ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

Ep 121

jellyflower1

အပိုင်း(၁၂၁)

ချစ်သူလေး

“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာဘလက်ရာ … ကျွန်မ အမှားကြောင့် လန်ယွီ နာကျင်ရတယ် … တကယ်ပဲ အပြစ်ရှိသလို ခံစားမိပါတယ်”
ထျန်းနင်ဘက်က တုံ့ပြန်စကားကြောင့် ဘလက်ရာ ပြုံးနေမိသည်။
“ဒီလိုဆိုတော့လည်း ဘာလို့ လန်ယွီအတွက် လက်ဆောင် မယူလာတာလဲ၊  တချို့ချို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ကိုယ့်ဂုဏ်ရှိန်ဂိုဏ်ဝါကို မြှင့်ချင်ကြတယ်၊ မင်းကတော့ တခြားသူတွေနဲ့ ခြားနားတယ်၊ မင်းရဲ့ သည်းခံနိုင်တဲ့ စိတ်ထားလေးက စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အခြေအနေက လွတ်မြောက်အောင် ကူညီပေးနိုင်မှာပါ”
ပုံမှန်အားဖြင့် ထျန်းနင်သည် သူမနှင့် သက်ဆိုင်သော ပွဲမှလွဲလျှင် ပွဲလမ်းသဘင်များကို တက်ရောက်လေ့ မရှိပေ။ သို့သော်လည်း လန်ယွီ၏ အေဂျင်စီက အရှက်မဲ့စွာ မဟုတ်မမှန် သတင်း ဖန်တီးခဲ့သည်။ ဆွေ့ဆွေ့ခုန် ပေါက်ကွဲနေသော ဖန်များက အဖြစ်မှန်ကို မမြင်နိုင်သော်လည်း အနုပညာလောကတွင် ကျင်လည်နေသော မစ္စတာဘလက်ရာက အခြေအနေ အလုံးစုံကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်စွမ်း ရှိ၏။
ဘာပဲဖြစ်ဖြစ် သူ့ဆုံးဖြတ်ချက်ကို သူ ယုံကြည်တယ်။
 တခြားသူရဲ့ စိတ်ဝင်စားမှုကို ဘယ်လို ဖမ်းစားရမလဲ သိတဲ့ ထျန်းနင်က အလုပ်ကို ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းမွန်မွန် နားလည်လောက်တယ်။ ထျန်းနင်ကို ၂ နာရီကြာအောင် စောင့်ဆိုင်း စေခဲ့သော်လည်း ထျန်းနင်ဘက်က ဒေါသထွက်ခြင်း မရှိခဲ့ဘူး။ ဤအချက်ကို ထောက်ရှုပြီး ထျန်းနင်က အပြောင်အပျက် နာမည်လေးအတွက် အလုပ်ကို စွန့်လွှတ်မယ့် လူတန်းစား မဟုတ်ကြောင်း သိနိုင်ပါတယ်။
ထျန်းနင် သူ့ကို လက်ဆောင်ပေးတဲ့ ရေမွှေးက သူအကြိုက်ဆုံး ပစ္စည်းလေး ဖြစ်နေတယ်။
“မင်းကလည်း ငါ့ကို ထူးခြားတဲ့ ရေမွှေးလေး လက်ဆောင်ပေးတော့ ငါလည်း မင်းကို လက်ဆောင် ပြန်ပေးပါမယ်။ ဒါနဲ့ EH ကုမ္ပဏီက Charm လို့ အမည်ပေးထားတဲ့ ရနံ့ကုထုံး ရေမွှေး အသစ်ထုတ်ထားတယ်။ တစ်ကမ္ဘာလုံးမှာ ၁၀ပုလင်းလောက်ပဲ ရှိတယ်။ ရေမွှေးလေးကို သေချာထုတ်ပိုးဖို့ ငါ့လက်ထောက်ကို ပြောထားမယ်။ ပြီးရင် မင်းကိုယ်စား Star Ageကို ပို့ပေးမယ်လေ”
“မစ္စတာ ဘလက်ရာ … ဒါက အရမ်းကို ဈေးကြီးလွန်းပါတယ်”
သူမနဲ့ မထိုက်တန်ဘူးလို့ ထျန်းနင် ခံစားမိပါတယ်။
