ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

Ep 113

jellyflower1

အပိုင်း(၁၁၃)

 
မို့ထင် ပြောလိုက်သော စကားကို ကြားလိုက်ရတော့  ထျန်းနင်း နွေးထွေးစွာ ပြုံးနေလိုက်တယ်။ သူ ပြောတာ မှန်နေတာပဲ။
တစ်စုံတစ်ယောက်ကို သဘောကျတဲ့ ခံစားချက်လေးက ရိုးရိုးလေးပါပဲကွယ်။ တစ်ယောက်ရဲ့ ဆန္ဒကို တစ်ယောက်က ဖြည့်ဆည်းပေးမယ်။ ကိုယ် ချစ်ရသူ သွားချင်တဲ့ နေရာကို ကိုယ်လည်း အဖော် လိုက်ပေးမယ် … ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းလေးက အင်မတန် ရိုးရှင်းပါတယ် … သူ ပျော်ရင် ကိုယ် ပျော်မယ် … သူ စိတ်မကောင်းဖြစ်ရင် ကိုယ်လည်း စိတ်မကောင်း ဖြစ်မယ်။ ဘာ ဂုဏ်ဒြပ်မှ မလိုအပ်ပါဘူး။ ချစ်သူစုံတွဲလေးတွေ နားလည်ထားရမှာက ဘယ်ကိစ္စက ပိုအရေးပါလဲ သိရမယ် … ချစ်ရသူအတွက် ဘာမဆို စွန့်လွှတ်နိုင်တဲ့ အတွေးလေးတော့ ရှိမှာပေါ့။
“ညစာ စားပြီး ပြီလား”
“မင်းလေးအတွက် ညစာပြင်ပေးဖို့ အိမ်အကူကို ပြောလိုက်မယ်လေ …  မနက်ဖြန်လည်း အလုပ်ကိစ္စ ရှိသေးတယ်မလား … ဒါဆိုရင်တော့ ဒီနေ့ အိပ်ရာစောစော ဝင်ရမယ် … အပြည့်အဝ အနားယူထားမှ အလုပ်လုပ်ရင် အဆင်ပြေမှာလေ”
 မို့ထင်က သူမကို ဆိုဖာပေါ်မှ ဆွဲထူလိုက်တယ်။
“ရှိုးပွဲက မနက်ဖြန်ညပါ … ရှင်လေး မစိုးရိမ်ပါနဲ့”
ထျန်းနင်က မို့ထင်ကို ရေချိုခန်းထဲ တွန်းပို့လိုက်တယ်။
“ရှင်က ရေချိုး ...  ကျွန်မက ဟင်းချက် ထားလိုက်မယ်နော် … အရမ်းမကြာပါဘူး”
 မို့ထင်လည်း ဟင်းချက်ဖို့ စိတ်အား ထက်သန်နေသော ဇနီးချောလေးကို မဟန့်တားတော့ဘဲ ခွင့်ပြုပေးလိုက်တယ်။
“ဆီပူမလောင်စေနဲ့နော် … မီးအပူ မဟပ်စေနဲ့ ကိုယ်ပြောတာ ကြားလား”
“မို့သူဌေးကြီးရယ် … ကိုယ့် ဇနီးလေးကို ကလေးလို့ ထင်နေလား ဇနီးရဲ့ တာဝန်ဝတ္တရားလေးတွေ ကျေပွန်ချင်လို့ ဒီက ချစ်ချစ်ကို ဟင်းချက်ခွင့် ပြုပါနော် … ဟုတ်ပါ့လား”
မို့ထင်လည်း သူမကို လက်မြှောက် အရှုံးပေးကာ ငေးကြည့်နေလိုက်ပါတယ်။ အပြင်မှာဆိုရင် သူမရဲ့စိတ်ကို ခန့်မှန်းဖို့ မလွယ်ပေးမဲ့ သူ့ရှေ့ရောက်ရင် သူမက ကလေးနဲ့ တူနေတယ်။ နောက်ဆုံးတော့ မို့ထင်လည်း အရှုံးပေးလိုက်ပြီး ရေချိုးရန် ရေချိုးခန်းထဲ ဝင်ရောက်လိုက်ပါတယ်။ လန်းဆန်းအောင် ရေမိုးချိုးလိုက်ပြီး ထမင်းစားခန်းထဲ ဝင်ရောက်လိုက်တယ်။ ထျန်းနင်က သူ့အတွက် ထိုင်ခုံ အသင့် ပြင်ပေးထားပြီး စားပွဲခုံပေါ်တွင် အရသာရှိသော ခေါက်ဆွဲကို တင်ထားတယ်။
