ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
Ep 86
အပိုင်း (၈၆)
အစီစဉ်တင်ဆက်သူရဲ့ ကြေညာသံကို ကြားတဲ့အခါတွင် ထျန်းနင်က ထိုင်ခုံမှ ထလိုက်တယ်။
ဆုလက်ခံ ရရှိသူ စာရင်းကို သူမကိုင်ပြီး ကျက်သရေရှိစွာ စင်ပေါ် တက်သွားတယ်။
သူမဟာ လီယုကို ရှောင်ပြီး မိုက်နောက်ရှိ သူမနေရာ သွားကာ ရပ်လိုက်တယ်။
စင်အောက်မှာတော့ ကြယ်သမုဒ္ဒရာသဖွယ်ပဲ ပေကျင်းရဲ့ ကျော်ကြားတဲ့ မော်ဒယ်လ်တွေ အားလုံး စုဝေးနေတယ်။
ထျန်းနင်ဟာ အမြင့်မှာ မတ်တပ်ရပ်နေရတော့ သူမ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ကြိုးစား ဆက်လျှောက်ဖို့ လိုသေးတာကို နားလည်ခဲ့တယ်။
မိုယွီရော့ရဲ့ အကြည့်တွေက စူးရှပြီး ဂုဏ်မောက်နေကာ အထင်သေးမှုတွေနဲ့ ပြည့်နှက်နေတယ်။
သူမ ဒီနေ့လိုမျိုးကို အကြာကြီး စောင့်ခဲ့ရတာ။
သူမနဲ့ အမြဲတမ်း ပြိုင်နေတဲ့ ထျန်းနင်ဆီက ဆုကို လက်ခံရတော့မယ်။ဂုဏ်ယူဖွယ်ပဲ..။
"မစ္စထျန်းဟာ ဥရောပနဲ့ US မှာ Oriental Trendကြောင့် အရမ်းအောင်မြင်ခဲ့တယ်.. သူမဟာလည်း အနာဂတ်မှာ ထွန်းတောက်လာဦးမယ့် မော်ဒယ်လ် တစ်ဦးပါပဲ.. ငါတကယ်ပဲ နင့်ရဲ့ ပညာရှင်ပီသမှုကို အသိမှတ်ပြုပါတယ်''
လီယုက ဆုမကြေညာခင် ပြောလိုက်သည်။
"ငါမျှော်လင့်တယ် ဆက်ကြိုးစားမယ်လို့''
"ကျေးဇူးပါ မစ္စတာလီ''
ထျန်းနင်က တည်တည်ငြိမ်ငြိမ်နဲ့ ယဉ်ကျေးစွာ ပြန်ပြောလိုက်တယ်။
"နင်က အံ့သြဖွယ်ကောင်းတယ်.. ငါ့ကိုယုံပါ...ကံကောင်းမှုဟာ နင့်ဘေးမှာပဲ...''
လီယုဟာ အဓိပ္ပါယ်တစ်ချို့ရတဲ့ စကားတွေကို ပြောပြီး ဆုရရှိတဲ့ စာရင်းကို လှမ်းပေးလိုက်တယ်။
မစ္စတာလီဟာ ထျန်းနင်ကို အဲလိုပြောပေးဖို့ မိုယွီရို့ရဲ့ တောင်းဆိုမှုကို အံ့သြနေတယ်..။
ထျန်းနင်ဟာပြုံးပြီး သူမလက်ထဲက စာအိတ်ကို ဖွင့်လိုက်တယ်။
သူမက ဆုရစာရင်းစာရွက်ကို ဆွဲထုတ်လိုက်ပြီး ကြေညာလိုက်တယ်။
"၇ ကြိမ်မြောက် ဆုပေးပွဲရဲ့ ထိပ်တန်းမော်ဒယ်လ် ဆုရှင်များကတော့....''
