ZingTruyen.Xyz

ဥက္ကဌယောကျာ်း

အပိုင်း(၈)

maiyuri18


အောက်ထပ်ဆီက ဝါးချသံတွေ၊ ဝါးကတ် မ, သံတွေကြောင့် ဘယ်လောက်အသံလုံပါတယ်ပြောပြော နံနက်ခင်း ပန်းပျားခတ်အလုပ်ရူပ်နေသော ဦးမင်းမောင်အိမ်က အလုပ်သမားတချို့တို့၏ အလုပ်လုပ်သံ၊ အချင်းချင်း စနောက်နေဟန်၊ တဖြုန်း-ဖြုန်း ဝါးချသံတွေက ဆူညံစွာ၊ လာဝယ်ကြသော ဖောက်သည်တွေ၏ ကားပေါ် ဝါး များ၊ ကတ်ထရံများ တင်မနေကြသော အလုပ်သမားများ၏ အော်ရယ်သံတို့ကြောင့် စိတ်ကြည်လင်ခြင်းမရှိ တေဇမင်းမောင်နိုးထလာရသည်။

"ကျစ်...ဆူလိုက်တာကွာ! "

သွားကြားထဲလေသံဖြင့် အလိုမကျလို့ စုတ်တစ်ချက်သတ်ပြီး တိုးတိတ်စွာထွက်ပေါ်လာသောအသံသည်လည်း ဒေါသမာန်အပြည့်။

အလိုမကျသော ဒေါသဟန်ကြောင့် တွန့်ချိုးထားသော မျက်ခုံးတို့က နိမ့်မြင့်မညီညာ၊ အပေါ်ပိုင်း ဗလာဖြင့် နိုးထလာခြင်းသည်ကား ပြီးခဲ့သော ည၏ ချစ်ကြိုးကခုန်မူကြောင့်သာယာစွာ နိူးထရမည့် ကြည်နူးဖွယ်နံနက်ခင်းကို ဖျက်ဆီးနေသည့်အလား မကျေနပ်နိုင်။

မျက်လုံးဖွင့်လျှက် ရင်ဘက်ကို အပေါ်စီးကနေ တစောင်းငဲ့ကြည့်မိတော့ ချစ်ရပါသော လဝန်းပြည့်ကျော်ဆိုသည့် ဥက္ကဌလေးသည်ကား ရင်ခွင်ထဲ တိုးဝှေ့ပြီး ခွေခေါက်အိပ်နေပုံက မြတ်နိုးမဝ။ ထုံကျင်နေပါသော ဘယ်ဘက် လက်မောင်းပေါ်က လဝန်းခေါင်းလေးကို အသာမ, ယူကာ ရင်ဘတ်ပေါ်ပွေ့တင်ပြီး ခပ်တင်းတင်း ခါးကနေ ထိမ်းမ, က ဖက်ထားမိသည်။

တစောင်းအိပ်နေသူလေး၏ လက်ကို မိမိခါးပေါ် အသာတင်ပေးရင်း ပြေပြစ်လှသော နဖူးပြင်လေးအား အနမ်းတစ်ပွင့်ခြွေမိသည်။

" ပြွတ်စ်~ အိပ်နေတာ ကလေးကြလို့ .....အဟက်...."

တေဇမင်းမောင်သည်ကား စကြ်ဝတေးမင်းတို့လို လောကကြီးကို အပိုင်စား ရသည်နှယ်ငါးခူးပြုံးလို့ဆိုရမလား မည်သို့ပင်ခေါ်ဝေါ်စေညွှန်းဆိုသော်လည်း မန်ကျည်းစုရွာ၏ ကျက်သရေဆောင်ဥက္ကဌလေး လဝန်းပြည့်ကျော်သည်ကား ကိုယ်ရင်ခွင်ထဲမှာမို့ တစ်ကမ္ဘာလုံးကို မထီမျက်နာပေးဖြင့် အိပ်ယာမှနိုးထလိုက်သည်။

ဥက္ကဌလေးက ငါအပိုင်ဟူ၍ ဆိုင်းဘုတ်ကပ်ကာ အရပ်တကာလှည့်အော်ချင်မိသည့် တိုင်းခန်းလှည့်လည်မောင်းထုချင်နေသော စိတ်အစဉ်ကြောင့် အပြုံးမျက်နှာပေးဖြင့် အဖြူရောင်မျက်နှာချပ်ကိုကြည့်ကာ အတွေးများကြောင့် အပြံးတို့က အတောမသတ်နိုင်ခဲ့။

ပြန်လည်တွေးတောမြင်ယောင်မိသည့် မနေ့ညက အဖြစ်အပျက်၊ ချစ်ခြင်းမေတ္တာပြဇာတ်ငယ်ကို သူနှစ်ကိုယ် ကပြဖျော်ဖြေခြင်းမှာ အလုံးစုံစိတ်နစ်ခဲ့သမျှ ကျေနပ်ခြင်းပီတိတွေက တနှင့်တပိုး။ ချစ်ခြင်းမေတ္တာဟူသော စိတ်ခံစားမူတို့ကို အလုံးစုံအပိုင်စားရသည့်နှယ် ရင်ခွင်ထဲက အမျိုးသားငယ်လေးက သုံးနှစ်ကြီးသည်မထင်ရက်စွာ နုနယ်လွန်းလှသည်။ ချစ်ခြင်းမေတ္တာဖြင့် ဆိုင်သူလေး၏ ကိုယ်ခန္ဓာအနှံ့ ခြယ်သထားသော အနမ်းရာတွေက မြင်မကောင်းအောင် ပြည့်နှက့်ခဲ့ပြီ။ နိုးလာလျှင် မကျေနပ်ခြင်းတွေ စီကာပတ်ကုံး ရန်ဆောင်နေသူအဖြစ်လေးကို မြင်ယောင်ကာ တွေးကြည့်မိတော့ နူတ်ခမ်းထက်ဝယ် အပြုံးတို့ကမပျက်။

" မောင့်ကို ဘယ်လောက် ထုထောင်းရိုက်နက် ဆူပူနေလိုက်မလဲ ....."

ပတ်ဝန်းကျင်ဆူညံ့သံတို့ကို လျစ်လျူရူကာ ရင်ခွင်ထဲက အမျိုးသားကိုသာ ငုံ့မိုး၍ ကြည့်နေမိသည်။ အပေါ်ပိုင်း ဗလာဖြင့် ပွေ့ဖက်အိပ်နေသည်သာ မောင့်လဝန်း သိရင် မောင်အပေါ် ဘယ်လောက် ရှက်နေလိုက်မလဲ ။

"ဟင့်.."

ရှေ့ဆက်ရမည့်အနာဂတ်လမ်းတွေကြောင်းတွေအကြောင်း တစ်စွန်းတစ်စအတွေးနစ်ဝင်သည်အခိုက် မိမိရင်ခွင်ထဲက ဆိုင်သူလေး၏ ညီးသံတချက်ကြားတော့ အိမ်သူသက်ထားနဖူးပေါ် လက်တင်ကာစမ်းသပ်မိသည်ကား အဖျားဝင်နေပြီ။

" ကျစ် ...ဖျားနေပြီ"

ကိုယ်ရင်ခွင်ထဲက အမျိုးသားလေးကို အသာပွေ့ဖက်ကာ အိပ်ယာပေါ် အသေးစိတ်မနာကျင်အောင် ခပ်ဖွဖွ ပွေ့တင်ကာ လက်ထဲ ဖက်လုံးကြီးတစ်ခုထည့်ပေးကာ လဝန်းရဲ့နောက်ကျောလေးကိုခပ်ဖွဖွ ပုတ်ကာချော့သိပ်မိတော့ တစ်ကျော့ပြန် အိပ်ပျော်သွားသည့် မြတ်နိုးရတဲ့ သည့်လူသား။ နဖူးလေးကိုအသာနမ်းရိူက်ကာ ကုတင်ပေါ်ကဆင်းပြီး ရေချိုးခန်းဆီ ခြေဦးတည်မိသည်။

တောရွာအရပ်ဖြစ်သော်ငြား အတွေးစိတ်ကူးကောင်းသည့် ဖခမည်းတော် ဦးမင်းမောင်က ကိုယ့်အိပ်ခန်းနဲ့တွဲရပ် ရေချိုးခန်း တည်ဆောက်ပေးထားသောကြောင့် ကျေးဇူးတင်မဆုံး။ သားယောကျာ်းလေးဆိုပေမယ့် အစစအရာရာ ထည့်တွေးပေးတက်သော ဖခမည်းတော်နဲ့ကိုယ်က စကားပြောအပေါက်အလမ်း မတည့်သော်လည်း သိပ်ချစ်တက်ကြသည်။

တစ်ခဏရေချိုးသန့်စင်ကာ အသံမထွက်မိအောင်ဂရုစိုက်ပြုမူရင် ဗီရိုထဲက တီရုပ်အနက်ရောင်တစ်ထည်နှင့် အသားရောင် pants ကို တွဲဝတ်ကာ အောက်ထပ်မီးဖိုးချောင်ဆီ အပြေးသွားမိသည်။

" အဖေ ....ဖိုးလုံးရော....."

" ဟိုမှာ ဝါးတင်နေတယ် နေပါအုံး ...သားလဝန်းရော....."

" အိပ်နေတယ်....ဖိုးလုံး..ရေ လာအုံး...၊ မိစုရော...လာအုံး ခဏ "

နံနက်စာစားပြီး ထမင်းစားဆောင်မှထွက်လာသော အဖေအမေးကို သေချာမဖြေအား ၊ ခုချိန် အရေးကြီးနေသည်က ကိုယ်ကြောင့် အဖျားဝင်နေသူလေး။

လှေကားအောက်ဆုံးထစ်ကနေ အိမ်ရှေ့က ဝါးကားပေါ် တင်နေသော တော်ကာနှံစပ် အမျိုးတော်သူ ဖိုးလုံးတို့မောင်နှမကိုအော်ခေါ်မိသည်။

" ဟုတ် ...အစ်ကိုလေး...."

" လာပါပြီ အစ်ကိုလေး..."

ချွေးတရွဲရွဲဖြင့် အပြေးလေးလာနေသော ဖိုးလုံးက အားကစားဘောင်းဘီအပြာရောင်လေးနှင့်အပေါ်က စွန်းထင်းနေသောအဖြူရောင်T -shirt လေး။ ပေနေသော လက်နှစ်ဖက်ကို အားကစားဘောင်းဘီလေး သုပ်ကာ အသင့်အနေအထားဖြင့်၊ အနားအပြေးလာသော မိစုက လက်နှစ်ဘက်ခပ်တင်းတင်းဆုပ်ကိုင်ကာ နားထောင်နေသည်။

" ဖိုးလုံးက ရွာထဲ ဆေးမှူးပင့်ခေါ်ပေးအုံး...ခု မြန်မြန်လေး ...ရော့ သူ့ဆိုင်ကယ်ယူသွား....လဲမလာစေနဲ့၊ လဲရင်လည်း လူဘာဖြစ်နေနေ သူ့ဆိုင်ကယ် ခြစ်ရာထင်ရာ မဖြစ်စေနဲ့ "

" ဗျာ....."

" အေး အဲလိုပဲ.....ခုမြန်မြန်သွားပင့်ပေး ...ရော့..."

" ဟ....နေပါအုံး........ဆိုင်ကယ်မဖြစ်စေနဲ့ ..လူကြ ဘာဖြစ်ဖြစ်ဆိုတဲ့သဘောလား...ဟိတ်ကောင် နေမြင့်မှထလာပြီး ဂေါက်နေလား ...."

ကိုယ်စကားကြောင့် တမင်မဲ့ရွဲ့ကာပြောနေသော အဖေ။

" အဖေဘက်က မျိုးရိုးလိုက်တာထင်တယ်ဗျ...."

" တယ်.....ငါ ....ငါ...."

"နောက်မှဆူအဖေ....မိစု....နင်နဲ့ မြရီက ကြက်စွပ်ပြုတ်ပူပူလေး ချက်ထားပေး ပြီးရင် တောင်ပိုင်းအိမ်က မမမေမီ ဆီသွာ.....ဥက္ကဌလေး ဖျားနေလို့ ညနေမှ ပြန်လာနိုင်မှာ မဟုတ်ဘူး ပြောပေး....စိတ်မပူဖို့ပါ တခါတည်း ပြောခဲ့ ...သွား....သွားကြတော့ "

ခေါင်းကုပ်ကာ မီးဖိုဆောင်ထဲ ပြေးဝင်သွားသော မိစု..။

မီးဖိုခန်းထဲက ခေါင်းပြူထွက်ကြည့်နေပါသော အစ်မမြရီက သက်ပြင်းလေးဖွဖွ ချနေပုံများ အားလုံးကို အာရုံခံရနေသော နတ်ဆရာမလိုလို ။ လူကြည့်တော့ စည်ပိုင်းသာသာ အစားနင်းကန် ခွစားနေတာ စာဖိုးမှူးဆိုတဲ့အတိုင်း စားဖိုဆောင်ကို ကြီးမှူးကာ ချက်သမျှ အကုန်အုပ်နေတာ အဆီပိတ်မသေ ကံကောင်း ။

လက်မြောက်က ကမ်းပေးလိုက်သော ဆိုင်ကယ်သော့လေးကို အမြန်ယူကာ မန်ကျည်းပင်အောက်ထိုးစိုက်ထားသော ဥက္ကဌလေး၏ Honda ဆိုင်ကယ်လေးဖြင့် ရွာလည်က ဆေးပေးခန်းဆီသို့။ မည်သူဖျားလို့ ဆေးမှူးကို ပင့်ခေါ်ခိုင်းတယ် ဖိုးလုံးမသိခဲ့။

ချိုင့် ခွက်တွေ၊ မြေစောင်းတချို့ကို တိမ်းရှောင်မောင်းနှင်ကာ ဆိုင်ကယ်ဦးတည့်မိသည့်က ရွာလယ်က ဆေးပေးခန်းဆီသ်ို့။

အစ်ကိုလေးက သဘောကောင်းသလောက် ဒေါသကြီးလွန်းတယ်၊ ဖိုးလုံးတို့လို အလုပ်သမားတွေအပေါ်ရက်ရောတက်ပေမယ့်ပြသနာရှာခြင်းမရှိခဲ့။ မြို့ပေါ်သွားတိုင်း ဖိုးလုံးဖို့ဝတ်စရာ ၊ စားစရာ တစ်ခုခု အမြဲပါလာတက်သူမို့ အစ်ကိုလေးအပေါ်ချစ်ကြောက်ရိုသေရစမြဲ။

သူ့အမိန့်အတိုင်း ရွာလည်ဆေးမှူး သွားပင့်ပေမယ့် ဘယ်သူအတွက်ဆိုတာ ဖိုးလုံးပြန်မမေးရဲခဲ့။

သားသမက်ဆိုင်ကယ် Honda ထိုင်းဘီးလေးဖြင့် ငြိမ့်ငြိမ့်လေးစီးသွားသော ဖိုးလုံးနောက်ကျောပြင်ကိုကြည့်ပြီး သူဖြစ်သူဘက်မျက်နှာလှည့်ကာ အသေးစိတ်အဖြေရှာမိသည်။

" ဟ...နေပါအုံး...မနေ့က အကောင်းကြီးပါ....သားလဝန်းက ..ဘယ်လိုဖြစ်ပြီး ဖျားတာတုန်း "

" ဘကြီးတို့ရော...."

အိမ်အတွင်း နေရာတွေဆီ လှည့်ကာ အထက်ပိုင်းက ဆွေမျိုးတွေကို မေးမိတော့...ဒေါသတကြီး မျက်နှာကြီးနှင့် ဖခမည်းတော်။

" ဘာလို့ ဖျားတာလဲ မေးနေတာ...ဟိတ်ကောင် ဝှေ့လည်ကြောင်ပတ်မလုပ်နဲ့....အဲ့ဒါမင်းကြောင့်မို့လား....ဟမ် ...."

" လင်မယားပဲ အဖေရာ....အဖေကို အကုန်ပြောပြမှ ဖြစ်မှလားဗျ....ဖျားတာပါဆို....ဖျားတယ်ပေါ့....အဖေက လဲ...."

" ငါကို ဘယ်လိုပုံ ပြန်ပြောနေလဲ....ဟိတ်ကောင် ...."

" ဟဲ့...ဟဲ့...နေကြပါအုံး....နင်တို့သားအဖကလည်း မျက်နှာချင်း ဆိုင်လို့်မရပါ့ပဲ တကတည်း မှတော်..သားအဖတွေမဟုတ်တဲ့အတိုင်း ...."

" အစ်မတူ စကားပြော နားထောင်ကြည့်....ဖအေကို ဘယ်လိုလေ သံနဲ့ပြောနေလဲ ..."

" ကျုပ် အေးဆေးပြောနေတာပဲ အဖေရာ....သူ ဖျားနေတယ်လို့ ....ဘာလို့ အဖေက နောက်ဆက်တွဲ မေးခွန်း ထပ်မေးနေလဲ ...."

" ဟ ...မမေးလို့ ရမလား...သူက...အဟမ်း...."

" အဲလို...အဟမ်း ...လူမို့.....ဖျားနေတယ်....တော်ပြီဗျာ.....ဗိုက်ဆာတယ် ..ကြီးမြ ...."

" အော်..အေး..အေး....လာ "

သားတော်မောင်၏ လည်ပင်းက ကုတ်ရာ၊ ခြစ်ရာတွေကြောင့် နောက်လက်ဆီကနေ ခါးထောက်ကာ ခေါင်းခါနေမိသည်။

မျက်နှာပူစွာဖြင့် ဒီသားကို ဂုတ်ကနေဆွဲမ ကာ လွှင့်ပစ်လိုက်ချင်သည်။

တစ်ညတစ်လေ အိမ်လည်လာတဲ့ ငါ့သားမက်ကို ဒင်းဘယ်လို တွယ်ပစ်လဲမသိ၊ ဒီအဖေက အရိပ်ပြအကောင်မြင်တယ်....အလကားကောင်...နွားလို့ဆဲရင်လည်း ကိုယ်ကမွေးထားတဲ့သားမို့ ကိုယ်ပါ နွားစာရင်းဝင်အုံးမယ်...တောက်...တကယ်ကောင်။

ဧည့်စားပွဲမှာ တူတော်မောင် မောင်မိုး တစ်ယောက် ဘောင်ချာဖွင့်နေသော ဘောင်ချာတွေကိုကြည့်ပြီး စျေးဝယ်သူ ဖောက်သည်တွေအား အပြုံးလေးဖြင့် ကိုယ်တိုင်ကိုယ်ကျ အဆင်ပြေချောမွတ်အောင် လုပ်ဆောင်နေသော မန်ကျည်းစုရွာ၏ သူဌေးဂုဏ်ဆောင်သူ။ ဥစ္စာပစည်းကြွယ်ဝသလောက် ရပ်ရွာအတွက် အလှူအတန်းများစွာ ပြုလုပ်လျှက် အများအကျိုးသယ်ပိုးထမ်းဆောင်နေသော တောသူဌေး ဦးမင်းမောင်မှာ တစ်ရွာလုံး ပြောစမတ်တွင်လောက်အောင် ဆိုးသွမ်းသည့် တေဇမင်းမောင် ဆိုတဲ့ သူဌေးသားလည်း ကျော်ကြားပြန်သေးသည်။

ရွာပြင်ထန်းတောထဲ ခြေရာချင်းထပ်အောင် မူးကွဲနေပြီး ထစ်ခနဲ့ရှိ တေဇမင်းမောင်လက်ချက်ဖြင့် မည်သူခေါင်းကွဲပြန်သတဲ့၊ တော်ခါကြာ ရွာမြောက်ပိုင်းက ဖိုးစိန် လေး တေဇဆိုင်ကယ်သစ်ကြီးကြောင့် လက်ကျိုးသတဲ့၊ သိပ်မကြာခင် ရွာအရှေ့ပိုင်းက ဒေါ်အေးရီကြီး တေဇတို့ရန်ပွဲ ဝငိဆွဲလို့ ကြားက ခါးထိခိုက်မိသတဲ့၊ အလည်ပိုင်းက ဒေါ်အေးပုသမီးကို ရည်စားစကားလိုက်ပြောရာကနေ ဒေါ်အေးပုသားတွေနဲ့ ရန်ဖြစ်နေတဲ့ တေဇမင်းမောင်၊ ရွာဦးဘုန်းကြီးကျောင်း ဆရာတော်ဘုရားက ခေါ်ဆုံးမရပေါင်းမနည်း အပိုးမကျိုးတဲ့ တေဇမင်းမောင်က ဥက္ကဌသစ်လေး လဝန်းပြည့်ကျော်စကား မြေဝယ်မကျဆိုပဲ..၊ ဥက္ကဌလေးကို တေဇကကြောက်တယ် ဆိုတဲ့ အတင်းအဖျင်းစကား....စသည့် ...သို့လော..သို့လော ...ကျော်ကြားလှသည့် မန်ကျည်းစုရွာ၏ သူဌေးလေး တေဇမင်းမောင်အကြောင်း ဘေးပတ်ခြာလည်ရွာနံဘေး ဟိုလေးတကြော်ကြော်။

ဘေးရွာပတ်ခြာလည် ကမ်းကုန်အောင် ထန်းရည်ဝေ့သောက်ဖူးတဲ့ တေဇမင်းမောင်ကို မမြင်ဖူးသူမရှိသလို၊ သူကို မရှိန်တဲ့သူမရှိခဲ့။ ထစ်ခနဲရှိ လက်ပါတက်တဲ့ အကျင့်လေးကြောင့် ခပ်ရွတ်ရွတ် အရွတ်အဆိုးအပေတွေကလွဲ ကျန်တဲ့သူက တေဇကို ခပ်ပြုံးပြုံးဖြင့် မျက်နှာသွေးထိုး နူတ်ဆက်ကြရ၏။ မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို တေဇကိုမပြုံးပြချင်လည်း သူ့လက်သံကိုတော့ကြောက်ရ၏၊ ရော်ကြေးဆေးဖိုးဝါးခ ရတယ်ဆိုပေမယ့် မိမွေးတိုင်းဖမွေးတိုင်းပုံမပျက်လေး ရှိနေချင်ကြသေးသည်ကာ ပတ်ခြာလည်ရွာသားများ၏ ဆန္ဒ။

တေဇမင်းမောင်၏ ဆိုင်ကယ်အမြင့်ကြီးသံကြားရင် ရှောင်နိုင်ရင်ရှောင်ကြ၏ ၊ထိပ်တိုက်တွေ့နိုင်ကိန်းရှိရင် ခပ်လှမ်းလှမ်း ခြံဝန်းခြေကပ်ကာ(သို့မဟုတ်) အနီးနား သစ်ပင်နောက် ကွယ်ကာ ရှောင်ကြ၏။

***မိမိတို့ ဒုက္ခိတ မဖြစ်ချင်သေး***

မန်ကျည်းစုရွာ၏ အနောက်မြောက်ဘက် ၅မိုင်ခန့်အကွာက အင်ပင်ရွာမှ ကိုမျိုးချစ်လည်း မန်ကျည်းစုရွာ၏ သူဌေးလေး တေဇမင်းမောင်အကြောင်း ကြားသိထားသူမို့ ခပ်ကွာကွာ အနေအထားဖြင့် ရပ်နေမိသည်။

ဦးမင်းမောင်၏ ဧည့်ဝတ်ကျေမူတို့ကြောင့် အနီးအနား ရွာပတ်ချာလည်မှ လူအများကြား ကျော်ကြားသည်မို့ စကားမဟုတ်တန်ရာ။

တောသူေဌးကြီး ဦးမင်းေမာင်ကို ေနာက်လပြည့် ေကျာ် ၇/၈ရက်နေ့ ရွာဦးကျောင်းဘုရားပွဲကို ဖိတ်နေမိသည်။

သဘောကောင်းသော သူဌေးဦးမင်းမောင်က အလုပ်များလို့ သူကိုယ်တိုင်မလာနိုင်ရင်တောင် သားတော်မောင်တို့ကို လွှတ်လိုက်မည်ဟု ကတိကဝတ်ပြု၏ ။

" မြတ်စွာဘုရား...!"

————————————————————————————————————————

အစ်ကိုလေးခိုင်းစေမူအရ ကျေးရွာဆေးမှူးကို လာပင့်သည်ကား နံနက်ချိန်ခါ ၉နာရီကျော်။

" ဆရာ....ဆရာ...."

ရွာလည်ဆေးပေးခန်းရှေ့ မများသောလူနာ တစ်ယောက်စ ၊ နှစ်ယောက်စကို စမ်းသပ်ကြည့်ပေးနေသော ဆေးမှူးနှင့် အကူနာစ့်များ။

ရေးကြီးသုတ်ပြာဖြင့် ကိုယ်အမည်ကို ရွတ်ကာ အော်လာသူကို လိုက်ကာစလေးဖယ်၍ ကြည့်မိတော့ ဝါးကုန်သည် ဦးမင်းမောင်အိမ်က ဖိုးလုံး ။

" ဝေ့ ..ဖိုးလုံး....လာလေ...ရေးကြီးသုတ်ပြာ ..ဘာကိစ္စလဲ "

" အစ်ကိုလေးက အိမ်ကို ချက်ချင်းလိုက်ခဲ့ပါတဲ့ ..အပင့်ခိုင်းလိုက်လို့ ဆရာ..."

"ဟေ....မနေ့က ဖြစ်တဲ့ ပြသနာကြောင့်လား ဖိုးလုံး ..."

" မသိဘူးဆရာ..."

လက်လေးနှစ်ဖက်နောက်ပစ်ကာ shower ဖိနပ်လေးဖြင့် တလေးတစားရပ်နေပါသော ဖိုးလုံး။

" အေး....ဆရာ ဒီလူနာကြည့်ပြီး ..လိုက်ခဲ့"

" မဟုတ်ဘူး ဆရာ....အစ်ကိုလေးက ခုချက်ချင်း ပင့်ခေါ်ခဲ့တဲ့ ဆရာ..."

"အေးပါဟ....နေပါအုံး....ဒါနဲ့ မနေ့ကရန်ထပ်ဖြစ်ကြသေးလား ဖိုးလုံး "

" မဖြစ်ဘူး ဆရာပြန်ကြွသွားတော့ အစ်ကိုလေးတို့ အနားယူကြတာပဲ ...ဆရာ...မနက်မှ ဆေးမှူးပင့်ပေးဖို့ ကျွန်တော်ကို ခိုင်းတာပဲ ဆရာ..."

" ဟေ....ဒါဆို ဥက္ကဌလေး အိပ်ယာထတာ မင်းမြင်ခဲ့လား ဖိုးလုံး ..."

" ဟင်းအင်း ဆရာ...."

" တေဇ မူမမှန်တာ တွေ့လား ဖိုးလုံး ....ကုတ်ရာ ခြစ်ရာ လိုမျိုး အနီပိန့်တွေလိုပေါ့ ...."

" ဟုတ်ဆရာ.....အစ်ကိုလေး လည်ပင်းမှာ ကြောင် ခြစ်ကုပ်ထားသလိုပဲ ..ဒဏ်ရာတွေနဲ့ဆရာ..."

" အေး..ဆရာသိပြီ...ခဏဆရာ ဆေးအိတ်ယူခဲ့အုံးမယ်"

" ဟုတ်ကဲ့ ဆရာ..."

ညားကာစ လင်မယား၊ မဟုတ် လင်လင် နှစ်ယောက် ဖိုးလုံးစကားအရ အိပ်ယာထက် သောင်းကြမ်းထားပုံရတယ်။ အနာကျက်ဆေး၊ အဖျားကျဆေး အပြင် အိပ်ယာထက် အမျိုးသားများအသုံးပြုရန် လိုအပ်သော အသီးအနှံပါကင်အိတ်လေးတစ်ချို့ကို နမူနာ ယူကာ ဆေးအိတ်၏ အပေါ်ဆုံးအံ့လေးထဲ ထည့်နေမိသည်။ ဘယ်သွားသွား ဆိုင်ကယ် Helmet မပါရင် မသွားတက်တဲ့အကျင့်ကြောင့် Helmet အဝါလေးဆောင်းကာ ဖိုးလုံးဆိုင်ကယ်နောက်ထိုင်၍ ရွာ၏ မျက်နှာဖုံး သူဌေးဦးမင်းမောင် အိမ်ဆီသို့ ။

" ဟော....ရောက်လာပြီလား ဆရာလေး..."

" ဟုတ်ကဲ့ဗျ ..ကြီးမြ ....ဒါနဲ့ ဘယ်သူဖျားလို့လဲဗျ..."

" ကျုပ်သားမက်ဖျားလို့ ဆိုပဲ ..ဒီကောင်ကို ဘာမှမေးမရပေါင် ဆရာရေ....သားလဝန်းလေးကို ကြည့်ပေးပါအုံး ဆရာ..."

ဧည့်စားပွဲမထိုင်ဘဲ ခါးထောက်ကာ ဖခင်ပြောစကားကိုမနှစ်သက်ဟန်ဟွန်း! မူတ်နေသော ဇာတ်လိုက်ကျော်ကြီး တေဇ။

" ဒါဆို ဥက္ကဌလေးကရော ....တေဇ..."

" အပေါ်ထပ်မှာဆရာ...ခဏ လိုက်ကြည့်ပေး..."

" အော်...အေး..အေး.."

"ကြီးမြ က ဘာလဲ .."

ဆရာဆေးအိတ်လေးကောက်ယူကာ အပေါ်ထပ် သွားဟန်ပြင်နေသော ကြီးတော်ကို တစ်ချက်ဖိပြောမိသည်။

" ဟောတော်...သားလဝန်း ဖျားနေဆို...ကြီးတော် လိုက်ကြည့်ရမယ်လေကွယ်..."

" မလိုက်နဲ့ ..နေခဲ့ ...လာ ဆရာ.."

" ဟားးးးးးနေခဲ့ပါ ကြီးမြ...ကျွန်တော်ကြည့်ကုလိုက်ပါ့မယ်ဗျာ....ဟုတ်ပလား "

" ဟုတ်ကဲ့ပါဆရာလေးရယ်....ဒီကလေး ခုထိစကားပြောဆိုးတုန်းပဲ...ဆရာလေး .."

လှေကားပေါ်မတက်ခင် ကြီးမြလက်ထဲက ဆေးအိတ်လေး ပြန်ယူကာ ကြီးမြပုခုံးလေးပုတ်ပြီး တေဇပြောစကားကိုသဘောပေါက်ဟန်ဖြင့် တဟားတဟားရယ်နေမိသည့် ကျွန်တော်ကို ဧည့်စားပွဲမှ ထိုင်နေသော ဦးမင်းမောင်က ခေါင်းရမ်း၍ ပြုံးပြနေမိသည်။

ဦးမင်းမောင်အိမ် အခေါက်ခေါက်အခါခါ ရောက်ဖူးသော်ငြားအိမ်အပေါ်ထပ်ကို မရောက်ဖူးခဲ့။ ကြီးမြတ်သည်ဆိုရမလား ယောကျာ်းသားနှစ်ဦးနေသည် အိမ်က ဒီလောက်အနုစိတ်ဖော်ပြီး အလှဆင်ထားမည် မသိလေခဲ့။ ပြောင်လက်နေသော ကျွန်းလှေကားကြီးနှင့် ချောဆီသုတ်ထားသော ပွတ်လုံးအလှတွေက ကနုတ်ပန်းတွေဖြင့် ကာရံထားသည့် မျက်နာချပ်များ၊ အပေါ်ဆုံး လှေကားထစ်ပေါ်ခြေချမိတော့ရုတ်တရက်ဘယ်ညာ ခေါင်းလှည့်မိတော့ ရှေ့တည့်တည့်ဆီက သပ္ပါယ်လှသော သစ်သီးမျိုးစုံ၊ ပန်းများစွာ ပူဇော်ထားသော ဘုရားဆောင်။

ဧည့်ခန်းခေါ်ရမည့် ကျွန်းစက်တီတစ်စုံနှင့်နံရံကပ်ဗီရိုကြီးများရ သူ့အကန့်အလိုက် တံခါးပိတ်ထားသော ၅ခန်းလောက်ရှိမည့် အခန်းများ နှင့် နံရံကပ် ဓါတ်ပုံများနှင့်ဗီနိုင်းကြီးများ ။ ပတ်ချာလည်ကြည့်မကုန်အောင် သေသေသပ်သပ် အလှဆင်ထားပါသော ကကြိုးရုပ်အမျိုးမျိုးသော ပန်းပုရုပ်ထုများနှင့် ရှေးဟောင်းပစ္စည်းများကို မှန်နံရံကပ်ဗီရိုကြီးထဲ အလှပြထားသည်။ နံရံကပ်ထားသော ချိန်သီးနာရီပုံ ရှေးဟောင်းဗိသုကာလက်ရာမြောက် နံရပ်ကပ် နာရီကြီးက နည်းတာမဟုတ်။

တောသူဌေးအိမ် ပီသပါပေသည်။

" လာ ဆရာ...ဒီအခန်း "

တံခါးလက်ကိုင်ဖုကိုနှိပ်၍ ဝင်မိသည့်အခိုက် တဖန် ခေါင်းပြန်ကြည့်မိသည့် တေဇတို့အိပ်ခန်း ။

အိပ်ယာပေါ်မှအဖြူရောင် နတ်သားလေး။

အိပ်ယာခေါင်းရင်းကို ခေါင်းအုံးလေး ခုခံကာ မှီ၍ ထိုင်နေသော မန်ကျည်းစုရွာ၏ ဥက္ကဌလေး လဝန်းပြည့်ကျော်က Oversize Shirt အဖြူရောင်လက်ရှည်လေးဝတ်ထားသည်။ တစ်စွန်းတစ ပေါ်နေသော love bit များကြောင့်အခြေအနေအရပ်ရပ်ကိုသတိထားမိသည်။

ခွေးကောင်တေဇ ငါတို့ဥက္ကဌလေးကိုဘယ်လောက်တောင် တွယ်ထားတယ် မသိ !!!

# မမ အတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်

—————————————————————————————————————————

အခြေအနေ တစ်ခုကြောင့် ရှောင်နေရတာမို့  တေဇတို့  update နောက်ကျခဲ့ရပြီ။

အားလုံးလည်း ကျေးဇူးတင်ပါသည် 💙.....

#Maiyuri

————————————————————————————————————————————-

Zawgyi

ေအာက္ထပ္ဆီက ဝါးခ်သံေတြ၊ ဝါးကတ္ မ, သံေတြေၾကာင့္ ဘယ္ေလာက္အသံလုံပါတယ္ေျပာေျပာ နံနက္ခင္း ပန္းပ်ားခတ္အလုပ္႐ူပ္ေနေသာ ဦးမင္းေမာင္အိမ္က အလုပ္သမားတခ်ိဳ႕တို႔၏ အလုပ္လုပ္သံ၊ အခ်င္းခ်င္း စေနာက္ေနဟန္၊ တျဖဳန္း-ျဖဳန္း ဝါးခ်သံေတြက ဆူညံစြာ၊ လာဝယ္ၾကေသာ ေဖာက္သည္ေတြ၏ ကားေပၚ ဝါး မ်ား၊ ကတ္ထရံမ်ား တင္မေနၾကေသာ အလုပ္သမားမ်ား၏ ေအာ္ရယ္သံတို႔ေၾကာင့္ စိတ္ၾကည္လင္ျခင္းမရွိ ေတဇမင္းေမာင္နိုးထလာရသည္။

"က်စ္...ဆူလိုက္တာကြာ! "

သြားၾကားထဲေလသံျဖင့္ အလိုမက်လိဳ႕ စုတ္တစ္ခ်က္သတ္ၿပီး တိုးတိတ္စြာထြက္ေပၚလာေသာအသံသည္လည္း ေဒါသမာန္အျပည့္။

အလိုမက်ေသာ ေဒါသဟန္ေၾကာင့္ တြန့္ခ်ိဳးထားေသာ မ်က္ခုံးတို႔က နိမ့္ျမင့္မညီညာ၊ အေပၚပိုင္း ဗလာျဖင့္ နိုးထလာျခင္းသည္ကား ၿပီးခဲ့ေသာ ည၏ ခ်စ္ႀကိဳးကခုန္မူေၾကာင့္သာယာစြာ နိူးထရမည့္ ၾကည္ႏူးဖြယ္နံနက္ခင္းကို ဖ်က္ဆီးေနသည့္အလား မေက်နပ္နိုင္။

မ်က္လုံးဖြင့္လွ်က္ ရင္ဘက္ကို အေပၚစီးကေန တေစာင္းငဲ့ၾကည့္မိေတာ့ ခ်စ္ရပါေသာ လဝန္းျပည့္ေက်ာ္ဆိုသည့္ ဥကၠဌေလးသည္ကား ရင္ခြင္ထဲ တိုးေဝွ႕ၿပီး ေခြေခါက္အိပ္ေနပုံက ျမတ္နိုးမဝ။ ထုံက်င္ေနပါေသာ ဘယ္ဘက္ လက္ေမာင္းေပၚက လဝန္းေခါင္းေလးကို အသာမ, ယူကာ ရင္ဘတ္ေပၚေပြ႕တင္ၿပီး ခပ္တင္းတင္း ခါးကေန ထိမ္းမ, က ဖက္ထားမိသည္။

တေစာင္းအိပ္ေနသူေလး၏ လက္ကို မိမိခါးေပၚ အသာတင္ေပးရင္း ေျပျပစ္လွေသာ နဖူးျပင္ေလးအား အနမ္းတစ္ပြင့္ေႁခြမိသည္။

" ႁပြတ္စ္~ အိပ္ေနတာ ကေလးၾကလို႔ .....အဟက္...."

ေတဇမင္းေမာင္သည္ကား စၾက္ဝေတးမင္းတို႔လို ေလာကႀကီးကို အပိုင္စား ရသည္ႏွယ္ငါးခူးၿပဳံးလို႔ဆိုရမလား မည္သို႔ပင္ေခၚေဝၚေစၫႊန္းဆိုေသာ္လည္း မန္က်ည္းစု႐ြာ၏ က်က္သေရေဆာင္ဥကၠဌေလး လဝန္းျပည့္ေက်ာ္သည္ကား ကိုယ္ရင္ခြင္ထဲမွာမို႔ တစ္ကမၻာလုံးကို မထီမ်က္နာေပးျဖင့္ အိပ္ယာမွနိုးထလိုက္သည္။

ဥကၠဌေလးက ငါအပိုင္ဟူ၍ ဆိုင္းဘုတ္ကပ္ကာ အရပ္တကာလွည့္ေအာ္ခ်င္မိသည့္ တိုင္းခန္းလွည့္လည္ေမာင္းထုခ်င္ေနေသာ စိတ္အစဥ္ေၾကာင့္ အၿပဳံးမ်က္ႏွာေပးျဖင့္ အျဖဴေရာင္မ်က္ႏွာခ်ပ္ကိုၾကည့္ကာ အေတြးမ်ားေၾကာင့္ အၿပံးတို႔က အေတာမသတ္နိုင္ခဲ့။

ျပန္လည္ေတြးေတာျမင္ေယာင္မိသည့္ မေန႕ညက အျဖစ္အပ်က္၊ ခ်စ္ျခင္းေမတၱာျပဇာတ္ငယ္ကို သူႏွစ္ကိုယ္ ကျပေဖ်ာ္ေျဖျခင္းမွာ အလုံးစုံစိတ္နစ္ခဲ့သမွ် ေက်နပ္ျခင္းပီတိေတြက တႏွင့္တပိုး။ ခ်စ္ျခင္းေမတၱာဟူေသာ စိတ္ခံစားမူတို႔ကို အလုံးစုံအပိုင္စားရသည့္ႏွယ္ ရင္ခြင္ထဲက အမ်ိဳးသားငယ္ေလးက သုံးႏွစ္ႀကီးသည္မထင္ရက္စြာ ႏုနယ္လြန္းလွသည္။ ခ်စ္ျခင္းေမတၱာျဖင့္ ဆိုင္သူေလး၏ ကိုယ္ခႏၶာအႏွံ႕ ျခယ္သထားေသာ အနမ္းရာေတြက ျမင္မေကာင္းေအာင္ ျပည့္ႏွက့္ခဲ့ၿပီ။ နိုးလာလွ်င္ မေက်နပ္ျခင္းေတြ စီကာပတ္ကုံး ရန္ေဆာင္ေနသူအျဖစ္ေလးကို ျမင္ေယာင္ကာ ေတြးၾကည့္မိေတာ့ ႏူတ္ခမ္းထက္ဝယ္ အၿပဳံးတို႔ကမပ်က္။

" ေမာင့္ကို ဘယ္ေလာက္ ထုေထာင္းရိုက္နက္ ဆူပူေနလိုက္မလဲ ....."

ပတ္ဝန္းက်င္ဆူညံ့သံတို႔ကို လ်စ္လ်ဴ႐ူကာ ရင္ခြင္ထဲက အမ်ိဳးသားကိုသာ ငုံ႕မိုး၍ ၾကည့္ေနမိသည္။ အေပၚပိုင္း ဗလာျဖင့္ ေပြ႕ဖက္အိပ္ေနသည္သာ ေမာင့္လဝန္း သိရင္ ေမာင္အေပၚ ဘယ္ေလာက္ ရွက္ေနလိုက္မလဲ ။

"ဟင့္.."

ေရွ႕ဆက္ရမည့္အနာဂတ္လမ္းေတြေၾကာင္းေတြအေၾကာင္း တစ္စြန္းတစ္စအေတြးနစ္ဝင္သည္အခိုက္ မိမိရင္ခြင္ထဲက ဆိုင္သူေလး၏ ညီးသံတခ်က္ၾကားေတာ့ အိမ္သူသက္ထားနဖူးေပၚ လက္တင္ကာစမ္းသပ္မိသည္ကား အဖ်ားဝင္ေနၿပီ။

" က်စ္ ...ဖ်ားေနၿပီ"

ကိုယ္ရင္ခြင္ထဲက အမ်ိဳးသားေလးကို အသာေပြ႕ဖက္ကာ အိပ္ယာေပၚ အေသးစိတ္မနာက်င္ေအာင္ ခပ္ဖြဖြ ေပြ႕တင္ကာ လက္ထဲ ဖက္လုံးႀကီးတစ္ခုထည့္ေပးကာ လဝန္းရဲ႕ေနာက္ေက်ာေလးကိုခပ္ဖြဖြ ပုတ္ကာေခ်ာ့သိပ္မိေတာ့ တစ္ေက်ာ့ျပန္ အိပ္ေပ်ာ္သြားသည့္ ျမတ္နိုးရတဲ့ သည့္လူသား။ နဖူးေလးကိုအသာနမ္းရိူက္ကာ ကုတင္ေပၚကဆင္းၿပီး ေရခ်ိဳးခန္းဆီ ေျခဦးတည္မိသည္။

ေတာ႐ြာအရပ္ျဖစ္ေသာ္ျငား အေတြးစိတ္ကူးေကာင္းသည့္ ဖခမည္းေတာ္ ဦးမင္းေမာင္က ကိုယ့္အိပ္ခန္းနဲ႕တြဲရပ္ ေရခ်ိဳးခန္း တည္ေဆာက္ေပးထားေသာေၾကာင့္ ေက်းဇူးတင္မဆုံး။ သားေယာက်ာ္းေလးဆိုေပမယ့္ အစစအရာရာ ထည့္ေတြးေပးတက္ေသာ ဖခမည္းေတာ္နဲ႕ကိုယ္က စကားေျပာအေပါက္အလမ္း မတည့္ေသာ္လည္း သိပ္ခ်စ္တက္ၾကသည္။

တစ္ခဏေရခ်ိဳးသန့္စင္ကာ အသံမထြက္မိေအာင္ဂ႐ုစိုက္ျပဳမူရင္ ဗီရိုထဲက တီ႐ုပ္အနက္ေရာင္တစ္ထည္ႏွင့္ အသားေရာင္ pants ကို တြဲဝတ္ကာ ေအာက္ထပ္မီးဖိုးေခ်ာင္ဆီ အေျပးသြားမိသည္။

" အေဖ ....ဖိုးလုံးေရာ....."

" ဟိုမွာ ဝါးတင္ေနတယ္ ေနပါအုံး ...သားလဝန္းေရာ....."

" အိပ္ေနတယ္....ဖိုးလုံး..ေရ လာအုံး...၊ မိစုေရာ...လာအုံး ခဏ "

နံနက္စာစားၿပီး ထမင္းစားေဆာင္မွထြက္လာေသာ အေဖအေမးကို ေသခ်ာမေျဖအား ၊ ခုခ်ိန္ အေရးႀကီးေနသည္က ကိုယ္ေၾကာင့္ အဖ်ားဝင္ေနသူေလး။

ေလွကားေအာက္ဆုံးထစ္ကေန အိမ္ေရွ႕က ဝါးကားေပၚ တင္ေနေသာ ေတာ္ကာႏွံစပ္ အမ်ိဳးေတာ္သူ ဖိုးလုံးတို႔ေမာင္ႏွမကိုေအာ္ေခၚမိသည္။

" ဟုတ္ ...အစ္ကိုေလး...."

" လာပါၿပီ အစ္ကိုေလး..."

ေခြၽးတ႐ြဲ႐ြဲျဖင့္ အေျပးေလးလာေနေသာ ဖိုးလုံးက အားကစားေဘာင္းဘီအျပာေရာင္ေလးႏွင့္အေပၚက စြန္းထင္းေနေသာအျဖဴေရာင္T -shirt ေလး။ ေပေနေသာ လက္ႏွစ္ဖက္ကို အားကစားေဘာင္းဘီေလး သုပ္ကာ အသင့္အေနအထားျဖင့္၊ အနားအေျပးလာေသာ မိစုက လက္ႏွစ္ဘက္ခပ္တင္းတင္းဆုပ္ကိုင္ကာ နားေထာင္ေနသည္။

" ဖိုးလုံးက ႐ြာထဲ ေဆးမႉးပင့္ေခၚေပးအုံး...ခု ျမန္ျမန္ေလး ...ေရာ့ သူ႕ဆိုင္ကယ္ယူသြား....လဲမလာေစနဲ႕၊ လဲရင္လည္း လူဘာျဖစ္ေနေန သူ႕ဆိုင္ကယ္ ျခစ္ရာထင္ရာ မျဖစ္ေစနဲ႕ "

" ဗ်ာ....."

" ေအး အဲလိုပဲ.....ခုျမန္ျမန္သြားပင့္ေပး ...ေရာ့..."

" ဟ....ေနပါအုံး........ဆိုင္ကယ္မျဖစ္ေစနဲ႕ ..လူၾက ဘာျဖစ္ျဖစ္ဆိုတဲ့သေဘာလား...ဟိတ္ေကာင္ ေနျမင့္မွထလာၿပီး ေဂါက္ေနလား ...."

ကိုယ္စကားေၾကာင့္ တမင္မဲ့႐ြဲ႕ကာေျပာေနေသာ အေဖ။

" အေဖဘက္က မ်ိဳးရိုးလိုက္တာထင္တယ္ဗ်...."

" တယ္.....ငါ ....ငါ...."

"ေနာက္မွဆူအေဖ....မိစု....နင္နဲ႕ ျမရီက ၾကက္စြပ္ျပဳတ္ပူပူေလး ခ်က္ထားေပး ၿပီးရင္ ေတာင္ပိုင္းအိမ္က မမေမမီ ဆီသြာ.....ဥကၠဌေလး ဖ်ားေနလို႔ ညေနမွ ျပန္လာနိုင္မွာ မဟုတ္ဘူး ေျပာေပး....စိတ္မပူဖို႔ပါ တခါတည္း ေျပာခဲ့ ...သြား....သြားၾကေတာ့ "

ေခါင္းကုပ္ကာ မီးဖိုေဆာင္ထဲ ေျပးဝင္သြားေသာ မိစု..။

မီးဖိုခန္းထဲက ေခါင္းျပဴထြက္ၾကည့္ေနပါေသာ အစ္မျမရီက သက္ျပင္းေလးဖြဖြ ခ်ေနပုံမ်ား အားလုံးကို အာ႐ုံခံရေနေသာ နတ္ဆရာမလိုလို ။ လူၾကည့္ေတာ့ စည္ပိုင္းသာသာ အစားနင္းကန္ ခြစားေနတာ စာဖိုးမႉးဆိုတဲ့အတိုင္း စားဖိုေဆာင္ကို ႀကီးမႉးကာ ခ်က္သမွ် အကုန္အုပ္ေနတာ အဆီပိတ္မေသ ကံေကာင္း ။

လက္ေျမာက္က ကမ္းေပးလိုက္ေသာ ဆိုင္ကယ္ေသာ့ေလးကို အျမန္ယူကာ မန္က်ည္းပင္ေအာက္ထိုးစိုက္ထားေသာ ဥကၠဌေလး၏ Honda ဆိုင္ကယ္ေလးျဖင့္ ႐ြာလည္က ေဆးေပးခန္းဆီသို႔။ မည္သူဖ်ားလို႔ ေဆးမႉးကို ပင့္ေခၚခိုင္းတယ္ ဖိုးလုံးမသိခဲ့။

ခ်ိဳင့္ ခြက္ေတြ၊ ေျမေစာင္းတခ်ိဳ႕ကို တိမ္းေရွာင္ေမာင္းႏွင္ကာ ဆိုင္ကယ္ဦးတည့္မိသည့္က ႐ြာလယ္က ဆေးပေးခန်းဆီသ်ို့။

အစ္ကိုေလးက သေဘာေကာင္းသေလာက္ ေဒါသႀကီးလြန္းတယ္၊ ဖိုးလုံးတို႔လို အလုပ္သမားေတြအေပၚရက္ေရာတက္ေပမယ့္ျပသနာရွာျခင္းမရွိခဲ့။ ၿမိဳ႕ေပၚသြားတိုင္း ဖိုးလုံးဖို႔ဝတ္စရာ ၊ စားစရာ တစ္ခုခု အၿမဲပါလာတက္သူမို႔ အစ္ကိုေလးအေပၚခ်စ္ေၾကာက္ရိုေသရစၿမဲ။

သူ႕အမိန့္အတိုင္း ႐ြာလည္ေဆးမႉး သြားပင့္ေပမယ့္ ဘယ္သူအတြက္ဆိုတာ ဖိုးလုံးျပန္မေမးရဲခဲ့။

သားသမက္ဆိုင္ကယ္ Honda ထိုင္းဘီးေလးျဖင့္ ၿငိမ့္ၿငိမ့္ေလးစီးသြားေသာ ဖိုးလုံးေနာက္ေက်ာျပင္ကိုၾကည့္ၿပီး သူျဖစ္သူဘက္မ်က္ႏွာလွည့္ကာ အေသးစိတ္အေျဖရွာမိသည္။

" ဟ...ေနပါအုံး...မေန႕က အေကာင္းႀကီးပါ....သားလဝန္းက ..ဘယ္လိုျဖစ္ၿပီး ဖ်ားတာတုန္း "

" ဘႀကီးတို႔ေရာ...."

အိမ္အတြင္း ေနရာေတြဆီ လွည့္ကာ အထက္ပိုင္းက ေဆြမ်ိဳးေတြကို ေမးမိေတာ့...ေဒါသတႀကီး မ်က္ႏွာႀကီးႏွင့္ ဖခမည္းေတာ္။

" ဘာလို႔ ဖ်ားတာလဲ ေမးေနတာ...ဟိတ္ေကာင္ ေဝွ႕လည္ေၾကာင္ပတ္မလုပ္နဲ႕....အဲ့ဒါမင္းေၾကာင့္မို႔လား....ဟမ္ ...."

" လင္မယားပဲ အေဖရာ....အေဖကို အကုန္ေျပာျပမွ ျဖစ္မွလားဗ်....ဖ်ားတာပါဆို....ဖ်ားတယ္ေပါ့....အေဖက လဲ...."

" ငါကို ဘယ္လိုပုံ ျပန္ေျပာေနလဲ....ဟိတ္ေကာင္ ...."

" ဟဲ့...ဟဲ့...ေနၾကပါအုံး....နင္တို႔သားအဖကလည္း မ်က္ႏွာခ်င္း ဆိုင္လို႔္မရပါ့ပဲ တကတည္း မွေတာ္..သားအဖေတြမဟုတ္တဲ့အတိုင္း ...."

" အစ္မတူ စကားေျပာ နားေထာင္ၾကည့္....ဖေအကို ဘယ္လိုေလ သံနဲ႕ေျပာေနလဲ ..."

" က်ဳပ္ ေအးေဆးေျပာေနတာပဲ အေဖရာ....သူ ဖ်ားေနတယ္လို႔ ....ဘာလို႔ အေဖက ေနာက္ဆက္တြဲ ေမးခြန္း ထပ္ေမးေနလဲ ...."

" ဟ ...မေမးလို႔ ရမလား...သူက...အဟမ္း...."

" အဲလို...အဟမ္း ...လူမို႔.....ဖ်ားေနတယ္....ေတာ္ၿပီဗ်ာ.....ဗိုက္ဆာတယ္ ..ႀကီးျမ ...."

" ေအာ္..ေအး..ေအး....လာ "

သားေတာ္ေမာင္၏ လည္ပင္းက ကုတ္ရာ၊ ျခစ္ရာေတြေၾကာင့္ ေနာက္လက္ဆီကေန ခါးေထာက္ကာ ေခါင္းခါေနမိသည္။

မ်က္ႏွာပူစြာျဖင့္ ဒီသားကို ဂုတ္ကေနဆြဲမ ကာ လႊင့္ပစ္လိုက္ခ်င္သည္။

တစ္ညတစ္ေလ အိမ္လည္လာတဲ့ ငါ့သားမက္ကို ဒင္းဘယ္လို တြယ္ပစ္လဲမသိ၊ ဒီအေဖက အရိပ္ျပအေကာင္ျမင္တယ္....အလကားေကာင္...ႏြားလို႔ဆဲရင္လည္း ကိုယ္ကေမြးထားတဲ့သားမို႔ ကိုယ္ပါ ႏြားစာရင္းဝင္အုံးမယ္...ေတာက္...တကယ္ေကာင္။

ဧည့္စားပြဲမွာ တူေတာ္ေမာင္ ေမာင္မိုး တစ္ေယာက္ ေဘာင္ခ်ာဖြင့္ေနေသာ ေဘာင္ခ်ာေတြကိုၾကည့္ၿပီး ေစ်းဝယ္သူ ေဖာက္သည္ေတြအား အၿပဳံးေလးျဖင့္ ကိုယ္တိုင္ကိုယ္က် အဆင္ေျပေခ်ာမြတ္ေအာင္ လုပ္ေဆာင္ေနေသာ မန္က်ည္းစု႐ြာ၏ သူေဌးဂုဏ္ေဆာင္သူ။ ဥစၥာပစည္းႂကြယ္ဝသေလာက္ ရပ္႐ြာအတြက္ အလႉအတန္းမ်ားစြာ ျပဳလုပ္လွ်က္ အမ်ားအက်ိဳးသယ္ပိုးထမ္းေဆာင္ေနေသာ ေတာသူေဌး ဦးမင္းေမာင္မွာ တစ္႐ြာလုံး ေျပာစမတ္တြင္ေလာက္ေအာင္ ဆိုးသြမ္းသည့္ ေတဇမင္းေမာင္ ဆိုတဲ့ သူေဌးသားလည္း ေက်ာ္ၾကားျပန္ေသးသည္။

႐ြာျပင္ထန္းေတာထဲ ေျခရာခ်င္းထပ္ေအာင္ မူးကြဲေနၿပီး ထစ္ခနဲ႕ရွိ ေတဇမင္းေမာင္လက္ခ်က္ျဖင့္ မည္သူေခါင္းကြဲျပန္သတဲ့၊ ေတာ္ခါၾကာ ႐ြာေျမာက္ပိုင္းက ဖိုးစိန္ ေလး ေတဇဆိုင္ကယ္သစ္ႀကီးေၾကာင့္ လက္က်ိဳးသတဲ့၊ သိပ္မၾကာခင္ ႐ြာအေရွ႕ပိုင္းက ေဒၚေအးရီႀကီး ေတဇတို႔ရန္ပြဲ ဝငိဆြဲလို႔ ၾကားက ခါးထိခိုက္မိသတဲ့၊ အလည္ပိုင္းက ေဒၚေအးပုသမီးကို ရည္စားစကားလိုက္ေျပာရာကေန ေဒၚေအးပုသားေတြနဲ႕ ရန္ျဖစ္ေနတဲ့ ေတဇမင္းေမာင္၊ ႐ြာဦးဘုန္းႀကီးေက်ာင္း ဆရာေတာ္ဘုရားက ေခၚဆုံးမရေပါင္းမနည္း အပိုးမက်ိဳးတဲ့ ေတဇမင္းေမာင္က ဥကၠဌသစ္ေလး လဝန္းျပည့္ေက်ာ္စကား ေျမဝယ္မက်ဆိဳပဲ..၊ ဥကၠဌေလးကို ေတဇကေၾကာက္တယ္ ဆိုတဲ့ အတင္းအဖ်င္းစကား....စသည့္ ...သို႔ေလာ..သို႔ေလာ ...ေက်ာ္ၾကားလွသည့္ မန္က်ည္းစု႐ြာ၏ သူေဌးေလး ေတဇမင္းေမာင္အေၾကာင္း ေဘးပတ္ျခာလည္႐ြာနံေဘး ဟိုေလးတေၾကာ္ေၾကာ္။

ေဘး႐ြာပတ္ျခာလည္ ကမ္းကုန္ေအာင္ ထန္းရည္ေဝ့ေသာက္ဖူးတဲ့ ေတဇမင္းေမာင္ကို မျမင္ဖူးသူမရွိသလို၊ သူကို မရွိန္တဲ့သူမရွိခဲ့။ ထစ္ခနဲရွိ လက္ပါတက္တဲ့ အက်င့္ေလးေၾကာင့္ ခပ္႐ြတ္႐ြတ္ အ႐ြတ္အဆိုးအေပေတြကလြဲ က်န္တဲ့သူက ေတဇကို ခပ္ၿပဳံးၿပဳံးျဖင့္ မ်က္ႏွာေသြးထိုး ႏူတ္ဆက္ၾကရ၏။ မခ်စ္ေသာ္လည္းေအာင့္ကာနမ္းဆိုသလို ေတဇကိုမၿပဳံးျပခ်င္လည္း သူ႕လက္သံကိုေတာ့ေၾကာက္ရ၏၊ ေရာ္ေၾကးေဆးဖိုးဝါးခ ရတယ္ဆိုေပမယ့္ မိေမြးတိုင္းဖေမြးတိုင္းပုံမပ်က္ေလး ရွိေနခ်င္ၾကေသးသည္ကာ ပတ္ျခာလည္႐ြာသားမ်ား၏ ဆႏၵ။

ေတဇမင္းေမာင္၏ ဆိုင္ကယ္အျမင့္ႀကီးသံၾကားရင္ ေရွာင္နိုင္ရင္ေရွာင္ၾက၏ ၊ထိပ္တိုက္ေတြ႕နိုင္ကိန္းရွိရင္ ခပ္လွမ္းလွမ္း ၿခံဝန္းေျခကပ္ကာ(သို႔မဟုတ္) အနီးနား သစ္ပင္ေနာက္ ကြယ္ကာ ေရွာင္ၾက၏။

***မိမိတို႔ ဒုကၡိတ မျဖစ္ခ်င္ေသး***

မန္က်ည္းစု႐ြာ၏ အေနာက္ေျမာက္ဘက္ ၅မိုင္ခန့္အကြာက အင္ပင္႐ြာမွ ကိုမ်ိဳးခ်စ္လည္း မန္က်ည္းစု႐ြာ၏ သူေဌးေလး ေတဇမင္းေမာင္အေၾကာင္း ၾကားသိထားသူမို႔ ခပ္ကြာကြာ အေနအထားျဖင့္ ရပ္ေနမိသည္။

ဦးမင္းေမာင္၏ ဧည့္ဝတ္ေက်မဴတို႔ေၾကာင့္ အနီးအနား ႐ြာပတ္ခ်ာလည္မွ လူအမ်ားၾကား ေက်ာ္ၾကားသည္မို႔ စကားမဟုတ္တန္ရာ။

တောသူေဌးကြီး ဦးမင်းေမာင်ကို ေနာက်လပြည့် ေကျာ် ၇/၈ရက္ေန႕ ႐ြာဦးေက်ာင္းဘုရားပြဲကို ဖိတ္ေနမိသည္။

သေဘာေကာင္းေသာ သူေဌးဦးမင္းေမာင္က အလုပ္မ်ားလို႔ သူကိုယ္တိုင္မလာနိုင္ရင္ေတာင္ သားေတာ္ေမာင္တို႔ကို လႊတ္လိုက္မည္ဟု ကတိကဝတ္ျပဳ၏ ။

" ျမတ္စြာဘုရား...!"

အစ္ကိုေလးခိုင္းေစမူအရ ေက်း႐ြာေဆးမႉးကို လာပင့္သည္ကား နံနက္ခ်ိန္ခါ ၉နာရီေက်ာ္။

" ဆရာ....ဆရာ...."

႐ြာလည္ေဆးေပးခန္းေရွ႕ မမ်ားေသာလူနာ တစ္ေယာက္စ ၊ ႏွစ္ေယာက္စကို စမ္းသပ္ၾကည့္ေပးေနေသာ ေဆးမႉးႏွင့္ အကူနာစ့္မ်ား။

ေရးႀကီးသုတ္ျပာျဖင့္ ကိုယ္အမည္ကို ႐ြတ္ကာ ေအာ္လာသူကို လိုက္ကာစေလးဖယ္၍ ၾကည့္မိေတာ့ ဝါးကုန္သည္ ဦးမင္းေမာင္အိမ္က ဖိုးလုံး ။

" ေဝ့ ..ဖိုးလုံး....လာေလ...ေရးႀကီးသုတ္ျပာ ..ဘာကိစၥလဲ "

" အစ္ကိုေလးက အိမ္ကို ခ်က္ခ်င္းလိုက္ခဲ့ပါတဲ့ ..အပင့္ခိုင္းလိုက္လို႔ ဆရာ..."

"ေဟ....မေန႕က ျဖစ္တဲ့ ျပသနာေၾကာင့္လား ဖိုးလုံး ..."

" မသိဘူးဆရာ..."

လက္ေလးႏွစ္ဖက္ေနာက္ပစ္ကာ shower ဖိနပ္ေလးျဖင့္ တေလးတစားရပ္ေနပါေသာ ဖိုးလုံး။

" ေအး....ဆရာ ဒီလူနာၾကည့္ၿပီး ..လိုက္ခဲ့"

" မဟုတ္ဘူး ဆရာ....အစ္ကိုေလးက ခုခ်က္ခ်င္း ပင့္ေခၚခဲ့တဲ့ ဆရာ..."

"ေအးပါဟ....ေနပါအုံး....ဒါနဲ႕ မေန႕ကရန္ထပ္ျဖစ္ၾကေသးလား ဖိုးလုံး "

" မျဖစ္ဘူး ဆရာျပန္ႂကြသြားေတာ့ အစ္ကိုေလးတို႔ အနားယူၾကတာပဲ ...ဆရာ...မနက္မွ ေဆးမႉးပင့္ေပးဖို႔ ကြၽန္ေတာ္ကို ခိုင္းတာပဲ ဆရာ..."

" ေဟ....ဒါဆို ဥကၠဌေလး အိပ္ယာထတာ မင္းျမင္ခဲ့လား ဖိုးလုံး ..."

" ဟင္းအင္း ဆရာ...."

" ေတဇ မူမမွန္တာ ေတြ႕လား ဖိုးလုံး ....ကုတ္ရာ ျခစ္ရာ လိုမ်ိဳး အနီပိန့္ေတြလိုေပါ့ ...."

" ဟုတ္ဆရာ.....အစ္ကိုေလး လည္ပင္းမွာ ေၾကာင္ ျခစ္ကုပ္ထားသလိုပဲ ..ဒဏ္ရာေတြနဲ႕ဆရာ..."

" ေအး..ဆရာသိၿပီ...ခဏဆရာ ေဆးအိတ္ယူခဲ့အုံးမယ္"

" ဟုတ္ကဲ့ ဆရာ..."

ညားကာစ လင္မယား၊ မဟုတ္ လင္လင္ ႏွစ္ေယာက္ ဖိုးလုံးစကားအရ အိပ္ယာထက္ ေသာင္းၾကမ္းထားပုံရတယ္။ အနာက်က္ေဆး၊ အဖ်ားက်ေဆး အျပင္ အိပ္ယာထက္ အမ်ိဳးသားမ်ားအသုံးျပဳရန္ လိုအပ္ေသာ အသီးအႏွံပါကင္အိတ္ေလးတစ္ခ်ိဳ႕ကို နမူနာ ယူကာ ေဆးအိတ္၏ အေပၚဆုံးအံ့ေလးထဲ ထည့္ေနမိသည္။ ဘယ္သြားသြား ဆိုင္ကယ္ Helmet မပါရင္ မသြားတက္တဲ့အက်င့္ေၾကာင့္ Helmet အဝါေလးေဆာင္းကာ ဖိုးလုံးဆိုင္ကယ္ေနာက္ထိုင္၍ ႐ြာ၏ မ်က္ႏွာဖုံး သူေဌးဦးမင္းေမာင္ အိမ္ဆီသို႔ ။

" ေဟာ....ေရာက္လာၿပီလား ဆရာေလး..."

" ဟုတ္ကဲ့ဗ် ..ႀကီးျမ ....ဒါနဲ႕ ဘယ္သူဖ်ားလို႔လဲဗ်..."

" က်ဳပ္သားမက္ဖ်ားလို႔ ဆိုပဲ ..ဒီေကာင္ကို ဘာမွေမးမရေပါင္ ဆရာေရ....သားလဝန္းေလးကို ၾကည့္ေပးပါအုံး ဆရာ..."

ဧည့္စားပြဲမထိုင္ဘဲ ခါးေထာက္ကာ ဖခင္ေျပာစကားကိုမႏွစ္သက္ဟန္ဟြန္း! မူတ္ေနေသာ ဇာတ္လိုက္ေက်ာ္ႀကီး ေတဇ။

" ဒါဆို ဥကၠဌေလးကေရာ ....ေတဇ..."

" အေပၚထပ္မွာဆရာ...ခဏ လိုက္ၾကည့္ေပး..."

" ေအာ္...ေအး..ေအး.."

"ႀကီးျမ က ဘာလဲ .."

ဆရာေဆးအိတ္ေလးေကာက္ယူကာ အေပၚထပ္ သြားဟန္ျပင္ေနေသာ ႀကီးေတာ္ကို တစ္ခ်က္ဖိေျပာမိသည္။

" ေဟာေတာ္...သားလဝန္း ဖ်ားေနဆို...ႀကီးေတာ္ လိုက္ၾကည့္ရမယ္ေလကြယ္..."

" မလိုက္နဲ႕ ..ေနခဲ့ ...လာ ဆရာ.."

" ဟားးးးးးေနခဲ့ပါ ႀကီးျမ...ကြၽန္ေတာ္ၾကည့္ကုလိုက္ပါ့မယ္ဗ်ာ....ဟုတ္ပလား "

" ဟုတ္ကဲ့ပါဆရာေလးရယ္....ဒီကေလး ခုထိစကားေျပာဆိုးတုန္းပဲ...ဆရာေလး .."

ေလွကားေပၚမတက္ခင္ ႀကီးျမလက္ထဲက ေဆးအိတ္ေလး ျပန္ယူကာ ႀကီးျမပုခုံးေလးပုတ္ၿပီး ေတဇေျပာစကားကိုသေဘာေပါက္ဟန္ျဖင့္ တဟားတဟားရယ္ေနမိသည့္ ကြၽန္ေတာ္ကို ဧည့္စားပြဲမွ ထိုင္ေနေသာ ဦးမင္းေမာင္က ေခါင္းရမ္း၍ ၿပဳံးျပေနမိသည္။

ဦးမင္းေမာင္အိမ္ အေခါက္ေခါက္အခါခါ ေရာက္ဖူးေသာ္ျငားအိမ္အေပၚထပ္ကို မေရာက္ဖူးခဲ့။ ႀကီးျမတ္သည္ဆိုရမလား ေယာက်ာ္းသားႏွစ္ဦးေနသည္ အိမ္က ဒီေလာက္အႏုစိတ္ေဖာ္ၿပီး အလွဆင္ထားမည္ မသိေလခဲ့။ ေျပာင္လက္ေနေသာ ကြၽန္းေလွကားႀကီးႏွင့္ ေခ်ာဆီသုတ္ထားေသာ ပြတ္လုံးအလွေတြက ကႏုတ္ပန္းေတြျဖင့္ ကာရံထားသည့္ မ်က္နာခ်ပ္မ်ား၊ အေပၚဆုံး ေလွကားထစ္ေပၚေျခခ်မိေတာ့႐ုတ္တရက္ဘယ္ညာ ေခါင္းလွည့္မိေတာ့ ေရွ႕တည့္တည့္ဆီက သပ္ပါယ်လှသော သစ္သီးမ်ိဳးစုံ၊ ပန္းမ်ားစြာ ပူေဇာ္ထားေသာ ဘုရားေဆာင္။

ဧည့္ခန္းေခၚရမည့္ ကြၽန္းစက္တီတစ္စုံႏွင့္နံရံကပ္ဗီရိုႀကီးမ်ားရ သူ႕အကန့္အလိုက္ တံခါးပိတ္ထားေသာ ၅ခန္းေလာက္ရွိမည့္ အခန္းမ်ား ႏွင့္ နံရံကပ္ ဓါတ္ပုံမ်ားႏွင့္ဗီနိုင္းႀကီးမ်ား ။ ပတ္ခ်ာလည္ၾကည့္မကုန္ေအာင္ ေသေသသပ္သပ္ အလွဆင္ထားပါေသာ ကႀကိဳး႐ုပ္အမ်ိဳးမ်ိဳးေသာ ပန္းပု႐ုပ္ထုမ်ားႏွင့္ ေရွးေဟာင္းပစၥည္းမ်ားကို မွန္နံရံကပ္ဗီရိုႀကီးထဲ အလွျပထားသည္။ နံရံကပ္ထားေသာ ခ်ိန္သီးနာရီပုံ ေရွးေဟာင္းဗိသုကာလက္ရာေျမာက္ နံရပ္ကပ္ နာရီႀကီးက နည္းတာမဟုတ္။

ေတာသူေဌးအိမ္ ပီသပါေပသည္။

" လာ ဆရာ...ဒီအခန္း "

တံခါးလက္ကိုင္ဖုကိုႏွိပ္၍ ဝင္မိသည့္အခိုက္ တဖန္ ေခါင္းျပန္ၾကည့္မိသည့္ ေတဇတို႔အိပ္ခန္း ။

အိပ္ယာေပၚမွအျဖဴေရာင္ နတ္သားေလး။

အိပ္ယာေခါင္းရင္းကို ေခါင္းအုံးေလး ခုခံကာ မွီ၍ ထိုင္ေနေသာ မန္က်ည္းစု႐ြာ၏ ဥကၠဌေလး လဝန္းျပည့္ေက်ာ္က Oversize Shirt အျဖဴေရာင္လက္ရွည္ေလးဝတ္ထားသည္။ တစ္စြန္းတစ ေပၚေနေသာ love bit မ်ားေၾကာင့္အေျခအေနအရပ္ရပ္ကိုသတိထားမိသည္။

ေခြးေကာင္ေတဇ ငါတို႔ဥကၠဌေလးကိုဘယ္ေလာက္ေတာင္ တြယ္ထားတယ္ မသိ !!!

# မမ အတြက္ vote ေပးခဲ့ဖို႔မေမ့နဲ႕ေနာ္

အေျခအေန တစ္ခုေၾကာင့္ ေရွာင္ေနရတာမို႔ ေတဇတို႔ update ေနာက္က်ခဲ့ရၿပီ။

အားလုံးလည္း ေက်းဇူးတင္ပါသည္ .....

#Maiyuri

-

Bạn đang đọc truyện trên: ZingTruyen.Xyz