ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
အခန်း(၅၈)
အပိုင်း(၅၈)
တခြားသော နည်းလမ်း
“ဒီမိန်းမက… ယူအက်စ်မှာ အလုပ် မလုပ်နိုင်ဘူးတော့ဘူး… ဒါကြောင့် တစ်ကျော့ပြန် ခေတ်ထလာဖို့ သူမ ကြိုးစားစမှာပဲ… ဒါပြင် သူမရဲ့ အိပ်မက်က မင်းကို ထိန်းချုပ်ပြီး သူမကို ခစားစေချင်နေတာ”
မို့ထင်လည်း ထျန်းနင်ကို တည်ကြည် လေးနက်သော အကြည့်နဲ့ ကြည့်ရင်း ဟန်လောရွှယ် ဘာတွေးနေလဲဆိုတာ ဆန်းစစ်နေခဲ့တယ်။
“သူမကို တုန်လှုပ်စေဖို့… မင်းအတွက်တော့ မခက်ခဲပါဘူး”
ထျန်းနင်လည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။ သူမ ဘာလုပ်သင့်လဲဆိုတာ တွေးထားပြီးသားပါ။
သူမရဲ့ တည်ငြိမ်သော မျက်နှာအမူအရာကို ကြည့်ရင်း လုံကျဲ စိတ်သက်သာရာ ရခဲ့တယ်။ သူမမှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိမှာပါလေ။
ထျန်းနင်ရဲ့ အစီအစဉ်က ထိပ်တန်းမော်ဒယ် ဆုပေးပွဲပြီးမှ စတင်မယ်။ ဒီအချိန် အတောအတွင်းတော့ ဖြစ်ပျက်သမျှ ကိစ္စတိုင်းကို သည်းခံရမယ်။ ထျန်းနင်အတွက် လုံကျဲ လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော ကိစ္စက လင်းဝေကို စိတ်ပြေအောင် ချော့မော့ဖို့ပဲ။
လုံကျဲ ထွက်ခွာသွားပြီးနောက် ဇနီးမောင်နှံ နှစ်ယောက် အိပ်ခန်းထဲ ဝင်သွားပြီး အိမ်နေရင်း ဝတ်စုံကို လဲလှယ်ကြတယ်။ မို့ထင်လည်း အဝတ်မှန်ဗီရိုရှေ့ ရပ်နေတဲ့ ထျန်းနင်ကို သိုင်းဖက်လိုက်ပြီး သူမနားကပ်ကာ မေးလိုက်တယ်။
“မင်းမှာ တန်ရီက ထွက်သွားဖို့ အစီအစဉ် မရှိဘူးလား”
“အချိန်မတန်သေးဘူး…”
သူမမှာ မို့ယွီရို့ရဲ့ ဘဝကို လုံးလုံးလျားလျား ဖျက်ဆီးနိုင်ဖို့ ခြေလှမ်း တစ်လှမ်းတည်းသာ လိုအပ်တော့တယ်။ ဒါကြောင့် ဒီနှစ်ယောက်ကို အလွယ်တကူ လွှတ်ပေးဖို့ မဖြစ်နိုင်ဘူး။
“ဒါပေမဲ့ မင်းရဲ့ နောက်ထပ် ရည်မှန်းချက်ကို ဆုံးဖြတ်ရမယ်”
လက်ရှိအချိန် ထျန်းနင်မှာ သေချာ ရေရာတဲ့ ရည်မှန်းချက် မရှိသေးတာ သေချာတယ်။ သူမကို ဟိုက်ဟွေ့နဲ့ လက်မှတ် ထိုးစေချင်တယ်။
“အခု… မင်းက ကျော်ကြားနေပြီ…လူတွေက မင်းအကြောင်း အပြောများနေတာ… မင်းရဲ့နောက် ရည်မှန်းချက်က…”
“ကျွန်မမှာ ထင်ရှားတဲ့ ဆုလာဘ် လိုအပ်တယ်”
ထျန်းနင်လည်း ညင်သာစွာ ပြုံးလိုက်တယ်။ သူမ ဘယ်လို ရပ်တည် နေလဲဆိုတာ သူမ ကောင်းကောင်း နားလည်တယ်။ အနုပညာ လောကဆိုတာ ရေဗွက်အိုင် ပမာပါ။ ဒီကနေ့ သူမ အကြောင်းကို လူတော်တော် များများက ချီကျူး ထောပဓာန ပြုနေသော်လည်း နောက်တစ်နေ့မှာတော့ သူမရဲ့ ကျော်ကြားမှုကို တခြားသူက အလွယ်တကူ လုယူသွားနိုင်တယ်။ ဒါကြောင့် ထင်ရှားတဲ့ ဆုလာဘ် တစ်ခု ပိုင်ဆိုင်ထားရမယ်။ ဒါမှ အနုပညာလောကမှာ အဆင့်အတန်းနဲ့ ရက်တည် နိုင်မှာ…။
“ထင်…. ကျွန်မက အသက် ၂၇နှစ် ဖြစ်နေပြီ… အသက်၁၇နှစ် အရွယ်တုန်းကလို အနုပညာလောကမှာ တခြားသူနဲ့ ယှဉ်နေလို့ မဖြစ်ဘူး… ရခဲ့တဲ့ ဆုတံဆိပ်ကလည်း Star King ကြောင့် တန်ဖိုးမဲ့သွားပြီ... သူတို့က ကျွန်မကို နာမည်ပျက် စာရင်းသွင်းထားတယ်...ကိုယ့် အနာဂတ်ကိုယ် မျှော်လင့်ချက် ကင်းမဲ့စွာ ရိုက်ချိုးခဲ့တာ”
အတိတ်က ဟန်ယွီဖန်အတွက်ဆို သူမ အရာရာကို စွန့်လွှတ်ခဲ့တယ်။
မော်ဒယ် တစ်ယောက်ရဲ့ အကောင်းဆုံးသော နှစ်တွေ၊ အတောက်ပဆုံး နှစ်တွေကို ဟန်ယွီဖန်အတွက် ကိုယ်ကျိုးမငဲ့ဘဲ အားလုံးကို ပေးအပ်ခဲ့တယ်။ ဒါပေမဲ့လည်း သူမ ဘာပြန်ရလိုက်လဲ…။
ဒါပေမဲ့လည်း ထျန်းနင် နောင်တ မရပါဘူး။ ဒါက သူမ ရွေးချယ်ခဲ့တဲ့ လမ်းပဲ။ သူမရဲ့ ရူးမိုက်တဲ့ အမှားအတွက် အကျိုးဆက်ကို သူမ ရင်ဆိုင်နိုင်ရမယ်။
ဒီစကားကိုကြားတော့ မို့ထင်ရဲ့ နှလုံးသားက သူမကြောင့် နာကျင်ရတယ်။ သူမနဲ့သာ စောစော တွေ့ခဲ့ရင် သူမရဲ့ နာကျင်မှုများကို ကုစားပေးနိုင်မှာ။ ထျန်းနင်ရဲ့ လည်ပင်းကို အနမ်းခြွေလိုက်ပြီး နူးညံသော လေသံနဲ့ သူမကို ချော့မြူလိုက်တယ်။
“မင်း ပြိုင်ပွဲ မဝင်နိုင်လည်း ကိစ္စ မရှိပါဘူး မော်ဒယ် တစ်ယောက် အနေနဲ့ အလုပ်ကြိုးစားပေါ့… မင်း.. ရှိုးလျှောက်မယ်… မဂ္ဂဇင်း ရိုက်မယ်ဆိုရင် ကိုယ် မင်းနဲ့ အဖော်လိုက်ခဲ့ပေးမယ်… ကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက် ဖေးမမယ်… အနုပညာလောက တကယ် တိုက်ပွဲလိုပဲ.. ဟန်နီ…. ကိုယ့်ဘာသာ အတင်းဖိအား မပေးနဲ့… စိတ်ကို အေးအေးလေးထား…ဟုတ်ပြီလား”
ထျန်းနင်လည်း သက်ပြင်း ရှိုက်လိုက်ပြီး သူမကိုယ်ကို လှည့်ကာ မို့ထင်ရဲ့ ရင်ခွင်ကျယ်ထဲ တိုးဝှေ့လိုက်တယ်။ သူမ ခေါင်းကို သူ့ရင်ခွင်ထဲ နှစ်ထားပြီး သက်ပြင်းချလိုက်တယ်။
“မစိုးရိမ်ပါဘူး… ရှင်က ကျွန်မရဲ့ ရည်မှန်းချက် ဖြစ်ကတည်းက ကျွန်မကို အလွယ်တကူ ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး”
မို့ထင်လည်း အသက်ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး ထျန်းနင်ကို ပွေ့ချီလိုက်တယ်။ အိပ်ခန်းကို ပြန်လာပြီးနောက် သူမကို အိပ်ရာပေါ် တင်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်ကို သူမအပေါ် ဖြည်းဖြည်းချင်း ဖိကပ်လိုက်တယ်။
“ကိုယ်အထင်… မင်းရဲ့ အတိတ်အကြောင်း မေ့စေဖို့ အကောင်းဆုံး နည်းလမ်းက မင်းကို နက်နက်ရှိုင်းရှိုင်း ချစ်ဖို့ပဲ”
