အပိုင်း (၂၉)
"ကိုကို..."
"အင်း...ကလေးငယ်..ပြောလေ...."
ကျွန်တော် ကိုကို ကို့မယုံဘူး ၊ ခုလို ပြုမူနေတာ နောက်တစ်နေ့ စွန့်ပစ်ဖို့အတွက်လား။ မသေခင်တစ်ရက် ပျော်စေသည့်သဘောလား၊ ကျွန်တော်က စွန့်ပစ်ခံရဖူးသူ တစ်ယောက်မို့ ဘယ်သူကများ ထပ်ပြီးစွန့်ပစ်မလဲ ကြောက်နေမိတယ်။ အချိန်တန် ထွက်သွားရမယ်၊ စွန့်ပစ်ခံရမယ် သိသိရက်နဲ့ ကျွန်တော် ကိုကို ကို့ ချစ်ခဲ့တယ်၊ ရယူလိုသည့်စိတ် တစိုးတမျှ မရှိဘဲ ကြင်နာပေးခဲ့တယ်။ ကိုယ်က ကြင်နာပေးသလောက် ရခဲ့ဖူးသည်ကား ပစ်ပါယ်ခံရသော နာကျင်ခြင်းတွေ။ နာကျင်နေသူအား ပို တိုး၍သာ ပစ်ပါယ်သည်၊ ပိုတိုး၍သာ လောင်ကျွမ်းစေသည်။ ခုလိုကြင်နာစွာ ပြုမူပေးပေမယ့် ဘယ်ချိန် ထပြီး စွန့်ပစ်ခံရမလဲလို့ ရင်တထိတ်ထိတ်ဖြင့် နေနေရသည်ကား ယခုအချိန်။ ပုံမှန်အတိုင်းနေပါ၊ ပုံမှန်အတိုင်းရက်စက်ပါ၊ ရိုးရာမပျက် ပစ်ပါယ်ပါ ၊ ခါတိုင်းများလို မသိမသာ ၊ အသိအသာ လျစ်လျူ ရူပါ ၊ ကျွန်တော်က နာကျင်ခြင်းဖြင့် မွေ့ပျော်နေတက်ပါပြီ။ လျစ်လျူခံရခြင်းကို ဖက်တွယ်ပြီး အဖော်ပြုတက်ပါပြီ။ ပုံမှန်လိုပဲ ရက်စက်ပါကိုကို ..ကျွန်တော်မနေတက်တော့ဘူး နာကျင်မူမရှိရင်။
" ကလေး ..လာ သွားရအောင်... ပြွတ်စ်..."
"ကိုကို...."
" ဘာမှမကြောက်နဲ့ ကလေး ကိုကိုရှိတယ်၊ နောက်ပြီး ဒီဆေးရုံက ကိုကိုတို့အိမ်တော်ကပိုင်တာ...ဘယ်သတင်းသမားမှ ကိုကိုတို့အကြောင်းကို မဖော်ရဲသလို ၊ဘာပြသနာမှလည်း မဖန်တီးနိုင်ဘူးလေ၊ လာပါ.. သမားတော်ကြီးဆီ သွားရအောင်၊ ဟိုမှာစောင့်နေရော့မယ်"
"ဗျာ...ဟုတ်ကဲ့ဗျ "
ဆေးရုံဝန်းထဲ ခြေချမိပြီဆိုရင်ပဲ အရှိန်အဝါတောက်ပလွန်းတဲ့ ကိုကို ကို လူအားလုံးက ငေးမောကြည့်ရင်း အားကျနေသလို၊ တချို့ကလည်း ကိုကိုဘေးနားကကျွန်တော်ကို အားကျကြတယ်၊ တချို့မျက်လုံးတွေက မနာလိုမူ အပြည့်ဖြင့်နှာခေါင်းရူံ့ကြသည်။ ကားပေါ်ကဆင်း ပြီး ကျွန်တော်လက်ကို လာဆုပ်ကိုင်လျှက် ကျွန်တော်ကို အားပေးနှစ်သိမ့်နေတယ်။အထင်သေးတဲ့မျက်လုံးတွေနဲ့ ကျွန်တော်ကိုကြည့်နေကြချိန်၊ ချစ်ရသူက ဘာကိုမှ အာရုံစိုက်မနေဘဲ ကျွန်တော်
လက်ကို တင်းတင်းဆုပ်ကိုင်ပြီး တစ်လှမ်းချင်း ဆေးရုံထဲက သက်ဆိုင်ရာ Departmentတွေဆီသို့။ ကြောက်တယ်ကိုကို...ဒီခွေးလေး မယုံရဲတော့ဘူး။ အနာပေးလိုက်၊ ဆေးလိုက်မို့ မယုံရဲတော့ဘူး။ ယနေ့ကြင်နာပြရင် နောက်နေ့ပိုရက်စက်လိမ့်မယ် ထင်တယ်။ ကျွန်တော်မှာ နောက်တစ်ခါ ကွဲစရာ အသည်းမရှိတော့ လို့ ကြောက်နေမိပြီ။ ကိုကို ကစားနေတာ ကျွန်တော့နှလုံးသားမို့ တော်ပါတော့ ၊ ဟန်ဆောင်ကြင်နာမ ပြပါနဲ့တော့။ ခါတိုင်းများလို ရက်စက်စွာ ဆက်ဆံပေးပါလားဗျာ။
" ဟော...ရောက်လာကြပြီးလား သားတို့ လာကြ ...လာ ဆရာမတို့အဆင်သင့်ဖြစ်ပါစေ "
ကိုကိုက ကျွန်တော်လက်ကိုဆွဲပြီး ဆေးရုံထဲ ဝင်လာစဉ် ဌာနတစ်ခုရှေ့က အသက်ကြီးကြီးဆရာဝန်ကြီးနဲ့နောက်က များစွာသော ဆရာဝန်တွေက ကျွန်တော်တို့ကို ကြိုဆိုနူတ်ဆက်ကြတယ်။ ဘာကြောင်းရယ်မသိ ကျွန်တော် တွေ့ဖူးနေကြ မဟုတ်တော့ လန့်တာရော ၊ကြောက်တာရောနဲ့ ချွေးပျံနေပြီ။ ကိုကို လက်တွင်းက ဆုပ်ကိုင်ခြင်းခံထားရသော ကျွန်တော် လက်ကို အသာဆွဲရုန်းရင်း ခေါင်းငုံ့နေမိတယ်။ အပြုံးမပျက်ဘဲ အသက်ကြီးကြီးဆရာဝန်ကြီးနဲ့ စကားပြောနေပါသော ကိုကိုက ကျွန်တော်လက်ကို လွတ်မပေး ၊ ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ကျွန်တော် နားထင်စပ်အား လာနမ်း၏။ ဗုဒ္ဓေါ ....ဘုရားကယ်ပါ...ဆရာဝန်တွေအများကြီး...လူတွေအများကြီးကြား ။ ရှက်မိသည် အချိန်တန်စွန့်ပစ်ခံရမယ် သိနေသော ကျွန်တော်က ၊ ကြောက်လန့်မိသည် တစ်ချိန်ကြ ကျွန်တော်သာလျှင် ကျန်ခဲ့ရမှာ အဖြေရှိပြီးသားမို့ ။ ခင်များက သိပ်ကို အပြောင်းအလဲ မြန်လှပါ့ရော်။ ကြောက်စရာကောင်းဆုံး အန္တာရယ် အများဆုံးက ကိုကိုပါ။
"သား အဆင်ပြေလား..မကြောက်နဲ့ ဆရာက မနာကျင်အောင် လုပ်ပေးမှာ ...ဘာမှမဖစ်စေရဘူးနော်သား..စမ်းသပ်ခန်းရဲ့အပြင်ဘက်မှာ သားကိုကိုလည်း ရှိတယ်...စိတ်ကိုလျော့ချလိုက်သား"
"ဟုတ်ကဲ့ဗျ....သား အဆင်ပြေပါတယ်...အာ့....စပ်တယ်..."
"ခဏလေးနော် အနာကို အရင် ပိုးသတ်ဆေးသုံးနေလို့သား.ခဏပဲ စပ်မှာ နော် ၊ ဆေးထည့်လို့လည်း ပြီးပြီ။ ဒါနဲ့ သားကိုမေးစရာရှိတယ်...သား..ကိုယ်ခန္ဓာကိုယ်မှာ တစ်ခုခု ထူးခြားမူ ခံစားမိလား...အရင်ကရော ဖြစ်ဖူးလား ၊ သောက်နေကြဆေးရှိသလား "
" ဗျာ...ကျွန်တော်...က ...ဟို..ဟို..."