“ဒီကိစ္စမှာ EH လည်း မှားခဲ့ပါတယ်၊ ပွဲမစတင်ခင်တည်းက မင်းရဲ့မန်နေဂျာကို ငါတို့ ဝန်ထမ်းက သေသေချာချာ ဆက်သွယ်ခဲ့သင့်တယ်၊ မင်းကို အကုန်တာဝန် ယူခိုင်းတာတော့ မသင့်လျော်ဘူး၊ ငါတို့က မိတ်ဆွေ ဖြစ်သွားပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး”
“ကျေးဇူးတင်ပါတယ် မစ္စတာ ဘလက်ရာ”
ဘလက်ရာလည်း တည်ငြိမ်လွန်းသော ထျန်းနင်ကို ငေးကြည့်လိုက်တယ်။ သူမကို နည်းနည်းတော့ အထင်ကြီး လေးစားနေမိတယ်။ အတိတ်ကဆိုလျှင် ဒီထက် ဆိုးရွားသော အဖြစ်ဆိုးများကို သူ ကြုံတွေ့ခဲ့ဖူးသော်လည်း ထျန်းနင်လို တည်ငြိမ်သော ခံစားချက် မရှိခဲ့ဘူး။
ထျန်းနင်ဘက်က လန်ယွီ ထိခိုက်ခဲ့သော အကြောင်းကို ပြောတော့ သူ့ဘက်က  လန်ယွီကို လက်ဆောင်ပေးဖို့ ထျန်းနင်ကို အကြံပေးခဲ့တယ်။ ထျန်းနင်ဘက်က လက်ဆောင်ပြန်ပေးမယ့် စိတ်ကူး မရှိခဲ့ဘူး။ အကယ်၍ ထျန်းနင်ကိုယ်တိုင် Star Age ကို လက်ဆောင် ပို့ပေးခဲ့လျှင် သူမကို ထောက်ချောက်များက ကြိုဆိုနေလိမ့်မယ်။ အခု ဘလက်ရာက ထျန်းနင်ကိုယ်စား Star Age ကို လက်ဆောင် ပို့ပေးခဲ့တယ်။ Star Age ဘက် ကောက်ကျစ်သော နည်းလမ်းသုံးလျှင် ထျန်းနင်ရဲ့ ထောက်ချောက်ထဲ ကျဆုံးသွားလိမ့်မယ်။
အမှန်စစ်စစ်အားဖြင့် ဘလက်ရာက အကျိုးလို၍ ညောင်ရေလောင်းခဲ့ခြင်းသာ ဖြစ်ပါတယ်။ ထျန်းနင်က သူ့ကို လက်ဆောင်ပေးခဲ့သော ရေမွှေးလေးက သာမန် ဖြစ်သော်လည်း ထျန်မိသားစုနဲ့ ပူးပေါင်းခွင့် ရချင်တယ်။
အချိန်အတော်ကြာအောင် စကားပြောပြီးနောက် ဘလက်ရာ၏ လက်ထောက် ရောက်လာပြီး လက်ဆောင်ပြင်ဆင်ရန် ညွှန်ကြား လိုက်ပါတယ်။ ထျန်းနင် နာမည်နှင့်သာ လက်ဆောင် ပို့ပေးရန်  မှာကြားလိုက်တယ်။
“ထျန်းနင် ၊ ပွဲမတက်ရတဲ့ အကြောင်းအရင်း အမှန်ကို ပြောနိုင်မလား”
ဘလက်ရာက သူမပေးတဲ့ အကြောင်းပြချက်ကို မယုံကြည်နိုင်ပုံ ရပါတယ်။
ထျန်းနင် ခဏတော့ တွေဝေသွားပါတယ်။
“အမှန်ပြောရရင်တော့ အေဂျင်စီ အသစ်နဲ့ လက်မှတ်ထိုးထားတော့ မန်နေဂျာ အသစ်နဲ့ သေသေချာချာ မတွေ့ရသေးဘူး၊ သူနဲ့ အဆက်အသွယ် လုပ်ရတာ နည်းနည်း ပြဿနာလေး ရှိနေတယ်၊ ဒီကိစ္စအတွက် တောင်းပန်ပါတယ်”
“ဒါဆို မင်းက ပွဲရှိမှန်းတောင် မသိဘူးပေါ့၊ မင်းရဲ့ အေဂျင်စီနဲ့ မန်နေဂျာကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့ ဟုတ်လား”
ထျန်းနင်က သူမရဲ့ အနီရောင် ဝိုင်ခွက်ကို မြှောက်လိုက်ရင်း ဘလက်ရာရဲ့ ဝိုင်ခွက်နဲ့ ညင်သာစွာ တိုက်လိုက်တယ်။
“ဒါက အလုပ်ကိစ္စပဲလေ၊ ပြီးတော့ လူကြီးမင်းက နားလည်မှု ရှိမယ်လို့ ယုံကြည်ထားတယ်”
သူတို့ နှစ်ဦး မိတ်ဆွေရင်းချာလို အချိန်အတော်ကြာအောင် စကားပြောခဲ့တယ်။ စကားပြောရင်း ညဘက်ကို ရောက်လာခဲ့ပါတယ်။ ထိုစဉ် မို့ထင်က သူမကို ဖုန်းခေါ်လာတယ်။
“ဘယ်ရောက်နေလဲ။ ကိုယ်မင်းကို လာခေါ်မယ်”
“အခုမှ EH မှာပဲ ရှိနေသေးတယ်”
“ကောင်းပြီလေ၊ ဒါဆို ၁၀ မိနစ်အတွင် အဲဒီနေရာကို ကိုယ်ရောက်မယ်”
မို့ထင်က စကားပြောလို့ ပြီးတော့ ဖုန်းချလိုက်ပါတယ်။ လုချယ်ကို ကားမောင်းပို့ပေးရန် မညွှန်းကြားတော့ဘဲ သူကိုယ်တိုင် ဇနီးသည်ကို သွားခေါ်ရန် ဆုံးဖြတ်မိတယ်။
ချိုသာသော လေသံဖြင့် ဖုန်းပြန်ဖြေနေတာကို မြင်ရတော့ မစ္စတာ ဘလက်ရာ ပြုံးမိတယ်။
“မင်းရဲ့ ရည်းစားလား”
ထျန်းနင်က ခေါင်းတွင်တွင် ခါလိုက်ပြီး သူမရဲ့ ဆံပင်အဖျားလေး များကို လိမ်ကောက်လိုက်ပါတယ်။ ထို့နောက် ချိုသာသော အသံလေးဖြင့် ပြန်ဖြေလိုက်ပါရဲ့။
“ကျွန်မ ချစ်သူ”
ချစ်သူ …
တခြား ကျော်ကြားသူများက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချစ်ရေး ကိစ္စများကို ဝန်ခံသည်က ရှားပါးပြီ။ လက်ထပ်ထားလျှင်တောင် မဟုတ်ကြောင်း ငြင်းဆန်နေလိမ့်မယ်။ အခုတော့ ထျန်းနင်က သူ့ရှေ့မှာ ပေါ်ထင် ဖွင့်ပြောနေတယ်။
“ထျန်းနင် … ဒီကိစ္စ ပေါ်သွားမှာ မကြောက်ဘူးလား”
“မကြောက်ပါဘူး”
ထျန်းနင်က ဒဲ့တိုး ပြန်ဖြေလိုက်တယ်။
“ဒီကိစ္စကို ဖော်တော့လည်း ရှင့်အတွက် ဘာအကျိုးထူးမှာလဲ၊ ဒါကြောင့် ရှင် မပြောဘူးလို့ ယုံကြည်တယ်”
“မင်းက တကယ် ပါးနပ်တယ်”
သူလည်း ရိုးသားစွာ ချီမွမ်းလိုက်တယ်။
“ဒါပေမဲ့ ငါ့မိန်းမက မင်းထက်ပိုပြီး လိမ္မာပါးနပ်တယ်”
လူတိုင်း၏ နှလုံးသားထဲတွင် ချစ်ရသူက နတ်ဘုရားသဖွယ် ရှိနေတာ နားလည်မိ၍ ငြင်းဆန်ခြင်း မရှိဘဲ ထျန်းနင် ပြုံးနေမိပါတယ်။ သူမလိုပေါ့ မို့ထင်ကို ယှဉ်နိုင်တဲ့သူ မရှိနိုင်ဘူး။
ဆယ်မိနစ်က မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့ပါတယ်။ မို့ထင်က EHရဲ့ အောက်ထပ် လှေကားတွင် ရောက်နေပြီး VIP အခန်းထဲကို ချက်ချင်း ဝင်လာခဲ့တယ်။ ဘလက်ရာလည်း ထျန်းနင်ရဲ့ ချစ်သူကို မျက်နှာချင်းဆိုင် လိုက်ပါတယ်။
အမှန်ပြောရလျှင် သူ အတော်လေး တုန်လှုပ်မိပါရဲ့။ ယခု သူ့ရှေ့မှာ ရောက်နေသူက ဖျော်ဖြေရေး လောကရဲ့ အရှင်သခင်။ အမျိုးသမီး ဆယ်လီများ သည်းသည်းလှုပ် လိုချင်နေသူက ထျန်းနင်ရဲ့ ချစ်သူလား။
မို့ထင်လည်း စားပွဲခုံပေါ် မှောက်နေတဲ့ ထျန်းနင်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ဘလက်ရာကို မေးခွန်းထုတ်ဟန့် ပြန်ကြည့်လိုက်တယ်။
ဘလက်ရာက ရယ်ကာ မောကာ ရှင်းပြလိုက်တယ်။
“မင်းရဲ့မိန်းမက အရက်ခံနိုင်ရည်အား သိပ်မကောင်းဘူး၊ စိတ်မပူပါနဲ့ ငါရဲ့ အတွင်းရေးမှူးလည်း အခန်းထဲမှာ အတူ ရှိနေပါတယ်၊ မင်း နားလည်မှုလွဲရင် ရှင်းပြပေးနိုင်ပါတယ်”
“ဒါနဲ့ မင်းတို့က တကယ်ပဲ ချစ်သူတွေလား”
ဘလက်ရာ သံသယ ဝင်မိတယ်။ ထျန်းနင်က ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သလို ဟိုက်ဟွေ့ CEO က ဘယ်လို တုံ့ပြန်မလဲ သိချင်မိတယ်။
သူက ထျန်းနင်ကို ဘယ်လို သဘောထားလဲ။
“စောစောတုန်းက ဘယ်သူနဲ့ ဖုန်းပြောနေတာလဲလို့ ထျန်းနင်ကို မေးတော့ ချစ်သူနဲ့ ပြောနေတာလို့ ပြန်ဖြေတယ်”
ဘလက်ရာ၏ စကားကြောင့်  မို့ထင်လည်း ထျန်းနင်ရဲ့ ခေါင်းကို လက်ဖြင့် ဖွဖွလေး သပ်ပေးလိုက်တယ်။ ထို့နောက် တည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလိုက်တယ်။
“ထျန်းနင်ရဲ့ ချစ်သူ”
“မင်း သူ့ကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
မို့ထင် ခေါင်းညိတ် ပြလိုက်တယ်။ ထို့နောက် EH အဆောက်အဦမှ ထွက်ခွာလာခဲ့တယ်။
 ဒီမိန်းမကတော့ အရက်မသောက်နိုင်ဘဲ လျှောက်သောက်နေတယ်။ နောက်တစ်ခါ မယုံကြည်ရတဲ့ သူစိမ်းတစ်ယောက်ရှေ့မှာ မူးမှောက်နေရင် ဘယ်လိုလုပ်မလဲ။
 ထျန်းနင်က မို့ထင်စိတ် ဘဝင်မကျနေတာကို ခံစားမိ၍ မျက်လွှာ နှစ်လွှာကို ဖြည်းဖြည်းချင်း ခွာလိုက်ပြီး သူ့လည်းတိုင်လေးကို လှမ်းဖက်လိုက်တယ်။
“ထင် …”
“ချစ်လေးက ဒီလိုပုံစံလုပ်နေရင် ကိုယ် ဘယ်လို ကားမောင်းရမလဲ”
မို့ထင်ရဲ့ နှလုံးသားလေး အရည်ပျော် နေရတယ်။ ဘယ်လိုလုပ် ဒေါသထွက်ရက်ပါ့မလဲ။
“ချစ် မမူးဘူး၊ ဟန်ဆောင်နေတာ … ကိုယ်အရှိန်ကိုယ် သိပါတယ်”
“ချစ်လေး ပြောချင်တာ ရှိရင် အိမ်ရောက်မှ ပြောနော် ဒီနေရာမှာ ဓာတ်ပုံ ရိုက်ခံရ နိုင်တယ်”
ထျန်းနင် စကားပြန်မပြောခင် နှုတ်ဆိတ် နေမိပါတယ်။
“ဒီနေ့ လန်ယွီကို ထောက်ချောက်ဆင်ဖို့ စီစဉ်ထားတာ၊ အဲနည်းလမ်းက ရက်စက်တယ်လို့ တွေးမိလို့”
“ချစ်လေးက အရမ်းကို စာနာစိတ်ထားတာပဲ”
“တစ်နေ့ စာနာစိတ် လုံးဝ မရှိတော့မှာဘဲ ကြောက်မိတယ်”
ထျန်းနင် တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်တယ်။
“ဒါက သူလုပ်ခဲ့တဲ့ အကျိုးဆက်ပဲလေ၊ သူ့အသက်က ၁၆ နှစ်ပဲ ရှိရှိ သူလုပ်ခဲ့တာတွေအတွက် အကုန် တာဝန်ယူရမယ်”
 
 
***
 

Bạn đang đọc truyện trên: ZingTruyen.Xyz