ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

အခန်း(၇၈)

jellyflower1

အပိုင်း (၇၈)

 
 
နောက်တစ်နေ့မနက် ဟန်ယွီဖန်နဲ့ မို့ယွီရော ရုံးခန်းထဲ ဝင်သွားတဲ့ အချိန်မှာတော့ ဟန်ယွီဖန်ရဲ့ စားပွဲပေါ်မှာ တောင်လိုပုံနေတဲ့ လက်ဆောင် များစွာကိုသူတို့ ကြုံတွေ့ လိုက်ရတယ်။ မို့ယွီရော့ဟာ ဘေးပတ်ပတ်လည် ကြိုထည့်လိုက်ပြီး သူမ ဟန်ယွီဖန် မွေးနေ့ကို မေ့သွားတာ သဘောပေါက် သွားတယ်။
ယခင်ကဆိုရင် သူ့ကို လွှမ်းမိုးနိုင်ဖို့ သူ့မွေးနေ့တွက် တစ်စုံတစ်ရာကို အထူး စီစဉ်ထားနေကျ ... ဒါကြောင့်ပဲ ထျန်းနင်က တုံးအစွာပဲ စောင့်ဆိုင်းရင်း ကျန်ရစ်ခဲ့ရတာ ဖြစ်တယ်။
 ဒါပေမဲ့ အချိန်တွေက ပြောင်းလဲသွားပြီ။ လှည့်ဖြားခြင်းရဲ့ စိတ်လှုပ်ရှားဖွယ် ကောင်းခြင်းကို ကြုံတွေ့ပြီးတဲ့နောက် မို့ယွီရို့ဟာ သူမနောက်ပြန်လှည့် မရတော့ဘူးဆိုတာ သဘောပေါက်သွားတယ်။
“ယွီဖန် ကျွန်မ အရင်ရက်တွေက နေလို့ သိပ်မကောင်းခဲ့ဘူး။ ဒါကြောင့် ရှင့်တွက် လက်ဆောင် မပြင်ခဲ့ရဘူး"
မိုယွီရို့ဟာ ဟန်ယွီဖန် ပခုံးကို တွယ်ချိတ်ကာ သူ့ရဲ့ရင်ဘတ်ကို သူမရဲ့ နူးညံ့တဲ့ လက်ချောင်း တွေနဲ့ စက်ဝိုင်းပုံစံ ပွတ်သက်လိုက်ပြီး ပြောလိုက်တယ်။ အဲဒီနေရာက သူ့ရဲ့ အားနည်းချက်ဆိုတာ သူမ သိတယ်လေ။
မျှော်လင့်ထားသလိုပါပဲ ဟန်ယွီဖန်က သူမရဲ့ ညာဘက်လက်ကို ဆတ်ခနဲ ဆွဲလိုက်ပြီး ခွင့်လွှတ်စွာပဲ တုံ့ပြန်လာပါတယ်။
“ကိုယ်သိပါတယ်။ မင်း ကိုယ်ဝန်ဆောင်ရတာကြောင့် ခက်ခဲတယ်ဆိုတာ ဒါပေမဲ့ ဒီညတော့ မင်း ဒီတွက်ကြောင့် ပြန်ပေးဆပ်ဖို့ လိုမယ်နော်"
ဟန်ယွီဖန်ရဲ့ ဟိုမရောက်သည်မရောက် စကားလုံးတွေက သူမနားထဲ ရောက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ နားဖျားသီးပေါ်က သူ့ရဲ့ ပူလောင်တဲ့ အသက်ရှူမှု ပြင်းပြင်းကို သူမ ခံစားမိနေတယ်။ သူမ အရှက်သည်းစွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။
“ကောင်းပါပြီ"