"မကြောက်ပါနဲ့ပြောပါ..ဆရာ၊ဆရာမတို့ အပြင်ခဏ ထွက်ပေးပါ မောင်ရဲရင့်ကို အဆင်ပြေတယ်ပြောပေး ဒီကလေးနဲ့ခဏ ဆွေးနွေးစရာရှိလို့ .."
ဒီကလေး က လှတယ် ၊ တကယ်ကို မိန်းကလေးတစ်ယောက်လိုလှတာ ။ အသားအရည်က အပေါ်က အနွေးထည်ကြောင့် အကဲဖြတ်မရပေမယ့် ပေါ်နေသော လက်ချောင်းလေးတွေကိုကြည့်ရင် ဝင်းဖန့်နေမယ့် အရည်အသွေးရှိမှန်း သိသာစေတယ်။ လှပတဲ့ကလေးငယ်နှင့်မလိုက် နောက်ကျောပေါ်က ဒဏ်ရာ တွေက အချက်အရေအတွက်များများ အစင်းရာ တွေကမဲပုပ်လို့နေသည်။ ဘာကြောင့်လဲ ၊ ဘယ်လိုဖြစ်တာဆိုတာ မောင်ရဲရင့်ပြောပြထားလို့သိရှိထား ပြီးပြီ။ မောင်ရဲရင့် ကောင်လေးဖြစ်ဖို့များသည်ဟု လည်း သုံးသပ်ချက်ချမိသည်။
ဒီကလေးကို ပြင်ပဒဏ်ရာ ကုသပေးပြီး ဆေးစစ်ကြည့်မိတော့ တစ်စုံတခုက ထူးခြားနေသည်။ ကောင်လေးက ယောကျာ်းလေး pregnant signs တွေ တွေ့နေရတယ်၊ ဟုတ်မဟုတ်အတည်ပြုချင်တယ်။ ရှက်နေတဲ့ကောင်လေးက မေးခွန်းများကို ကြောက်ရွံ့စွာမဖြေရဲဘဲ စကားတွေ ထစ်, အ နေပြီ။ ခက်ပြီ ...ဒီကလေးငယ် သာ မောင်ရဲရင့် ကောင်လေးဆို HANTHAR အိမ်တော်မှာ မြေးပေါ်တော့မည်။ အတင်းအကျပ်မေးခွန်းတွေ မမေးမိအောင်ထိမ်းရင်း ကလေးချော့သနည်း ချော့မေးနေမိသည်။ လ အနည်းငယ်သာ ရှိသေးမည်ဟု ကောက်ချက်ချ၍ နောက်တစ်ခေါက် ထပ် ချိန်းပြီး စစ်ဆေး အတည်ပြု မည်။ ဆီးစစ် ကိရိယာ တချို့ပေးရင်း၊ ကာယကံရှင်ကိုယ်တိုင်လည်း သိရှိစေမည်။ Pregnant တွေအတွက် အားဖြည့်ဆေး ၊ ဖြည့်စွက်စာတချို့ပေးပြီး နောက်တစ်ပတ် သော အချိန် ကို ပြန်ချိန်းမည်။
"သား..ဘာမှမကြောက်နဲ့ ..ခု ဆရာနဲ့ သား..နှစ်ယောက်တည်း ရှိတာ မို့ မကြောက်နဲ့ သား "
"ဟုတ်...ဟုတ်ကဲ့ဗျ..."
"ပြောပါ သား ဆရာကို ပြော ...ဒါမှ ..ခု သားမှာတွေ့ရှိနေရတဲ့ လက္ခာရပ်တစ်ခုအကြောင်း ဆရာက ဆွေးနွေး အဖြေရှာပေးလို့ ရမှာ "
"ကျွန်တော်...ကျွန်တော်မှာ..အမျိုးသမီးတွေလို မွေးကတည်းက သားဥအိမ် ပါလာတယ်ဆရာ ...အဲ့ဒါကြောင့် သိမ်ငယ်မိတယ်ဆရာ...နောက်ပြီး...ဖေဖေတို့..ကလည်း..ဟင့်...."
"Okay, ရပြီ မို့..ဝမ်းမနည်းပါနဲ့ ၊ ဒါက သိမ်ငယ်ရမယ့် အရာမဟုတ်ဘူး သား ဂုဏ်ယူရမယ့်အရာပါ ။ လူ၁၀၀၀ မှာ ၁ယောက်မရနိုင်သော ကံကောင်းမူကြီးပါ သား။ အဲ့ဒါအတွက်နဲ့ သိမ်ငယ်နေစရာမလိုဘူးနော် ။ တိတ်ပါ ..သားမငိုပါနဲ့ ခုကလည်း ဆရာက ၁၀၀% အတည် မပြုရသေးပါဘူး ၊ ဆရာ ပစ္စည်းလေးပေးလိုက်မယ် သား၊ မနက်အစောထ ဆီးကို စစ်ကြည့်ပေးပါ ။ ရော့ သား..ဒီမှာ စစ်ဆေးမူအတွက် result instructions လည်းပါတယ်။ ထပ်ပြီး မူးဝေတာ ၊ အော့အန်တာမျိုး လက္ခာရပ်တွေ ဖြစ်လာရင်ဆရာဆီ လာခဲ့ပေး နော် ..ဘာမှမကြောက်နဲ့သား...အားလုံး အဆင်ပြေမှာပါ၊ ဒါက သား အနာကျက်ဆေးနဲ့ ဒီဆေးကို ကောင်တာမှာ ယူသွားပေး နေ့၊ ည တစ်လုံးဆီသောက်ပါ၊ အိပ်ရေးဝဝအိပ်ပါ သား "
"ဟုတ်ကဲ့ပါ ဆရာ ...နောက်တစ်ခေါက် လာရအုံးမှာလားဗျ"
"ဟား...sorry သား ..ဆရာအရေးကြီးတာကို အရင်မပြောမိတာ နောက်တစ်ပတ်ပြည့်တဲ့နေ့ ဆရာဆီ လာပေးနော် သား ...ဘာမှမကြောက်နဲ့ နော် ဆရာမှာ လိုက်တဲ့အတိုင်း နေပေးရုံပဲ "
ပုခုံးလေး ပုတ်ပြီး ပြောနေတဲ့ ဆရာဝန်ကြီးကို လက်အုပ်ချီ နူတ်ဆက်ပြီး အခန်းထဲက ထွက်လာတော့ မြင်လိုက်ရသည့်မြင်ကွင်းက လာမိတာမှားပြီဟု ကောက်ချက်ချရမည်။ ကိုကို ကို့ အဖြူရောင်Duty Coat ဝတ်ထားတဲ့ အစ်ကိုချောချောက ဖက်ပြီး တစ်ယောက်နှင့်တစ်ယောက်ရယ်မော ပြောဆိုနေကြတယ်။ ခါးကိုဖက်ပြီး ကိုကို ကို့မှီချွဲနေသူက ဘယ်သူလဲလို့ ကျွန်တော် မတွေးချင်တော့ဘူး ၊ ကျွန်တော်ချစ်ရသူမှာ ကျွန်တော်အပြင် ချစ်သူ Ex က ရေတွက်နိုင်ရဲ့လား။ ကိုကိုက ရက်စက်တယ်၊ မနက်တမျိုး ၊ နေ့လည်တမျိုး မျက်နှာ အမျိုးမျိုးဖြင့် ကျွန်တော်အပေါ် ပြုမူ ဆက်ဆံတယ်။
ကျွန်တော် အချစ်စိတ် ကုန်ခမ်း လုလု မို့ ထပ်ပြီး နာကျင်ရရင် ချစ်ခြင်းမေတ္တာ၏ တခြားဖက်ဆီ ရောက်သွားတော့မည်။ ရှိသမျှ နှောင်ကြိုးမျှင်လေးကို အားပြု ဆွဲရင်း ကိုကို ရှိရာသို့ လျှောက်သွားမိသည်။ ကျွန်တော်ရောက်နေတာ မသိတာလား ၊ သူ့ချစ်သူ့အသစ်နဲ့ စကားမဖြတ်နိုင်သေးတာလား မတွေးနိုင်လောက်အောင်က ခေါင်းကမူးရိပ် နေပါသောကြောင့် အနားရှိ ထိုင်ခုံပေါ်မှာ မျက်စိ မှိတ်ထိုင်ရင်း မူးဝေမူ ဝေဒနာကို တွန်းလှန်နေတယ်။ ရင်ထဲက ပျို့တက်လာသော ခံစားမူ၊ တရိပ်ရိပ်မူးဝေနေပါသော ဝေဒနာကို ကျွန်တော် တစ်ယောက်တည်း ခက်ခဲစွာ တွန်းလှန်နေခဲ့တယ်။ ဘာအစားများမှားခဲ့လို့ ခံစားနေရပါသနည်း။ မကြုံဖူးသော မနက်စာ ၊ အပြင်ကိုအတူမစားဖူးပါသော ချစ်သောသူနဲ့ စားခဲ့သောမနက်စာကြောင့်များ အဆိပ်သင့်နေရသလား ။
နာကျင်နေပြီ ရယ်လို့ ဟစ်အော်ပြေးချင်ပေမယ့် ဘယ်ဆီ ပြေးရမလဲ၊ ဘယ် ရင်ခွင် အသိုက်အမြုံဆီ ပြေးရမလဲ ကျွန်တော်မှာ အဖြေမရှိခဲ့ ။ ကျွန်တော် ဘဝ ဆိုးလိုက်တာလို့ ဖွင့်ဟ ချင်တောင် ရင်ခွင်ဖွင့် နားထောင်ပေးမယ့်သူမရှိ။ ပူလောင်သော နေရခြင်းထက် အေးချမ်းစွာသေဆုံးခြင်းကိုသာ ရွေးချယ်ခွင့် ရရင် အေးချမ်းရာကိုသာ ရွေးချယ်ချင်မိသည်။ မေမေနှင့်မမ အေးချမ်းရာမှာ ပျော်နေသလား။ ဖေဖေရော သား အနားမှာ မရှိလို့ ထမင်းအချိန်မှန်စားရဲ့လား ၊ ကျန်းမာရေးကောင်းရဲ့လား။ ဘဘုန်းတော်ကြီးကျောင်း ဖေဖေ အမြဲသွားနေတယ်လို့ သားသိရလို့ စိတ်တမျိုး အေးချမ်းမိပါရဲ့ ဖေဖေ။ သာ့သနာ နယ်မြေမှာ အေးချမ်းစွာ တရားနာပါ၊ ဒီသားမိုက်က ဖေဖေကို အဝေးကနေပဲ ဦးချ ကန်တော့ မိပါတယ်။
" ကလေး...နေမကောင်းဘူးလား..ဆရာဝန်က ဘာပြောသလဲ ..."
"ဗျာ..ဘာမှမဖြစ်ပါဘူးဗျ ...ဟီး"
"နာကျင်တာ ရှိသေးလား ၊ အနာက သက်သာရဲ့လား၊ သောက်ဖို့ ဆေး ပေးလိုက်သေးလား ...အဆင်ပြေရဲ့လားကလေးငယ်..ဟင်"
"ဖြေးဖြေးမေးပါ Jackson ရာ ၊ ကိုယ်ကိုပြစ်ထားပြီပေါ့ ခုတော့ ၊ သူ့ အဆင်ပြေမှာပါ ..ညမှ ph ခေါ်မယ် bye ...မွ..."
"အော်..အေး..အေး..ကလေးငယ် နေသာရဲ့လား ၊ သောက်ဆေးကရော ဘယ်မလဲ "
ကျွန်တော်ကို ရှေ့ထားပြီး ဖက်လဲတကင်း နမ်း၍ နူတ်ဆက်နေသော သူတို့နှစ်ဦး။ ကျွန်တော် ကံကောင်းခြင်းတစ်မျိုးက ချစ်သောသူနှင့် သူ့၏ချစ်သော တို့ ပွေ့ဖက်တာနမ်းရိူက်တာ၊ တခါတလေ Sex play တွေကို live show ကြည့်ခွင့်ရတော့မလိုပဲ။ ဟား.....ဘယ်လောက်တောင် ကောင်းလိုက်တဲ့ကံတရားလဲဗျာ။ ရင်ကွဲဒဏ်ရာ ဖြဲကြည့်တာကမှ အတိမ်အနက် သိရမှာမဟုတ်ဘူး၊ live show သာကြည့်မိရင် နှစ်ခြမ်းကွဲသလား ၊ အစိတ်အစိတ်အမွှာမွှာ ကွဲသလားဆိုတာကို မသိိိနိုင်လောက်အောင်ကိုပဲ။ ခံစားမူက ရင်ဘတ်နဲ့ဆိုင်တယ်။ ဇကာပေါက်လို ကျွန်တော်အသည်းနှလုံးက ကင်ဆာရောဂါပိုးကတောင် ဝင်မရလို့ တပ်ဆုပ်ပြေးရလောက်တယ်။ ပထမဦးဆုံးသော အချစ်၊ လူတစ်ဦးအား ပထမဦးဆုံး မြတ်နိုးတွယ်တာမိခြင်းက အရှင်လတ်လတ် လောကငရဲဘုံ ရောက်နေသည့်အလား။ တမြေ့မြေ့နဲ့ ကျွမ်းကုန်ပြီ။ ခံစားသက်ဝင်မူ ၊ ထိမ်းချုပ်နိုင်သော အသိတရား။ ဘာဆိုဘာမှကိုမရှိတော့တာ ။ ရက်စက်လိုက်တာ ကိုကိုရာ ကျွန်တော်ကို ဆေးရုံခေါ်ပြီး live show ကြည့်စေချင်တာလားဗျာ။
"ဆေး..က ..ကောင်တာမှာ ..ယူ..ယူရမှာတဲ့ ဗျ"
" ကလေးငယ် တကယ် အဆင်ပြေရဲ့လား၊ ကလေးငယ်ကို ကြည့်ရတာ မလန်းဆန်းဘူး ၊ တခုခု ဖြစ်နေလား ၊ ကိုယ်ပူနေသေးလား၊ ကိုကို ကို့ပြောလေ ကလေးငယ် ..."
"မ..ရှိပါဘူးဗျ၊ အဆင်ပြေပါတယ်ဆို ...ဟီးးး"
ဟန်ဆောင်စိတ်ပူ ပြနေသော ကျွန်တော်ချစ်သော ကို အပြုံးတု ဖြင့် တုန့်ပြန်မိတယ်။ တော်ပါတော့ဗျာ ၊ ကျွန်တော် နာကျင်နေပြီရယ်။
"ဟို...ဟို...ကျွန်တော် အိမ်ပြန် နားချင်လို့ဗျ ...ရမလား "
"ရတာပေါ့..ကလေးငယ် ဘာဖြစ်နေလဲ ၊ အဆင်မှာပြေရဲ့လားကွာ။ ကလေးငယ်ကိုကြည့်ရတာ ကိုယ် သိပ်အားမရဘူး၊ တစ်ခုခု ဆို ပြောပါ ကိုယ်ကို ..ခု ကလေးငယ်ကို အိမ်ပြန်ပို့မယ် နားလိုက်နော် "
"ဟုတ်ကဲ့ဗျ..."
ကလေးငယ် ကို အိမ်ကိုသာ ပို့ပြီးနားစေခဲ့တယ်။ ဆေးရုံက ပေးလိုက်တဲ့ဆေး ကို သောက်ဖို့၊ နေလည်စာ ကို ကိုယ်တိုင်မချက်ဘဲနေဖို့ ကိုလင်းကို လာပို့ခိုင်းပေးမယ်ကအစ မှာထားခဲ့သည်။ ကလေးငယ်ကြည့်ရတာ စိတ်ထဲလေးနေတယ်၊ ကလေးငယ် ဘာဖြစ်နေတာလဲ ၊ ဘာတွေခံစားနေတာလဲ ။ ကိုကိုက ကလေးငယ်ကို သေချာ စောင့်ရှောက်ပေးတော့မယ်ဆိုမှမပျော်ဘူးလား ကလေးငယ်ရယ်။ ဆေးရုံမှာ အသိမိတ်ဆွေ Dr.Joe နဲ့ တွေ့ပြီး ကြုံရာစုံရာ ပြောနေမိတာ။ Joe ကအဲလိုပဲ ငယ်အကျင့်မပျောက်သေး ကလေးအထာပြန်ဖမ်းပြီး လူကို ဖက်လိုက်နမ်းလိုက်နဲ့၊ ဘေးလူမြင်တမျိုးမြင်ပါ့မယ် ပြောလည်းမရဘူး။ Don't care တဲ့လေ ။ ဒါတွေကို ကလေးငယ်မြင်သွားသလား၊ တခုခု အတွေးဝင်သွားသလား ။ ဟား...ခက်ပြီကလေးငယ်။ ကိုယ်ဘယ်ကစ ရှင်းပြရမလဲကွာ။ ကိုယ်ကြောင့် မင်းလေးသိပ်ပင်ပမ်းနေရော့မယ်။
တီ~ တီ
" hello, အင်း ညစာ အိမ်တော်လာခဲ့မယ် "
(.......)