မို့ထင်ရဲ့ နှလုံးသားတွင် ရွှင်မြူးရိပ်များ ဆည်းလည်သံလေးလို မြည်နေပါတယ်။ အဲဒီ ခံစားချက်လေးက တန်ဖိုးဖြတ်လို့ မရတဲ့ ရတနာ တစ်ပါးပဲ။ သူ့မှာ တခြားသူတွေကို လွှမ်းမိုးနိုင်တဲ့ အာဏာနဲ့ ဥစ္စာကို ပိုင်ဆိုင်လဲ သူ့အတွက် ချစ်ဇနီးက ပြင်ဆင်ပေးထားတဲ့ ခေါက်ဆွဲ တစ်ပွဲနဲ့ ယှဉ်လိုက်ရင် ချမ်းသာကြွယ်ဝမှုက ဘာဆိုဘာမှ မဟုတ်ပါဘူး။
“မကြိုက်လို့လား”
မို့ထင်က ခေါင်းခါလိုက်ပြီး ထိုင်ခုံပေါ် ထိုင်ကာ သဘောကျ ကျေနပ်စွာ ခေါက်ဆွဲ စားလိုက်တယ်။
“အချိန်အားလပ်ရင် ရုပ်ရှင် တစ်ကားလောက်တော့ ကြည့်ချင်မိတယ်”
မို့ထင်က ဝမ်းနည်းစွာ စကားဆိုလာတယ်။
“ဒါဆို ရှင် စားလို့ ပြီးရင် ရုပ်ရှင်အတူတူ ကြည့်မယ်လေ …  ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်မှာလည်း ရုပ်ရှင်ကြည့်လို့ရတာပဲလေ မဟုတ်ဘူးလား”
ထျန်းနင်က အကြုံပြုလိုက်တယ်။
“ဒါပေမဲ့ ကိုယ် တစ်ခုတော့ သတိပေးမယ်နော် … ကိုယ် ကြည့်ချင်တဲ့ ဇာတ်ကားကို မင်း ကြိုက်မှာ မဟုတ်ဘူး”
“ဒါက ကိစ္စ မရှိပါဘူး”
ထျန်းနင်က နားလည်မှု ရှိပြီး သင်ယူမှု မြန်ဆန်တဲ့ မိန်းကလေးပါ။ မို့ထင်က သူ့ကို အဖော်ပြုပေးမယ်လို့ ပြောလိုက်လို့ သူမစိတ် ကြည်နူးရတယ်။ သူမလည်း မို့ထင်ကို အဖော်ပြုပေးချင်တယ်။ ဒါမှလည်း တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ရင်းနှီးတဲ့ စုံတွဲလေး ဖြစ်လာနိုင်မှာလေ။
ညစာ စားသုံးပြီးနောက် ကတိပေးထားတဲ့ အတိုင်း ထျန်းနင်က မို့ထင်နဲ့ အတူတူ ရုပ်ရှင်တစ်ကား ကြည့်ရှုပါတယ်။ ထျန်းနင် ပျင်းရိလွန်းလို့ အိပ်ပျော်သွားမယ်လို့ မို့ထင် မှန်းဆခဲ့သော်လည်း ဇာတ်ကားအစအဆုံး သူမက စိတ်ဝင်တစား ကြည့်ရှုခဲ့ပြီး ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အတွေးအမြင်များကို ဖလှယ်လိုက်သေးတယ်။ ခံစားချက်က အရမ်းကို မိုက်တယ်။
အနည်းဆုံးတော့ တစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်းလေး ဖြစ်ချင်မိတယ်။ ကြည်နူးမှု ပျော်ရွှင်မှု ဝမ်းနည်းမှု အဆင်မပြေမှု အားလုံးကို ထပ်တူ ထပ်မျှ ခံစားချင်တယ်။ တစ်ယောက် အကြောင်း တစ်ယောက် ပို နားလည်ချင်မိတယ်။ ဒါ နှစ်ယောက်လုံးရဲ့ ဆန္ဒပဲ။
နောက်တစ်နေ့ မနက်ခင်း အိပ်ရာထဲမှာ အိပ်မောကျနေစဉ် လန်ရှီးက ထျန်းနင်ကို ဖုန်းခေါ်လာတယ်။
“ထျန်းနင် …  နေကောင်းတယ်နော်”
“လွတ်လွတ်လပ်လပ် ပြောလို့ ရပါတယ် လန်ဥက္ကဌ”
ထျန်းနင် ပြုံးလိုက်ပါတယ်။
“ထျန်းနင် …Royalty ရှိုးလ်ပွဲမှာယန်ကျင်းကို မော်ဒယ်အသစ်လေးတွေကို ခေါ်လာခဲ့ဖို့ ပြေားထားတယ် … ရည်ရွယ်ချက်ကတော့ ပွဲနဲ့ ပတ်သက်တဲ့ အနေအထားလေးကို သင်ယူစေချင်လို့လေ … မင်းတို့တွေ အဲပွဲမှာ ထိပ်တိုက် တွေ့မယ်”
 သူ ပြောလိုက်တဲ့ စကားကြောင့် ယန်ကျင်းကို အရှက်ခွဲနိုင်တဲ့ အခွင့်အရေး ပေးလိုက်ကြောင်း နားလည်လိုက်တယ်။ ဒါမှလည်း သူမရဲ့ မုန်းတီးနေတဲ့ စိတ်ကို ဖြေသိမ့်နိုင်မှာလေ။ ပြန်မဖြေခင် ထျန်းနင်က အချိန်အကြာကြီး နှုတ်ဆိတ်နေမိပါတယ်။
“ကျွန်မက ပြဿနာ မရှာချင်ဘူး … ယန်မိန်းကလေးက သူ့စိတ်သူ မထိန်းချုပ်နိုင်ရင် ပွဲဖျက်သလို ဖြစ်နေပါ့မယ်”
“ထျန်းနင် … မင်းကို အခွင့်အရေး ပေးလိုက်တယ်ဆိုတော့ အကောင်းဆုံး ကြိုးစား ကြည့်သင့်တယ်”
 လန်ရှီးရဲ့ အပြုအမူကို ကြည့်လိုက်ရင် သူမလည်း ယန်ကျင်းကို သူ့နောက်ကျောကို ဓားနဲ့ထိုးတယ်လို့ သံသယဝင်နေပြီ။ အထူးသဖြင့် ချန်းထျန်းမှာ ယန်ကျင်းကို နာကျင်ခံစားအောင် လုပ်နိုင်တဲ့သူက လက်ရှိအချိန်မှာ ဘယ်သူမှ မရှိဘူး။
ထျန်းနင်ကို လက်စားချေခွင့် ပေးလိုက်ရင် ယန်ကျင်းကို သင်ခန်းစာ ပေးနိုင်သလို ထျန်းနင်ဘက်က ပို အမြင်ကြည်လာနိုင်တယ်။ ဒါပေမဲ့ ဘာလို့ ထျန်းနင်က သဘောမတူတာလဲ။
ထျန်းနင်က သူ့ကို တခြားသူ အသုံးချတဲ့ ခံစားချက်ကို ရွံ့ရှားတယ်။ ဟန်ယွီဖန် ကြောင့် နှစ်ပေါင်းများစွာ သူမ နာကျင်ခံစားခဲ့ရတယ်။ အသုံးချခံရတဲ့ ခံစားချက်ကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ပြီးပြီ။ နောက်ထပ် မခံစားချင်တော့ဘူး။
“လန်ဥက္ကဌ မစိုးရိမ်ပါနဲ့ … ဘာလုပ်သင့်လဲ ကျွန်မ သိပါတယ်”
ထျန်းနင်က ကောင်းကျိုး ဆိုးကျိုးကို ခွဲခွဲခြားခြားသိနေလို့ လန်ရှီး ကျေနပ်မိတယ်။ ချန်းထျန်း ဖျော်ဖြေရေးအတွက် ထျန်းနင်နဲ့ စာချုပ် ချုပ်ခွင့်ရလို့ သူမ အရမ်းဝမ်းသာမိပါတယ်။
ဒါပေမဲ့ ထျန်းနင်က Royalty ရှိုးလ်ပွဲမှာ အကောင်းဆုံး ကြိုးစားရန်ပဲ အာရုံစိုက်ထားတယ်။
ယန်ကျင်း မောက်မာလို့ရတဲ့ အချိန်တွေ သိပ်မကျန်တော့ပါဘူး။
ညေန သုံးနာရီ …
အစောကြီး ရှိသေးသော်လည်း ဟိုက်ဟွေ့အနီးအနားကို ကားမောင်းသွားဖို့ လုံကျဲကို ထျန်းနင် ညွှန်းကြားလိုက်တယ်။ သူမကိုယ်တိုင် မို့ထင်ကို သွားခေါ်ချင်မိပါတယ်။
သူတို့နှစ်ဦး ကားပေါ်မှာ ရေဒီယိုလေးကို နားဆင်နေကြပါတယ်။ လန်ယွီနဲ့ ပတ်သက်နေတဲ့ သတင်းကို နားစွန်းနားဖျား ကြားလိုက်ရတော့ လုံကျဲ ချက်ချင်း လိုင်းပြောင်းလိုက်တယ်။
“ထျန်းနင် … ငါတို့တွေ လန်ယွီကို လုပ်ချင်တာ လုပ်ခွင့် ပေးထားမှာလား … ထျန်းနင်အသေးလေး ဆိုတဲ့ နာမည်ကို မဆင်မခြင် သုံးခွင့် ပေးတော့မှာလား”
လုံကျဲမှာ မတရားသလို ခံစားရတယ်။
“ထျန်းနင်အသေးစားက ထျန်းနင် မဟုတ်ဘူးလေ … အဲဒီနာမည်မှာ စကားလုံး အပိုလေးတွေ ပါတယ်နော် ငါ့နာမည်ကို ယူသုံးနေလဲ သူမက ထျန်းနင် ဖြစ်မလာနိုင်ဘူး”
ထျန်းနင်က လန်ယွီကို အာရုံထဲကို မထားဘူး။ ဂရုလည်း မစိုက်ပါဘူး။
“ဒါပေမဲ့ …”
“လုံကျဲ … သူက ငါ့နာမည်ကို အပျော် သဘော အနေနဲ့ ယူသုံးတာပဲလေ … ငါ့ကို မကောင်းကြံတာ မဟုတ်သေး ငါ က ဆန်းဆန်းတင့်နေလို့ ကောင်းပါ့မလား”
ထျန်းနင် ခေါင်းခါလိုက်တယ်။
“ငါ အကြိမ် တစ်ရာမက ပြောပြီးပြီ လက်စား မချေချင်တာ မဟုတ်ဘူး … အချိန် မတန်သေးလို့ပါ”
လုံကျဲမှာ လျှာလိပ်သွားပြီး ပြောချင်သမျှ စကားတိုင်းကို မျိုသိမ့်လိုက်တယ်။ အထွန့်တက်ရတာကို သူမက သဘောကျပေးမဲ့ စကားကို နမော်နမဲ့ ပြောတတ်သူတော့ မဟုတ်။  ထျန်းနင်မှာ သူ့အစီအစဉ်နဲ့ သူ ရှိမှာပဲ ရန်သူဘက်က ထိုးစစ် ဆင်လာရင် သူမက ငြိမ်ခံနေမဲ့ မိန်းမစားတော့ မဟုတ်ပါဘူး။
အနုပညာလောကထဲ ပြန်ဝင်လာပြီးနောက်ပိုင်း ဒါက သူမရဲ့ ခံယူချက်ပဲ။
 ဟိုက်ဟွေရဲ့ လှေကား အောက်ဘက်ကို ရောက်တော့ ထျန်းနင်လည်း မို့ထင်ကို ဖုန်းခေါ်လိုက်တယ်။
“မို့ဥက္ကဌ ကျွန်မရဲ့ ယောက်ျားကို ပြန်ခေါ် ပေးလို့ရမလား”
မို့ထင်မှာ သွားပေါ်သည်အထိ ပြုံးနေမိတယ်။ အချိန်ကို ကြည့်လိုက်တော့  ...
“အခုမှ ညနေ သုံးနာရီပဲ ရှိသေးတယ်လေ … အလုပ်ဆင်းဖို့ စောသေးတယ် မှတ်လား။ ရှိုးပွဲရောက်မှာ ဆုံမယ်လို့ ပြောထားတာလေ”
“ဒါပေမဲ့ ရှင့် အလုပ်ကို ဝင်ခေါ်ပြီး အရင်ဆုံး ညစာ စားချင်တယ်”
“မင်း အိမ်မှာလား”
“ရှင်ကြီးရဲ့ ကုမ္မဏီ လှေကားအောက်မှာပါ ရှင့်”
“ဒါဆို ကိုယ့်ကို ငါးမိနစ်ပဲ စောင့်နော်”
ထျန်းနင်လည်း ပြုံးကာ ဖုန်းချလိုက်ပါတယ်။ သူမရဲ့ မျက်နှာအမူအရာကို ကြည့်မိတော့ လုံကျဲလည်း မနေနိုင် မထိုင်နိုင် စကား လှည့်ပြောလိုက်တယ်။
“ဒီရက်အတောအတွင်း နင် ခဏခဏ ပြုံးနေတာကို သတိထားမိရဲ့လား ဟိုတလောတုန်းက ဟန်ယွီဖန် အနိုင်ကျင့်လို့ နင်  အေးစက်စက် မျက်နှာထား ဖြစ်သွားတာကွာ ငါ့မှာ အဲရေခဲတုံး သဲပက်ထားတဲ့ မျက်နှာကြီးကို တစ်သက်လုံး မြင်ရတော့မယ် ထင်နေတာ”
ဟန်ယွီဖန် အကြောင်းပြောတော့ ထျန်းနင်ရဲ့ မျက်နှာကွက်ခနဲ ဖြစ်သွားတယ်။ သူမ အမူအရာကြောင့် လုံကျဲက ပါးစပ်ကို လက်နဲ့ ပိတ်ရိုက်လိုက်တယ်။
“တောင်းပန်ပါတယ် … ငါ နှုတ်ကလည်း ပြောချင်ရာကို လျှောက်ပြောနေတာပဲ .. ပေါက်လွှတ်ပဲစားတွေ ပြောနေမိတယ်”
ထျန်းနင်က ဘာမှ မဖြစ်သလို ခေါင်းငုံ့ ထားလိုက်တယ်။ သိပ်မကြာခင်မှာဘဲ မို့ထင်က သူမတို့ကားကို ရှာတွေ့ပြီး ပုံမှန်အတိုင်း ကားပေါ် တက်လာခဲ့တယ်။
“ဘာလို့များ ရုတ်တရက်ကြီး ရောက်လာရတာလဲ”
“ကျွန်မ မလာရင် ရုံးမှာ အဟာရမရှိတဲ့ အစားအသောက်တွေပဲ စားမယ် မှတ်လား”
မို့ထင်လည်း သူမကို  နွေးထွေးစွာ ပွေ့ဖက်ထားပြီး ပြုံးနေမိပါတယ်။
“အဲဒီလောက် ကိုယ်က ဆိုးလို့လား”
“တကယ်တော့ ကျွန်မမှာလည်း အစီအစဉ် မရှိပါဘူး … ဒါလင်ရယ်  ရှင့်ကို လွမ်းလို့ လာတွေ့တာပေါ့ ကျွန်မကြောင့် ရှင့် စိတ်အနှောင့်အယှက် ဖြစ်ရမှာကို စိုးထိတ်မိပြန်တယ်”
ထျန်းနင်က သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးကို တန်ဖိုးထားမှန်း သူ နားလည်တယ်။
“အခုကစပြီး မစိုးရိမ်နဲ့တော့နော် … ကျွန်မ စိတ်အေးဆေးပဲ … ဒါလင်ကိုလည်း ယုံကြည်ပြီးသား သစ္စာလည်း ရှိပါမယ်နော်”
မို့ထင်က စကားတစ်ခွန်းမှ မပြောဘဲ သူမရဲ့ ပခုံးလေးကို  ကြင်နာစွာ သပ်ပေးရှာသည်။ မလိုလားအပ်တဲ့ ပြဿနာ ဖြစ်လာမှာကို စိုးတထိတ်ထိတ် ဖြစ်နေမှန်း သိနေတယ်။ တစ်ခါတစ်ရံများဆို သူ့အကူအညီ ယူပြီး ပြဿနာကို ရင်ဆိုင်လို့ ရရဲ့သားနဲ့ ဒုက္ခခံပြီး တစ်ယောက်တည်း ပြဿနာကို ခါးစည်းခံတယ်။
ဒါပေမဲ့လည်း သူမကို နားလည်မှုလွဲမှာ စိုးရိမ်လို့ ရှင်းပြတတ်တယ်။
ဒါကြောင့်လည်း  ထျန်းနင် မသိအောင် မို့ထင် ပြုံးမိပါတယ်။ နောက်ကြည့်မှန်က သူ့အပြုံးကို မြင်ရတော့ လုကျဲမှာ လောကကြီး လင်းလက်သွားသလို ခံစားမိတယ်။
သူက အတော်လေး ချောတာပဲ။
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz