ZingTruyen.Xyz

ဥက္ကဌယောကျာ်း

Part title

maiyuri18

"ဗျာ ..ကျွန်တော်မလုပ်ချင်ဘူး ၊ ကျွန်တော်အေးဆေးနေချင်တယ် အမေ "

"တိတ်စမ်း နင် ဒီရွာမှာ အုပ်ချုပ်ရေးမှူးဝင်ပြိုင်ရမယ်ဒါပဲ။ ဘယ်နှယ့်တော် ဆွေစဉ်မျိုးဆက် ဥက္ကဌမျိုးရိုးဖြစ်ပါရက်နဲ့ သားကြမှ မလုပ်ချင်ဘူး ငြင်းသတဲ့၊ ကိုယ့်အဖေမျက်နှာကိုမှမထောက် ။ ညနေ ရွာဦးကျောင်းမှာ အုပ်ချုပ်ရေးမှူးရွေးပွဲရှိတယ် နင်ငါ့စကားကိုနားထောင် လဝန်း"

"ဟုတ်ပါတယ် မောင်လေးရယ်၊ မမတို့ မန်ကျည်းစုရွာ တစ်ရွာလုံးကလည်း နင်ကို ထောက်ခံကြတယ် ၊ နင်အုပ်ချုပ်ရေးမှူး ဖြစ်မှလည်း ဖြစ်မယ်ဟ၊ မဟုတ်ရင်မြောက်ပိုင်းက သူဌေးသားတေဇက တစ်ရွာလုံးကို အပိုင်သိမ်းပြီးအုပ်ချုပ်ချင်နေတာ မောင်လေးအသိပဲ။ တို့ရွာမှာ တခြားလူတွေကြလည်း မပြေဘူးလေ အမေစကားနားထောင်ပါနော်"

မောင်လေးက အနေအေးအေး၊ ခပ်ဆိုးဆိုး၊ မဟုတ်မခံလေး။ ဒီမန်ကျည်းစုရွာရဲ့ အုပ်ချုပ်ရေးပိုင်းက ကျွန်မတို့ဘိုးဘွားလက်ထပ်ကတည်း ရွာသူကြီး ။သမာသမတ်ကြကြ အုပ်ချုပ်ခဲ့ကြတာ ခုကျွန်မအဖေလက်ထက်အထိ။ အဖေက လူကြီးရောဂါဖြင့် ဆုံးပါးပြီးမကြာမှီ ရွာမှာ ဥက္ကဌရွေးဖို့ တာဆူနေပြီ။ ဟိုယခင်ကတည်းက မြောက်ပိုင်း၊တောင်ပိုင်း နှစ်ပိုင်းကွဲချင်နေခဲ့ကြတာ အဖေက ငြိမ်းချမ်းစွာအုပ်ချုပ်ခဲ့တော့ ပြသနာမဖြစ်ခဲ့ကြ။ ခု မြောက်ပိုင်းက ဥက္ကဌလုပ်မယ်၊ တောင်ပိုင်းကမခံ အထူးသဖြင့်တစ်ရွာလုံးရဲ့ မျက်နှာဖုံး ဝါးကုန်သည်ဆန်စပါးကုန်သည်သားတေဇမင်းမောင် ။ တေဇက ခပ်ဆိုးဆိုး ခပ်ပွေပွေ၊ တစ်ရွာလုံးအပျိုမကျန်ဘူး ငွေရှိသားပီပီ ဆိုးပေတယ်။
တေဇက သဘောလေးကကောင်းရှာတယ်၊ ဆယ်တန်းအောင်ပြီး အပေါင်းအသင်းတွေနဲ့ အရက်သောက်၊ဖဲရိုတ်၊ ရည်စားထား လူငယ်သဘာဝ ပီပီဆိုးတယ် ကြားမိတယ်။ မောင်လေး လဝန်းထက် နှစ်နှစ်ငယ်တဲ့ တေဇက မောင်လေးလဝန်းနဲ့ကြ အကုန်မီးငြိမ်း။ မောင်လေးကလည်း တေဇဆို ဘယ်ဘဝကမျက်မုန်း ကျိုးခဲ့လည်းမသိ ကြည့်မရ။

ညနေလေးနာရီ မန်ကျည်းစုရွာဦးကျောင်းမှာ လူတွေက ဟိုတစ်ခု၊ဒီတစ်စု ။ အုပ်ချုပ်ရေးမှူးဟောင်းဆုံးပါးသွားတော့ ရွာကလူတွေ နှမျောတသ၊ သမာသမတ်ကြသော သူ၊ ဘက်မလိုပဲ ဆုံးဖြတ်တက်သူ၊ ရပ်ရွာကောင်းကျိုးအမြဲသယ်ပိုးဆောင်ရွက်သူ၊ အမွှာလေးတွေအဖေ အုပ်ချုပ်ရေးမှူးဟောင်း ဦးပြည့်ကျော်။

"ဟဲ့ အေးနွယ် နင်ဘယ်သူကိုမဲပေးမလဲ ကျုပ်ကတော့ ကိုလဝန်းပဲ မဲထည့်မယ်။ ဟိုသူဌေးသားတေဇနဲ့ အကွာကြီး ၊ ရုပ်ရည် ၊ ပညာ ယှဉ်မရဘူးသိလား ။ တေဇကအစိုင်းအစိုင်း ငွေရှိတော့ထင်တိုင်ကျဲနေတာ သူသာ ကျုပ်တို့ရွာ ဥက္ကဌ ဖြစ်ရင်တော့ အယ်မလေးလေး..မတွေးရဲစရာပဲ"

"တိုးတိုးပြော ဟဲ့ တေဇလူတွေ ကြားလို့ နင်ကို လာ ထု ထောင်း နေမယ် ၊ တို့ကလည်း ကိုလဝန်းပဲ မဲထည့်မှာ ကိုလဝန်းကိုကြည့်ရတာ အေးချမ်းလွန်းလို့ ကျုပ်ဖြင့် ဥက္ကဌ ကတော်ဖြစ်ဖို့ မျှောမှန်းရမယ်"

ရွာဦးကျောင်း ဆောင်ကြီးအောက် ဟိုလူကိုမဲထည့်၊ ဒီလူကိုမဲထည့်ဖို့ အချင်းချင်းဆွေးနွေးကြသည့် မန်ကျည်းစုရွာသူရွာသားများ။ တစ်ရွာလုံးရဲ့စည်းပွါးရေးက ဝါးကိုအခြေခံ၍ အိမ်အကာထရံ၊ အိမ်အမိုးဝါးကတ်များ ဖျာယက်၍ အသက်မွှေးဝမ်းကျောင်းပြုကြရသည်။ ဝါးကုန်သည် ဦးမင်းမောင်တို့က တစ်ရွာလုံးကို ဝါးလိုရင်ဝါး ၊ ဆန်လိုရင်ဆန် ၊ ငွေလိုရင်ငွေ ထုတ်ပေးပြီး ထရံ၊ ကတ်ကို ကာလပေါက်စျေးနဲ့ သိမ်းသည်။ ဝါးကိုအခြေခံ၍ လုပ်ကိုင်ရသည်မို့ သူနဲ့မကင်းနိုင်သူက အတော်များများ။

" လူစုံကြပြီလား၊ ဘုန်းဘုန်းကတော့ ဘာမှမပြောချင်ဘူး၊ တောင်မြောက်ကိုခွဲခြားဖို့မကြိုးစားနဲ့၊ ဘိုးဘွားတွေလက်ထက်ကတည်းက သင့်သင့်မြတ်မြတ်နေလာကြတာ၊ခု ဥက္ကဌရွေးပွဲမှာလဲ သူ့လူ၊ ငါ့လူ မရွေးဘဲ ရပ်ရွာအကျိုးကိုသယ်ပိုးနိုင်မယ့်သူကို အဓိကထားရွေးကြပါ၊ တစ်ရွာတည်းနေ တစ်ရေတည်းသောက်တွေမို့ တစ်ယောက်နှင့်တစ်ယောက် ဆွေးမျိုးမကင်းဘူး၊ ပြသနာမဖြစ်စေနဲ့ "
"တင်ပါ့ ဘုရား"

"တို့ရွာက လူငယ်တွေ ဘယ်သူကို မဲပေးကြမလဲဆုံးဖြတ်ပါ၊ ဒီဘက် က ကိုလဝန်းပြည့်ကျော်နှင့် ကိုတေဇမင်းမောင်တို့ကိုပဲ အဓိက ထား မဲပေးကြရမှာပါ။ မဲအရေအတွက်များသူကို ဥက္ကဌခန့်မှမို့ မဲပေးနိုင်ပါပြီ"

ရပ်ရွာထဲက အသက်ကြီးသူတစ်ဦးရဲ့စကားအဆုံး သူသူ၊ငါငါမဲပေးကြတယ်။ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေလို ထိုင်နေကြသော ကျွန်တော်နဲ့ မောင့်လဝန်းလေး ။ ဟား...ဒီကကောင်က သိပ်ဆိုးတယ်နော် ခင်များသိဖို့။ ရွေမရှား၊ ငွေမရှားဒီကကောင်မှာ လိုနေတာ မောင့်ဘဝကိုအေးချမ်းစေမယ့် မောင့်လဝန်းလေး။မဲရွေးပွဲမှာ မောင် ရူံးလဲ ဘာမှမဖြစ်ဘူးသိလား။ ဒီရွာမှာ ကျုပ်က ဥက္ကဌ ဖြစ်ရင်ဖြစ် ၊ ဥက္ကဌမဖြစ်ရင် ဥက္ကဌယောကျာ်းဖြစ်ရမယ်။ ဒါကျုပ်ရဲ့ တစ်ခုတည်းသောဆန္ဒ...မောင့်လဝန်းလေး သိပါလေစ။
————————————————————————————

" အမေသားက တော်ပြီးသား၊ သားဘိုးဘွားတွေလက်ထက်ကလိုပဲ ငါးပါးသီလစောင့်ထိန်းပြီး တို့များမန်ကျည်းစုရွာကို အုပ်ချုပ်ရမယ်နော် သား။ ခေတ်အခြေအနေတွေပြောင်းလာတော့ ကိုယ့်ရွာလေးကို နောက်ကြကျန်မနေစေချင်ဘူး။ ရွာထဲကလူငယ်တွေကိုလည်း ပညာတက်အောင်၊ အသိပညာတိုးလာအောင် သား တက်အားတဲ့ဘက်က ကူညီပါသား၊ မောင်တေဇက ရွာထဲက လူတွေပြောသလိုလည်းမဆိုးရှာပါဘူး၊ သူ့တို့နဲ့အကြွေးမကင်းတဲ့သူတွေ အမြင်မှာတော့ အပြစ်အနာအဆာ၊ ငါသားက ကိုယ့်တစ်ရွားသားပီပီ နားလည်ရမယ်နော်"

"ဟုတ်အမေ သားခဏနေ ဘုန်းကြီးဆီသွားရမယ် ..ပြောစရာရှိလို့တဲ့ "