နောက်ဆုံးတော့ သူမတို့ဟာ ခုချိန်ထိ နှစ်အနည်းငယ်အကြာ အတူ ရှိခဲ့ပြီးပြီပဲ။ သူမဟာ ထျန်းနင် ဒီအခွင့်ရေးယူပြီး ဟန်ယွီဖန်ဆီ ပြန်လာမှာ စိုးတာကြောင့် ဟန်ယွီဖန်ကို လုံးလုံး လျစ်လျူရှုဖို့ မဖြစ်နိုင်ပါဘူး။ မို့ယွီရော့ဟာ သူမကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ခံစားမိနေတယ်။
ဟန်ယွီဖန်ကို သူမ မလိုချင်တော့ရင်တောင် သူ့ကို ထျန်းနင်ဆီ မပေးနိုင်ဘူး။ ဒါကြောင့် ညကို ဟန်ယွီဖန်နဲ့ ကုန်ဆုံးဖို့ သူမဟာ မစ္စတာလီနဲ့ တွေ့ရန် ချိန်းထားခြင်းကို ဖျက်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။
“ယွီဖန် ဒီလက်ဆောင်တွေထဲမှာ ထျန်းနင်ရဲ့ လက်ဆောင်ပါမယ်လို့ ရှင်ထင်လား"
အမှန်တော့ ဟန်ယွီဖန်လည်း ဒါကို မေးချင်နေတာ။ ထျန်းနင်က သူ့ရဲ့မွေးနေ့ကို ဂရုစိုက်သေးလား။ ယခင်နှစ်တွေက သူ့အတွက် ချစ်ခြင်းအပြည့်နဲ့ လက်ဆောင်တစ်ခုကို သူမအမြဲ ပြင်ဆင်ပေးလေ့ ရှိတယ်။ ဒါပေမဲ့ ထျန်းနင်ကို တစ်ညလုံး စောင့်စေပြီး သူကတော့ ညကို မိုယွီရို့ရဲ့ ဘေးမှာပဲ ကုန်ဆုံးခဲ့တာကြီးပဲ။ ဒီအကြိမ်လည်း ထျန်းနင်က ယခင်တိုင်း လုပ်မယ်လို့ သူထင်နေတယ်။ သူမက သူ့ လက်ဖဝါးထဲမှာပဲ။
“ကျွန်မကို တစ်ချက် ပေးကြည့်စမ်းပါ ..."
မိုယွီရော့ဟာ ထျန်းနင်ကို အရှက်ရစေဖို့ လက်ဆောင်တွေကို ရှာဖွေပါတယ်။ ဒါပေမဲ့ သူမ ဘာမှ ရှာမတွေ့ခဲ့တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။
"ဒီကောင်မကတော့ ဒီလိုပြုလုပ်ဖို့ သင်ယူခဲ့တဲ့ ပုံပဲ။ ဒါပေမဲ့ ယွီဖန် ကျွန်မတို့ နောက်ကျရင် ဝန်ထမ်းတွေနဲ့ ထမင်းတူတူ စားဖို့ရှိတာပဲ။ ထျန်းနင်ကိုရော တူတူစားဖို့ ခေါ်ရင် ဘယ်လိုလဲ”
ဟန်ယွီဖန်ဟာ မိုယွီရော့ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်တာကြောင့် မျက်မှောင်ကြုတ် လိုက်တယ်။ နောက်ဆုံးမှာ သူသဘောတူကာ ခေါင်းညိတ်လိုက်ပြီး
"အဲဒါဆိုလည်း သူမကို ဖုန်းခေါ်လိုက်လေ"
လို့ပြောလိုက်တယ်။
မိုယွီရော့ဟာ မိန်းကလေးဆန်စွာ ပြုံးလိုက်ပြီး ဟန်ယွီဖန်ရဲ့ ပိုက်ဆံအိတ်ထဲက ဖုန်းကို ဆွဲထုတ်လိုက်ကာ ထျန်းနင်ကို ဖုန်းခေါ်တော့တယ်။
“ထျန်းနင် ဒီနေ့ ယွီဖန်ရဲ့ မွေးနေ့လေ ဝန်ထမ်းတွေနဲ့ ထမင်းတူတူ စားဖို့ရှိတယ်။ လာမလား ..."
မိုယွီရော့ဟာ အောင်နိုင်သူ သဘောထားနဲ့ မေးလိုက်တယ်။ သူမဟာ ယွီဖန်ဖုန်းနဲ့ ထျန်းနင်ကို ခေါ်ရတာတွက် ဂုဏ်ယူနေတယ်။
“အို ... ထျန်းနင် အလုပ်များနေတယ်။ သူမ TQ တွက် တစ်ခုခု ရိုက်ပေးဖို့ရှိတယ်”
လုံကျဲဟာ တစ်ဖက်ဖုန်းကို ပြန်ဖြေလာခဲ့တယ်။
“သူမ အလုပ်များနေတာလား ဒါမှမဟုတ် လာဖို့သတ္တိ မရှိတာလား"
“Mrs.မို ကျွန်မသိပါတယ်။ နင် ထျန်းနင်ကို ချစ်မေတ္တာကို ဖော်ကြူးတဲ့ ရှိုးပွဲပြဖို့ စီစဉ်ထားတာကို။ ဒါပေမဲ့ ထျန်းနင်က အဲဒါကြည့်ဖို့နဲ့ မွေးနေ့ပွဲတက်ဖို့ အချိန် မရှိဘူးရယ်။ နင့်မှာ အလုပ်မရှိပေမဲ့ ထျန်းနင်မှာကတော့ အချိန်ဇယားတွေ ပြည့်နေတယ်လေ"
"နင်”
 လုံကျဲဟာ ဖုန်းကိုကိုင်ထားရင်းနဲ့. လှောင်ပြုံး ပြုံးလိုက်တယ်။ သူမဟာ မိုယွီရော့နဲ့ စိတ်အနှောင့်ယှက် ဆက်ဖြစ် မခံပါဘူး။
 ထျန်းနင်ဟာ လုံကျဲ သူမကို ပြုံးပြနေတာကို သတိထား မိတာကြောင့် ပြန်ပြုံးပြ လိုက်တယ်။ ဒါက ထန်ရီရဲ့ နောက်ဆုံး ပျော်ပွဲရွှင်ပွဲပဲ။
 ညဟာ မှောင်လာတယ်။ ဟန်ယွီဖန်နဲ့ မိုယွီရော့ဟာ ရှန်ဖင်း ဟိုတယ်ထဲကို အတူတူ ဝင်သွားကြတယ်။ ဟန်ယွီဖန်ဟာ ခံနိုင်ရည်ထက် ပိုပြီးတော့ အရက်အများကြီး သောက်ခဲ့တယ်။ သူ့ကို အိပ်ရာပေါ်မှာ သူမတင်ပြီး သူ့ရဲ့ ရှပ်အင်္ကျီကို ကြယ်သီးဖြုတ် ပေးလိုက်တယ်။
ထိုချိန်မှာပဲ သူမဟာ မစ္စတာလီဆီက ဖုန်းလက်ခံ ရရှိခဲ့တယ်။ သူမဟာ ဖုန်းကိုင်ဖို့ ရေချိုးခန်းထဲကို အမောတကော ပြေးဝင်လိုက်တယ်။
"မစ္စတာလီ ကျွန်မတို့ဒီနေ့ ချိန်းထားတာဖျက်ဖို့ သဘောတူပြီးသား မဟုတ်ဘူးလား"
“မင်း သဘော တူညီချက်ကို လိုချင်သေးတယ် မှတ်လား။ ငါ့အခန်းနံပါတ်က ၃၀၂၉"
ဆုပေးပွဲအကြောင်း ကြားတော့ မိုယွီရို့ရဲ့ နှလုံးသားက ခုန်ပေါက်လာတယ်။ ဒါက သူမအကြာကြီး စောင့်ခဲ့ရတဲ့ အခွင့်ရေး ဖြစ်တာကြောင့် လက်လွတ် မခံနိုင်ဘူး။ နောက်ပြီးတော့ ဟန်ယွီဖန်ကလည်း သောက်ပြီး အိပ်နေတာပဲ သူမထွက်သွားရင် မသိနိုင်ပါဘူး။
