ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
အခန်း(၂၃)
အပိုင်း(၂၃)
၃နှစ် အလုပ်မဲ့ခြင်း
လင်းဝေရဲ့ မျက်ဝန်း ထောင့်မှ မျက်ရည်လည်နေဆဲပါ။ မျက်ရည်စက်များကို သုတ်ရင်း သူမ မတ်တတ်ထရပ်လိုက်တယ်။ ထျန်းနင်ကို ပြန်မဖြေခင်မှာ သူမ တခဏတွေးတောလိုက်ပြီး
"၂၆ရက် နောက်တစ်ပတ် ... ဗုဒ္ဓဟူးနေ့...။"
"အလုပ်တွေ အားလုံးကို ငြင်းပေးဖို့ မို့ယွီရို့က ရှင်ကို ပြောထားသေးတယ်မလား။"
ထျန်းနင် ခန့်မှန်းလိုက်တယ်။
"ဟုတ်တယ်။"
"ပွဲအတွက် ဖောက်သည်တစ်ယောက်ချင်းစီ ပို့ပေးတဲ့ Emailနဲ့ တစ်ယောက်ချင်းစီ ပြောသမျှကို မှတ်စု မှတ်ထားလိုက်...။ ငါက ဒီအချက်အလက်တွေကို ဗုဒ္ဓဟူးနေ့မှာ အသုံးပြုမယ်။"
ထျန်းနင်လည်း တည်တည်ငြိမ်ငြိမ် အမိန့်ပေးလိုက်တယ်။
"နင့်မှာ ဆင်ခြင်တုံတရား ရှိနေသေးမယ်ဆိုရင်တော့ ငါ့နောက်လိုက်လုပ်တာက မို့ယွီရို့ နောက်လိုက်လုပ်တာထက် ပိုပြီးတော့ စိတ်ချရတယ်ဆိုတာ သိမှာပါ။"
"သူမက အပျော်မယား တစ်ယောက် ဖြစ်နေတဲ့အတွက် နိုင်ငံတကာ အဆင့်တန်းမီ စင်မြင့်ကို မတက်လှမ်းနိုင်ဘူး....။"
ဒီစကားကို ကြားတော့ လင်းဝေတစ်ယောက်... ထျန်းနင် ကျော်ကြားလာချိန်မှာ မို့ယွီရို့တစ်ယောက် မကြာခဏ ပြဿနာရှာနေရလဲဆိုတာ တွေးမိလာတယ်။ မို့ယွီရို့က သရုပ်ဆောင်မှုမှာ အားနည်းပြီး... သနားညှာတာမှုကိုသာ ခံယူနေရတယ်ဆိုတာ သူမ နားလည်လာတယ်...။ ထိုအချိန်မှာ ထျန်းနင်က မို့ယွီရို့ကို အသုံးချပြီး အနုပညာလောကထဲ ပြန်ဝင်လာနိုင်အောင် လုပ်ခဲ့တယ်။
လင်းဝေလည်း ကောင်းကျိုးဆိုးကျိုးကို ဆင်ခြင်ကာ ထျန်းနင် နောက်ကိုလိုက်တာ အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်တယ်။
"နင် ပြဿနာကို ပြင်ဆင်နိုင်ဖို့ အရာရာတိုင်း ငါ ကူညီပေးမယ်။"
ထျန်းနင်လည်း ခေါင်းညိတ်ပြကာ ထွက်ခွာလာလိုက်တယ်။ ဒါပေမယ့် သူမ တံခါးပေါက်နား ရောက်ခါနီးမှာ တစ်စုံတစ်ခုကို သတိရသွားပြီ...လင်းဝေကို သတိပေးရန် နောက်ဘက်သို့ လှည့်လိုက်တယ်။
"PRက ပြဿနာရှာတာကို ဖြေရှင်းဖို့ အရည်အချင်းမရှိရင်တော့ နင်လုပ်ထားတာကို လိုက်ဖြေရှင်းရမယ့် ကျော်မကောင်းကြားမကောင်း ဖြစ်နိုင်တဲ့ ဘာကိစ္စကိုမဆို မလုပ်ပါနဲ့။"
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သူမကို ဓာတ်ပုံရိုက်တာကို မရှောင်ရှားလိုက်နိုင်တဲ့ သူမက...သူမနဲ့ မသိတဲ့ တခြားလူတစ်ယောက်ကို ဖြားယောင်သွေးဆောင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်...။
လင်းဝေ မျက်နှာက ဖြူဖျော့သွားတယ်။ ဘယ်သူမှ သတိမထားမိအောင် နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ကို ပထမဆုံးအကြိမ်... အမှတ်မထင် တွေ့မိတာပဲ...။ မို့ယွီရို့မှာ ယောကျ်ားတွေကို မြူဆွယ်တဲ့ အရည်အချင်းကလွဲရင် တခြား ဘာအရည်အချင်းမှ မရှိဘူး။ တကယ်တမ်းတော့ ထျန်းနင်ဆိုတဲ့ မိန်းကလေးက တန်ရီဖျော်ဖြေရေး တစ်ခုလုံးကို ပြိုလဲသွားအောင် အလဲထိုးချင်နေတာပါလား။
အဆောက်အဦထဲက ထွက်လာချိန်မှာ အချိန်က စောနေသေးတယ်။ ထျန်းနင်လည်း ကားပေါ်ကို ပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် တက်လိုက်တယ်။
သူမရဲ့ ဒီလို ပုံစံလေးကို မြင်ရတော့ လုံကျဲမှာ စိတ်နှလုံးကြေကွဲရတယ်။
"ညီမနဲ့ ဟန်ယွီဖန် ရန်ဖြစ်ခဲ့တာလား။"
"ဟန်ယွီဖန်က လမ်းခွဲဖို့ပြောတယ်။"
ထျန်းနင်လည်း တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။
ထျန်းနင်လည်း ခေါင်းကို နောက်မှီထားရင်း မျက်ဝန်းတစ်စုံကို ပိတ်လိုက်တယ်။ သူမပုံစံက ခံစားချက်ကို ဖုံးကွယ်ထားသည့် ပုံစံဆောင်နေတယ်။
"လုံကျဲ သိလား...။ ဟန်ယွီဖန်က ဒီစကားကို ပြောတဲ့အချိန်မှာ ဖတ်စာအုပ်ထဲက စာကို ဖတ်နေသလိုပဲ။"
"သူက ညီမက ၃နှစ် အလုပ်လက်မဲ့ ဖြစ်စေချင်နေသေးတယ်။"
"အတော်ကို ဆိုးရွားတာပဲ။ ဒီငတုံးကောင် မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား။"
လုံကျဲလည်း ဘေးဘက်သို့ စွေးခနဲ လှည့်ကြည့်ရင်း သဘောမတူညီကြောင်း ပြောလိုက်တယ်။ ထျန်းနင် နာကျင် ခံစားရတာ မြင်ရတော့ အဆင်ပြေသွားစေဖို့ သူမလက်ဖြင့် ထျန်းနင် ပခုံးကို ညင်သာစွာ ပွတ်သပ်ချော့မြူလိုက်တယ်။
"ဒီလို ယောကျ်ားမျိုးအတွက်နဲ့ စိတ်မကောင်း မဖြစ်နဲ့... ညီမ အများကြီးပေးဆပ်ပြီး ဖြစ်ခဲ့တယ်။ သူ့က ညီမကို ဆယ်ဆ ပြန်လည် ပေးဆပ်စေရမယ်။"
"ကျွန်မ ခံစားချက်ကို လုံးဝ မထိန်းချုပ်နိုင်သေးဘူး။ ညီမကို အိမ်ပြန်ခေါ်သွားပါ။"
ထျန်းနင်လည်း လေသံတိုးတိုးဖြင့် တောင်းဆိုလိုက်တယ်။
"ကောင်းပါပြီ... အနားယူလိုက်ပါ..."
ဟန်ယွီဖန်ရဲ့ ခံစားချက်ကင်းမဲ့ပြီး ဂရုမစိုက်ဟန် သဘောထားများကို အကဲခတ်မိတော့... သူမကို ဒီလိုမျိုး အမှိုက်ပွဲကို တက်ခိုင်းတာ တားဆီးလို့ မရနိုင်မှန်း သိလိုက်ရပြီ။
တွေးကြည့်မယ်ဆိုရင်... ဒီစကားတိုင်းက မို့ယွီရို့နှုတ်မှ ထွက်လာတာ...။ သူက ဒီထက်ပိုပြီးတော့ ဆိုးရွားတာတွေ လုပ်လာနိုင်တယ်။ သူမ တက်လမ်းကို တားဆီးမယ့် မို့ယွီရို့ရဲ့ အစီအစဉ်ကို သူမ ဖျက်စီးရမယ်။
မို့ထင် ပြန်ရောက်တဲ့အချိန်မှာ ည၈နာရီ အချိန်ကို ရောက်နေပြီ ဖြစ်တယ်။ သို့သော်လည်း ဒီနေ့တော့ ဟင်းချက်တဲ့ ရနံ့ကို မရဘူး။ အစကတော့ ထျန်းနင် အိမ်ပြန်မရောက်သေးဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ သူ... အခန်းထဲ ဝင်လိုက်တဲ့အချိန်မှာ အိပ်ရာပေါ်မှာ တိတ်တဆိတ်လေး လဲလျောင်းနေတဲ့ ထျန်းနင်ကို တွေ့လိုက်ရတယ်။ရှင်းပြနေစရာတောင် မလိုအပ်ဘူး ဒီကနေ့ သူမကို မမျှမတ ပြုမူဆက်ဆံတာကို သိလိုက်ရလို့ပေါ့။
မို့ထင်လည်း ထျန်းနင်အနားသို့ လျှောက်လှမ်းသွားကာ အိပ်ရာအစွန်းနားမှာ ထိုင်လိုက်တယ်။ ရင်းနှီးသော ရနံ့ရတော့ ထျန်းနင်လည်း အိပ်ရာမှ ချက်ချင်း ထလိုက်ပြီး သူ့ကို ပွေ့ဖက်ထားလိုက်တယ်။
"မင်း ငိုချင်တယ်ဆိုရင်တော့ ငိုလိုက်ပါ။ မင်း ပိုပြီးတော့ အဆင်ပြေသွားမှာပါ။"
မို့ထင်လည်း ထျန်းနင်ရဲ့ ပခုံးလေးကို ညင်ညင်သာသာ ပုတ်လိုက်တယ်။
ထျန်းနင်မှာ တစ်နေ့လုံး သည်းခံ မျိုသိမ့်လာရတာ... မို့ထင်က သူ့ကို ချော့မြူပြောဆိုတော့ သူမစိတ်ကို လွှတ်ပေးကာ ငိုကြွေးတော့တယ်။
"တောင်းပန်ပါတယ်...မထိုက်တန်တဲ့ အရာတွေအတွက် မငိုဘူးလို့ ကတိပေးခဲ့တယ်...။"
"ကိစ္စမရှိပါဘူး... ကိုယ်ကလွဲရင်... ဘယ်သူကို မင်း ပုံစံအစစ်အမှန်ကို ပြသမလဲ။"
မို့ထင် အားပေးလိုက်တယ်...။ မို့ထင်လက်က နူးညံ့လို့လား...။ သူက သူမထက် ၇နှစ် ပိုအသက်ကြီးလို့လား။ လုံခြုံနွေးထွေးမှု နဲ့ ရင့်ကျက်မှုကို ခံစားရတယ်။ သူမလည်း မျက်ရည်တစ်စက်မှ မကျန်တဲ့အထိ အချိန်အကြာကြီး မို့ထင် ရင်ခွင်ထဲမှာ ငိုကြွေးလိုက်တယ်။
"ပိုအဆင်ပြေသွားပြီလား။"
"အွန်း"
ထျန်းနင်လည်း မို့ထင်ရဲ့ ရင်ခွင်ထဲမှ ထွက်လိုက်တယ်။
"ရှင်... ဘာမှ မစားရသေးဘူးမလား... ကျွန်မ ချက်ပေးမယ်...။"
ဘာမှ မလုပ်ရသေးခင်မှာ... မို့ထင်က ထျန်းနင်ရဲ့ မေးဖျားလေးကို ဆုပ်ကိုင်ကာ အားအကုန်သုံးပြီး နမ်းလိုက်တယ်။
သူမ မျက်ရည်များ လွင့်ပါးသွားဖို့ အနမ်းခြွေချင်တဲ့အပြင်... သူ့ရင်ခွင်ထဲမှ နာကျင်နေတဲ့ အမျိုးသမီးလေးကို ချော့မြူရင်း ထူးခြားတဲ့အမှတ်တရလေး ပေးချင်တာ။
အနမ်းက နာကျင်မှု အသက်သာဆုံးနဲ့ အကောင်းဆုံး ဆေးဖြစ်တယ်။ စုံတွဲလေးက ချစ်စိတ်ပြင်းပြစွာ နမ်းရှိုက်နေလေရဲ့။ ကမ္ဘာကြီး ချာချာလည်နေသလို ခံစားလာရတာပေါ့။ သူတို့နှစ်ယောက်မှာလည်း ခက်ခက်ခဲခဲ အသက်ကို ပင့်ရှိုက်နေတယ်။
"ထျန်းနင်... မင်းလေး ပျော်တာ ဖြစ်ဖြစ်... ဝမ်းနည်းတာ ဖြစ်ဖြစ်... ပထမဆုံး သိတဲ့လူက ကိုယ် ဖြစ်ရမယ်။ အပြင်မှာ မင်းလေး ဘယ်လို မျက်နှာဖုံး တပ်ထားတပ်ထား ကိုယ့်ရှေ့မှာတော့ ကိုယ်တို့ နှစ်ယောက်စလုံး စိတ်ရင်းအမှန်နဲ့ ပြောဆိုပြုမူမယ်။ ကိုယ်တို့က သာမန်စုံတွဲနဲ့ တူရမယ်။ ကိုယ်တို့က တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ရမယ်။"
မို့ထင်လည်း ထျန်းနင်ရဲ့ ပါးမို့မို့ပေါ်မှ မျက်ရည်စက်များကို သုတ်ရင်း မတ်တတ် ထရပ်လိုက်တယ်။
"မင်းကို မီးဖိုချောင်ထဲ ထပ်ဝင်ဖို့ ခွင့်မပြုဘူးလို့ အရင်တည်းက ပြောပြီးသားပါ။"
မို့ထင် လှည့်ထွက်သွားတော့မှာကို မြင်ရတော့ ထျန်းနင်လည်း မို့ထင်ကို အလျင်အမြန် ဖမ်းဆုပ်ထားလိုက်တယ်။
"ကျွန်မ...ရှင့်ကို လိုအပ်တယ်။ အခုအချိန်မှာ ကျွန်မ ရှင့်ကို လိုအပ်တယ်... ကျွန်မနဲ့ အတူတူရှိနေဖို့ ရှင့်ကို လိုအပ်တယ်။ ကျွန်မကို နမ်းပါ... ။ ကျွန်မကို ဖက်ထားပေးပါ...။"
"ကိုယ့်မှာ မင်းကို နမ်းဖို့ အားအင် လိုအပ်တယ်။"
ထျန်းနင်လည်း ငိုတာ ရပ်လိုက်ပြီး အိပ်ရာမှ ထရန် အိပ်ရာခင်းကို ဖယ်လိုက်တယ်။ မို့ထင်လက်ကို တွဲရင်း
"ဒါဆို... ကျွန်မ... ရှင့်ကို အဖော်လိုက်ပေးမယ်။"
စုံတွဲလေးက ပျော်ပျော်ရွှင်ရွှင် ညစာစားရင်း ရေချိုးကြတယ်။
အိပ်ရာကို ပြန်လာတော့ မို့ထင်က ခေါင်းအုံကိုမှီကာ စာရွက်စာတမ်းများကို ဖတ်ရှုနေလေရဲ့။ ထျန်းနင်က အိပ်ရာပေါ်လဲလျောင်းကာ အိပ်ပျော်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ကြိုးစားနေပါစေ... အိပ်လို့ မရနိုင်ဘူး။
"ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား။ အဆင်မပြေဘူးလား။"
"ကျွန်မ အိပ်လို့ မရဘူး။ စာအုပ်ဖတ်ပြပါလား။"
ထျန်းနင်လည်း စောင်အောက်မှာ ချောင်းကြည့်ကာ မို့ထင်ကို ချွဲလိုက်တယ်။
မို့ထင် တစ်ယောက်တည်းရှေ့မှာသာ သူမက ခံစားချက်ကင်းမဲ့သော ပုံစံ မဟုတ်တာပါ။ လုံကျဲရှေ့မှာအတိုင်း တည်ငြိမ်ပြီး ခံစားချက် ကင်းမဲ့ကာ အရည်အချင်းရှိသော မျက်နှာထားတော့ မဟုတ်။
သည်လိုပဲ မို့ထင်လည်း ထျန်းနင်ရှေ့မှာ တခြားလူအားလုံးသိတဲ့ မို့ထင် မဟုတ်တော့။ သူမသာ သူ့လက်အောက်ငယ်သားဆိုရင်တော့ မျက်နှာကို စာရွက်နဲ့ ပစ်ပေါက်တယ်။ ဒါပေမဲ့ သူ့ရှေ့ကလူက ထျန်းနင် ဖြစ်နေတာကြောင့် စာအုပ်စင်မှာ စာအုပ်တစ်အုပ်ကို ယူလိုက်ပြီး အိပ်ရာနား ပြန်လာခဲ့တယ်။ ထျန်းနင်ကို ရင်ခွင်ထဲမှာထားကာ နှစ်ယောက်သား စာအုပ်လေးကို လှန်လှော်ကြတယ်။
ဖျော်ဖြေရေးလောက ဘုရင်က သူမနဲ့အတူတူ ကလေးဆန်တဲ့ အလုပ်မျိုး လုပ်မယ်လို့ ဘယ်သူမှ တွေးမိမယ်မထင်။
သူမနှလုံးသားထဲမှ ဒဏ်ရာဒဏ်ချက်များက တဖြည်းဖြည်းချင်း အနာကျက်လာခဲ့တယ်။ သိပ်မကြာခင်မှာ ထျန်းနင်လည်း မို့ထင် ရင်ခွင်ထဲ အိပ်ပျော်သွားခဲ့တယ်။ ပုံမှန်အတိုင်းလေး ချောချောမွေ့မွေ့ အိပ်စက်သွားခဲ့တာပေါ့။
နောက်တစ်နေ့မနက်မှာ လေထုက စိုထိုင်းနေခဲ့ပြီ... ထျန်းနင်လည်း ဖုန်းသံကြောင့် နိုးထလာခဲ့တယ်။ သူမကို ဖုန်းခေါ်တဲ့လူက လင်းဝေ...။ သူမအသံက အရင်နေ့ကထက် ပိုပြီးတော့ နူးညံ့နေတာပေါ့။
"ထျန်းနင်... နင်အိမ်ကို ငါရောက်ခဲ့တယ်။ ဒါပေမဲ့ နင့်လက်ထောက် တစ်ယောက်တည်းကိုပဲ တွေ့တယ်။"
"ငါပြောင်းသွားပြီ။"
"နင် ပူးပေါင်းတဲ့ပွဲမှာ တက်ရောက်မယ်လို့ သူဌေးဟန်က ကြေညာလိုက်ပြီ။ အခု နင့် ပရိသတ်တွေ အုတ်အုတ်သဲသဲ ဖြစ်နေပြီ။ အတော်လေး ငြင်းခုန်နေကြတယ်။ နင်သာ ဒီပွဲမှာ ပေါ်လာရင် အရည်အချင်းမပြည့်မီတဲ့ ကုန်ပစ္စည်းကို ထောက်ပံ့ပေးတာပဲတဲ့။ သူတို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ နင်ကို စွန့်ပစ်ဖို့ အဆင်သင့်ပဲတဲ့....။"
"မို့ယွီရို့ဘက်က တုံ့ပြန်ချက်က ဘယ်လိုလဲ။"
ထျန်းနင်လည်း လင်းဝေကို တည့်တိုးမေးလိုက်တယ်။
"နင် ခံစားရတာကို မစောင့်နိုင်တော့ဘူးထင်တယ်။ အစတည်းက ဒီပွဲကို သွားဖို့က သူမ စိတ်ကူးလေ။ သူမက နင်ကို ထိန်းချုပ် နင်းခြေ ချင်တဲ့အပြင် နင့်ဘဝကို ငရဲပို့ချင်တာ...။"
"ဘယ်သူဘဝက ငရဲရောက်မလဲဆိုတာ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ မှာ စောင့်ကြည့်လိုက်ပေါ့။"
ထျန်းနင်က နက်ရှိုင်းသော သဘောထားဖြင့် ပြန်လည်တုံ့ပြန်လိုက်တယ်။
"ဒီအချိန်အတောအတွင်း.... ပရိသတ်တွေနဲ့ ပတ်သက်ပြီး မစိုးရိမ်နဲ့။ သူတို့ စိတ်ကြိုက် ငါ့ကို အော်နေပါစေ။"
Chapter-23
End
***
Bạn đang đọc truyện trên: ZingTruyen.Xyz