အပိုင်း(၃)
" ဟဲ့ တေဇ နင် အုပ်ကြီးကို တက်အုပ်လိုက်တာဆို "
ခုချိန် ရွာ အနောက်ဘက် သာအေးထန်းတောထဲ လူစည်ကားချိန် စျေးကြီးပေးထားရသော စီးတော်ယာဉ်သားတော်မောင်ကို စက်ရှိန်သပ်ပြီး အရိပ်ရ အပင်အောက်ရပ်မိသည်။
ထန်းတောထဲ လူစည်ကားချိန် ညနေတရောအချိန် သာအေးထန်းတဲမှာလည်း လူငယ်စုံလင်ချိန် ထန်းရည်အမြည်းချရင်း ကိုယ်တွေဆီကိုအမောတကော ပြေးလာ၍ မိချိုကို ဆိုင်ကယ်ပေါ်ကမဆင်းသေးဘဲ မျက်ထောင့်နီဖြင့် ချိုကြည့်ကြည့်ပေးလိုက်သည်။
" မိချို....."
" အိ......ဟိုလေ တေဇ......ငါ...ငါ စကားမှားသွားလို့ပါဟ "
" မိချို....ဒီဘက်က ကျော်ကြီးတို့က အမြည်းတောင်းနေတယ် လာခဲ့ "
အခြေအနေမဟန်သည့်မို့ အချိန်အခါမသိ တွေ့ရာပြောတက်တဲ့ မိန်းမကို ပိတ်ငေါက်၍ အော်ခေါ်လိုက်သည်။ တေဇအကြောင်း မသိတာမဟုတ်ဘဲ မိချိုတို့က လျှာရှည်ပြန်ပြီ။ တေဇက စိတ်သဘောထားဖြူပေမယ့် ဥက္ကဌအမည်ကို တွေ့ရာနေရာတွေမှာ ထည့်ပြောတာမကြိုက်ဘူး ၊ အထူးသဖြင့် ဥက္ကဌခြေမချဖူးသော သည်လို ထန်းတောဆို ပိုဆိုး။
" လာပါကွာ မိချိုက ဘာမှန်းသိတာမဟုတ်ဘူး စိတ်လျော့ပါငါ့ညီရာ "
" မိန်းကလေးမို့လို့ .....အရေခွံ့ဆွဲစုတ်ပစ်လိုက်ရ...."
" အေးပါကွာ မင်းအကြောင်း ငါသိပါတယ် ...ဝေ့...သာအေး ထန်းရည်တစ်မြူ ချဟေ့ အမြည်းစုံပါစေ "
တေဇအကြောင်းသိသူမို့ စိတ်ပြေလိုပြေငြား ပုခုံးပုတ်၍ ချော့မော့ ပြောပြီး သာအေးထန်းတောထဲထောင့်ကျတဲ့ စားပွဲဝိုင်းဆီ ညီအစ်ကိုနှစ်ယောက် နေရာယူမိသည်။
ခပ်ကုတ်ကုတ်ဖြင့် အပြုံးမျက်နှာဖြင့် အပြေးလာနေသော သာအေးက တစ်ဖက်က ထန်းရည်မြူကိုကိုင်၍ တစ်ဖက်က အမြည်းပန်းကန်ကို မ, ကာ ပြေးလာသည်က မြင်မကောင်းအောင် ပုကွကွ၊ နက်မှောင်မှောင်၊ ရုပ်ကြမ်းကြမ်းကို ဖျင်ကြမ်းပုဆိုးဝတ်ထားသော အညာသား။
" ရော့ တေဇ ငါးကြော်လေး....ချန်ထားပေးတယ် "
" ကျေးဇူး ကိုသာအေး "
" မလိုပါဘူးကွာ ရတယ် အေးဆေး သောက် "
မိချိုစကားအမှားကို ထ၍ မထိုးရန် တေဇစိတ်ပြေငြား မျက်နာလုပ်၍ ဖားနေမိသည်။
ဒုန်း~ ...
စားပွဲကို လက်ဖြင့် ထုနက်လိုက်နော် နောက်ဝိုင်းဆီက လာသော အသံ။ လှည့်ကြည့်ဖို့ရာ တေဇ စိတ်မဝင်စား ....၊ အဖေ အချိန်မီပြန်လာစေရန် ပဲ မျှော်နေမိသည်။
သည်ည ရောက်မှဖြစ်မယ်။
သည်ည မောင့်အိမ်သူလေးအနားပဲ ခိုနားချင်သည်။
တစ်မနက်လေး ခွဲရတဲ့ ဖြစ်ပျက်မူကို ပူလောင်ကဲသမျှ ပတ်ဝန်းကျင်အသံကိုအာရုံမထားဘဲ ပငါကျရည်လေးတစ်ခွက်ဖြင့် မျှောချမိသည်။
" ဒါ ဘာသဘောလဲ သာအေး ၊ ဒီမှာသောက်နေတာချင်းအတူတူ ငွေရှိတဲ့သူကြ မျက်နှာလုပ်တာလား ဟိတ်ကောင် "
" မဟုတ်ပါဘူး မင်းကိုရာ ၊ မင်းတို့မှာတာ လဘက်သုပ်လေ အဲ့ဒါကြောင့် မချမိတာပါ ငါ့ကောင်ရ"
" အစောကတည်းက ပြောလေ ရှိတယ်ဆိုတာ ၊ ခုကြ ဘေးရွာကသူငယ်ချင်းတွေကြား ကျုပ်မျက်နှာပျက်ရတယ်ကွ၊ မင်းဆီကအလကားသောက်တာမဟုတ်......"
တိတ်ဆိတ်သွားသော လေထုကို ၇ဦးထက်မနည်းသော သောက်သုံးသူတွေက စိတ်ဝင်စားဟန်ဖြင့် ကြည့်နေသည်။
ကိုယ့်ကိုရည်ရွယ်ပြောနေမှန်းသိသော်လည်း ကိုယ့်အမည်မပါလိူ့ ခေါင်းထောင်မကြည့်ပဲ ပင်ကျရည်အေးမျှမျှကိုသာ မော့နေမိသည်။ လေတိုက်တိုင်းရီဝေသည့် ထန်းရည်အရှိန်ကို မြတ်နိုးမိသည်ကာ လွန်ခဲ့တဲ့ ငါးနှစ်၊ လူပျိုပေါက်စပြီဆိုကတည်းက မော့လာခဲ့သည်ကား စွဲလန်းရသည့်ထဲ ဒီပင်ကျရည်ကို နေဝင်ရီချိန်တိုင်း တမ်းတမိသည်အထိ။
တစ်ခွက်ပြီးတစ်ခွက် မော့ပြီး မိချိုကြော်ထားသည့် ခပ်မဲမဲ ငါးကြော်ကို မြည်း၍ ရသခံမိသည် ငံ့လိုက်သည့်ဖြစ်ခြင်း ၊ စကားပေါက်မတည့်တာမဟုတ်ဘဲ အချက်အပြုတ် ပါညံ့သည်ဟု မှတ်ချက်ချမိသည်။
သာအေးမိန်းမသည် အလကား။ လျှာရှည်သလောက် အချက်အပြုတ် ချာတူးလန်သကိုး...။
" ထွီ ~ ငံ့လိုက်သာဟ "
မျက်စိမျက်နှာပျက်၍ လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး လှမ်းတားနေသော ကိုမိုး။
ဒယိမ်းဒယိုင်ဖြင့် သူငယ်ချင်းအားကိုးနဲ့ မိုက်ကြေးကွဲနေသာ အနောက်ပိုင်းက မင်းကိုနဲ့ အပေါင်းအပါများ။ ကိုယ့်စားပွဲဝိုင်းကို ပုဆိုးမနိုင်၊ ဖင်မနိုင် ခြေတစ်လှမ်း တောင်ချ မြောက်ကျသည့် နူန့်ဖြင့် လာနေသော မင်းကို ။
ခပ်နဲ့နဲ့ သာအေး စားပွဲပုကို လက်ဖြင့် တစ်ချက်ထုပြီး ကိုယ်ဆီ လက်ညှိုးဦးတည်ပြီး မေးနေပုံက ......
" မင်းက ဘာသဘောလဲ၊ ငွေရှိတယ်ဆိုပြီး "
ကိုယ့်ကိုမေးနေမှန်းသိသော်လည်းဖြေရမှာ ပျင်းနေသည့်ဟန်ဖြင့် တချက်မော့မကြည့်ပြီး လျှာပေါ်စွဲသွားသော အငံ့ဓါတ်ကို ပင်ကျရည်ဖြင့်သာ မျောချရသည်။
လက်တစ်ဖြင့် သွားတော့ဆိုပြီး ခါပြနေတာကို မမြင်ရလောက်အောင် ကန်းနေသည့် ငမိုက်သား၊ သူ့နောက်က အပေါင်းအပါတစ်ခု ရန်ပွဲကိုစိတ်ဝင်စားဟန်ဖြင့် ခေါင်းထောင်၍ တမေ့တမောငေးနေပြန်သေးသည်။
" ဟိတ်ကောင်တေဇ....."
"............"
" ငါမေးတာကို မော့မကြည့်ရအောင် ဘာလဲ မင်းက၊ ယောကျားချင်း ကြိုက်တဲ့ အခြောက်လေ....ဟားးးးဟမ် ....ဘာတဲ့ ...အေ့...."
" အာရုံပဲကွာ ..."
" ဟိတ်ကောင်တွေ မမြင်ဘူးကြည့်ထား ၊ ရွာကအပျိုတွေ သည်းသည်းလူပ်ပြနေတဲ့ တေဇက အခြောက်ကြီးဟ....ထွီ.....ဟားးးးးးးးး"
" ........."
စားပွဲအောက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဆက်ပြောဟုသော မျက်နှာပေးဖြင့် ခေါင်းဆက်၍ ပြောမိသည်။
ဒီခွေးသားက အသာမနေချင်ဘူးပဲ .....။
" ပေးစမ်း အဲ့ ငါးကြော်"
ခွမ်း.....
အမူးသမားနဲ့ဖက်ပြီး ပြသနာမဖြစ်ချင်လို့ရှောင်မိသော်လည်း ကိုယ်ဆီသာ တိုက်ရိုက်လာနေသော စကားတွေကြောင့် တချက်မော့ကြည့်ပြီး စိတ်အာရုံကို ပင်ကျရည်အိုးထဲသာ မြုပ်နှံထားသည့်အချိန် ကြားလိုက်ရတဲ့ အခြောက်ဆိုတဲ့ အခေါ်အဝေါ်ကြောင့် ဒေါသက ဖျင်းခနဲ ထလာပြီ။
ထထိုးဖို့လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး ငနဲမင်းကို လာထိသော ငါးကြော်ပန်းကန်ကို မြေပြင်ပေါ် ပစ်ပေါက် ခွဲပလိုက်သည်။ ထန်းတောထဲကအမူးသမားတချို့က တေဇ အကြောင်းသိလို့ မူးရိပ်ပြေလုလု ၊ တချို့က ပြူးပြာစွာ မော့ကြည့်လျှက်၊ တချို့က တပ်ခေါက်ပြန်ဖို့ ဖိနပ်ကောက်နေကြပြီ။
" အေးဆေး နေလိုက် မင်းကို လစ်လိုက်တော့ "
" အ့....ငါခြေထောက်နဲ့ငါ လေ ၊မင်းစကားနားထောင်ရအောင် မင်းက ဘာလဲ ...အော် သိပြီ....အုပ်ကြီးကောင်မို့လား ....."
" ..............."
ခေါင်းကို မော့ပြီးမူးနေသူကို လည်ပင်းညစ်သတ်ပစ်ချင်စိတ်တွေ တဖွားဖွား ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရလွန်းလို့ အဆစ်တွေက အားပိုနေသရောင်။
" ဘာလဲ ငါစကားမှန်နေလား......ဒီလိုမှန်းရင် ဥက္ကဌသစ်လေးကို ငါ ကြံခဲ့ပါတယ်ကွာ၊ လဝန်းပြည့်ကျော်က ဖြူဖြူဖွေးဖွေးလေး....အ့....အား....."
အမူးသမား မင်းကို ပြောစကားမဆုံးခင် မြေပြင်ပေါ်တွန်းချခံလိုက်ရပြီး အကျီဟပြဲကို လက်တစ်ဖက်ကဆုပ်ကိုင်ပြီး မျက်နှာပေါ် တရစပ်ကျရလာသော တေဇ လက်သီးများကို မတားဆီးနိုင်ခဲ့။
အော်ဟစ်တားဆီးသံတွေကြားက မရပ်မနား ထိုးကျိတ်နေသော တေဇက အံ့ကိုတင်းတင်းကျိတ်ပြီး အသေသတ်မဲ့ ကိန်းမို့ သာအေးနဲ့ ဘေးလူအများက ဝင်ဆွဲရသည်။
တရစပ် တေဇလက်သီးစာမိထားသော မင်းကိုမျက်နှာက မြင်မကောင်းလောက်အောင်ဖူးရောင်ပြီး နှာခေါင်းထဲမှ သွေးယိုနေသည့်အလား ညာဖက်မျက်လုံးပေါက်ကိုမဖွင့်နိုင်ခဲ့။
" မင်းပါးစပ်ကနေ ဥက္ကဌဆိုတဲ့ အသံ ထပ်မထွက်နဲ့ ဟိတ်ကောင် မင်းက ဘာမို့ ဒီစကား ဟရဲတာလဲ ...ဟမ်...."
".............."
အထိုးခံ ထိထားသော မင်းကိုကတော့ မြေပြင်ပေါ် ပက်လက်ကလေးဖြင့် နူတ်ပြန်လှန်မထိုးနိုင်ခဲ့။
အမူးနာနေချိန်တရစပ်ကျရောက်လာသော တေဇလက်သီး ဇအားကို မခုခံနိုင်သည့်အပြင်ရှောင်တိမ်းချိန်မရ ဗြင်းခံလိုက်ရသည်။
" ဟိတ်ကောင်တွေ လွတ်စမ်း....ဒင်းကို သတ်ပစ်မယ်.....ဖယ်စမ်း ..."
" တော်ပြီလေကွာ.....တော်ပြီလေ ..."
"စိတ်ထိမ်းမှာပေါ့ ငါညီရာ ...."
" ငါကွာ.....ဟိတ်ကောင်တွေ ...ငါပြောထားမှတ်ထား ....ဥက္ကဌအမည်ကို မင်းတို့ခွေးပါးစပ်ကထွက်တဲ့နေ့ မင်းတို့ရဲ့သွားတွေကို အကုန်ရိုက်ချိုးပစ်မယ် ....တောက်...."
အော် သူ့လင်အမည်ထွက်ရုံဖြင့်သွား ချိုးခံရမည့်ကိန်းမို့သွားတွေ လုံအောင် ပါးစပ်စေ့စေ့ပိတ်ထားမိသည်က သာအေးနှင့်ကျွန်တော်။
သာအေးမိန်းမ ပါးစပ်ဟရဲပါအုံးမလား ။
ဖိနပ်ခါးကြားထိုးနေတဲ့ နှစ်ရှည်အမူးသမားတွေ သွားမကျွတ်ချင်သေးလို့ အရောင်ရောင်အမှားမှား လက်ဖြင့်ပါးစပ်ကို အုပ်ထားမိသည်။
တေဇမင်းမောင် အကြောင်း ကလေးကအစ တစ်ရွာလုံးအသိမို့ သူတို့သွားတွေ မြဲစေချင်သေးတယ်။ သွားချိုးဘဝ အရောက်မခံနိုင်။
သာအေးနှင့်ကိုမိုးက လက်တစ်ဖက်ဆီချုပ်ထားတဲ့ကြားက ခြေထောက်ဖြင့်အမိအရ ကန်ကြောက်နေပါသော သကောင်သား တေဇ။ မင်းကိုအပေါင်းအပါတွေကို ရွာထဲ ဆေးခန်းခေါ်သွားဖို့ ပြောဆိုရင်း သူ့လင်ထိရင် ခွေးစိတ် ထပေါက်တက်သော ညီတော်မောင်ကို ဆွဲခေါ်ကာ သာအေးထန်းတောထဲကနေ အလျှင်အမြန် ထွက်မိသည်။
" စိတ်ထိမ်းပါ တေဇရာ ....မကောင်းဘူးလေကွာ ...မင်းကအရင်လိုမဟုတ်တော့ဘူး "
" မပြောနဲ့ ကျုပ်အုပ်ကြီးအမည်ကို အဲ့ဒီခွေးသားဆီကနေ ထွက်မလာနဲ့ "
" အေးပါကွာ...သူလည်းမှတ်လောက်ပါပြီ "
" သတ်ပစ်မှာ ....ကျုပ်လူကိုထပ်ပြောကြည့် "
" အေးပါကွာ မပြောရဲလောက်တော့ပါဘူး ....အိမ်....အိမ်ပြန်ကြအောင်လေ ....ဦးလေးရောက်လောက်ပြီ "
" အင်း ပြန်မယ် ...."
တံတွေးတစ်ချက်ထွေးပြီး ဖုန်ခါ၍ ထသွားသူက ထိုးခံထိထားတာ သူလိုလို ။ ခြေတံမြင့်မြင့်ကို လွှားခနဲတက်၍ သိပ်မကြာခင်ကဝယ်ထားသော ဆိုင်ကယ်မြင့်ကြီးပေါ် တက်ကာ စမတ်ကျကျ မောင်းနှင်နေပြန်သည်။
တရဟောပြေးဆင်းလာတဲ့ တောကျချောင်းရေအလား တေဇဆိုင်ကယ်အမြန်နူန်းကြောင့် လေပေါ်ပျံနေသလားမသိ မျက်စိကိုစုံမှိတ်ပြီး နောက်မြီးမှာပါသော လက်ကိုင်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ ခမု၊ ကုန်းကသင်းတွေပေါ် လွှားခနဲ ပျံတက်နေသော ကျွန်တော်က ဆိုင်ကယ်အရှိန်ကြောင့် မြှီးညောင့်ရိုးကျိုးတော့မည်၊ ဆိုင်ကယ်ပြိုင်ပွဲဝင်နေသူအလား စီးနေသည့် ညီတော်မောင် တေဇ။ရသမျှဘုရားစာတွေလည်း သာအေးထန်းတောကအပြန်ရွတ်ရသည်က ကပေါက်ကချာ ၊ အမေပေးတဲ့အတိုင်း ရှိပါအုံးမလားလို့ မျက်ရည်ဝဲစွာ ဘုရားတမိသည်က အိမ်ရှေ့ စက်ရပ်သည်အထိ ။
" အမေပေးသော အသက်လေး ရတက်အေးရပါပြီ ဘုရား"
ရင်ဘတ်လေးကို လက်ဖြင့် အသာပုတ်၍ ကိုယ့်လိပ်ပြာကို ကိုယ်ပြန်ခေါ်နေမိသည်။
အိမ်ရှေ့ ဧည့်ခန်းမှာ လေး၊ငါးဦးထက်မနည်း ထိုင်၍စကားပြောနေကြသော လူကြီးတစ်ခု တရကြမ်းမောင်းနှင်လာသော ဆိုင်ကယ်သံကြောင့် အထိတ်ထိတ်အလန့်လန့် ရင်ဘတ်ဖိ၍ မိတ်ကောင်းဆွေဖော် တူတော်မောင် တေဇကို ကြည့်မိသည်။
စိတ်ဆတ်နေပုံထောက်ရင် ရန်ပွဲနွှဲလာပြီပေါ့။
တုန်တုန်ရီရီ ဆင်းလာသော ငမိုးကိုကြည့်ပြီး အခြေအနေကိုသိသူဆိုရမည့် ကြီးတော်က အပြေးလေးတပိုင်း တေဇကို ပတ်ခြာလှည့်၍ ထိခိုက်မူရှိမရှိ ကြည့်နေသည်။
မည်းပုပ်နေသော မျက်နှာထားဖြင့်သူဌေး ဦးမင်းမောင်က သားကိုလှည့်မကြည့်။
" ဘယ်လိုဖြစ်လာပြန်ရပြန်ပြီလဲ ငါ့တူရယ် ကြီးမြ ရင်ထိတ်လိုက်တာ ၊ ဆိုင်ကယ်ဖြေးဖြေးစီးမှာပေါ့ ကလေးရယ်"
" ဘာမှမဖြစ်ဘူးပူမနေနဲ့ ၊ ကျုပ်က ကလေးမဟုတ်တော့ဘူး လင်ယူတော့မှာ ကြီးမြ"
" အေးပါကွယ်...ယူပါ"
" ဟိတ်ကောင် မမကို ဘယ်လိုပြောနေတာလဲ မင်းကိုစိုးရိမ်လို့မေးနေတာ လူကြီးက "
" သားသား ဘာမှမဖြစ်ပါဘူး ကြီးမြ၊ သားကို စိတ်မပူပါနဲ့ဗျ ...သားသားကို ယောကျာ်းလိုက်တောင်းပေးနော် ...."
" ဟိတ်ကောင် ...တေဇ ၊ ငါကိုမရွဲ့ နဲ့ ....."
" ဘာလဲ အဖေရာ...ဟိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ် ......"
" ဝေ့ တေဇရေ....."
သားအဖ နှစ်ယောက် စကားစစ်ထိုးနေသည့်အထဲက အုပ်ကြီးရဲ့အမိန့်စကားအရ အကြိုတော်လွှတ်ပြီး တစ်ချက်လွတ်အာဏာပေးပို့လိုက်သည့် ဆယ်အိမ်ခေါင်း ကိုထူး။ ပုဆိုးတိုတို ဖြင့် ခပ်သုတ်သုတ်ကိုယ်အမည်က်ုသာ တရစပ်ရွတ်၍ လာနေသော ကိုထူး ။
" ဘာလဲ ...."
" ငါကို ဘာလဲမနေနဲ့၊ အုပ်ကြီးဆင့်ခေါ်စာအရ လာခေါ်ရတာ ...သားအေးထန်းတောထဲ ရန်ဖြစ်ခဲ့တယ်ဆို ....."
" အဲ့တော့ ဘာဖြစ်လဲ ...."
" အဲ့တော့မသိဘူး ....အုပ်ကြီးက ခုလာခဲ့တဲ့ လာသွားမယ်....."
" နေပါအုံးဗျာ....သွားနှင့် လိုက်ခဲ့မယ်......"
လက်ဆွဲခေါ်ခဲ့ပါမှာကြားသည့်အလား အတင်းလက်ဆွဲခေါ်နေသော ကိုထူးအား တစ်ချက်အော်၍ ပြောမိသည်။
ရန်ဖြစ်လို့ အုပ်ကြီးအိမ်ရောက်ရတယ်ဆိုပေမယ့် ယခုအခြေအနေနှင့် ယခင်က အခြေအနေသည်ကား မတူခဲ့။
" အဖေ....."
" ငါ ကို မခေါ်ဘူး၊ မင်းခေါ်တာ မင်းသွား...မင်းပြသနာ ..မင်းရှင်း....သွား..သွား...."
" ဘာလဲဗျာ...အဖေလည်း အရီးလေးအိမ်သွားမှာချင်း အတူတူ ....."
" မတူဘူး ဟ....ခုက မင်းရန်ဖြစ်ခဲ့လို့ မင်း....ငါ့သားမက်ပေးတဲ့အပြစ်ဒဏ် ခံလိုက်အုံး တေဇရေ...ဟားးးးးးးးးး"
" အဖေ!!!!!!!!!!"
" ဘာလို့ ဖအေကို လာအော်နေလဲ....သွားသွာ....ခေါ်သွား ငထူး ...တခါတည်း ထိပ်တုံးကို တစ်လလောက် ခတ်ပလိုက်လို့ ....အုပ်ကြီးကို ငါမှာတယ် ပြောလိုက် ....ငထူး "
" အဖေ..."
" ဗျာ....ဟုတ်....ဟုတ်ကဲ့ ဦးလေး "
" ဘာ ဟုတ်ကဲ့လဲ....ခင်များသေချင်ပြီလား ....."
" ငါကမဆိုင်ဘူးလေ တေဇရာ......ဟိုကခေါ်ခိုင်းလို့လေကွာ ....."
မျက်နှာငယ် ဖြင့် ရှင်းပြနေသော ဆယ်အိမ်ခေါင်း ကိုထူးကိုကြည့်ပြီး တစ်ခစ်ခစ်ရယ်နေသော ကိုမိုး ။ ငါ့နေရာ မင်းရောက်ပြီ ဆိုတဲ့ မျက်နှာပေးဖြင့် ။
ပုဆိုးကို ပြန်ပြင်ဝတ်၍ ဆံပင်တစ်ချက်သပ်ပြီး ဆိုင်ကယ်ဖြင့် တောင်ပိုင်းက ဆိုင်သူဆီသို့။
အရီလေးအိမ်ရှေ့ထောင့်က အရိပ်ရ မန်ကျည်းပင်အောက် စက်ရှိန်သပ်ပြီး ကိုယ်အလာကိုစောင့်မျှော်နေသည့် ဇနီးသည်ဆီ အယူခံဝင်ရန် မျက်နာပေါ်က ဇွတ်တရွတ်မာန်က်ုချ၍ လက်နှစ်ဖက်ကိုနောက်ပစ်ပြီး သွားနေသော တေဇက အုပ်ကြီးက်ို ချစ်ကြောက်ရိုသေဟန်ဖြင့်။
မောင့်ဆိုင်သူ အိမ်မှာ ကိုယ့်လက်ဖြင့်တွယ်လွတ်လိုက်သော သကောင့်သားမင်းကိုက ပတ်တီးအဖွေးစားနှင့် အည်ိုအမဲ တွေဖြင့်အလှဆင်ထားသည်။ မင်းကိုဘေးက သူငယ်ချင်းတစုက ကိုယ်အလာကိုရှိန်နေသလို မျက်နှာငယ်တွေဖြင့် ခေါင်းငုံသူကငုံ့၊ တဖစ်လှည့်သူကလှည့်ဖြင့် ကြိုဆိုနေသည်။
မရှိန်ရိုး ရှိမလား တေဇလက်သီး မြည်းလိုက်ရတဲ့ မင်းကို အံ့သွားကျိုးတယ်ဆိုပဲ .....အောက်သွားတွေပါ နှဲ့ လို့ ဆန်ပြုတ်သောက်ပေးရန် ညွှန်ကြားလိုက်သော ရွာလယ်က ဆေးဆရာ စကား နားထဲ တဝဲဝဲ လည်လည်မို့ တေဇမင်းမောင်ကို ဘာကိုမကြိုက်သလဲဆိုတာ အသည်းထဲ မှတ်ကြောက်တင်လိုက်သည်။
ခပ်တည်တည်မျက်နှာပေးဖြင့် စားပွဲထိပ်မှာ ခြေချိတ်ထိုင်ရင်း မောင်အလာကိုစောင့်နေသည့်အလား မှင်သေနေသော မျက်နှာဖြင့် မောင့်လဝန်းက ခုလာဆိုလို့ အရောက်လာရသည်။
ဥက္ကဌ လဝန်းပြည့်ကျော်၏ အာဏာစက်က တေဇမင်းမောင် ခေါင်းတစ်ချက်မခါရဲလောက်အောင် ကြောက်ရသည်။ မကြောက်ရိုး ရှိမလား ...မောင့်ဆ်ိုင်သူအိမ်က ထိပ်တုံးထဲ မောင်ညမအိပ်ချင်ဘူး၊ လဝန်းနှင့်အတူ မဂ်လာကုတင်ပေါ်မှာ တူနှစ်ကိုယ်နွှဲချင်ပြီလေ။
" မောင်.....အဲ ကိုယ့်ကို ခေါ်တယ် ဆိုလို့ ..."
အရီးလေးနှင့်မမက အိမ်ထဲကနေ မြေပဲလွှေးရင်း နားထောင်နေသည်ဆိုတာ တစ်ချက်ဝေ့ကြည့်ရုံဖြင့် သိသာစေသည်။
" ဆိုပါအုံး သာအေးထန်းတောထဲ ဖြစ်ခဲ့ရတဲ့ ပြသနာ ...."
" အော် ဒါလား......"
" ဒီလိုပါ ဥက္ကဌလေး.....ကျွန်တော်တို့လူက....."
" မင်းပါးစပ်ပိတ်ထား ......"
ရောင်ရမ်းပြီး ထ၍ အကြာင်းအရာ ရှင်းပြသူကို တစ်ချက်ပိတ်ငေါက်လိုက်သည်။ တုန်သွားသော အောင်ကြီး ကိုယ်ခန္ဓာက သက်သေမို့ လဝန်းဒေါသ ထွက်ရပြန်ပြီ။
" တိတ်စမ်း.....ဘာလို့ လူတစ်ယောက်ကို လက်လွတ်စပါယ်ထိုးကြိတ်လွတ်ရသလဲ ၊ ဘာအကြောင်းအရာတွေ ခိုင်မာနေလို့လဲ..."
မတ်တပ်ရပ်၍ ဒေါသတကြီး နူတ်ခမ်းလုံးလုံးလေးဖြင့် ဒေါသမာန်ကြီးပြောနေသောမောင့်ဆိုင်သူလေးကို ကြည့်ပြီး ချစ်မေတ္တာ ယိုဖိတ်မူက မြင်မကောင်း ။
အရင်နေ့ညက အရှိန်ကြောင့် ခပ်ထူထူ ပြည့်ဖောင်းဖောင်း နူတ်ခမ်းသားလေးနှစ်ခုကို ထော်ကာပြောနေသူကား လူကြားထဲ ဆွဲဖက်နမ်းပစ်မကောင်းရှိရော့မယ်။
မောင့်လဝန်း လေး တော်ရုံလောက်ပဲ မောင့်ကို မြူစွယ်၊ကလူသင့်တယ်နော်။
#မမ အတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
# Take care all
("တေးသစ္စာဖွဲ့ ချစ်ခြင်းမေတ္တာ " ဆိုတဲ့ fancy , romance type Fiction လေး နိဒါန်းစနေတယ် ။ ဂစ်တာတီးတော်ပြီး တေးသီချင်းသံချိုချိုလေးတွေ သီဆိုတက်တဲ့ ကိုယ်အဂ်ါချို့တဲ့သူ တိုင်းရင်းသားလေး ဗန်လွယ်အွေ့ ကိုတိုင်တည်ပြီး အားနည်းချို့တဲ့သူတွေအပေါ် လက်တွဲကူညီတက်စေရန် ရည်ရွယ်ချက်ဖြင့် ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးမို့စောင့်မျှော်ပေးနော်......let's follow and vote me)
——————————————————————————————————————————-
zawgyi
" ဟဲ့ ေတဇ နင္ အုပ္ႀကီးကို တက္အုပ္လိုက္တာဆို "
ခုခ်ိန္ ႐ြာ အေနာက္ဘက္ သာေအးထန္းေတာထဲ လူစည္ကားခ်ိန္ ေစ်းႀကီးေပးထားရေသာ စီးေတာ္ယာဥ္သားေတာ္ေမာင္ကို စက္ရွိန္သပ္ၿပီး အရိပ္ရ အပင္ေအာက္ရပ္မိသည္။
ထန္းေတာထဲ လူစည္ကားခ်ိန္ ညေနတေရာအခ်ိန္ သာေအးထန္းတဲမွာလည္း လူငယ္စုံလင္ခ်ိန္ ထန္းရည္အျမည္းခ်ရင္း ကိုယ္ေတြဆီကိုအေမာတေကာ ေျပးလာ၍ မိခ်ိဳကို ဆိုင္ကယ္ေပၚကမဆင္းေသးဘဲ မ်က္ေထာင့္နီျဖင့္ ခ်ိဳၾကည့္ၾကည့္ေပးလိုက္သည္။
" မိခ်ိဳ....."
" အိ......ဟိုေလ ေတဇ......ငါ...ငါ စကားမွားသြားလို႔ပါဟ "
" မိခ်ိဳ....ဒီဘက္က ေက်ာ္ႀကီးတို႔က အျမည္းေတာင္းေနတယ္ လာခဲ့ "
အေျခအေနမဟန္သည့္မို႔ အခ်ိန္အခါမသိ ေတြ႕ရာေျပာတက္တဲ့ မိန္းမကို ပိတ္ေငါက္၍ ေအာ္ေခၚလိုက္သည္။ ေတဇအေၾကာင္း မသိတာမဟုတ္ဘဲ မိခ်ိဳတို႔က လွ်ာရွည္ျပန္ၿပီ။ ေတဇက စိတ္သေဘာထားျဖဴေပမယ့္ ဥကၠဌအမည္ကို ေတြ႕ရာေနရာေတြမွာ ထည့္ေျပာတာမႀကိဳက္ဘူး ၊ အထူးသျဖင့္ ဥကၠဌေျခမခ်ဖဴးေသာ သည္လို ထန္းေတာဆို ပိုဆိုး။
" လာပါကြာ မိခ်ိဳက ဘာမွန္းသိတာမဟုတ္ဘူး စိတ္ေလ်ာ့ပါငါ့ညီရာ "
" မိန္းကေလးမို႔လို႔ .....အေရခြံ႕ဆြဲစုတ္ပစ္လိုက္ရ...."
" ေအးပါကြာ မင္းအေၾကာင္း ငါသိပါတယ္ ...ေဝ့...သာေအး ထန္းရည္တစ္ျမဴ ခ်ေဟ့ အျမည္းစုံပါေစ "
ေတဇအေၾကာင္းသိသူမို႔ စိတ္ေျပလိုေျပျငား ပုခုံးပုတ္၍ ေခ်ာ့ေမာ့ ေျပာၿပီး သာေအးထန္းေတာထဲေထာင့္က်တဲ့ စားပြဲဝိုင္းဆီ ညီအစ္ကိုႏွစ္ေယာက္ ေနရာယူမိသည္။
ခပ္ကုတ္ကုတ္ျဖင့္ အၿပဳံးမ်က္ႏွာျဖင့္ အေျပးလာေနေသာ သာေအးက တစ္ဖက္က ထန္းရည္ျမဴကိုကိုင္၍ တစ္ဖက္က အျမည္းပန္းကန္ကို မ, ကာ ေျပးလာသည္က ျမင္မေကာင္းေအာင္ ပုကြကြ၊ နက္ေမွာင္ေမွာင္၊ ႐ုပ္ၾကမ္းၾကမ္းကို ဖ်င္ၾကမ္းပုဆိုးဝတ္ထားေသာ အညာသား။
" ေရာ့ ေတဇ ငါးေၾကာ္ေလး....ခ်န္ထားေပးတယ္ "
" ေက်းဇူး ကိုသာေအး "
" မလိုပါဘူးကြာ ရတယ္ ေအးေဆး ေသာက္ "
မိခ်ိဳစကားအမွားကို ထ၍ မထိုးရန္ ေတဇစိတ္ေျပျငား မ်က္နာလုပ္၍ ဖားေနမိသည္။
ဒုန္း~ ...
စားပြဲကို လက္ျဖင့္ ထုနက္လိုက္ေနာ္ ေနာက္ဝိုင္းဆီက လာေသာ အသံ။ လွည့္ၾကည့္ဖို႔ရာ ေတဇ စိတ္မဝင္စား ....၊ အေဖ အခ်ိန္မီျပန္လာေစရန္ ပဲ ေမွ်ာ္ေနမိသည္။
သည္ည ေရာက္မွျဖစ္မယ္။
သည္ည ေမာင့္အိမ္သူေလးအနားပဲ ခိုနားခ်င္သည္။
တစ္မနက္ေလး ခြဲရတဲ့ ျဖစ္ပ်က္မူကို ပူေလာင္ကဲသမွ် ပတ္ဝန္းက်င္အသံကိုအာ႐ုံမထားဘဲ ပငါက်ရည္ေလးတစ္ခြက္ျဖင့္ ေမွ်ာခ်မိသည္။
" ဒါ ဘာသေဘာလဲ သာေအး ၊ ဒီမွာေသာက္ေနတာခ်င္းအတူတူ ေငြရွိတဲ့သူၾက မ်က္ႏွာလုပ္တာလား ဟိတ္ေကာင္ "
" မဟုတ္ပါဘူး မင္းကိုရာ ၊ မင္းတို႔မွာတာ လဘက္သုပ္ေလ အဲ့ဒါေၾကာင့္ မခ်မိတာပါ ငါ့ေကာင္ရ"
" အေစာကတည္းက ေျပာေလ ရွိတယ္ဆိုတာ ၊ ခုၾက ေဘး႐ြာကသူငယ္ခ်င္းေတြၾကား က်ဳပ္မ်က္ႏွာပ်က္ရတယ္ကြ၊ မင္းဆီကအလကားေသာက္တာမဟုတ္......"
တိတ္ဆိတ္သြားေသာ ေလထုကို ၇ဦးထက်မနည်းသော ေသာက္သုံးသူေတြက စိတ္ဝင္စားဟန္ျဖင့္ ၾကည့္ေနသည္။
ကိုယ့္ကိုရည္႐ြယ္ေျပာေနမွန္းသိေသာ္လည္း ကိုယ့္အမည္မပါလိူ႕ ေခါင္းေထာင္မၾကည့္ပဲ ပင္က်ရည္ေအးမွ်မွ်ကိုသာ ေမာ့ေနမိသည္။ ေလတိုက္တိုင္းရီေဝသည့္ ထန္းရည္အရွိန္ကို ျမတ္နိုးမိသည္ကာ လြန္ခဲ့တဲ့ ငါးႏွစ္၊ လူပ်ိဳေပါက္စၿပီဆိုကတည္းက ေမာ့လာခဲ့သည္ကား စြဲလန္းရသည့္ထဲ ဒီပင္က်ရည္ကို ေနဝင္ရီခ်ိန္တိုင္း တမ္းတမိသည္အထိ။
တစ္ခြက္ၿပီးတစ္ခြက္ ေမာ့ၿပီး မိခ်ိဳေၾကာ္ထားသည့္ ခပ္မဲမဲ ငါးေၾကာ္ကို ျမည္း၍ ရသခံမိသည္ ငံ့လိုက္သည့္ျဖစ္ျခင္း ၊ စကားေပါက္မတည့္တာမဟုတ္ဘဲ အခ်က္အျပဳတ္ ပါညံ့သည္ဟု မွတ္ခ်က္ခ်မိသည္။
သာေအးမိန္းမသည္ အလကား။ လွ်ာရွည္သေလာက္ အခ်က္အျပဳတ္ ခ်ာတူးလန္သကိုး...။
" ထြီ ~ ငံ့လိုက္သာဟ "
မ်က္စိမ်က္ႏွာပ်က္၍ လက္တစ္ဖက္ကို ဆုပ္ကိုင္ၿပီး လွမ္းတားေနေသာ ကိုမိုး။
ဒယိမ္းဒယိုင္ျဖင့္ သူငယ္ခ်င္းအားကိုးနဲ႕ မိုက္ေၾကးကြဲေနသာ အေနာက္ပိုင္းက မင္းကိုနဲ႕ အေပါင္းအပါမ်ား။ ကိုယ့္စားပြဲဝိုင္းကို ပုဆိုးမနိုင္၊ ဖင္မနိုင္ ေျခတစ္လွမ္း ေတာင္ခ် ေျမာက္က်သည့္ ႏူန့္ျဖင့္ လာေနေသာ မင္းကို ။
ခပ္နဲ႕နဲ႕ သာေအး စားပြဲပုကို လက္ျဖင့္ တစ္ခ်က္ထုၿပီး ကိုယ္ဆီ လက္ညွိုးဦးတည္ၿပီး ေမးေနပုံက ......
" မင္းက ဘာသေဘာလဲ၊ ေငြရွိတယ္ဆိုၿပီး "
ကိုယ့္ကိုေမးေနမွန္းသိေသာ္လည္းေျဖရမွာ ပ်င္းေနသည့္ဟန္ျဖင့္ တခ်က္ေမာ့မၾကည့္ၿပီး လွ်ာေပၚစြဲသြားေသာ အငံ့ဓါတ္ကို ပင္က်ရည္ျဖင့္သာ ေမ်ာခ်ရသည္။
လက္တစ္ျဖင့္ သြားေတာ့ဆိုၿပီး ခါျပေနတာကို မျမင္ရေလာက္ေအာင္ ကန္းေနသည့္ ငမိုက္သား၊ သူ႕ေနာက္က အေပါင္းအပါတစ္ခု ရန္ပြဲကိုစိတ္ဝင္စားဟန္ျဖင့္ ေခါင္းေထာင္၍ တေမ့တေမာေငးေနျပန္ေသးသည္။
" ဟိတ္ေကာင္ေတဇ....."
"............"
" ငါေမးတာကို ေမာ့မၾကည့္ရေအာင္ ဘာလဲ မင္းက၊ ေယာက်ားခ်င္း ႀကိဳက္တဲ့ အေျခာက္ေလ....ဟားးးးဟမ္ ....ဘာတဲ့ ...ေအ့...."
" အာ႐ုံပဲကြာ ..."
" ဟိတ္ေကာင္ေတြ မျမင္ဘူးၾကည့္ထား ၊ ႐ြာကအပ်ိဳေတြ သည္းသည္းလူပ္ျပေနတဲ့ ေတဇက အေျခာက္ႀကီးဟ....ထြီ.....ဟားးးးးးးးး"
" ........."
စားပြဲေအာက္က လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားၿပီး ဆက္ေျပာဟုေသာ မ်က္ႏွာေပးျဖင့္ ေခါင္းဆက္၍ ေျပာမိသည္။
ဒီေခြးသားက အသာမေနခ်င္ဘူးပဲ .....။
" ေပးစမ္း အဲ့ ငါးေၾကာ္"
ခြမ္း.....
အမူးသမားနဲ႕ဖက္ၿပီး ျပသနာမျဖစ္ခ်င္လို႔ေရွာင္မိေသာ္လည္း ကိုယ္ဆီသာ တိုက္ရိုက္လာေနေသာ စကားေတြေၾကာင့္ တခ်က္ေမာ့ၾကည့္ၿပီး စိတ္အာ႐ုံကို ပင္က်ရည္အိုးထဲသာ ျမဳပ္ႏွံထားသည့္အခ်ိန္ ၾကားလိုက္ရတဲ့ အေျခာက္ဆိုတဲ့ အေခၚအေဝၚေၾကာင့္ ေဒါသက ဖ်င္းခနဲ ထလာၿပီ။
ထထိုးဖို႔လက္ကိုက်စ္က်စ္ပါေအာင္ ဆုပ္ၿပီး ငနဲမင္းကို လာထိေသာ ငါးေၾကာ္ပန္းကန္ကို ေျမျပင္ေပၚ ပစ္ေပါက္ ခြဲပလိုက္သည္။ ထန္းေတာထဲကအမူးသမားတခ်ိဳ႕က ေတဇ အေၾကာင္းသိလို႔ မူးရိပ္ေျပလုလု ၊ တခ်ိဳ႕က ျပဴးျပာစြာ ေမာ့ၾကည့္လွ်က္၊ တခ်ိဳ႕က တပ္ေခါက္ျပန္ဖို႔ ဖိနပ္ေကာက္ေနၾကၿပီ။
" ေအးေဆး ေနလိုက္ မင္းကို လစ္လိုက္ေတာ့ "
" အ့....ငါေျခေထာက္နဲ႕ငါ ေလ ၊မင္းစကားနားေထာင္ရေအာင္ မင္းက ဘာလဲ ...ေအာ္ သိၿပီ....အုပ္ႀကီးေကာင္မို႔လား ....."
" ..............."
ေခါင္းကို ေမာ့ၿပီးမူးေနသူကို လည္ပင္းညစ္သတ္ပစ္ခ်င္စိတ္ေတြ တဖြားဖြား ။ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားရလြန္းလို႔ အဆစ္ေတြက အားပိုေနသေရာင္။
" ဘာလဲ ငါစကားမွန္ေနလား......ဒီလိုမွန္းရင္ ဥကၠဌသစ္ေလးကို ငါ ႀကံခဲ့ပါတယ္ကြာ၊ လဝန္းျပည့္ေက်ာ္က ျဖဴျဖဴေဖြးေဖြးေလး....အ့....အား....."
အမူးသမား မင္းကို ေျပာစကားမဆုံးခင္ ေျမျပင္ေပၚတြန္းခ်ခံလိုက္ရၿပီး အက်ီဟၿပဲကို လက္တစ္ဖက္ကဆုပ္ကိုင္ၿပီး မ်က္ႏွာေပၚ တရစပ္က်ရလာေသာ ေတဇ လက္သီးမ်ားကို မတားဆီးနိုင္ခဲ့။
ေအာ္ဟစ္တားဆီးသံေတြၾကားက မရပ္မနား ထိုးက်ိတ္ေနေသာ ေတဇက အံ့ကိုတင္းတင္းက်ိတ္ၿပီး အေသသတ္မဲ့ ကိန္းမို႔ သာေအးနဲ႕ ေဘးလူအမ်ားက ဝင္ဆြဲရသည္။
တရစပ္ ေတဇလက္သီးစာမိထားေသာ မင္းကိုမ်က္ႏွာက ျမင္မေကာင္းေလာက္ေအာင္ဖူးေရာင္ၿပီး ႏွာေခါင္းထဲမွ ေသြးယိုေနသည့္အလား ညာဖက္မ်က္လုံးေပါက္ကိုမဖြင့္နိုင္ခဲ့။
" မင္းပါးစပ္ကေန ဥကၠဌဆိုတဲ့ အသံ ထပ္မထြက္နဲ႕ ဟိတ္ေကာင္ မင္းက ဘာမို႔ ဒီစကား ဟရဲတာလဲ ...ဟမ္...."
".............."
အထိုးခံ ထိထားေသာ မင္းကိုကေတာ့ ေျမျပင္ေပၚ ပက္လက္ကေလးျဖင့္ ႏူတ္ျပန္လွန္မထိုးနိုင္ခဲ့။
အမူးနာေနခ်ိန္တရစပ္က်ေရာက္လာေသာ ေတဇလက္သီး ဇအားကို မခုခံနိုင္သည့္အျပင္ေရွာင္တိမ္းခ်ိန္မရ ျဗင္းခံလိုက္ရသည္။
" ဟိတ္ေကာင္ေတြ လြတ္စမ္း....ဒင္းကို သတ္ပစ္မယ္.....ဖယ္စမ္း ..."
" ေတာ္ၿပီေလကြာ.....ေတာ္ၿပီေလ ..."
"စိတ္ထိမ္းမွာေပါ့ ငါညီရာ ...."
" ငါကြာ.....ဟိတ္ေကာင္ေတြ ...ငါေျပာထားမွတ္ထား ....ဥကၠဌအမည္ကို မင္းတို႔ေခြးပါးစပ္ကထြက္တဲ့ေန႕ မင္းတို႔ရဲ႕သြားေတြကို အကုန္ရိုက္ခ်ိဳးပစ္မယ္ ....ေတာက္...."
ေအာ္ သူ႕လင္အမည္ထြက္႐ုံျဖင့္သြား ခ်ိဳးခံရမည့္ကိန္းမို႔သြားေတြ လုံေအာင္ ပါးစပ္ေစ့ေစ့ပိတ္ထားမိသည္က သာေအးႏွင့္ကြၽန္ေတာ္။
သာေအးမိန္းမ ပါးစပ္ဟရဲပါအုံးမလား ။
ဖိနပ္ခါးၾကားထိုးေနတဲ့ ႏွစ္ရွည္အမူးသမားေတြ သြားမကြၽတ္ခ်င္ေသးလို႔ အေရာင္ေရာင္အမွားမွား လက္ျဖင့္ပါးစပ္ကို အုပ္ထားမိသည္။
ေတဇမင္းေမာင္ အေၾကာင္း ကေလးကအစ တစ္႐ြာလုံးအသိမို႔ သူတို႔သြားေတြ ၿမဲေစခ်င္ေသးတယ္။ သြားခ်ိဳးဘဝ အေရာက္မခံနိုင္။
သာေအးႏွင့္ကိုမိုးက လက္တစ္ဖက္ဆီခ်ဳပ္ထားတဲ့ၾကားက ေျခေထာက္ျဖင့္အမိအရ ကန္ေၾကာက္ေနပါေသာ သေကာင္သား ေတဇ။ မင္းကိုအေပါင္းအပါေတြကို ႐ြာထဲ ေဆးခန္းေခၚသြားဖို႔ ေျပာဆိုရင္း သူ႕လင္ထိရင္ ေခြးစိတ္ ထေပါက္တက္ေသာ ညီေတာ္ေမာင္ကို ဆြဲေခၚကာ သာေအးထန္းေတာထဲကေန အလွ်င္အျမန္ ထြက္မိသည္။
" စိတ္ထိမ္းပါ ေတဇရာ ....မေကာင္းဘူးေလကြာ ...မင္းကအရင္လိုမဟုတ္ေတာ့ဘူး "
" မေျပာနဲ႕ က်ဳပ္အုပ္ႀကီးအမည္ကို အဲ့ဒီေခြးသားဆီကေန ထြက္မလာနဲ႕ "
" ေအးပါကြာ...သူလည္းမွတ္ေလာက္ပါၿပီ "
" သတ္ပစ္မွာ ....က်ဳပ္လူကိုထပ္ေျပာၾကည့္ "
" ေအးပါကြာ မေျပာရဲေလာက္ေတာ့ပါဘူး ....အိမ္....အိမ္ျပန္ၾကေအာင္ေလ ....ဦးေလးေရာက္ေလာက္ၿပီ "
" အင္း ျပန္မယ္ ...."
တံေတြးတစ္ခ်က္ေထြးၿပီး ဖုန္ခါ၍ ထသြားသူက ထိုးခံထိထားတာ သူလိုလို ။ ေျခတံျမင့္ျမင့္ကို လႊားခနဲတက္၍ သိပ္မၾကာခင္ကဝယ္ထားေသာ ဆိုင္ကယ္ျမင့္ႀကီးေပၚ တက္ကာ စမတ္က်က် ေမာင္းႏွင္ေနျပန္သည္။
တရေဟာေျပးဆင္းလာတဲ့ ေတာက်ေခ်ာင္းေရအလား ေတဇဆိုင္ကယ္အျမန္ႏူန္းေၾကာင့္ ေလေပၚပ်ံေနသလားမသိ မ်က္စိကိုစုံမွိတ္ၿပီး ေနာက္ၿမီးမွာပါေသာ လက္ကိုင္ကိုသာ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားမိသည္။ ခမု၊ ကုန္းကသင္းေတြေပၚ လႊားခနဲ ပ်ံတက္ေနေသာ ကြၽန္ေတာ္က ဆိုင္ကယ္အရွိန္ေၾကာင့္ ျမႇီးေညာင့္ရိုးက်ိဳးေတာ့မည္၊ ဆိုင္ကယ္ၿပိဳင္ပြဲဝင္ေနသူအလား စီးေနသည့္ ညီေတာ္ေမာင္ ေတဇ။ရသမွ်ဘုရားစာေတြလည္း သာေအးထန္းေတာကအျပန္႐ြတ္ရသည္က ကေပါက္ကခ်ာ ၊ အေမေပးတဲ့အတိုင္း ရွိပါအုံးမလားလို႔ မ်က္ရည္ဝဲစြာ ဘုရားတမိသည္က အိမ္ေရွ႕ စက္ရပ္သည္အထိ ။
" အေမေပးေသာ အသက္ေလး ရတက္ေအးရပါၿပီ ဘုရား"
ရင္ဘတ္ေလးကို လက္ျဖင့္ အသာပုတ္၍ ကိုယ့္လိပ္ျပာကို ကိုယ္ျပန္ေခၚေနမိသည္။
အိမ္ေရွ႕ ဧည့္ခန္းမွာ ေလး၊ငါးဦးထက္မနည္း ထိုင္၍စကားေျပာေနၾကေသာ လူႀကီးတစ္ခု တရၾကမ္းေမာင္းႏွင္လာေသာ ဆိုင္ကယ္သံေၾကာင့္ အထိတ္ထိတ္အလန့္လန့္ ရင္ဘတ္ဖိ၍ မိတ္ေကာင္းေဆြေဖာ္ တူေတာ္ေမာင္ ေတဇကို ၾကည့္မိသည္။
စိတ္ဆတ္ေနပုံေထာက္ရင္ ရန္ပြဲႏႊဲလာၿပီေပါ့။
တုန္တုန္ရီရီ ဆင္းလာေသာ ငမိုးကိုၾကည့္ၿပီး အေျခအေနကိုသိသူဆိုရမည့္ ႀကီးေတာ္က အေျပးေလးတပိုင္း ေတဇကို ပတ္ျခာလွည့္၍ ထိခိုက္မူရွိမရွိ ၾကည့္ေနသည္။
မည္းပုပ္ေနေသာ မ်က္ႏွာထားျဖင့္သူေဌး ဦးမင္းေမာင္က သားကိုလွည့္မၾကည့္။
" ဘယ္လိုျဖစ္လာျပန္ရျပန္ၿပီလဲ ငါ့တူရယ္ ႀကီးျမ ရင္ထိတ္လိုက္တာ ၊ ဆိုင္ကယ္ေျဖးေျဖးစီးမွာေပါ့ ကေလးရယ္"
" ဘာမွမျဖစ္ဘူးပူမေနနဲ႕ ၊ က်ဳပ္က ကေလးမဟုတ္ေတာ့ဘူး လင္ယူေတာ့မွာ ႀကီးျမ"
" ေအးပါကြယ္...ယူပါ"
" ဟိတ္ေကာင္ မမကို ဘယ္လိုေျပာေနတာလဲ မင္းကိုစိုးရိမ္လို႔ေမးေနတာ လူႀကီးက "
" သားသား ဘာမွမျဖစ္ပါဘူး ႀကီးျမ၊ သားကို စိတ္မပူပါနဲ႕ဗ် ...သားသားကို ေယာက်ာ္းလိုက္ေတာင္းေပးေနာ္ ...."
" ဟိတ္ေကာင္ ...ေတဇ ၊ ငါကိုမ႐ြဲ႕ နဲ႕ ....."
" ဘာလဲ အေဖရာ...ဟိုလည္းမဟုတ္၊ ဒီလိုလည္းမဟုတ္ ......"
" ေဝ့ ေတဇေရ....."
သားအဖ ႏွစ္ေယာက္ စကားစစ္ထိုးေနသည့္အထဲက အုပ္ႀကီးရဲ႕အမိန့္စကားအရ အႀကိဳေတာ္လႊတ္ၿပီး တစ္ခ်က္လြတ္အာဏာေပးပို႔လိုက္သည့္ ဆယ္အိမ္ေခါင္း ကိုထူး။ ပုဆိုးတိုတို ျဖင့္ ခပ်သုတ်သုတ်ကိုယ်အမည်က်ုသာ တရစပ္႐ြတ္၍ လာေနေသာ ကိုထူး ။
" ဘာလဲ ...."
" ငါကို ဘာလဲမေနနဲ႕၊ အုပ္ႀကီးဆင့္ေခၚစာအရ လာေခၚရတာ ...သားေအးထန္းေတာထဲ ရန္ျဖစ္ခဲ့တယ္ဆို ....."
" အဲ့ေတာ့ ဘာျဖစ္လဲ ...."
" အဲ့ေတာ့မသိဘူး ....အုပ္ႀကီးက ခုလာခဲ့တဲ့ လာသြားမယ္....."
" ေနပါအုံးဗ်ာ....သြားႏွင့္ လိုက္ခဲ့မယ္......"
လက္ဆြဲေခၚခဲ့ပါမွာၾကားသည့္အလား အတင္းလက္ဆြဲေခၚေနေသာ ကိုထူးအား တစ္ခ်က္ေအာ္၍ ေျပာမိသည္။
ရန္ျဖစ္လို႔ အုပ္ႀကီးအိမ္ေရာက္ရတယ္ဆိုေပမယ့္ ယခုအေျခအေနႏွင့္ ယခင္က အေျခအေနသည္ကား မတူခဲ့။
" အေဖ....."
" ငါ ကို မေခၚဘူး၊ မင္းေခၚတာ မင္းသြား...မင္းျပသနာ ..မင္းရွင္း....သြား..သြား...."
" ဘာလဲဗ်ာ...အေဖလည္း အရီးေလးအိမ္သြားမွာခ်င္း အတူတူ ....."
" မတူဘူး ဟ....ခုက မင္းရန္ျဖစ္ခဲ့လို႔ မင္း....ငါ့သားမက္ေပးတဲ့အျပစ္ဒဏ္ ခံလိုက္အုံး ေတဇေရ...ဟားးးးးးးးးး"
" အေဖ!!!!!!!!!!"
" ဘာလို႔ ဖေအကို လာေအာ္ေနလဲ....သြားသြာ....ေခၚသြား ငထူး ...တခါတည္း ထိပ္တုံးကို တစ္လေလာက္ ခတ္ပလိုက္လို႔ ....အုပ္ႀကီးကို ငါမွာတယ္ ေျပာလိုက္ ....ငထူး "
" အေဖ..."
" ဗ်ာ....ဟုတ္....ဟုတ္ကဲ့ ဦးေလး "
" ဘာ ဟုတ္ကဲ့လဲ....ခင္မ်ားေသခ်င္ၿပီလား ....."
" ငါကမဆိုင္ဘူးေလ ေတဇရာ......ဟိုကေခၚခိုင္းလို႔ေလကြာ ....."
မ်က္ႏွာငယ္ ျဖင့္ ရွင္းျပေနေသာ ဆယ္အိမ္ေခါင္း ကိုထူးကိုၾကည့္ၿပီး တစ္ခစ္ခစ္ရယ္ေနေသာ ကိုမိုး ။ ငါ့ေနရာ မင္းေရာက္ၿပီ ဆိုတဲ့ မ်က္ႏွာေပးျဖင့္ ။
ပုဆိုးကို ျပန္ျပင္ဝတ္၍ ဆံပင္တစ္ခ်က္သပ္ၿပီး ဆိုင္ကယ္ျဖင့္ ေတာင္ပိုင္းက ဆိုင္သူဆီသို႔။
အရီေလးအိမ္ေရွ႕ေထာင့္က အရိပ္ရ မန္က်ည္းပင္ေအာက္ စက္ရွိန္သပ္ၿပီး ကိုယ္အလာကိုေစာင့္ေမွ်ာ္ေနသည့္ ဇနီးသည္ဆီ အယူခံဝင္ရန္ မ်က္နာေပၚက ဇွတ်တရွတ်မာန်က်ုချ၍ လက္ႏွစ္ဖက္ကိုေနာက္ပစ္ၿပီး သြားေနေသာ ေတဇက အုပ်ကြီးက်ို ခ်စ္ေၾကာက္ရိုေသဟန္ျဖင့္။
ေမာင့္ဆိုင္သူ အိမ္မွာ ကိုယ့္လက္ျဖင့္တြယ္လြတ္လိုက္ေသာ သေကာင့္သားမင္းကိုက ပတ္တီးအေဖြးစားႏွင့္ အည်ိုအမဲ ေတြျဖင့္အလွဆင္ထားသည္။ မင္းကိုေဘးက သူငယ္ခ်င္းတစုက ကိုယ္အလာကိုရွိန္ေနသလို မ်က္ႏွာငယ္ေတြျဖင့္ ေခါင္းငုံသူကငုံ႕၊ တဖစ္လွည့္သူကလွည့္ျဖင့္ ႀကိဳဆိုေနသည္။
မရွိန္ရိုး ရွိမလား ေတဇလက္သီး ျမည္းလိုက္ရတဲ့ မင္းကို အံ့သြားက်ိဳးတယ္ဆိုပဲ .....ေအာက္သြားေတြပါ ႏွဲ႕ လို႔ ဆန္ျပဳတ္ေသာက္ေပးရန္ ၫႊန္ၾကားလိုက္ေသာ ႐ြာလယ္က ေဆးဆရာ စကား နားထဲ တဝဲဝဲ လည္လည္မို႔ ေတဇမင္းေမာင္ကို ဘာကိုမႀကိဳက္သလဲဆိုတာ အသည္းထဲ မွတ္ေၾကာက္တင္လိုက္သည္။
ခပ္တည္တည္မ်က္ႏွာေပးျဖင့္ စားပြဲထိပ္မွာ ေျခခ်ိတ္ထိုင္ရင္း ေမာင္အလာကိုေစာင့္ေနသည့္အလား မွင္ေသေနေသာ မ်က္ႏွာျဖင့္ ေမာင့္လဝန္းက ခုလာဆိုလို႔ အေရာက္လာရသည္။
ဥကၠဌ လဝန္းျပည့္ေက်ာ္၏ အာဏာစက္က ေတဇမင္းေမာင္ ေခါင္းတစ္ခ်က္မခါရဲေလာက္ေအာင္ ေၾကာက္ရသည္။ မေၾကာက္ရိုး ရွိမလား ...မောင့်ဆ်ိုင်သူအိမ်က ထိပ္တုံးထဲ ေမာင္ညမအိပ္ခ်င္ဘူး၊ လဝန္းႏွင့္အတူ မဂ္လာကုတင္ေပၚမွာ တူႏွစ္ကိုယ္ႏႊဲခ်င္ၿပီေလ။
" ေမာင္.....အဲ ကိုယ့္ကို ေခၚတယ္ ဆိုလို႔ ..."
အရီးေလးႏွင့္မမက အိမ္ထဲကေန ေျမပဲေလႊးရင္း နားေထာင္ေနသည္ဆိုတာ တစ္ခ်က္ေဝ့ၾကည့္႐ုံျဖင့္ သိသာေစသည္။
" ဆိုပါအုံး သာေအးထန္းေတာထဲ ျဖစ္ခဲ့ရတဲ့ ျပသနာ ...."
" ေအာ္ ဒါလား......"
" ဒီလိုပါ ဥကၠဌေလး.....ကြၽန္ေတာ္တို႔လူက....."
" မင္းပါးစပ္ပိတ္ထား ......"
ေရာင္ရမ္းၿပီး ထ၍ အၾကာင္းအရာ ရွင္းျပသူကို တစ္ခ်က္ပိတ္ေငါက္လိုက္သည္။ တုန္သြားေသာ ေအာင္ႀကီး ကိုယ္ခႏၶာက သက္ေသမို႔ လဝန္းေဒါသ ထြက္ရျပန္ၿပီ။
" တိတ္စမ္း.....ဘာလို႔ လူတစ္ေယာက္ကို လက္လြတ္စပါယ္ထိုးႀကိတ္လြတ္ရသလဲ ၊ ဘာအေၾကာင္းအရာေတြ ခိုင္မာေနလို႔လဲ..."
မတ္တပ္ရပ္၍ ေဒါသတႀကီး ႏူတ္ခမ္းလုံးလုံးေလးျဖင့္ ေဒါသမာန္ႀကီးေျပာေနေသာေမာင့္ဆိုင္သူေလးကို ၾကည့္ၿပီး ခ်စ္ေမတၱာ ယိုဖိတ္မူက ျမင္မေကာင္း ။
အရင္ေန႕ညက အရွိန္ေၾကာင့္ ခပ္ထူထူ ျပည့္ေဖာင္းေဖာင္း ႏူတ္ခမ္းသားေလးႏွစ္ခုကို ေထာ္ကာေျပာေနသူကား လူၾကားထဲ ဆြဲဖက္နမ္းပစ္မေကာင္းရွိေရာ့မယ္။
ေမာင့္လဝန္း ေလး ေတာ္႐ုံေလာက္ပဲ ေမာင့္ကို ျမဴစြယ္၊ကလူသင့္တယ္ေနာ္။
#မမ အတြက္ vote ေပးခဲ့ဖို႔ မေမ့နဲ႕ေနာ္
# Take care all
("ေတးသစၥာဖြဲ႕ ခ်စ္ျခင္းေမတၱာ " ဆိုတဲ့ fancy , romance type Fiction ေလး နိဒါန္းစေနတယ္ ။ ဂစ္တာတီးေတာ္ၿပီး ေတးသီခ်င္းသံခ်ိဳခ်ိဳေလးေတြ သီဆိုတက္တဲ့ ကိုယ္အဂ္ါခ်ိဳ႕တဲ့သူ တိုင္းရင္းသားေလး ဗန္လြယ္ေအြ႕ ကိုတိုင္တည္ၿပီး အားနည္းခ်ိဳ႕တဲ့သူေတြအေပၚ လက္တြဲကူညီတက္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ ေဖာ္က်ဴးထားတဲ့ ဇာတ္လမ္းေလးမို႔ေစာင့္ေမွ်ာ္ေပးေနာ္......let's follow and vote me)
-
Bạn đang đọc truyện trên: ZingTruyen.Xyz