အကောင်းအဆိုး ချင့်ချိန်ပြီးတဲ့နောက် မိုယွီရို့ဟာ တွေဝေနေတာ ရပ်သွားတယ်။ သူမဟာ ဟန်ယွီဖန်ကို သက်သောင့်သက်သာ အိပ်ရစေဖို့ ကူလိုက်ပြီး မမိခင်မှာ ဓာတ်လှေကားမှ တစ်ဆင့် ၃၀ ထပ်ကို သွားလိုက်တယ်။ သူမ မထင်ထားတာကတော့ ဟန်ယွီဖန်ဟာ ညလယ်လောက်မှာ နိုးလာမယ် ဆိုတာကိုပဲ။
 မိုယွီရို့ အခန်းထဲမှာ မရှိတာကို သဘောပေါက်သွားတဲ့ ချိန်မှာ ဟန်ယွီဖန်က ချက်ချင်းပဲ ထထိုင်လိုက်ပြီး မို့ယွီရို့ကို ဖုန်းခေါ်လိုက်တယ်။ ဒါပေမဲ့ သူမ ဖုန်းမကိုင်ခဲ့ဘူး။ ညလယ်အချိန်ကြီး သူမ ဘယ်သွားပါလိမ့်။ သူဟာ ဧည့်ကြိုကောင်တာမှာ မေးမြန်းခြင်းကို အဆုံးသတ်လိုက်ပြီး လုံခြုံရေး ကင်မရာကို စစ်ဆေးလိုက်တယ်။ သူဟာ သူမအန္တရာယ် ဖြစ်နေမှာ စိုးနေတယ်။ ဒါပေမဲ့ အဲဒီမှာ ပြနေတာကတော့ သူမဟာ အထပ် ၃၀ ကို သွားပြီး အခန်းနံပါတ် ၂၉ ထဲ ဝင်သွားတာကိုပါပဲ။
“မစ္စတာဟန် အဲဒီကို ဝန်ထမ်းတစ်ယောက်ယောက် လိုက်ပို့ဖို့ လိုလား"
လုံခြုံရေးဝန်ထမ်းဟာ မေးလိုက်တယ်။
“မလိုပါဘူး ငါအဆင်ပြေတယ်"
ဟန်ယွီဖန်ရဲ့ မျက်နှာဟာ နေလို့မကောင်းတဲ့ပုံ ပေါက်နေတယ်။ သူဟာ ထိတ်လန့် နေပေမဲ့လည်း ဘာဆက်ဖြစ်မလဲ ဆိုတာကိုတော့ ခန့်မှန်းရပါတယ်။ ဒါကြောင့် သူဟာ သူများမတွေ့အောင် လက်သီးကို တင်းတင်းဆုပ်လိုက်တယ်။
ဟိုတယ်ဟာ ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို လေးစားတာ ပုံမှန်ပါပဲ။ ဒါတွေကလည်း ဖြစ်နေကျပါပဲ။ သူတို့ဟာ ဒါတွေကို မဖော်ထုတ် ရဲကြဘူး။ ဒါပေမဲ့ ဒီအမျိုးသားကတော့ ဟန်ဆောင်တာကို ဖမ်းလုနီးနီးပဲ။
လူတိုင်းဟာ ဟန်ယွီဖန်ကို သနားကြည့် ကြည့်နေကြတယ်။
အရှက်တကွဲဖြစ်တဲ့ ခံစားချက် မျက်ရည်တွေက သူ့နှလုံးသားကို နာကျင်စေတယ်။
“မစ္စတာဟန် အဆင်ပြေရဲ့လား"
ဟန်ယွီဖန်ရဲ့ မျက်နှာဟာ ဖြူဖျော့နေပြီး သူ့ခြေထောက်တွေကလည်း အားနည်းနေတယ်။ ဒါပေမယ့်လည်း သူဟာ သူ့ရဲ့စိတ်ကို တင်းထားလိုက်ပြီး စောင့်ကြည့်ခန်းက ထွက်လိုက်တယ်။ နောက်ပြီး ၃၀ ထပ်ကို သွားလိုက်တယ်။
 သူ အခန်းနံပါတ် ၂၉ ကို တံခါးခေါက်လိုက်ရင် ဘယ်လို အဆုံးသတ်နဲ့ ကြုံရမလဲဆိုတာ သူ မသိခဲ့ဘူး။ သူဟာ တံခါးမပွင့်ခင်ထိ ဝန်ထမ်းတစ်ယောက် အယောင်ဆောင်ခဲ့တယ်။ မိုယွီရို့ဟာ သူမရဲ့ ညအိပ်ဝတ်စုံ ဝတ်ပြီး တံခါးဝမှာ ရပ်နေတယ်။
