အပိုင်း(၄၅)
မမက အစ်ကိုမင်းမြတ်ဟန်သာနှင့်လက်ထပ်တော့မယ်တဲ့ ၊ အဲ့သတင်းကြားကြားချင်း ငါ့ကံအဲလောက်ဆိုးရသလားလို့ စိတ်ဓါတ်ကျမိတယ်။ ကယ်တင်ရှင်မမက ဟိုလူယုတ်မာ မိသားစုဝင်ဖြစ်တော့ရင် ငါ ဘယ်လို လုပ်ရမလဲ၊ ငါအတွက် မမက အမေလိုလူ၊ အစ်မလိုလူ ဒီလိုအရေးပါအရာရောက်တဲ့သူမို့ မမကို မပေးချင်ဘူး။ မမရဲ့ ဖြူစင်သော စိတ်ထား ၊ နူးညံ့သောသဘောထားတွေ၊ ရက်ရောသော သဒ္ဒါတရားရှိသူမမ က သူတို့လို အငြိုးကြီးပြီး လှည့်စားတက်တဲ့မိသားစုနဲ့မတန်ဘူး။ မမက ကျွန်တော်တို့သားအဖ အပေါ် မေတ္တာတရား ကြီးမားလွန်းသူမို့ မမ မဂ်လာပွဲ ကျွန်တော်ကြောင့် ပျက်စေချင်မလားဗျာ။ မမ တည်ဆောက်မယ့် အိမ်ထောင်ရေး ကျွန်တော်လို စွန့်ပစ်ခံ လူတစ်ယောက်ကြောင့် ဘယ်လို ဖျက်စီးရက်မလဲဗျာ။
ဘယ်ဘဝက သူများအသိုက်အအုံကို ပျက်စီးစေခဲ့လို့ ခုလို ကျွန်တော်တို့သားအဖ သူများအိမ်မှာ ခိုကပ်နေရလဲ ၊ အဲ့ဒီ စိတ်ဓါတ်အားငယ်မူ ကျွန်တော်ရင်ထဲမှာအပြည့်။ မွေးစားမိသားစုက ဘယ်လောက်ပဲ ကြည်ဖြူ ချစ်ပေးနေပါလည်း ကျွန်တော်ကိုယ် ကျွန်တော် သိမ်ငယ်တယ်၊ ရှက်တက်တယ် မမရယ်။ ယောကျာ်းလေးတန်မယ့် မျိုးတူယောကျာ်းလေးဆီမှ စွန့်ပစ်ခံရမူ၊ ယောကျာ်းတန်မယ့် နှိမ့်ကျတဲ့ သိမ်ငယ်စိတ်တွေနဲ့ အသက်ကိုရင်းပြီး ကိုယ်ဝန်လွယ်ခဲ့တယ်။ မွေးဖွားခဲ့တယ်၊ ကိုယ်အဖြစ်ကို သိမ်ငယ်ရတယ် အများရှေ့ လူလုံးထွက်ပြနိုင်ဖို့ အချိန်အများကြီး ပေးခဲ့ရတယ်။ ကျေးဇူးရှင် မမတို့သားအဖက ကယ်တင်ထားလို့ ကျွန်တော်တို့သားအဖ ခုလို လူတန်းစေ့နေနိူင်ရတာပါ။ ဒီကျေးဇူးတရား ထောက်ထားလို့ မမ မည်သို့ပဲ ဖြစ်စေချင်နေပါစေ ကျွန်တော်လိုက်လျောမယ်၊ မမကို ပျော်အောင်ထားပါ့မယ် ၊ ကျွန်တော်တို့တက်နိုင်တဲ့ အင်အားလေးနဲ့ မမတို့မဂ်လာဆောင်ကို ပွဲတက်မယ်။ ရင်ထဲက ဒဏ်ရာဗရပွ အနာတွေ၊ ချုပ်ရိုးမကျက်တဲ့ အနာတွေ၊ အဲ့လူယုတ်မာကိုမြင်တိုင်း သွေးစိမ်းရှင်ရှင်ထွက်သည့်အလား နာကျင်မူကို ဟန်လုပ်ပြီး မမတို့ မဂ်လာပွဲကို ဂုဏ်ပြုပေးမယ်။
မမြင်ချင်တဲ့မျက်နှာတွေ၊ မကြားချင်တဲ့ အသံတွေ မဆုံချင်သော သူတွေကို သံသရာတကွေ့ မတွေ့ရပါစေနဲ့ ဆိုတဲ့ ကျွန်တော့် တောင်းဆုများ နတ်သိကြားတို့ မကြားဘူးထင်တယ်။ ကျွန်တော်ဆုတောင်းကို ကျီစယ်သည့်အလား အချိန်တခဏ အတွင်း ဆုံစည်းဖို့ အကြောင်းဖန်အောင် ဖန်တီးပေးကြသည်။ အော် ..ဆိုးလိုက်တဲ့ ငါကံဇာတာလို့ ငြီးမယ်မကြံသေး ၊ ရင်ခွင်ထဲက သားငယ်မျက်နာ ကို အလေးပေးရမည်မို့ ဖြစ်သမျှကို ကိုယ်တစ်ယောက်တည်းကသာ ခံစစ်ပြင်ဆင်ပြီး ကြိုးစားရင်ဆိုင်ရမှာပဲ။ အင်အားချင်းမမျှတတဲ့ပွဲမှာ စစ်မှန်သော ချစ်ခြင်း၊ ရခဲ့သော ဒဏ်ရာဒဏ်ချက်တွေ သားငယ်လေး ရှိတဲ့အသိနဲ့ အသက်ရူနေသမျှ နောက်ဆုံးအချိန်ထိ တိုက်ခိုက်မည်ဟု သံဓိဌာန်ချရင်း ဘာတွေဖြစ်လာပါစေ သားငယ်ကသာ ကျွန်တော့်ဘဝမို့ အားမတန်လည်း မာန်မလျော့ဘူး။ နောက်ဆုံးထွက်သက်အထိ မာန်မလျော့ဘူး ။ သားငယ်ကို အုပ်ထိမ်းရသူ ကျွန်တော်သာလျှင်ဖြစ်ရမည်။
——————————————————————————————————————-
" သားသား ဒယ်ဒီအမည်က ရဲရင့်ဟန်သာတဲ့၊ မနက်က ငိုနေတဲ့ ဦးဦးပေါ့ သားငယ်"
" ဒါ...ဒါဆို ဒယ်ဒီက အဝေးကြီးက ပြန်လာပြီပေါ့ ပါးပါး ၊ သားသားတို့နဲ့ အတူ နေတော့မှာလားဟင် ပါးပါး ...."
"မနေဘူး သားသားရဲ့ ၊ ပါးပါးတို့က တခြားမြို့ကို ခရီးထွက်ကြမယ် ... သားငယ် တီလေးက မဂ်လာဆောင်တော့မှာတဲ့ အဲ့ဒါ ပါးပါးတို့က တီတီလေးကို ဂုဏ်ပြုပေးကြရမယ်လေ မဟုတ်လား "
" ဟင်...ဘယ်သူနဲ့လဲ ပါးပါး ၊ သားတို့ကရော ဘာလို့ တခြားနေရာ သွားမှာလဲ တီတီတို့ အိမ်မှာ မနေရတော့ဘူးလား "
"မဟုတ်ဘူးသားငယ်၊ တီတီလေး မဂ်လာပွဲကို တက်ကြမယ် ပြီးမှာ ပါးပါးရဲ့ ဖေဖေ သားဖိုးဖိုးကြီးဆီ အလည်သွားကြမယ်လေ ၊ သားသားဖိုးဖိုးက သားငို သိပ်ချစ်ရှာမှာ ၊ သားသားကိုမြင်ရင်"
"ဟုတ်လား ၊ သာသားမှာ အဖိုးတွေ များကြီး ရှိတာလား ပါးပါး "
ဒါပေါ့လို့ဖြေရှင်း ကျွန်တော် မိသားစုဝင်အမည်တွေကို သားငယ်ကို မှတ်သားစေခဲ့သည်။ နယ်မှာကျန်နေခဲ့တယ် ဖေဖေ သားသားကိုမြင်ရင် ချစ်နိုင်မှာပါ၊ ကျွန်တော်ကို ခွင့်မလွတ်နိုင်ပေမယ့် သားသားကို အသိမှတ်ပြုပေးရင် ကျေနပ်ပါပြီ ဖေဖေရယ်။ ဖေဖေ့သား လူလောက လောကဓံအကြောင်း ကောင်းကောင်းနားလည်ခဲ့ပါပြီ ဗျာ။ ကလေးတစ်ဖက် ၊ အလုပ်တစ်ဖက်နဲ့ ကျေးဇူးရှင်တွေ ကိုယ်ကြောင့် ဒုခမများစေလိုသောကြောင့် ကြိုးစားရင်း သားငယ်ကို ဒီအရွယ်ရောက်အောင် ကျွန်တော်တစ်ယောက်တည်း ပြုစုနိုင်ခဲ့ပြီအဖေ။ စကားသိပ်တက်တဲ့သားကို မေမေနှင့် မမသာ မြင်ရရင် သားသားကို သူတို့သိပ်ချစ်ရှာပါ ဖေဖေရဲ့၊ ကျွန်တော့်သားက သူလိုချင်တာကို မရအရ ယူတက်တဲ့အကျင့်ဆိုးလေးကလွဲ ကျန်တာသားဖက်တူတယ်ပြောရမယ် ဖေဖေ၊ ဖေဖေမြေးက သူ့မမြင်ဖူးသေးတဲ့ အဖိုးကို ချစ်နေရှာသတဲ့။ သားတို့ အဖေဆီလာခဲ့ရင် အရမ်းကြီး နှင်မထုတ်တော့ဘူးမဟုတ်လား အဖေ၊ နှစ်တွေကြာခဲ့ပြီအဖေ ကျန်းမာရေး၊ စားဝတ်နေရေးတို့အတွက် တာဝန်မကျေအရှက်ရစေတဲ့သားက အဖေကို ပြန်ပြုစုခွင့်ရ နိုးနိုးနဲ့ ပြန်လာခဲ့တော့မယ်အဖေ။ ဖေဖေမြေးကိုတော့ သူ့အဖိုးကိုမြင်ဖူးစေချင်မိတယ်အဖေရယ်။
" သားဖိုးဖိုးက သားသားကို ရိုတ်မှာလား ပါးပါး၊ ခုမှ လာတွေ့လို့ဆိုပြီး ဟင် လို့"
"ဟားးးမရိုက်ပါဘူး သားသားရဲ့၊ သားသားကို ဖိုးဖိုးက သိပ်ချစ်မှာသိလား ပါးပါးပြောတာယုံလိုက်..ဒီလောက်ချစ်စရာကောင်းတဲ့ သားသားကို "
"ဟီး.....ဟုတ်တယ်နော် ပါးပါး...ဒါနဲ့ သားဒယ်ဒီမှာရော ဖိုးဖိုး၊ဖွားဖွား ရှိသေးလား ပါးပါး ၊ သူတို့ကရော သားသားကို မတွေ့ချင်ဘူးတဲ့လား ၊ သားသားတို့ဆီလည်း မလာကြဘူးနော် "
"သားသားကို သိပ်ချစ်မှာပေါ့ ၊ ပါးပါးက သားဒယ်ဒီနဲ့ စိတ်ဆိုးကြလို့ ခုလိုသူတို့နဲ့အဝေးကြီးမှာလာနေတာလေ သားရ"
"Woo......သားသားက်ို အလိုလိုက်မယ့်သူတွေရပြီ ပါးပါး အလုပ်မလုပ်နဲ့တော့ ၊ သားသားတို့ ဖိုးဖိုးတို့ဆီပြန်ကြရအောင်၊ သားသားက ပါးပါးကို အလုပ်မလုပ်စေချင်ဘူး "
"အယ်....အဲလိုမရဘူးလေ သားသားရယ်၊ သားသားကြီးလာရင် ပစ္စည်းတွေအများကြီး လိုအပ်လာမှာ ပါးပါးအလုပ်လုပ်မှ ငွေရမယ်လေ ၊ အဲ့ဒါမှ သားသားကို ပါးပါးက အကောင်းဆုံးတွေပေးနိုင်မှာပေါ့"
"ဒယ်ဒီပြန်လာပြီလေ ၊ ဒယ်ဒီက သားသားတို့အတွက် ရှာပေးလိမ့်မယ် ဟင် ပါးပါး "
" သားသားက ငယ်ပါသေးတယ်နော် ပါးပါး ကိုစိတ်မပူပါနဲ့ ပါးပါးက စူပါမန်းကြီးလေ"
၄နှစ်ဆိုတဲ့ အသက်အရွယ်လေးနှင့်ကိုယ်အပေါ်အများကြီးတွေးပေးတက်တဲ့ သိတက်လိမ္မာတဲ့သားမို့ ပါးပါးက သိပ်ချစ်ရတယ်။ ငယ်စဉ်အခါ အချစ်ကို ကိုးကွယ်မိခဲ့လို့ နာကျည်းစရာ ဒဏ်ရာအမာရွတ်တွေကလွဲ ပါးပါးမှာ နောင်ရေးအတွက် လက်ဆုပ်လက်ကိုင်ပြစရာမရှိသေးဘူးသားသားရယ်။ တဖြေးဖြေး ကြီးထွားလာမယ့် သားသားအတွက် ပါးပါး ငွေရရှာမယ်၊ ဒီသားကို ကိုယ်တိုင်လွယ်မွေးထားသူမို့ သားသားတာဝန်က ပါးပါးပဲဆိုင်တယ်။ အမျိုးမတော်ချင်ပေမယ့် အဲ့သွေးဆိုးတခြမ်းယုတ်ကြောင့် ပါးပါး ငွေနှင့်ပတ်သတ်ပြီး မျက်နှာမငယ်ချင်ဘူးသားရယ်။ မင်းဒယ်ဒီလို ဥစ္စာဓန မကြွယ်ဝပေမယ့် ပါးပါးရဲ့ မေတ္တာတရားတော့ နိူင်းယှဉ်မရနိုင်ပါဘူး ကလေးရယ်။ ဒီသားအတွက် ဒီအဖေက ချစ်ပေးနိုင်သမျှ မေတ္တာတွေပုံအောလို့ ချစ်ပေးမယ်၊ ဒီသားလေး လိုအင်ဆန္ဒတွေကို မပေးနိုင်တာ မရှိအောင် ပါးပါး အလုပ်ကြိုးစားရမယ်သားရဲ့။ ပါးပါး တက်နိုင်တဲ့ ပမာဏလေးက သားငယ်အတွက်အမြဲပျော်ရွှင်စေရမယ် သားငယ်။
ယောကျာ်းလေး ခန္ဓာကိုဖွဲ့စည်းတည်ဆောက်မူမှာ မှားယွင်းစွာပါလာတဲ့ သူမို့ အများနှင့်မတူတဲ့ ကျန်းမာရေးဆိုင်ရာ ချို့တဲ့မူပါ တွဲကပ်ပါလာရတယ်။ သားသားကိုမွေးပြီး နောက် မကြာမီကာလက ပါးပါး ခေါင်းကိုက်ဝေဒနာစတင်ပေါ်လာခဲ့တယ်။ ဘယ်သူမှဖွင့်ပြော မပြောချင်သည်မို့ ဆေးစားလာခဲ့တာ ကြာခဲ့ပြီ။ မမကို အသိပေးချင်ပေမယ့် ကိုယ့်အပေါ်စိုးရိမ်စိတ်လွန်ကဲတက်သူမို့ မမကို သနားမိတယ်။ ကိုယ့်ဝေဒနာ ပျောက်ကင်းအောင် ကုသရမှ ဖြစ်မယ်၊ ဒီတစ်ခေါက် ပါးပါးတို့ အစ်ကိုတည်မြဲနဲ့ ရန်ကုန်လိုက်ပြီး ဆေးစစ်ကြည့်ချင်မိသည်။ ဆိုးရွားတာ မဖြစ်ပါစေနဲ့ဆုတောင်းရင်း ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းအောင်ကုသရမည်။ ကိုယ့်ကလေး အတွက် တွေးရင်း ၊ ကိုယ့်ကျန်းမာရေးကိုလည်း မေ့ထားမရပြန်ဘူးပေါ့ ။ ပါးပါးသာ ခုလိုခေါင်းကိုက်တက်တယ်ဆိုတာ သားသားသိရင် သားငယ်ဘယ်လောက်တောင် ပူပင်နေမလဲ။အတွေးတွေ ဆက်တိုက်ဝင်လာရင်း တရိပ်ရိပ်တက်လာသော ခေါင်းကိုက်မူကို လက်နှစ်ဖြင့် ဖိနှိပ်ထားမိသည် ၊ သားသား ဘေးရှိသည်ဆိုတာကို မေ့လျော့ပြီး။
"ပါးပါး...ဘာဖြစ်တာလဲ ခေါင်းဘာဖြစ်လို့လဲ ပါးပါး "
" ဘာမှမဖြစ်ပါဘူး သားသားရ ၊ လာပါအုံး ပါးကလေးလေးကို ဖက်ထားချင်လ်ု့ "
"ပါးပါး..ခေါင်းကိုက်တာလားဟင်၊ အရင်နေ့က ပါးပါး ဆေးသောက်နေတာ သားသားသိတယ် သားသားမြင်တယ် နေမကောင်းလားဟင် ပါးပါး ..သားသား နမ်းပေးမယ်လေ ..ဘယ်နေရာ နာလဲဟင်.."
" ဟား...တကယ်ပါ အတက်ကလေး..ပါးပါးဘာမှမဖြစ်ဘူး "
သားသားက တနေ့က ခေါင်းကိုက်လို့ ဆေးသောက်တာကိုမြင်သတဲ့။ ဘယ်လိုတွေတောင် နမော်နမဲ့ နိုင်လိုက်မိသလဲ၊ သားသား မသိအောင် ဆေးသောက်ခြင်းကို ဖုံးကွယ်ထားမိသည်။ ဘာမှကြီးကြီးမားမား မဖြစ်နိုင်ပါဘူးဆိုပြီး ထားခဲ့တဲ့ ဆေးမသောက်ချင်တဲ့အကျင့်ဆိုးက ခုတဖန် ပြန်ဖြစ်ပြီ။ ဘယ်တော့များ ကျွန်တော် သားသားနှင့်အေးအေးချမ်းချမ်းနေရပါ့မလဲ၊ အဖေဆီ ပြန်ချင်တယ် တခါတလေ အဖေနဲ့ လယ်တွေစိုက်ချင်တယ် ၊ ဘဝကို အေးအေးချမ်းချမ်းလေးဖြတ်သန်းချင်မိတယ်။ ဘာအပူအပင်မှမရှိဘဲ အဖေရယ် ၊ကျွန်တော်တို့သားအဖ ရယ် အတူတူ နေချင်တယ် ငွေကြေး သိက္ခာတွေမပါဘဲ ဝေဖန် ရူံ့ချမူတွေ မရှိဘဲ ဘဝက်ု အရှင်းသန့်ဆုံးဖြတ်သန်းချင်တယ်။ ဘဝမှာ တစ်ခါလောက်တော့ ငယ်ငယ်ကလို နယ်မြို့မှာ လယ်စိုက်ရင်း အပူအပင်မရှိ အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တယ်။
————————————————————————
" ကောင်းပြည့်လေး....သားသားက ဘယ်လိုဖြစ်တာလဲ "
"အစ်ကိုတည်မြဲ...သားသားက လန့်သွားတာလား မသိ ၊ ခုတော့သက်သာပါပြီ အစ်ကိုက ခရီးပမ်းလာတာ နားပါအုံး "
" ခဏ အစ်ကို စစ်ကြည့်အုံးမယ်ပြီးမှ နားမယ် ၊ တအားကြီးစိတ်မပူနဲ့နော် ကောင်းပြည့်"
" ဟုတ်ကဲ့ အစ်ကို၊ အားနာမိပါတယ် အစ်ကို"
"ဦးဦးမြဲ ...ပါးပါး နေမကောင်းဘူး၊ ခေါင်းလေးဖိ ဖိနေတယ်၊ ပါးပါး က ဆေးတွေလည်း ခိုးသောက်နေတာ သားသားမြင်တယ် ဦးဦးမြဲ "
"မဟုတ်တာ ..သားသားက အဲလိုပဲ ကလေးမို့ လျှောက်ပြောနေမိတာ အစ်ကို ကျွန်တော်အဆင်ပြေပါတယ်"
" ကလေးကမလိမ်တက်တာအစ်ကိုသိတယ် ကောင်းပြည့်၊ ညကြ အစ်ကိုတို့စကားခဏပြောရအောင်"
ကိုယ်ချစ်တဲ့သူကို အမြဲစိုးရိမ်တက်တာ လူသဘာဝပဲမဟုတ်လား။ ပိုင်ရသည်ဖြစ်စေ ၊ လွဲချော်ရသည်ဖြစ်စေ ကိုယ်ချစ်တဲ့သူအပေါ် ခြင်ကိုက်ရာ အနီပိန့်လေး တစ်ခုတောင် မဖြစ်စေချင်တာ ချစ်တဲ့စိတ်ဆိုရင် ကိုယ်က မင်းကို မေတ္တာစစ်၊ မေတ္တာမှန်နဲ့ချစ်ခဲ့တာပါ ကောင်းပြည့်လေး။ နောက်ကြမှ တွေ့ရတဲ့ ကံကြမ္မာဆိုးကို ကိုယ်သိပ်မုန်းနေတုန်း၊ ကိုယ်ဆီရောက်ရှိချိန် ကိုယ်မြတ်နိုးမိတဲ့ပန်းလေးက ဒဏ်ရာတွေနှင့်မို့ ကိုယ်မှာ တယုတယ ထွေးပွေးရင်း ပန်းကလေး ပြန်လည်လန်းဆန်လာဖို့ ဆုတောင်းရတာအကြိမ်ကြိမ်၊ ပွင့်ဖက်လေးကြွေကျသွားမလားဆိုတဲ့ အတွေးနဲ့မင်းလေးအနား ရင်မောစွာ ပြုစုခဲ့ရတယ်။ သန္ဓေတည်စ နွမ်းလှတဲ့ ပန်းလေးကို ကိုယ့်မှာ မြတ်မြတ်နိုးနိုး၊ တယုတယ ချစ်ခဲ့ရတာပါ။ ကိုယ်ကိုတိုင်ကလဲ အချစ်ကိုထုတ်မပြောဖြစ်ခဲ့သလို၊ ကိုယ့်အချစ်တွေက စေတနာပိုလျံစွာ ယိုစိမ့်ကျလာခြင်းကိုလည်း ကိုယ်မတားရက်နိုင်ပြန်ဘူး။ မင်းလေးကို သိပ်ချစ်တာ မင်းသန္ဓေတည်စ ကိုယ်ဆီစ ရောက်လာကတည်းက၊ ဘာမှန်းမသိဘဲ ကုသပေးရင်း ကိုယ်မှာ မထိမ်းနိုင်မသိမ်းနိုင်ချစ်ခဲ့ရ ။
အားနည်းနေတဲ့လူသားလေးအပေါ် စေတနာပိုလျှံ စွာ အချစ်တွေအပြည့်ဖြင့် ကုသပေးရင်း ကိုယ်တက်ကျွမ်းတဲ့ပညာရပ်အပေါ် ဂုဏ်ယူမိနေပြီ။ ကိုယ်ဝါသနာက ကိုယ့်ချစ်ရတဲ့လူသားလေးကို ပြုစုကုသခွင့်ရတာ ကိုယ်အတွက် ဂုဏ်ယူရဆုံးအရာပါ။ သိပ်ချစ်တာမို့ မင်းကိုယ်မင်း ဂရုစိုက်ပေးခြင်းဖြင့် ကိုယ့်စိုးရိမ်မူ လျော့ချပေးနိုင်မည့်အရာလေးပါ။ မင်းက ကိုယ်အတွက်အဖိုးမဖြတ်နိုင်တဲ့လူသားလေးမို့ အဖကိုချစ်ရင် သူ့သားကိုလည်းချစ်တက်ရမည်တဲ့။ ကိုယ်က ကောင်းစစ်လေး အဖေနေရာ မရနိုင်မှန်းသိပြီးသားမို့ မင်းလေးတို့သားအဖကို အဖလိုရော၊ အစ်ကိုလိုရော ၁၅၀၀အချစ်တွေမြိုသိပ်ပြီး အေးချမ်းတဲ့မေတ္တာစစ်ဖြင့် လွှမ်းခြုံပေးနေပါ။ ကိုယ် အချစ်တွေမြိုသိပ်ပြီး မင်လေးတို့သားအဖ ဘေးကင်းဖို့ရာ၊ လှပစွာပွင့်လန်းစေဖို့ ကိုယ့်မေတ္တာစစ်ဖြင့် လှပစေမည်။ အဓိက ဇာတ်ဆောင်လေးတွေ နေရာတကျ က,ပြ ဖျော်ဖြည်နိုင်ဖို့ ကိုယ်က ဇာတ်ပို့နေရာက်နေ နေပြီး ပါဝင်အားဖြည့်ပေးမည်၊ မင်းလေးတို့သားအဖ အပြုံးလေး မပြတ်ဖို့က ကိုယ်အတွက် လိုသောဆုမို့ အမြဲ ကျန်းမာပြုံးပျော်နေပေးပါ။ ကိုယ့်ချစ်သော ကလေးလေးတွေ အေးချမ်းပါစေ ရည်ရွယ်တယ်။
" တည်မြဲ ...ရောက်ပြီလား၊ ငါ့တူလေး ဘယ်လိုနေသေးလဲ "
" ကလေးက ထိန်လန့်တုန်လူပ်စရာ တစ်ခုကို ရုတ်တရက်ကြုံတွေ့ရတာမို့ ကလေးသဘာဝ ကြောက်လန့်နေတဲ့သဘော၊ အချိန်ပေးပြီး နွေးနွေးထွေးထွေး ပြုစုပေးရင် အရင်လို သွက်သွက်လေး ဖြစ်မှာပါ ဗျာ ဟုတ်တယ်မဟုတ်လား ကောင်းစစ်လေး "
" အင်း...သားသား နေကောင်းပါပြီဆို တီတီလေးကလည်း၊ သားသား မဖျားတော့ဘူး ၊ ပါးပါး ဖျားနေတာ တီတီ ...."
" ဟင်...မောင်လေး မှန်းစမ်း .အဖျားပြင်းလား ၊ ခုဘာစားထားပြီလဲ၊ဘာဆေးသောက်ထားလဲ "
" ငါရှိသေးတယ် ဧကရီ၊ ငါလည်း ဆရာဝန်တယောက်ပါဟ "
"ကောင်စုတ် ...တည်မြဲ ငါ့မောင်ငါ့ စိတ်ပူတာလေဟာ ၊ ဒါနဲ့ ငါ wedding တက်ရမယ်နော် နင်မလာ ရင် နင်နဲ့တသကိလုံးမခေါ်ဘူး "
"နင်ခေါ်ဖို့မလိုဘူး ၊ ကောင်းစစ်လေး ခေါ်ဖို့ပဲ လိုတာ...စတာပါလာမှာပေါ့ ၊ ဒါနဲ့ ကောင်းပြည့် အစ်ကိုနဲ့တခါတည်း ရန်ကုန်ပြန်ဆင်းရင် လိုက်မှာလား၊ ဧကရီနဲ့အတူ ကြိုသွားမှာလား "
" ကျွန်တော်...မမနဲ့အတူ မလိုက်ဖြစ်ဘူးဗျ၊ အစ်ကို က အလုပ်ကိစ္စများပါနေမလားလို့ အားနာလို့ကျွန်တော်တို့သားအဖ ကိုယ်ဘာသာ ဆင်းမလားလို့ပါ"
"မရပါဘူး မမ စိတ်မချဘူး မောင်လေး ၊ မမနဲ့ အတူမလိုက်ရင် တည်မြဲနဲ့လိုက်ခဲ့ ဖိုးသားလေးပါတော့ မမစိတ်ပူတယ် မောင်လေးရဲ့ နော်"
"ဗျာ...ဟုတ်ကဲ့ပါ မမ "
အားနာတယ် အစ်ကို။ အစ်ကိုကျေးဇူးတွေက ကျွန်တော်တို့သားအဖ အပေါ် အရမ်းများနေပါပြီ၊ ကျွန်တော် က အစ်ကိုတန်ဖိုးထား ချစ်ပေးရမယ့် လူသားမဟုတ်နေဘူးဗျ။ အတိတ်ဆိုးတွေထဲက ရုန်းမထွက်နိုင်အောင် နာကျင်စရာ ပြည့်နေသူမို့ ကျွန်တော်လို ဒဏ်ရာတွေနဲ့လူကို အစ်ကို တန်ဖိုးထားဖို့ မထိုက်တန်ပြန်ဘူးအစ်ကိုရယ်။ အချစ်ဆိုတာ ကျွန်တော်မှာမိသားစုကို ချစ်တဲ့ ချစ်ခြင်းမျိုးသာ ရှိတော့တယ်။ ၁၅၀၀ ချစ်ခြင်းမျိုးက ကုန်သွားပြီ၊ ပြန်အစဖော်ယူလို့မရနိုင်လောက်အောင် ၊ ကုန်းကောက်စရာ သိက္ခာတွေ၊ ချပြစရာမရှိတော့တဲ့ ယောကျာ်းမာနတွေက အဲ့အချစ်နဲ့အတူ ရေစုန်မျောချလိုက်ပြီ။ မရှိတော့ဘူး အစ်ကို ။ သားသားလေးပေါ်ချစ်တဲ့အချစ်၊ ကျေးဇူးရှင်တွေအပေါ်ထားတဲ့ မိသားစုအချစ်၊ အစ်ကိုလိုအမြဲယုံကြည်အားကိုး မိပါသော အစ်ကိုတစ်ယောက်အပေါ်အားကိုးလိုသော ချစ်ခြင်းမျိုးသာရှိတော့တယ်အစ်ကို။ သိပ်ချစ်ဖူးတာမို့ မီးလိုပူလောင်ရတဲ့ ၁၅၀၀ အချစ်ကို ကျွန်တော် ကြောက်ပြီ အစ်ကို။ ကျွန်တော် မှာ အေးချမ်းတဲ့ မိသားစုလို ချစ်ခြင်းမျိုးကိုသာ မက်မောနေပြီး အေးချမ်းတဲ့မိသားစုလေးကိုသာ ပိုင်ဆိုင်ရလိုတာပါ။
————————————————————————————————————————————-
" ဘာ...ကိုလင်း..ဘာပြောတယ်၊ သားငယ် နေမကောင်းဘူး ဟုတ်လား၊ နောက်ပြီး ဟ်ိုဆရာဝန်လဲ ရောက်နေတယိဆိုတာ"
"Dr.တည်မြဲက ခုမနက်အစောပိုင်းရောက်တယ် CEO၊ ဦးကျော်သက်တို့အိမ်မှာပဲ တည်းမယ်ကြားမိတယ်..အတိအကျတော့စုံစမ်းတုန်း "
"ဟာ...မဖြစ်သင့်ဘူးလေ ၊ ဒါက သမီးမိန်းကလေးရှိတဲ့အိမ်မှာ လူပျိုယောကျာ်းသား တည်းတာ မဖြစ်သင့်ဘူး"
"Dr တည်မြဲနှင့် Dr.ဧကရီကျော်သက်တို့က ငယ်သူငယ်ချင်းတွေလို့ သိရတယ် CEO၊ နောက်ပြီ...Dr.တည်မြဲက ကောင်းပြည့်လေးတို့သားအဖ အပေါ် ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ် "
" ကလေးငယ် အနားကပ်နေတဲ့အကောင်က ကောင်းတဲ့ဆက်ဆံရေးတဲ့လား၊ ငါ့သားငယ် ကရော လက်ခံသတဲ့လား....ဟား...ငါရူးတော့မယ်....မင်းလေး မရက်စက်လိုက်ပါနဲ့ကွာ၊ ဒီကိုကိုက ပြုမိခဲ့တဲ့အမှားတွေကို ဝန်ချတောင်းပန်ပြီး ကလေးတို့သားအဖ အနား လာနေပါပြီ၊ ကိုယ့်အပေါ် မုန်းတီးနေတယ်ဆိုရင် နောက်တစ်ယောက်နဲ့ မရက်စက်လိုက်ပါနဲ့ကွာ.....ကိုကို တောင်းပန်ပါ့မယ်...မှားခဲ့သမျှတောင်းပန်ပါ့မယ် ကလေးငယ်ရာ"
ကလေးငယ်အနား အဲ့ဒီဆရာဝန် အမြဲရှိနေတယ် အသံကြားတိုင်း ကျွန်တော်ရင်ဘတ်တွေ ဗလောင်ဆူအောင် နာကျင်နေပြီ၊ ကိုယ့်အပေါ် ကလေးငယ်များရက်စက်လိမ့်မလားတွေးရင်း ဆေးရုံရောက်ရတော့မည်။ အတွေးလွန်ခြင်းရဲ့ ဆိုးကျိုးကို ကိုယ် သေလောက်အောင်ခံစားဖူးပြီ။ အသိမဲ့ ခန္ဓာကိုယ်က သွားလေရာ စိတ်မပါ၊ စားချင်ရာ ခံတွင်းမတွေ့၊ မြင်သမျှ အကုန်အရောင်မပေါ်၊ ဆူညံ့သံတွေတိတ်ဆိတ်လို့ မှောင်မိုက်တိတ်ဆိတ်ရူးသွပ်တဲ့ကမ္ဘာကနေ ကလေးငယ်တို့ရှိနေတယ်အသိနဲ့ ကိုကို မနည်းရုန်းထွက်လာရတာပါ ကလေးငယ်။ တောင်းပန်ခွင့်၊ ပြင်ဆင်ခွင့်လေး ရလိမ့်နိုးနိုးနဲ့ မြတ်နိုးရတဲ့လူသားတွေအနား ရသမျှအခွင့်အရေးဆုပ်ကိုင်ခါ မလွတ်တမ်းတောင်းပန်နေသူပါ။
ကိုယ်မုန်းနေပြီ၊ ကလေးငယ် ကို မြင်ပါရက်နဲ့ အဝေးကနေ ခိုးကြည့်ပြီး ကလေးငယ်မကြားနိုင်တဲ့အသံတွေနဲ့ ပဲ့တင်ထပ်တောင်းပန်နေသောစကားတွေ၊ သားငယ်ကိုမြင်ပါရက်နဲ့ ပွေ့ဖက်ခွင့်မရ ၊ ကိုယ့်သားကိုထွေးပွေ့ချင်ပေမယ့် ဝင်သူမရှိတဲ့ ကိုယ့်ရင်ခွင်က သွေးစိမ်းရှင်ရှင် ကျခဲ့သည့်အလား သည့်အခြေအနေကို ကိုကိုမုန်းပြီ။ ကလေးငယ်တို့အနား ရောက်နိုင်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းအစုံကို ကျွမ်းကျင်လိမ်မာရာ သိမ်းသွင်းရင်း တစ်ဆ တစ်ဆ ကိုယ့်မိသားစုဝင်လေးတို့အနား ရောက်အောင် ကိုကိုကြိုးစားနေပြီ။ကလေးတို့သားအဖ အနားလာခွင့်မရပေမယ့် အဝေးတနေရာကနေ ခိုးကြည့်ရတဲ့ ဘဝမှာနောက်ထပ်နာကျင်မူတော့ မပေးပါနဲ့လား ကလေးငယ်ရယ်။ ကိုယ်တုန်းက အဆမတန်မိုက်ရိုင်းခဲ့တာ ပြန်တွေးရင်း ကိုယ်ပါးကိုယ် ကိုပြန်ရိုတ်နေမိတာ အရေတွက်နိုင်သော အချက်အရေအတွက်တွေ။ စိတ်ရှိတိုင်းပေါက်ကွဲပစ်ချင်ပေမယ့် သားငယ် ရှိတဲ့အသိနဲ့ ဖခင်မခေါ်ထိုက်တဲ့ ကိုယ်က သားငယ်အတွက် ဖခင်နေရာကနေ အကောင်းဆုံးဆိုတာတွေ ပံ့ပိုးပေးနိုင်အောင် အားပြန်တင်းရင် ကြိုးစားခဲ့ပြီ။ ကိုယ်ရဲ့မိုက်ပစ်ကြောင့်အဝေးတနေရာမှာ အတိဒုခရောက်နေသော ကလေးငယ်တို့သားအဖကို မြင်တိုင်း ကိုကိုရင်တွင်းနေရာတွေအောင့်တက်လာတယ်၊ မှားခဲ့ဖူးတာတွေတောင်းပန်မယ်။ ပြုပြင်စရာ အခွင့်အရေး၊ တောင်ပန်ခွင့်လေးတော့ ကလေးငယ်ပေးပါ။ ကိုယ် အမှားအားလုံးကို ဝန်ချတောင်းပန်ပြီး ကလေးငယ်တို့သားအဖ ဆီက ခွင့်လွတ်မူကို မရ,မချင်း ကြိုးစားနေအုံးမှာ၊ ကိုကို့အမှားတွေအတွက် တောင်းပန်ခွင့်လေး ပေးပါကလေးရယ်။
————————————————————————————————-
#မမအတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
#Take care all
zawgyi
မမက အစ္ကိုမင္းျမတ္ဟန္သာႏွင့္လက္ထပ္ေတာ့မယ္တဲ့ ၊ အဲ့သတင္းၾကားၾကားခ်င္း ငါ့ကံအဲေလာက္ဆိုးရသလားလို႔ စိတ္ဓါတ္က်မိတယ္။ ကယ္တင္ရွင္မမက ဟိုလူယုတ္မာ မိသားစုဝင္ျဖစ္ေတာ့ရင္ ငါ ဘယ္လို လုပ္ရမလဲ၊ ငါအတြက္ မမက အေမလိုလူ၊ အစ္မလိုလူ ဒီလိုအေရးပါအရာေရာက္တဲ့သူမို႔ မမကို မေပးခ်င္ဘူး။ မမရဲ႕ ျဖဴစင္ေသာ စိတ္ထား ၊ ႏူးညံ့ေသာသေဘာထားေတြ၊ ရက္ေရာေသာ သဒ္ဒါတရားရှိသူမမ က သူတို႔လို အၿငိဳးႀကီးၿပီး လွည့္စားတက္တဲ့မိသားစုနဲ႕မတန္ဘူး။ မမက ကြၽန္ေတာ္တို႔သားအဖ အေပၚ ေမတၱာတရား ႀကီးမားလြန္းသူမို႔ မမ မဂ္လာပြဲ ကြၽန္ေတာ္ေၾကာင့္ ပ်က္ေစခ်င္မလားဗ်ာ။ မမ တည္ေဆာက္မယ့္ အိမ္ေထာင္ေရး ကြၽန္ေတာ္လို စြန့္ပစ္ခံ လူတစ္ေယာက္ေၾကာင့္ ဘယ္လို ဖ်က္စီးရက္မလဲဗ်ာ။
ဘယ္ဘဝက သူမ်ားအသိုက္အအုံကို ပ်က္စီးေစခဲ့လို႔ ခုလို ကြၽန္ေတာ္တို႔သားအဖ သူမ်ားအိမ္မွာ ခိုကပ္ေနရလဲ ၊ အဲ့ဒီ စိတ္ဓါတ္အားငယ္မူ ကြၽန္ေတာ္ရင္ထဲမွာအျပည့္။ ေမြးစားမိသားစုက ဘယ္ေလာက္ပဲ ၾကည္ျဖဴ ခ်စ္ေပးေနပါလည္း ကြၽန္ေတာ္ကိုယ္ ကြၽန္ေတာ္ သိမ္ငယ္တယ္၊ ရွက္တက္တယ္ မမရယ္။ ေယာက်ာ္းေလးတန္မယ့္ မ်ိဳးတူေယာက်ာ္းေလးဆီမွ စြန့္ပစ္ခံရမူ၊ ေယာက်ာ္းတန္မယ့္ ႏွိမ့္က်တဲ့ သိမ္ငယ္စိတ္ေတြနဲ႕ အသက္ကိုရင္းၿပီး ကိုယ္ဝန္လြယ္ခဲ့တယ္။ ေမြးဖြားခဲ့တယ္၊ ကိုယ္အျဖစ္ကို သိမ္ငယ္ရတယ္ အမ်ားေရွ႕ လူလုံးထြက္ျပနိုင္ဖို႔ အခ်ိန္အမ်ားႀကီး ေပးခဲ့ရတယ္။ ေက်းဇူးရွင္ မမတို႔သားအဖက ကယ္တင္ထားလို႔ ကြၽန္ေတာ္တို႔သားအဖ ခုလို လူတန္းေစ့ေနနိူင္ရတာပါ။ ဒီေက်းဇူးတရား ေထာက္ထားလို႔ မမ မည္သို႔ပဲ ျဖစ္ေစခ်င္ေနပါေစ ကြၽန္ေတာ္လိုက္ေလ်ာမယ္၊ မမကို ေပ်ာ္ေအာင္ထားပါ့မယ္ ၊ ကြၽန္ေတာ္တို႔တက္နိုင္တဲ့ အင္အားေလးနဲ႕ မမတို႔မဂ္လာေဆာင္ကို ပြဲတက္မယ္။ ရင္ထဲက ဒဏ္ရာဗရပြ အနာေတြ၊ ခ်ဳပ္ရိုးမက်က္တဲ့ အနာေတြ၊ အဲ့လူယုတ္မာကိုျမင္တိုင္း ေသြးစိမ္းရွင္ရွင္ထြက္သည့္အလား နာက်င္မူကို ဟန္လုပ္ၿပီး မမတို႔ မဂ္လာပြဲကို ဂုဏ္ျပဳေပးမယ္။
မျမင္ခ်င္တဲ့မ်က္ႏွာေတြ၊ မၾကားခ်င္တဲ့ အသံေတြ မဆုံခ်င္ေသာ သူေတြကို သံသရာတေကြ႕ မေတြ႕ရပါေစနဲ႕ ဆိုတဲ့ ကြၽန္ေတာ့္ ေတာင္းဆုမ်ား နတ္သိၾကားတို႔ မၾကားဘူးထင္တယ္။ ကြၽန္ေတာ္ဆုေတာင္းကို က်ီစယ္သည့္အလား အခ်ိန္တခဏ အတြင္း ဆုံစည္းဖို႔ အေၾကာင္းဖန္ေအာင္ ဖန္တီးေပးၾကသည္။ ေအာ္ ..ဆိုးလိုက္တဲ့ ငါကံဇာတာလို႔ ၿငီးမယ္မႀကံေသး ၊ ရင္ခြင္ထဲက သားငယ္မ်က္နာ ကို အေလးေပးရမည္မို႔ ျဖစ္သမွ်ကို ကိုယ္တစ္ေယာက္တည္းကသာ ခံစစ္ျပင္ဆင္ၿပီး ႀကိဳးစားရင္ဆိုင္ရမွာပဲ။ အင္အားခ်င္းမမွ်တတဲ့ပြဲမွာ စစ္မွန္ေသာ ခ်စ္ျခင္း၊ ရခဲ့ေသာ ဒဏ္ရာဒဏ္ခ်က္ေတြ သားငယ္ေလး ရွိတဲ့အသိနဲ႕ အသက္႐ူေနသမွ် ေနာက္ဆုံးအခ်ိန္ထိ တိုက္ခိုက္မည္ဟု သံဓိဌာန္ခ်ရင္း ဘာေတြျဖစ္လာပါေစ သားငယ္ကသာ ကြၽန္ေတာ့္ဘဝမို႔ အားမတန္လည္း မာန္မေလ်ာ့ဘူး။ ေနာက္ဆုံးထြက္သက္အထိ မာန္မေလ်ာ့ဘူး ။ သားငယ္ကို အုပ္ထိမ္းရသူ ကြၽန္ေတာ္သာလွ်င္ျဖစ္ရမည္။
-
" သားသား ဒယ္ဒီအမည္က ရဲရင့္ဟန္သာတဲ့၊ မနက္က ငိုေနတဲ့ ဦးဦးေပါ့ သားငယ္"
" ဒါ...ဒါဆို ဒယ္ဒီက အေဝးႀကီးက ျပန္လာၿပီေပါ့ ပါးပါး ၊ သားသားတို႔နဲ႕ အတူ ေနေတာ့မွာလားဟင္ ပါးပါး ...."
"မေနဘူး သားသားရဲ႕ ၊ ပါးပါးတို႔က တျခားၿမိဳ႕ကို ခရီးထြက္ၾကမယ္ ... သားငယ္ တီေလးက မဂ္လာေဆာင္ေတာ့မွာတဲ့ အဲ့ဒါ ပါးပါးတို႔က တီတီေလးကို ဂုဏ္ျပဳေပးၾကရမယ္ေလ မဟုတ္လား "
" ဟင္...ဘယ္သူနဲ႕လဲ ပါးပါး ၊ သားတို႔ကေရာ ဘာလို႔ တျခားေနရာ သြားမွာလဲ တီတီတို႔ အိမ္မွာ မေနရေတာ့ဘူးလား "
"မဟုတ္ဘူးသားငယ္၊ တီတီေလး မဂ္လာပြဲကို တက္ၾကမယ္ ၿပီးမွာ ပါးပါးရဲ႕ ေဖေဖ သားဖိုးဖိုးႀကီးဆီ အလည္သြားၾကမယ္ေလ ၊ သားသားဖိုးဖိုးက သားငို သိပ္ခ်စ္ရွာမွာ ၊ သားသားကိုျမင္ရင္"
"ဟုတ္လား ၊ သာသားမွာ အဖိုးေတြ မ်ားႀကီး ရွိတာလား ပါးပါး "
ဒါေပါ့လို႔ေျဖရွင္း ကြၽန္ေတာ္ မိသားစုဝင္အမည္ေတြကို သားငယ္ကို မွတ္သားေစခဲ့သည္။ နယ္မွာက်န္ေနခဲ့တယ္ ေဖေဖ သားသားကိုျမင္ရင္ ခ်စ္နိုင္မွာပါ၊ ကြၽန္ေတာ္ကို ခြင့္မလြတ္နိုင္ေပမယ့္ သားသားကို အသိမွတ္ျပဳေပးရင္ ေက်နပ္ပါၿပီ ေဖေဖရယ္။ ေဖေဖ့သား လူေလာက ေလာကဓံအေၾကာင္း ေကာင္းေကာင္းနားလည္ခဲ့ပါၿပီ ဗ်ာ။ ကေလးတစ္ဖက္ ၊ အလုပ္တစ္ဖက္နဲ႕ ေက်းဇူးရွင္ေတြ ကိုယ္ေၾကာင့္ ဒုခမမ်ားေစလိုေသာေၾကာင့္ ႀကိဳးစားရင္း သားငယ္ကို ဒီအ႐ြယ္ေရာက္ေအာင္ ကြၽန္ေတာ္တစ္ေယာက္တည္း ျပဳစုနိုင္ခဲ့ၿပီအေဖ။ စကားသိပ္တက္တဲ့သားကို ေမေမႏွင့္ မမသာ ျမင္ရရင္ သားသားကို သူတို႔သိပ္ခ်စ္ရွာပါ ေဖေဖရဲ႕၊ ကြၽန္ေတာ့္သားက သူလိုခ်င္တာကို မရအရ ယူတက္တဲ့အက်င့္ဆိုးေလးကလြဲ က်န္တာသားဖက္တူတယ္ေျပာရမယ္ ေဖေဖ၊ ေဖေဖေျမးက သူ႕မျမင္ဖူးေသးတဲ့ အဖိုးကို ခ်စ္ေနရွာသတဲ့။ သားတို႔ အေဖဆီလာခဲ့ရင္ အရမ္းႀကီး ႏွင္မထုတ္ေတာ့ဘူးမဟုတ္လား အေဖ၊ ႏွစ္ေတြၾကာခဲ့ၿပီအေဖ က်န္းမာေရး၊ စားဝတ္ေနေရးတို႔အတြက္ တာဝန္မေက်အရွက္ရေစတဲ့သားက အေဖကို ျပန္ျပဳစုခြင့္ရ နိုးနိုးနဲ႕ ျပန္လာခဲ့ေတာ့မယ္အေဖ။ ေဖေဖေျမးကိုေတာ့ သူ႕အဖိုးကိုျမင္ဖူးေစခ်င္မိတယ္အေဖရယ္။
" သားဖိုးဖိုးက သားသားကို ရိုတ္မွာလား ပါးပါး၊ ခုမွ လာေတြ႕လို႔ဆိုၿပီး ဟင္ လို႔"
"ဟားးးမရိုက္ပါဘူး သားသားရဲ႕၊ သားသားကို ဖိုးဖိုးက သိပ္ခ်စ္မွာသိလား ပါးပါးေျပာတာယုံလိုက္..ဒီေလာက္ခ်စ္စရာေကာင္းတဲ့ သားသားကို "
"ဟီး.....ဟုတ္တယ္ေနာ္ ပါးပါး...ဒါနဲ႕ သားဒယ္ဒီမွာေရာ ဖိုးဖိုး၊ဖြားဖြား ရွိေသးလား ပါးပါး ၊ သူတို႔ကေရာ သားသားကို မေတြ႕ခ်င္ဘူးတဲ့လား ၊ သားသားတို႔ဆီလည္း မလာၾကဘူးေနာ္ "
"သားသားကို သိပ္ခ်စ္မွာေပါ့ ၊ ပါးပါးက သားဒယ္ဒီနဲ႕ စိတ္ဆိုးၾကလို႔ ခုလိုသူတို႔နဲ႕အေဝးႀကီးမွာလာေနတာေလ သားရ"
"Woo......သားသားက်ို အလိုလိုက္မယ့္သူေတြရၿပီ ပါးပါး အလုပ္မလုပ္နဲ႕ေတာ့ ၊ သားသားတို႔ ဖိုးဖိုးတို႔ဆီျပန္ၾကရေအာင္၊ သားသားက ပါးပါးကို အလုပ္မလုပ္ေစခ်င္ဘူး "
"အယ္....အဲလိုမရဘူးေလ သားသားရယ္၊ သားသားႀကီးလာရင္ ပစၥည္းေတြအမ်ားႀကီး လိုအပ္လာမွာ ပါးပါးအလုပ္လုပ္မွ ေငြရမယ္ေလ ၊ အဲ့ဒါမွ သားသားကို ပါးပါးက အေကာင္းဆုံးေတြေပးနိုင္မွာေပါ့"
"ဒယ္ဒီျပန္လာၿပီေလ ၊ ဒယ္ဒီက သားသားတို႔အတြက္ ရွာေပးလိမ့္မယ္ ဟင္ ပါးပါး "
" သားသားက ငယ္ပါေသးတယ္ေနာ္ ပါးပါး ကိုစိတ္မပူပါနဲ႕ ပါးပါးက စူပါမန္းႀကီးေလ"
၄ႏွစ္ဆိုတဲ့ အသက္အ႐ြယ္ေလးႏွင့္ကိုယ္အေပၚအမ်ားႀကီးေတြးေပးတက္တဲ့ သိတက္လိမၼာတဲ့သားမို႔ ပါးပါးက သိပ္ခ်စ္ရတယ္။ ငယ္စဥ္အခါ အခ်စ္ကို ကိုးကြယ္မိခဲ့လို႔ နာက်ည္းစရာ ဒဏ္ရာအမာ႐ြတ္ေတြကလြဲ ပါးပါးမွာ ေနာင္ေရးအတြက္ လက္ဆုပ္လက္ကိုင္ျပစရာမရွိေသးဘူးသားသားရယ္။ တေျဖးေျဖး ႀကီးထြားလာမယ့္ သားသားအတြက္ ပါးပါး ေငြရရွာမယ္၊ ဒီသားကို ကိုယ္တိုင္လြယ္ေမြးထားသူမို႔ သားသားတာဝန္က ပါးပါးပဲဆိုင္တယ္။ အမ်ိဳးမေတာ္ခ်င္ေပမယ့္ အဲ့ေသြးဆိုးတျခမ္းယုတ္ေၾကာင့္ ပါးပါး ေငြႏွင့္ပတ္သတ္ၿပီး မ်က္ႏွာမငယ္ခ်င္ဘူးသားရယ္။ မင္းဒယ္ဒီလို ဥစၥာဓန မႂကြယ္ဝေပမယ့္ ပါးပါးရဲ႕ ေမတၱာတရားေတာ့ နိူင္းယွဥ္မရနိုင္ပါဘူး ကေလးရယ္။ ဒီသားအတြက္ ဒီအေဖက ခ်စ္ေပးနိုင္သမွ် ေမတၱာေတြပုံေအာလို႔ ခ်စ္ေပးမယ္၊ ဒီသားေလး လိုအင္ဆႏၵေတြကို မေပးနိုင္တာ မရွိေအာင္ ပါးပါး အလုပ္ႀကိဳးစားရမယ္သားရဲ႕။ ပါးပါး တက္နိုင္တဲ့ ပမာဏေလးက သားငယ္အတြက္အၿမဲေပ်ာ္႐ႊင္ေစရမယ္ သားငယ္။
ေယာက်ာ္းေလး ခႏၶာကိုဖြဲ႕စည္းတည္ေဆာက္မူမွာ မွားယြင္းစြာပါလာတဲ့ သူမို႔ အမ်ားႏွင့္မတူတဲ့ က်န္းမာေရးဆိုင္ရာ ခ်ိဳ႕တဲ့မူပါ တြဲကပ္ပါလာရတယ္။ သားသားကိုေမြးၿပီး ေနာက္ မၾကာမီကာလက ပါးပါး ေခါင္းကိုက္ေဝဒနာစတင္ေပၚလာခဲ့တယ္။ ဘယ္သူမွဖြင့္ေျပာ မေျပာခ်င္သည္မို႔ ေဆးစားလာခဲ့တာ ၾကာခဲ့ၿပီ။ မမကို အသိေပးခ်င္ေပမယ့္ ကိုယ့္အေပၚစိုးရိမ္စိတ္လြန္ကဲတက္သူမို႔ မမကို သနားမိတယ္။ ကိုယ့္ေဝဒနာ ေပ်ာက္ကင္းေအာင္ ကုသရမွ ျဖစ္မယ္၊ ဒီတစ္ေခါက္ ပါးပါးတို႔ အစ္ကိုတည္ၿမဲနဲ႕ ရန္ကုန္လိုက္ၿပီး ေဆးစစ္ၾကည့္ခ်င္မိသည္။ ဆိုး႐ြားတာ မျဖစ္ပါေစနဲ႕ဆုေတာင္းရင္း ေခါင္းကိုက္ေဝဒနာ ေပ်ာက္ကင္းေအာင္ကုသရမည္။ ကိုယ့္ကေလး အတြက္ ေတြးရင္း ၊ ကိုယ့္က်န္းမာေရးကိုလည္း ေမ့ထားမရျပန္ဘူးေပါ့ ။ ပါးပါးသာ ခုလိုေခါင္းကိုက္တက္တယ္ဆိုတာ သားသားသိရင္ သားငယ္ဘယ္ေလာက္ေတာင္ ပူပင္ေနမလဲ။အေတြးေတြ ဆက္တိုက္ဝင္လာရင္း တရိပ္ရိပ္တက္လာေသာ ေခါင္းကိုက္မူကို လက္ႏွစ္ျဖင့္ ဖိႏွိပ္ထားမိသည္ ၊ သားသား ေဘးရွိသည္ဆိုတာကို ေမ့ေလ်ာ့ၿပီး။
"ပါးပါး...ဘာျဖစ္တာလဲ ေခါင္းဘာျဖစ္လို႔လဲ ပါးပါး "
" ဘာမွမျဖစ္ပါဘူး သားသားရ ၊ လာပါအုံး ပါးကေလးေလးကို ဖက်ထားချင်လ်ု့ "
"ပါးပါး..ေခါင္းကိုက္တာလားဟင္၊ အရင္ေန႕က ပါးပါး ေဆးေသာက္ေနတာ သားသားသိတယ္ သားသားျမင္တယ္ ေနမေကာင္းလားဟင္ ပါးပါး ..သားသား နမ္းေပးမယ္ေလ ..ဘယ္ေနရာ နာလဲဟင္.."
" ဟား...တကယ္ပါ အတက္ကေလး..ပါးပါးဘာမွမျဖစ္ဘူး "
သားသားက တေန႕က ေခါင္းကိုက္လို႔ ေဆးေသာက္တာကိုျမင္သတဲ့။ ဘယ္လိုေတြေတာင္ နေမာ္နမဲ့ နိုင္လိုက္မိသလဲ၊ သားသား မသိေအာင္ ေဆးေသာက္ျခင္းကို ဖုံးကြယ္ထားမိသည္။ ဘာမွႀကီးႀကီးမားမား မျဖစ္နိုင္ပါဘူးဆိုၿပီး ထားခဲ့တဲ့ ေဆးမေသာက္ခ်င္တဲ့အက်င့္ဆိုးက ခုတဖန္ ျပန္ျဖစ္ၿပီ။ ဘယ္ေတာ့မ်ား ကြၽန္ေတာ္ သားသားႏွင့္ေအးေအးခ်မ္းခ်မ္းေနရပါ့မလဲ၊ အေဖဆီ ျပန္ခ်င္တယ္ တခါတေလ အေဖနဲ႕ လယ္ေတြစိုက္ခ်င္တယ္ ၊ ဘဝကို ေအးေအးခ်မ္းခ်မ္းေလးျဖတ္သန္းခ်င္မိတယ္။ ဘာအပူအပင္မွမရွိဘဲ အေဖရယ္ ၊ကြၽန္ေတာ္တို႔သားအဖ ရယ္ အတူတူ ေနခ်င္တယ္ ေငြေၾကး သိကၡာေတြမပါဘဲ ေဝဖန္ ႐ူံ႕ခ်မဴေတြ မရွိဘဲ ဘဝက်ု အရွင္းသန့္ဆုံးျဖတ္သန္းခ်င္တယ္။ ဘဝမွာ တစ္ခါေလာက္ေတာ့ ငယ္ငယ္ကလို နယ္ၿမိဳ႕မွာ လယ္စိုက္ရင္း အပူအပင္မရွိ ေအးေအးခ်မ္းခ်မ္းေလး ျဖတ္သန္းခ်င္တယ္။
" ေကာင္းျပည့္ေလး....သားသားက ဘယ္လိုျဖစ္တာလဲ "
"အစ္ကိုတည္ၿမဲ...သားသားက လန့္သြားတာလား မသိ ၊ ခုေတာ့သက္သာပါၿပီ အစ္ကိုက ခရီးပမ္းလာတာ နားပါအုံး "
" ခဏ အစ္ကို စစ္ၾကည့္အုံးမယ္ၿပီးမွ နားမယ္ ၊ တအားႀကီးစိတ္မပူနဲ႕ေနာ္ ေကာင္းျပည့္"
" ဟုတ္ကဲ့ အစ္ကို၊ အားနာမိပါတယ္ အစ္ကို"
"ဦးဦးၿမဲ ...ပါးပါး ေနမေကာင္းဘူး၊ ေခါင္းေလးဖိ ဖိေနတယ္၊ ပါးပါး က ေဆးေတြလည္း ခိုးေသာက္ေနတာ သားသားျမင္တယ္ ဦးဦးၿမဲ "
"မဟုတ္တာ ..သားသားက အဲလိုပဲ ကေလးမို႔ ေလွ်ာက္ေျပာေနမိတာ အစ္ကို ကြၽန္ေတာ္အဆင္ေျပပါတယ္"
" ကေလးကမလိမ္တက္တာအစ္ကိုသိတယ္ ေကာင္းျပည့္၊ ညၾက အစ္ကိုတို႔စကားခဏေျပာရေအာင္"
ကိုယ္ခ်စ္တဲ့သူကို အၿမဲစိုးရိမ္တက္တာ လူသဘာဝပဲမဟုတ္လား။ ပိုင္ရသည္ျဖစ္ေစ ၊ လြဲေခ်ာ္ရသည္ျဖစ္ေစ ကိုယ္ခ်စ္တဲ့သူအေပၚ ျခင္ကိုက္ရာ အနီပိန့္ေလး တစ္ခုေတာင္ မျဖစ္ေစခ်င္တာ ခ်စ္တဲ့စိတ္ဆိုရင္ ကိုယ္က မင္းကို ေမတၱာစစ္၊ ေမတၱာမွန္နဲ႕ခ်စ္ခဲ့တာပါ ေကာင္းျပည့္ေလး။ ေနာက္ၾကမွ ေတြ႕ရတဲ့ ကံၾကမၼာဆိုးကို ကိုယ္သိပ္မုန္းေနတုန္း၊ ကိုယ္ဆီေရာက္ရွိခ်ိန္ ကိုယ္ျမတ္နိုးမိတဲ့ပန္းေလးက ဒဏ္ရာေတြႏွင့္မို႔ ကိုယ္မွာ တယုတယ ေထြးေပြးရင္း ပန္းကေလး ျပန္လည္လန္းဆန္လာဖို႔ ဆုေတာင္းရတာအႀကိမ္ႀကိမ္၊ ပြင့္ဖက္ေလးေႂကြက်သြားမလားဆိုတဲ့ အေတြးနဲ႕မင္းေလးအနား ရင္ေမာစြာ ျပဳစုခဲ့ရတယ္။ သႏၶေတည္စ ႏြမ္းလွတဲ့ ပန္းေလးကို ကိုယ့္မွာ ျမတ္ျမတ္နိုးနိုး၊ တယုတယ ခ်စ္ခဲ့ရတာပါ။ ကိုယ္ကိုတိုင္ကလဲ အခ်စ္ကိုထုတ္မေျပာျဖစ္ခဲ့သလို၊ ကိုယ့္အခ်စ္ေတြက ေစတနာပိုလ်ံစြာ ယိုစိမ့္က်လာျခင္းကိုလည္း ကိုယ္မတားရက္နိုင္ျပန္ဘူး။ မင္းေလးကို သိပ္ခ်စ္တာ မင္းသႏၶေတည္စ ကိုယ္ဆီစ ေရာက္လာကတည္းက၊ ဘာမွန္းမသိဘဲ ကုသေပးရင္း ကိုယ္မွာ မထိမ္းနိုင္မသိမ္းနိုင္ခ်စ္ခဲ့ရ ။
အားနည္းေနတဲ့လူသားေလးအေပၚ ေစတနာပိုလွ်ံ စြာ အခ်စ္ေတြအျပည့္ျဖင့္ ကုသေပးရင္း ကိုယ္တက္ကြၽမ္းတဲ့ပညာရပ္အေပၚ ဂုဏ္ယူမိေနၿပီ။ ကိုယ္ဝါသနာက ကိုယ့္ခ်စ္ရတဲ့လူသားေလးကို ျပဳစုကုသခြင့္ရတာ ကိုယ္အတြက္ ဂုဏ္ယူရဆုံးအရာပါ။ သိပ္ခ်စ္တာမို႔ မင္းကိုယ္မင္း ဂ႐ုစိုက္ေပးျခင္းျဖင့္ ကိုယ့္စိုးရိမ္မူ ေလ်ာ့ခ်ေပးနိုင္မည့္အရာေလးပါ။ မင္းက ကိုယ္အတြက္အဖိုးမျဖတ္နိုင္တဲ့လူသားေလးမို႔ အဖကိုခ်စ္ရင္ သူ႕သားကိုလည္းခ်စ္တက္ရမည္တဲ့။ ကိုယ္က ေကာင္းစစ္ေလး အေဖေနရာ မရနိုင္မွန္းသိၿပီးသားမို႔ မင္းေလးတို႔သားအဖကို အဖလိုေရာ၊ အစ္ကိုလိုေရာ ၁၅၀၀အခ်စ္ေတြၿမိဳသိပ္ၿပီး ေအးခ်မ္းတဲ့ေမတၱာစစ္ျဖင့္ လႊမ္းၿခဳံေပးေနပါ။ ကိုယ္ အခ်စ္ေတြၿမိဳသိပ္ၿပီး မင္ေလးတို႔သားအဖ ေဘးကင္းဖို႔ရာ၊ လွပစြာပြင့္လန္းေစဖို႔ ကိုယ့္ေမတၱာစစ္ျဖင့္ လွပေစမည္။ အဓိက ဇာတ္ေဆာင္ေလးေတြ ေနရာတက် က,ျပ ေဖ်ာ္ျဖည္နိုင္ဖို႔ ကိုယ္က ဇာတ္ပို႔ေနရာက္ေန ေနၿပီး ပါဝင္အားျဖည့္ေပးမည္၊ မင္းေလးတို႔သားအဖ အၿပဳံးေလး မျပတ္ဖို႔က ကိုယ္အတြက္ လိုေသာဆုမို႔ အၿမဲ က်န္းမာၿပဳံးေပ်ာ္ေနေပးပါ။ ကိုယ့္ခ်စ္ေသာ ကေလးေလးေတြ ေအးခ်မ္းပါေစ ရည္႐ြယ္တယ္။
" တည္ၿမဲ ...ေရာက္ၿပီလား၊ ငါ့တူေလး ဘယ္လိုေနေသးလဲ "
" ကေလးက ထိန္လန့္တုန္လူပ္စရာ တစ္ခုကို ႐ုတ္တရက္ႀကဳံေတြ႕ရတာမို႔ ကေလးသဘာဝ ေၾကာက္လန့္ေနတဲ့သေဘာ၊ အခ်ိန္ေပးၿပီး ႏြေးႏြေးေထြးေထြး ျပဳစုေပးရင္ အရင္လို သြက္သြက္ေလး ျဖစ္မွာပါ ဗ်ာ ဟုတ္တယ္မဟုတ္လား ေကာင္းစစ္ေလး "
" အင္း...သားသား ေနေကာင္းပါၿပီဆို တီတီေလးကလည္း၊ သားသား မဖ်ားေတာ့ဘူး ၊ ပါးပါး ဖ်ားေနတာ တီတီ ...."
" ဟင္...ေမာင္ေလး မွန္းစမ္း .အဖ်ားျပင္းလား ၊ ခုဘာစားထားၿပီလဲ၊ဘာေဆးေသာက္ထားလဲ "
" ငါရွိေသးတယ္ ဧကရီ၊ ငါလည္း ဆရာဝန္တေယာက္ပါဟ "
"ေကာင္စုတ္ ...တည္ၿမဲ ငါ့ေမာင္ငါ့ စိတ္ပူတာေလဟာ ၊ ဒါနဲ႕ ငါ wedding တက္ရမယ္ေနာ္ နင္မလာ ရင္ နင္နဲ႕တသကိလုံးမေခၚဘူး "
"နင္ေခၚဖို႔မလိုဘူး ၊ ေကာင္းစစ္ေလး ေခၚဖို႔ပဲ လိုတာ...စတာပါလာမွာေပါ့ ၊ ဒါနဲ႕ ေကာင္းျပည့္ အစ္ကိုနဲ႕တခါတည္း ရန္ကုန္ျပန္ဆင္းရင္ လိုက္မွာလား၊ ဧကရီနဲ႕အတူ ႀကိဳသြားမွာလား "
" ကြၽန္ေတာ္...မမနဲ႕အတူ မလိုက္ျဖစ္ဘူးဗ်၊ အစ္ကို က အလုပ္ကိစၥမ်ားပါေနမလားလို႔ အားနာလို႔ကြၽန္ေတာ္တို႔သားအဖ ကိုယ္ဘာသာ ဆင္းမလားလို႔ပါ"
"မရပါဘူး မမ စိတ္မခ်ဘဴး ေမာင္ေလး ၊ မမနဲ႕ အတူမလိုက္ရင္ တည္ၿမဲနဲ႕လိုက္ခဲ့ ဖိုးသားေလးပါေတာ့ မမစိတ္ပူတယ္ ေမာင္ေလးရဲ႕ ေနာ္"
"ဗ်ာ...ဟုတ္ကဲ့ပါ မမ "
အားနာတယ္ အစ္ကို။ အစ္ကိုေက်းဇူးေတြက ကြၽန္ေတာ္တို႔သားအဖ အေပၚ အရမ္းမ်ားေနပါၿပီ၊ ကြၽန္ေတာ္ က အစ္ကိုတန္ဖိုးထား ခ်စ္ေပးရမယ့္ လူသားမဟုတ္ေနဘူးဗ်။ အတိတ္ဆိုးေတြထဲက ႐ုန္းမထြက္နိုင္ေအာင္ နာက်င္စရာ ျပည့္ေနသူမို႔ ကြၽန္ေတာ္လို ဒဏ္ရာေတြနဲ႕လူကို အစ္ကို တန္ဖိုးထားဖို႔ မထိုက္တန္ျပန္ဘူးအစ္ကိုရယ္။ အခ်စ္ဆိုတာ ကြၽန္ေတာ္မွာမိသားစုကို ခ်စ္တဲ့ ခ်စ္ျခင္းမ်ိဳးသာ ရွိေတာ့တယ္။ ၁၅၀၀ ခ်စ္ျခင္းမ်ိဳးက ကုန္သြားၿပီ၊ ျပန္အစေဖာ္ယူလို႔မရနိုင္ေလာက္ေအာင္ ၊ ကုန္းေကာက္စရာ သိကၡာေတြ၊ ခ်ျပစရာမရွိေတာ့တဲ့ ေယာက်ာ္းမာနေတြက အဲ့အခ်စ္နဲ႕အတူ ေရစုန္ေမ်ာခ်လိဳက္ၿပီ။ မရွိေတာ့ဘူး အစ္ကို ။ သားသားေလးေပၚခ်စ္တဲ့အခ်စ္၊ ေက်းဇူးရွင္ေတြအေပၚထားတဲ့ မိသားစုအခ်စ္၊ အစ္ကိုလိုအၿမဲယုံၾကည္အားကိုး မိပါေသာ အစ္ကိုတစ္ေယာက္အေပၚအားကိုးလိုေသာ ခ်စ္ျခင္းမ်ိဳးသာရွိေတာ့တယ္အစ္ကို။ သိပ္ခ်စ္ဖူးတာမို႔ မီးလိုပူေလာင္ရတဲ့ ၁၅၀၀ အခ်စ္ကို ကြၽန္ေတာ္ ေၾကာက္ၿပီ အစ္ကို။ ကြၽန္ေတာ္ မွာ ေအးခ်မ္းတဲ့ မိသားစုလို ခ်စ္ျခင္းမ်ိဳးကိုသာ မက္ေမာေနၿပီး ေအးခ်မ္းတဲ့မိသားစုေလးကိုသာ ပိုင္ဆိုင္ရလိုတာပါ။
-
" ဘာ...ကိုလင္း..ဘာေျပာတယ္၊ သားငယ္ ေနမေကာင္းဘူး ဟုတ္လား၊ ေနာက္ၿပီး ဟ်ိုဆရာဝန်လဲ ေရာက္ေနတယိဆိုတာ"
"Dr.တည္ၿမဲက ခုမနက္အေစာပိုင္းေရာက္တယ္ CEO၊ ဦးေက်ာ္သက္တို႔အိမ္မွာပဲ တည္းမယ္ၾကားမိတယ္..အတိအက်ေတာ့စုံစမ္းတုန္း "
"ဟာ...မျဖစ္သင့္ဘူးေလ ၊ ဒါက သမီးမိန္းကေလးရွိတဲ့အိမ္မွာ လူပ်ိဳေယာက်ာ္းသား တည္းတာ မျဖစ္သင့္ဘူး"
"Dr တည္ၿမဲႏွင့္ Dr.ဧကရီေက်ာ္သက္တို႔က ငယ္သူငယ္ခ်င္းေတြလို႔ သိရတယ္ CEO၊ ေနာက္ၿပီ...Dr.တည္ၿမဲက ေကာင္းျပည့္ေလးတို႔သားအဖ အေပၚ ေကာင္းမြန္တဲ့ဆက္ဆံေရးေတြရွိတယ္ "
" ကေလးငယ္ အနားကပ္ေနတဲ့အေကာင္က ေကာင္းတဲ့ဆက္ဆံေရးတဲ့လား၊ ငါ့သားငယ္ ကေရာ လက္ခံသတဲ့လား....ဟား...ငါ႐ူးေတာ့မယ္....မင္းေလး မရက္စက္လိုက္ပါနဲ႕ကြာ၊ ဒီကိုကိုက ျပဳမိခဲ့တဲ့အမွားေတြကို ဝန္ခ်ေတာင္းပန္ၿပီး ကေလးတို႔သားအဖ အနား လာေနပါၿပီ၊ ကိုယ့္အေပၚ မုန္းတီးေနတယ္ဆိုရင္ ေနာက္တစ္ေယာက္နဲ႕ မရက္စက္လိုက္ပါနဲ႕ကြာ.....ကိုကို ေတာင္းပန္ပါ့မယ္...မွားခဲ့သမွ်ေတာင္းပန္ပါ့မယ္ ကေလးငယ္ရာ"
ကေလးငယ္အနား အဲ့ဒီဆရာဝန္ အၿမဲရွိေနတယ္ အသံၾကားတိုင္း ကြၽန္ေတာ္ရင္ဘတ္ေတြ ဗေလာင္ဆူေအာင္ နာက်င္ေနၿပီ၊ ကိုယ့္အေပၚ ကေလးငယ္မ်ားရက္စက္လိမ့္မလားေတြးရင္း ေဆး႐ုံေရာက္ရေတာ့မည္။ အေတြးလြန္ျခင္းရဲ႕ ဆိုးက်ိဳးကို ကိုယ္ ေသေလာက္ေအာင္ခံစားဖူးၿပီ။ အသိမဲ့ ခႏၶာကိုယ္က သြားေလရာ စိတ္မပါ၊ စားခ်င္ရာ ခံတြင္းမေတြ႕၊ ျမင္သမွ် အကုန္အေရာင္မေပၚ၊ ဆူညံ့သံေတြတိတ္ဆိတ္လို႔ ေမွာင္မိုက္တိတ္ဆိတ္႐ူးသြပ္တဲ့ကမၻာကေန ကေလးငယ္တို႔ရွိေနတယ္အသိနဲ႕ ကိုကို မနည္း႐ုန္းထြက္လာရတာပါ ကေလးငယ္။ ေတာင္းပန္ခြင့္၊ ျပင္ဆင္ခြင့္ေလး ရလိမ့္နိုးနိုးနဲ႕ ျမတ္နိုးရတဲ့လူသားေတြအနား ရသမွ်အခြင့္အေရးဆုပ္ကိုင္ခါ မလြတ္တမ္းေတာင္းပန္ေနသူပါ။
ကိုယ္မုန္းေနၿပီ၊ ကေလးငယ္ ကို ျမင္ပါရက္နဲ႕ အေဝးကေန ခိုးၾကည့္ၿပီး ကေလးငယ္မၾကားနိုင္တဲ့အသံေတြနဲ႕ ပဲ့တင္ထပ္ေတာင္းပန္ေနေသာစကားေတြ၊ သားငယ္ကိုျမင္ပါရက္နဲ႕ ေပြ႕ဖက္ခြင့္မရ ၊ ကိုယ့္သားကိုေထြးေပြ႕ခ်င္ေပမယ့္ ဝင္သူမရွိတဲ့ ကိုယ့္ရင္ခြင္က ေသြးစိမ္းရွင္ရွင္ က်ခဲ့သည့္အလား သည့္အေျခအေနကို ကိုကိုမုန္းၿပီ။ ကေလးငယ္တို႔အနား ေရာက္နိုင္ဖို႔ ျဖစ္နိုင္သမွ် နည္းလမ္းအစုံကို ကြၽမ္းက်င္လိမ္မာရာ သိမ္းသြင္းရင္း တစ္ဆ တစ္ဆ ကိုယ့္မိသားစုဝင္ေလးတို႔အနား ေရာက္ေအာင္ ကိုကိုႀကိဳးစားေနၿပီ။ကေလးတို႔သားအဖ အနားလာခြင့္မရေပမယ့္ အေဝးတေနရာကေန ခိုးၾကည့္ရတဲ့ ဘဝမွာေနာက္ထပ္နာက်င္မူေတာ့ မေပးပါနဲ႕လား ကေလးငယ္ရယ္။ ကိုယ္တုန္းက အဆမတန္မိုက္ရိုင္းခဲ့တာ ျပန္ေတြးရင္း ကိုယ္ပါးကိုယ္ ကိုျပန္ရိုတ္ေနမိတာ အေရတြက္နိုင္ေသာ အခ်က္အေရအတြက္ေတြ။ စိတ္ရွိတိုင္းေပါက္ကြဲပစ္ခ်င္ေပမယ့္ သားငယ္ ရွိတဲ့အသိနဲ႕ ဖခင္မေခၚထိုက္တဲ့ ကိုယ္က သားငယ္အတြက္ ဖခင္ေနရာကေန အေကာင္းဆုံးဆိုတာေတြ ပံ့ပိုးေပးနိုင္ေအာင္ အားျပန္တင္းရင္ ႀကိဳးစားခဲ့ၿပီ။ ကိုယ္ရဲ႕မိုက္ပစ္ေၾကာင့္အေဝးတေနရာမွာ အတိဒုခေရာက္ေနေသာ ကေလးငယ္တို႔သားအဖကို ျမင္တိုင္း ကိုကိုရင္တြင္းေနရာေတြေအာင့္တက္လာတယ္၊ မွားခဲ့ဖူးတာေတြေတာင္းပန္မယ္။ ျပဳျပင္စရာ အခြင့္အေရး၊ ေတာင္ပန္ခြင့္ေလးေတာ့ ကေလးငယ္ေပးပါ။ ကိုယ္ အမွားအားလုံးကို ဝန္ခ်ေတာင္းပန္ၿပီး ကေလးငယ္တို႔သားအဖ ဆီက ခြင့္လြတ္မူကို မရ,မခ်င္း ႀကိဳးစားေနအုံးမွာ၊ ကိုကို႔အမွားေတြအတြက္ ေတာင္းပန္ခြင့္ေလး ေပးပါကေလးရယ္။
-
Bạn đang đọc truyện trên: ZingTruyen.Xyz