"Ok , Jack ..See you soon "
Jack ပြန်ရောက်နေပြီ ၊ ဒီည အိမ်တော် ခဏ ပြန်ရမယ်။ ကလေးငယ်က အိမ်မှာ နေမကောင်းဘူး ၊ မတက်နိုင်ဘူး ကလေးငယ်ဆီ ! ဒီည အိမ်ပြန်နောက်ကျမယ် ! လို့ SMS ပို့မိတယ်။ အိမ်တော် မှာ ခဏနေပြီး ကလေးဆီ ပြန်ရမယ် ။ ခဏလေးပါ ကလေးငယ်...ကိုကို နောက်မကျစေရဘူးနော် ။
တီ~ခနဲ မြည်သံနှင့်အတူ လင်းလာသော ph screen ၊ အိမ်ပြန်နောက်ကျမည် ဟု စာတိုပို့နေသည့်ကိုကို။ ပို့နေသေးတယ်ဗျာ..မပို့ဘဲ နေချင်သလိုနေရတာပဲ ။ အင်း အရင်အတိုင်းပဲ ...ဘာမှမပြောင်းလဲပါဘူး ။ ကျွန်တော် ချစ်သောသူက ဒီအတိုင်းပဲ ရက်စက်ခြင်းကိုချောကလက်ဖုံး ၍ ချိန်မြိန်သည့်အစားအစာဟု လိမ်ကြွေးသည်။ သိသိရက်နဲ့ မြတ်နိုးစွာ စားနေမိသူက ကျွန်တော် ကောင်းပြည့်ဝေလျှံ။
—————————————————-
တီ ...တီ....
ဂျောက်...
"ဒါက ....ရဲရင့်ဟန်သာ နေတဲ့ Condo လား ညီလေး "
"ဗျာ...ဟုတ်ကဲ့ပါဗျ...ဝင်ပါအုံး အစ်ကိုက ..ဘယ်သူလဲမသိဘူးဗျ"
"အော်..အေး..အစ်ကိုက သူ့အစ်ကို မင်းမြတ်ဟန်သာပါ...သူရှိမလား လို့ ဒီနား ရောက်တုန်း ခဏ ဝင်လာတာ "
"အော်..ဟုတ် ထိုင်ပါအုံးဗျ...."
"ဒါနဲ့ ညီလေးတို့က နေတာ ကြာပြီလား ...ကိုယ်ကိုမကြောက်နဲ့နော်..အစ်ကိုက အားလုံးကို နာလည်ပေးတယ် ညီလေး...ဘာမှမဖြစ်ဘူးသိလား .."
"ဟုတ်ကဲ့ဗျ ...အစ်ကို ဘာသောက်မလဲဗျ ..ခဏနော် ကျွန်တော်ကော်ဖီဖျော်အုံးမယ်ဗျ"
" နေ..နေ ..ညီလေး...အစ်ကို ပြန်တော့မှာ..."
"ဟုတ်..ဟုတ်ကဲ့ဗျ...ဂရုစိုက်ပြန်ပါ့ဗျ"
ဘုရား၊ ဘုရား ဒီမျက်နှာပေါက် ၊ သိပ်လှတဲ့မျက်ဝန်းတွေ၊ ထူထဲ လှတဲ့ မျက်တောင်ရှည်တွေက ...စကားသံ ခပ်ဝဲဝဲ တွေက ချစ်(မိုးပြည့်ဝေလျှံ) နှင့် တစ်ထပ်တည်းပါ့လား ။ ဟိုယခင်က ချစ်မှာ သိပ်ချစ်ရတဲ့မောင်လေးရှိတယ်လို့ ပြောပြခဲ့ဖူးတယ်။ ငါ နာမည်လေးတောင်မမေးခဲ့ရဘူး၊ ငါစိတ်ထဲကပဲသိနေတာလား၊ ငါစိတ်ထဲကပဲထင်နေတာလား။ ချစ်နဲ့ ပတ်သက်ဆက်နွယ်မူ တစ်ခုခု ရှိကိုရှိရမယ်။ ငါစုံစမ်းမှ ရတော့မယ်၊ အဲ့အဖြေက ငါသိရဖို့ သိပ်လိုအပ်နေပြီ။ တကယ်လို့သာ ...အဲ့ညီလေးက ချစ်နဲ့ ဆက်နွယ်နေရင်.....ဘာ ..ဘာတွေ ဖြစ်ကုန်မလဲ...။ Jackson က ဒီကလေးနဲ့ ဘယ်လိုပတ်သတ်...နေလဲ။ ငါ သိရမှာ ဖြစ်မယ်။ ရဲရင့် ဘာတွေ လုပ်နေလဲ ကွာ...။
"ကိုမျိုး စောစောက Jackson condo မှာ တွေ့ခဲ့တဲ့ ကလေးအကြောင်း ည ၁၀ နာရီမတိုင်ခင် အကုန်သိချင်တယ် "
"ဟုတ်ကဲ့ပါ ဥက္ကဌ ...ဖြစ်စေရပါ့မယ်"
"အဲ့ညီလေး က Jackson Condo မှာ နေတာ အိမ်တော်က သိထားလား..."
"အိမ်တော်မှာ သခင်ကြီးက သခင်လေးနောက်ကို stalk မလိုက်ဖို့ ထုတ်ပြန်ထားပါတယ် ဥက္ကဌ"
"အင်း ...သေချာတိတိကျကျ စုံစမ်းပေးပါ ကိုမျိုး .."
"ဖြစ်စေရပါမယ် ဥက္ကဌ "
သည်ညီလေးက ငါ ထင်သလို ချစ်နဲ့ဆက်နွယ်မူ မျိုး တစ်ခုခု ရှိခဲ့ရင် မင်းကို အရှင်မထားဘူး Jackson ။ ညီအစ်ကိုမကလို့ ဘယ်လိုသွေးနီးပါစေ ၊ ငါ့လက်နဲ့သတ်မယ် ။ မားမား ကြောင့် ငါတို့ ချစ်သူ နှစ်ဦး သေကွဲ ကွဲ ခဲ့ရပြီးပြီ။ ခု မင်းကြောင့်သာ တစ်ခုခု ဖြစ်ရရင်...အကုန်လုံးကို သတ်ပစ်မယ် ...တောက် $ သုံးမကျတဲ့ ငွေကြေးချမ်းသာမူနဲ့ ဂုဏ်ဒြပ်တွေ။ အဲ့ဒီငွေကြေးတွေ ကြောင့် ချစ် ...ချစ်ကိုဆုံးရူံး ရတာ။ ချစ် သေဆုံးရတာ ငါကြောင့်...မိဘကို ငဲ့ကြည့်မိလို့ ၊မိဘစိတ်ချမ်းသာအောင်ခေါင်းညိတ်ခဲ့မိလို့ ၊ ချစ်က ကျွန်တော်ကို သေ ခွဲ ခွဲခဲ့တာ ။ မားမား တို့စိတ်တိုင်းကျ နေခဲ့ပြီပြီဗျာ။ ဘာလို့လဲ ...ဘာလို့လဲ။
#မမအတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
#Thanks for all.
zawgyi
"ကိုကို..."
"အင္း...ကေလးငယ္..ေျပာေလ...."
ကြၽန္ေတာ္ ကိုကို ကို႔မယုံဘူး ၊ ခုလို ျပဳမူေနတာ ေနာက္တစ္ေန႕ စြန့္ပစ္ဖို႔အတြက္လား။ မေသခင္တစ္ရက္ ေပ်ာ္ေစသည့္သေဘာလား၊ ကြၽန္ေတာ္က စြန့္ပစ္ခံရဖူးသူ တစ္ေယာက္မို႔ ဘယ္သူကမ်ား ထပ္ၿပီးစြန့္ပစ္မလဲ ေၾကာက္ေနမိတယ္။ အခ်ိန္တန္ ထြက္သြားရမယ္၊ စြန့္ပစ္ခံရမယ္ သိသိရက္နဲ႕ ကြၽန္ေတာ္ ကိုကို ကို႔ ခ်စ္ခဲ့တယ္၊ ရယူလိုသည့္စိတ္ တစိုးတမွ် မရွိဘဲ ၾကင္နာေပးခဲ့တယ္။ ကိုယ္က ၾကင္နာေပးသေလာက္ ရခဲ့ဖူးသည္ကား ပစ္ပါယ္ခံရေသာ နာက်င္ျခင္းေတြ။ နာက်င္ေနသူအား ပို တိုး၍သာ ပစ္ပါယ္သည္၊ ပိုတိုး၍သာ ေလာင္ကြၽမ္းေစသည္။ ခုလိုၾကင္နာစြာ ျပဳမူေပးေပမယ့္ ဘယ္ခ်ိန္ ထၿပီး စြန့္ပစ္ခံရမလဲလို႔ ရင္တထိတ္ထိတ္ျဖင့္ ေနေနရသည္ကား ယခုအခ်ိန္။ ပုံမွန္အတိုင္းေနပါ၊ ပုံမွန္အတိုင္းရက္စက္ပါ၊ ရိုးရာမပ်က္ ပစ္ပါယ္ပါ ၊ ခါတိုင္းမ်ားလို မသိမသာ ၊ အသိအသာ လ်စ္လ်ဴ ႐ူပါ ၊ ကြၽန္ေတာ္က နာက်င္ျခင္းျဖင့္ ေမြ႕ေပ်ာ္ေနတက္ပါၿပီ။ လ်စ္လ်ဴခံရျခင္းကို ဖက္တြယ္ၿပီး အေဖာ္ျပဳတက္ပါၿပီ။ ပုံမွန္လိုပဲ ရက္စက္ပါကိုကို ..ကြၽန္ေတာ္မေနတက္ေတာ့ဘူး နာက်င္မူမရွိရင္။
" ကေလး ..လာ သြားရေအာင္... ႁပြတ္စ္..."
"ကိုကို...."
" ဘာမွမေၾကာက္နဲ႕ ကေလး ကိုကိုရွိတယ္၊ ေနာက္ၿပီး ဒီေဆး႐ုံက ကိုကိုတို႔အိမ္ေတာ္ကပိုင္တာ...ဘယ္သတင္းသမားမွ ကိုကိုတို႔အေၾကာင္းကို မေဖာ္ရဲသလို ၊ဘာျပသနာမွလည္း မဖန္တီးနိုင္ဘူးေလ၊ လာပါ.. သမားေတာ္ႀကီးဆီ သြားရေအာင္၊ ဟိုမွာေစာင့္ေနေရာ့မယ္"
"ဗ်ာ...ဟုတ္ကဲ့ဗ် "
ေဆး႐ုံဝန္းထဲ ေျခခ်မိၿပီဆိုရင္ပဲ အရွိန္အဝါေတာက္ပလြန္းတဲ့ ကိုကို ကို လူအားလုံးက ေငးေမာၾကည့္ရင္း အားက်ေနသလို၊ တခ်ိဳ႕ကလည္း ကိုကိုေဘးနားကကြၽန္ေတာ္ကို အားက်ၾကတယ္၊ တခ်ိဳ႕မ်က္လုံးေတြက မနာလိုမူ အျပည့္ျဖင့္ႏွာေခါင္း႐ူံ႕ၾကသည္။ ကားေပၚကဆင္း ၿပီး ကြၽန္ေတာ္လက္ကို လာဆုပ္ကိုင္လွ်က္ ကြၽန္ေတာ္ကို အားေပးႏွစ္သိမ့္ေနတယ္။အထင္ေသးတဲ့မ်က္လုံးေတြနဲ႕ ကြၽန္ေတာ္ကိုၾကည့္ေနၾကခ်ိန္၊ ခ်စ္ရသူက ဘာကိုမွ အာ႐ုံစိုက္မေနဘဲ ကြၽန္ေတာ္
လက္ကို တင္းတင္းဆုပ္ကိုင္ၿပီး တစ္လွမ္းခ်င္း ေဆး႐ုံထဲက သက္ဆိုင္ရာ Departmentေတြဆီသို႔။ ေၾကာက္တယ္ကိုကို...ဒီေခြးေလး မယုံရဲေတာ့ဘူး။ အနာေပးလိုက္၊ ေဆးလိုက္မို႔ မယုံရဲေတာ့ဘူး။ ယေန႕ၾကင္နာျပရင္ ေနာက္ေန႕ပိုရက္စက္လိမ့္မယ္ ထင္တယ္။ ကြၽန္ေတာ္မွာ ေနာက္တစ္ခါ ကြဲစရာ အသည္းမရွိေတာ့ လို႔ ေၾကာက္ေနမိၿပီ။ ကိုကို ကစားေနတာ ကြၽန္ေတာ့ႏွလုံးသားမို႔ ေတာ္ပါေတာ့ ၊ ဟန္ေဆာင္ၾကင္နာမ ျပပါနဲ႕ေတာ့။ ခါတိုင္းမ်ားလို ရက္စက္စြာ ဆက္ဆံေပးပါလားဗ်ာ။
" ေဟာ...ေရာက္လာၾကၿပီးလား သားတို႔ လာၾက ...လာ ဆရာမတို႔အဆင္သင့္ျဖစ္ပါေစ "
ကိုကိုက ကြၽန္ေတာ္လက္ကိုဆြဲၿပီး ေဆး႐ုံထဲ ဝင္လာစဥ္ ဌာနတစ္ခုေရွ႕က အသက္ႀကီးႀကီးဆရာဝန္ႀကီးနဲ႕ေနာက္က မ်ားစြာေသာ ဆရာဝန္ေတြက ကြၽန္ေတာ္တို႔ကို ႀကိဳဆိုႏူတ္ဆက္ၾကတယ္။ ဘာေၾကာင္းရယ္မသိ ကြၽန္ေတာ္ ေတြ႕ဖူးေနၾက မဟုတ္ေတာ့ လန့္တာေရာ ၊ေၾကာက္တာေရာနဲ႕ ေခြၽးပ်ံေနၿပီ။ ကိုကို လက္တြင္းက ဆုပ္ကိုင္ျခင္းခံထားရေသာ ကြၽန္ေတာ္ လက္ကို အသာဆြဲ႐ုန္းရင္း ေခါင္းငုံ႕ေနမိတယ္။ အၿပဳံးမပ်က္ဘဲ အသက္ႀကီးႀကီးဆရာဝန္ႀကီးနဲ႕ စကားေျပာေနပါေသာ ကိုကိုက ကြၽန္ေတာ္လက္ကို လြတ္မေပး ၊ ပို၍ တင္းက်ပ္စြာ ဆုပ္ကိုင္ၿပီး ကြၽန္ေတာ္ နားထင္စပ္အား လာနမ္း၏။ ဗုေဒၶါ ....ဘုရားကယ္ပါ...ဆရာဝန္ေတြအမ်ားႀကီး...လူေတြအမ်ားႀကီးၾကား ။ ရွက္မိသည္ အခ်ိန္တန္စြန့္ပစ္ခံရမယ္ သိေနေသာ ကြၽန္ေတာ္က ၊ ေၾကာက္လန့္မိသည္ တစ္ခ်ိန္ၾက ကြၽန္ေတာ္သာလွ်င္ က်န္ခဲ့ရမွာ အေျဖရွိၿပီးသားမို႔ ။ ခင္မ်ားက သိပ္ကို အေျပာင္းအလဲ ျမန္လွပါ့ေရာ္။ ေၾကာက္စရာေကာင္းဆုံး အႏၱာရယ္ အမ်ားဆုံးက ကိုကိုပါ။
"သား အဆင္ေျပလား..မေၾကာက္နဲ႕ ဆရာက မနာက်င္ေအာင္ လုပ္ေပးမွာ ...ဘာမွမဖစ္ေစရဘူးေနာ္သား..စမ္းသပ္ခန္းရဲ႕အျပင္ဘက္မွာ သားကိုကိုလည္း ရွိတယ္...စိတ္ကိုေလ်ာ့ခ်လိဳက္သား"
"ဟုတ္ကဲ့ဗ်....သား အဆင္ေျပပါတယ္...အာ့....စပ္တယ္..."
"ခဏေလးေနာ္ အနာကို အရင္ ပိုးသတ္ေဆးသုံးေနလို႔သား.ခဏပဲ စပ္မွာ ေနာ္ ၊ ေဆးထည့္လို႔လည္း ၿပီးၿပီ။ ဒါနဲ႕ သားကိုေမးစရာရွိတယ္...သား..ကိုယ္ခႏၶာကိုယ္မွာ တစ္ခုခု ထူးျခားမူ ခံစားမိလား...အရင္ကေရာ ျဖစ္ဖူးလား ၊ ေသာက္ေနၾကေဆးရွိသလား "
" ဗ်ာ...ကြၽန္ေတာ္...က ...ဟို..ဟို..."
"မေၾကာက္ပါနဲ႕ေျပာပါ..ဆရာ၊ဆရာမတို႔ အျပင္ခဏ ထြက္ေပးပါ ေမာင္ရဲရင့္ကို အဆင္ေျပတယ္ေျပာေပး ဒီကေလးနဲ႕ခဏ ေဆြးႏြေးစရာရွိလို႔ .."
ဒီကေလး က လွတယ္ ၊ တကယ္ကို မိန္းကေလးတစ္ေယာက္လိုလွတာ ။ အသားအရည္က အေပၚက အႏြေးထည္ေၾကာင့္ အကဲျဖတ္မရေပမယ့္ ေပၚေနေသာ လက္ေခ်ာင္းေလးေတြကိုၾကည့္ရင္ ဝင္းဖန့္ေနမယ့္ အရည္အေသြးရွိမွန္း သိသာေစတယ္။ လွပတဲ့ကေလးငယ္ႏွင့္မလိုက္ ေနာက္ေက်ာေပၚက ဒဏ္ရာ ေတြက အခ်က္အေရအတြက္မ်ားမ်ား အစင္းရာ ေတြကမဲပုပ္လို႔ေနသည္။ ဘာေၾကာင့္လဲ ၊ ဘယ္လိုျဖစ္တာဆိုတာ ေမာင္ရဲရင့္ေျပာျပထားလို႔သိရွိထား ၿပီးၿပီ။ ေမာင္ရဲရင့္ ေကာင္ေလးျဖစ္ဖို႔မ်ားသည္ဟု လည္း သုံးသပ္ခ်က္ခ်မိသည္။
ဒီကေလးကို ျပင္ပဒဏ္ရာ ကုသေပးၿပီး ေဆးစစ္ၾကည့္မိေတာ့ တစ္စုံတခုက ထူးျခားေနသည္။ ေကာင္ေလးက ေယာက်ာ္းေလး pregnant signs ေတြ ေတြ႕ေနရတယ္၊ ဟုတ္မဟုတ္အတည္ျပဳခ်င္တယ္။ ရွက္ေနတဲ့ေကာင္ေလးက ေမးခြန္းမ်ားကို ေၾကာက္႐ြံ႕စြာမေျဖရဲဘဲ စကားေတြ ထစ္, အ ေနၿပီ။ ခက္ၿပီ ...ဒီကေလးငယ္ သာ ေမာင္ရဲရင့္ ေကာင္ေလးဆို HANTHAR အိမ္ေတာ္မွာ ေျမးေပၚေတာ့မည္။ အတင္းအက်ပ္ေမးခြန္းေတြ မေမးမိေအာင္ထိမ္းရင္း ကေလးေခ်ာ့သနည္း ေခ်ာ့ေမးေနမိသည္။ လ အနည္းငယ္သာ ရွိေသးမည္ဟု ေကာက္ခ်က္ခ်၍ ေနာက္တစ္ေခါက္ ထပ္ ခ်ိန္းၿပီး စစ္ေဆး အတည္ျပဳ မည္။ ဆီးစစ္ ကိရိယာ တခ်ိဳ႕ေပးရင္း၊ ကာယကံရွင္ကိုယ္တိုင္လည္း သိရွိေစမည္။ Pregnant ေတြအတြက္ အားျဖည့္ေဆး ၊ ျဖည့္စြက္စာတခ်ိဳ႕ေပးၿပီး ေနာက္တစ္ပတ္ ေသာ အခ်ိန္ ကို ျပန္ခ်ိန္းမည္။
"သား..ဘာမွမေၾကာက္နဲ႕ ..ခု ဆရာနဲ႕ သား..ႏွစ္ေယာက္တည္း ရွိတာ မို႔ မေၾကာက္နဲ႕ သား "
"ဟုတ္...ဟုတ္ကဲ့ဗ်..."
"ေျပာပါ သား ဆရာကို ေျပာ ...ဒါမွ ..ခု သားမွာေတြ႕ရွိေနရတဲ့ လကၡာရပ္တစ္ခုအေၾကာင္း ဆရာက ေဆြးႏြေး အေျဖရွာေပးလို႔ ရမွာ "
"ကြၽန္ေတာ္...ကြၽန္ေတာ္မွာ..အမ်ိဳးသမီးေတြလို ေမြးကတည္းက သားဥအိမ္ ပါလာတယ္ဆရာ ...အဲ့ဒါေၾကာင့္ သိမ္ငယ္မိတယ္ဆရာ...ေနာက္ၿပီး...ေဖေဖတို႔..ကလည္း..ဟင့္...."
"Okay, ရၿပီ မို႔..ဝမ္းမနည္းပါနဲ႕ ၊ ဒါက သိမ္ငယ္ရမယ့္ အရာမဟုတ္ဘူး သား ဂုဏ္ယူရမယ့္အရာပါ ။ လူ၁၀၀၀ မွာ ၁ေယာက္မရနိုင္ေသာ ကံေကာင္းမူႀကီးပါ သား။ အဲ့ဒါအတြက္နဲ႕ သိမ္ငယ္ေနစရာမလိုဘူးေနာ္ ။ တိတ္ပါ ..သားမငိုပါနဲ႕ ခုကလည္း ဆရာက ၁၀၀% အတည္ မျပဳရေသးပါဘူး ၊ ဆရာ ပစၥည္းေလးေပးလိုက္မယ္ သား၊ မနက္အေစာထ ဆီးကို စစ္ၾကည့္ေပးပါ ။ ေရာ့ သား..ဒီမွာ စစ္ေဆးမူအတြက္ result instructions လည္းပါတယ္။ ထပ္ၿပီး မူးေဝတာ ၊ ေအာ့အန္တာမ်ိဳး လကၡာရပ္ေတြ ျဖစ္လာရင္ဆရာဆီ လာခဲ့ေပး ေနာ္ ..ဘာမွမေၾကာက္နဲ႕သား...အားလုံး အဆင္ေျပမွာပါ၊ ဒါက သား အနာက်က္ေဆးနဲ႕ ဒီေဆးကို ေကာင္တာမွာ ယူသြားေပး ေန႕၊ ည တစ္လုံးဆီေသာက္ပါ၊ အိပ္ေရးဝဝအိပ္ပါ သား "
"ဟုတ္ကဲ့ပါ ဆရာ ...ေနာက္တစ္ေခါက္ လာရအုံးမွာလားဗ်"
"ဟား...sorry သား ..ဆရာအေရးႀကီးတာကို အရင္မေျပာမိတာ ေနာက္တစ္ပတ္ျပည့္တဲ့ေန႕ ဆရာဆီ လာေပးေနာ္ သား ...ဘာမွမေၾကာက္နဲ႕ ေနာ္ ဆရာမွာ လိုက္တဲ့အတိုင္း ေနေပး႐ုံပဲ "
ပုခုံးေလး ပုတ္ၿပီး ေျပာေနတဲ့ ဆရာဝန္ႀကီးကို လက္အုပ္ခ်ီ ႏူတ္ဆက္ၿပီး အခန္းထဲက ထြက္လာေတာ့ ျမင္လိုက္ရသည့္ျမင္ကြင္းက လာမိတာမွားၿပီဟု ေကာက္ခ်က္ခ်ရမည္။ ကိုကို ကို႔ အျဖဴေရာင္Duty Coat ဝတ္ထားတဲ့ အစ္ကိုေခ်ာေခ်ာက ဖက္ၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္ရယ္ေမာ ေျပာဆိုေနၾကတယ္။ ခါးကိုဖက္ၿပီး ကိုကို ကို႔မွီခြၽဲေနသူက ဘယ္သူလဲလို႔ ကြၽန္ေတာ္ မေတြးခ်င္ေတာ့ဘူး ၊ ကြၽန္ေတာ္ခ်စ္ရသူမွာ ကြၽန္ေတာ္အျပင္ ခ်စ္သူ Ex က ေရတြက္နိုင္ရဲ႕လား။ ကိုကိုက ရက္စက္တယ္၊ မနက္တမ်ိဳး ၊ ေန႕လည္တမ်ိဳး မ်က္ႏွာ အမ်ိဳးမ်ိဳးျဖင့္ ကြၽန္ေတာ္အေပၚ ျပဳမူ ဆက္ဆံတယ္။
ကြၽန္ေတာ္ အခ်စ္စိတ္ ကုန္ခမ္း လုလု မို႔ ထပ္ၿပီး နာက်င္ရရင္ ခ်စ္ျခင္းေမတၱာ၏ တျခားဖက္ဆီ ေရာက္သြားေတာ့မည္။ ရွိသမွ် ႏွောင္ႀကိဳးမွ်င္ေလးကို အားျပဳ ဆြဲရင္း ကိုကို ရွိရာသို႔ ေလွ်ာက္သြားမိသည္။ ကြၽန္ေတာ္ေရာက္ေနတာ မသိတာလား ၊ သူ႕ခ်စ္သူ႕အသစ္နဲ႕ စကားမျဖတ္နိုင္ေသးတာလား မေတြးနိုင္ေလာက္ေအာင္က ေခါင္းကမူးရိပ္ ေနပါေသာေၾကာင့္ အနားရွိ ထိုင္ခုံေပၚမွာ မ်က္စိ မွိတ္ထိုင္ရင္း မူးေဝမူ ေဝဒနာကို တြန္းလွန္ေနတယ္။ ရင္ထဲက ပ်ိဳ႕တက္လာေသာ ခံစားမူ၊ တရိပ္ရိပ္မူးေဝေနပါေသာ ေဝဒနာကို ကြၽန္ေတာ္ တစ္ေယာက္တည္း ခက္ခဲစြာ တြန္းလွန္ေနခဲ့တယ္။ ဘာအစားမ်ားမွားခဲ့လို႔ ခံစားေနရပါသနည္း။ မႀကဳံဖူးေသာ မနက္စာ ၊ အျပင္ကိုအတူမစားဖူးပါေသာ ခ်စ္ေသာသူနဲ႕ စားခဲ့ေသာမနက္စာေၾကာင့္မ်ား အဆိပ္သင့္ေနရသလား ။
နာက်င္ေနၿပီ ရယ္လို႔ ဟစ္ေအာ္ေျပးခ်င္ေပမယ့္ ဘယ္ဆီ ေျပးရမလဲ၊ ဘယ္ ရင္ခြင္ အသိုက္အၿမဳံဆီ ေျပးရမလဲ ကြၽန္ေတာ္မွာ အေျဖမရွိခဲ့ ။ ကြၽန္ေတာ္ ဘဝ ဆိုးလိုက္တာလို႔ ဖြင့္ဟ ခ်င္ေတာင္ ရင္ခြင္ဖြင့္ နားေထာင္ေပးမယ့္သူမရွိ။ ပူေလာင္ေသာ ေနရျခင္းထက္ ေအးခ်မ္းစြာေသဆုံးျခင္းကိုသာ ေ႐ြးခ်ယ္ခြင့္ ရရင္ ေအးခ်မ္းရာကိုသာ ေ႐ြးခ်ယ္ခ်င္မိသည္။ ေမေမႏွင့္မမ ေအးခ်မ္းရာမွာ ေပ်ာ္ေနသလား။ ေဖေဖေရာ သား အနားမွာ မရွိလို႔ ထမင္းအခ်ိန္မွန္စားရဲ႕လား ၊ က်န္းမာေရးေကာင္းရဲ႕လား။ ဘဘုန္းေတာ္ႀကီးေက်ာင္း ေဖေဖ အၿမဲသြားေနတယ္လို႔ သားသိရလို႔ စိတ္တမ်ိဳး ေအးခ်မ္းမိပါရဲ႕ ေဖေဖ။ သာ့သနာ နယ္ေျမမွာ ေအးခ်မ္းစြာ တရားနာပါ၊ ဒီသားမိုက္က ေဖေဖကို အေဝးကေနပဲ ဦးခ် ကန္ေတာ့ မိပါတယ္။
" ကေလး...ေနမေကာင္းဘူးလား..ဆရာဝန္က ဘာေျပာသလဲ ..."
"ဗ်ာ..ဘာမွမျဖစ္ပါဘူးဗ် ...ဟီး"
"နာက်င္တာ ရွိေသးလား ၊ အနာက သက္သာရဲ႕လား၊ ေသာက္ဖို႔ ေဆး ေပးလိုက္ေသးလား ...အဆင္ေျပရဲ႕လားကေလးငယ္..ဟင္"
"ေျဖးေျဖးေမးပါ Jackson ရာ ၊ ကိုယ္ကိုျပစ္ထားၿပီေပါ့ ခုေတာ့ ၊ သူ႕ အဆင္ေျပမွာပါ ..ညမွ ph ေခၚမယ္ bye ...မြ..."
"ေအာ္..ေအး..ေအး..ကေလးငယ္ ေနသာရဲ႕လား ၊ ေသာက္ေဆးကေရာ ဘယ္မလဲ "
ကြၽန္ေတာ္ကို ေရွ႕ထားၿပီး ဖက္လဲတကင္း နမ္း၍ ႏူတ္ဆက္ေနေသာ သူတို႔ႏွစ္ဦး။ ကြၽန္ေတာ္ ကံေကာင္းျခင္းတစ္မ်ိဳးက ခ်စ္ေသာသူႏွင့္ သူ႕၏ခ်စ္ေသာ တို႔ ေပြ႕ဖက္တာနမ္းရိူက္တာ၊ တခါတေလ Sex play ေတြကို live show ၾကည့္ခြင့္ရေတာ့မလိုပဲ။ ဟား.....ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့ကံတရားလဲဗ်ာ။ ရင္ကြဲဒဏ္ရာ ၿဖဲၾကည့္တာကမွ အတိမ္အနက္ သိရမွာမဟုတ္ဘူး၊ live show သာၾကည့္မိရင္ ႏွစ္ျခမ္းကြဲသလား ၊ အစိတ္အစိတ္အမႊာမႊာ ကြဲသလားဆိုတာကို မသိိိနိုင္ေလာက္ေအာင္ကိုပဲ။ ခံစားမူက ရင္ဘတ္နဲ႕ဆိုင္တယ္။ ဇကာေပါက္လို ကြၽန္ေတာ္အသည္းႏွလုံးက ကင္ဆာေရာဂါပိုးကေတာင္ ဝင္မရလို႔ တပ္ဆုပ္ေျပးရေလာက္တယ္။ ပထမဦးဆုံးေသာ အခ်စ္၊ လူတစ္ဦးအား ပထမဦးဆုံး ျမတ္နိုးတြယ္တာမိျခင္းက အရွင္လတ္လတ္ ေလာကငရဲဘုံ ေရာက္ေနသည့္အလား။ တေျမ့ေျမ့နဲ႕ ကြၽမ္းကုန္ၿပီ။ ခံစားသက္ဝင္မူ ၊ ထိမ္းခ်ဳပ္နိုင္ေသာ အသိတရား။ ဘာဆိုဘာမွကိုမရွိေတာ့တာ ။ ရက္စက္လိုက္တာ ကိုကိုရာ ကြၽန္ေတာ္ကို ေဆး႐ုံေခၚၿပီး live show ၾကည့္ေစခ်င္တာလားဗ်ာ။
"ေဆး..က ..ေကာင္တာမွာ ..ယူ..ယူရမွာတဲ့ ဗ်"
" ကေလးငယ္ တကယ္ အဆင္ေျပရဲ႕လား၊ ကေလးငယ္ကို ၾကည့္ရတာ မလန္းဆန္းဘူး ၊ တခုခု ျဖစ္ေနလား ၊ ကိုယ္ပူေနေသးလား၊ ကိုကို ကို႔ေျပာေလ ကေလးငယ္ ..."
"မ..ရွိပါဘူးဗ်၊ အဆင္ေျပပါတယ္ဆို ...ဟီးးး"
ဟန္ေဆာင္စိတ္ပူ ျပေနေသာ ကြၽန္ေတာ္ခ်စ္ေသာ ကို အၿပဳံးတု ျဖင့္ တုန့္ျပန္မိတယ္။ ေတာ္ပါေတာ့ဗ်ာ ၊ ကြၽန္ေတာ္ နာက်င္ေနၿပီရယ္။
"ဟို...ဟို...ကြၽန္ေတာ္ အိမ္ျပန္ နားခ်င္လို႔ဗ် ...ရမလား "
"ရတာေပါ့..ကေလးငယ္ ဘာျဖစ္ေနလဲ ၊ အဆင္မွာေျပရဲ႕လားကြာ။ ကေလးငယ္ကိုၾကည့္ရတာ ကိုယ္ သိပ္အားမရဘူး၊ တစ္ခုခု ဆို ေျပာပါ ကိုယ္ကို ..ခု ကေလးငယ္ကို အိမ္ျပန္ပို႔မယ္ နားလိုက္ေနာ္ "
"ဟုတ္ကဲ့ဗ်..."
ကေလးငယ္ ကို အိမ္ကိုသာ ပို႔ၿပီးနားေစခဲ့တယ္။ ေဆး႐ုံက ေပးလိုက္တဲ့ေဆး ကို ေသာက္ဖို႔၊ ေနလည္စာ ကို ကိုယ္တိုင္မခ်က္ဘဲေနဖို႔ ကိုလင္းကို လာပို႔ခိုင္းေပးမယ္ကအစ မွာထားခဲ့သည္။ ကေလးငယ္ၾကည့္ရတာ စိတ္ထဲေလးေနတယ္၊ ကေလးငယ္ ဘာျဖစ္ေနတာလဲ ၊ ဘာေတြခံစားေနတာလဲ ။ ကိုကိုက ကေလးငယ္ကို ေသခ်ာ ေစာင့္ေရွာက္ေပးေတာ့မယ္ဆိုမွမေပ်ာ္ဘူးလား ကေလးငယ္ရယ္။ ေဆး႐ုံမွာ အသိမိတ္ေဆြ Dr.Joe နဲ႕ ေတြ႕ၿပီး ႀကဳံရာစုံရာ ေျပာေနမိတာ။ Joe ကအဲလိုပဲ ငယ္အက်င့္မေပ်ာက္ေသး ကေလးအထာျပန္ဖမ္းၿပီး လူကို ဖက္လိုက္နမ္းလိုက္နဲ႕၊ ေဘးလူျမင္တမ်ိဳးျမင္ပါ့မယ္ ေျပာလည္းမရဘူး။ Don't care တဲ့ေလ ။ ဒါေတြကို ကေလးငယ္ျမင္သြားသလား၊ တခုခု အေတြးဝင္သြားသလား ။ ဟား...ခက္ၿပီကေလးငယ္။ ကိုယ္ဘယ္ကစ ရွင္းျပရမလဲကြာ။ ကိုယ္ေၾကာင့္ မင္းေလးသိပ္ပင္ပမ္းေနေရာ့မယ္။
တီ~ တီ
" hello, အင္း ညစာ အိမ္ေတာ္လာခဲ့မယ္ "
(.......)
"Ok , Jack ..See you soon "
Jack ျပန္ေရာက္ေနၿပီ ၊ ဒီည အိမ္ေတာ္ ခဏ ျပန္ရမယ္။ ကေလးငယ္က အိမ္မွာ ေနမေကာင္းဘူး ၊ မတက္နိုင္ဘူး ကေလးငယ္ဆီ ! ဒီည အိမ္ျပန္ေနာက္က်မယ္ ! လို႔ SMS ပို႔မိတယ္။ အိမ္ေတာ္ မွာ ခဏေနၿပီး ကေလးဆီ ျပန္ရမယ္ ။ ခဏေလးပါ ကေလးငယ္...ကိုကို ေနာက္မက်ေစရဘူးေနာ္ ။
တီ~ခနဲ ျမည္သံႏွင့္အတူ လင္းလာေသာ ph screen ၊ အိမ္ျပန္ေနာက္က်မည္ ဟု စာတိုပို႔ေနသည့္ကိုကို။ ပို႔ေနေသးတယ္ဗ်ာ..မပို႔ဘဲ ေနခ်င္သလိုေနရတာပဲ ။ အင္း အရင္အတိုင္းပဲ ...ဘာမွမေျပာင္းလဲပါဘူး ။ ကြၽန္ေတာ္ ခ်စ္ေသာသူက ဒီအတိုင္းပဲ ရက္စက္ျခင္းကိုေခ်ာကလက္ဖုံး ၍ ခ်ိန္ၿမိန္သည့္အစားအစာဟု လိမ္ေႂကြးသည္။ သိသိရက္နဲ႕ ျမတ္နိုးစြာ စားေနမိသူက ကြၽန္ေတာ္ ေကာင္းျပည့္ေဝလွ်ံ။
-
တီ ...တီ....
ေဂ်ာက္...
"ဒါက ....ရဲရင့္ဟန္သာ ေနတဲ့ Condo လား ညီေလး "
"ဗ်ာ...ဟုတ္ကဲ့ပါဗ်...ဝင္ပါအုံး အစ္ကိုက ..ဘယ္သူလဲမသိဘူးဗ်"
"ေအာ္..ေအး..အစ္ကိုက သူ႕အစ္ကို မင္းျမတ္ဟန္သာပါ...သူရွိမလား လို႔ ဒီနား ေရာက္တုန္း ခဏ ဝင္လာတာ "
"ေအာ္..ဟုတ္ ထိုင္ပါအုံးဗ်...."
"ဒါနဲ႕ ညီေလးတို႔က ေနတာ ၾကာၿပီလား ...ကိုယ္ကိုမေၾကာက္နဲ႕ေနာ္..အစ္ကိုက အားလုံးကို နာလည္ေပးတယ္ ညီေလး...ဘာမွမျဖစ္ဘူးသိလား .."
"ဟုတ္ကဲ့ဗ် ...အစ္ကို ဘာေသာက္မလဲဗ် ..ခဏေနာ္ ကြၽန္ေတာ္ေကာ္ဖီေဖ်ာ္အုံးမယ္ဗ်"
" ေန..ေန ..ညီေလး...အစ္ကို ျပန္ေတာ့မွာ..."
"ဟုတ္..ဟုတ္ကဲ့ဗ်...ဂ႐ုစိုက္ျပန္ပါ့ဗ်"
ဘုရား၊ ဘုရား ဒီမ်က္ႏွာေပါက္ ၊ သိပ္လွတဲ့မ်က္ဝန္းေတြ၊ ထူထဲ လွတဲ့ မ်က္ေတာင္ရွည္ေတြက ...စကားသံ ခပ္ဝဲဝဲ ေတြက ခ်စ္(မိုးျပည့္ေဝလွ်ံ) ႏွင့္ တစ္ထပ္တည္းပါ့လား ။ ဟိုယခင္က ခ်စ္မွာ သိပ္ခ်စ္ရတဲ့ေမာင္ေလးရွိတယ္လို႔ ေျပာျပခဲ့ဖူးတယ္။ ငါ နာမည္ေလးေတာင္မေမးခဲ့ရဘူး၊ ငါစိတ္ထဲကပဲသိေနတာလား၊ ငါစိတ္ထဲကပဲထင္ေနတာလား။ ခ်စ္နဲ႕ ပတ္သက္ဆက္ႏြယ္မူ တစ္ခုခု ရွိကိုရွိရမယ္။ ငါစုံစမ္းမွ ရေတာ့မယ္၊ အဲ့အေျဖက ငါသိရဖို႔ သိပ္လိုအပ္ေနၿပီ။ တကယ္လို႔သာ ...အဲ့ညီေလးက ခ်စ္နဲ႕ ဆက္ႏြယ္ေနရင္.....ဘာ ..ဘာေတြ ျဖစ္ကုန္မလဲ...။ Jackson က ဒီကေလးနဲ႕ ဘယ္လိုပတ္သတ္...ေနလဲ။ ငါ သိရမွာ ျဖစ္မယ္။ ရဲရင့္ ဘာေတြ လုပ္ေနလဲ ကြာ...။
"ကိုမ်ိဳး ေစာေစာက Jackson condo မွာ ေတြ႕ခဲ့တဲ့ ကေလးအေၾကာင္း ည ၁၀ နာရီမတိုင္ခင္ အကုန္သိခ်င္တယ္ "
"ဟုတ္ကဲ့ပါ ဥကၠဌ ...ျဖစ္ေစရပါ့မယ္"
"အဲ့ညီေလး က Jackson Condo မွာ ေနတာ အိမ္ေတာ္က သိထားလား..."
"အိမ္ေတာ္မွာ သခင္ႀကီးက သခင္ေလးေနာက္ကို stalk မလိုက္ဖို႔ ထုတ္ျပန္ထားပါတယ္ ဥကၠဌ"
"အင္း ...ေသခ်ာတိတိက်က် စုံစမ္းေပးပါ ကိုမ်ိဳး .."
"ျဖစ္ေစရပါမယ္ ဥကၠဌ "
သည္ညီေလးက ငါ ထင္သလို ခ်စ္နဲ႕ဆက္ႏြယ္မူ မ်ိဳး တစ္ခုခု ရွိခဲ့ရင္ မင္းကို အရွင္မထားဘူး Jackson ။ ညီအစ္ကိုမကလို႔ ဘယ္လိုေသြးနီးပါေစ ၊ ငါ့လက္နဲ႕သတ္မယ္ ။ မားမား ေၾကာင့္ ငါတို႔ ခ်စ္သူ ႏွစ္ဦး ေသကြဲ ကြဲ ခဲ့ရၿပီးၿပီ။ ခု မင္းေၾကာင့္သာ တစ္ခုခု ျဖစ္ရရင္...အကုန္လုံးကို သတ္ပစ္မယ္ ...ေတာက္ $ သုံးမက်တဲ့ ေငြေၾကးခ်မ္းသာမူနဲ႕ ဂုဏ္ျဒပ္ေတြ။ အဲ့ဒီေငြေၾကးေတြ ေၾကာင့္ ခ်စ္ ...ခ်စ္ကိုဆုံး႐ူံး ရတာ။ ခ်စ္ ေသဆုံးရတာ ငါေၾကာင့္...မိဘကို ငဲ့ၾကည့္မိလို႔ ၊မိဘစိတ္ခ်မ္းသာေအာင္ေခါင္းညိတ္ခဲ့မိလို႔ ၊ ခ်စ္က ကြၽန္ေတာ္ကို ေသ ခြဲ ခြဲခဲ့တာ ။ မားမား တို႔စိတ္တိုင္းက် ေနခဲ့ၿပီၿပီဗ်ာ။ ဘာလို႔လဲ ...ဘာလို႔လဲ။
#Thanks for all.
Bạn đang đọc truyện trên: ZingTruyen.Xyz