ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
အခန်း(၆၀)
အပိုင်း(၆၀)
မင်းစာချုပ် အားလုံးကို ငါကြည့်မယ်
“အစ်မက သူ့မန်နေဂျာ ဖြစ်ချင်နေတာကို သူ ခန့်မှန်းမိထားပုံပဲ… ဒါကြောင့် ငါ့ကို နာမည်ကြီး ကုမ္ပဏီ နှစ်ခုရဲ့ ကမ်းလှမ်းချက်ကို ပြတယ်… ဒါနဲ့ ငါ့ကို ခြိမ်းခြောက်တာ…. ငါ့က သူမရဲ့ မန်နေဂျာ ဖြစ်လာမယ်လို့ အများသိအောင် ကြေညာရင်… တန်ရီနဲ့ စာချုပ် ဖျက်သိမ်းမယ်လို့ တရားဝင်ကြေညာမယ်တဲ့”
ဟန်လောရွှယ်က ထျန်းနင်ကို လှမ်းလှမ်းကြည့်ရင်း ဟန်ယွီဖန်ကို အလွန်အမင်း သွေးအေးသော လေသံနဲ့ ပြောနေခဲ့တယ်။
“သူမ… တန်ရီမှာနေပေးလို့ ငါတို့ကို ကျေးဇူးတင်သင့်တယ်လို့ ပြောပြီး ခြိမ်းခြောက်နေတာ… ငါတို့တွေ သူမကို ပုံမှန်အတိုင်း ပြုမူလို့ မရဘူး”
“အရှက်မရှိလိုက်… အပေါစားဆန်တယ်”
“ငါလည်း အနုပညာရှင် တစ်ယောက်ကို ဒီလောက်အထိ မမုန်းဖူးဘူး… သန်းပေါင်းများစွာ ခုတ်ထစ်ချင်လောက်တဲ့ အထိ ထျန်းနင်ကို မုန်းတယ်… သူမကို သွားပြောလိုက်… သူမတောင်းဆိုရုံနဲ့ မရဘူးလို့”
နောက်ဆုံးတော့ ထိပ်တိုက်ရင်ဆိုင်ဖို့ အချိန်တန်ပြီ… ဟန်လောရွှယ်တော့ ထျန်းနင်ကို အတော်အသင့်တော့ နားလည်လာပြီ။
သူမလို ထိပ်တန်း မန်နေဂျာတစ်ယောက်က ထျန်းနင်လက်မှာ ကျရှုံးရမယ်လို့ မထင်ခဲ့မိဘူး။
ဟန်ယွီဖန်လည်း ထျန်းနင်ကို ကြည့်လိုက်ပြီး နားနေခန်းမှာ တွေ့ဆုံဖို့ မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တယ်။ လုံကျဲကို အဖော်ပြုကာ ထျန်းနင် တစ်ယောက် စင်အနောက်ဘက်ကို သွားလိုက်တယ်။ သူတို့သုံးယောက်လုံး မတ်တတ် ရပ်နေပြီး လုံကျဲကတော့ ဟန်ယွီဖန်ကို သတိထား စောင့်ကြည့်နေခဲ့တယ်။
“မင်းက ဘာလိုချင်တာလဲ”
“လင်းဝေကို လွတ်လပ်ခွင့် ပေးလိုက်”
ထျန်းနင်က သူမလိုချင်တဲ့ အခြေအနေကို ထုတ်ဖော်လိုက်တယ်။
“မဟုတ်ရင်တော့ ကျွန်မနဲ့ လင်းဝေ နှစ်ယောက်စလုံး တန်ရီက ထွက်သွားရလိမ့်မယ်”
“ကောင်းပြီလေ… ငါ… လင်းဝေကို သွားခွင့်ပြုလိုက်မယ်… ဒါပေမဲ့ မင်း ထွက်သွားလို့ မရဘူး”
ဟန်ယွီဖန်က အေးတိအေးစက် ပြောလိုက်တယ်။ ဟန်ယွီဖန် စကားဆက်မပြောခင် နားနေခန်း တစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်။
“မင်း ငါ့ကို အရမ်းမုန်းလွန်းလို့ ယွီရို့ကို ဖိအားပေးဖို့ ထောက်ချောက် အများကြီး ဆင်ခဲ့တာမလား… ငါ့အစ်မကလည်း မင်းကို ထောက်ပံ့ပေးလို့ ရတာကြောင့် မင်းရဲ့ မန်နေဂျာ ဖြစ်ချင်တာ… စာချုပ်ပယ်ဖျက်မယ်လို့ တန်ရီကို ခြိမ်းခြောက် ဝံ့တယ်”
“ရှင့်အတွက်တော့… မို့ယွီရို့နဲ့ ရှင့်အစ်မ ဘာလုပ်လုပ် အကုန်မှန်ကန်တယ်… ကျွန်မက တန်ပြန်တိုက်ခိုက်တော့ ရက်စက်တယ်… မာယာများတယ်… ဟုတ်လား… တရားကျလိုက်တာနော်… ဘယ်သူမှ ကျွန်မကို အထင်သေးလို့ မရဘူး”
ထျန်းနင်ရဲ့အသံက တည်ငြိမ်နေသော်လည်း မငြင်းနိုင်လောက်အောင် အစွမ်းထက်နေတယ်။
“ဒါနဲ့ မို့ယွီရို့ကို မတွေ့ပါလား”
“ငါက ယွီရို့ကို ဒီလာခိုင်းပြီး နာကျင်စေမယ်လို့ ထင်နေလား”
“သူမ နာကျင်မလား… မနာကျင်ဘူးလားတော့ ကျွန်မ မသိဘူး…. သေချာတာတော့ ရှင် သူ့ကို သေချာ စောင့်ကြည့် ထားသင့်တယ်... နောက်မှ သူမအကြောင်း ကောင်းကောင်း မသိခဲ့ဘူးလို့ မပြောနဲ့... ထိပ်တန်းမော်ဒယ် အကဲဖြတ်ခြင်းလည်း ပြီးဆုံးတော့မယ် သူမလိုချင်တာကို ရဖို့ သူမ ဘာလုပ်မယ်လို့ ရှင်ထင်လဲ”
ခဏတော့ ဟန်ယွီဖန် မှင်တက်သွားသော်လည်း ခေါင်းမာနေဆဲပါ။
“သူမကို မင်းလို အကြံသမားလို့ ထင်နေလား ငါ့အတွက်တော့ သူမက နည်းနည်းလေး စိတ်ကို မထိန်းချုပ် နိုင်တာကလွဲရင် သူမက မင်းလို ရက်စက်သူ မဟုတ်ဘူး၊ ရည်စားဟောင်းကို နောက်ကျော ဓားနဲ့ထိုးတယ်… မင်းကို မိသားစုလို သဘောထားခဲ့တဲ့ အစ်မ ဖြစ်သူကို အသုံးချ နင်းခြေခဲ့တယ်”
“တကယ်လား”
ထျန်းနင်လည်း ဟန်ယွီဖန်ကို ကြည့်ကာ ပြောလိုက်တယ်။ ထို့နောက် သူမလည်း အခန်းထဲမှ ထွက်ခွာ လာလိုက်တယ်။ သိပ်မကြာခင်မှာဘဲ ဟန်ယွီဖန်ကို မေးချင်တာ မေးဖို့ ဟန်လောရွှယ် တစ်ယောက် အခန်းထဲ ဝင်လာခဲ့တယ်။
“သူမက ဘာလိုချင်တာလဲ”
“သူမ လိုချင်တာက လင်းဝေကို လွတ်လပ်ခွင့်ပေးဖို့ပဲ”
ဟန်ယွီဖန်လည်း ပြန်ဖြေလိုက်တယ်။
“ယွီဖန်…. နာမည်ကြီး ကုမ္ပဏီတွေက သူမကို ကမ်းလှမ်းတာတောင် သူမက တန်ရီမှာ နေထိုင်ဖို့ ရွေးချယ်တယ် ဆိုတော့ သူမမှာ အကြံအစည် ကြီးကြီးမားမား ရှိရမယ် … ထျန်းနင်က ငါတို့ ဟန်မိသားစုကို ဖျက်ဆီးချင်နေတာ သိသာ ထင်ရှားနေတာပဲ… သူမက နင့်ကို အရမ်း မုန်းနေခဲ့တာ… အခုတော့ သူမနဲ့ ပတ်သက်ပြီး လှုပ်ရှားလို့ မရသေးဘူး”
“ဒါဆို ငါတို့ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ”
ဟန်ယွီဖန်မှာ ထျန်းနင်နဲ့ ရင်ဆိုင်ဖို့ အင်အားမဲ့ လာခဲ့တယ်။
“အမေကို ရှာဖို့ အချိန်ကောင်းလို့ ငါထင်တယ်”
ကျော်ကြားတဲ့ ဒါရိုက်တာ တစ်ယောက်ရဲ့ ဇနီးအနေနဲ့ အမေက အနုပညာလောကမှာ အဆက်သွယ်ကောင်း ရှိနိုင်တယ် သူမမှာ ထျန်းနင်ကို ဘယ်လို အနိုင်ယူမလဲ ဆိုတဲ့ အကြံကောင်း ရှိနိုင်တယ်။
…..
ဟုန်ဖန်ဟိုတယ်…. အခန်းငယ်လေး အတွင်းမှာ မရေရာ မသေချာသော လေထုများ ပျံ့လွင့်နေခဲ့တယ်။ မို့ယွီရို့က သူစိမ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းနေပြီး သူမ လိုချင်တဲ့ ကတိစကားကို အောင်မြင်စွာ ပိုင်ဆိုင် နိုင်သွားခဲ့တယ်။
“ရတနာလေး… စိုးရိမ်နေဖို့ မလိုဘူးနော် အိမ်ပြန်ပြီးတော့ သတင်းကောင်းကို စောင့်နေလိုက်တော့ ထိပ်တန်း မော်ဒယ်ဆုကို ပိုင်ဆိုင်စေရမယ်”
မို့ယွီရို့လည်း အိပ်ရာခင်း အစကို ဆုပ်ကိုင်ကာ ခုတင်ပေါ်မှ ထလိုက်တယ်။ အဝတ်အစားများကို ဆင်မြန်းရင်း သူမ ပြောလိုက်တယ်။
“လူကြီးမင်းလိ အာမခံချက် ရှိစေဖို့ ကျွန်မ ဗီဒီယို မှတ်တမ်း တင်ထားလို့ ရမလား ဘာပဲဖြစ်ဖြစ်… ရှင်နဲ့ ကျွန်မတို့က ဒီလောကအကြောင်း ကောင်းကောင်း သိပါတယ်… ဘယ်အရာမှ အာမခံလို့ မရဘူး… ဒါကြောင့် ကျွန်မဘက်က အခိုင်အမာ သက်သေပြုထားဖို့ လိုအပ်တယ်”
“ဘာ… မင်းက ဗီဒီယို မှတ်တမ်းတင်ထားတယ်”
မို့ယွီရို့ဘက်က ဒီလိုတွေးထားမယ်လို့ သူ မထင်ခဲ့မိဘူး။
“ကျွန်မ ဆုရတာနဲ့ ဒီဗီဒီယိုကို ရှင့်လက်ထဲ ပြန်ပေးမှာပါ။ လူကြီးမင်းလိ… ကျွန်မ အိမ်ပြန်ပြီး သတင်းကောင်းကို စောင့်ဆိုင်းနေပါ့မယ်…”
လိလူကြီးမင်းရဲ့ မျက်နှာက ရှုပ်ထွေးနေခဲ့တယ်။ နောက်ဆုံးတော့ သူ တတ်နိုင်တာ မို့ယွီရို ထွက်သွားတာကို ကြည့်နေရုံသာ… သူရဲ့နမော်နမဲ့ နိုင်မှု အကျိုးဆက်ကို သူ ခံစားရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။
မို့ယွီရို့လည်း ဟိုတယ်ရဲ့ အဓိက လှေကားထစ်မှ ဆင်းလာခဲ့ပြီး သူမလက်ထောက်က သူမအတွက် ပြင်ဆင်ထားတဲ့ ကားပေါ် တက်လိုက်တယ်။ ညအမှောင်မှာ ဘယ်သူမှ သတိမထားမိခင် ထွက်ခွာသွားခဲ့တယ်။
“ယွီရို့… တို့တွေ ဆေးရုံမှာ ဆေးသွားစစ်သင့်တယ်နော်”
လက်ထောက်က သူမကို ကြည့်ကာ ပြောလိုက်တယ်။
“မလိုအပ်ဘူး… ငါ အဆင်ပြေတယ်”
မို့ယွီရို့က ခေါင်းခါနေတယ်။ အိပ်ရာထက်မှာ ဟန်ယွီဖန် သာယာစေဖို့ အရင်တည်းက သူမကိုယ်သူမက လေ့ကျင့်ထားပြီးသား… သူမကိုယ် သူမ ကာကွယ်နိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းကို နားလည်ပြီးသားပါ။
“မြန်မြန် အိမ်ပြန်မယ်… ယွီဖန်… သံသယ မဝင်စေချင်ဘူး”
“ယွီရို့… နင့်မှာ စွန့်လွှတ်ရတာတွေ များနေပါပြီ”
“ဒီလိုမှ မလုပ်ရင် ထျန်းနင်ကို အနိုင်ပိုင်းနိုင်ပါ့မလား”
မို့ယွီရို့လည်း ပြတင်းပေါက်ကို ငေးမော ကြည့်လိုက်တယ်။ သူမမျက်နှာမှာ အမုန်းအာဃာတများဖြင့် ပြည့်နှက်နေခဲ့တယ်။ သို့သော်လည်း ဆုရဖို့ သူမ အားထုတ်လိုက်တဲ့ အကျိုးဆက်က ထျန်းနင်ရဲ့ ထောက်ချောက်တဲ့ ကျဆင်းသွားတာလို့ မသိခဲ့လိုက်ဘူး။
ဒါက တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ညစ်နေတတ်တဲ့ အနုပညာလောကကြီးလေ… လျင်သူ စားစတမ်းပဲ။ အပြင်ဘက်မှာတော့ တောက်ပ ရွှန်းလဲ့နေသော်လည်း အတွင်းစိတ် ပုတ်ယုတ်သူ ထုနဲ့ဒေ ရှိပါတယ်။
Hyatt Regency…ည၁၀နာရီ
ထျန်းနင်လည်း လင်းဝေနဲ့ ဖုန်းပြောပြီးနောက် ဆိုဖာပေါ်ထိုင်နေတဲ့ မို့ထင်ကို လှည့်ကြည့်လိုက်တယ်။ စားပွဲပေါ်မှာ သူမကို ကမ်းလှမ်းထားတဲ့ အလုပ် ၂၀ / ၃၀ခန့်လောက် ရှိနေတယ်။ လုပ်ငန်းသေး ဖြစ်ဖြစ် ကြီးကြီးဖြစ်ဖြစ် သူကတော့ တစ်ခုချင်းစီကို အသေးစိတ် ကြည့်နေတယ်။
ထျန်းနင်မှာ သူ့ဘေးနားထိုင်ရင်း နှလုံးသား နာကျင်လာရတယ်။
“ထပ် မကြည့်တော့နဲ့… ဒီကိစ္စကို ဖြေရှင်းဖို့ လုံကျဲကိုပေးလိုက်… ပြဿနာ မရှိဘူး”
“လုံကျဲ ဖြေရှင်းလည်း ကိစ္စမရှိပါဘူး… ဒါပေမဲ့ ကောင်းတဲ့တစ်ခုကို ဘယ်လို ရွေးချယ်ရမလဲ သူမ မသိဘူး”
မို့ထင်က သူမကို ဖက်လိုက်ရင်း ပြောတယ်။
“လင်းဝေ ကိစ္စ ဖြေရှင်း ပြီးပြီလား”
“တန်ရီက သူမနဲ့ စာချုပ် ပယ်ဖျက်လိုက်ပြီ… သူမကို ထွက်သွားခွင့် ပြုလိုက်ပြီ”
ထျန်းနင်လည်း ခေါင်းငုံ့လိုက်တယ်။
“ထင်… ရှင့်ကို ဒါတွေ မကြည့်စေချင်တော့ဘူး.. ရှင့်ကို အနားယူစေချင်တယ်”
“ကိုယ့်ကို တခြားတစ်ယောက်ရဲ့ စာချုပ်ကို ကြည့်နေရုံ ကြည့်နေတယ်လို့ ထင်နေတာလား…. သခင်မမို့… မင်းအတွက်ဆိုရင် အလုပ်ကိစ္စက သေးနုပ်တဲ့ အလုပ် ဖြစ်နေပါစေ ကိုယ့်နှလုံးသားထဲမှာတော့ အရေးကြီးတဲ့ ကိစ္စပဲ”
“ဒီလိုဆိုတော့လည်း ရှင့်ကို ကျွန်မက နှိပ်ပေးမယ်”
ထျန်းနင်လည်း မတ်တတ် ထရပ်လိုက်ပြီး မို့ထင်ရဲ့နောက်ကို လမ်းလျှောက် သွားလိုက်တယ်။ သူ့ကျောကို စပြီးတော့ နှိပ်နယ်တော့တယ်။
“မင်းကို ထိန်းချုပ်လို့ မရဘူးဆိုတာ တန်ရီ သိနေပြီ… ထိပ်တန်း မော်ဒယ် ရွေးချယ် ဆုံးဖြတ်တဲ့ ကာလအတွင်း သူတို့ ဘာလုပ်နေလဲဆိုတာ မှတ်တမ်း တင်ထားခိုင်းမယ်… ဟန်လောရွှယ်က မင်းကို အလွယ်လေး အလွတ်ပေးမှာ မဟုတ်ဘူး … ဒါကြောင့် ဒီအချိန်တောအတွင်း စာချုပ်တွေကို စေ့စေ့စပ်စပ် ကြည့်ထားရမယ်”
“ဘယ်သူရဲ့ စာချုပ်ကို ကြည့်နေတာလဲ”
ထျန်းနင်လည်း ခပ်ရေးရေးမျှ ပြုံးကာ မေးလိုက်တယ်။
“မင်း …တကယ်ပဲ သိချင်လား”
မို့ထင်က သူမကို လှည့်ကြည့်ကာ မေးတယ်။
***
Bạn đang đọc truyện trên: ZingTruyen.Xyz