ့ခေါင်း လှည့်လာပြီးတော့ ပြုံးရင်းနဲ့ တျန်းနင်ကို ဆွဲဖက်ကာ ကင်မရာယူပြီး ဓာတ်ပုံ ရိုက်လိုက်တယ်။
"ဒီပုံကို ကျွန်မ မသိမ်းနိုင်ဘူး။ တကယ်လို့ သတင်းထောက်တွေသာ ဒါကို တွေ့သွားမယ် ဆိုရင် ..."
တျန်းနင်က ဓာတ်ပုံကို ကြည့်ရင်း စိတ်မကောင်းစွာ ပြောလိုက်တယ်။
"တကယ်တော့ မင်း ဒါကို သိမ်းသင့်တယ် ..."
မို့ထင်က သူမရဲ့ မေးစေ့ကို လှမ်းကိုင်ပြီးတော့ ရမ္မက်ဆန်စွာ နမ်းလိုက်တယ်။
"ဒါက ကိုယ်တို့ရဲ့ အမှတ်တရလေ ..."
"သတိထားပါဦး ဘေးမှာ လူတွေနဲ့လေ ..."
"ဒီလိုမျိုး အချိန်မှာ ဘယ်ကများ လူတွေ မင်းတွေ့လိုက်တာလဲ"
မို့ထင် သူမကို ရယ်ပြီး ကြည့်လိုက်တယ်။ သူ နောက်တစ်ကြိမ် သူမကို နမ်းလိုက်တယ်။ ရှင်းမပြနိုင်တဲ့ ချိုမြိန်မှုတွေ ပြည့်နေပြီးတော့ သူတို့ရဲ့ လျှာတွေက သူတို့ နှလုံးသားအညီ ခုန်နေကြတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ အတူ နေထွက်လာတာကို ကြည့်ခြင်း၊ ကမ်းခြေမှာ အတူ လမ်းလျှောက်ခြင်းက သူတို့ဘေးမှာ ရှိတဲ့ အရာအားလုံး ငြိမ်သက်နေတယ်လို့ ထင်ရတယ်။ မကြာခင်မှာပဲ နေထွက်လာတယ်။ မမျှော်လင့်ဘဲ ဇိမ်ခံပစ္စည်းပြပွဲက အဲဒီနေ့မနက် ဖြစ်နေတယ်။
အဖွင့်မော်ဒယ်အဖြစ် တျန်းနင်က အရေးကြီးတဲ့ အပိုင်းကို ယူထားတယ်။ စုံတွဲက ချင်ခင်ကြင်နာ ပြီးတာနဲ့ တျန်းနင်က တက်ကြွ လန်းဆန်းပြီး ကျင်းပတဲ့ နေရာကို ထွက်လာခဲ့တယ်။ မရင်းနှီးတဲ့ နိုင်ငံခြား မျက်နှာတွေကို ကြည့်ရင်း တျန်းနင် ၁၈ နှစ်တုန်းက သူမ ပြင်သစ်မှာ အလုပ်လုပ်ခဲ့တာကို သတိရအောင် မေ့လာခဲ့တယ်။ တျန်းနင် စိတ်လှုပ်ရှားသွားတယ်။ သူမက အတွေ့ကြုံ မရှိတဲ့ မိန်းမငယ်လေးအဖြစ် ခဏပဲ ပြောင်းသွားတယ်။ သူမရဲ့ တည်ငြိမ်မှုက makeup artist ကို အထင်ကြီးစေတယ်။
"ဇိမ်ခံပစ္စည်း ပြပွဲမှာ အသစ်တွေက အများကြီးပဲ။ ဒါပေမဲ့ မင်းကတော့ မကြောက်တဲ့ တစ်ဦးတည်းသော သူပဲ"
တျန်းနင်က ပြုံးလိုက်ပြီး တခြားမော်ဒယ်တွေကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်တယ်။
"သတိထားပါဦး ဘေးမှာ လူတွေနဲ့လေ ..."
"ဟုတ်တယ်။ ဖွင့်ပွဲကို အစက အခြားအာရှ မော်ဒယ်တစ်ယောက်နဲ့ လုပ်ဖို့ စဉ်ထားတာ။ သူမက အရမ်း စိတ်လှုပ်ရှားနေတော့ သူမနေရာမှာ မင်းကို အစားထိုးလိုက်တာ သူမက ဟိုမှာ"
Makeup artist က အမူအရာနဲ့ တျန်းနင်ကို ကြည့်ဖို့ သူမ မေးစေ့ရဲ့ ညာဘက်ကို ညွှန်လိုက်တယ်။ အရှုံးပေးတဲ့ မျက်နှာထားနဲ့ ဆိုဖာပေါ် ထိုင်နေတဲ့ သူမက အသက် ၂၀ ပဲ ရှိသေးတဲ့ မိန်းကလေးဖြစ်တယ်။
"အခုတော့ သူမက အစားထိုးဖြစ်သွားပြီ"
တျန်းနင် မော်ဒယ်ကို တစ်ချက်ပဲကြည့်ပြီး မမှတ်မိဘူး။ သူမ အဝတ်စားလဲပြီးတော့ သူမခုံမှာပဲ အေးဆေး ထိုင်နေတယ်။ တျန်းနင် သူမကိုယ်သူမ မှန်ရှေ့မှာ စစ်ဆေးလိုက်တယ်။ ဒီပွဲက ချန်ထျန်းမှာ စစ်ဆေးမှု မလုပ်ခင်မှာ အထင်ကြီးလောက်တဲ့ မှတ်တမ်းကို ရယူပေးမဲ့ အခွင့်အရေးပဲ။ ဒါက သူမအတွက် အရမ်း အရေးကြီးတယ်။ ဒီပွဲက သူမ Creative Century နဲ့ Star Age ကို ကျော်ဖြတ်ဖို့ ရှိမရှိကို ဆုံးဖြတ်လိမ့်မယ်။
သူတို့ရဲ့ အထက်မှာ ရှိနေရမယ်။ ကံကောင်းစွာနဲ့ မို့ထင်မှာ လက်ဆောင်ရှိတယ်။ ဒီကိစ္စကို တွေးကြည့်ရုံနဲ့ သူမရင်ထဲ နွေးထွေးလာရတယ်။ တျန်းနင်နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိတဲ့ တစ်ယောက်က မုန်းတီးပြီး စူးရှတဲ့ အကြည့်နဲ့ ကြည့်နေတယ်။
ဖွင့်ပွဲကို အရှုံးပေးဖို့ သူမ ဆန္ဒရှိခဲ့တာ မဟုတ်ဘူး ... တျန်းနင်က သူမဆီက ခိုးယူခဲ့တယ်။ သိပြီ။ သူမ တျန်းနင်ကို မှတ်မိလိုက်တယ်။ သူမက အခုတလော ပေကျင်းမှာ နာမည် ကြီးနေတဲ့သူပဲ။ ဒါပေမဲ့ သူမက တခြားတစ်ယောက်ရဲ့ အလုပ်ကိုပါ ခိုးယူရဲတယ်ပေါ့။ သူမက ကုမ္ပဏီ သေးသေးက လာတဲ့ ခေတ်ဟောင်း မော်ဒယ်တစ်ယောက်ပဲ။
***
Bạn đang đọc truyện trên: ZingTruyen.Xyz