ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

Ep 129

jellyflower1

အပိုင်း(၁၂၉)

နင် သူတို့ထက် ပိုကောင်းအောင် လုပ်နိုင်လို့လား

 
 
ထျန်းနင်က ပုံမှန်အတိုင်း အေးဆေး တည်ငြိမ်စွာ ပြုံးပြလိုက်ပြီး သတင်းထောက်၏ မျက်လုံးကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။
"ငါ့မှာ ချစ်သူမရှိဘူး"
ဟုတ်သည်လေ ... သူမမှာ ချစ်သူမှ မရှိတာသူမ ပိုင်ဆိုင်ထားတာက သူမ ယောက်ျားလေ ... ထျန်းနင် ငြင်းဆန်နေသည်ကို မြင်သောအခါ သတင်းထောက်က ဖိအားမပေးတော့ပေ။ ထိုလူ၏ စူးစမ်းသော အကြည့်များက ထျန်းနင်ကို စိတ်မသက်မသာ ဖြစ်စေသည်။ ဒီလူက အနာဂတ်မှာ သူမကို စောင့်ကြည့်နေမည့် သူဟု ခံစားရသည်။
"လန်ယွီရဲ့ အရှုပ်အရှင်းတွေက ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တယ် ... ဒါပေမဲ့ ငါ မြင်ရသလောက်တော့ ဒီအဖြစ်အပျက်တွေက Miss ထျန်းနင်ကို သက်ရောက်ပုံ မရဘူး"
ထျန်းနင်က ပြုံးလိုက်သည်။ သူမက စကားဝိုင်းတွင် စိတ်မပါတော့သည့် အမူအရာကို သိသာ ထင်ရှားစွာ ပြသလိုက်သည်။ လူအများ၏ အဝေးတွင် နေထိုင်လိုသည့်အခါ ထိုအပြုအမူကို  သူမ မကြာခဏ ပြုလုပ်တတ်သည်။ ထိုလူက သူမ၏ အမူအရာကို သဘောပေါက်သွားပြီး စကား ထပ်မရှည်တော့ဘဲ သူ၏ ထိုင်ခုံသို့ ပြန်သွားခဲ့သည်။ 
ထိုလူက မို့ထင်၏ မျက်နှာကို မမြင်လိုက်ဟု ထျန်းနင်က ယူဆလိုက်သည်။ သို့မဟုတ်လျှင် သူ၏ အသံနေ အသံထားက ယခုကဲ့သို့ ဖြစ်နေမည် မဟုတ်ပေ။ ထိုလူက မို့ထင်ကို တွေ့လျှင်ပင် အရမ်းကာရော လုပ်ရဲမည် မဟုတ်ချေ။ ဟိုက်ဟွေ့ကို ထိခိုက်သည့် အကျိုးဆက်များကို ထိုလူ မသိစရာ အကြောင်းမရှိချေ။ သတင်းထောက်က ထျန်းနင်နှင့် ထောင့်ဖြတ်မြင်ရသည့် နေရာတွင် ထိုင်နေသည်။ သူ၏ မျက်လုံးကို မျက်လုံးကာ မတပ်ခင် ထျန်းနင်ကို ခက်ထေ့ထေ့ ပြုံးပြလိုက်သည်။ 
ကားပေါ်မှ အမျိုးသားကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထျန်းနင်က ချစ်သူ မရှိဘူးဟု ပြောလိုက်သော အချိန်တွင် ဒါက မရိုးရှင်းကြောင်း သူသိလိုက်သည်။ တစ်လျှောက်လုံး ထျန်းနင်နှင့် ပတ်သက်၍ မကောင်းသတင်း တစ်ခုတလေကို ရှာဖွေရန်ပင် ခက်ခဲခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူမက အလွန် ဂရုစိုက်သောကြောင့် ဖြစ်သည်။
သို့ရာတွင် တစ်စုံတစ်ယောက်က တစ်စုံတစ်ရာကို မဖုံးဖိဘဲ ဖွင့်ချလိုက်လျှင် အတိအကျကို သတင်းကြီး ဖြစ်လာနိုင်ပေသည်။ ထိုအတွက်ကြောင့် သူမကို နောက်ယောင်ခံ လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ဒီအချိန်မှာတော့ သူက မုချကို ကံကောင်းခဲ့ပြီ။ သူမက ပုံမှန်အတိုင်း ပြုမူ လုပ်ဆောင်ခဲ့သော်လည်း အဆုံး၌ ယောက်ျား တစ်ယောက်နှင့် အရှုပ်အထွေး ရှိနေခဲ့သည်။ ထျန်းနင်က မသက်မသာ ခံစားနေရသည်။ လေယာဉ်ပေါ်က ဆင်းပြီးနောက်တွင် မို့ထင်ကို ချက်ချင်း မက်ဆေ့ ပို့လိုက်သည်။
ထင် ... ငါတို့အကြောင်းကို ရှာတွေ့သွားပြီလား မသိဘူး ... လေဆိပ်မှာ သတင်းထောက် တစ်ယောက်က ရှင့်ရဲ့ကားထဲက ထွက်လာတာကို တွေ့လိုက်တယ်တဲ့ ... သူ ဘယ်အခြေအနေထိ မြင်ခဲ့လည်း မသိပေမဲ့ ဒီလူက စိတ်ချလို့ရတဲ့ သူလို့ ကျမ မထင်ဘူးမို့ထင်က ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ထျန်းနင်ရဲ့ မက်ဆေ့ကို တွေ့သည်နှင့် သူ၏ မျက်ခုံးနှစ်ဖက်က မြင့်တက်သွားသည်။ 
"ချစ် စာချုပ်ကိစ္စပဲ အာရုံစိုက်ပါ ... ကိုယ်ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်"
"ဘယ်တော့ ပြန်လာမှာလဲ ယောက်ျား "
"ကိုယ်မသေချာဘူး "
ထိုစကားလေးလုံးကို မြင်သည်နှင့် ထျန်းနင်က
"ငါနင့်ကိုလွမ်းတယ်"
ဟုခံစားချက်ပါသော စာသားဖြင့် တုံ့ပြန်ရန် ပြင်လိုက်သည်။ သို့သော် မို့ထင် အလုပ်တွင် စိတ်ပျံ့လွင့်နေမည်ကို သူမ ကြောက်ရွံ့မိသည်။
ထိုအတွက်
"ငါနင့်ကိုစောင့်နေမယ်"
ဟူသော စာသားကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
ထျန်းနင်ကို လာကြိုပြီးနောက် သူမ မပျော်မရွှင် ဖြစ်နေသည်ကို လုံကျဲက သတိပြုမိသည်။ မို့ထင်နှင့် ခွဲခွာရလို့ဟု သူမက ထင်မိသည်။
"ဟိုက်ဟွေ့နဲ့ ပတ်သက်တဲ့ သတင်းသစ်ကို ငါတွေ့လိုက်တယ် ... သူဌေးကြီး အဆင်ပြေရဲ့လား"
"အင်း"
ထျန်းနင်က ခေါင်းညိတ်လိုက်သည်။ လုံကျဲက ကားမောင်းရင်း ထျန်းနင်၏ မျက်နှာကို နောက်ကြည့်မှန်မှ တစ်ဆင့် အကဲခတ်လိုက်သည်။ သူမ၏ အမူအရာက စိတ်ရှုပ်ထွေးနေသည့် အမူအရာ ဖြစ်နေသည်။
"နင် အရမ်းပင်ပန်းနေပြီဆိုတာ သတိထားမိရဲ့လား ... ဟန်ယွီဖန်နဲ့ တုန်းကတောင် နင်ဒီလို စိတ်ပျံ့လွင် မနေဘူး ... သူဌေးကြီးနဲ့ ခဏလေး ခွဲရတာ ကမ္ဘာပျက်သွားတာမှ မဟုတ်တာ"
ထျန်းနင်က ခေါင်းညိတ်၍ ဝန်ခံလိုက်သည်။
"ငါမို့ထင်ကို တကယ်ချစ်တယ်လို့ ထင်တယ်"
"သူက နင့်ယောက်ျားဆိုတော့ နင်က တကယ်ချစ်မှာပေါ့ ... သူ့ဘက်ကရော ... သူဌေးကြီးရဲ့ ခံစားချက်က ဘယ်လိုလဲ"
လုံကျဲက စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။ မို့ထင်လို အစွမ်းအစရှိသည့် သူတောင်မှ ထျန်းနင်ကို လုံခြုံမှု အပြည့်ပေးရန် ချို့တဲ့နေဆဲ ဖြစ်သည်။
"နင်နဲ့ သူဌေးက အချိန်အကြာကြီး အတူတကွ မနေဘူးတဲ့အပြင် လုံလောက်တဲ့ အချိန်ကိုလည်း မဖြတ်သန်းခဲ့ရဘူး ... ဒါပေမဲ့ ထျန်းနင် ... နင့်ကိုယ်နင် ပြန်မေးပြီးပြီလား ... သူဌေးက ဟန်ယွီဖန်လို တူညီစွာပဲ နင့်အပေါ် သစ္စာဖောက်ခဲ့ရင် နင်ဘယ်လို ကိုင်တွယ်မှာလဲ"
ထျန်းနင် တစ်ခဏတော့ တိတ်ဆိတ်သွားသည်။ မို့ထင်နှင့် အတူရှိသော အချိန်ကို သတိရသောအခါ သူမ ယုံကြည်မှု ပြန်ရလာသည်။
"ငါက အရင် ထျန်းနင် မဟုတ်တဲ့အတွက် ... ဒုတိယ ဟန်ယွီဖန်ကို ကြုံရမှာ မဟုတ်တော့ဘူး ... ငါ့ရဲ့ရွေးချယ်မှုကို ငါယုံကြည်တယ် ... ဘာပဲဖြစ်နေနေ ငါသူနဲ့ အဆုံးထိ အတူရှိနေမယ် ... စကားမစပ် လုံကျဲ ... နင် ပြင်ဆင်မှု တချို့ လုပ်ဖို့လိုနေပြီ ... မို့ထင် ငါ့ကို လေဆိပ်လိုက်ပို့တုန်းက သတင်းထောက်တစ်ယောက် တွေ့သွားတယ်"
"နင် ဘယ်လို လုပ်ချင်လဲ"
လုံကျဲက အလွန် အံ့အားသင့်သွားသည်။
"မို့ထင်နဲ့ငါ့ရဲ့ ဆက်ဆံရေးကို ဖော်ထုတ်ရင်တောင်မှ ငါက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိချင်တယ် ... အခုငါတို့ စောင့်ကြည့်ကြတာပေါ့"
ထျန်းနင်က အလွန် လေးနက်သော လေသံဖြင့် ဖြေလိုက်သည်။
"ချန်းထျန်းနဲ့ စာချုပ်မဲ့ အခမ်းအနားကို အဆင့်သင့် လုပ်ထားရအောင် ... ဥက္ကဌလန်နဲ့ တွေ့ဖို့ နင့်ကို ခေါ်သွားရမယ်"
ထျန်းနင်က ခေါင်းညိတ်ပြလိုက်သည်။ လုံကျဲက ရေဒီယိုကို ဖွင့်လိုက်သည်။ ရေဒီယိုမှလာသော ဖျော်ဖြေရေး သတင်းများတွင် လန်ယွီထက် ဟိုက်ဟွေ့ သရုပ်ဆောင်များဘက်သို့ အာရုံစိုက်လာကြသည်ကို သတိထားမိခဲ့သည်။  
"ဒီလန်ယွီက တကယ် ကံကောင်းတယ်"
မို့ထင်က နောက်ဆုံး လက်နက်ကို ထုတ်မဖော်ခဲ့ခြင်းကြောင့် သူမ ကံကောင်းသွားသည်ဟု ဆိုရမည်။ ထျန်းနင် တိတ်ဆိတ်နေသည်ကို မြင်လျှင် မို့ထင်နှင့် ပတ်သက်၍ စိုးရိမ်နေသည်ဟု လုံကျဲက အတပ်သိလိုက်သည်။ သူမက ရုပ်သံလိုင်းအစား စိတ်အပန်းပြေစေသည့် ဂီတလိုင်းသို့ ပြောင်းလိုက်သည်။ 
"နင် ဘာမှ စိတ်ပူစရာ မလိုဘူး ... သူဌေးကြီးက ဒီကိစ္စကို ကိုင်တွယ်နိုင်တယ် ... ဟိုက်ဟွေ့က ကုမ္ပဏီကြီးဆိုတော့ သူဌေး ပင်ပန်းမှာကို ကြောက်နေတာလား..."
