ZingTruyen.Xyz

ချစ်ခြင်းတို့အလွန်

အပိုင်း(၅၆)

maiyuri18

* မိသားစုနှင့်အတူတကွ ငြိမ်းချမ်းပျော်ရွှင်သော သီတင်းကျွတ်လေး ဖြစ်ပါစေ 🙏

" သားတို့ အတူတူနေကြရတော့မှာလား ဒယ်ဒီ"

" သိပ်မကြာတော့ပါဘူး သားရယ်၊ ဒယ်ဒီတို့ အတူတူ နေကြရတော့မှာပါကွာ  ၊ သားငယ် စိတ်တိုင်းကျ ဖြစ်စေရမယ်နော် .... "

သားဆန္ဒကို ဒယ်ဒီက ဖြည့်ဆည်းပေးမှာမို့ ကတိတည်စေရပါ့မယ်။

" ဒယ်ဒီ...."

" ဗျာ...."

" သား...သားသိတယ် "

သူ့ရင်ဘတ်လေးကိုပုတ်ပြီး ပြောနေတဲ့သားငယ်မျက်ဝန်းတွေက အတိတ်က ပင်ပမ်းမူတွေလား ။

" အင်း ....ပြောလေ သား"

ပြောရခက်တဲ့စကား ဆိုနေသည့်ဟန် အောက်နူတ်ခမ်းလွှာလေးကို မသိမသာ ဖိကိုက်ရင်း လက်ညိုးလေးထိုးပြီး ရင်ဖွင့်နေသည်က ကျွန်တော့်ကျေကွဲစရာ အခန်းတွေ။

"ဟို...ဟိုမှာတုန်းက....ပါးပါးက သားအတွက် အလုပ်တွေ လုပ်ရတယ် ဒယ်ဒီ၊ နောက်ပြီး သားနှင့်အတူတူ မဆော့ရဘူး ညနေမှ ပြန်လာရတဲ့ ပါးပါးက ပင်ပမ်းတယ်တဲ့ ၊ သားက ပါးပါးကို အဲလိုတွေမသွားစေချင်ဘူး "

ဝေ့ဝဲလာသော သားငယ်မျက်ရည်စတွေက ရင်တွင်းနေရာက်ုမီးမြိုက်နေ့သည့်အလား ။ သားငယ်ရှေ့ ဒူးထောက်ချပြီး သားငယ်ပါးပြင်လေးနှစ်ဖက်ကို အသာအရာ ပွတ်သပ်၍ ချော့မြူမိပြီ။

ကျေကွဲရိပ်ကို အံ့တင်းလို့ အပြုံးဟန်ဆောင်ရင်း ဆက်ပြောဆိုသည့်ဟန်ဖြင့် ခေါင်းဆက်ပြမိသည်။ သားငယ်စကားလုံးက ဓါးသွားတမျှ ထက်မြက်လှသည့်အသွားတွေနှယ်။

" အဲ့ဒါ...လေ...ဒယ်ဒီက သား...သား..တို့ကို ပစ်ထားခဲ့လို့ ပါးပါးက အလုပ်တွေများကြီးလုပ်နေရတာတဲ့ ဟို ဖွားဖွားကပြောဖူးတယ်  ဟုတ်လား ဒယ်ဒီ"

သားငယ် စကားတချို့က အမှန်တရားမို့ ခါးသက်လွန်းလှပြီ။ ကိုယ့်ကြောင့်ပါလို့ ခံယူထားသော အမှားတွေထဲကတစ်ချက် ကို သားငယ် ဤသို့ပြောလာသည့်အခါ ကြောက်လန့်ခြင်းက မျက်နှာပေါ်မှာ ထင်ဟပ်လျက် မထိမ်းနိုင်။ အနှစ်နှစ် အလလ က ခြောက်လှန့်နေသော အိမ်မက်ကြီးက လက်တွေ့ ဖြစ်လာခဲ့သလို တုန်လူပ်ခြောက်ခြားမိပြီ။ မဖြစ်ချင်သော ဆန္ဒတချို့ ရုန်းကန်ထွက်ပေါ်လာသလို အတိတ်ကအရိပ်မည်းက သားငယ် သိများသွားရင် ဆိုသော အချက်က ကိုယ်ကို လောင်မြိုက်စေသည့်အလား နှလုံးသားတို့ကျွမ်းစေခဲ့ပြီ။ တောင်းပန်ပါတယ် ပြင်မရတဲ့အတိတ်တွေ၊ ပြင်မရတဲ့ ကိုယ့်မိုက်မူတွေ ကြောင့် သားငယ်တို့ နာကျင်ခံစားစေပြီ။ ဒီမိုက်ပစ်တွေကိုအသက်ရှင်နေသရွေ့ ဒယ်ဒီပေးဆပ်မယ်၊ ဒယ်ဒီ ရှိသမျှ ခွန်အား တွေနဲ့ သားငယ်တို့ကို ကာကွယ် ပေးပါ့ကွာ၊ ပြင်မရတဲ့အမှားတွေမို့ ကိုယ်တိုင်လည်း အသုံးမကျသလို ကိုယ့်စိတ်ကိုလည်း လုံခြုံမူကင်းမဲ့နေဆဲ၊ နာကျင်နေဆဲ၊ လောင်မြိုက်နေဆဲ၊ နောင်တ, တရားကို ရင်ဝယ်ပိုက်ထားရဆဲ။

" နောက်မဖြစ်စေရဘူးနော် သားပါးပါး ကို ခုကစပြီး ဘာအလုပ်မှ မလုပ်စေရဘူးကွာ၊  ဒယ်ဒီကတိပေးတယ် သားစိုးရိမ်စရာ ဘာတစ်ခုမှ ဒယ်ဒီခွင့်မပြုဘူး"

သားငယ်ခေါင်းလေးကို ဖိကိုင်ရင်း ရင်ခွင်ထဲ သွင်း၍ ကျေကွဲဟန်တို့ဖြင့် ဆိုနေမိသည်။ ဒယ်ဒီတောင်းပန်ပါတယ်ဆိုတဲ့စကား မပါမဖြစ်မို့ ဒီပြဇာတ်ဆုံးခန်းတိုင်လည်း ဒယ်ဒီ ဆိုနေရအုံးမှာပဲ သားရယ်။

" တကယ်လား ဒယ်ဒီ....ဒါဆို ပါးပါးက အလုပ်မသွားရတော့ဘူးလား ...."

" ဒါပေါ့ ဒယ်ဒီ ကိုယုံနော်...."

ပေးအပ်တဲ့တာဝန်ကို ဒယ်ဒီကျေပွန်စေရပါ့မယ်၊ ထပ်တူ နာကျင်စရာ အခန်းဆက်တွေမရှိတော့ပြီမို့ ပျော်စရာဇာတ်သိမ်းတွေ ဖန်တီးနေပါတယ်သားရယ်။ ဒယ်ဒီကိုယုံကြည်ပါကွာ။

" အွန်း....အွန်း ..."

သူ့ဆန္ဒ တချို့ကို ထုတ်ဖော်ပြာကြားပြီး  မြဲသောကတိတွေ တည်စေ၍ သားငယ် နဖူးပြင်လေးကိုအချစ်ပိုစွာ နမ်းမိတော့မျက်လုံးလေးမှိတ်ပြီး ခံယူနေသော သားရတနာကို ရင်ထဲက ချစ်ခြင်းမေတ္တာတွေ ပေါ်လာခဲ့ပြီ။ ငါသာ ကလေးငယ်အပေါ် အပစ်တွေ မလုပ်ခဲ့ရင်၊ နာကျင်စရာတွေမပေးခဲ့ရင် ခုချိန်သာယာသော မိသားစုဘဝလေးဖြင့် ဘယ်လောက်ပျော်စရာကောင်းနေမလဲ၊ ဘယ်လောက်ကြည်နူးစရာကောင်းနေမလဲ ။

" ဒယ်ဒီ...."

" ဗျာ ..သားငယ်....မနေ့က ဒယ်ဒီ ပို့လိုက်တဲ့ logoတွေ၊ ကားအရုပ်တွေ ကြိုက်လား ၊ နောက်ထက်လည်း ဒယ်ဒီ မှာထားတယ် သားအတွက်"

" အွန်း...သားမယူချင်တော့ဘူး ၊ မနေ့က ပါးပါးက ပြောတယ် ' သားသားအရုပ်တွေများလို့ ထားစရာ ခက်တော့မယ်တဲ့ 'နော်ဒယ်ဒီ သားမှာ အများကြီးရှိပြီ"

အမျိုးသားငယ် ပြောသံလေး နားဝင်နေသည့် သားငယ် ။

" ဟုတ်လား...ဒယ်ဒီက မှာပြီးပြီ ကလေးရဲ့ ၊ သားအရုပ်တွေထားဖို့ အခန်းကျယ်ကြီး ဒယ်ဒီ စီစဉ်ပေးမယ်၊ သားငယ် ပျော်နေဖို့ပဲ လိုတာမို့ သားက ပျော်ပျော်နေပေးနော် "

" အွန်...သား ပျော်ပါတယ် ၊ ဖိုးဖိုးတွေကလည်း သားကို ချစ်ကြတယ်၊ ဒီမှာဦးဦးတွေလည်း များကြီးပဲ "

" ဟုတ်လား ....ဒယ်ဒီကလည်း သားကို ချစ်တာသိထားပေးပါနော်"

ကိုယ့်တောင်းပန်မူကို အသိမှတ်ပြုပေးတဲ့ သားငယ်က ရင်ခွင်ထဲ ဝင်လာပြီး လက်သေးသေးဖြင့် ကျွန်တော်လည်ပင်းကို ဖက်ထားတယ်။ ဒယ်ဒီ ဝမ်းမနည်းပါနဲ့တဲ့! တစ်ခွန်းတည်းသော သားငယ်စကားကို နားစည်မှတဆင့် နှလုံးသားဆီ စီးဆင်းဖြတ်ဝင်သွားပြီး ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်း ၊ ဝမ်းသာခြင်းစသည့် ကျေနပ်ပျော်ရွှင်မူ ရသအစုံကို ခံစားနေရပြီ။ ဖခင်မေတ္တာ ဆိုတဲ့သဘောကို သားငယ် နဲ့မှ ခံစားသိမြင်လာရသည်မို့ သားရတနာအပေါ် ချစ်ခြင်းမေတ္တာတွေ၊ စောင့်ရှောက်ကာကွယ်လိုမူတွေ၊ ကြင်နာယုယ ခြင်းတွေ ရင်ထဲကခံစားမူတွေအများအပြား။  ဖခင်ဟူသည် သည်လိုမျိုး မေတ္တာဓါတ်တွေ လား ။

——————————————————————————————————————
ခြံဝန်းထဲက အရိပ်ရ အပင်အောက်က ကျောက်သလင်းစားပွဲပေါ် ထိုင်ပြီး သားကို အနားခေါ်ကာ ဆုံးမစကားတချို့ သွင်သင်ရမည်မဟုတ်လား။ သူ့အမှားမဟုတ်သော မှားယွင်းနေတဲ့ သူ့ဆုံးဖြတ်ချက်ကို ပြုပြင်ပေးရမည့်တာဝန်က ကိုယ်တိုင်ပွင့်လင်းစွာပြောရမည်မို့ နားဝင်အောင်၊ သဘောပေါက်အောင် သားအဖနှစ်ယောက် တိုင်ပင်ဆွေးနွေးရမည်လေ။

ရောင်စုံနှင်းဆီများ ဖူးပွင့်နေကြ နံနက်ခင်းအလှနှင်အပြိုင် စံပါယ်၊ ဇီဇဝါ၊ ဇွန် ၊ မြလေးပန်း ဖြူဖြူ၊ သစ်ခွ၊ ဇလပ်၊ ဂမုန်း စသည့် ပန်းပင်မျိုးကွဲများစွာကို အမည်အုပ်စုအလိုက် အစီအစဉ်တကျ လှပစွာ၊ သေသပ်စွာ စိုက်ပျိုးထားသော ပန်းဥယျာဉ်ရိပ်က နံနက်ခင်းမှာ ပန်းရနံ့စုံစွာဖြင့် စိတ်ကြည်နူးမူအတိ ဖြစ်ပေါ်စေသည်။

မိုးရနံရသည်ဆိုလျှင်ပဲ ဖူးပွင့်ဝေစ ပန်းဖူး၊ အခက်အလက်တို့မြိုင်ဆိုင်စွာ သူပြိုင်ငါပြိုင် ပွင့်လန်းနေကြသည့် မျိုးကွဲ ပန်းဥယျာဉ်လေးက သားကောင်းပြည့်မြတ်နိုးရာ နေရာမို့ ပို၍ အလေးထား ပြုပြင်နေသည့်ခြံရှိ လူအများ၊ ပန်းရနံ့က လူစိတ်ကို လန်းဆန်းစေသည်၊ ကြည်နူးစေသည်၊ နွေးထွေးနူးညံ့စေသည်။ တစ်ချိန်က ပန်းလေးနှင့်အပြိုင် နုနယ်လှသော ကောင်းပြည့်စိတ်နှလုံး ယခုလိုအနာဒဏ်ရာတွေ အတိတ်ဆိုးတွေကြောင့် နာကျင်နေဆဲ၊ ဖုံးကွယ်ထားဆဲ၊ အချို့အချိန်တွေမှာ အတိတ်ထဲမှာ နှစ်မြုပ်နေဆဲ၊ မာကျောချင်ယောင်ဆောင်နေတဲ့ ပန်းအသွင်နုနယ်လှတဲ့နှလုံးသားလေး နာကျင်နေဆဲ။

နံနက်ခင်း သစ်ခွပန်းပွင့်တချိူ့နှင့် ပွင့်လန်းနေဆဲ နှင်းဆီ နီနီ၊ဝါ၊ ဖြူ တစ်ချို့ကို ပန်းကောက်နေသော သားကိုကြည့်ပြီး ၊ တွေးစရာ ၊ ပြောစရာ တချို့ မြင်ယောင်လာရင်း။

" သား....ဖေဖေ ပြောစရာရှိတယ် "

ဖေဖေ ခေါ်သံကြားလို့ လက်ထဲက ကောက်ထားပန်းများကို အနားရှိ ကလေးမလေးအား ဘုရားတင်ကပ်လှူရန်ပြောကြားပြီး ဖေဖေ အနီးနား ၊ ကျောက်သလင်းထိုင်ခုံဖြူပေါ် ကိုယ်ခန္ဓာကိုကျုံ့ပြီးရိုသေစွာ ဖေဖေ ပြောစကား နားထောင်ရန် ထိုင်နေမိသည်။

(A/N  ဒေသအရ ပန်းကို ဆွတ်ခူးတယ်မပြောဘဲ ပန်းကောက်သည်လို့ပဲပြောတက်လို့ပါ)

" ဟုတ် ပြောပါ ဖေဖေ"

ဖေဖေနှင့် အတူဟိုမှာ အချိန်တစ်ခုထိနေချင်တယ်၊ သားကျောင်းတက်ဖို့ အချိန် သုံး/ လေးလလောက်လိုသေးတာမို့ နယ်မှပဲ နေမည်။  သားလေးကိုလည်း သူ့ဖိုးဖိုး ရင်ငွေ့ခိုလုံစေချင်သည်၊ ကိုယ်တွေ ဘဝ ပင်ပမ်းခဲ့ရသမျှ ဖေဖေရင်ခွင်မှာ နေပြီး ဖေဖေ လိုအပ်သမျှကို ဖြည့်ဆည်းပေးချင်သည်။ မြို့ကြီးပြကြီး အနေစိမ်းသည့်ဖေဖေက ကျွန်တော်တို့ သားအဖ အတွက်နဲ့  လာနေနေရတာ ဖေဖေ မေတ္တာ ဘယ်လောက်အင်အားကြီးမှန်း သားသိတယ်၊  တချိန်က နှင်ခဲ့တာလည်း အကြောင်းတစ်ခုရှိလို့ ဆိုတာ ဖေဖေကို အပြစ်မမြင်ဘဲ သားသဘောပေါက်ပြီးသားပါ ။ သားငယ်ကို တွေ့ရတဲ့ အချိန် ဖေဖေ မျက်ဝန်းထဲ မိဘ့မေတ္တာတွေ၊ ပူပင်သောကတွေ မျောချသည့်အလား ကြွေကျသွား မျက်ရည်တွေ၊ဖေဖေ မျက်နှာက အပြုံးချိုချိုတွေ မြေးငယ်အတွက် သိပ်ချစ်နေတာ ဘေးလူအကုန်ခံစားမိတယ် ။ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ဖေဖေ မျက်ဝန်းကကြင်နာမူတွေကို မြေးငယ်အပေါ် အကုန်ပုံ့အပ်ချစ်နေသည့်မျက်ဝန်းညိုတွေ၊ အသက်ကြီးလို့ သဘာဝတရားကပေးတဲ့ မျက်နှာပေါ်က အရေးအကြောင်းတချို့နှင့်ဖေဖေ့ အပြုံးတွေက ကျွန်တော် ပင်ပမ်းရကျိုးနပ်ပြီ၊ ဖေဖေအတွက် ဖေဖေမြေးကို မွေးဖွားပေးရကျိုး နပ်ပြီဖေဖေ။ ဒီအခိုက်အတန့်လေးကို မြင်ရသည့် တစ်ခဏ ကျွန်တော် ယောကျားတန်မဲ့ ကိုယ်ဝန်ဆောင်ရပါ့လားဆိုတဲ့ သိမ်ငယ်တဲ့ အတွေးတွေ လွင့်မျောကုန်ပြီ၊ ဖေဖေ ပျော်ရွှင်ခြင်းကို သယ်ဆောင်လာပေးတဲ့ မြေးငယ်ကို ဖေဖေ အတွက် မွေးပေးရသည်မှာ ဂုဏ်ယူမဆုံး။

" သိပ်မကြာခင် အဖေတို့နယ်ကို အတူ ပြန်ကြမယ်လေ ၊ ကိုကျော်သက်ကလည်း နယ်အထိလိုက်မယ်ပြောတယ် သား"

"ဟုတ်တယ် ဖေဖေ၊ ဆရာက သားကို သိပ်ချစ်တာ ရွှေဘိုမှာကတည်းက မြေးကိုလက်ပေါ်ကမချဘူး အိမ်မှာ အလိုလိုက်ဆုံးပဲ၊ မမနဲ့ အစ်ကိုတည်မြဲတို့ကအစပေါ့"

" ကျေးဇူးတရားကို သိတက်ရမယ်သား၊ ကိုယ်အပေါ် မှာ ပြုခဲ့ဖူး၊ ကျွေးခဲ့ဖူးတဲ့ ထမင်းတစ်လုပ်တန်ဖိုးကိုသိတက်ရမယ်၊  သူ့ကျေးဇူးကိုသိတက်သူက လူ့ဘဝ တန်ဖိုးရှိပါတယ် သားရယ် "

" သား အမြဲ လိုက်နာပါ့မယ် "

ခက်တယ်သားရယ် အဖေ ဘယ်ကစ ပြော.မယ်မသိဖြစ်နေပြီ။ မနေ့ကသားတ်ို့ မောင်ရဲရင့်အိမ်ကို လိုက်သွားတဲ့ခဏ ကိုကျော်သက်နဲ့ မြေးငယ်ရှေ့ရေးတိုင်ပင်မိကြသည်။ မြေးငယ်က ဟန်သာ အိမ်တော်မြေးမို့ ဖေဖေတို့နယ်မြို့လေးမှာ ကြီးပြင်းဖို့ မဖြစ်နိုင်ပြန်ဘူး၊  ဟန်သာအိမ်တော်ရဲ့ မျိုးစက်မို့ မောင်ရဲရင့်တို့ဘက်ကလည်း ဆက်ခံသူ အနေနဲ့ လေ့ကျင့်သင်ကြားပေးစရာတွေ၊ လေ့လာစရာတွေရှိနေပြန်တယ်လို့ ဖေဖေတို့ကို အသိပေးထားတယ်။ ဖြစ်ရမည့် ကံတရားက ဖြစ်စေချင်လို့ ဆုံမှတ်ပေးတဲ့ မြေးငယ် ဖြစ်တည်မူက အတိတ်က အနာအဆာတွေ ပြန်တွေးနေရင် အချိန်ကုန်ပြီး နာကျင်မူသာ ဆက်တိုးနေမည်၊ ဖြစ်သင့်တာကိုဦးစားပေးလို့ ဖြစ်ချင်တာကို ကွယ်ဝှက်ခဲ့ကြတာ လူတော်လူကောင်းတစ်ချို့ရဲ့လုပ်ရပ်က သက်သေပဲ။ ကိုယ့်ဆန္ဒ ၊ကိုယ့် သိက္ခာ ၊ ကိုယ့်အတိတ်တွေကိုသာ ဦးစားပေး ရှေ့ဆက်နေရင် ဟန်သာအိမ်တော်ရဲ့ ဆက်ခံသူ ဆုံးရူံးရမည်၊ မြေးငယ် အနာဂတ်ထွန်းလင်းတောက်ပမူကို ပျောက်ကွယ်သွားစေမည်။ တို့သားအဖ မောင်ရဲ့ရင့် လုပ်ရပ်ဆိုးကိုခွင့်မလွတ်နိုင်တောင် မြေးငယ် နောင်ရေး တွေးပေးပြီး လုပ်သင့်တာကို လုပ်ရမယ်၊ မြုပ်သင့်တဲ့ အတိတ်ဆိုးကိုမြုပ်ရမည်။ မိဘတိုင်းသာသားသမီးရှေ့ရေး အမြဲတွေးပြီး ၊ကောင်းစားစေချင်တာ ဓမ္မတာမို့ မိဘနေရာ ယူထားတဲ့သားက မြေးငယ်ရှေ့ရေး အတွက် တွေးပေးမယ်ဆိုတာအဖေတို့သိကြသည်။ သား ခံစားချက်ကို နားမလည်တာ မဟုတ်ဘဲ မြေးငယ်ရှေ့ရေး ထွန်းလင်းဖို့ သား ရဲ့အတိတ်ဆိုးတချို့ကို မြုပ်လိုက်စေချင်တဲ့သဘောပါ၊ အဖေတို့ လူကြီးတွေ ဆန္ဒက မြေးငယ်ကို မိသားစု စုံစုံလင်လင် ကြီးပြင်းလာဖို့။

" သား...ကောင်းပြည့် ဖေဖေ ခုပြောမယ်စကားတွေကို အလေးအနက်ထား နားထောင်ပါ "

" ဟုတ်ကဲ့ပါဖေဖေ "

လေးနက်တည်ငြိမ်စွာ ပြောလာမယ့် ဖေဖေ စကားက မည့်သည်ကို ရည်ရွယ်နေသလဲ ရိပ်မိဟန်ရသော ကျွန်တော်က မျက်လွှာကို အောက်ချပြီး နာခံစွာ ခေါင်းညိမ့်နားထောင်နေမိသည်။

" မောင်ရဲရင့်ကို အပေါ် သားနာကျည်း နေတုန်းပဲ ဆိုတာ အဖေ သိတယ် ၊ ဒါပေမယ့် သားရယ် အဖေ ခုပြောမယ် စကားတွေက ဘယ်သူအတွက်လဲ ဆိုတာ သား တွေးပါ၊ အဖေက ဘာလို့ဒီစကားကို ပြောသလဲဆိုတာ သားဆင်ခြင်ဆုံးဖြတ်ပါ ၊ သားကို ပြောမှ ပြီးမယ့် စကားတွေမို့ အဖေ ပြောရမယ်သား "

" ဟုတ်ကဲ့ပါ ဖေဖေ ပြောပါ ၊ သား နားထောင်နေပါတယ်"

"အတိတ်ဆိုးတွေထဲက အဖေတို့ ရုန်းထွက်ကြရအောင်၊ ဒါ သားခံစားချက်ကို အဖေက နားလည်မပေးဘူး မတွေးနဲ့သား ၊ အဖေဟာဖြစ်သင့်တာကို ဦးစားပေးချင်တဲ့သဘောပဲ၊ တို့များ အတိတ်ဆိုးထဲမှာပဲနေရင် မြေးငယ် နောင်ရေး အဖေတို့ ထည့်တွေးပေးရမယ်၊ နောက်မကြာခင် ကျောင်းတက်ရမယ့် အဖေမြေးက်ု မိစုံဖစုံရှိပါရက်နဲ့ မိတကွဲ၊ ဖတကွဲ ခံစားမူဆိုးတွေ မပေးချင်ဘူး၊ သားတစ်ယောက်ကပဲ မြေးကို ကောင်းစွာပြုစုနိုင်တယ်ဆိုတဲ့ အတွေးမျိုးတွေးလိမ့်မယ် ဒါပေမယ့်သားရယ် မြေးလေးက ကျောင်းထဲက အပေါင်းအဖော်တွေကြား ဖခင်တစ်ယောက်တည်းက မွေးထားတဲ့ အသိစိတ်မျိုး၊ ဖခင်နှစ်ဦး ရှိမှန်းသိရက်နဲ့ သိမ်ငယ် စိတ်တွေ ၊ စိတ်မလုံခြုံမူတွေ မဖြစ်စေချင်ဘူး ၊ ဒီစကားကို ဘာကြောင့် ပြောလဲ သား တွေးပေါ့"

" သား သိနားလည်ပါ့မယ် ၊ သားငယ့် စိတ်ထဲ ဒဏ်ရာတချို့ မဖြစ်စေရပါဘူး ဖေဖေ"

" ကောင်းတယ် ၊ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီသားရယ်၊ လက်ရှိ ပစ္စပ္ပုန် မှာ တို့သားအဖ မြေးလေး ရှေ့ရေး ပဲ တွေးရအောင် ၊ အဖေ့မြေးလေး က ထွက်လင်းပေါက်ပလာမယ့် ဓူဝံကြယ်လို မျိုးပါသားရယ်၊အဖေ့တို့ အတိတ်က အရိပ်ဆိုးတွေက ထွန်းလင်းတောက်ပမယ့် မြေးလေး အပေါ် မသက်ရောက်စေချင်ဘူး ၊ သားလည်း မြုပ်ပစ်ရမယ့် အတိတ်ဆိုးတချို့ကို မြုပ်ပါ ဒီစကားတွေက မောင်ရဲရင့် လုပ်ရပ်ကို ခွင့်လွတ်ရမယ် လို့ အဖေ မဆိုလိုဘူး ၊ သားတို့နှစ်ယောက်ကြားက ပြသနာတွေထိတော့ အဖေ ဝင်မပါချင်ဘူး အဓိကပြောချင်တာ အဖေ့မြေးရှေ့ရေး ပဲ သား "

" သား နားလည်ပါတယ်"

ဖေဖေ ချပြသွားတဲ့ အနာဂတ်အချိန်တွေ အကြောင်းကို ကိုယ်တိုင်လည်းတွေးပြီးသားမို့ နာကျင်နေတဲ့ အတိတ်အရိပ်မည်းတွေကို သားငယ်အပေါ် မလွှမ်းခြုံစေချင်ဘူး။ ဖေဖေ စကားက လွဲမှားချက်မရှိတာမို့ သဘောတူလက်ခံ လိုက်ပေမယ့် တချို့အရာတွေအတွက် လူတချို့တော့မပါတော့မပါဝင်ခဲ့ဘူး ။

" အဖေက ကျလူဖြစ်နေပြီသား၊ မသိပ်မကျန်တော့တဲ့ ဘဝရဲ့ အချိန်တွေကို နာကျင်စရာတွေ ပြန်တွေးပြီး ပူလောင်မနေချင်တော့ဘူးသားရယ် ၊ မနာတက်တာမဟုတ်ပေမယ့် ပူလောင်ခဲ့ရတဲ့အချိန်တွေထဲ မနေချင်တော့တာသား၊ တက်သစ်စ ဖြစ်တဲ့ မြေးငယ် အနာဂတ်ကိုပဲ တို့များ ကောင်းကောင်းပုံဖော်ကြရအောင် သား"

" ဖေဖေ စကား သားလိုက်နာနိုင်အောင်ကြိုးစားပါ့မယ်၊ ချက်ချင်းကြီးတော့ မဖြစ်နိုင်ပေမယ့် ဖေဖေ စိတ်ပူပင်ရမယ့် အဖြစ်မျိုး သားမလုပ်ပါဘူး ဖေဖေ "

ကိုယ်ကြောင့် ပူလောင်ခဲ့ရပြီမို့ အနာဂတ်တွေမှာ အေးချမ်းစေရပါ့မယ် လို့ သားကတိပေးပါ့မယ် ဖေဖေ။

" သိပ်ကောင်းတယ် ကောင်းပြည့် ၊ ဒီစကားတွေ ကြားရတာ ဆရာ ဝမ်းသာမိပါတယ်ကွာ ဖိုးသားလေးအတွက် တို့တွေ အကောင်းဆုံး ပေးဆပ်ကြရအောင် "

ကျောက်လသင်းစားပွဲဖြူဖြူပေါ်က ရိုးသားတဲ့ တောသားလူကြီးသားအဖ ဆွေးနွေးပွဲကို ဘေးကနေ ရပ်ကြည့်နားထောင်ရင်း မှန်ကန်တဲ့နည်းလမ်းတွေမို့ လက်ခံနိုင်သည့်အချက်တွေက ထင်သာမြင်သာစေသည်။

" ဟုတ်ကဲ့ပါဆရာ.."

အနားကို ရောက်လာတဲ့ ဆရာက ပုခုံးကို ပုတ်လို့သူ့ဆန္ဒကို ဝမ်းမြောက်စွာဖြင့် နှစ်သိမ့်ပေးနေသည်။ ကျေးဇူးရှင် ဖခင်တွေရဲ့ ဆိုဆုံးမမူကို ခံယူရင်း ဖေဖေ ပြောပြတဲ့ အကြောင်းအရာတချို့အတွက် ကျွန်တော်ခံစားချက်နှင့် သားငယိရှေ့ရေး တွေးဖို့လိုနေပြီ။ ကိုယ့်ခံစားချက်ကိုသာ ဦးစားပေးနေရင် သားငယ်ဘဝ နောက်ကျပြီးမှ အောင်မြင်လိမ့်မည်၊ အတိတ်ဆိုး အရိပ်တွေက သားငယ့်အနာဂတ်ကို ဖုံးအုပ်ခွင့်မပေးနိုင်သလို သူ့ကိုလည်း ခွင့်မလွတ်နိုင်။ သူ့ကိုမြင်ရင် နာကျင်ခဲ့ရတဲ့ နှလုံးသားက အနာဟောင်း ပြည်ကိုက်သည့်အလား တဆစ်ဆစ်နဲ့။ ခဲမှန်ဖူးသူမို့ လေတိုက်သံကြားတိုင်း တုန်လူပ်နေတုန်း။ အနာဟောင်းတို့မည်သည့် တိုက်ဆိုင်လာတိုင်း၊ ထိုသူကိုမြင်တိုင်း ကြောက်လန့်နေတုန်း၊ ယုံကြည်မူ ကင်းမဲ့နေတုန်း။ သားငယ်ရှေ့ရေး တွေးပြီးမြုပ်ပစ်ရမယ့် အရာတွေထဲ သူ့မျက်နှာမပါခဲ့၊  သားငယ် ဖခင်တစ်ယောက်ဆိုတဲ့ရှောင်မရတဲ့ အမှန်တရားကို လက်ခံရင်း ကျွန်တော်တို့နှစ်ယောက် ပြန်ပေါင်းဖို့ မဖြစ်နိုင်ပြီ။ ပြန်လည်ပေါင်းစည်းဖို့ကလွဲ သားငယ်မျက်နှာတစ်ခုဖြင့်ဟန်သာ အိမ်တော်ဆန္ဒတွေကိုလက်ခံရမည်၊သားငယ်က တိမ်တိုက်တွေကြား ပုန်းကွယ်နေရမည့် ကြယ်မျိုးမဟုတ် အများတွေအပေါ် ထွန်းလင်းတောက်ပ နေမယ့် သူ့ထက်သာသောဓူဝံကြယ်လိုမျိုး။

—————————————————————————————————————

ညနေခင်း အလုပ်ကအပြန် အိမ်ဝင်လာသော ဝင်းထက်ကို အကြောင်းအရာတချို့တိုင်ပင်ဖို့ အကြောင်းဖန်လာခဲ့သည်။

ကိုယ်ပိုင် Company ကြီးတစ်ခုမှာ ငွေကြေးပိုင်းဆိုင်ရာကိုစီမံကွပ်ကဲသူပီပီ တည်ငြိမ် နေပုံက အရင်ပုံစံနှင့်ကွာခြားခဲ့သည်၊ အစ်ကိုသက်ပိုင်နှင့် တည်ငြိမ်သော အိမ်ထောင်ရေး ၊ ပြင်ပလုပ်ငန်းအတွေ့အကြုံရင့်သန်သူပီပီ စကားပြောနေပုံကလူကြီးလူကောင်းဆန်စွာ။ အရင်က ဆိုးဖော်ဆိုးဖက် ဝင်းထက်မဟုတ်တော့ပဲ အိမ်ထောင်တစ်ခုရဲ့ ပဲ့ကိုင်သူ၊ လုပ်ငန်းကြီးများစွာကိုစီမံကွပ်ကဲသူပီသစွာ ။

ခန့်ညားလွန်းသည့် အပြင်အဆင်၊ နောက်ဆုံး furnitures များဖြင့် ပန်းပုရုပ်ထုများစွာ အလှဆင်ထားသည့် ဧည့်ခန်းမအလယ်က ပန်းကနုတ်များကိုအနုစိတ်အလှဖော်ထားသော ကျွန်းဆက်တီခုံတွေပေါ်ထိုင်ပြီး အလုပ်ကိစ္စ ပြောဆိုပြီး၊ သားငယ်အနာဂတ်နောင်ရေး အစီအစဉ်အ​တွေအကြောင်း တိုင်ပင်မိတော့ သူ့ရင်သွေးပမာ ဆွေးနွေးနေပုံက များစွာ အားအင်ဖြစ်ရသည်။

ငကောင်းဧည့်ခံထားသော ပင်မှည့်သီးဖျော်ရည်စစ်ကို တစ်ရိူက်သောက်ပြီး ကာလ ......

" မင်းဘယ်လို စဉ်းစားထားလဲ ငကောင်း"

" ငါမသိသေးဘူး ၊ တနေ့က သားငယ်အတွက် အိမ်တော်က စီစဉ်ပေးတဲ့ ကျောင်းကို online က တစ်ချက်လေ့လာမိတော့ မနည်းတဲ့ကြေးနူန်းပဲ ၊ လူကုံတန် သားသမီးတွေ နေတဲ့ ကျောင်းဆိုတော့ ဘယ်မှ အပစ်ရှာရပါ့မလဲ ၊ ကျောင်းအပ်ခကလည်း မိုးပျံလို့ ငါ့မတက်နိုင်တဲ့ ပမာဏ ပဲ ဝင်းထက် ...."

ထိပ်တန်း international school ငါးခု အမည်တွေကို online ကတဆင့်လေ့လာကြည့်ရင်း ဆုပ်ကိုင်ထားသော ဂဏန်းငွေပမာဏက မျက်နှာငယ်ရပြီ။ ကိုယ့်တိုင်ကြိုးစားချင်သော စိတ်ကလေးကို ထပ်ဆင့် motivation လုပ်ရင်း ။

" မင်း ဘယ်လို လုပ်မလဲ ဒါဆို ၊ ကောင်းစစ်ကို ဟိုဘက်က အဖိုးက အကုန်စီစဉ်ပြီးနေပြီ မင်းလက်ခံဖို့ လိုအပ်နေတာ "

" ငါ အလုပ်လုပ်မယ် ဝင်းထက် ...."

" ဘယ်လို...."

" နေပါအုံး မင်းလူကြီးက ခွင့်ပြုမယ် ထင်တယ်လား "

#မမအတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
# Take care all

( * မမပြောချင်တာ ဇာတ်က တဖြေးဖြေးခြင်း သိမ်းသွင်းရသလို၊ လက်ခံပေးဖို့ခက်ခဲတဲ့အချိန်ကာလ ၊ သားမျက်နှာတလှည့် ၊ ခံစားချက်တလှည့် မို့ နားလည်ပေးကြဖို့မျှော်လင့်ရင်း....အနာတစ်ခုက ကြီးသည်/ငယ်သည် မဟုတ် အတွင်းသားထိနက်တဲ့ဒဏ်ရာက အနာကျက်ဖို့ ခက်ခဲလို့ပါ .....)
——————————————————————————————————————————

zawgyi

* မိသားစုႏွင့္အတူတကြ ၿငိမ္းခ်မ္းေပ်ာ္႐ႊင္ေသာ သီတင္းကြၽတ္ေလး ျဖစ္ပါေစ 🙏

" သားတို႔ အတူတူေနၾကရေတာ့မွာလား ဒယ္ဒီ"

" သိပ္မၾကာေတာ့ပါဘူး သားရယ္၊ ဒယ္ဒီတို႔ အတူတူ ေနၾကရေတာ့မွာပါကြာ ၊ သားငယ္ စိတ္တိုင္းက် ျဖစ္ေစရမယ္ေနာ္ .... "

သားဆႏၵကို ဒယ္ဒီက ျဖည့္ဆည္းေပးမွာမို႔ ကတိတည္ေစရပါ့မယ္။

" ဒယ္ဒီ...."

" ဗ်ာ...."

" သား...သားသိတယ္ "

သူ႕ရင္ဘတ္ေလးကိုပုတ္ၿပီး ေျပာေနတဲ့သားငယ္မ်က္ဝန္းေတြက အတိတ္က ပင္ပမ္းမူေတြလား ။

" အင္း ....ေျပာေလ သား"

ေျပာရခက္တဲ့စကား ဆိုေနသည့္ဟန္ ေအာက္ႏူတ္ခမ္းလႊာေလးကို မသိမသာ ဖိကိုက္ရင္း လက္ညိုးေလးထိုးၿပီး ရင္ဖြင့္ေနသည္က ကြၽန္ေတာ့္ေက်ကြဲစရာ အခန္းေတြ။

"ဟို...ဟိုမွာတုန္းက....ပါးပါးက သားအတြက္ အလုပ္ေတြ လုပ္ရတယ္ ဒယ္ဒီ၊ ေနာက္ၿပီး သားႏွင့္အတူတူ မေဆာ့ရဘူး ညေနမွ ျပန္လာရတဲ့ ပါးပါးက ပင္ပမ္းတယ္တဲ့ ၊ သားက ပါးပါးကို အဲလိုေတြမသြားေစခ်င္ဘူး "

ေဝ့ဝဲလာေသာ သားငယ္မ်က္ရည္စေတြက ရင်တွင်းနေရာက်ုမီးမြိုက်နေ့သည့်အလား ။ သားငယ္ေရွ႕ ဒူးေထာက္ခ်ၿပီး သားငယ္ပါးျပင္ေလးႏွစ္ဖက္ကို အသာအရာ ပြတ္သပ္၍ ေခ်ာ့ျမဴမိၿပီ။

ေက်ကြဲရိပ္ကို အံ့တင္းလို႔ အၿပဳံးဟန္ေဆာင္ရင္း ဆက္ေျပာဆိုသည့္ဟန္ျဖင့္ ေခါင္းဆက္ျပမိသည္။ သားငယ္စကားလုံးက ဓါးသြားတမွ် ထက္ျမက္လွသည့္အသြားေတြႏွယ္။

" အဲ့ဒါ...ေလ...ဒယ္ဒီက သား...သား..တို႔ကို ပစ္ထားခဲ့လို႔ ပါးပါးက အလုပ္ေတြမ်ားႀကီးလုပ္ေနရတာတဲ့ ဟို ဖြားဖြားကေျပာဖူးတယ္ ဟုတ္လား ဒယ္ဒီ"

သားငယ္ စကားတခ်ိဳ႕က အမွန္တရားမို႔ ခါးသက္လြန္းလွၿပီ။ ကိုယ့္ေၾကာင့္ပါလို႔ ခံယူထားေသာ အမွားေတြထဲကတစ္ခ်က္ ကို သားငယ္ ဤသို႔ေျပာလာသည့္အခါ ေၾကာက္လန့္ျခင္းက မ်က္ႏွာေပၚမွာ ထင္ဟပ္လ်က္ မထိမ္းနိုင္။ အႏွစ္ႏွစ္ အလလ က ေျခာက္လွန့္ေနေသာ အိမ္မက္ႀကီးက လက္ေတြ႕ ျဖစ္လာခဲ့သလို တုန္လူပ္ေျခာက္ျခားမိၿပီ။ မျဖစ္ခ်င္ေသာ ဆႏၵတခ်ိဳ႕ ႐ုန္းကန္ထြက္ေပၚလာသလို အတိတ္ကအရိပ္မည္းက သားငယ္ သိမ်ားသြားရင္ ဆိုေသာ အခ်က္က ကိုယ္ကို ေလာင္ၿမိဳက္ေစသည့္အလား ႏွလုံးသားတို႔ကြၽမ္းေစခဲ့ၿပီ။ ေတာင္းပန္ပါတယ္ ျပင္မရတဲ့အတိတ္ေတြ၊ ျပင္မရတဲ့ ကိုယ့္မိုက္မူေတြ ေၾကာင့္ သားငယ္တို႔ နာက်င္ခံစားေစၿပီ။ ဒီမိုက္ပစ္ေတြကိုအသက္ရွင္ေနသေ႐ြ႕ ဒယ္ဒီေပးဆပ္မယ္၊ ဒယ္ဒီ ရွိသမွ် ခြန္အား ေတြနဲ႕ သားငယ္တို႔ကို ကာကြယ္ ေပးပါ့ကြာ၊ ျပင္မရတဲ့အမွားေတြမို႔ ကိုယ္တိုင္လည္း အသုံးမက်သလို ကိုယ့္စိတ္ကိုလည္း လုံၿခဳံမူကင္းမဲ့ေနဆဲ၊ နာက်င္ေနဆဲ၊ ေလာင္ၿမိဳက္ေနဆဲ၊ ေနာင္တ, တရားကို ရင္ဝယ္ပိုက္ထားရဆဲ။

" ေနာက္မျဖစ္ေစရဘူးေနာ္ သားပါးပါး ကို ခုကစၿပီး ဘာအလုပ္မွ မလုပ္ေစရဘူးကြာ၊ ဒယ္ဒီကတိေပးတယ္ သားစိုးရိမ္စရာ ဘာတစ္ခုမွ ဒယ္ဒီခြင့္မျပဳဘူး"

သားငယ္ေခါင္းေလးကို ဖိကိုင္ရင္း ရင္ခြင္ထဲ သြင္း၍ ေက်ကြဲဟန္တို႔ျဖင့္ ဆိုေနမိသည္။ ဒယ္ဒီေတာင္းပန္ပါတယ္ဆိုတဲ့စကား မပါမျဖစ္မို႔ ဒီျပဇာတ္ဆုံးခန္းတိုင္လည္း ဒယ္ဒီ ဆိုေနရအုံးမွာပဲ သားရယ္။

" တကယ္လား ဒယ္ဒီ....ဒါဆို ပါးပါးက အလုပ္မသြားရေတာ့ဘူးလား ...."

" ဒါေပါ့ ဒယ္ဒီ ကိုယုံေနာ္...."

ေပးအပ္တဲ့တာဝန္ကို ဒယ္ဒီေက်ပြန္ေစရပါ့မယ္၊ ထပ္တူ နာက်င္စရာ အခန္းဆက္ေတြမရွိေတာ့ၿပီမို႔ ေပ်ာ္စရာဇာတ္သိမ္းေတြ ဖန္တီးေနပါတယ္သားရယ္။ ဒယ္ဒီကိုယုံၾကည္ပါကြာ။

" အြန္း....အြန္း ..."

သူ႕ဆႏၵ တခ်ိဳ႕ကို ထုတ္ေဖာ္ျပာၾကားၿပီး ၿမဲေသာကတိေတြ တည္ေစ၍ သားငယ္ နဖူးျပင္ေလးကိုအခ်စ္ပိုစြာ နမ္းမိေတာ့မ်က္လုံးေလးမွိတ္ၿပီး ခံယူေနေသာ သားရတနာကို ရင္ထဲက ခ်စ္ျခင္းေမတၱာေတြ ေပၚလာခဲ့ၿပီ။ ငါသာ ကေလးငယ္အေပၚ အပစ္ေတြ မလုပ္ခဲ့ရင္၊ နာက်င္စရာေတြမေပးခဲ့ရင္ ခုခ်ိန္သာယာေသာ မိသားစုဘဝေလးျဖင့္ ဘယ္ေလာက္ေပ်ာ္စရာေကာင္းေနမလဲ၊ ဘယ္ေလာက္ၾကည္ႏူးစရာေကာင္းေနမလဲ ။

" ဒယ္ဒီ...."

" ဗ်ာ ..သားငယ္....မေန႕က ဒယ္ဒီ ပို႔လိုက္တဲ့ logoေတြ၊ ကားအ႐ုပ္ေတြ ႀကိဳက္လား ၊ ေနာက္ထက္လည္း ဒယ္ဒီ မွာထားတယ္ သားအတြက္"

" အြန္း...သားမယူခ်င္ေတာ့ဘူး ၊ မေန႕က ပါးပါးက ေျပာတယ္ ' သားသားအ႐ုပ္ေတြမ်ားလို႔ ထားစရာ ခက္ေတာ့မယ္တဲ့ 'ေနာ္ဒယ္ဒီ သားမွာ အမ်ားႀကီးရွိၿပီ"

အမ်ိဳးသားငယ္ ေျပာသံေလး နားဝင္ေနသည့္ သားငယ္ ။

" ဟုတ္လား...ဒယ္ဒီက မွာၿပီးၿပီ ကေလးရဲ႕ ၊ သားအ႐ုပ္ေတြထားဖို႔ အခန္းက်ယ္ႀကီး ဒယ္ဒီ စီစဥ္ေပးမယ္၊ သားငယ္ ေပ်ာ္ေနဖို႔ပဲ လိုတာမို႔ သားက ေပ်ာ္ေပ်ာ္ေနေပးေနာ္ "

" အြန္...သား ေပ်ာ္ပါတယ္ ၊ ဖိုးဖိုးေတြကလည္း သားကို ခ်စ္ၾကတယ္၊ ဒီမွာဦးဦးေတြလည္း မ်ားႀကီးပဲ "

" ဟုတ္လား ....ဒယ္ဒီကလည္း သားကို ခ်စ္တာသိထားေပးပါေနာ္"

ကိုယ့္ေတာင္းပန္မူကို အသိမွတ္ျပဳေပးတဲ့ သားငယ္က ရင္ခြင္ထဲ ဝင္လာၿပီး လက္ေသးေသးျဖင့္ ကြၽန္ေတာ္လည္ပင္းကို ဖက္ထားတယ္။ ဒယ္ဒီ ဝမ္းမနည္းပါနဲ႕တဲ့! တစ္ခြန္းတည္းေသာ သားငယ္စကားကို နားစည္မွတဆင့္ ႏွလုံးသားဆီ စီးဆင္းျဖတ္ဝင္သြားၿပီး ၾကည္ႏူးျခင္း၊ ေပ်ာ္႐ႊင္ျခင္း ၊ ဝမ္းသာျခင္းစသည့္ ေက်နပ္ေပ်ာ္႐ႊင္မူ ရသအစုံကို ခံစားေနရၿပီ။ ဖခင္ေမတၱာ ဆိုတဲ့သေဘာကို သားငယ္ နဲ႕မွ ခံစားသိျမင္လာရသည္မို႔ သားရတနာအေပၚ ခ်စ္ျခင္းေမတၱာေတြ၊ ေစာင့္ေရွာက္ကာကြယ္လိုမူေတြ၊ ၾကင္နာယုယ ျခင္းေတြ ရင္ထဲကခံစားမူေတြအမ်ားအျပား။ ဖခင္ဟူသည္ သည္လိုမ်ိဳး ေမတၱာဓါတ္ေတြ လား ။

ၿခံဝန္းထဲက အရိပ္ရ အပင္ေအာက္က ေက်ာက္သလင္းစားပြဲေပၚ ထိုင္ၿပီး သားကို အနားေခၚကာ ဆုံးမစကားတခ်ိဳ႕ သြင္သင္ရမည္မဟုတ္လား။ သူ႕အမွားမဟုတ္ေသာ မွားယြင္းေနတဲ့ သူ႕ဆုံးျဖတ္ခ်က္ကို ျပဳျပင္ေပးရမည့္တာဝန္က ကိုယ္တိုင္ပြင့္လင္းစြာေျပာရမည္မို႔ နားဝင္ေအာင္၊ သေဘာေပါက္ေအာင္ သားအဖႏွစ္ေယာက္ တိုင္ပင္ေဆြးႏြေးရမည္ေလ။

ေရာင္စုံႏွင္းဆီမ်ား ဖူးပြင့္ေနၾက နံနက္ခင္းအလွႏွင္အၿပိဳင္ စံပါယ္၊ ဇီဇဝါ၊ ဇြန္ ၊ ျမေလးပန္း ျဖဴျဖဴ၊ သစ္ခြ၊ ဇလပ္၊ ဂမုန္း စသည့္ ပန္းပင္မ်ိဳးကြဲမ်ားစြာကို အမည္အုပ္စုအလိုက္ အစီအစဥ္တက် လွပစြာ၊ ေသသပ္စြာ စိုက္ပ်ိဳးထားေသာ ပန္းဥယ်ာဥ္ရိပ္က နံနက္ခင္းမွာ ပန္းရနံ႕စုံစြာျဖင့္ စိတ္ၾကည္ႏူးမူအတိ ျဖစ္ေပၚေစသည္။

မိုးရနံရသည္ဆိုလွ်င္ပဲ ဖူးပြင့္ေဝစ ပန္းဖူး၊ အခက္အလက္တို႔ၿမိဳင္ဆိုင္စြာ သူၿပိဳင္ငါၿပိဳင္ ပြင့္လန္းေနၾကသည့္ မ်ိဳးကြဲ ပန္းဥယ်ာဥ္ေလးက သားေကာင္းျပည့္ျမတ္နိုးရာ ေနရာမို႔ ပို၍ အေလးထား ျပဳျပင္ေနသည့္ၿခံရွိ လူအမ်ား၊ ပန္းရနံ႕က လူစိတ္ကို လန္းဆန္းေစသည္၊ ၾကည္ႏူးေစသည္၊ ႏြေးေထြးႏူးညံ့ေစသည္။ တစ္ခ်ိန္က ပန္းေလးႏွင့္အၿပိဳင္ ႏုနယ္လွေသာ ေကာင္းျပည့္စိတ္ႏွလုံး ယခုလိုအနာဒဏ္ရာေတြ အတိတ္ဆိုးေတြေၾကာင့္ နာက်င္ေနဆဲ၊ ဖုံးကြယ္ထားဆဲ၊ အခ်ိဳ႕အခ်ိန္ေတြမွာ အတိတ္ထဲမွာ ႏွစ္ျမဳပ္ေနဆဲ၊ မာေက်ာခ်င္ေယာင္ေဆာင္ေနတဲ့ ပန္းအသြင္ႏုနယ္လွတဲ့ႏွလုံးသားေလး နာက်င္ေနဆဲ။

နံနက္ခင္း သစ္ခြပန္းပြင့္တခ်ိဴ႕ႏွင့္ ပြင့္လန္းေနဆဲ ႏွင္းဆီ နီနီ၊ဝါ၊ ျဖဴ တစ္ခ်ိဳ႕ကို ပန္းေကာက္ေနေသာ သားကိုၾကည့္ၿပီး ၊ ေတြးစရာ ၊ ေျပာစရာ တခ်ိဳ႕ ျမင္ေယာင္လာရင္း။

" သား....ေဖေဖ ေျပာစရာရွိတယ္ "

ေဖေဖ ေခၚသံၾကားလို႔ လက္ထဲက ေကာက္ထားပန္းမ်ားကို အနားရွိ ကေလးမေလးအား ဘုရားတင္ကပ္လႉရန္ေျပာၾကားၿပီး ေဖေဖ အနီးနား ၊ ေက်ာက္သလင္းထိုင္ခုံျဖဴေပၚ ကိုယ္ခႏၶာကိုက်ဳံ႕ၿပီးရိုေသစြာ ေဖေဖ ေျပာစကား နားေထာင္ရန္ ထိုင္ေနမိသည္။

(A/N ေဒသအရ ပန္းကို ဆြတ္ခူးတယ္မေျပာဘဲ ပန္းေကာက္သည္လို႔ပဲေျပာတက္လို႔ပါ)

" ဟုတ္ ေျပာပါ ေဖေဖ"

ေဖေဖႏွင့္ အတူဟိုမွာ အခ်ိန္တစ္ခုထိေနခ်င္တယ္၊ သားေက်ာင္းတက္ဖို႔ အခ်ိန္ သုံး/ ေလးလေလာက္လိုေသးတာမို႔ နယ္မွပဲ ေနမည္။ သားေလးကိုလည္း သူ႕ဖိုးဖိုး ရင္ေငြ႕ခိုလုံေစခ်င္သည္၊ ကိုယ္ေတြ ဘဝ ပင္ပမ္းခဲ့ရသမွ် ေဖေဖရင္ခြင္မွာ ေနၿပီး ေဖေဖ လိုအပ္သမွ်ကို ျဖည့္ဆည္းေပးခ်င္သည္။ ၿမိဳ႕ႀကီးျပႀကီး အေနစိမ္းသည့္ေဖေဖက ကြၽန္ေတာ္တို႔ သားအဖ အတြက္နဲ႕ လာေနေနရတာ ေဖေဖ ေမတၱာ ဘယ္ေလာက္အင္အားႀကီးမွန္း သားသိတယ္၊ တခ်ိန္က ႏွင္ခဲ့တာလည္း အေၾကာင္းတစ္ခုရွိလို႔ ဆိုတာ ေဖေဖကို အျပစ္မျမင္ဘဲ သားသေဘာေပါက္ၿပီးသားပါ ။ သားငယ္ကို ေတြ႕ရတဲ့ အခ်ိန္ ေဖေဖ မ်က္ဝန္းထဲ မိဘ့ေမတၱာေတြ၊ ပူပင္ေသာကေတြ ေမ်ာခ်သည့္အလား ေႂကြက်သြား မ်က္ရည္ေတြ၊ေဖေဖ မ်က္ႏွာက အၿပဳံးခ်ိဳခ်ိဳေတြ ေျမးငယ္အတြက္ သိပ္ခ်စ္ေနတာ ေဘးလူအကုန္ခံစားမိတယ္ ။ အခ်ိန္အေတာ္ၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့ ေဖေဖ မ်က္ဝန္းကၾကင္နာမူေတြကို ေျမးငယ္အေပၚ အကုန္ပုံ႕အပ္ခ်စ္ေနသည့္မ်က္ဝန္းညိုေတြ၊ အသက္ႀကီးလို႔ သဘာဝတရားကေပးတဲ့ မ်က္ႏွာေပၚက အေရးအေၾကာင္းတခ်ိဳ႕ႏွင့္ေဖေဖ့ အၿပဳံးေတြက ကြၽန္ေတာ္ ပင္ပမ္းရက်ိဳးနပ္ၿပီ၊ ေဖေဖအတြက္ ေဖေဖေျမးကို ေမြးဖြားေပးရက်ိဳး နပ္ၿပီေဖေဖ။ ဒီအခိုက္အတန့္ေလးကို ျမင္ရသည့္ တစ္ခဏ ကြၽန္ေတာ္ ေယာက်ားတန္မဲ့ ကိုယ္ဝန္ေဆာင္ရပါ့လားဆိုတဲ့ သိမ္ငယ္တဲ့ အေတြးေတြ လြင့္ေမ်ာကုန္ၿပီ၊ ေဖေဖ ေပ်ာ္႐ႊင္ျခင္းကို သယ္ေဆာင္လာေပးတဲ့ ေျမးငယ္ကို ေဖေဖ အတြက္ ေမြးေပးရသည္မွာ ဂုဏ္ယူမဆုံး။

" သိပ္မၾကာခင္ အေဖတို႔နယ္ကို အတူ ျပန္ၾကမယ္ေလ ၊ ကိုေက်ာ္သက္ကလည္း နယ္အထိလိုက္မယ္ေျပာတယ္ သား"

"ဟုတ္တယ္ ေဖေဖ၊ ဆရာက သားကို သိပ္ခ်စ္တာ ေ႐ႊဘိုမွာကတည္းက ေျမးကိုလက္ေပၚကမခ်ဘဴး အိမ္မွာ အလိုလိုက္ဆုံးပဲ၊ မမနဲ႕ အစ္ကိုတည္ၿမဲတို႔ကအစေပါ့"

" ေက်းဇူးတရားကို သိတက္ရမယ္သား၊ ကိုယ္အေပၚ မွာ ျပဳခဲ့ဖူး၊ ေကြၽးခဲ့ဖူးတဲ့ ထမင္းတစ္လုပ္တန္ဖိုးကိုသိတက္ရမယ္၊ သူ႕ေက်းဇူးကိုသိတက္သူက လူ႕ဘဝ တန္ဖိုးရွိပါတယ္ သားရယ္ "

" သား အၿမဲ လိုက္နာပါ့မယ္ "

ခက္တယ္သားရယ္ အေဖ ဘယ္ကစ ေျပာ.မယ္မသိျဖစ္ေနၿပီ။ မနေ့ကသားတ်ို့ ေမာင္ရဲရင့္အိမ္ကို လိုက္သြားတဲ့ခဏ ကိုေက်ာ္သက္နဲ႕ ေျမးငယ္ေရွ႕ေရးတိုင္ပင္မိၾကသည္။ ေျမးငယ္က ဟန္သာ အိမ္ေတာ္ေျမးမို႔ ေဖေဖတို႔နယ္ၿမိဳ႕ေလးမွာ ႀကီးျပင္းဖို႔ မျဖစ္နိုင္ျပန္ဘူး၊ ဟန္သာအိမ္ေတာ္ရဲ႕ မ်ိဳးစက္မို႔ ေမာင္ရဲရင့္တို႔ဘက္ကလည္း ဆက္ခံသူ အေနနဲ႕ ေလ့က်င့္သင္ၾကားေပးစရာေတြ၊ ေလ့လာစရာေတြရွိေနျပန္တယ္လို႔ ေဖေဖတို႔ကို အသိေပးထားတယ္။ ျဖစ္ရမည့္ ကံတရားက ျဖစ္ေစခ်င္လို႔ ဆုံမွတ္ေပးတဲ့ ေျမးငယ္ ျဖစ္တည္မူက အတိတ္က အနာအဆာေတြ ျပန္ေတြးေနရင္ အခ်ိန္ကုန္ၿပီး နာက်င္မူသာ ဆက္တိုးေနမည္၊ ျဖစ္သင့္တာကိုဦးစားေပးလို႔ ျဖစ္ခ်င္တာကို ကြယ္ဝွက္ခဲ့ၾကတာ လူေတာ္လူေကာင္းတစ္ခ်ိဳ႕ရဲ႕လုပ္ရပ္က သက္ေသပဲ။ ကိုယ့္ဆႏၵ ၊ကိုယ့္ သိကၡာ ၊ ကိုယ့္အတိတ္ေတြကိုသာ ဦးစားေပး ေရွ႕ဆက္ေနရင္ ဟန္သာအိမ္ေတာ္ရဲ႕ ဆက္ခံသူ ဆုံး႐ူံးရမည္၊ ေျမးငယ္ အနာဂတ္ထြန္းလင္းေတာက္ပမူကို ေပ်ာက္ကြယ္သြားေစမည္။ တို႔သားအဖ ေမာင္ရဲ႕ရင့္ လုပ္ရပ္ဆိုးကိုခြင့္မလြတ္နိုင္ေတာင္ ေျမးငယ္ ေနာင္ေရး ေတြးေပးၿပီး လုပ္သင့္တာကို လုပ္ရမယ္၊ ျမဳပ္သင့္တဲ့ အတိတ္ဆိုးကိုျမဳပ္ရမည္။ မိဘတိုင္းသာသားသမီးေရွ႕ေရး အၿမဲေတြးၿပီး ၊ေကာင္းစားေစခ်င္တာ ဓမၼတာမို႔ မိဘေနရာ ယူထားတဲ့သားက ေျမးငယ္ေရွ႕ေရး အတြက္ ေတြးေပးမယ္ဆိုတာအေဖတို႔သိၾကသည္။ သား ခံစားခ်က္ကို နားမလည္တာ မဟုတ္ဘဲ ေျမးငယ္ေရွ႕ေရး ထြန္းလင္းဖို႔ သား ရဲ႕အတိတ္ဆိုးတခ်ိဳ႕ကို ျမဳပ္လိုက္ေစခ်င္တဲ့သေဘာပါ၊ အေဖတို႔ လူႀကီးေတြ ဆႏၵက ေျမးငယ္ကို မိသားစု စုံစုံလင္လင္ ႀကီးျပင္းလာဖို႔။

" သား...ေကာင္းျပည့္ ေဖေဖ ခုေျပာမယ္စကားေတြကို အေလးအနက္ထား နားေထာင္ပါ "

" ဟုတ္ကဲ့ပါေဖေဖ "

ေလးနက္တည္ၿငိမ္စြာ ေျပာလာမယ့္ ေဖေဖ စကားက မည့္သည္ကို ရည္႐ြယ္ေနသလဲ ရိပ္မိဟန္ရေသာ ကြၽန္ေတာ္က မ်က္လႊာကို ေအာက္ခ်ၿပီး နာခံစြာ ေခါင္းညိမ့္နားေထာင္ေနမိသည္။

" ေမာင္ရဲရင့္ကို အေပၚ သားနာက်ည္း ေနတုန္းပဲ ဆိုတာ အေဖ သိတယ္ ၊ ဒါေပမယ့္ သားရယ္ အေဖ ခုေျပာမယ္ စကားေတြက ဘယ္သူအတြက္လဲ ဆိုတာ သား ေတြးပါ၊ အေဖက ဘာလို႔ဒီစကားကို ေျပာသလဲဆိုတာ သားဆင္ျခင္ဆုံးျဖတ္ပါ ၊ သားကို ေျပာမွ ၿပီးမယ့္ စကားေတြမို႔ အေဖ ေျပာရမယ္သား "

" ဟုတ္ကဲ့ပါ ေဖေဖ ေျပာပါ ၊ သား နားေထာင္ေနပါတယ္"

"အတိတ္ဆိုးေတြထဲက အေဖတို႔ ႐ုန္းထြက္ၾကရေအာင္၊ ဒါ သားခံစားခ်က္ကို အေဖက နားလည္မေပးဘူး မေတြးနဲ႕သား ၊ အေဖဟာျဖစ္သင့္တာကို ဦးစားေပးခ်င္တဲ့သေဘာပဲ၊ တို႔မ်ား အတိတ္ဆိုးထဲမွာပဲေနရင္ ေျမးငယ္ ေနာင္ေရး အေဖတို႔ ထည့္ေတြးေပးရမယ္၊ ေနာက္မၾကာခင္ ေက်ာင္းတက္ရမယ့္ အဖေမြေးက်ု မိစုံဖစုံရွိပါရက္နဲ႕ မိတကြဲ၊ ဖတကြဲ ခံစားမူဆိုးေတြ မေပးခ်င္ဘူး၊ သားတစ္ေယာက္ကပဲ ေျမးကို ေကာင္းစြာျပဳစုနိုင္တယ္ဆိုတဲ့ အေတြးမ်ိဳးေတြးလိမ့္မယ္ ဒါေပမယ့္သားရယ္ ေျမးေလးက ေက်ာင္းထဲက အေပါင္းအေဖာ္ေတြၾကား ဖခင္တစ္ေယာက္တည္းက ေမြးထားတဲ့ အသိစိတ္မ်ိဳး၊ ဖခင္ႏွစ္ဦး ရွိမွန္းသိရက္နဲ႕ သိမ္ငယ္ စိတ္ေတြ ၊ စိတ္မလုံၿခဳံမူေတြ မျဖစ္ေစခ်င္ဘူး ၊ ဒီစကားကို ဘာေၾကာင့္ ေျပာလဲ သား ေတြးေပါ့"

" သား သိနားလည္ပါ့မယ္ ၊ သားငယ့္ စိတ္ထဲ ဒဏ္ရာတခ်ိဳ႕ မျဖစ္ေစရပါဘူး ေဖေဖ"

" ေကာင္းတယ္ ၊ ၿပီးခဲ့တာေတြလည္း ၿပီးခဲ့ပါၿပီသားရယ္၊ လက္ရွိ ပစၥပၸဳန္ မွာ တို႔သားအဖ ေျမးေလး ေရွ႕ေရး ပဲ ေတြးရေအာင္ ၊ အေဖ့ေျမးေလး က ထြက္လင္းေပါက္ပလာမယ့္ ဓူဝံၾကယ္လို မ်ိဳးပါသားရယ္၊အေဖ့တို႔ အတိတ္က အရိပ္ဆိုးေတြက ထြန္းလင္းေတာက္ပမယ့္ ေျမးေလး အေပၚ မသက္ေရာက္ေစခ်င္ဘူး ၊ သားလည္း ျမဳပ္ပစ္ရမယ့္ အတိတ္ဆိုးတခ်ိဳ႕ကို ျမဳပ္ပါ ဒီစကားေတြက ေမာင္ရဲရင့္ လုပ္ရပ္ကို ခြင့္လြတ္ရမယ္ လို႔ အေဖ မဆိုလိုဘူး ၊ သားတို႔ႏွစ္ေယာက္ၾကားက ျပသနာေတြထိေတာ့ အေဖ ဝင္မပါခ်င္ဘူး အဓိကေျပာခ်င္တာ အေဖ့ေျမးေရွ႕ေရး ပဲ သား "

" သား နားလည္ပါတယ္"

ေဖေဖ ခ်ျပသြားတဲ့ အနာဂတ္အခ်ိန္ေတြ အေၾကာင္းကို ကိုယ္တိုင္လည္းေတြးၿပီးသားမို႔ နာက်င္ေနတဲ့ အတိတ္အရိပ္မည္းေတြကို သားငယ္အေပၚ မလႊမ္းၿခဳံေစခ်င္ဘူး။ ေဖေဖ စကားက လြဲမွားခ်က္မရွိတာမို႔ သေဘာတူလက္ခံ လိုက္ေပမယ့္ တခ်ိဳ႕အရာေတြအတြက္ လူတခ်ိဳ႕ေတာ့မပါေတာ့မပါဝင္ခဲ့ဘူး ။

" အေဖက က်လဴျဖစ္ေနၿပီသား၊ မသိပ္မက်န္ေတာ့တဲ့ ဘဝရဲ႕ အခ်ိန္ေတြကို နာက်င္စရာေတြ ျပန္ေတြးၿပီး ပူေလာင္မေနခ်င္ေတာ့ဘူးသားရယ္ ၊ မနာတက္တာမဟုတ္ေပမယ့္ ပူေလာင္ခဲ့ရတဲ့အခ်ိန္ေတြထဲ မေနခ်င္ေတာ့တာသား၊ တက္သစ္စ ျဖစ္တဲ့ ေျမးငယ္ အနာဂတ္ကိုပဲ တို႔မ်ား ေကာင္းေကာင္းပုံေဖာ္ၾကရေအာင္ သား"