မော်ဒယ်လ် တစ်ယောက်ပြီး တစ်ယောက်ရဲ့ ဓာတ်ပုံတွေ နာမည်တွေဟာ သူတို့ရဲ့ စွမ်းဆောင်မှုတွေနဲ့အတူ စခရင်ကျယ်ကြီးပေါ်မှာ ပေါ်လာတယ်။
မိုယွီရို့ဟာ နောက်ဆုံးတစ်ယောက် ဖြစ်တယ်။
အဲဒါက သူမအရမ်း ကြိုးစားထားရတဲ့ပုံပဲ။
သူမတွက် ဆုရရှိခဲ့တဲ့အကြောင်းကတော့ Oriental Trendမဂ္ဂဇင်း ကာဗာ ဖြစ်တယ်။
စင်အောက်မှာတော့ လူတိုင်းက ရယ်မောနေကြတယ်။
ကာဗာရဲ့ ဘေးဘက်မှာ သူမဟာ ရယ်ရွှင်ဖွယ်ပဲ။ဘာကြောင့် ဆုရတာလည်းလို့ လူတိုင်း ပြောနေကြတယ်။
မဂ္ဂဇင်းမှာ သူမ မထင်မရှား ဖြစ်နေတဲ့ အချိန် ထျန်းနင်ကတော့ အသက်ဝင် ထင်ရှားနေတယ်။
ဆလိုက်မီး အောက်မှာ ထိပ်တန်းမော်ဒယ်လ် ဆုရှင် ဆယ်ယောက်ဟာ သူတို့နာမည် ကြေညာလိုက်တဲ့ အခါမှာ စင်ပေါ်သို့တက်လာကြတယ်။
လှပတဲ့ မိန်းကလေး ဝန်ထမ်း ဆယ်ယောက်ဟာ ပန်းစည်းတွေနဲ့ ဆုတွေကိုင်ကာ လျှောက်လှမ်း လာကြသည်။
ထျန်းနင်က အစီအစဉ် အတိုင်း ဘယ်မှညာ ဆုချီးမြှင့်တယ်။
မိုယွီရော့ဟာ အနောက်ဆုံး အတန်းမှာ သူမရဲ့ နှလုံးသား ရပ်လုနီးနီး စိတ်လှုပ်ရှားနေတယ်။
သူမ အောင်မြင်ခဲ့ပြီ.....
သူမ မကြာခင် အမှန်တကယ် အောင်မြင်တော့မယ်....
ထျန်းနင်နဲ့ သူမက တဖြည်းဖြည်း နီးလာသည်။ ပရိသတ်ရဲ့ လက်ခုပ်သံတွေကို ကြားနေရတာက သူမကို စိတ်လှုပ်ရှားစေသည်။
တုနှိုင်းမရတဲ့ ပျော်ရွှင်မှုတွေက သူမကို မုန်တိုင်းသဖွယ် ပြင်းပြင်းထန်ထန် ခံစားရစေသည်။
နောက်ဆုံးတော့ ထျန်းနင်ဟာ သူမဘေးကို ရောက်လာတယ်။
သူမကို နူးနူးညံ့ညံ့ ပြုံးပြပြီး လက်ကိုဆန့်ထုတ်လိုက်သည်၊၊
"ဂုဏ်ယူပါတယ်''
နောက်ပြီး ထျန်းနင်ဟာ ဆုမပေးခင် ပန်းစည်း ကမ်းပေးလိုက်တယ်။
ဒါပေမယ့် မိုယွီရို့က လက်ဆန့်တန်းပြီး ဆုကို ထိတော့မယ့် အချိန်တွင်းမှာ လူငယ် တစ်ယောက်ဟာ ပြေးဝင်လာပြီး ထျန်းနင်ကို တစ်စုံတစ်ရာ တိုးတိုးလေး ပြောခဲ့တယ်။
ထျန်းနင်က ဆုကို မိုယွီရို့ရဲ့ အဝေးကို ဆွဲယူလိုက်တယ်။
ဒါကိုမြင်လိုက်တဲ့ခါမှာ ပရိသတ်တွေက ကြောင်အသွားကြတယ်...
ဘာဖြစ်တာလည်း ဘာကြောင့် ဆုမပေးတာလဲ
ဘာကြောင့် ထျန်းနင်ဟာ ဆုပြန်ယူ လိုက်ရတာလဲ
မိုယွီရော့က ဆုလက်ခံရမှာ မဟုတ်လား...
ထျန်းနင် မိုယွီရော့ကို ဆုအတွက်နဲ့ ကုမ္ပဏီအသစ်နဲ့ စာချုပ်ချုပ်မှာကို မနာလိုနေတာလား။
ထျန်းနင် ဒီအတွက်နဲ့ မတုံးအသွားနိုင်ပါဘူး...
မိုယွီရော့ဟာ စင်အောက်မှာ ဝေဖန်နေတာတွေကို ကြည့်လိုက်ပြီး ထျန်းနင်ကို မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ကြည့်လိုက်တယ်။
"ထျန်းနင် နင်ဒါ ဘာလုပ်တာလဲ''
"မိုယွီရော့ နင်ဒါဘာအဓိပ္ပါယ်လည်း တကယ် မသိတာလား ဒီဆုဟာ နင့်တွက် ရှိနေတာ မဟုတ်ဘူး...''
ထျန်းနင်က သူမရဲ့ အပြုအမူ အတွက် ဖြေရှင်းချက်ပေးလိုက်ပြီး လှောင်ပြုံးလိုက်တယ်။
ရှိနေတာမဟုတ်ဘူး...
နင့်တွက်ရှိနေတာ မဟုတ်ဘူး....
လူတိုင်း ဘာတွေဖြစ်ပျက်နေတာလည်း စိတ်ဝင်တစား ကြည့်နေကြသည်။
လူအများစုဟာ ဖျော်ဖြေပွဲလိုမျိုး သူတို့နှစ်ယောက်ကို ကြည့်နေကြတယ်။
ဘာတွေ ဖြစ်နေတာလဲ...
လူတိုင်း ဆုနေရာတွက် မေးလာကြတဲ့ ခါမှာ မိုယွီရို့ဟာ မျက်မှောင်ကြုတ်နေသည်။
ထျန်းနင်ကို တီးတိုးပြောခဲ့တဲ့ လူက မှတ်တမ်းအချို့ကို ကိုင်ပြီး စင်ပေါ် တက်လာတယ်။
သူက ပရိသတ်ဘက် လှည့်လိုက်ပြီး ကြေညာလိုက်တယ်။
"မိုယွီရော့ဟာ ဆုလက်ခံဖို့ အရည်ချင်း မပြည့်မှီပါဘူး''
မိုယွီရော့ဟာ ကြောင်အနေတယ်...ဒါတွေက ဘာတွေလဲ...
ဆုက သူမ လက်ထဲမှာလေ..ဘာကြောင့် အရည်ချင်း မပြည့်မှီရတာလဲ...
မိုယွီရို့က သူမရဲ့ အမုန်းတွေကို ထျန်းနင်ဆီ ဦးတည်လိုက်ကာ အသံကျယ်ကြီးနဲ့ အော်ပြောလိုက်သည်။
"ထျန်းနင် နင်မဟုတ်လား ဒါတွေက နင်လုပ်တာမလား.. ငါ့ကို အရည်ချင်း မပြည့်ဘူးလို့ ဖြစ်အောင် နင်လုပ်တယ်ပေါ့...ဒိုင်တွေ ဘယ်မှာလဲ"
မိုယွီရို့က သူမရဲ့ မကျေနပ်ချက်တွေကို ပရိသတ်တွေ ရှေ့မှာပဲ ချပြလိုက်တယ်။
သူမ အကြာကြီး လိုချင်ခဲ့တဲ့ သူမအကြာကြီး စောင့်ခဲ့ရတဲ့ ဒီဆုဟာ ဒီလိုပြီးဆုံးသွားမယ် ဆိုတာ သူမ မယုံနိုင်ဘူး.. လက်မခံနိုင်ဘူး..
မိုယွီရို့က ထျန်းနင်လက်ကို လှုပ်ရမ်းလိုက်ရင်း ပြောလိုက်သည်။
"ထျန်းနင် နင်လုပ်ခဲ့တာ မဟုတ်လား.. ဒါ နင်လက်ချက် မဟုတ်လား''
ထျန်းနင်ဟာ ဘာမှ ပြန်မပြောပဲ သူမလက်ကို လှုပ်ယမ်းခွင့် ပေးလိုက်သည်။
သူမ လက်က ပွန်းပဲ့ကုန်သော်လည်း သူမ ဘာမှ ပြန်မလုပ်ခဲ့ပေ။
မိုယွီရို့က ဝတ်စုံကို ခလုတ်တိုက်မိပြီး လဲကျသွားသည်။
ဒါပေမယ့် သူမဟာ အလွန်ပဲ စိတ်မတည်မငြိမ် ဖြစ်နေတာကြောင့် ဘယ်သူမှ လာမကူညီကြပေ။
" ဒီဆုတွေက ဘာလည်း အားလုံးက ဖန်တီးမှု မရှိဘူး အရည်ချင်းလည်း မရှိကြဘူး.. ငါ နင်တို့ကို တရားစွဲမယ်.. နင်တို့ ငါ့ကို တောင်းပန်တာ လိုချင်တယ်''
တောင်းပန်မှုလား..
စင်အောက်က လူတွေက သူမကို ကြည့်နေကြတယ်။
သူမက မာနကြီးလွန်းနေတာပဲ...
"ငါ နင်တို့ကို တရားစွဲမယ်''
မိုယွီရို့ရဲ့ အသံက ခန်းမမှာ ဟိန်းထွက်နေတယ်။
"မစ္စမို ကျွန်တော်တို့ကို တရားမစွဲခင် ကျွန်တော်တို့ ဆုအတွက် စည်းကမ်းတွေ ကို ပြန်ပြောချင်ပါတယ်.. ကျွန်တော့်နောက်က စခရင်ပေါ်မှာ ပြထားတာကတော့ ဆုရွေးချယ်မှုတွက် စည်းကမ်းတွေပါ.. ကိုယ်ဝန်သည်တွေကို ပြိုင်ပွဲဝင်ခွင့် မပြုထားပါဘူး.. ကျွန်တော် လူတိုင်းကို ကျွန်တော့်လက်က မှတ်တမ်းကို ပြချင်ပါတယ်.. မိုယွီရော့ဟာ ဇူလိုင်မှာ ကိုယ်ဝန်စလွယ် ထားရပါတယ်.. ဆိုလိုတာက သူမဟာ ကိုယ်ဝန်ရှိမှန်း သိလျက်နဲ့ လိမ်လည်ခဲ့တာပါ.. ဒါကြောင့် ဆုရွေးချယ်ရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ မိုယွီရော့ကို အရည်ချင်းမပြည့်လို့ သတ်မှတ်တာဖြစ်တယ်''
လူကြီးဟာ ကျယ်လောင်စွာ ကြေညာလိုက်ပါတယ်။
"သူမဟာ မော်ဒယ်လ်ဆုပေးပွဲရဲ့ ပထမဆုံး အပယ်ခံရတဲ့ မော်ဒယ်လ် ဖြစ်ပါတယ်.. သူမဟာ မော်ဒယ်လ် လောကမှာ ဆက်လက်လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရပါတယ်.. လူထုကို သူမ မလေးစားခဲ့ပါဘူး..''
ပြတ်သားတဲ့ စကားလုံးတွေဟာ ပြင်းထန်တဲ့ မိုးလိုပဲ အဆက်မပြတ် ကျဆင်းလာပါတယ်။
ရှောင်လွှဲဖို့ နည်းလမ်းမရှိတော့ပါဘူး။
လူတိုင်းဟာ ဘာဖြစ်နေလည်းဆိုတာ လျင်မြန်စွာပဲ နားလည် သွားကြတယ်။
မိုယွီရို့က ကိုယ်ဝန်လွယ် ထားရတာပဲ...
သူများ ရည်းစားကိုလုတယ်.. လက်မထပ်ရသေးပဲ ကိုယ်ဝန်ရှိတယ်.. ဒါတွေက ဆိုးနေပါပြီ..ဒါတောင် လိမ်ပြီး ဆုလက်ခံ ယူချင်သေးတယ်လား..
***
Bạn đang đọc truyện trên: ZingTruyen.Xyz