ထျန်းနင်က သူ၏ နှုတ်ခမ်းလွှာနှစ်ခုကို ဖိလိုက်ပြီး …
"နင်က လူတစ်ယောက်ကို ဂရုစိုက်မိပြီဆိုရင် သူဘယ်လောက်ပဲ စွမ်းရည်ရှိရှိ နင်စိတ်ပူနေမှာပဲ"
သူမ စကားအဆုံးတွင် လုံကျဲက အနည်းငယ် တင်းကျပ်သလို ခံစားလိုက်ရသည်။ သိပ်မကြာခင် သူတို့က လန်ရှီ၏ အိမ်ကို ရောက်သွားကြသည်။ အိမ်ထဲတွင် အန်းကျီဟောင်လည်း ရှိနေခဲ့သည်။ အန်းကျီဟောင်က ထျန်းနင်နှင့် ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်သည်။
ထိုလူက သူမကို ဒုက္ခ ရောက်စေခဲ့ပြီး  အဆုံးသတ်တွင် သူ့ပြဿနာကိုသူ ဖြေရှင်းနိုင်ခဲ့သည်။ ထိုအတွက် ထျန်းနင်က သူ့အပေါ်တွင် ကောင်းမွန်သော အမူအရာ ရှိမနေချေ။ သို့တိုင် သူမက အေးဆေး တည်ငြိမ်နေသည်။
"ငါတို့ စာချုပ်ကိစ္စက လျှို့ဝှက်ထားဆဲဖြစ်လို့ အိမ်မှာတွေ့ဖို့ ချိန်းလိုက်တာပဲ ... မင်းစိတ်မဆိုးဘူးလို့ ငါထင်တယ်"
လန်ရှီက ထျန်းနင်ကို ကော်ဖီတစ်ခွက် လှမ်းပေးလိုက်သည်။
"ကျီဟောင်နဲ့ပတ်သက်ပြီး နင့်ရဲ့သဘောထားကို သိချင်တယ်"
"ငါသူနဲ့အတူ အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ် "
ထျန်းနင်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
"ဒါပေမဲ့ တစ်ခုတော့ တောင်းဆိုချင်တယ်... ငါရဲ့ ကိုယ်ရေးကိုယ်တာကိုတော့ ဝင်မစွက်ဖက်စေနဲ့"
ဆိုဖာတွင် ထိုင်နေသော အန်းကျီဟောင်က ထျန်းနင်ကို ခေါင်းမော့၍ ကြည့်လိုက်သည်။ ဒီ၂၆နှစ်အရွယ် မော်ဒယ်က ကြောက်မက်ဖွယ်ကောင်းအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သည့် အဆင့်တွင် ရှိကြောင်း သူသဘောပေါက်လိုက်သည်။ သူမက စိတ်ထဲက အရှိအတိုင်း ပြောလိုက်ခြင်း ဖြစ်ကြောင်း သူသိသည်။ သူက ပြုံးပြလိုက်ပြီး မတ်တပ်ရပ်ကာ သူမဆီသို့ သွားလိုက်သည်။
"မင်းနဲ့ အလုပ်ကောင်းကောင်း လုပ်နိုင်မယ်လို့ ငါမျှော်လင့်တယ်"
"EHလိုအမှားမျိုး နောက်ထပ်မလုပ်ဖို့ ငါမျှော်လင့်တယ်"
ထိုစကားကို ကြားသောအခါ ကျီဟောင်က ခေါင်းကို ညွှန်ပြရင်း ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ... ငါ့ဦးခေါင်းကို သုံးပြီး အာမခံပါတယ်"