" ေဖေဖ စကား သားလိုက္နာနိုင္ေအာင္ႀကိဳးစားပါ့မယ္၊ ခ်က္ခ်င္းႀကီးေတာ့ မျဖစ္နိုင္ေပမယ့္ ေဖေဖ စိတ္ပူပင္ရမယ့္ အျဖစ္မ်ိဳး သားမလုပ္ပါဘူး ေဖေဖ "

ကိုယ္ေၾကာင့္ ပူေလာင္ခဲ့ရၿပီမို႔ အနာဂတ္ေတြမွာ ေအးခ်မ္းေစရပါ့မယ္ လို႔ သားကတိေပးပါ့မယ္ ေဖေဖ။

" သိပ္ေကာင္းတယ္ ေကာင္းျပည့္ ၊ ဒီစကားေတြ ၾကားရတာ ဆရာ ဝမ္းသာမိပါတယ္ကြာ ဖိုးသားေလးအတြက္ တို႔ေတြ အေကာင္းဆုံး ေပးဆပ္ၾကရေအာင္ "

ေက်ာက္လသင္းစားပြဲျဖဴျဖဴေပၚက ရိုးသားတဲ့ ေတာသားလူႀကီးသားအဖ ေဆြးႏြေးပြဲကို ေဘးကေန ရပ္ၾကည့္နားေထာင္ရင္း မွန္ကန္တဲ့နည္းလမ္းေတြမို႔ လက္ခံနိုင္သည့္အခ်က္ေတြက ထင္သာျမင္သာေစသည္။

" ဟုတ္ကဲ့ပါဆရာ.."

အနားကို ေရာက္လာတဲ့ ဆရာက ပုခုံးကို ပုတ္လို႔သူ႕ဆႏၵကို ဝမ္းေျမာက္စြာျဖင့္ ႏွစ္သိမ့္ေပးေနသည္။ ေက်းဇူးရွင္ ဖခင္ေတြရဲ႕ ဆိုဆုံးမမူကို ခံယူရင္း ေဖေဖ ေျပာျပတဲ့ အေၾကာင္းအရာတခ်ိဳ႕အတြက္ ကြၽန္ေတာ္ခံစားခ်က္ႏွင့္ သားငယိေရွ႕ေရး ေတြးဖို႔လိုေနၿပီ။ ကိုယ့္ခံစားခ်က္ကိုသာ ဦးစားေပးေနရင္ သားငယ္ဘဝ ေနာက္က်ၿပီးမွ ေအာင္ျမင္လိမ့္မည္၊ အတိတ္ဆိုး အရိပ္ေတြက သားငယ့္အနာဂတ္ကို ဖုံးအုပ္ခြင့္မေပးနိုင္သလို သူ႕ကိုလည္း ခြင့္မလြတ္နိုင္။ သူ႕ကိုျမင္ရင္ နာက်င္ခဲ့ရတဲ့ ႏွလုံးသားက အနာေဟာင္း ျပည္ကိုက္သည့္အလား တဆစ္ဆစ္နဲ႕။ ခဲမွန္ဖူးသူမို႔ ေလတိုက္သံၾကားတိုင္း တုန္လူပ္ေနတုန္း။ အနာေဟာင္းတို႔မည္သည့္ တိုက္ဆိုင္လာတိုင္း၊ ထိုသူကိုျမင္တိုင္း ေၾကာက္လန့္ေနတုန္း၊ ယုံၾကည္မူ ကင္းမဲ့ေနတုန္း။ သားငယ္ေရွ႕ေရး ေတြးၿပီးျမဳပ္ပစ္ရမယ့္ အရာေတြထဲ သူ႕မ်က္ႏွာမပါခဲ့၊ သားငယ္ ဖခင္တစ္ေယာက္ဆိုတဲ့ေရွာင္မရတဲ့ အမွန္တရားကို လက္ခံရင္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ျပန္ေပါင္းဖို႔ မျဖစ္နိုင္ၿပီ။ ျပန္လည္ေပါင္းစည္းဖို႔ကလြဲ သားငယ္မ်က္ႏွာတစ္ခုျဖင့္ဟန္သာ အိမ္ေတာ္ဆႏၵေတြကိုလက္ခံရမည္၊သားငယ္က တိမ္တိုက္ေတြၾကား ပုန္းကြယ္ေနရမည့္ ၾကယ္မ်ိဳးမဟုတ္ အမ်ားေတြအေပၚ ထြန္းလင္းေတာက္ပ ေနမယ့္ သူ႕ထက္သာေသာဓူဝံၾကယ္လိုမ်ိဳး။

ညေနခင္း အလုပ္ကအျပန္ အိမ္ဝင္လာေသာ ဝင္းထက္ကို အေၾကာင္းအရာတခ်ိဳ႕တိုင္ပင္ဖို႔ အေၾကာင္းဖန္လာခဲ့သည္။

ကိုယ္ပိုင္ Company ႀကီးတစ္ခုမွာ ေငြေၾကးပိုင္းဆိုင္ရာကိုစီမံကြပ္ကဲသူပီပီ တည္ၿငိမ္ ေနပုံက အရင္ပုံစံႏွင့္ကြာျခားခဲ့သည္၊ အစ္ကိုသက္ပိုင္ႏွင့္ တည္ၿငိမ္ေသာ အိမ္ေထာင္ေရး ၊ ျပင္ပလုပ္ငန္းအေတြ႕အႀကဳံရင့္သန္သူပီပီ စကားေျပာေနပုံကလူႀကီးလူေကာင္းဆန္စြာ။ အရင္က ဆိုးေဖာ္ဆိုးဖက္ ဝင္းထက္မဟုတ္ေတာ့ပဲ အိမ္ေထာင္တစ္ခုရဲ႕ ပဲ့ကိုင္သူ၊ လုပ္ငန္းႀကီးမ်ားစြာကိုစီမံကြပ္ကဲသူပီသစြာ ။

ခန့္ညားလြန္းသည့္ အျပင္အဆင္၊ ေနာက္ဆုံး furnitures မ်ားျဖင့္ ပန္းပု႐ုပ္ထုမ်ားစြာ အလွဆင္ထားသည့္ ဧည့္ခန္းမအလယ္က ပန္းကႏုတ္မ်ားကိုအႏုစိတ္အလွေဖာ္ထားေသာ ကြၽန္းဆက္တီခုံေတြေပၚထိုင္ၿပီး အလုပ္ကိစၥ ေျပာဆိုၿပီး၊ သားငယ္အနာဂတ္ေနာင္ေရး အစီအစဥ္အေတြအေၾကာင္း တိုင္ပင္မိေတာ့ သူ႕ရင္ေသြးပမာ ေဆြးႏြေးေနပုံက မ်ားစြာ အားအင္ျဖစ္ရသည္။

ငေကာင္းဧည့္ခံထားေသာ ပင္မွည့္သီးေဖ်ာ္ရည္စစ္ကို တစ္ရိူက္ေသာက္ၿပီး ကာလ ......

" မင္းဘယ္လို စဥ္းစားထားလဲ ငေကာင္း"

" ငါမသိေသးဘူး ၊ တေန႕က သားငယ္အတြက္ အိမ္ေတာ္က စီစဥ္ေပးတဲ့ ေက်ာင္းကို online က တစ္ခ်က္ေလ့လာမိေတာ့ မနည္းတဲ့ေၾကးႏူန္းပဲ ၊ လူကုံတန္ သားသမီးေတြ ေနတဲ့ ေက်ာင္းဆိုေတာ့ ဘယ္မွ အပစ္ရွာရပါ့မလဲ ၊ ေက်ာင္းအပ္ခကလည္း မိုးပ်ံလို႔ ငါ့မတက္နိုင္တဲ့ ပမာဏ ပဲ ဝင္းထက္ ...."

ထိပ္တန္း international school ငါးခု အမည္ေတြကို online ကတဆင့္ေလ့လာၾကည့္ရင္း ဆုပ္ကိုင္ထားေသာ ဂဏန္းေငြပမာဏက မ်က္ႏွာငယ္ရၿပီ။ ကိုယ့္တိုင္ႀကိဳးစားခ်င္ေသာ စိတ္ကေလးကို ထပ္ဆင့္ motivation လုပ္ရင္း ။

" မင္း ဘယ္လို လုပ္မလဲ ဒါဆို ၊ ေကာင္းစစ္ကို ဟိုဘက္က အဖိုးက အကုန္စီစဥ္ၿပီးေနၿပီ မင္းလက္ခံဖို႔ လိုအပ္ေနတာ "

" ငါ အလုပ္လုပ္မယ္ ဝင္းထက္ ...."

" ဘယ္လို...."

" ေနပါအုံး မင္းလူႀကီးက ခြင့္ျပဳမယ္ ထင္တယ္လား "

#မမအတြက္ vote ေပးခဲ့ဖို႔မေမ့နဲ႕ေနာ္
# Take care all

( * မမေျပာခ်င္တာ ဇာတ္က တေျဖးေျဖးျခင္း သိမ္းသြင္းရသလို၊ လက္ခံေပးဖို႔ခက္ခဲတဲ့အခ်ိန္ကာလ ၊ သားမ်က္ႏွာတလွည့္ ၊ ခံစားခ်က္တလွည့္ မို႔ နားလည္ေပးၾကဖို႔ေမွ်ာ္လင့္ရင္း....အနာတစ္ခုက ႀကီးသည္/ငယ္သည္ မဟုတ္ အတြင္းသားထိနက္တဲ့ဒဏ္ရာက အနာက်က္ဖို႔ ခက္ခဲလို႔ပါ .....)

Bạn đang đọc truyện trên: ZingTruyen.Xyz