"မမ စိတ်ချမယ်နော် ဥက္ကဌအသစ်လေး ၊ ရွာထဲက အပျိုတွေကတော့ ဥက္ကဌအသစ်ကိုကြိုဆိုကြတာမြင်မကောင်းဘူးလေ ဟားးး"

"မမကလည်းဗျာ...."
မနေ့ကမဲရလဒ် အဖြေအရ ကျွန်တော်က မန်ကျည်းစုရွာရဲ့ ဥက္ကဌအသစ်။ တစ်ရွာလုံးက ထောက်ခံပေးကြလို့ ဖြစ်လာရတဲ့ ဒီရာထူး၊ အေးဆေးနေချင်သောကျွန်တော်။ ခက်ပြီ ဘိုးဘွားပိုင်ဆိုင်မူရှိလို့ စားရေးသောက်ရေးမပူရပေမယ့် လူ့လောကအရူပ်ထုပ်တွေကိုတော့ ကူညီဖြေရှင်းမနေချင်ဘူး။တေလေဂျပိုးတွေရှာတဲ့ပြသနာ ခေါင်းခံဖြေရှင်းပေးရတာမလွယ်လှဘူး။ အဆိုးဆုံးက ရွာမြောက်ပိုင်းက သူဌေးသား ဟိုအကောင်တေဇ အသက်ကငယ်ငယ် ဆေးလိပ်၊ ထန်းရည် အကုန် သူမသောက်တာဘာမှမရှိ၊ ရွာထဲအပျိုလည်း သူနဲ့လွတ်သူမရှိ။ ရှာလိုက်တဲ့ပြသနာ ၊ ရှင်းရတဲ့အမူ။ခွေးကောင် မနေ့က ငါကို ဘယ်လိုကြည့်သွားတာလဲ။ နှာဘူးကောင် ငါများ မိန်းကလေးမှတ်နေလား ။ မထိတရိပြောကြည့်စမ်း ပထမဆုံးစီရင်ချက်မှာ မင်းပဲ။အတွေးများစွာဖြင့် ဘုန်းဘုန်းကျောင်းဆီသို့။

"မောင့်လဝန်းလေးပါ့လား ဘယ်လဲ ကျုပ် ဘာကူညီရမလဲ "

"မလိုဘူး တေဇ ..ကိုယ့်လမ်းကိုယ်သွား"

"ဟ..ခင်များက ဘာတွေအထာကိုင်နေလဲ ကျုပ်ကို စကားစပြောရဖို့ ကြိုးစားနေသူတွေတစ်ပုံကြီး၊ ကျုပ်ကမေးနေတာပဲ ဖြေပေါ့ .ခုဘယ်လဲ "

"ဟိတ်ကောင် မင်းကိုအေးဆေးပြောနေတာ နားကန်းနေလား သွား..လာမရူပ်နဲ့"

"ကျုပ်ကို မနှင်နဲ့ဗျ...ကျုပ်ကရွဲ့တက်တယ်နော်၊ နောက်တခါနှင်လို့ကတော့ မောင့်လဝန်းခြင်ထောင်ထဲထိ အရောက်လာမှာ ဟား......"

"ခွေးကောင်...ငါ-ိုးမသား ခွေးစကားမပြောနဲ့ ဖယ်"

"ဟ...ဆဲတယ်ဝေ့ ..အေးနော် အိမ်ဦးနတ်ကိုမဆဲကောင်းဘူးဗျ...ဟား....."

ကျက်သတုံးကောင်၊ ခွေးကောင် လူကို သူ့မယားမှတ်နေသလားမသိ။ အထီးမှန်းမသိ၊ အမမှန်းမသိ ငမ်းတဲ့အကောင်။ ဒီကောင်နဲ့တွေ့ရင် အကုသိုလ်များလွန်းလို့ မတွေ့ပါရစေနဲ့ ဆုတောင်းမိတာ ၊ ဘယ်တန်ခိုးရှင်ကမှ မကြားမိလေရော့သလား။ ဆုတောင်းကလည်း မပြည့်။

————————-
"အစ်ကိုမိုး လာအုံး..တောင်ပိုင်းက တစ်အိမ်အိမ်မှာ ဝါးကြွေးတောင်းခဲ့၊ မပေးနိုင်တဲ့အိမ်ကိုရွေးတောင်း၊ ပြသနာရှာခဲ့ ၊ အဓိက ပြသနာဖြစ်ပြီး ဥက္ကဌအိမ်ရောက်ဖို့လိုတယ် ကျုပ်ပြောတာသဘောပေါက်လား"

"ဟေ...အေးအေး...တေဇ မင်း အရီးလေးသမီးကိုကြံနေတာတော့မဟုတ်ပါဘူးနော်"

"ကြံစရာလား မမမေမီက ကျုပ်အစ်မပါဗျာ..ကျုပ်ကြံတာက တစ်ရွာလုံးကိုအုပ်ချုပ်နေတဲ့ဥက္ကဌကို အပိုင်ချိုင်ဖို့ပဲ၊အခုကတည်းက ပိုဆိုးမယ် ၊ရန်ဖြစ်မယ် ဒါမှ ဥက္ကဌအိမ်က ကိုယ့်အိမ်ဖြစ်မှမဟုတ်လား"

"ဟား...အေးပါကွာ ဦးလေးတို့သိကြလား.."

"အေးဆေး အဖေတို့က သိတယ်၊ ကျုပ်ကို ဘာမှမပြောဘူး ကျုပ်ပြောတာသေချာလုပ်ပေးနော်"

မောင်လေ ခင်များလေးအနား လာနေပြီ ။ သူများတွေလို ချစ်တာ ၊ မေတ္တာဖွဲ့နွဲ့မပြောချင်ဘူး၊ခင်များလေးနဲ့ တစ်ကုတင်တည်းအိပ်ဖို့ မှန်းတော့တာပဲ။ ဥက္ကဌက ငယ်ငယ်ချောချောမို့ ရွာထဲက အပျိုတွေ ရေလာမြောင်းဖောက်ရုံမဟုတ်ဘူး တာတမံဆည်တွေ တူးဖော်ကုန်ကြပြီ။ မောင်နောက်ကျလို့မဖြစ်ဘူး ၊ ခင်များလေးကို ငယ်ငယ်လေးကတည်းက မြတ်နိုးလာရတာ။ ခင်များက မောင်ဆိုးတာ၊ ပွေတာပဲမြင်တာကို မောင်ရဲ့ နှလုံသားကိုကြ မမြင်ဘူး။ မရဘူးခင်များလေး ရွာထဲက အပျိုတွေလို ဥက္ကဌကတော်ဖြစ်ဖို့မှန်းမနေဘူး ၊ မောင်က ဥက္ကဌကို တက်သိမ်းပစ်မယ့် ဥက္ကဌယောကျာ်းလုပ်မယ်။
——————-
"အရီးလေး၊မမမေမီ..."

"အေး လာတေဇ..ဒီမှာငါ့မောင်ရဲ့လူတွေ တောင်ပိုင်းက ကိုဖိုးကြီးတို့အိမ်မှာအကြွေးတောင်းကြရင်း ပြသနာဖြစ်ကြတယ်ဆိုလား"

"ဟုတ်လား..တောင်းပန်ပါတယ်အရီလေး ကျွန်တော်ထိမ်းသိမ်းလိုက်ပါ့မယ်ကျွန်တော်လူတွေက်ု ဒါနဲ့ မမမောင်ရော မတွေ့မိပါ့လား"

ခွေးကောင်တေဇ...သူဖန်တီးခိုင်းလို့ငါမှာ ကိုဖိုးကြီးနဲ့နပမ်းကိုင်ခဲ့ရသေးတယ်။အစ်ကိုဘာဖြစ်သွားလဲတစ်ချက်မမေးဘူး လင်ပဲမျှော်နေတာ။ အား..နာလိုက်တာ ကိုဖိုးကြီး၊ သူလည်းအတော်ထိမှာပဲ။အမော်ရေ ကယ်ပါ ..။

ညက ဟိုကောင်တွေနဲ့ထန်းရည်သောက်များလို့မနက်အစောမထနိုင်။ ဥက္ကဌအိမ်ကဆင့်ခေါ်စာ လာမှ ထပြင်ဆင်လာမိတယ်။ အားနာပါတယ် အစ်ကိုမိုး ၊အိမ်ရောက်မှပဲ သေချာကုသပေးပါ့မယ်၊ ခင်များချစ်သူအနောက်ပိုင်းက မမော်ကြီးကိုလက်ထပ်ဖို့လည်းကူညီပါ့မယ်ဗျာ။

"လာပီမောင်လေးတေဇ...ဟိုမယ် "

အားလားလား ပတ်တီးကြီးနဲ့ပါ့လား ကိုဖိုးကြီး။တောင်းပန်တယ်ဗျာ..ခင်များအကြွေး နောက်မှလျှော်ပေးမယ် ခုတော့ နဲနဲခံလိုက်ပါအုံး။ တစ်ဖက်ကိုကြည့်မိတော့ ရင်ထဲ သိမ့်ခနဲ။ လှလိုက်တာ မောင့်လဝန်းရာ၊မောင်တော့ ခုကို သိမ်းချင်နေပြီ။ ရွာသားဆိုလို့ မဲတူးနေမယ်မထင်နဲ့ဗျ။ ဝင်းဖန့်နေသောအသားအရည်၊ မျက်နှာဝိုင်းဝိုင်း၊မျက်လုံးဝိုင်းဝိုင်းလေးနဲ့ နူတ်ခမ်းဖူးဖူးလေးက မောင်အပိုင်။ ခန္ဓာကိုယ်အချိုးအစားကျစွာ ၊အရပ်က ၅ပေ၅ ပတ်ချာလည်နဲ့ သေးသွယ်သောခါးကျဉ်ကျဉ်လေးက မောင်အတွက် သီးသန့်ထုဆစ်လေသလား။ ဖြစ်နေပြီ..ဒီကောင်တေဇ တော်တော်ကိုဖြစ်နေပြီ မောင် ....ခင်များလေးကိုပိုင်ဖို့ အချိန်ပြည့်ကြံတော့မယ်။ ချစ်လိုက်တာဗျာ။

"ကဲ ခုကိစ္စ မင်းဘက်ကဘယ်လိုတာဝန်ယူမလဲ တေဇ"

"မောင်...အဲ ဥက္ကဌသဘောပါ၊ ဥက္ကဌဆုံးဖြတ်တဲ့အတိုင်း လက်ခံမှာပါ၊ ဥက္ကဌ သဘောအတိုင်းလုပ်ပါ၊ ဒီဖက်က ကိုဖိုးကြီးကိုလည်းကျုပ်လူတွေအတွက် တောင်းပန်ပါတယ် ၊ဆေးဖိုးဝါးခ ကအစ အလုပ်မလုပ်နိုင်တဲ့နေ့တွေအတွက် နေ့စားခပါ ပေးပါ့မယ်..ဥက္ကဌ"

ဟယ်..ဘယ်တုန်းကလူဆိုးကောင်တေဇ ၊ဘယ်လိုတောင်လိမ်မာသွားလဲ။ ဆေးမှားသောက်ထားသလား။ ဘယ်သူစကားမှနားမထောင်တဲ့ ကောင်က မျက်နှာငယ်လေးနဲ့။ ဥက္ကဌအိမ်မှာ ရောက်နေကြတဲ့ ကျွန်တော်ဖက်တော်သားတွေ၊ ကိုဖိုးကြီးမိသားစုနဲ့အမျိုးတွေကအစ မမမေမီတို့ အားလုံးက အံ့ဩနေကြသည်။ ဟုတ်တယ် မောင်လိမ်မာနေတာ ခင်များလေးကိုချစ်လို့၊ ခင်များလေးက မချစ်ရင် ဓါးပြဗိုလ်ကြီး ဗိုလ်အောင်ဒင်ထက်ပို ဆိုးပေးမယ်။ မောင့်ရဲ့အရာရာက ခင်များလေး ပါးစပ်ဖျားမှာပဲ။

" ကဲကိုဖိုးကြီးကရော ဘာတွေပြောချင်သေးလဲ "
"ရပါပြီ ဥက္ကဌ ကျွန်တော်လည်းစိတ်မထိမ်းနိုင်လို့ ဖြစ်ကြတာပါ၊ ကိုတေဇတို့ဖက်က လည်းအကုန်တာဝန်ယူပေးတာမို့ ကျေအေးပေးပါတယ်ဥက္ကဌ"

"အင်းပါနောက်မဖြစ်စေနဲ့ဗျာ၊ စိတ်ထိမ်းကြပေါ့ ခုတစ်ဖက်နဲ့တဖက် အဆင်ပြေရင်ပြီးရောပါ ပြန်လို့ရပါပြီ"

တစ်ဖက်နှင့်တစ်ဖက် ကျေအေးကြသည်မို့ ခေါင်းရူပ်ရသက်သာသည်။ ဆိုင်ရာကိုယ်စီပြန်ကြပေမယ့် မျက်နှာချင်းဆိုင်ထိုင်နေသော မျက်နှာရူးကောင်တေဇက ဘာထ ဖြစ်ပြန်ပြီလဲ အိမ်မပြန်ဘဲ။ ဘယ်ဘဝက ကံကြွေးလည်းမသိ၊ တကယ် မြင်တာနဲ့ရိုတ်သတ်ချင်တဲ့ရုပ်၊ ကိုယ်ထက်အငယ်ဆိုပေမယ့် ကျန်တဲ့ကိစ္စအားလုံးမှာ သူက စီနီယာ..။ငပွေးကောင်၊လူရူပ်လူပွေ။

"မင်းကမပြန်သေးဘူးလား"

"မောင်လား..ဒါတောင်ပိုင်းထဲကမောင်အိမ်လေ..ဟဲ...စတာ စိတ်တိုမနေနဲ့၊ မနက်ဖန် မြို့ပေါ်တက်မှာဆို အဲ့ဒါ မောင်လိုက်ပို့မယ် "

"အဲ့ဒါငါကိစ္စ မလိုဘူး ငါ့ရဲ့ ခြေလက်အကောင်းကြီး၊ ငါကိုလာမရူပ်နဲ့ ပြန်တော့ သွား"

"ဟဲ့သား ဘယ်လိုပြောလိုက်တာလည်း တေဇကိုအားနာစရာ ..မြို့ပေါ်ကို သူလိုက်ရင် အဖော်တောင်ရသေး ၊ သားတစ်ယောက်တည်း အမေလည်းစိတ်မချပေါင်"

"အမေ...သားက, ကလေးမဟုတ်.."

"တော်တော့သား..လာသားတေဇ တခါတည်း နေ့လည်စာစားသွား..."

အို.ဘယ်လောက်ကံကောင်းမူကြီးလဲ ယောက္ခမက ကိုယ့်ဘက်မှာ၊ အား..ညတိုင်းမိဘနှစ်ပါးအတူ ယောက္ခမလောင်းကိုပါ ကန်တော့အိပ်ရမယ်။ အရင်က ဆိုးခဲ့မိ တာ နောင်တအနည်းငယ်တော့ရမိသား။
——————————————-
အတိတ်ကံဖူးစားပါရင်ရှောင်လွဲမရဘူးတဲ့။ ခွေးကောင်တေဇနဲ့တော့ ကံမပါချင်ဘူး။ တေဇကလွဲ ဘယ်သူဖြစ်ဖြစ်အဆင်ပြေပါတယ်ဘုရားလို့ ဆုတောင်းရမလား။မြို့ပေါ်အသွား၊အပြန် ဟိုမှာ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးလုပ်တာတောင် ထိုင်စောင့်နေတယ်သူ။ လူကို ရိသဲ့သဲ့ပြောတာတွေ၊ မထိတထိ အတွေ့အအထိတွေ ၊ မင်းဘာကိုဆိုလိုတာလဲ။ ငါတို့ကယောကျာ်းလေးနှစ်ယောက်၊ lgbtကိုလက်ခံပေးနေကြတဲ့ ခေါတ်ထဲ ငါလည်း လူဂွစာမဟုတ်ပါဘူး။ မင်းကိုငါမယုံဘူးတေဇ၊ မင်းကမိန်းကလေးပဲကြိုက်တဲ့သူ လက်တည့်စမ်းချင်စိတ်နဲ့တော့ ငါဆီဦးမတည်ပါနဲ့လား။ငါက မိန်းကလေးမကြိုက်ဘူးဆိုပေမယ့် ဘယ်ယောကျာ်းလေးကိုမှ မြူစွယ်နေတာမဟုတ်ဘူး၊ ဖြစ်တည်လာတဲ့ ငါစိတ်တိမ်းညွှတ်မူကို ငါမိသားစုလွဲ ဘေးလူမသိစေရဘူး။ ငါဘာသာအေးချမ်းနေတဲ့ဘဝကို လာရူပ်စမ်းပါနဲ့ကွာ။
——————————————-

" ရပ်ရွာထဲက လူငယ်တွေ ခေါ်ရတဲ့အကြောင်းက တခြားမဟုတ်ဘူး ဘုန်းဘုန်းကျောင်းရှေ့ကဗွက်အိုင်ကို မြေဖို့ချင်တာရယ်၊ ရွာထဲနဲ့တဆက်တည်းဖြစ်အောင် ခြုံတွေရှင်းပြီး လမ်းဖော်ကြဖို့ရယ် ၊ မိုးရာသီမဝင်ခင် အပြီးလုပ်ချင်တယ် မောင်လဝန်း၊ ရွာကလူငယ်တွေကလည်း မောင်လဝန်းစကားနားထောင်ပြီး ဝိုင်းဝန်းကူညီကြပါ ၊ဘုန်းဘုန်းကလည်း အလှူတော်ငွေ သိန်း၁၀ မ,တည်ပြီး ရပ်ရွာထဲက အလှူရှင်တွေနှင့်အတူ တို့ရွာလေး က လမ်းတွေကို ပြင်ချင်တာပဲ "

"တင့်ပါ့ဘုးရား..တပည့်တော် ရွာထဲကလူတွေဆော်ဩပြီး အမြန်ဆုံးဆောင်ရွက်ပါ့မယ်ဘုရား"

"ဘုန်းဘုန်းဘုရား တပည့်တော်တို့မိသားစုမှ မ,တည်ငွေ ၈သိန်း, လှူပါ့မယ်ဘုရား.."

"သာဓုx၃ ပါကွယ် မောင်တေဇ ပြောင်းလဲလာတာ ဘုန်းဘုန်းဝမ်းသာတယ် ၊မင်းအဖေလည်း ကျောင်းလာခဲ့အုံးလို့ပြောလိုက် ကြားလား"

"တင့်ပါ့ဘုရား.."

ဘုန်းဘုန်းသားတော် လိမ်မာလာတာ သူ့ကြောင့်ပါဘုရား။ ကိုယ်အပြုအမူတွေ၊ အကြင်နာတွေကို မယုံကြည်သလို ဖြစ်နေတဲ့သူကိုလည်း အပြစ်မတင်ချင်၊ တချိန်က ကိုယ်ကလည်း ဆိုးပေ ခဲ့တာကို။ သူလက်ခံလာအောင် ၊ ယုံကြည်လာအောင် ကြိုးစားရမှာပါ ။

ဘုန်းဘုန်းဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ရွာထဲလမ်းနဲ့တစ်ဆက်တည်း ဖြစ်ဖို့ရယ်၊ ဘုန်းဘုန်းကျောင်းရှေ့က ဗွက်အိုင်ကို သဲကျောက် ဖို့ခင်းလို့ အောင်မြင်စေခဲ့တယ်။ အလှူတော်ငွေ အတော်များများရခဲ့သည်မို့ ရွာထဲလမ်းတွေပါ တစ်ခါတည်း ကျောက်စရစ်လမ်း ခင်းပေးဖြစ်တယ်၊ သူကတော့ တမူထူးခြားပြီး လူငယ်တွေကို ဦးဆောင်ကာ ဆောက်ရွက်နေတယ်။ တစ်ချိန်က အရက်သောက် ဖဲကစား ၊ မိန်းမပွေခဲ့တာ သူမှ ဟုတ်ရဲ့လားမေးယူရသည့်အထိ အတော်ပြောင်းလဲလာတယ်။ သူကိုမချစ်မိအောင်ထိမ်းနေမိတဲ့ ငါနှလုံးသားကလည်း ငါစကားနားမထောင်ခဲ့ဘူး။ ငါ ငါ...မကျန်ခဲ့ချင်ဘူးတေဇ။

"မင်း နေမကောင်းဘူးလား တေဇ၊ နားလိုက်လေ မင်း နေ့တိုင်း လုပ်အားပေးနေရတာ "

"ရပါတယ်ဗျာ..မောင်ကိုစိုးရိမ်နေသလား ဥက္ကဌလေး"

ဟား...စလိုက်မိလို့ထင်တယ်။ နူတ်ခမ်းစူပြီး လုပ်အားပေးနေတဲ့အဖွဲ့တွေဆီ ထသွားတယ်။ ချစ်လိုက်တာဗျာ...ဒီလမ်းခင်းနေစဉ်တစ်ချိန်လုံး မောင် ခင်များလေးနဲ့အရင်ကထက် ပိုရင်းနှီးလာတယ်။ မောင်အချစ်တွေကို ယုံကြည်ပေးပါဗျာ၊ မောင်တကယ်ချစ်တာပါ။ အဖေကလည်းလည်းမေးနေပြီယောကျာ်းဘယ်တော့လိုက်တောင်းပေးရတော့မလားတဲ့၊ မောင်ဘာပြန်ပြောရမလဲ။ မောင် ခင်များလေးက်ုကြိုက်နေတာ ဒီလုပ်အားပေးလူငယ်တစ်ဖွဲ့လုံးသိတယ်။ မောင်ဘက်ကို အလေးပေးပါ့တော့လား...

" ဟို.ကိုလဝန်း တေဇလေ မနေ့က ညနက်မှရေချိုးမိတာခု အအေးမိနေပြီ၊ ပြန်ပါလို့ပြောတာလဲ မပြန်ဘူး၊ လက်ပေါက်သိပ်ခက်တာ အဲ့တာ...ကိုလဝန်း တခါတည်းခေါ်သွားပေးပါ့လား ပြန်ရင်းနဲ့မို့"

"ဟုတ်တယ်ဥက္ကဌရေ တေဇ တကယ် လိမ်မာလာတာ အရင်ကနဲ့များတခြားဆီ ခု ထန်းတောကို အဖော်ခေါ်တာ မရဘူး အပိုးကျိုးချက်ပဲ "

"တေဇမိဘတွေက ဝါးဖောင်ချ အထက်ကိုခဏသွားတယ် ဥက္ကဌ ၊အိမ်မှာက ကျွန်တော်ရယ် တေဇရယ် အလုပ်သမားတွေပဲရှိတော့ မပြေလို့ အားနာနာနဲ့အကူအညီးတောင်းပါရစေ ..ဥက္ကဌရယ် တေဇကို ခဏ ဥက္ကဌအိမ် ခေါ်သွားပေးလို့ရမလား ကျွန်တော်ပြန်လာရင်လာခေါ်ပါ့မယ် "

"အာ...ရပါတယ် အစ်ကိုမိုးရ ...ကျွန်တော်ခေါ်သွားလိုက်မယ် ..အိမ်မှာအမေရှိတော့ ဆေးတိုက်ဘာညာပြေတာပေါ့ ...ဒါဆို ကျွန်တော်ပြန်မယ်နော် အဖွဲ့တို့..တခုခုဆို ကျွန်တော်ဆီလာပေးပါနော်"
"ဟုတ်ကဲ့ပါ ကိုလဝန်း...ပြန်ပါ"

ငတေရေ ငါတို့အဖွဲ့ကတော့ မင်းကို စင်ပေါ်တင်လိုက်ပြီ၊ မီးစဉ်ကြည့်ကတော့ကွာ..ငါပေးလိုက်တဲ့ဆေးလည်း သောက်ပေါ့။ မင်းမနက်ဖန် အိုရမှာ ကျိန်းသေတယ် ၊ ငါတို့ ရဲရဲကြီး အာမခံတယ် ငါ့ကောင်။ ဘာလိုလိုနဲ့ တေဇတောင် ယောကျာ်းရတော့မှာပါ့လား...အရီးလေးရေ ...။မနက်ဖန် ဘယ်ကောင်က အထက်၊ အောက် ပုဂ္ဂိုလ်လဲ ခွဲခြားရမယ်။ ငတေရေ ဆေးကုန်တော့ မသောက်နဲ့ဟ အိမ်ပြိုမယ်။

"လာသား..ဟဲ့ဘယ်သူ တေဇနေမကောင်းဘူးလား"

"ဟုတ်တယ် အမေ သူ့အိမ် ကလူကြီးတွေမရှိလို့ အိမ်ခဏခေါ်လာတာ "

"အေးအေး သားအခန်းထဲခေါ်သွားလေ..အမေစားစရာတခုခု မင်းမမကို ပြင်ခိုင်းလိုက်မယ်"

ကျေးဇူးကြီးလှပါတယ် ငါ့ကောင်တို့ရာ၊ မင်းတို့ကျေးဇူးမမေ့ပါဘူး ။ငါမဂ်လာပွဲကြ အမုန်းကဲဖို့ ငါအကုန်တာဝန်ယူပေးမယ်။ ဘာမှမသိရှာတဲ့ကျွန်တော့်ယောကျာ်းလောင်းကတော့ အဖျားကျအောင် ရေပက်တိုက်ဖို့ ပြင်နေလေရဲ့။ မင်းယောကျာ်းတေဇက အကောင်းကြီး ဘာမှမဖြစ်ဘူး ၊ ဥက္ကဌကို တက်သိမ်းဖို့ ခဏ ဟန်ဆောင်မိတာ မောင်ကို ခွင့်လွတ်နော်ဗျ ။ ခင်များလေးကို စိတ်မချတော့ဘူးရယ်၊ ရွာထဲက အပျိုတွေနဲ့ ယှဉ်လုရမယ့်ပွဲမှာ မောင်က ဒဿမင်း အဖြစ်နဲ့ ခင်များလေးကို အပိုင်သိမ်းပါရစေ။ မောင်ကို ခွင့်လွတ်နော်ဗျ။

"သား..တေဇသက်သာလား၊ အမေ ညအစောပိုင်း ဘုန်းကြီးကျောင်းတရားနာသွားစရာရှိတယ် ၊ သားတို့အဆင်ပြေလား။ သားမမကလည်း တောင်းပိုင်းက ဘကြီးအိမ် မိအေးတို့နဲ့ခဏ သွားစောင့်ပေးရမယ်တဲ့"

" ဟုတ်ပြေပါတယ်အမေ ..အမေသာစိတ်ဖြောင့်ဖြောင့်နဲ့ တရားသွားနာပါဗျ"

ကျွန်တော်လူပျိုဘဝကို နိဂုံးချုပ်စေရမယ့် ညမှန်းသိရင် သူကိုလည်းအိမ်မခေါ်ခဲ့သလို၊ အမေကိုလည်းတရားနာမလွတ်ခဲ့ဘူး။ အရှက်ကွဲကိန်းပါရင် ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အကြောင်းဖန်လာတာရယ်။

"ဟင်း..အင်း...."

ဘာအသံလဲ ညည်းသံလား ထကြည့်မိတော့ အမောင်တေဇ၊ အဖျားပျင်းနေလားမသိ တ အင်း..အင်းနဲ့။ အမေကလည်း ခုအပြင်ထွက်သွားပြီ၊ မမကလည်း ဘကြီးအိမ်မှာ ငါဘာလုပ်ရမယ်။ ဒုခတော့ရောက်ပြီ ။

"တေဇ..တေဇ..ထအုံးဘယ်လိုနေလဲ"

"ဟင်..အင်...မောင့်လဝန်း..မောင်...မောင်ထိမ်းမရတော့ဘူး..မောင်ကိုကူညီနော်..မောင်တောင်းပန်ပါတယ်"

ဟင်..အဖျားပျင်းပြီးဘာတွေပြောနေပါလိမ့် တွေးနေစဉ် ကျွန်တော်ကို ကုတင်ပေါ်ဆွဲချပြီး ၊ စတင်နမ်းရိူက်ကျူးကျော်မိသည့်ကျွန်တော်နူတ်ခမ်းမှစ၍ နေရာလပ်မကျန် ကျွန်တော့်တစ်ဘဝလုံးကိုပါ သိမ်းကျုံး ပြီး ကျုးကျော်သွားခဲ့သည်။ ယောကျာ်းလေးနှစ်ရဲ့လှော်ခတ်နေသော အချစ်လှေလေးဟာ အဆုံးအစမရှိမက်မောခြင်း ပင်လယ်ပြင်မှာ မောဟိုက်ခြင်း၊ ပင်ပမ်းခြင်း၊ သာယာခြင်း၊ ကျေနပ်ခြင်းတွေနဲ့အတူ ဘယ်ချိန်အိပ်ပျော်သွားလဲ အချိန်နာရီမသိ။ အိမ်မက်ထဲထိပျော်ရွှင်စွာကူးခတ်နေသောလှေလေး မနက်အာရုံအလင်းမှာ ဘာတွေကြုံတွေ့ရမလဲမသိ။

ဒေါက် ~ဒေါက်

"မောင်လေး...တေဇ...မိုးလင်းနေပြီ..."

ကလေးတွေ တကယ်ပဲ အအိပ်ကြီးသကိုး။ နိုးမရဘူး...တကယ်ပဲ မောင်လေးတေဇ ထမှထနိုင်ရဲ့လားအဖျားအတော်ပြင်းနေလားမသိ အခန်းတံခါးကို ဆွဲအဖွင့်....

"အယ်မလေး....အမေရေ....အမေ..."

"ဟဲ့ ဘာဖြစ်တာလဲ သမီး.."

ဘုရား..ဘုရား.....ဘာတွေဖြစ်ကုန်ပြီလဲ။

Naked ကြီးနဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်၍အိပ်ပျော်နေပါသော ကျွန်တော်တို့နှစ်ယောက်....

"တေဇ..."

"အင်း..ဘာမှမဖြစ်ဘူး..မောင်ကိုယုံပေး...အားလုံးကိုမောင်ကတာဝန်ယူမှာ မောင့်လဝန်းလေး "

"မောင်ပြောပါတယ်....မောင်က ဒီကျေးရွာမှာ ဥက္ကဌ ဖြစ်ရင်ဖြစ်၊ ဥက္ကဌ မဖြစ်ရင် ဥက္ကဌယောကျာ်းဖြစ်ရမယ်လို့..ချစ်တယ်နော် မောင့်လဝန်းလေး"

" .............."

" အဖေရေ မြို့ပေါ်က ကျွန်းကုတင်ခိုင်ခိုင်ခံခံတစ်ခုသာ ဝယ်ပေးတော့ဗျို့ ........"

————————————————————

#Follow and vote me.

zawgyi

"ဗ်ာ ..ကြၽန္ေတာ္မလုပ္ခ်င္ဘူး ၊ ကြၽန္ေတာ္ေအးေဆးေနခ်င္တယ္ အေမ "

"တိတ္စမ္း နင္ ဒီ႐ြာမွာ အုပ္ခ်ဳပ္ေရးမႉးဝင္ၿပိဳင္ရမယ္ဒါပဲ။ ဘယ္ႏွယ့္ေတာ္ ေဆြစဥ္မ်ိဳးဆက္ ဥကၠဌမ်ိဳးရိုးျဖစ္ပါရက္နဲ႕ သားၾကမွ မလုပ္ခ်င္ဘူး ျငင္းသတဲ့၊ ကိုယ့္အေဖမ်က္ႏွာကိုမွမေထာက္ ။ ညေန ႐ြာဦးေက်ာင္းမွာ အုပ္ခ်ဳပ္ေရးမႉးေ႐ြးပြဲရွိတယ္ နင္ငါ့စကားကိုနားေထာင္ လဝန္း"

"ဟုတ္ပါတယ္ ေမာင္ေလးရယ္၊ မမတို႔ မန္က်ည္းစု႐ြာ တစ္႐ြာလုံးကလည္း နင္ကို ေထာက္ခံၾကတယ္ ၊ နင္အုပ္ခ်ဳပ္ေရးမႉး ျဖစ္မွလည္း ျဖစ္မယ္ဟ၊ မဟုတ္ရင္ေျမာက္ပိုင္းက သူေဌးသားေတဇက တစ္႐ြာလုံးကို အပိုင္သိမ္းၿပီးအုပ္ခ်ဳပ္ခ်င္ေနတာ ေမာင္ေလးအသိပဲ။ တို႔႐ြာမွာ တျခားလူေတြၾကလည္း မေျပဘူးေလ အေမစကားနားေထာင္ပါေနာ္"

ေမာင္ေလးက အေနေအးေအး၊ ခပ္ဆိုးဆိုး၊ မဟုတ္မခံေလး။ ဒီမန္က်ည္းစု႐ြာရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းက ကြၽန္မတို႔ဘိုးဘြားလက္ထပ္ကတည္း ႐ြာသူႀကီး ။သမာသမတ္ၾကၾက အုပ္ခ်ဳပ္ခဲ့ၾကတာ ခုကြၽန္မအေဖလက္ထက္အထိ။ အေဖက လူႀကီးေရာဂါျဖင့္ ဆုံးပါးၿပီးမၾကာမွီ ႐ြာမွာ ဥကၠဌေ႐ြးဖို႔ တာဆူေနၿပီ။ ဟိုယခင္ကတည္းက ေျမာက္ပိုင္း၊ေတာင္ပိုင္း ႏွစ္ပိုင္းကြဲခ်င္ေနခဲ့ၾကတာ အေဖက ၿငိမ္းခ်မ္းစြာအုပ္ခ်ဳပ္ခဲ့ေတာ့ ျပသနာမျဖစ္ခဲ့ၾက။ ခု ေျမာက္ပိုင္းက ဥကၠဌလုပ္မယ္၊ ေတာင္ပိုင္းကမခံ အထူးသျဖင့္တစ္႐ြာလုံးရဲ႕ မ်က္ႏွာဖုံး ဝါးကုန္သည္ဆန္စပါးကုန္သည္သားေတဇမင္းေမာင္ ။ ေတဇက ခပ္ဆိုးဆိုး ခပ္ေပြေပြ၊ တစ္႐ြာလုံးအပ်ိဳမက်န္ဘူး ေငြရွိသားပီပီ ဆိုးေပတယ္။
ေတဇက သေဘာေလးကေကာင္းရွာတယ္၊ ဆယ္တန္းေအာင္ၿပီး အေပါင္းအသင္းေတြနဲ႕ အရက္ေသာက္၊ဖဲရိုတ္၊ ရည္စားထား လူငယ္သဘာဝ ပီပီဆိုးတယ္ ၾကားမိတယ္။ ေမာင္ေလး လဝန္းထက္ ႏွစ္ႏွစ္ငယ္တဲ့ ေတဇက ေမာင္ေလးလဝန္းနဲ႕ၾက အကုန္မီးၿငိမ္း။ ေမာင္ေလးကလည္း ေတဇဆို ဘယ္ဘဝကမ်က္မုန္း က်ိဳးခဲ့လည္းမသိ ၾကည့္မရ။

ညေနေလးနာရီ မန္က်ည္းစု႐ြာဦးေက်ာင္းမွာ လူေတြက ဟိုတစ္ခု၊ဒီတစ္စု ။ အုပ္ခ်ဳပ္ေရးမႉးေဟာင္းဆုံးပါးသြားေတာ့ ႐ြာကလူေတြ ႏွေမ်ာတသ၊ သမာသမတ္ၾကေသာ သူ၊ ဘက္မလိုပဲ ဆုံးျဖတ္တက္သူ၊ ရပ္႐ြာေကာင္းက်ိဳးအၿမဲသယ္ပိုးေဆာင္႐ြက္သူ၊ အမႊာေလးေတြအေဖ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးျပည့္ေက်ာ္။

"ဟဲ့ ေအးႏြယ္ နင္ဘယ္သူကိုမဲေပးမလဲ က်ဳပ္ကေတာ့ ကိုလဝန္းပဲ မဲထည့္မယ္။ ဟိုသူေဌးသားေတဇနဲ႕ အကြာႀကီး ၊ ႐ုပ္ရည္ ၊ ပညာ ယွဥ္မရဘူးသိလား ။ ေတဇကအစိုင္းအစိုင္း ေငြရွိေတာ့ထင္တိုင္က်ဲေနတာ သူသာ က်ဳပ္တို႔႐ြာ ဥကၠဌ ျဖစ္ရင္ေတာ့ အယ္မေလးေလး..မေတြးရဲစရာပဲ"

"တိုးတိုးေျပာ ဟဲ့ ေတဇလူေတြ ၾကားလို႔ နင္ကို လာ ထု ေထာင္း ေနမယ္ ၊ တို႔ကလည္း ကိုလဝန္းပဲ မဲထည့္မွာ ကိုလဝန္းကိုၾကည့္ရတာ ေအးခ်မ္းလြန္းလို႔ က်ဳပ္ျဖင့္ ဥကၠဌ ကေတာ္ျဖစ္ဖို႔ ေမွ်ာမွန္းရမယ္"

႐ြာဦးေက်ာင္း ေဆာင္ႀကီးေအာက္ ဟိုလူကိုမဲထည့္၊ ဒီလူကိုမဲထည့္ဖို႔ အခ်င္းခ်င္းေဆြးႏြေးၾကသည့္ မန္က်ည္းစု႐ြာသူ႐ြာသားမ်ား။ တစ္႐ြာလုံးရဲ႕စည္းပြါးေရးက ဝါးကိုအေျခခံ၍ အိမ္အကာထရံ၊ အိမ္အမိုးဝါးကတ္မ်ား ဖ်ာယက္၍ အသက္ေမႊးဝမ္းေက်ာင္းျပဳၾကရသည္။ ဝါးကုန္သည္ ဦးမင္းေမာင္တို႔က တစ္႐ြာလုံးကို ဝါးလိုရင္ဝါး ၊ ဆန္လိုရင္ဆန္ ၊ ေငြလိုရင္ေငြ ထုတ္ေပးၿပီး ထရံ၊ ကတ္ကို ကာလေပါက္ေစ်းနဲ႕ သိမ္းသည္။ ဝါးကိုအေျခခံ၍ လုပ္ကိုင္ရသည္မို႔ သူနဲ႕မကင္းနိုင္သူက အေတာ္မ်ားမ်ား။

" လူစုံၾကၿပီလား၊ ဘုန္းဘုန္းကေတာ့ ဘာမွမေျပာခ်င္ဘူး၊ ေတာင္ေျမာက္ကိုခြဲျခားဖို႔မႀကိဳးစားနဲ႕၊ ဘိုးဘြားေတြလက္ထက္ကတည္းက သင့္သင့္ျမတ္ျမတ္ေနလာၾကတာ၊ခု ဥကၠဌေ႐ြးပြဲမွာလဲ သူ႕လူ၊ ငါ့လူ မေ႐ြးဘဲ ရပ္႐ြာအက်ိဳးကိုသယ္ပိုးနိုင္မယ့္သူကို အဓိကထားေ႐ြးၾကပါ၊ တစ္႐ြာတည္းေန တစ္ေရတည္းေသာက္ေတြမို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ ေဆြးမ်ိဳးမကင္းဘူး၊ ျပသနာမျဖစ္ေစနဲ႕ "
"တင္ပါ့ ဘုရား"

"တို႔႐ြာက လူငယ္ေတြ ဘယ္သူကို မဲေပးၾကမလဲဆုံးျဖတ္ပါ၊ ဒီဘက္ က ကိုလဝန္းျပည့္ေက်ာ္ႏွင့္ ကိုေတဇမင္းေမာင္တို႔ကိုပဲ အဓိက ထား မဲေပးၾကရမွာပါ။ မဲအေရအတြက္မ်ားသူကို ဥကၠဌခန့္မွမို႔ မဲေပးနိုင္ပါၿပီ"

ရပ္႐ြာထဲက အသက္ႀကီးသူတစ္ဦးရဲ႕စကားအဆုံး သူသူ၊ငါငါမဲေပးၾကတယ္။ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေလာင္းေတြလို ထိုင္ေနၾကေသာ ကြၽန္ေတာ္နဲ႕ ေမာင့္လဝန္းေလး ။ ဟား...ဒီကေကာင္က သိပ္ဆိုးတယ္ေနာ္ ခင္မ်ားသိဖို႔။ ေ႐ြမရွား၊ ေငြမရွားဒီကေကာင္မွာ လိုေနတာ ေမာင့္ဘဝကိုေအးခ်မ္းေစမယ့္ ေမာင့္လဝန္းေလး။မဲေ႐ြးပြဲမွာ ေမာင္ ႐ူံးလဲ ဘာမွမျဖစ္ဘူးသိလား။ ဒီ႐ြာမွာ က်ဳပ္က ဥကၠဌ ျဖစ္ရင္ျဖစ္ ၊ ဥကၠဌမျဖစ္ရင္ ဥကၠဌေယာက်ာ္းျဖစ္ရမယ္။ ဒါက်ဳပ္ရဲ႕ တစ္ခုတည္းေသာဆႏၵ...ေမာင့္လဝန္းေလး သိပါေလစ။

" အေမသားက ေတာ္ၿပီးသား၊ သားဘိုးဘြားေတြလက္ထက္ကလိုပဲ ငါးပါးသီလေစာင့္ထိန္းၿပီး တို႔မ်ားမန္က်ည္းစု႐ြာကို အုပ္ခ်ဳပ္ရမယ္ေနာ္ သား။ ေခတ္အေျခအေနေတြေျပာင္းလာေတာ့ ကိုယ့္႐ြာေလးကို ေနာက္ၾကက်န္မေနေစခ်င္ဘူး။ ႐ြာထဲကလူငယ္ေတြကိုလည္း ပညာတက္ေအာင္၊ အသိပညာတိုးလာေအာင္ သား တက္အားတဲ့ဘက္က ကူညီပါသား၊ ေမာင္ေတဇက ႐ြာထဲက လူေတြေျပာသလိုလည္းမဆိုးရွာပါဘူး၊ သူ႕တို႔နဲ႕အေႂကြးမကင္းတဲ့သူေတြ အျမင္မွာေတာ့ အျပစ္အနာအဆာ၊ ငါသားက ကိုယ့္တစ္႐ြားသားပီပီ နားလည္ရမယ္ေနာ္"

"ဟုတ္အေမ သားခဏေန ဘုန္းႀကီးဆီသြားရမယ္ ..ေျပာစရာရွိလို႔တဲ့ "

"မမ စိတ္ခ်မယ္ေနာ္ ဥကၠဌအသစ္ေလး ၊ ႐ြာထဲက အပ်ိဳေတြကေတာ့ ဥကၠဌအသစ္ကိုႀကိဳဆိုၾကတာျမင္မေကာင္းဘူးေလ ဟားးး"

"မမကလည္းဗ်ာ...."
မေန႕ကမဲရလဒ္ အေျဖအရ ကြၽန္ေတာ္က မန္က်ည္းစု႐ြာရဲ႕ ဥကၠဌအသစ္။ တစ္႐ြာလုံးက ေထာက္ခံေပးၾကလို႔ ျဖစ္လာရတဲ့ ဒီရာထူး၊ ေအးေဆးေနခ်င္ေသာကြၽန္ေတာ္။ ခက္ၿပီ ဘိုးဘြားပိုင္ဆိုင္မူရွိလို႔ စားေရးေသာက္ေရးမပူရေပမယ့္ လူ႕ေလာကအ႐ူပ္ထုပ္ေတြကိုေတာ့ ကူညီေျဖရွင္းမေနခ်င္ဘူး။ေတေလဂ်ပိဳးေတြရွာတဲ့ျပသနာ ေခါင္းခံေျဖရွင္းေပးရတာမလြယ္လွဘူး။ အဆိုးဆုံးက ႐ြာေျမာက္ပိုင္းက သူေဌးသား ဟိုအေကာင္ေတဇ အသက္ကငယ္ငယ္ ေဆးလိပ္၊ ထန္းရည္ အကုန္ သူမေသာက္တာဘာမွမရွိ၊ ႐ြာထဲအပ်ိဳလည္း သူနဲ႕လြတ္သူမရွိ။ ရွာလိုက္တဲ့ျပသနာ ၊ ရွင္းရတဲ့အမူ။ေခြးေကာင္ မေန႕က ငါကို ဘယ္လိုၾကည့္သြားတာလဲ။ ႏွာဘူးေကာင္ ငါမ်ား မိန္းကေလးမွတ္ေနလား ။ မထိတရိေျပာၾကည့္စမ္း ပထမဆုံးစီရင္ခ်က္မွာ မင္းပဲ။အေတြးမ်ားစြာျဖင့္ ဘုန္းဘုန္းေက်ာင္းဆီသို႔။

"ေမာင့္လဝန္းေလးပါ့လား ဘယ္လဲ က်ဳပ္ ဘာကူညီရမလဲ "

"မလိုဘူး ေတဇ ..ကိုယ့္လမ္းကိုယ္သြား"

"ဟ..ခင္မ်ားက ဘာေတြအထာကိုင္ေနလဲ က်ဳပ္ကို စကားစေျပာရဖို႔ ႀကိဳးစားေနသူေတြတစ္ပုံႀကီး၊ က်ဳပ္ကေမးေနတာပဲ ေျဖေပါ့ .ခုဘယ္လဲ "

"ဟိတ္ေကာင္ မင္းကိုေအးေဆးေျပာေနတာ နားကန္းေနလား သြား..လာမ႐ူပ္နဲ႕"

"က်ဳပ္ကို မႏွင္နဲ႕ဗ်...က်ဳပ္က႐ြဲ႕တက္တယ္ေနာ္၊ ေနာက္တခါႏွင္လို႔ကေတာ့ ေမာင့္လဝန္းျခင္ေထာင္ထဲထိ အေရာက္လာမွာ ဟား......"

"ေခြးေကာင္...ငါ-ိုးမသား ေခြးစကားမေျပာနဲ႕ ဖယ္"

"ဟ...ဆဲတယ္ေဝ့ ..ေအးေနာ္ အိမ္ဦးနတ္ကိုမဆဲေကာင္းဘူးဗ်...ဟား....."

က်က္သတုံးေကာင္၊ ေခြးေကာင္ လူကို သူ႕မယားမွတ္ေနသလားမသိ။ အထီးမွန္းမသိ၊ အမမွန္းမသိ ငမ္းတဲ့အေကာင္။ ဒီေကာင္နဲ႕ေတြ႕ရင္ အကုသိုလ္မ်ားလြန္းလို႔ မေတြ႕ပါရေစနဲ႕ ဆုေတာင္းမိတာ ၊ ဘယ္တန္ခိုးရွင္ကမွ မၾကားမိေလေရာ့သလား။ ဆုေတာင္းကလည္း မျပည့္။

-
"အစ္ကိုမိုး လာအုံး..ေတာင္ပိုင္းက တစ္အိမ္အိမ္မွာ ဝါးေႂကြးေတာင္းခဲ့၊ မေပးနိုင္တဲ့အိမ္ကိုေ႐ြးေတာင္း၊ ျပသနာရွာခဲ့ ၊ အဓိက ျပသနာျဖစ္ၿပီး ဥကၠဌအိမ္ေရာက္ဖို႔လိုတယ္ က်ဳပ္ေျပာတာသေဘာေပါက္လား"

"ေဟ...ေအးေအး...ေတဇ မင္း အရီးေလးသမီးကိုႀကံေနတာေတာ့မဟုတ္ပါဘူးေနာ္"

"ႀကံစရာလား မမေမမီက က်ဳပ္အစ္မပါဗ်ာ..က်ဳပ္ႀကံတာက တစ္႐ြာလုံးကိုအုပ္ခ်ဳပ္ေနတဲ့ဥကၠဌကို အပိုင္ခ်ိဳင္ဖို႔ပဲ၊အခုကတည္းက ပိုဆိုးမယ္ ၊ရန္ျဖစ္မယ္ ဒါမွ ဥကၠဌအိမ္က ကိုယ့္အိမ္ျဖစ္မွမဟုတ္လား"

"ဟား...ေအးပါကြာ ဦးေလးတို႔သိၾကလား.."

"ေအးေဆး အေဖတို႔က သိတယ္၊ က်ဳပ္ကို ဘာမွမေျပာဘူး က်ဳပ္ေျပာတာေသခ်ာလုပ္ေပးေနာ္"

ေမာင္ေလ ခင္မ်ားေလးအနား လာေနၿပီ ။ သူမ်ားေတြလို ခ်စ္တာ ၊ ေမတၱာဖြဲ႕ႏြဲ႕မေျပာခ်င္ဘူး၊ခင္မ်ားေလးနဲ႕ တစ္ကုတင္တည္းအိပ္ဖို႔ မွန္းေတာ့တာပဲ။ ဥကၠဌက ငယ္ငယ္ေခ်ာေခ်ာမို႔ ႐ြာထဲက အပ်ိဳေတြ ေရလာေျမာင္းေဖာက္႐ုံမဟုတ္ဘူး တာတမံဆည္ေတြ တူးေဖာ္ကုန္ၾကၿပီ။ ေမာင္ေနာက္က်လိဳ႕မျဖစ္ဘူး ၊ ခင္မ်ားေလးကို ငယ္ငယ္ေလးကတည္းက ျမတ္နိုးလာရတာ။ ခင္မ်ားက ေမာင္ဆိုးတာ၊ ေပြတာပဲျမင္တာကို ေမာင္ရဲ႕ ႏွလုံသားကိုၾက မျမင္ဘူး။ မရဘူးခင္မ်ားေလး ႐ြာထဲက အပ်ိဳေတြလို ဥကၠဌကေတာ္ျဖစ္ဖို႔မွန္းမေနဘူး ၊ ေမာင္က ဥကၠဌကို တက္သိမ္းပစ္မယ့္ ဥကၠဌေယာက်ာ္းလုပ္မယ္။
-
"အရီးေလး၊မမေမမီ..."

"ေအး လာေတဇ..ဒီမွာငါ့ေမာင္ရဲ႕လူေတြ ေတာင္ပိုင္းက ကိုဖိုးႀကီးတို႔အိမ္မွာအေႂကြးေတာင္းၾကရင္း ျပသနာျဖစ္ၾကတယ္ဆိုလား"

"ဟုတ္လား..ေတာင္းပန္ပါတယ္အရီေလး ကျွန်တော်ထိမ်းသိမ်းလိုက်ပါ့မယ်ကျွန်တော်လူတွေက်ု ဒါနဲ႕ မမေမာင္ေရာ မေတြ႕မိပါ့လား"

ေခြးေကာင္ေတဇ...သူဖန္တီးခိုင္းလို႔ငါမွာ ကိုဖိုးႀကီးနဲ႕နပမ္းကိုင္ခဲ့ရေသးတယ္။အစ္ကိုဘာျဖစ္သြားလဲတစ္ခ်က္မေမးဘူး လင္ပဲေမွ်ာ္ေနတာ။ အား..နာလိုက္တာ ကိုဖိုးႀကီး၊ သူလည္းအေတာ္ထိမွာပဲ။အေမာ္ေရ ကယ္ပါ ..။

ညက ဟိုေကာင္ေတြနဲ႕ထန္းရည္ေသာက္မ်ားလို႔မနက္အေစာမထနိုင္။ ဥကၠဌအိမ္ကဆင့္ေခၚစာ လာမွ ထျပင္ဆင္လာမိတယ္။ အားနာပါတယ္ အစ္ကိုမိုး ၊အိမ္ေရာက္မွပဲ ေသခ်ာကုသေပးပါ့မယ္၊ ခင္မ်ားခ်စ္သူအေနာက္ပိုင္းက မေမာ္ႀကီးကိုလက္ထပ္ဖို႔လည္းကူညီပါ့မယ္ဗ်ာ။

"လာပီေမာင္ေလးေတဇ...ဟိုမယ္ "

အားလားလား ပတ္တီးႀကီးနဲ႕ပါ့လား ကိုဖိုးႀကီး။ေတာင္းပန္တယ္ဗ်ာ..ခင္မ်ားအေႂကြး ေနာက္မွေလွ်ာ္ေပးမယ္ ခုေတာ့ နဲနဲခံလိုက္ပါအုံး။ တစ္ဖက္ကိုၾကည့္မိေတာ့ ရင္ထဲ သိမ့္ခနဲ။ လွလိုက္တာ ေမာင့္လဝန္းရာ၊ေမာင္ေတာ့ ခုကို သိမ္းခ်င္ေနၿပီ။ ႐ြာသားဆိုလို႔ မဲတူးေနမယ္မထင္နဲ႕ဗ်။ ဝင္းဖန့္ေနေသာအသားအရည္၊ မ်က္ႏွာဝိုင္းဝိုင္း၊မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕ ႏူတ္ခမ္းဖူးဖူးေလးက ေမာင္အပိုင္။ ခႏၶာကိုယ္အခ်ိဳးအစားက်စြာ ၊အရပ္က ၅ေပ၅ ပတ္ခ်ာလည္နဲ႕ ေသးသြယ္ေသာခါးက်ဥ္က်ဥ္ေလးက ေမာင္အတြက္ သီးသန့္ထုဆစ္ေလသလား။ ျဖစ္ေနၿပီ..ဒီေကာင္ေတဇ ေတာ္ေတာ္ကိုျဖစ္ေနၿပီ ေမာင္ ....ခင္မ်ားေလးကိုပိုင္ဖို႔ အခ်ိန္ျပည့္ႀကံေတာ့မယ္။ ခ်စ္လိုက္တာဗ်ာ။

"ကဲ ခုကိစၥ မင္းဘက္ကဘယ္လိုတာဝန္ယူမလဲ ေတဇ"

"ေမာင္...အဲ ဥကၠဌသေဘာပါ၊ ဥကၠဌဆုံးျဖတ္တဲ့အတိုင္း လက္ခံမွာပါ၊ ဥကၠဌ သေဘာအတိုင္းလုပ္ပါ၊ ဒီဖက္က ကိုဖိုးႀကီးကိုလည္းက်ဳပ္လူေတြအတြက္ ေတာင္းပန္ပါတယ္ ၊ေဆးဖိုးဝါးခ ကအစ အလုပ္မလုပ္နိုင္တဲ့ေန႕ေတြအတြက္ ေန႕စားခပါ ေပးပါ့မယ္..ဥကၠဌ"

ဟယ္..ဘယ္တုန္းကလူဆိုးေကာင္ေတဇ ၊ဘယ္လိုေတာင္လိမ္မာသြားလဲ။ ေဆးမွားေသာက္ထားသလား။ ဘယ္သူစကားမွနားမေထာင္တဲ့ ေကာင္က မ်က္ႏွာငယ္ေလးနဲ႕။ ဥကၠဌအိမ္မွာ ေရာက္ေနၾကတဲ့ ကြၽန္ေတာ္ဖက္ေတာ္သားေတြ၊ ကိုဖိုးႀကီးမိသားစုနဲ႕အမ်ိဳးေတြကအစ မမေမမီတို႔ အားလုံးက အံ့ဩေနၾကသည္။ ဟုတ္တယ္ ေမာင္လိမ္မာေနတာ ခင္မ်ားေလးကိုခ်စ္လို႔၊ ခင္မ်ားေလးက မခ်စ္ရင္ ဓါးျပဗိုလ္ႀကီး ဗိုလ္ေအာင္ဒင္ထက္ပို ဆိုးေပးမယ္။ ေမာင့္ရဲ႕အရာရာက ခင္မ်ားေလး ပါးစပ္ဖ်ားမွာပဲ။

" ကဲကိုဖိုးႀကီးကေရာ ဘာေတြေျပာခ်င္ေသးလဲ "
"ရပါၿပီ ဥကၠဌ ကြၽန္ေတာ္လည္းစိတ္မထိမ္းနိုင္လို႔ ျဖစ္ၾကတာပါ၊ ကိုေတဇတို႔ဖက္က လည္းအကုန္တာဝန္ယူေပးတာမို႔ ေက်ေအးေပးပါတယ္ဥကၠဌ"

"အင္းပါေနာက္မျဖစ္ေစနဲ႕ဗ်ာ၊ စိတ္ထိမ္းၾကေပါ့ ခုတစ္ဖက္နဲ႕တဖက္ အဆင္ေျပရင္ၿပီးေရာပါ ျပန္လို႔ရပါၿပီ"

တစ္ဖက္ႏွင့္တစ္ဖက္ ေက်ေအးၾကသည္မို႔ ေခါင္း႐ူပ္ရသက္သာသည္။ ဆိုင္ရာကိုယ္စီျပန္ၾကေပမယ့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေသာ မ်က္ႏွာ႐ူးေကာင္ေတဇက ဘာထ ျဖစ္ျပန္ၿပီလဲ အိမ္မျပန္ဘဲ။ ဘယ္ဘဝက ကံေႂကြးလည္းမသိ၊ တကယ္ ျမင္တာနဲ႕ရိုတ္သတ္ခ်င္တဲ့႐ုပ္၊ ကိုယ္ထက္အငယ္ဆိုေပမယ့္ က်န္တဲ့ကိစၥအားလုံးမွာ သူက စီနီယာ..။ငေပြးေကာင္၊လူ႐ူပ္လူေပြ။

"မင္းကမျပန္ေသးဘူးလား"

"ေမာင္လား..ဒါေတာင္ပိုင္းထဲကေမာင္အိမ္ေလ..ဟဲ...စတာ စိတ္တိုမေနနဲ႕၊ မနက္ဖန္ ၿမိဳ႕ေပၚတက္မွာဆို အဲ့ဒါ ေမာင္လိုက္ပို႔မယ္ "

"အဲ့ဒါငါကိစၥ မလိုဘူး ငါ့ရဲ႕ ေျခလက္အေကာင္းႀကီး၊ ငါကိုလာမ႐ူပ္နဲ႕ ျပန္ေတာ့ သြား"

"ဟဲ့သား ဘယ္လိုေျပာလိုက္တာလည္း ေတဇကိုအားနာစရာ ..ၿမိဳ႕ေပၚကို သူလိုက္ရင္ အေဖာ္ေတာင္ရေသး ၊ သားတစ္ေယာက္တည္း အေမလည္းစိတ္မခ်ေပါင္"

"အေမ...သားက, ကေလးမဟုတ္.."

"ေတာ္ေတာ့သား..လာသားေတဇ တခါတည္း ေန႕လည္စာစားသြား..."

အို.ဘယ္ေလာက္ကံေကာင္းမူႀကီးလဲ ေယာကၡမက ကိုယ့္ဘက္မွာ၊ အား..ညတိုင္းမိဘႏွစ္ပါးအတူ ေယာကၡမေလာင္းကိုပါ ကန္ေတာ့အိပ္ရမယ္။ အရင္က ဆိုးခဲ့မိ တာ ေနာင္တအနည္းငယ္ေတာ့ရမိသား။
-
အတိတ္ကံဖူးစားပါရင္ေရွာင္လြဲမရဘူးတဲ့။ ေခြးေကာင္ေတဇနဲ႕ေတာ့ ကံမပါခ်င္ဘူး။ ေတဇကလြဲ ဘယ္သူျဖစ္ျဖစ္အဆင္ေျပပါတယ္ဘုရားလို႔ ဆုေတာင္းရမလား။ၿမိဳ႕ေပၚအသြား၊အျပန္ ဟိုမွာ အုပ္ခ်ဳပ္ေရးမႉး႐ုံး အစည္းအေဝးလုပ္တာေတာင္ ထိုင္ေစာင့္ေနတယ္သူ။ လူကို ရိသဲ့သဲ့ေျပာတာေတြ၊ မထိတထိ အေတြ႕အအထိေတြ ၊ မင္းဘာကိုဆိုလိုတာလဲ။ ငါတို႔ကေယာက်ာ္းေလးႏွစ္ေယာက္၊ lgbtကိုလက္ခံေပးေနၾကတဲ့ ေခါတ္ထဲ ငါလည္း လူဂြစာမဟုတ္ပါဘူး။ မင္းကိုငါမယုံဘူးေတဇ၊ မင္းကမိန္းကေလးပဲႀကိဳက္တဲ့သူ လက္တည့္စမ္းခ်င္စိတ္နဲ႕ေတာ့ ငါဆီဦးမတည္ပါနဲ႕လား။ငါက မိန္းကေလးမႀကိဳက္ဘူးဆိုေပမယ့္ ဘယ္ေယာက်ာ္းေလးကိုမွ ျမဴစြယ္ေနတာမဟုတ္ဘူး၊ ျဖစ္တည္လာတဲ့ ငါစိတ္တိမ္းၫႊတ္မူကို ငါမိသားစုလြဲ ေဘးလူမသိေစရဘူး။ ငါဘာသာေအးခ်မ္းေနတဲ့ဘဝကို လာ႐ူပ္စမ္းပါနဲ႕ကြာ။
-

" ရပ္႐ြာထဲက လူငယ္ေတြ ေခၚရတဲ့အေၾကာင္းက တျခားမဟုတ္ဘူး ဘုန္းဘုန္းေက်ာင္းေရွ႕ကဗြက္အိုင္ကို ေျမဖို႔ခ်င္တာရယ္၊ ႐ြာထဲနဲ႕တဆက္တည္းျဖစ္ေအာင္ ၿခဳံေတြရွင္းၿပီး လမ္းေဖာ္ၾကဖို႔ရယ္ ၊ မိုးရာသီမဝင္ခင္ အၿပီးလုပ္ခ်င္တယ္ ေမာင္လဝန္း၊ ႐ြာကလူငယ္ေတြကလည္း ေမာင္လဝန္းစကားနားေထာင္ၿပီး ဝိုင္းဝန္းကူညီၾကပါ ၊ဘုန္းဘုန္းကလည္း အလႉေတာ္ေငြ သိန္း၁၀ မ,တည္ၿပီး ရပ္႐ြာထဲက အလႉရွင္ေတြႏွင့္အတူ တို႔႐ြာေလး က လမ္းေတြကို ျပင္ခ်င္တာပဲ "

"တင့္ပါ့ဘုးရား..တပည့္ေတာ္ ႐ြာထဲကလူေတြေဆာ္ဩၿပီး အျမန္ဆုံးေဆာင္႐ြက္ပါ့မယ္ဘုရား"

"ဘုန္းဘုန္းဘုရား တပည့္ေတာ္တို႔မိသားစုမွ မ,တည္ေငြ ၈သိန္း, လႉပါ့မယ္ဘုရား.."

"သာဓုx၃ ပါကြယ္ ေမာင္ေတဇ ေျပာင္းလဲလာတာ ဘုန္းဘုန္းဝမ္းသာတယ္ ၊မင္းအေဖလည္း ေက်ာင္းလာခဲ့အုံးလို႔ေျပာလိုက္ ၾကားလား"

"တင့္ပါ့ဘုရား.."

ဘုန္းဘုန္းသားေတာ္ လိမ္မာလာတာ သူ႕ေၾကာင့္ပါဘုရား။ ကိုယ္အျပဳအမူေတြ၊ အၾကင္နာေတြကို မယုံၾကည္သလို ျဖစ္ေနတဲ့သူကိုလည္း အျပစ္မတင္ခ်င္၊ တခ်ိန္က ကိုယ္ကလည္း ဆိုးေပ ခဲ့တာကို။ သူလက္ခံလာေအာင္ ၊ ယုံၾကည္လာေအာင္ ႀကိဳးစားရမွာပါ ။

ဘုန္းဘုန္းျဖစ္ခ်င္တဲ့ ဆႏၵအတိုင္း ႐ြာထဲလမ္းနဲ႕တစ္ဆက္တည္း ျဖစ္ဖို႔ရယ္၊ ဘုန္းဘုန္းေက်ာင္းေရွ႕က ဗြက္အိုင္ကို သဲေက်ာက္ ဖို႔ခင္းလို႔ ေအာင္ျမင္ေစခဲ့တယ္။ အလႉေတာ္ေငြ အေတာ္မ်ားမ်ားရခဲ့သည္မို႔ ႐ြာထဲလမ္းေတြပါ တစ္ခါတည္း ေက်ာက္စရစ္လမ္း ခင္းေပးျဖစ္တယ္၊ သူကေတာ့ တမူထူးျခားၿပီး လူငယ္ေတြကို ဦးေဆာင္ကာ ေဆာက္႐ြက္ေနတယ္။ တစ္ခ်ိန္က အရက္ေသာက္ ဖဲကစား ၊ မိန္းမေပြခဲ့တာ သူမွ ဟုတ္ရဲ႕လားေမးယူရသည့္အထိ အေတာ္ေျပာင္းလဲလာတယ္။ သူကိုမခ်စ္မိေအာင္ထိမ္းေနမိတဲ့ ငါႏွလုံးသားကလည္း ငါစကားနားမေထာင္ခဲ့ဘူး။ ငါ ငါ...မက်န္ခဲ့ခ်င္ဘူးေတဇ။

"မင္း ေနမေကာင္းဘူးလား ေတဇ၊ နားလိုက္ေလ မင္း ေန႕တိုင္း လုပ္အားေပးေနရတာ "

"ရပါတယ္ဗ်ာ..ေမာင္ကိုစိုးရိမ္ေနသလား ဥကၠဌေလး"

ဟား...စလိုက္မိလို႔ထင္တယ္။ ႏူတ္ခမ္းစူၿပီး လုပ္အားေပးေနတဲ့အဖြဲ႕ေတြဆီ ထသြားတယ္။ ခ်စ္လိုက္တာဗ်ာ...ဒီလမ္းခင္းေနစဥ္တစ္ခ်ိန္လုံး ေမာင္ ခင္မ်ားေလးနဲ႕အရင္ကထက္ ပိုရင္းႏွီးလာတယ္။ ေမာင္အခ်စ္ေတြကို ယုံၾကည္ေပးပါဗ်ာ၊ ေမာင္တကယ္ခ်စ္တာပါ။ အေဖကလည္းလည္းေမးေနၿပီေယာက်ာ္းဘယ္ေတာ့လိုက္ေတာင္းေပးရေတာ့မလားတဲ့၊ ေမာင္ဘာျပန္ေျပာရမလဲ။ ေမာင္ ခင်များလေးက်ုကြိုက်နေတာ ဒီလုပ္အားေပးလူငယ္တစ္ဖြဲ႕လုံးသိတယ္။ ေမာင္ဘက္ကို အေလးေပးပါ့ေတာ့လား...