သူဟာ သူမကိုမြင်မြင်ချင်း ခြင်္သေ့တစ်ကောင် သူ့ဒေါသကို ဖြေလျော့သလို သူ့မရဲ့ မျက်နှာကို ရိုက်ချလိုက်တယ်။ မိုယွီရို့ဟာ လဲကျသွားတယ်။
ဒီအချိန် အနည်းငယ်အတောတွင်းမှာ မိုယွီရော့ဟာ အိပ်ရာရဲ့ဘေးမှာ လှဲနေခဲ့တဲ့ ကိစ္စကို သူကြုံလိုက်ရတယ်။ ဘာသံမှ မထွက်ဘူး။
“ယွီဖန် ယွီဖန် သူ့ကို အပြစ်မလုပ်နဲ့ သူ့ကို အပြစ်လုပ်မရဘူး”
မိုယွီရော့ဟာ ဟန်ယွီဖန်ကို ဆုပ်ကိုင်ထားတယ်။ နောက်ပြီးသူမဟာ တံခါးမပိတ်ခင် သူ့ကို အခန်းပြင် တွန်းထုတ်လိုက်တယ်။
”အဝေးကိုသွားစမ်း"
လို့ ဟန်ယွီဖန်ဟာ မိုယွီရော့ကို အဝေးကို တွန်းလိုက်တယ်။
သူ့ရဲ့ ပုံရိပ်ရှည်ဟာ ခန်းမရဲ့ အနီရောင်ကော်ဇော် အဆုံးကနေ လျင်မြန်စွာပဲ ပျောက်ကွယ် သွားတယ်။
မိုယွီရော့ဟာ တုန်လှုပ်နေတယ်။ သူမရဲ့ မျက်လုံးတွေကတော့ ကြောက်လန့်နေပုံ ပေါ်နေတယ်။ သူမတော့ ဒုက္ခရောက်ပြီ ...
အရာရာဟာ ရုတ်တရက် မြန်မြန်ပဲ ဖြစ်ပျက်သွားတယ် ...
ခဏကြာတဲ့ခါမှာ အခန်းတံခါး ပွင့်သွားပြီး မစ္စတာလီဟာ မိုယွီရို့ကို အခန်းထဲဝင်ရန် ကူညီဖို့ ထွက်လာရင်း နှစ်သိမ့် ပြောဆိုလိုက်တယ်။
"အဲဒီလို ယောက်ျားတစ်ယောက်ကို မင်းလိုအပ်တာလား။ မင်း မကြာခင်ပဲ တန်ရီက ထွက်ရတော့မယ်။ နောက်ပြီး ထိပ်တန်း မော်ဒယ်ဆုကို ရတော့မှာပဲ။ ဒီအတွက်ကြောင့် သူ့နဲ့ ပြတ်သွားတာ ကိစ္စမရှိပါဘူး..
“ထျန်းနင်ကတော့ အရမ်း ဂုဏ်မောက်လွန်းတယ်။ ဒီလိုတိုင်းပဲ သူမအမြဲ ရပ်တည်နိုင်မယ်လို့ မင်းထင်လား။ မကြာခင် မဟုတ်ရင် နောက်ကျရင် သူမဟာ မင်းခြေဖဝါးအောက် ရောက်လာမှာပဲ"
ထိုကဲ့သို့ နှစ်သိမ့်စကားတွေ ကြားရတဲ့ ခါမှာတော့ မိုယွီရော့ဟာ စိတ်သက်သာရာ ရသွားတယ်။ အဲဒါ အမှန်ပဲ။
 ဟန်ယွီဖန် ကိုယ့်ကိုယ်ကိုယ် အသုံးမကျတာကိုပဲ အပြစ်တင်တော့။ ကျွန်မနှလုံးသား မရှိတာ မဟုတ်ဘူး ...
ဒါပေမဲ့ ကျွန်မကို ဆန့်ကျင်ဖို့ အရေးကြီးတဲ့ သက်သေ သူရသွားပြီ။
 
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz