ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

အခန်း(၄၃)

jellyflower1

အပိုင်း(၄၃)

ရိုက်ကွင်း အကြို

 
 
ညစာ စားပြီးနောက် မို့ထင်က ထျန်းနင်ကို အိမ်တော်ရဲ့ ဧည့်ဆောင်ခန်းမထဲ ခေါ်ဆောင်သွားတယ်။ သူတို့ ရောက်ရှိတဲ့အချိန်မှာ သူတို့ကို အမေရိကန် နိုင်ငံသား တစ်ယောက်က စောင့်ဆိုင်းနေတယ်။
ထျန်းနင်လည်း မို့ထင် ဘာလုပ်ချင်မှန်း နားမလည်နိုင်ဘူး။ ဒါပေမဲ့ မို့ထင်က သူမကို နှစ်သိမ့်တယ်။
“အရမ်း စိတ်မလှုပ်ရှားနဲ့နော်”
ထို့နောက် အမေရိကန် အမျိုးသားက မို့ထင်နဲ့ ဆွေးနွေးတယ်။ ထျန်းနင်လည်း နားစွန်နားဖျား ကြားရတော့မှာ ဘာလဲဆို နားလည်သွားခဲ့တယ်။ မို့ထင်က သူမခြေထောက်တွေအတွက် အာမခံ ဝယ်ချင်နေတာပဲ။
ကျော်ကြားတဲ့လူများက သူတို့ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အာမခံဝယ်တာ ပုံမှန်ကိစ္စ တစ်ခုပါပဲ။ သူတို့က တခြားလူအာရုံစိုက်မှုရအောင် ဖန်တီးတာလေ…။ ဒါကြောင့် ထျန်းနင်လည်း မို့ထင်လက်ကိို ဆုပ်ကိုင်လိုက်တယ်။
“မို့ထင်… ကျွန်မ မလုပ်ချင်ဘူး…”
“အရမ်း တွေးမနေပါနဲ့… မင်း ခြေထောက်က ကိုယ် တွေ့ဖူးသမျှမှာ အလှပဆုံးပဲ”
“ဒါပေမဲ့…”
ထျန်းနင်ဘက်က မသေချာသေးပါဘူး…။
“ကိုယ့်စကားကို နားထောင်ပါ”
မို့ထင်လည်း သူမကို တံတောင်နဲ့ တွန်းလိုက်တယ်။
“ကိုယ့်ကို မင်းကိစ္စတွေကို ဝင်စွက်ဖက်ခွင့် မပြုခဲ့ဘူး… မင်းအတွက် အာမခံ ဝယ်တာကို ငြင်းဦးမလို့လား”
ထျန်းနင်မှာ မငြင်းနိုင်…။ သူမ ခြေထောက်လေးတွေက လှပပေမဲ့ အခုအချိန် သူမက အရမ်း မကျော်ကြားသေးဘူး… ဒါကြောင့် ဒါက အရမ်း အကုန်အကျ များတယ်လို့ သူမ ထင်မိတယ်။ နောက်ဆုံးတော့လည်း သူ့ကို အလျော့ပေးကာ လက်ခံလိုက်ရတယ်။ သူ့လုပ်ဆောင်ချင်သော အလုပ်ကို လုပ်ဆောင်ဖို့ ခွင့်ပြုလိုက်ရတယ်။
ဈေး မသတ်မှတ်ရသေးပေမဲ့ မို့ထင်ဘက်က စပြီးပြောလိုက်တယ်။
“နောက်ဆုံး ခန့်မှန်း တန်ဖိုးကို ဘယ်လောက် ဖြစ်ဖြစ်… ငါက အာမခံကို ဆယ်ဆတိုးချင်တယ်”
ဒီလိုဆိုရင်တော့…
ဒေါ်လာ သန်း၁၀၀ ကျော်နိုင်တယ်…။
တစ်ဖက်မှာ တိတ်ဆိတ်စွာ ထိုင်နေသော လင်းဝေနှင့် လုံကျဲမှာ တော်တော်ကို ရှော့ရမိတယ်။ သူတို့ မြင်နေရတဲ့ မြင်ကွင်းက ဟုတ်ပါ့မလားလို့ ထင်နေမိတယ် … အဓိကအချက်က… ဒီကိစ္စကို မို့ထင်က လူအထင်ကြီးအောင် လုပ်ဆောင်ခဲ့တာ မဟုတ်ဘူး…။ ထျန်းနင်အတွက် အာမခံချက် ပေးရန် ကူညီပေးခြင်း ဖြစ်တယ်။ ဒီအာမခံရဲ့ နောက်ဆုံး  အကျိုးဆောင်က ထျန်းနင် ဖြစ်သွားပြီ။ သူမ ခြေထောက် ဘာပဲဖြစ်ဖြစ် အာမခံအားဖြင့်  သူမကို ကာကွယ်ပေးမှာပါ…။
မို့ထင်က ထျန်းနင်ကို တကယ် အလိုလိုက်တာပဲ။
ထျန်းနင်က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး သူမ စိတ်ထဲများ အတွေးများ ယောက်ယက်ခတ်နေခဲ့တယ်။ သို့ပေမဲ့ မို့ထင်က သူမ ပခုံးပေါ် လက်တင်ကာ မေးလိုက်တယ်။
“ဒီရှုပ်ထွေးတဲ့ အနုပညာလောကမှာ  မလုံခြုံမှုနဲ့ ပရမ်းပတာနိုင်မှုသာ ရှိတယ်။ ဟိုက်ဟွေ့က နောင် ၁၀နှစ် အနှစ် ၂၀အထိ အောင်မြင်ပါ့မလားဆိုတာ အာမ မခံနိုင်ဘူး ဒါကြောင့် ကိုယ့်စိတ် အေးချမ်းအောင် ဒါတွေ အားလုံးကို လုပ်ဆောင်ချင်တာ… ကိုယ် မင်းကို ကာကွယ်ပေးချင်တာ…”
“ဒါဆို… ကိုယ့်ဘာသာ ကိုယ်အတွက် မဝယ်ရတာလဲ…”
ထျန်းနင် မျက်ဝန်းမှ မျက်ရည်များ ကျဆင်းလာရတယ်။
မို့ထင်လည်း သူမကို မှီလိုက်ပြီး သူမ နားသို့ ချဉ်းကပ်ကာ တခစ်ခစ် ရယ်မောလိုက်တယ်။
“ကိုယ်က မင်းလို လှပတဲ့ ခြေထောက်လေးတွေ မရှိလို့လေ…”
အခန်းကို လှပစွာ အလှဆင်ထားပေမဲ့ သူမ မျက်လုံးထဲမှာ မို့ထင် တစ်ယောက်တည်းသာ ရှိတယ်။ မို့ထင်က သူပြန်ရမှာကို မမျှော်ကိုးဘဲ သူမအတွက် လုပ်ဆောင်ပေးခဲ့တာပါ။ ထျန်းနင်က လက်ထပ်ဖို့ ပထမဆုံး စေ့ဆော်ခဲ့တာပါ။ ဒါပေမဲ့ သူ့က စိတ်မဆိုးဘဲ… သူမကို လက်ထပ်ခဲ့ပြီး ယုံကြည်ပေးခဲ့တယ်။ နှလုံးသား တစ်ခုလုံးနဲ့ ရင်းပြီး သူမကို ချစ်သည့်အပြင် သူမကို သစ္စာ ရှိခဲ့တယ်။
“ရှင်… ကျွန်မအတွက် စဉ်းစားပေးတာကြောင့် ကျွန်မဘက်က ဘယ်လို ကတိမျိုး ပေးရမလဲ…ကတိဘယ်နှစ်ခုလောက် ပေးရမလဲဆိုတာ သိလား”
“ဟမ်…”
“ကျွန်မ မသေမချင်း ရှင့်ကို မထားခဲ့ဘူးလို့ ကတိပေးတယ်”
ထျန်းနင်လည်း လေးနက်စွာ ပြောလိုက်တယ်။
မို့ထင်လည်း ခန့်ညား ချောမောစွာ ရယ်လိုက်တယ်။ သူ ထိုက်တန်တယ်လို့ ယူဆသ၍ နောင်တဆိုတာ ရှိလာမှာ မဟုတ်ဘူး။ အတုံ့အလှည့်ဆိုတာ မလိုအပ်ဘဲ ပေးဆပ်ချင်ခဲ့တဲ့ တစ်ဦးတည်းသောသူက ထျန်းနင်ပဲ…။
ဘဆိုတာ ပြောရခက်လွန်းတယ်… တစ်ယောက်က သူမနှလုံးသားကို နင်းခြေခဲ့စဉ် တခြား တစ်ယောက်ကတော့ သူမကို ရတနာတစ်ပါးလို ပြုမူတယ်။ ဒါကြောင့် လူယုတ်မာ တစ်ယောက်ကြောင့် အမြဲ အသည်းမကွဲနေသင့်ဘူး… မင်းကို နွေးထွေးမှု ပေးနိုင်တဲ့ ပိုကောင်းမွန်တဲ့ တခြား တစ်ယောက်ဆိုတာ ရှိလာမှာပါ။
“ထျန်းနင်က အခုဆို… တန်ဖိုးရှိတဲ့ ရတနာလေး ဖြစ်သွားပါပြီ”
လုံကျဲက လင်းဝေကို တီးတိုး ပြောလိုက်တယ်။
“တန်ရီကို ချက်ချင်း ဝယ်လို့ ရတဲ့ ပမာဏအထိ ထျန်းနင်အတွက် အာမခံထားတယ် ဒေါ်လာ သန်း၁၀၀ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူးလေ…”
“ငါတို့ ထျန်းနင်လေးကို ဟန်ယွီဖန် လက်မထပ်ထားကိုပဲ ကျေးဇူးတင်လွန်းနေပြီ…”
လုံကျဲလည်း လင်းဝေကို မျက်စိတစ်ဖက် မှတ်ပြလိုက်တယ်။
“ဒီလူယုတ်မာကောင် ဘီအဆင့်မော်ဒယ်ကို ဖက်ပြီးတော့ ငါတို့အမြင်က မြန်မြန်ထွက်သွားဖို့ မျှော်လင့်မိတယ်”
“ဟန်ယွီဖန်က ထျန်းနင်ကို လွှင့်ပစ်ဖို့ နည်းလမ်း ပေါင်းစုံတွေးနေစဉ် သူမအတွက် အာမခံ ဒေါ်လာသန်း ၁၀၀ကျော် အကုန်အကျခံနိုင်တဲ့ လူတစ်ယောက်ရှိနေတယ်ဆိုတာ တွေးမိမှာ မဟုတ်ဘူး”
……………
Secret ရိုက်ကူးရေး နီးကပ်လာတာကြောင့် ဟန်ယွီဖန်မှာ ပျာယာခတ်လာတယ်။ တရုတ် မီဒီယာများကို မို့ယွီရို့နဲ့ ပတ်သက်တဲ့ ကြေညာများ ထည့်သွင်းပေးဖို့ ကြိုးစား အားထုတ်နေရှာတယ်။ မို့ယွိရို့က တခြားသော ကျော်ကြားသော သူများထက် သာလွန်ကြောင်း..၊  မို့ယွီရို့က လုံးဝ ထွန်းလင်း တောက်ပမယ့် ကြယ်ပွင့်လေး ဖြစ်ကြောင်း…၊ သူမ ကြော်ညာကို အကြီးအကျယ် ချဲ့ကား နေတယ်။ ထျန်းနင်နဲ့ ပတ်သက်တဲ့ သတင်း အနည်းငယ်သာ ထုတ်လွှင့်စေတယ်။
ပရိတ်သတ်များမှာ အလွန်အမင်း စိုးရိမ်နေကြတယ်…။ ထျန်းနင်နဲ့ ပတ်သက်တဲ့ အကြောင်းကို သိချင်လို့ လင်းဝေကို ထပ်ခါ ထပ်ခါ ဆက်သွယ် ကြတယ်။  ဒါပေမဲ့ ထျန်းနင်က ဘာမှ မပြောဖို့ လက်ဟန်အမူအရာနဲ့ ပြတယ်။
လင်းဝေ နားလည်နိုင်တယ်… နိုင်ငံခြားမှာဆိုရင် Secret မဂ္ဂဇင်းက တတိယ အဆင့်လောက် ရှိတယ်… ဒါကြောင့် ဇာချဲ့ပြီး ကြော်ညာနေဖို့ မလိုအပ်ဘူး…။ ဒါကြောင့် ရိုးရှင်းတဲ့ စကားလေးခွန်းသာ ပြန်ဖြေလိုက်တယ်။ ထျန်းနင်ကို ယုံကြည်ပေးပါလို့….။
ဒီစကားလေးခွန်းနဲ့ ထျန်းနင်ရဲ့ ပရိတ်သတ်များမှာ စိတ်သက်သာရာ ရတယ်။ ကောင်းတာ ဖြစ်ဖြစ် ဆိုးတာ ဖြစ်ဖြစ် ထျန်းနင်က သူမဘာလိုချင်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိနေခဲ့ပြီး သူမမှာ အမြဲတမ်း အစီအစဉ်ရှိတယ်။
“သူဌေးဟန်…”
မို့ယွီရို့ရဲ့ လက်ထောက်က အွန်လိုင်း ဝေဖန်စာကို ကြည့်ပြီး ပြောလိုက်တယ်။
“ထျန်းနင်နဲ့ ပတ်သက်တဲ့ တုံ့ပြန်ချက်က ဘယ်လိုလဲ”
ဟန်ယွီဖန် မေးလိုက်တယ်။
“အစ်မ လောရွှယ်ရဲ့ ပီအာကို ကျေးဇူးတင်ရမယ်… မို့ယွီရို့ ကျော်ကြားမှုကို မြှင့်တင်ဖို့ ထျန်းနင်ကို အောင်မြင်စွာ အသုံးချနိုင်ခဲ့တယ်…အခု ထိပ်တန်း ဆယ်လီ နာမည်တွေ သုံးပြီး သတင်းအသစ် တင်ထားတယ်… အခုဆို ထျန်းနင်ကို မလိုအပ်တော့ဘူး…. တို့တွေ တခြားသူရဲ့ ပရိတ်သတ်များကို ရန်စထားသောကြောင့် ထျန်းနင်နဲ့ ပတ်သက်တဲ့ သတင်းက နည်းနည်းပဲ ရှိတော့တယ်”
“ဒါက သတင်း ရလာဒ်ပေါ့…”
ဟန်လောရွှယ်လည်း မို့ယွီရို့အတွက် ဇာတ်လမ်းဆင်ထားသော ရလာဒ်ကို ကြည့်ကာ ထေ့ငေါ့လိုက်တယ်။
“အခု ငါတို့လက်ထဲမှာ ကျော်ကြားမှုနဲ့ စိတ်ဝင်စားမှု အားလုံး ရှိတ် ငါတို့ အားလုံးကို အရယူထားတယ် ထျန်းနင်ကို တကယ်နိုင်ဖို့ ရိုက်ကွင်း ရလာဒ်ကို စောင့်ရမယ်… မို့ယွီရို့ရဲ့ သရုပ်ဆောင်မှုက ကောင်းမယ်ဆိုရင် ငါတို့လိုချင်တဲ့ ရလာဒ်က မဝေးတော့ဘူး ငါတို့ နိုင်ငံကို ပြန်ရင် ထျန်းနင်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး… လူမသိ သူမသိ မော်ဒယ် တစ်ယောက် ဖြစ်သွားတော့မှာ…”
“ကျွန်မ အောင်မြင်မယ်လို့ ယုံကြည်တယ်…”
မို့ယွီရို့က သူမရှေ့မှာရှိတဲ့ လူတစ်စုကို ကတိပေးလိုက်တယ်။
“ထျန်းနင်ရဲ့ ပွဲတိုင်းကို ကြည့်ဖူးတယ်… ငါက သူမထက် မညံဘူး သြော်… မေ့နေတာ… သူက ငါ့အစားထိုး ခံလေးပဲ…”
ဒါပေါ့… သူမကို အတုခိုးဖို့ ထျန်းနင်က သူမအဆင့်အတန်းကို နှိမ်ချထားရတာလေ။
“ဓာတ်ပုံနဲ့ ပတ်သက်ပြီး ငါ့ပီအာကို ပြောထားလိုက်မယ်… နင့်ကို အရှေ့မျက်နှာဖုံးမှာ အဓိကထားပြီး ရိုက်ကူးဖို့ ပြောထားမယ် အရှေတိုင်း ရိုက်ကူးရေးမှာ စိတ်ဝင်စားအောင် ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ စဉ်းစားထားလိုက်…”
“ညီမ သေချာ တွေးထားပါမယ်”
“ဒါက ထျန်းနင်နဲ့ ပထမဆုံးအကြိမ် အတူတူ ရိုက်ကူးရမှာ… ဒါက နင့်ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်ဆိုတာ သိသင့်တယ်… နင်ကျဆုံးသွားရင် တန်ရီတစ်ခုလုံး မင်းနဲ့အတူတူ အရှက်ကွဲရလိမ့်မယ်… စန်ယွီဖန်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း တခြားလူတွေ သံသယ ဝင်သွားမယ် ဒါကြောင့် ဒီတိုက်ပွဲမှာ နင် နိုင်ရမယ်”
ဟန်လောရွှယ်က မို့ယွီရို့ကို လေးနက်သော အသံနှင့် ပြောလိုက်တယ်။
“မနေ့က အရှက်ရမှုအတွက် သေချာပေါက် လက်စားချေမယ်”
မို့ယွီရို့လည်း အခိုင်အမာ ပြောလိုက်တယ်။ အခု သူမက ကျော်ကြားလာတာကြောင့် သူမမှာ ယုံကြည်မှု ပြည့်နှက်နေတယ်။
မနက်ဖြန်က သူမနဲ့ ထျန်းနင်အတွက် သေခြင်း ရှင်ခြင်း တိုက်ပွဲ ဖြစ်လာနိုင်တယ်။
 
 
Chapter-43
End

Bạn đang đọc truyện trên: ZingTruyen.Xyz