ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
Ep 97
အပိုင်း(၉၇)
အသံလွှင့်ရုံ သွားတဲ့လမ်းမှာ ထျန်းနင်ဟာ ဆေးဝင်ဝယ်ပြီး ရေနွေးနဲ့ ယူလာတယ်။
သူမဟာ မို့ထင် ဆေးသောက်တာ ကြည့်လိုက်ပြီးမှ စိတ်သက်သာရာ ရသွားတယ်။
မို့ထင်က သူမရဲ့ စိုးရိမ်တဲ့ အမူရာကို ကြည့်လိုက်ပြီး ယောင်ယောင်လေးပြုံး လိုက်တယ်။
"ကိုယ် ဆေးသောက် ပြီးပြီ ။ မင်းစိတ်ဆိုး နေသေးလား''
"နောက်တစ်ခါ ဒီလို ထပ်ဖြစ်ရင် ကျွန်မကို မပြောပဲ ထားဦးမှာလား''
ထျန်းနင်က သူ့ကို ကြည့်ပြီး မေးလိုက်တယ် ။
"ကျွန်မ သိတယ်။ ရှင်ဟာ သန်မာတယ်။ ရှင်ဟာ ပြသနာတိုင်းကို ဖြေရှင်းနိုင်တယ်။ ရှင့်ရဲ့ ကောင်းမွန်ပြီး သန်မာတဲ့ဘက်ကိုပဲ လူတွေကို အမြဲပြတယ်။ ဒါပေမယ့် စုံတွဲတွေဟာ သူတို့ရဲ့ အားအနည်းဆုံး အချိန်ကိုတောင် အချင်းချင်း ပြသရမယ်။ ရှင်က ကိစ္စကို အသေးလေး ထင်ပေမယ့် ကျွန်မ စိတ်ပူတယ်..."
"မို့ထင်.. ကျွန်မ လိုချင်တဲ့ အချစ်မျိုးက မရှုပ်ပါဘူး။ ကျွန်မက အချင်းချင်း အပြန်လှန် ဂရုစိုက်နိုင်တဲ့ အချစ်မျိုးကိုသာ လိုချင်တာပါ "
သူမရဲ့ စကားတွေကို ကြားတဲ့ခါမှာ မို့ထင်ဟာ ၂စက္ကန့်လောက် ငြိမ်သွားပြီး သူမကိုဖက်လိုက်တယ်။
"ကိုယ် မင်းကို ဘယ်တော့မှ မဖုန်းကွယ်တော့ပါဘူး.. ကိုယ် မင်းစကား နားထောင်ပါ့မယ်"
ထျန်းနင်က သူ့ရဲ့ရင်ဘတ်ကို ဖွဖွလေးထိုးလိုက်ပြီး သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။
ရုပ်ရှင်လောကရဲ့ အရှင်သခင်အနေနဲ့ မို့ထင်အတွက်တော့ ဆုံးဖြတ်ချက်တိုင်းကို ခဏလေးနဲ့ လုပ်တာဟာ ပုံမှန်ပဲ ဖြစ်တယ်။
နောက်ပြီး ကြမ်းတမ်းတဲ့ လောကကြီးမှာ အနုပညာလောကဟာ အကြမ်းတမ်းဆုံးပဲ။
သူဟာ အနုပညာလောကရဲ့ လှည့်ဖြားခြင်းကို မခံခဲ့ရပေမယ့် သူ့ရဲ့ ပုံစံမှန်ကို အခြားသူကို ထုတ်ပြလေ့မရှိဘူး။ ဒါပေမယ့် သူလက်မောင်းထဲက ဒီအမျိုးသမီးကတော့..
ဒီကိစ္စလေးကိုတောင် အရမ်း စိုးရိမ်နေတာပဲ....
သူမဟာ သူ့ကို ရိုးသားဖြူစင်ဆုံး၊ လူ့လောကရဲ့ အခြေခံ သဘောတရားတွေကို ပြခဲ့တယ်။
အဲဒါ အမှန်ပဲ...သင် လူတစ်ယောက်ကို ချစ်မိသွားရင် သွားပြီး သင့်အချစ်တွေကို ဖော်ပြလိုက်ပါ။
သူတို့ရှေ့မှာ စိတ်ဆိုးပြီး သင့်မှာရှိတဲ့ အရာရာတိုင်းကို သူတို့ဆီ ပေးလိုက်ပါ။ သင်ချစ်တဲ့လူရှေ့မှာ ဘာကြောင့် ဖုန်းကွယ်နေမှာလဲ...
စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်လှန် ဖက်ထားကြတယ်။
သူတို့ဟာ သူတို့အချင်းချင်းရဲ့ ကိုယ်ငွေ့တွေကိုတောင် ခံစားမိနေတယ်။ ခဏကြာတဲ့ခါမှာ ထျန်းနင်ရဲ့ ဖုန်းက အချက်ပေးသံဟာ မြည်လာတယ်။ ည၇း၅၀ရှိပြီ။ အစည်းအဝေး စနေပြီ...ဒါပေမယ့် ထျန်းနင်က လမ်းပေါ်မှာပဲ ရှိသေးတယ် ။
ထျန်းနင်ဟာ ဘာမှမပြောပဲ မျက်မှောင်ကြုတ်လိုက်တယ်။ မို့ထင်ဟာ သူမရဲ့ ဖုန်းကို ယူလိုက်ပြီး ပြောလိုက်တယ်။
"ကိုယ်မင်းကို မတွေ့ကြုံစေချင်ဘူး....."
အစည်းအဝေး အခန်းမှာတော့....
အသံလွှင့်ရုံ မန်နေဂျာ၊အစီစဉ် တင်ဆက်သူ၊ အခြားဧည့်သည်တွေဟာ ရောက်နေကြပြီ.. ဒါပေမယ့် ထျန်းနင်က မပေါ်လာသေးဘူး။
မန်နေဂျာဟာ ထျန်းနင်ခုံမှာ ထိုင်နေတဲ့ လုံကျဲကို ကြည့်လိုက်တယ်.. မနှစ်မြို့တဲ့ အကြည့်တစ်ချက် သူ့မျက်နှာမှာ ဖြစ်ပေါ်လာတယ်။
လုံကျဲရဲ့ ခံစားချက်ဟာ ကောင်းမနေဘူး။
ဒီအသံလွှင့်ရုံက အရမ်းကျော်ကြားတာ.. သူတို့အစီစဉ် တင်ဆက်မှု ပျက်သွားရင် သူတို့ရဲ့ ထုတ်လုပ်ရေးတွက် အများကြီး ဆုံးရှုံးရမှာ ။
သူတို့အစီစဉ်မှာ ပါချင်တဲ့ နာမည်ကြီး အများကြီး ရှိတယ်။
နည်းနည်းပဲ ကျော်ကြားတဲ့ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ထျန်းနင်ဟာ ဖိတ်ကြားထားတဲ့ လေးယောက်ထဲမှာ ကျော်ကြားမှု အနည်းဆုံးပဲ။
ဒါတောင် သူမဟာ အစည်းအဝေးကို ဂရုမစိုက်ဘူး...
မန်နေဂျာဟာ အသက်၃၀ကျော်အရွယ်ဖြစ်တယ်။သူ့့ ဆံပင်ဟာ အနည်းငယ် ဖြူနေတာကြောင့် ရှိရင်းစွဲထက် ပိုအသက်ကြီးပုံ ပေါ်နေတယ် ။
သူက လုံကျဲကို လက်ညှိုး ထိုးလိုက်ပြီး
"ဝတုတ် နင်သွားနိုင်ပြီ....နင့်မော်ဒယ်လ်ကို ပြန်ပြောလိုက်...သူမ ဘယ်တော့မှ ငါတို့ အစီအစဉ်မှာ ပါဝင်ခွင့် ရတော့မှာ မဟုတ်ဘူး"
လုံကျဲဟာ အခြေနေကို ရှင်းဖို့ ကြိုးစားပေမယ့် သူက နားထောင်ဖို့ မလိုလားပါဘူး ။
ဘာကိစ္စပဲ ဖြစ်နေပါစေ သတ်မှတ်ချိန် မရောက်ဘူး ဆိုမှတော့ သူတို့ဟာ ပညာရှင်မပီသဘူး၊ အလုပ်ကို လေးစားမှု မရှိဘူးဆိုတာ ပြနေတာပဲ။
အခန်းထဲက လူတွေဟာ လုံကျဲကို စိတ်မရှည်စွာ ကြည့်နေကြတယ်။သူတို့ဟာ လုံကျဲကို ထပ်မရှင်းပြတော့ပဲ မြန်မြန် ထွက်သွားဖို့ ပြောချင် နေကြပုံပေါ်တယ်။
လူတိုင်း နေရာစုံက လာခဲ့ကြရတာ...ထျန်းနင် တစ်ယောက်တည်း မအားတာ မဟုတ်ဘူး။
လုံကျဲဟာ မထွက်သွားချင်ဘူး။ သူမထွက်သွားလု နီးနီးမှာ ထျန်းနင်ဟာ အမောတကောနဲ့ တံခါးဝဆီ ရောက်လာတယ် "ကျွန်မ တောင်းပန်ပါတယ်... နောက်ကျသွားတယ်"
သူမကို တွေ့တဲ့ခါမှာ မန်နေဂျာဟာ မတ်တပ်ရပ်လိုက်ပြီး စိတ်ဆိုးစွာ အော်လိုက်တယ်"ဒီနေရာဟာ နင် လာချင်တဲ့ချိန် လာရတဲ့ စျေးနေရာ ထပ်နေတာလား ?ထျန်းနင် နင့်ဝန်ထမ်းကို နင်ခေါ်ပြီး ထွက်သွားတော့။ကျော်ကြားမှု ရဖို့တွက် သူများ အိပ်ရာပေါ် တက်တဲ့ လူတွေတွက် အခြားလူတွေလို ဘယ်လို ပြုမူ တတ်ပါ့မလဲ"
ထျန်းနင်က ခဏတာ အံ့အားသင့်သွားတယ်...ပြီးမှ စိတ်လျှော့လိုက်ပြီး သူမဘေးက လုံကျဲကို ပြောလိုက်တယ်
"ချက်ချင်း ထွက်သွားရအောင်"
"ထျန်းနင်... "
"အဆင်ပြေတယ်"
သူမက အစည်းအဝေး အခန်းက လူတွေကို ကြည့်လိုက်တယ်။ သူမဟာ အရှက်ရတယ်လို့ မခံစားရဘဲ ယုံကြည်မှု အပြည့်နဲ့ အပြင်ထွက်ခဲ့တယ်။
"ဒါဟာ ငါ့ရဲ့ အစီအစဉ် တင်ဆက်မှုတွက် နောက်ကျရဲတဲ့ ပထမဆုံးလူပဲ။ သူ့ကိုယ်သူ ဘယ်သူ ထင်နေတာလဒ...သူဟာ သူ့ဒေါသကိူ ဖြေလျှော့ပြီးတဲ့ အခါမှာ ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။ ဒါပေမယ့် အဲချိန်မှာ သူ့ဝန်ထမ်းဟာ လူတစ်ယောက်နဲ့ လျှောက်ဝင်လာတယ်။
အဲလူဟာ ဝတ်စုံကို သေသပ်စွာ ဝတ်ထားပြီး အမဲရောင် ဘောင်ကွပ်ထားတဲ့ မျက်မှန်ကို ဝတ်ထားတယ်။
"လက်ထောက် လုချယ်... ခင်ဗျားပဲ။ လာတာမသိလို့ ထွက်မကြိုလိုက်ရဘူး၊ တောင်းပန်ပါတယ်..."
မန်နေဂျာဟာ ရပ်လိုက်ပြီး ရိုကျိုးစွာ နှုတ်ဆက်လိုက်တယ်။
"ယဉ်ကျေးဖို့ မလိုပါဘူး ။ငါလာတာ ဥက္ကဌမိုက တစ်ခုကြေညာခိုင်းလို့...ဟိုက်ဟွေ့ဟာ ဒီအသံလွှင့်ရုံတွက် ထောက်ပံ့တာကို ရပ်လိုက်တယ်..."
မန်နေဂျာဟာ ကြောင်အနေတယ်... ဘယ်ချိန်တုန်းက မို့ထင်ကို အပြစ်ပြုမိ ပါလ်ိမ့်...သူဟာ လုချယ်ကို အပြင်မှာပြောဖို့ ဖိတ်လိုက်ပြီး
"ဘာ...ဘာအဓိပ္ပါယ်လဲ...အစီအစဉ် တင်ဆက်မှုက ကောင်းတာပဲ...မို့ထင်ဟာ ဘာကို သဘောမကျတာလဲ "
"ခင်ဗျား အခြားသူတွေကို ရှင်းပြဖို့ အခွင့်အရေး မပေးကတည်းက ကျွန်တော်တို့ ဥက္ကဌလည်း အဲလို လုပ်မှာပဲ။အဲဒီ ထျန်းနင်ဟာ ဥက္ကဌကြောင့် နောက်ကျရတာ...သူမ မလာလည်း အဆင်ပြေပေမယ့် ဥက္ကဌဟာ သူမနှစ်သက်တာ ပေးလုပ်ခဲ့တယ်။ ဒါကြောင့် ဒါပဲပြောနိုင်တယ်...ခင်ဗျားတို့ ကံဆိုးသွားတာ...
ထျန်းနင်ကြောင့် ဆိုတာ ကြားရတဲ့ခါမှာ မန်နေဂျာဟာ သူ့ရဲ့ ကျောရိုးဟာ တုန်ချင်လာတယ်....
သူ့ရဲ့ အရင်အောင်မြင်မှုတွေကြောင့် သူဟာ ဂုဏ်မောက်သွားပြီး အခြားသူတွေကို အခွင့်ရေး တစ်ချိန်လေးပေးဖို့တောင် မေ့ခဲ့တာကြာပြီ....
သူဒီလို တွေ့ကြုံ ရမယ်လို့ ဘယ်သူ ထင်မှာလည်း...
"လက်ထောက်လု ကျွန်တော့်ကို ကူညီပါလား.. ဒီအစီစဉ်ကို မရပ်နိုင်ဘူး..."
"ဥက္ကဌ အနေနဲ့ အစီအစဉ်ကို ရပ်မယ်ဆိုတာက အစီအစဉ် အသစ်စမယ်ဆိုတဲ့ သဘောပဲ"
"ကျွန်တော် မှတ်ထားပါ့မယ် ၊ခုကစပြီး စိတ်ကြီး မဝင်တော့ပါဘူး။"
မန်နေဂျာရဲ့ နဖူးဟာ ချွေးအေးတွေ ရွှဲနေတယ်။ ဒါဟာ သူ့ရဲ့ အသက်မွေးလုပ်ငန်း....သူ အရမ်း ကြိုးစားခဲ့ရတာ....သူလက်မလျှော့နိုင်ဘူး။
"ထျန်းနင်ဟာ တစ်မိနစ်လောက်ပဲ နောက်ကျတာ ၊ အဲဒါကြောင့် သူမကို စော်ကားပြီး ရှင်းပြ ခွင့်တောင်မပေးပဲ ထွက်သွားခိုင်းတာ တော်တော်ဆိုးတာပဲ။ သူမကို ခေါ်ပြီး တောင်းပန်လိုက်...ဥက္ကဌက အဓိပ္ပာယ် မရှိတဲ့ ကောလဟလတွေကို မကြားချင်နေဘူး၊ ခင်ဗျား ဘာပြောလည်း စောင့်ကြည့်နေတယ်။"
ထျန်းနင်ကို ဆက်သွယ်ဖို့ တွေးလိုက်ရုံနဲ့ သူမကို ထွက်သွားခိုင်းတုန်းက ဘယ်လို ပြောခဲ့လည်းဆိုတာ အမှတ်ရနေတယ်။
သူ မတောင်းပန်ချင်ဘူး။
ဒါပေမယ့် အစီအစဉ် အတွက်နဲ့ ဟိုက်ဟွေ့ကို အပြစ်မပြုမိဖို့အတွက် သူ့လက်ထောက်ဆီက ထျန်းနင်ကို ဆက်သွယ်ဖို့ အချက်လက် ချက်ချင်း တောင်းလိုက်တယ်။
လုံကျဲ ဖုန်းကိုင်လိုက်တယ်...သူတို့ဟာ ပြန်ဖို့ ကားထဲမှာ ရှိနေတယ်။မန်နေဂျာဟာ သူတို့ကို ပြန်လာဖို့ တောင်းပန် လိုက်တယ်၊ သူ့အသံက ခဏက ပြောသံနဲ့ အရမ်းကွာခြားနေတယ်....
ထျန်းနင်ဟာ လုံကျဲ လက်ထဲက ဖုန်းကို ယူလိုက်ပြီး အဲလူ ပြောတာကို နားထောင်လိုက်တယ်။
"မစ္စထန်း ကျွန်တော် ဆက်ဆက်ထိမခံ ဖြစ်သွားတယ်။ ခင်ဗျားရဲ့ ရှင်းပြချက်ကို နားမထောင်မိဘူး၊ ကျွန်တော် အရမ်း တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ပြန်လာလို့ ရမလား"
"ဒီနေ့ ကျွန်မ နောက်ကျတာကြောင့် တောင်းပန်ဖို့ မလိုပါဘူး။ ရှင့် အစီအစဉ်မှာ မပါခဲ့ရလို့ ရှက်စရာပဲ..."
"အဲဒါဆို....ဥက္ကဌမို့က..."
ထျန်းနင်ဟာ အဲလူ ပြောခဲ့တာတွေကို သတိရသွားပြီး သူမအသံဟာ အေးစက်သွားတယ်
"ကျွန်မ အမှားတွက် ပေးဆပ်ပြီးပြီမို့ ခုတော့ ရှင့် စကားတွေတွက် ရင်ဆိုင်တော့!"
ဒီ မန်နေဂျာနဲ့ သူမကို အဖော်ချွတ် မော်ဒယ်လ်လုပ်ဖို့ ပြောတဲ့ လူကြီးကို ....
သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်.....
သူမ ယဉ်ကျေးတာကြောင့် သူမမှာ ဒေါသ မရှိဘူးလို့ မဆိုလိုဘူး။ အိပ်ရာပေါ် တက်တဲ့ကိစ္စက ပြန်လာပြန်ပြီ..
ဒါဟာ သူမ ပြန်တိုက်ခိုက်ရမယ့် အချိန်ပဲ! ။
***
Bạn đang đọc truyện trên: ZingTruyen.Xyz