" ဟို.ကိုလဝန္း ေတဇေလ မေန႕က ညနက္မွေရခ်ိဳးမိတာခု အေအးမိေနၿပီ၊ ျပန္ပါလို႔ေျပာတာလဲ မျပန္ဘူး၊ လက္ေပါက္သိပ္ခက္တာ အဲ့တာ...ကိုလဝန္း တခါတည္းေခၚသြားေပးပါ့လား ျပန္ရင္းနဲ႕မို႔"

"ဟုတ္တယ္ဥကၠဌေရ ေတဇ တကယ္ လိမ္မာလာတာ အရင္ကနဲ႕မ်ားတျခားဆီ ခု ထန္းေတာကို အေဖာ္ေခၚတာ မရဘူး အပိုးက်ိဳးခ်က္ပဲ "

"ေတဇမိဘေတြက ဝါးေဖာင္ခ် အထက္ကိုခဏသြားတယ္ ဥကၠဌ ၊အိမ္မွာက ကြၽန္ေတာ္ရယ္ ေတဇရယ္ အလုပ္သမားေတြပဲရွိေတာ့ မေျပလို႔ အားနာနာနဲ႕အကူအညီးေတာင္းပါရေစ ..ဥကၠဌရယ္ ေတဇကို ခဏ ဥကၠဌအိမ္ ေခၚသြားေပးလို႔ရမလား ကြၽန္ေတာ္ျပန္လာရင္လာေခၚပါ့မယ္ "

"အာ...ရပါတယ္ အစ္ကိုမိုးရ ...ကြၽန္ေတာ္ေခၚသြားလိုက္မယ္ ..အိမ္မွာအေမရွိေတာ့ ေဆးတိုက္ဘာညာေျပတာေပါ့ ...ဒါဆို ကြၽန္ေတာ္ျပန္မယ္ေနာ္ အဖြဲ႕တို႔..တခုခုဆို ကြၽန္ေတာ္ဆီလာေပးပါေနာ္"
"ဟုတ္ကဲ့ပါ ကိုလဝန္း...ျပန္ပါ"

ငေတေရ ငါတို႔အဖြဲ႕ကေတာ့ မင္းကို စင္ေပၚတင္လိုက္ၿပီ၊ မီးစဥ္ၾကည့္ကေတာ့ကြာ..ငါေပးလိုက္တဲ့ေဆးလည္း ေသာက္ေပါ့။ မင္းမနက္ဖန္ အိုရမွာ က်ိန္းေသတယ္ ၊ ငါတို႔ ရဲရဲႀကီး အာမခံတယ္ ငါ့ေကာင္။ ဘာလိုလိုနဲ႕ ေတဇေတာင္ ေယာက်ာ္းရေတာ့မွာပါ့လား...အရီးေလးေရ ...။မနက္ဖန္ ဘယ္ေကာင္က အထက္၊ ေအာက္ ပုဂၢိုလ္လဲ ခြဲျခားရမယ္။ ငေတေရ ေဆးကုန္ေတာ့ မေသာက္နဲ႕ဟ အိမ္ၿပိဳမယ္။

"လာသား..ဟဲ့ဘယ္သူ ေတဇေနမေကာင္းဘူးလား"

"ဟုတ္တယ္ အေမ သူ႕အိမ္ ကလူႀကီးေတြမရွိလို႔ အိမ္ခဏေခၚလာတာ "

"ေအးေအး သားအခန္းထဲေခၚသြားေလ..အေမစားစရာတခုခု မင္းမမကို ျပင္ခိုင္းလိုက္မယ္"

ေက်းဇူးႀကီးလွပါတယ္ ငါ့ေကာင္တို႔ရာ၊ မင္းတို႔ေက်းဇူးမေမ့ပါဘူး ။ငါမဂ္လာပြဲၾက အမုန္းကဲဖို႔ ငါအကုန္တာဝန္ယူေပးမယ္။ ဘာမွမသိရွာတဲ့ကြၽန္ေတာ့္ေယာက်ာ္းေလာင္းကေတာ့ အဖ်ားက်ေအာင္ ေရပက္တိုက္ဖို႔ ျပင္ေနေလရဲ႕။ မင္းေယာက်ာ္းေတဇက အေကာင္းႀကီး ဘာမွမျဖစ္ဘူး ၊ ဥကၠဌကို တက္သိမ္းဖို႔ ခဏ ဟန္ေဆာင္မိတာ ေမာင္ကို ခြင့္လြတ္ေနာ္ဗ် ။ ခင္မ်ားေလးကို စိတ္မခ်ေတာ့ဘူးရယ္၊ ႐ြာထဲက အပ်ိဳေတြနဲ႕ ယွဥ္လုရမယ့္ပြဲမွာ ေမာင္က ဒႆမင္း အျဖစ္နဲ႕ ခင္မ်ားေလးကို အပိုင္သိမ္းပါရေစ။ ေမာင္ကို ခြင့္လြတ္ေနာ္ဗ်။

"သား..ေတဇသက္သာလား၊ အေမ ညအေစာပိုင္း ဘုန္းႀကီးေက်ာင္းတရားနာသြားစရာရွိတယ္ ၊ သားတို႔အဆင္ေျပလား။ သားမမကလည္း ေတာင္းပိုင္းက ဘႀကီးအိမ္ မိေအးတို႔နဲ႕ခဏ သြားေစာင့္ေပးရမယ္တဲ့"

" ဟုတ္ေျပပါတယ္အေမ ..အေမသာစိတ္ေျဖာင့္ေျဖာင့္နဲ႕ တရားသြားနာပါဗ်"

ကြၽန္ေတာ္လူပ်ိဳဘဝကို နိဂုံးခ်ဳပ္ေစရမယ့္ ညမွန္းသိရင္ သူကိုလည္းအိမ္မေခၚခဲ့သလို၊ အေမကိုလည္းတရားနာမလြတ္ခဲ့ဘူး။ အရွက္ကြဲကိန္းပါရင္ ေယာက်ာ္းေလးျဖစ္ျဖစ္၊ မိန္းကေလးျဖစ္ျဖစ္ အေၾကာင္းဖန္လာတာရယ္။

"ဟင္း..အင္း...."

ဘာအသံလဲ ညည္းသံလား ထၾကည့္မိေတာ့ အေမာင္ေတဇ၊ အဖ်ားပ်င္းေနလားမသိ တ အင္း..အင္းနဲ႕။ အေမကလည္း ခုအျပင္ထြက္သြားၿပီ၊ မမကလည္း ဘႀကီးအိမ္မွာ ငါဘာလုပ္ရမယ္။ ဒုခေတာ့ေရာက္ၿပီ ။

"ေတဇ..ေတဇ..ထအုံးဘယ္လိုေနလဲ"

"ဟင္..အင္...ေမာင့္လဝန္း..ေမာင္...ေမာင္ထိမ္းမရေတာ့ဘူး..ေမာင္ကိုကူညီေနာ္..ေမာင္ေတာင္းပန္ပါတယ္"

ဟင္..အဖ်ားပ်င္းၿပီးဘာေတြေျပာေနပါလိမ့္ ေတြးေနစဥ္ ကြၽန္ေတာ္ကို ကုတင္ေပၚဆြဲခ်ၿပီး ၊ စတင္နမ္းရိူက္က်ဴးေက်ာ္မိသည့္ကြၽန္ေတာ္ႏူတ္ခမ္းမွစ၍ ေနရာလပ္မက်န္ ကြၽန္ေတာ့္တစ္ဘဝလုံးကိုပါ သိမ္းက်ဳံး ၿပီး က်ဳးေက်ာ္သြားခဲ့သည္။ ေယာက်ာ္းေလးႏွစ္ရဲ႕ေလွာ္ခတ္ေနေသာ အခ်စ္ေလွေလးဟာ အဆုံးအစမရွိမက္ေမာျခင္း ပင္လယ္ျပင္မွာ ေမာဟိုက္ျခင္း၊ ပင္ပမ္းျခင္း၊ သာယာျခင္း၊ ေက်နပ္ျခင္းေတြနဲ႕အတူ ဘယ္ခ်ိန္အိပ္ေပ်ာ္သြားလဲ အခ်ိန္နာရီမသိ။ အိမ္မက္ထဲထိေပ်ာ္႐ႊင္စြာကူးခတ္ေနေသာေလွေလး မနက္အာ႐ုံအလင္းမွာ ဘာေတြႀကဳံေတြ႕ရမလဲမသိ။

ေဒါက္ ~ေဒါက္

"ေမာင္ေလး...ေတဇ...မိုးလင္းေနၿပီ..."

ကေလးေတြ တကယ္ပဲ အအိပ္ႀကီးသကိုး။ နိုးမရဘူး...တကယ္ပဲ ေမာင္ေလးေတဇ ထမွထနိုင္ရဲ႕လားအဖ်ားအေတာ္ျပင္းေနလားမသိ အခန္းတံခါးကို ဆြဲအဖြင့္....

"အယ္မေလး....အေမေရ....အေမ..."

"ဟဲ့ ဘာျဖစ္တာလဲ သမီး.."

ဘုရား..ဘုရား.....ဘာေတြျဖစ္ကုန္ၿပီလဲ။

Naked ႀကီးနဲ႕ တစ္ေယာက္ကိုတစ္ေယာက္ ဖက္၍အိပ္ေပ်ာ္ေနပါေသာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္....

"ေတဇ..."

"အင္း..ဘာမွမျဖစ္ဘူး..ေမာင္ကိုယုံေပး...အားလုံးကိုေမာင္ကတာဝန္ယူမွာ ေမာင့္လဝန္းေလး "

"ေမာင္ေျပာပါတယ္....ေမာင္က ဒီေက်း႐ြာမွာ ဥကၠဌ ျဖစ္ရင္ျဖစ္၊ ဥကၠဌ မျဖစ္ရင္ ဥကၠဌေယာက်ာ္းျဖစ္ရမယ္လို႔..ခ်စ္တယ္ေနာ္ ေမာင့္လဝန္းေလး"

" ..........."

" အေဖေရ ၿမိဳ႕ေပၚက ကြၽန္းကုတင္ခိုင္ခိုင္ခံ့ခံ့တစ္ခုသာ ဝယ္ေပးေတာ့ဗ်ိဳ႕ ........"

# Follow and vote me.

Bạn đang đọc truyện trên: ZingTruyen.Xyz