ဒီစကားကို ကြားတော့ ထျန်းနင်ရဲ့ နာရွက်လေး နီရဲတွတ်သွားခဲ့တယ်။ သူ့စကားမှာ အဓိပ္ပာယ် နှစ်ခွ ဖြစ်နေတာ သူမ သိတယ်။
“ရှင် ဘာမှ မစားရသေးဘူး မလား… တစ်နေ့လုံး အလုပ် ပင်ပန်းထားလည်း ရှင့်မှာ အား ရှိသေးတယ်လား”
“ကိုယ် သက်သေပြမှ မင်း ယုံမယ်ထင်တယ်…”
ဒီစကားကို ပြောပြီးနောက် မို့ထင်က သူမရဲ့ အောက်နှုတ်ခမ်းကို နမ်းလိုက်တယ်။
……
ထျန်းနင်ရဲ့ ကျော်ကြားမှုကြောင့် မို့ယွီရို့က အားလုံးရဲ့ အမုန်းကို ခံယူသူ ဖြစ်လာခဲ့တယ်။ ဒါကြောင့် တန်ရီရဲ့ ဂုဏ်ပြုညစာ စားပွဲမှာ သူမ ကို ဖိတ်ဖို့ ခွင့်မပြုဘူး။ ဒါက သူမအတွက် မဟာ အခွင့်အရေးကြီးပဲလေ။ ဒီလိုနဲ့ သူမက ဒိုင်နဲ့တွေ့ဆုံဖို့ အခွင့်ရေး ဖန်လာတာပေါ့။ ဒိုင် ရှာဖွေခြင်းကို တန်ရီ မသိအောင် နောက်ကွယ်မှာ မို့ယွီရို့ လက်ထောက်က ကြံဖန်နေတာပါ။ အားလုံးပေါင်း ၇ယောက် ရှိပြီး ၃ယောက်က မိန်းကလေး၊ ၄ယောက်က ယောက်ျားလေးပါ။ မို့ယွီရို့က အမျိုးသမီး အကဲဖြတ်ဒိုင် ၃ယောက်ကို ဘေးချိတ်ထားပြီး ၄၀အရွယ် အဘိုးကြီးကိုသာ အာရုံစိုက် ထားလိုက်တယ်။ သူ့မှာ မကောင်းတဲ့ နောက်ကြောင်းရှိပြီး ဒါကို ဖုံးကွယ်ထားပုံပဲ။
“ယွီရို့”
အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံကို ကောက်ယူလိုက်တာကြောင့် သူမရဲ့လက်ထောက်က စိတ်လှုပ်ရှား သွားပုံရတယ်။
“ယွီ…”
“ယွီလင်း… ငါ့ကို ဒီဒိုင်နဲ့ တွေ့ဖို့ စီစဉ်ပေးစမ်းပါ”
“ယွီရို့…”
“နင် ဘာတွေးနေလဲ ငါသိတယ်… ငါ ဒီအဆင့်ကို မကျော်ဖြတ်ရင်… ဟန်ယွီဖန်ကို ဆုံးရှုံးရလိမ့်မယ်… ဒီတစ်ခုတည်းတင် မဟုတ်ဘူး…အရာအားလုံးကို ဆုံးရှုံးသွားတော့မှာ…”
မို့ယွီရို့က ကောက်ကျစ်သော ဟန်အမူအရာနဲ့ စကားပြောတယ်။ အခုအချိန်… သူမမှာ ပေကျင်းမှာ ရှင်သန်နိုင်တဲ့ အခွင့်အရေး မရှိဘူး။ တခြားနည်းလမ်း သုံးပြီး သူမကိုယ် သူမ မကယ်တင်ရင် ထျန်းနင်က သူမကို နိမ့်ကျအောင် တွန်းချမှာကို ဒီအတိုင်း ကြည့်နေရမှာ…။
“ငါ ဒီဆုကို သေချာပေါက် ပိုင်ဆိုင်ရမယ်”
မို့ယွီရို့ရဲ့လက်ထောက်မှာ ပြောစရာ စကားမဲ့သွားပြီး ဖုန်းကို ကိုင်ကာ ဖုန်းဆက်ရတော့တယ်။ သုံးကြိမ်တိတိ ဖုန်းဆက်တော့ နောက်ဆုံးတစ်ခေါက်မှ ကိုင်တော့တယ်။ တခြားတစ်ဖက်မှ အမျိုးသားကို တလေးတစားနဲ့ မျက်နှာချိုသွေးရပါတယ်။
“ယွီရို့…”
မို့ယွီရို့လည်း ဖုန်းကို လက်လှမ်းယူလိုက်တယ်။ သူမက အပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။
“လူကြီးမင်းလိ…”
သူက အဆင့်တန်းမြင့်မားသော အနုပညာရှင် ဖြစ်တာကြောင့် နိမ့်ချ ပြောဆိုရတယ်။