"ထျန်းနင် ... နင် ချန်းထျန်းကို ဝင်လာပြီးတဲ့နောက်မှာ ယှဉ်ပြိုင်မှုတွေက အရင်ကထက် ပြင်းထန်လာတယ် ယန်ကျင်းနဲ့လော်ဟောင်က ထိပ်တန်း မော်ဒယ်အချို့ကို ထိန်းချုပ်ထားတယ်... ဒါကြောင့် နင့်ကို တိုက်ခိုက်မှာ ရှောင်လွှဲလို့မရဘူး... "
"ဒါက ငါကိုင်တွယ်ရမဲ့ ပြဿနာပါ ... ဥက္ကဌလန် စိတ်ပူစရာ မလိုပါဘူး "
အန်းကျီဟောင်က ဝင်ပြောလိုက်သည်။ 
လန်ရှီ၏ မျက်ခုံးက မြင့်တက်သွားပြီး
"နင် သူတို့ထက် ပိုကောင်းအောင် လုပ်နိုင်လို့လား"
"စောင့်ကြည့်လိုက်လေ"
"ကောင်းပြီလေ ... ငါစာချုပ် ချုပ်ဆိုတဲ့ အခမ်းအနားကို သေချာ ပြင်ဆင်လိုက်မယ်... အချိန်ကျလာလို့ရှိရင် ငါတို့အေဂျင်စီနဲ့ ထျန်းနင် ပူးပေါင်းလိုက်ပြီ ဆိုတာကို ကြေငြာမယ်"
လန်ရှီ၏ အယူအဆတချို့ကို ယန်ကျင်းနှင့် လောင်ဟောင်က လျစ်လျူရှုခဲ့ကြသည်။ သူမအနေဖြင့် ထိုနှစ်ယောက်ကို ထိန်းချုပ်ဖို့ ကျီဟောင်နှင့် ထျန်းနင်ကဲ့သို့ အဖွဲ့တစ်ခု လိုအပ်နေသည်။ ယခုမှစ၍ လော်ဟောင် ... ယန်ကျင်းတို့နှင့် တရားဝင်တိုက်ပွဲ စတင်ပြီ ဖြစ်သည်။
" ဒါနဲ့ ထျန်းနင် နင့်မှာ လက်ရှိ ဘယ်သူနဲ့မှ ပတ်သက်ဆက်ဆံမှု မရှိတော့ဘူး မဟုတ်လား..."
လန်ရှီက ရုတ်တရက် မေးလိုက်သည်။ ထိန်းမနိုင် သိမ်းမရသော အခြေအနေများ ပေါ်ပေါက်ပြီး အေဂျင်စီကို ရုတ်ခတ်မှာ သူမက စိုးရိမ်သည်။ ထျန်းနင်က တွန့်ဆုတ်နေပုံရသော်လည်း အဆုံးသတ်တွင် ရိုးသားစွာ  ဝန်ခံလိုက်သည်။
"ဟုတ်တယ်... ငါ့မှာရှိတယ် "
လန်ရှီက ခဏတာ ဆွံ့အသွားသည်။ သူမ ထျန်းနင်ကို အပြည့်အဝ နားမလည်သေးဘူး ဆိုတာ သဘောပေါက်လာသည်။
"ဒီကိစ္စ ပေါက်ကြားသွားရင် ဘယ်လိုလုပ်မလဲ ... ထျန်းနင် နင်ကမော်ဒယ် တစ်ယောက်ရဲ့ စံအသက်အရွယ်ထက် ကျော်လွန်နေပြီနော် ... ဘယ်လို အရှုပ်မျိုးမှ တက်လို့ မဖြစ်ဘူး ...
"စာချုပ်ကို ပတ်သက်ဆက်နွှယ်မှု တစ်ခုကြောင့် မကန့်သတ်စေချင်ဘူး ... ဒါ့အပြင် သူက ငါ့ရဲ့ ချစ်သူသာ မဟုတ်ဘူး ... ငါ့ရဲ့ မိသားစုလည်း ဖြစ်တယ်"
"ငါတို့ သေချာ လုပ်ကိုင်ကြတာပေါ့"
ထိုသို့ ပြောလိုက်မှ လန်ရှီက အနည်းငယ် စိတ်သက်သာရာ ရသလို ခံစားလိုက်ရသည်။ 
"ကျီဟောင် ... ဒီကိစ္စကို ဖုံးကွယ်ဖို့ ပြင်ဆင်လိုက်"
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz