ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

အခန်း(၂၈)

jellyflower1

အပိုင်း(၂၈)
အဖိုးတန်ဇနီးလေး

 
“ထျန်းနင်… ငါ မင်းကို သတိပေးလိုက်မယ်.. မင်း ဒီအနုပညာလောကထဲမှာ ဆက်ပြီးတော့ ရှင်သန်ချင်သေးတယ်ဆိုရင် ဒီနေရာက ထွက်သွားပြီ တောင်းပန်စကား ပြောလိုက်ရင် ကောင်းမယ် မဟုတ်ရင်တော့ နောင်တအတွက် ကုသလို့ ရတဲ့ ဆေးမရှိဘူးနော်။ အမြဲတမ်း နောင်တရသွား စေရမယ်”
ထျန်းနင်လည်း နူးနူးညံ့ညံ့လေး ရယ်လိုက်တယ်။ သူမပုံစံက တည်ငြိမ်နေပြီး ဟာသကို တွေ့နေရသလိုပေါ့။
“ပြောပြီးသား စကားအတွက် ဘာကို တောင်းပန်နေရမလဲ ကျွန်မက တောင်းပန်မယ်ဆိုရင် ဘယ်သူက သုံးစွဲသူကို တောင်းပန်မလဲ”
“မင်း ဖန်တီးထားတဲ့ မကောင်းတဲ့ တုံ့ပြန်ချက်ကို ဖယ်ရှားဖို့ မကူညီဘူး မင်း မတောင်းပန်ဘူး ဆိုရင် ငါတို့တွေ တရားလွန် နည်းလမ်းကို သုံးရလိမ့်မယ်”
ကိုယ်စားလှယ်က ခြိမ်းခြောက်သည့် သဘောဖြင့် သတိပေးလိုက်တယ်။ ပြောပြီးတာနဲ့ ပွဲလုံခြုံရေးများကို ဖျတ်ခနဲကြည့်လိုက်တယ်။ အရိပ်အမြွက်ကို နားလည်တဲ့ သဘောဖြင့် လုံခြုံရေးအစောင့်က ထျန်းနင်အနားကို တည့်တည့်မတ်မတ် လျှောက်လာတယ်။
ပရမ်းပတာ အခြေအနေကို မြင်ရတော့ လုံကျဲနဲ့ လင်းဝေက  အလျင်အမြန် ထျန်းနင် အနားမှာ လူစုပြီး အရံအတားလုပ်လိုက်တယ်။ လုံကျဲက ဖောက်သည်ကို ဒေါသတကြီး လက်ညိုးထိုးလိုက်တယ်။
“ရှင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
မျက်နှာဖြူဖျော့နေတဲ့ ဟန်ယွီဖန်က ကုမ္ပဏီနဲ့ မသက်ဆိုင်သလို နေတယ်။ သူမှာ မို့ယွီရို့ရဲ့ နာမည် ရှင်းလင်းဖို့ အလျင်လိုနေတာကြောင့် ထျန်းနင်ကို ဆန့်ကျင်ဖို့ သူ့ကိုယ်သူ ဘာမှ မပြင်ဆင်လာခဲ့ဘူး။
ခေတ်ဟောင်းနေတဲ့ မော်ဒယ်တစ်ယောက်က သူမကိုယ်သူမ အနုပညာလောကထဲ ပြန်ဝင်လာတော့မယ်လို့ ကြေညာရဲတယ်လား။
သူထားရစ်ခံပြီနောက် ထျန်းနင်က နောက်တစ်ကြိမ် ပြန်စနိုင်မယ်လို့ တွေးနေတာလား။
ဟန်ယွီဖန်က ထျန်းနင်ကို ဆွဲခေါ်ပြီး ဘေးဘက်သို့ မထားလိုက်ခင်မှာ ခနဲလိုက်တယ်။
“ထျန်းနင်… မင်း ငါ့ကို မုန်းနေတယ်ဆိုတာ ငါ သိပါတယ် ဒါပေမဲ့ ဒီလိုလုပ်လို့ ယွီရို့ကို မထိခိုက်နိုင်ဘူး မင်းကိုယ်မင်း ထိခိုက်နိုင်တာ… အနုပညာလောကရဲ့ စည်းမျဉ်းကို ချိုးဖောက်တဲ့ မော်ဒယ်တစ်ယောက်အနေနဲ့ မင်းဘယ်လိုပဲ ဂုဏ်မောက်နေပါစေ မင်းကို ဘယ်သူမှ ငှားမှာ မဟုတ်ဘူး”
“တကယ်လား”
ထျန်းနင်လည်း သူမမျက်ခုံးကို အသာအယာပင့်တင်လိုက်တယ်။
“ကျွန်မတော့ ဒီလို မထင်ဘူး”
“မင်း ဘာလုပ်လုပ် ငါ ဂရုမစိုက်ဘူး။ မင်း ယွီရို့ကို မနာလို ဖြစ်နေတာလည်း ငါ ဂရုမစိုက်ဘူး… အခုတော့ မင်းက ပွဲကို အတော်လေး ရှုပ်ယှက်ခတ်စေခဲ့တယ်။ မင်း ဒီကိစ္စကို ဖောက်သည်ကို ရှင်းပြဖို့ လိုအပ်တယ် စာချုပ် ချိုးဖောက်လို့ လျော်ကြေးပေးရမယ် အပြစ်ကို တန်ရီဖျော်ဖြေရေးဆီ ပုံချဖို့ မစဉ်းစားနဲ့”
ဟန်ယွီဖန်က ထျန်းနင်ကို အကြင်နာခေါင်းပါးစွာ အော်ဟစ်လိုက်တယ်။
“ယွီရို့ ကိစ္စမှာလည်း မင်းက ပူးပေါင်းခြင်း မရှိခဲ့ဘူး ဒါကြောင့် ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး ဒါပေမဲ့ မင်းကိုယ်စား သတင်းလွှင့်ပေးရတော့မှာပေါ့ မင်းက မကောင်းတဲ့ ဝေဖန်ချက် အားလုံးကို ခံယူရမယ်”
“သူဌေးဟန် ရှင်က ကျွန်မ စကားကို နားမလည်ဘူးထင်တယ် ကျွန်မ ပြန်လာတော့မယ်လို့ ကြေညာတာက စာချုပ်မှာ လိုက်နာသင့်တဲ့ အပိုင်းအားလုံးကို အခုအချိန်ကစပြီးတော့ လိုက်နာတော့မယ်အပြင်  ကျွန်မ ရသင့်ရထိုက်တာကို ယူမယ်လို့”
ထျန်းနင် မျက်ဝန်းအကြည့်များက ခံစားချက်ကင်းမဲ့ပြီး နွေးထွေးမှု အရိပ်အယောင်မှ မရှိခဲ့…
သူမ ရှေ့နားမှာ ရပ်နေတဲ့ အမျိုးသားလေးကို စက်ဆုပ်ရွံရှာသလို ခံစားရလာတယ်။
“သူဌေးဟန်… စိတ်မရှည် ဖြစ်နေစရာ မလိုအပ်ဘူး… ကျွန်မ ရှေ့နေ့ ဒီနေ့လယ် ရောက်မယ် ရှင်နဲ့ သက်ဆိုင်တဲ့ စာချုပ်အပိုင်းကို အမြန်ဖတ်ပေးလိမ့်မယ် ဒီနှစ်တွေမှာ ကျွန်မ မရခဲ့တဲ့ ငွေတွေကို ပြန်ယူမှာ ဖြစ်တာကြောင့် တစ်ပိုင်းချင်း ရှင်းမယ်”
ဒီလိုဖြစ်နေတဲ့ ထျန်းနင်ကို မြင်ရတော့ ဟန်ယွီဖန်လည်း အံ့သြမင်တက်မိတယ် ထျန်းနင်က ဒီလိုအမြင် ရှိနေမယ်လို့ သူ မတွေးထားခဲ့မိဘူး။ သူတို့ကို ပြန်မတိုက်ခိုက်နိုင်လောက်တဲ့အထိ ထျန်းနင်က အဆုံးအစွန်းအထိ တွန်းပို့နိုင်တာ မယုံကြည် ဖြစ်ရတယ်။
မဖြစ်နိုင်ဘူး… သူမ ထိတ်လန့်သွားလို့ ဖြစ်ရမယ်။ ဟန်ယွီဖန်လည်း သူ့ကိုယ်သူ ဖြေသိမ့်နေရတယ်။ စိတ်ဓာတ်ပျော့ညံ့တဲ့ မိန်းကလေးက ဘယ်လို ဖြစ်ပြီးတော့ အရမ်းကို အစွမ်းထက်လာနိုင်မလဲ။
သူမက သူ့အာရုံစိုက်မှု ရအောင် ကြိုးစားနေတာ ဖြစ်ရမယ်။ ဟန်ယွီဖန်လည်း သူ့ကိုယ်သူ ပြောနေမိတယ်။ အို့… ထျန်းနင်က ဒီလို အခြေအနေ ရောက်တဲ့ အထိ ဈေးပေါနေပြီလား။ မင်းက ဘာလို့ အခုထိ လက်မလွှတ်နိုင်သေးရတာလဲ။
ထျန်းနင်ရဲ့ ရုတ်တရက် တောင်းဆိုလိုက်မှုကြောင့် ပွဲအစီအစဉ်အားလုံး ဖရိုဖရဲ ဖြစ်သွားရတယ်။ ကုမ္ပဏီ ကိုယ်စားလှယ်က သူတို့နှစ်ယောက် သဘောထား တိုက်ဆိုင်မှု မရတာ မြင်ရတော့ စိတ်မရှည်စွာ သူတို့အနားကို အလျင်အမြန် ရောက်လာတယ်။ ထျန်းနင်ကို ခြိမ်းခြောက်တဲ့ အကြည့်ဖြင့် ပြောလိုက်တယ်။ 
“မင်း… ငါတို့ကို ကျေနပ်ဖွယ် ရှင်းပြချက် မပေးနိုင်ရင် ဒီတံခါးက ထွက်သွားဖို့ မစဉ်းစားနဲ့” 
“ထျန်းနင် ငါတို့ကို ဖိအား မပေးနဲ့”
အသေအကျေ တိုက်ပွဲ ဖြစ်တော့မလို ခံစားရတယ်။ ဒါပေမဲ့ ဟန်ယွီဖန်က နောက်မှသာ အေးအေးလူလူ ရပ်နေပြီး သူ့ရှေ့က မြင်ကွင်းကို စောင့်ကြည့်နေတယ်။ သူမှာ ထျန်းနင်ကို ကူညီမယ့် ရည်ရွယ်ချက် မရှိဘူး။ ထျန်းနင်ကို သူ့ကို သစ္စာဖောက်တဲ့ တန်ရာတန်ကြေးကို သိစေချင်တယ်။ အကျိုးဆက်က ပေါ့သေးသေး မဟုတ်ဘူးဆိုတာ သိသွားစေရမယ်။ သူ့စိတ်ကို အမြင်ကတ်အောင် မလုပ်သင့်ဘူး။ သူ့ကိုယ်တိုင်သာ ပထမဆုံး သစ္စာဖောက်သူ ဖြစ်ရမယ်။
လုံခြုံရေး ၃ယောက် သူတို့အနား ချဉ်းကပ်လာတာ မြင်ရတော့ လုံကျဲက ထျန်းနင်ကို စိုးရိမ်တကြီး ကာကွယ်ပေးနေတယ်။ အဆင့်အတန်း မရှိတဲ့ အောင်မြင်ပြီးသား အနုပညာရှင် အများစုက ဒီလိုမျိုး မတရားနှိပ်စက်မှုကို ခံစားရတတ်တယ်။ ဒီတစ်ခေါက်တော့ လုံကျဲမှာ မိန်းကလေး ဖြစ်နေတာကြောင့် သူမကိုယ် သူမ မုန်းမိတယ်။
သူတို့ ပြေးစရာ လမ်းမရှိတော့တာ မြင်တော့ လုံခြုံရေးအစောင့် မျက်လုံးများက ပြုံးရိပ်သန်းလာတယ်။ သူတို့အတွက်တော့ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော်လည်း သိပ်မကြာခင် အခန်းထဲမှာ ဝုန်းခနဲ မြည်သံ ပဲ့တင်ထပ်လာတာပေါ့။ နားနေဆောင် အခန်းတံခါး ပွင့်လာတယ်။
လက်ဆွဲအိတ်ကို ကိုင်ဆောင်ထားတဲ့ အမျိုးသားက သက်တော်စောင့် ၃ယောက်နဲ့ အတူတူ ဝင်လာတယ်။ သူ့မျက်လုံးများက အခန်းကို ဝေ့၀ဲ ကြည့်ပြီး မေးလာတယ်။
“ဒီမှာ သူဌေးက ဘယ်သူလဲ”
“ဘယ်သူလဲလို့ မေးပါရစေ…”
ကုမ္ပဏီ ကိုယ်စားလှယ်က အရှေ့ကို ထွက်လာတယ်။
“ကျုပ်က Hai Rui ဖျော်ဖြေရေးရဲ့ ရှေ့နေ တစ်ယောက် ငါ့မျိုးရိုးနာမည်က ချောင်”
ရှေ့နေက ခက်ထန်စွာ ပြန်လည် ဖြေလိုက်တယ် သူ့လက်ကိုင်အိတ်ထဲမှာ စာတစ်စောင်ကို ထုတ်လိုက်ပြီး ကိုယ်စားလှယ်ကို လှမ်းပေးလိုက်တယ်။
“အရင်လက မင်းတို့ ရိုက်ခဲ့တဲ့ ကြော်ငြာက ငါတို့အနုပညာရှင် ဓာတ်ပုံကို တရားမဝင် သုံးခဲ့တယ် Hai Ruiကို စော်ကားတာပဲ ဒါက သတိပေးစာ  မင်းတို့ကို ဒေဝါလီခံ ရတဲ့အထိ တရားစွဲဖို့ ယုံကြည်ချက် ရှိတယ်”
ပြောပြီးတာနဲ့ ခြေလှမ်းကျဲကျဲနဲ့ အခန်းအပြင်သို့ ထွက်ခွာသွားတော့တယ်။ သက်တော်စောင့်ကိုတော့ အခန်းထဲ ထားခဲ့တယ်။ သူ့ရည်ရွယ်ချက်က ရှင်းပါတယ်။ ထျန်းနင်ကို ကာကွယ်ဖို့ပေါ့။
ကိုယ်စားလှယ်က လက်ထဲမှာ ဗုံးတစ်လုံးကို ကိုင်ထားရသကဲ့သို့ လက်များက တုန်ရီနေတယ်။ သူက ကျော်ကြားတဲ့ Hai Rui ဖျော်ဖြေရေးကို ရန်သွားစမိသလို ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။
ကုမ္ပဏီငယ်လေးများက သူတို့ ကျော်ကြားဖို့ လွတ်လမ်းရှာတာက သာမန်ပုံစံတော့ မဟုတ်။ ဒါပေမဲ့  Hai Ruiဖျော်ဖြေရေးကိုတော့ ဘယ်သူမှ ရန်မစရဲဘူး။
သူတို့ တကယ်ပဲ ကံဆိုးနေတာလား။
ဘယ်သူမှ တကယ့်အကြောင်းပြချက်ကို မသိရှာဘူး။ ဒါပေမဲ့ ထျန်းနင်ကတော့ ကောင်းကောင်း သိနေတယ်။ ဒါက သူမ လက်စားချေတာ အထောက်အကူ ဖြစ်ဖို့ မို့ထင်ရဲ့ ကူညီတဲ့ နည်းလမ်းလေ။
သူတို့က ဘယ်သူကိုမဆို စော်ကားမော်ကား ပြုမူနိုင်တယ်။ ဒါပေမဲ့ သူ့အဖိုးတန် ဇနီးလေးကိုတော့ ထိဖို့ မကြံနဲ့။
အခြေအနေကို နားလည်တာကြောင့် လုံကျဲက ကျိတ်ရယ်တော့တယ်။ ဒီလို ကုမ္ပဏီ သေးသေးလေးက မို့ထင် အကြောင်းမသိပဲ ဂုဏ်မောက်ရဲတယ်ပေါ့။ အချိန်မီ ကူညီဖို့ မို့ထင်က သူ့လူတွေကို အမိန့်ပေးထားပြီးသား။ ထျန်းနင်အတွက် ပြင်ဆင်ပေးထားတယ်ဆိုတာ ရှင်းနေတာပဲလေ။
ဒီအချိန်မှာ ဖောက်သည်က ထျန်းနင်အကြောင်းကို ဂရုမစိုက်နိုင်တော့ဘူး။ Hai Rui ဖျော်ဖြေရေးက သူတို့ကို မကောင်းမြင်တာက သူတို့အတွက် သေဖို့ နီးကပ်လာပြီးဆိုတာ သိနေပြီလေ။
ဟန်ယွီဖန်ကိုလည်း ရုတ်တရက်ဆန်သော ဒီပြပွဲက ထိတ်လန့်စေတယ်။ ဝင်ရှုပ်သလို မဖြစ်စေရန် နားနေဆောင်မှ အလျင်အမြန် ထွက်ခွာသွားတာပေါ့။ သူရဲဘောကြောင်တဲ့ မျက်နှာက အရှက်မဲ့လွန်းလို့ နောက်တစ်ကြိမ် ကြည့်ဖို့ကို မထိုက်တန်ဘူး။ လင်ေးဝအတွက်တော့ အတော်လေး ရွံ့မုန်းမိတယ်။
“ထျန်းနင် ပြန်မယ်”
သူမတို့ ရည်ရွယ်ချက် အောင်မြင်တာကြောင့် လင်းဝေလည်း ကံကောင်းတယ်လို့ ခံစားမိတယ်။ အနုပညာလောကမှာ ကံတရားက အရေးပါတယ်ဆိုတာ သူမသိတယ်။ ထျန်းနင်က အတော်လေး ကံကောင်းတာပဲ။
အနုပညာလောကထဲ ပြန်ဝင်လာတော့မယ်လို့ ကြေညာတာက အသစ်တဖန် ပြန်လည် စတင်တော့မယ်လို့ ဆိုလိုတယ်။ ဒါပေမဲ့ သူမ ကြိုးစားနေသ၍ လွန်ခဲ့သော ၃နှစ်ကထက် ပိုပြီးတော့ သာလွန်မယ်ဆိုတာ သူမ ယုံကြည်တယ်။
အင်တာနက်တခွင်မှာလည်း ထျန်းနင်ကို အမွှမ်းတင်မှုတွေနဲ့ ပြည့်နှက်နေတယ်။ လူတိုင်းက ထျန်းနင်ရဲ့ လျှို့ဝှက်ဆန်းတဲ့ ပြကွက်ကို ကြည့်တယ်။
လုံကျဲလည်း အပျော်ကြီးပြောကာ ပြုံးပျော်ရင်း ဝေဖန်စာများကို ဖတ်ရှုနေတယ်။
“အခုအချိန်ဆိုရင်တော့ မို့ယွီရို့ အရမ်းကို ဒေါသထွက်နေမယ်လို့ ငါထင်တယ် ထျန်းနင် အမှားလုပ်လိုက်ရင် သူမ အလုပ် အဆုံးသတ်သွားမယ် ထင်နေတာလေ”
“ဟန်ယွီဖန်ရှေ့မှာ ထျန်းနင်ကို ပိုပြီးတော့ မကောင်းပြောနိုင်မယ် ထင်ထားတာ နင့်ကို အပြစ်ပေးဖို့ တောင်းဆိုထားတာ”
ထျန်းနင်က လုံကျဲတစ်ယောက် မို့ယွီရို့အကြောင်း ပြောရင်း ပျော်နေတာကို မတားဆီးပါဘူး။ သူမလည်း လင်းဝေဘက် လှည့်ကာ မေးလိုက်တယ်။
“ကောလာဟလ ခေါင်းစဉ်နဲ့ ပတ်သက်တာ အားလုံး ပြင်ဆင်ပြီးပြီလား”
“ဒါပေါ့ အရမ်း အံ့သြဖို့ ကောင်းစေရမယ်”
လင်းဝေ ပြန်ဖြေလိုက်တယ်။
Chapter-28
End
***

Bạn đang đọc truyện trên: ZingTruyen.Xyz