“မင်းက မို့ယွီရို့လား… မင်း ရှိုးပွဲကို ကြည့်ဖူးပါတယ်။ တကယ်တော့ မင်းက မဆိုးပါဘူး… ဒါပေမဲ့ အခုတလော မင်း သတင်းတွေ သိပ်မကောင်းဘူး ကြားတယ်… ဒါနဲ့ မနက်ဖြန် ည၇နာရီ…ဟုန်ဖန် ဟော်တယ်ကို မင်းလာနိုင်မလား ငါတို့တွေ စကားပြောရင်း ဆွေးနွေးတာပေါ့”
“ယွီရို့… ဒါက မင်းလိုချင်တာလား… မင်းက ကိုယ်ဝန်နဲ့နော်… အဘိုးအိုကြီးက အရမ်းကို တဏာရူးတယ်”
“ငါ့မှာ တခြား ရွေးချယ်စရာ ရှိသေးလို့လား”
မို့ယွီရို့လည်း သူ့လက်ထောက်ကို စောင်းငဲ့ကြည့်လိုက်တယ်။
“ ထျန်းနင်က ငါ့ကို ဒီလို အခြေအနေ ရောက်အောင် တွန်းပို့ခဲ့တာ… ငါ သူ့ကို အနိုင်ယူခွင့် မပြုနိုင်ဘူး ငါ့ကို အရှုံးပေးစေချင်တယ်လား အိပ်မက် မက်နေလိုက်တော့”
လက်ထောက်မှာ ကူရာမဲ့ ဖြစ်နေရတယ်။ သူတတ်နိုင်တာက အံကြိတ်ရုံသာ တတ်နိုင်တယ်။
“ဒါဆို မနက်ဖြန်ပွဲအတွက် ဓာတ်ပုံ ရိုက်ပေးရမလား… အဘိုးကြီးက စားပြီး နားမလည် လုပ်သွားဦးမယ်”
မို့ယွီရို့တစ်ယောက် ဒီလိုညစ်ညမ်းတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်မယ်လို့ ဟန်ယွီဖန် တွေးမိမယ် မထင်။
အပြင်မှာ သူမ အဆင်ပြေစေဖို့ သူခများ ရုန်းကန် ကြိုးစားနေစဉ် သူကတော့ မို့ယွီရို့ရဲ့ အနှစ်မဲ့ နှလုံးသားကို ဆုံးရှုံးနေခဲ့ပြီလေ။ ဒါက သူ ထျန်းနင်ကို သစ္စာဖောက်ခဲ့တဲ့ အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပဲ… ဝဋ်လည်တာလေ...။
ထိုနေ့မှာပဲ ဟန်လောရွှယ်က စာချုပ်စာတမ်း ကိစ္စ ဖြေရှင်းပြီး ပေကျင်းကို ပြန်လာနေပါပြီ။ ဟန်ယွီဖန်က သူမကို ကိုယ်တိုင်ကိုယ်ကျ လေဆိပ်မှာ သွားကြိုပါတယ်။ လေဆိပ်ကို ရောက်တာနဲ့ ဟန်လောရွှယ်က ထျန်းနင် ဘယ်မှာနေလဲ တန်းမေးတော့တယ်။
“အစ်မ…ဒီရက်ပိုင်း ယွီရို့က စိတ်မကောင်းဖြစ်နေတာ… သူမကို ရန်မစပါနဲ့ အသံလျှော့ ပြောပါ”
“သူမက မျှော်လင့်ချက် မဲ့နေပြီ… ငါတို့က စိတ်ပျက်စေခဲ့တာ… တခြားသူကို အပြစ်မတင်နဲ့…”
ဟန်လေရွှယ်လည်း ခံစားချက် ကင်းမဲ့စွာ တုံ့ပြန်လိုက်တယ်။
“ထျန်းနင်က Hyatt Regency မှာနေတယ်…”
ဟန်ယွီဖန်က စိတ်မရှည်စွာ ပြန်ဖြေလိုက်တယ်။
“ဒီလို နေရာကောင်းမျိုးမှာ နေနိုင်တယ်လား ဒါဆို မနက်ဖြန် သူ့အိမ်ကို ငါပြောင်းမယ်… ပိုပိုပြီးတော့ အဆင်ပြေတာပေါ့”
ဟန်လောရွှယ်က ဟန်ယွီဖန် အိမ်မှာ နေဖို့ ဆန္ဒ မရှိဘူး။ မို့ယွီရိုကိုလည်း သူမ မမြင်ချင်ဘူး။
ဒါပေမယ့်လည်း Hyatt Regency က သူမလို လူမျိုးနေထိုင်နိုင်တဲ့ နေရာ မဟုတ်ဘူး။
***
Bạn đang đọc truyện trên: ZingTruyen.Xyz