အပိုင်း(၁၀)
ကိုကိုနဲ့ခင်မင်ပြီးနောက် ကိုကိုက ကျောင်းကိုလာတွေ့တယ် အလုပ်အားရင်အားသလို ခဏပြေးလာတက်တယ်။ ချစ်တယ်လို့ မပြောပေမယ့် ကိုကို့ အပြုအမူတွေ ၊ကျွန်တော်အပေါ်ကြင်နာခြင်းတွေကို သိပြီး ကိုကို ချစ်နေတာ သိတယ် ...ကျွန်တော်လည်း......။ညနေပိုင်းအချိန်ရရင် အပြင်လိုက်ပို့တယ်၊ ညစာအတူစားကြတယ်။ ကိုကိုနဲ့အတူရှိနေရတာ ကျွန်တော်ကြိုက်လာပြီ၊ အတူစားရတာ ပျော်တယ် ။ ညတိုင်းလည်း ဖုန်းတွေပြောကြတယ် ။ တခါတလေ ကိုကိုက သိပ်ဂရုစိုက်တာ ကျွန်တော်ကို...ထိခိုက်မူ အသေးစားလေးဖြစ်ရင်တောင် "ကလေးကကွာ ဂရုမစိုက်ဘူး ကိုကိုဘယ်လောက်စိတ်ပူရလဲသိလား"လို့ တတွတ်တွတ်ပြောပြီး ဆူတယ်ဗျ။ ကိုကို က ချစ်တယ်လို့တော့ ထုတ်မပြောဘူး၊ ကျွန်တော် ကိုကို့ အယုအယ တွေကြား ရုန်းထွက်န်ုင်ပါ့အုံးမလား။
"ငကောင်း...ငါတို့ Language class တစ်ခုခုလောက်တက်ရအောင်"
"မတက်ချင်ပါဘူး ပျင်းတယ်၊ တက်ပြီး ဘယ်မှလည်း သွားခွင့်ရမှာမဟုတ်ဘူး"
"အဲလို ဘယ်ဟုတ်မလဲ ၊ တက်ထားတော့ ကောင်းတာပေါ့၊ မင်းအဖေကိုနားလည်အောင်ပြောပြီး အနီးအနားနိုင်ငံတွေ အလည်ပတ်ထွက်မယ်လေကွာ"
"ဟင်းအင်းမသွားချင်ပါဘူး ....အယ် နေအုံးကိုကိုတို့အဖွဲ့က ငါတို့exam ပြီးရင် ခရီးတိုထွက်ကြမယ်တဲ့ ၊ ငါတို့ကို လိုက်ပို့မယ်တဲ့"
"ဘာ...မလိုက်ဘူး...ဘယ်မှလည်းမထွက်ဘူး...မင်း မင်းလည်းမလိုက်ရဘူး"
"ဟာ...ဘာလို့လဲ"
" မင်းကိုငါမထည့်ဘူး မင်းမိဘက ငါကိုယုံကြည်လို့အပ်ထားတာ၊ မင်းအရင်က ကိုရဲရင့် နဲ့အပြင်ထွက်တွေကို ငါမမြင်ချင်ယောင်ဆောင်ပေးခဲ့တယ်၊ ခုကိစ္စကတော့မရဘူး ၊ ထပ်မပြောနဲ့ မင်းထပ်ပြောရင် ငါမင်းအဖေကို အသိပေးမှ ငါအဆိုးမဆိုနဲ့"
"မင်း...မင်း...ဘာသဘောလဲ၊ မင်းမလိုက်ချင်နေ ငါလိုက်ချင်လိုက်မှာပဲကိုကိုက ငါကို ဘာအန္တာရယ်မှမပေးဘူး ငါသိတယ် ...လိုက်မှာပဲ "
"မလိုက်ရဘူး ငကောင်း....အဲလူက ဘယ်လိုလူဆိုတာ မင်းသိလား ၊ ဘာမှသွေးသား မတော်စပ်တဲ့ မင်းအပေါ် ဘာလို့ကောင်းနေလဲ မင်းလည်းမသိသလို ငါလည်းမသိဘူး"
"......."
"သူတို့လို လူချမ်းသာတွေမှာ အဖော်မရှားဘူး၊ ဘာလို့ မင်းကိုမှကပ်နေလဲ မင်းသိလား ဟင်"
"မဟုတ်ပါဘူးဆို...ကိုကိုက ခင်ချင်လို့ ခင်တာပါတဲ့ ငါမေးပြီးပြီ..ငါကို လှည့်စားမယ့်သူမဟုတ်ဘူး"
"သူလိုအဘက်ဘက်ကပြည့်စုံတဲ့သူက ခင်ချင်လို့အကြောင်းချက်မရဇိ ခင်တာတဲ့လားဟင်...င ကောင်း ရဲ့ အဲ့လူ့စကားတွေ ယုံမနေစမ်းနဲ့ ...တောက်..."
"ကိုကိုက မင်းပြောသလိုမဟုတ်ဘူး ..မင်းအမြင်မကြည်တိုင်း ကိုကို့အပစ်မြင်နေတာ"
"ဟုတ်လား...ငါက အဲလူလိုလူလား ဟင် ၊ မင်းပြော "
"ဟင့်....ငါ ငိုချင်နေပြီ....ငါ..ငါ .ဟီး....."
"တောက် ငါကွာ......ငါ.."
" အီး...ဟီး...."
"တိတ်ပါ တော့ ကွာ ငါ့ အမှားပါ တိတ်ပါ ငကောင်းရာ ငါစေတနာတွေက မင်းထိခိုက်မှာဆိုးလို့ပါ တိတ်ပါကွာ မငိုပါနဲ့တော့...ငါ တို့ exam ပြီး နယ်ပြန်ကြအောင်...ငါတို့နယ်မှာစွန်လွတ်မယ်၊ အထက်ကျောင်းမှာ ဘောလုံးကန်ကြမယ်၊မိုးရေထဲ စက်ဘီးစီးမယ် ဟင်..ပြန်ကြမယ်နော် ငကောင်း"
"အင့်...ငါကို မဆူနဲ့တော့ "
" အင်းပါ မဆူတော့ဘူး၊ တိတ်တော့ ကလေးလည်းမဟုတ်ဘူး "
"အင်း ပြန်မယ်နော်၊ ငါမင်းနဲ့ ရန်မဖြစ်ချင်ဘူး အင့်..ငါ ..ငါ မင်းစေတနာကို မစော်ကားပါဘူး..ငါကိုကို့ ယုံတယ်လို့နော်"
သူငယ်ချင်းနှစ်ယောက် အမြဲတူနေ သည်းခံကြတဲ့နှစ်ယောက် ဘေးလူ ဝင်တော့ ဆူပူရပြီ။ မငိုပါနဲ့တော့ ငကောင်းရယ်။ မင်းမျက်ရည်တွေ ခံနိုင်ရည်မရှိဘူး ။ မင်းစိတ်ချမ်းသာမယ်ဆိုရင် ၊ ဘာအန္တာရယ်မှ မရှိရင် ဘေးကနေ ကြည့်ပြီး ပြုံးနေမယ့်ကောင်ပါကွာ။ ဒီလိုမှန်းသိရင် ငါ ရန်ကုန်ကို ကျောင်းတက်ဖို့မင်းကိုမခါ်ခဲ့ဘူး ငကောင်း။ မင်းနဲ့အတူပျော်ချင်လို့ နယ်မှာ ပြင်ပလောကကြီးအကြောင်း မသိဘဲ နေနေရမယ့်အစား လူငယ်အချိန်တွေကို မြို့ပြမှာ လာနေမိတာ ။ ငါအမှားတွေပါကွာ...မချိတကဲစွာ သက်ပြင်းရှည် ချမိတယ်။
ကိုကိုနဲ့ ခင်ပြီးနောက်ပိုင်း ဝင်းထက်နဲ့ပြသနာ အမြဲတက်ရတယ်။ ဝင်းထက်က ကိုကို့ ကြည့်မရဘူး ဟိုအရင်ကတည်းက။ ကျွန်တော်ကို စိုးရိမ်တာ သိပေ့မယ်..ကိုကိုက တကယ်လူကောင်းပါ ..ကျွန်တော်အပေါ်လည်းကောင်းရှာတယ် ဘယ်လောက်ရှင်းပြနေပါစေ သူလက်မခံဘူး။ အစကတော့ သူ့ စိတ်ပူလို့ဆူ တာ ကို နားလည်တယ်။ ဘယ် ခရီးမှမထွက်ဖူးတဲ့ ကျွန်တော်ကို စိတ်မချတာ နားလည်လက်ခံတယ်။ ဒါပေမယ့် ကိုကို က လူလိမ်မဟုတ်ဘူး ၊ သူစွပ်စွဲနေတာမျိုး ကျွန်တော်ကို လိမ်မယ့်လူလည်းမဟုတ်ဘူး ။ ကျွန်တော်အပေါ်ကောင်းတယ် ။ တခါတလေကြ ဝင်းထက်ကို စိတ်ရူပ်လာပြီ။ ငါမကောင်းဘူးနော် ဝင်းထက်..ငယ်ငယ်ကတည်းက သည်ခံပေးရှာတဲ့ မင်းအပေါ် အပြစ်မြင်နေပြီ။ မင်းသူငယ်ချင်း ငကောင်း အချစ်နွံ့မှာ တဖြေးဖြေး နှစ်စပြုနေပြီ။
ကိုကိုနဲ့ခင်လာတဲ့ရက်တွေ များလာလေ ဝင်းထက်နဲ့ ပြသနာတက်ရက်တွေများလာပြီ။ ကိုကိုက စိတ်ရူပ်မခံနဲ့တဲ့ ကလေးဘာဖြစ်ချင်လဲ သူကိုသာပြော သူအကုန်ကူညီမှာတဲ့။ ဟင်းအင်း မလိုချင်ဘူး ဘာမှန်းမသိတဲ့ ကျွန်တော်တို့အခြေအနေမှာ၊ ကျွန်တော် ကိုကိုအပေါ် တက်နိုင်သမျှ ချစ်ပေးဖို့ကလွဲ ဘာမှမလိုချင်ဘူး ။ ချစ်တက်နေပြီ ကိုကို...ကျွန်တော် လေ...ကိုကို ကို့ချစ်နေမိပြီရယ်။
" ကလေး မျက်နှာလည်း မကောင်းပါ့လား ၊ ဘာလို့လဲ "
" မဟုတ်ပါဘူး ကိုကိုရ၊ ကျွန်တော် ဘာမှမဖစ်ပါဘူးဗျ ဟီးး"
ဒီညနေ အလုပ်စောနားရလို့ ကလေးနဲ့ အပြင်မှာ ညစာအတူစားမယ်ဆိုပြီး ထွက်လာတာ ။ ဘာရယ်မဟုတ် ကလေးမျက်နှာမကောင်းလို့ ဘယ်မှမသွားဘဲ လက်ရှိနေနေတဲ့ အဆင့်မြင့်Condo ဆီပဲ ခေါ်လာခဲ့တယ်။ သူငယ်ချင်းနှစ်ယောက် ကျွန်တော့်အကြောင်း ပြု လို့ ပြသနာ တက်ကြပြန်ပြီထင်တယ်။ ကလေးမျက်နှာမကောင်းတော့ ရင်ထဲ ဆစ်ခနဲ နာနေပြန်တယ်။ မင်း သူ့ကိုသနားလို့မရဘူး ။ မင်လိုချင်ပုံစံဖြစ်နေပြီလေ...ဒါမင်းအောင်မြင်မူ ကိုဖော်ပြတဲ့လှေခါးတစ်ခု ...လုံးဝ မသနားမိစေနဲ့။
"ကိုကို့ပြောပြလေ ကလေး စိတ်ညစ်စရာရှိလား ၊ ကိုကိုရှိတယ်လေကွာ ..ကိုယ်ကိုမယုံဘူးလားဟင် ကလေး ..လာပါအုံး ကိုကို့ပေါင်ပေါ် အားပေးချင်လို့"
" အိစ့်...ကို..ကိုကို...ဘာ လုပ်တာလဲဟင်"
"ဗျ...ဖက်ထားတာလေ ၊ ကလေးဝမ်းနည်းနေလို့ ကိုကိုက အားပေးတာလေ ပြွတ်စ်"
" အာ...ကိုကိုမကောင်းဘူးဗျာ"
ဟားးး ရှက်နေတာလေးက မျက်နှာတစ်ခုံး နီရဲနေတဲ့ ပန်းသီးရဲရဲအလား။ သိပ်ချစ်ကောင်းတဲ့ ပုံစံနဲ့မြူစွယ် မနေနဲ့ကောင်လေး..မင်းက ကိုယ်အတွက် ကစားစရာ တစ်ခုထက်မပိုခဲ့ဘူး။ မင်း ကိုကို့ချစ်နေတာ သိတယ်ကောင်လေး၊ ကိုယ်ဆီက အချစ်လား မမျှော်လင့်နဲ့။ တခုခုဖြစ်လာရင် မင်းအစ်မမိုးပြည့်ဆိုတဲ့ သူကိုပဲအပြစ်တင်လိုက်တော့ ကောင်လေး။
ကိုကိုက အားပေးချင်လို့ဆိုပြီး သူပေါင်ပေါ်ထိုင်ခိုင်ပြီး ဖက်ထားတယ်။ ပါးလေးကိုလဲနမ်းတယ်ဗျ...ကျွန်တော်တို့က ဘယ်လိုအခြေအနေလဲဟင် ကိုကို။ ကိုကိုလှည့်စားတာဖြစ်ဖြစ်၊ တကယ်ချစ်တာ ဖြစ်ဖြစ် ကျွန်တော်ပျော်နေပီလေ။ ကိုကိုအနီးနား နေရင်း၊ ကိုကိုရနံလေးကို နှစ်သက်တက်နေပြီဗျ။ ကျွန်တော်ရဲ့ ပထမဦးဆုံးဖြစ်ပေါ်လာတဲ့ ချစ်ခြင်းလေးမို့ ရင်မကွဲပါရစေနဲ့လား ကိုကိုရယ်။ ကျွန်တော်လေ ...ကိုကို အနား ဘာခိုင်းခိုင်းနေပေမယ့် ခွေးလေးသာသာ အချစ်မျိုးနဲ့လည်းဖြစ်ပါတယ် ကိုကိုရယ်။ သိပ်ချစ်တာဗျ....,
"ကိုကို ...ကျွန်တော်ပြောစရာရှိတယ်"
"အင်း ပြောလေ ကလေး.."
"ကျွန်တော်တို့ exam ပြီးရင် နယ်ကို တန်းပြန်မှာ ကိုကို ...အဲ့ဒါ ...အဲ့ဒါ ကိုကိုတို့နဲ့မလိုက်ဖြစ်ဘူးဗျ"
"ဟုတ်လား...ကိုကိုက လိုက်ပို့ချင်လို့ အလုပ်ကို ခုကတည်းက ဖိလုပ်နေတာ အချိန်ဇယားတောင်ဆွဲပြီးပြီ ကလေးရ၊ ဟိုကောင်လေးကတားလို့လားဟင် ကလေး...သက်ကို ကိုပြောပေးမယ်လေ မင်းကောင်လေးကို ထိမ်းအုံးလို့ ဟင် ...ကလေးလေး"
"မဟုတ်...ဘူးဗျ.. မနက်က အဖေ ဖုန်းဆက်တယ် exam ပြီး ပြန်လာရမယ်တဲ့ ...အဲ့ဒါကြောင့်ပါ..တောင်းပန်ပါတယ်ဗျ"
"ဟုတ်လား...ဘယ်တက်မနိုင်လဲ.. ကလေးအဖေကပြန်လာဆိုတော့လဲ"
"ဟို...လေ ..ကျွန်တော် နယ်ပြန်ရင် သတိရပေးမလားဟင် ကျွန်တော်ကိုလေ"
"ဟား....ဘာများလဲလို့လွမ်းနေမှာပါဗျ....ခုတော့ မပြန်ခင် ကိုကို့ နမ်းခွင့်ပေးပါအုံး တစ်ခါလောက်..."
ပြွတ်စ်...
ဟာ..ကိုကိုလွန်ပြီနော်။ ကိုကိုပေးတဲ့ကြင်နာမူတွေကြား၊ ကျွန်တော့်ပါးပြင်ပေါ်ချန်ရစ်နေသော ကိုကို့အနမ်းတစ်ချို့ တွေကို နယ်ပြန်ရင် ဒီကောင်လေးဘယ်လောက်တောင် လွမ်းနေရမလဲဗျာ။ ကျွန်တော်လေ မချစ်ဖူးလို့ ရူးပြီထင်တယ်ကိုကို၊ ပထမဆုံးသော ကျွန်တော့်ချစ်ခြင်းကို မျက်ကွယ်ပြု မခံရပါစေနဲ့လို့ တောင်းဆုပြုမိတယ်။ ဒီလူကို ချစ်ရမယ်လို့ သတ်မှတ်ထားလို့ ချစ်ရတာမဟုတ်ဘဲ၊ ဒီလူမို့ ချစ်မိတာပါ၊ မြတ်နိုးမိတာပါ ကိုကိုရယ်။ ကျွန်တော်အချစ်က ကလေးဆန်ဆန်အတွေးတွေလို့ မထင်ပါနဲ့ဗျာ။ နှလုံးသားတစ်ခုလုံး ရင်းပြီး ချစ်ခဲ့ရတာမို့ပါ ကိုကိုရယ်။
zawgyi
ကိုကိုနဲ႕ခင္မင္ၿပီးေနာက္ ကိုကိုက ေက်ာင္းကိုလာေတြ႕တယ္ အလုပ္အားရင္အားသလို ခဏေျပးလာတက္တယ္။ ခ်စ္တယ္လို႔ မေျပာေပမယ့္ ကိုကို႔ အျပဳအမူေတြ ၊ကြၽန္ေတာ္အေပၚၾကင္နာျခင္းေတြကို သိၿပီး ကိုကို ခ်စ္ေနတာ သိတယ္ ...ကြၽန္ေတာ္လည္း......။ညေနပိုင္းအခ်ိန္ရရင္ အျပင္လိုက္ပို႔တယ္၊ ညစာအတူစားၾကတယ္။ ကိုကိုနဲ႕အတူရွိေနရတာ ကြၽန္ေတာ္ႀကိဳက္လာၿပီ၊ အတူစားရတာ ေပ်ာ္တယ္ ။ ညတိုင္းလည္း ဖုန္းေတြေျပာၾကတယ္ ။ တခါတေလ ကိုကိုက သိပ္ဂ႐ုစိုက္တာ ကြၽန္ေတာ္ကို...ထိခိုက္မူ အေသးစားေလးျဖစ္ရင္ေတာင္ "ကေလးကကြာ ဂ႐ုမစိုက္ဘူး ကိုကိုဘယ္ေလာက္စိတ္ပူရလဲသိလား"လို႔ တတြတ္တြတ္ေျပာၿပီး ဆူတယ္ဗ်။ ကိုကို က ခ်စ္တယ္လို႔ေတာ့ ထုတ္မေျပာဘူး၊ ကြၽန္ေတာ္ ကိုကို႔ အယုအယ ေတြၾကား ရုန်းထွက်န်ုင်ပါ့အုံးမလား။
"ငေကာင္း...ငါတို႔ Language class တစ္ခုခုေလာက္တက္ရေအာင္"
"မတက္ခ်င္ပါဘူး ပ်င္းတယ္၊ တက္ၿပီး ဘယ္မွလည္း သြားခြင့္ရမွာမဟုတ္ဘူး"
"အဲလို ဘယ္ဟုတ္မလဲ ၊ တက္ထားေတာ့ ေကာင္းတာေပါ့၊ မင္းအေဖကိုနားလည္ေအာင္ေျပာၿပီး အနီးအနားနိုင္ငံေတြ အလည္ပတ္ထြက္မယ္ေလကြာ"
"ဟင္းအင္းမသြားခ်င္ပါဘူး ....အယ္ ေနအုံးကိုကိုတို႔အဖြဲ႕က ငါတို႔exam ၿပီးရင္ ခရီးတိုထြက္ၾကမယ္တဲ့ ၊ ငါတို႔ကို လိုက္ပို႔မယ္တဲ့"
"ဘာ...မလိုက္ဘူး...ဘယ္မွလည္းမထြက္ဘူး...မင္း မင္းလည္းမလိုက္ရဘူး"
"ဟာ...ဘာလို႔လဲ"
" မင္းကိုငါမထည့္ဘူး မင္းမိဘက ငါကိုယုံၾကည္လို႔အပ္ထားတာ၊ မင္းအရင္က ကိုရဲရင့္ နဲ႕အျပင္ထြက္ေတြကို ငါမျမင္ခ်င္ေယာင္ေဆာင္ေပးခဲ့တယ္၊ ခုကိစၥကေတာ့မရဘူး ၊ ထပ္မေျပာနဲ႕ မင္းထပ္ေျပာရင္ ငါမင္းအေဖကို အသိေပးမွ ငါအဆိုးမဆိုနဲ႕"
"မင္း...မင္း...ဘာသေဘာလဲ၊ မင္းမလိုက္ခ်င္ေန ငါလိုက္ခ်င္လိုက္မွာပဲကိုကိုက ငါကို ဘာအႏၱာရယ္မွမေပးဘူး ငါသိတယ္ ...လိုက္မွာပဲ "
"မလိုက္ရဘူး ငေကာင္း....အဲလူက ဘယ္လိုလူဆိုတာ မင္းသိလား ၊ ဘာမွေသြးသား မေတာ္စပ္တဲ့ မင္းအေပၚ ဘာလို႔ေကာင္းေနလဲ မင္းလည္းမသိသလို ငါလည္းမသိဘူး"
"......."
"သူတို႔လို လူခ်မ္းသာေတြမွာ အေဖာ္မရွားဘူး၊ ဘာလို႔ မင္းကိုမွကပ္ေနလဲ မင္းသိလား ဟင္"
"မဟုတ္ပါဘူးဆို...ကိုကိုက ခင္ခ်င္လို႔ ခင္တာပါတဲ့ ငါေမးၿပီးၿပီ..ငါကို လွည့္စားမယ့္သူမဟုတ္ဘူး"
"သူလိုအဘက္ဘက္ကျပည့္စုံတဲ့သူက ခင္ခ်င္လို႔အေၾကာင္းခ်က္မရဇိ ခင္တာတဲ့လားဟင္...င ေကာင္း ရဲ႕ အဲ့လူ႕စကားေတြ ယုံမေနစမ္းနဲ႕ ...ေတာက္..."
"ကိုကိုက မင္းေျပာသလိုမဟုတ္ဘူး ..မင္းအျမင္မၾကည္တိုင္း ကိုကို႔အပစ္ျမင္ေနတာ"
"ဟုတ္လား...ငါက အဲလူလိုလူလား ဟင္ ၊ မင္းေျပာ "
"ဟင့္....ငါ ငိုခ်င္ေနၿပီ....ငါ..ငါ .ဟီး....."
"ေတာက္ ငါကြာ......ငါ.."
" အီး...ဟီး...."
"တိတ္ပါ ေတာ့ ကြာ ငါ့ အမွားပါ တိတ္ပါ ငေကာင္းရာ ငါေစတနာေတြက မင္းထိခိုက္မွာဆိုးလို႔ပါ တိတ္ပါကြာ မငိုပါနဲ႕ေတာ့...ငါ တို႔ exam ၿပီး နယ္ျပန္ၾကေအာင္...ငါတို႔နယ္မွာစြန္လြတ္မယ္၊ အထက္ေက်ာင္းမွာ ေဘာလုံးကန္ၾကမယ္၊မိုးေရထဲ စက္ဘီးစီးမယ္ ဟင္..ျပန္ၾကမယ္ေနာ္ ငေကာင္း"
"အင့္...ငါကို မဆူနဲ႕ေတာ့ "
" အင္းပါ မဆူေတာ့ဘူး၊ တိတ္ေတာ့ ကေလးလည္းမဟုတ္ဘူး "
"အင္း ျပန္မယ္ေနာ္၊ ငါမင္းနဲ႕ ရန္မျဖစ္ခ်င္ဘူး အင့္..ငါ ..ငါ မင္းေစတနာကို မေစာ္ကားပါဘူး..ငါကိုကို႔ ယုံတယ္လို႔ေနာ္"
သူငယ္ခ်င္းႏွစ္ေယာက္ အၿမဲတူေန သည္းခံၾကတဲ့ႏွစ္ေယာက္ ေဘးလူ ဝင္ေတာ့ ဆူပူရၿပီ။ မငိုပါနဲ႕ေတာ့ ငေကာင္းရယ္။ မင္းမ်က္ရည္ေတြ ခံနိုင္ရည္မရွိဘူး ။ မင္းစိတ္ခ်မ္းသာမယ္ဆိုရင္ ၊ ဘာအႏၱာရယ္မွ မရွိရင္ ေဘးကေန ၾကည့္ၿပီး ၿပဳံးေနမယ့္ေကာင္ပါကြာ။ ဒီလိုမွန္းသိရင္ ငါ ရန္ကုန္ကို ေက်ာင္းတက္ဖို႔မင္းကိုမခၚခဲ့ဘူး ငေကာင္း။ မင္းနဲ႕အတူေပ်ာ္ခ်င္လို႔ နယ္မွာ ျပင္ပေလာကႀကီးအေၾကာင္း မသိဘဲ ေနေနရမယ့္အစား လူငယ္အခ်ိန္ေတြကို ၿမိဳ႕ျပမွာ လာေနမိတာ ။ ငါအမွားေတြပါကြာ...မခ်ိတကဲစြာ သက္ျပင္းရွည္ ခ်မိတယ္။
ကိုကိုနဲ႕ ခင္ၿပီးေနာက္ပိုင္း ဝင္းထက္နဲ႕ျပသနာ အၿမဲတက္ရတယ္။ ဝင္းထက္က ကိုကို႔ ၾကည့္မရဘူး ဟိုအရင္ကတည္းက။ ကြၽန္ေတာ္ကို စိုးရိမ္တာ သိေပ့မယ္..ကိုကိုက တကယ္လူေကာင္းပါ ..ကြၽန္ေတာ္အေပၚလည္းေကာင္းရွာတယ္ ဘယ္ေလာက္ရွင္းျပေနပါေစ သူလက္မခံဘူး။ အစကေတာ့ သူ႕ စိတ္ပူလို႔ဆူ တာ ကို နားလည္တယ္။ ဘယ္ ခရီးမွမထြက္ဖူးတဲ့ ကြၽန္ေတာ္ကို စိတ္မခ်တာ နားလည္လက္ခံတယ္။ ဒါေပမယ့္ ကိုကို က လူလိမ္မဟုတ္ဘူး ၊ သူစြပ္စြဲေနတာမ်ိဳး ကြၽန္ေတာ္ကို လိမ္မယ့္လူလည္းမဟုတ္ဘူး ။ ကြၽန္ေတာ္အေပၚေကာင္းတယ္ ။ တခါတေလၾက ဝင္းထက္ကို စိတ္႐ူပ္လာၿပီ။ ငါမေကာင္းဘူးေနာ္ ဝင္းထက္..ငယ္ငယ္ကတည္းက သည္ခံေပးရွာတဲ့ မင္းအေပၚ အျပစ္ျမင္ေနၿပီ။ မင္းသူငယ္ခ်င္း ငေကာင္း အခ်စ္ႏြံ႕မွာ တေျဖးေျဖး ႏွစ္စျပဳေနၿပီ။
ကိုကိုနဲ႕ခင္လာတဲ့ရက္ေတြ မ်ားလာေလ ဝင္းထက္နဲ႕ ျပသနာတက္ရက္ေတြမ်ားလာၿပီ။ ကိုကိုက စိတ္႐ူပ္မခံနဲ႕တဲ့ ကေလးဘာျဖစ္ခ်င္လဲ သူကိုသာေျပာ သူအကုန္ကူညီမွာတဲ့။ ဟင္းအင္း မလိုခ်င္ဘူး ဘာမွန္းမသိတဲ့ ကြၽန္ေတာ္တို႔အေျခအေနမွာ၊ ကြၽန္ေတာ္ ကိုကိုအေပၚ တက္နိုင္သမွ် ခ်စ္ေပးဖို႔ကလြဲ ဘာမွမလိုခ်င္ဘူး ။ ခ်စ္တက္ေနၿပီ ကိုကို...ကြၽန္ေတာ္ ေလ...ကိုကို ကို႔ခ်စ္ေနမိၿပီရယ္။
" ကေလး မ်က္ႏွာလည္း မေကာင္းပါ့လား ၊ ဘာလို႔လဲ "
" မဟုတ္ပါဘူး ကိုကိုရ၊ ကြၽန္ေတာ္ ဘာမွမဖစ္ပါဘူးဗ် ဟီးး"
ဒီညေန အလုပ္ေစာနားရလို႔ ကေလးနဲ႕ အျပင္မွာ ညစာအတူစားမယ္ဆိုၿပီး ထြက္လာတာ ။ ဘာရယ္မဟုတ္ ကေလးမ်က္ႏွာမေကာင္းလို႔ ဘယ္မွမသြားဘဲ လက္ရွိေနေနတဲ့ အဆင့္ျမင့္Condo ဆီပဲ ေခၚလာခဲ့တယ္။ သူငယ္ခ်င္းႏွစ္ေယာက္ ကြၽန္ေတာ့္အေၾကာင္း ျပဳ လို႔ ျပသနာ တက္ၾကျပန္ၿပီထင္တယ္။ ကေလးမ်က္ႏွာမေကာင္းေတာ့ ရင္ထဲ ဆစ္ခနဲ နာေနျပန္တယ္။ မင္း သူ႕ကိုသနားလို႔မရဘူး ။ မင္လိုခ်င္ပုံစံျဖစ္ေနၿပီေလ...ဒါမင္းေအာင္ျမင္မူ ကိုေဖာ္ျပတဲ့ေလွခါးတစ္ခု ...လုံးဝ မသနားမိေစနဲ႕။
"ကိုကို႔ေျပာျပေလ ကေလး စိတ္ညစ္စရာရွိလား ၊ ကိုကိုရွိတယ္ေလကြာ ..ကိုယ္ကိုမယုံဘူးလားဟင္ ကေလး ..လာပါအုံး ကိုကို႔ေပါင္ေပၚ အားေပးခ်င္လို႔"
" အိစ့္...ကို..ကိုကို...ဘာ လုပ္တာလဲဟင္"
"ဗ်...ဖက္ထားတာေလ ၊ ကေလးဝမ္းနည္းေနလို႔ ကိုကိုက အားေပးတာေလ ႁပြတ္စ္"
" အာ...ကိုကိုမေကာင္းဘူးဗ်ာ"
ဟားးး ရွက္ေနတာေလးက မ်က္ႏွာတစ္ခုံး နီရဲေနတဲ့ ပန္းသီးရဲရဲအလား။ သိပ္ခ်စ္ေကာင္းတဲ့ ပုံစံနဲ႕ျမဴစြယ္ မေနနဲ႕ေကာင္ေလး..မင္းက ကိုယ္အတြက္ ကစားစရာ တစ္ခုထက္မပိုခဲ့ဘူး။ မင္း ကိုကို႔ခ်စ္ေနတာ သိတယ္ေကာင္ေလး၊ ကိုယ္ဆီက အခ်စ္လား မေမွ်ာ္လင့္နဲ႕။ တခုခုျဖစ္လာရင္ မင္းအစ္မမိုးျပည့္ဆိုတဲ့ သူကိုပဲအျပစ္တင္လိုက္ေတာ့ ေကာင္ေလး။
ကိုကိုက အားေပးခ်င္လို႔ဆိုၿပီး သူေပါင္ေပၚထိုင္ခိုင္ၿပီး ဖက္ထားတယ္။ ပါးေလးကိုလဲနမ္းတယ္ဗ်...ကြၽန္ေတာ္တို႔က ဘယ္လိုအေျခအေနလဲဟင္ ကိုကို။ ကိုကိုလွည့္စားတာျဖစ္ျဖစ္၊ တကယ္ခ်စ္တာ ျဖစ္ျဖစ္ ကြၽန္ေတာ္ေပ်ာ္ေနပီေလ။ ကိုကိုအနီးနား ေနရင္း၊ ကိုကိုရနံေလးကို ႏွစ္သက္တက္ေနၿပီဗ်။ ကြၽန္ေတာ္ရဲ႕ ပထမဦးဆုံးျဖစ္ေပၚလာတဲ့ ခ်စ္ျခင္းေလးမို႔ ရင္မကြဲပါရေစနဲ႕လား ကိုကိုရယ္။ ကြၽန္ေတာ္ေလ ...ကိုကို အနား ဘာခိုင္းခိုင္းေနေပမယ့္ ေခြးေလးသာသာ အခ်စ္မ်ိဳးနဲ႕လည္းျဖစ္ပါတယ္ ကိုကိုရယ္။ သိပ္ခ်စ္တာဗ်....,
"ကိုကို ...ကြၽန္ေတာ္ေျပာစရာရွိတယ္"
"အင္း ေျပာေလ ကေလး.."
"ကြၽန္ေတာ္တို႔ exam ၿပီးရင္ နယ္ကို တန္းျပန္မွာ ကိုကို ...အဲ့ဒါ ...အဲ့ဒါ ကိုကိုတို႔နဲ႕မလိုက္ျဖစ္ဘူးဗ်"
"ဟုတ္လား...ကိုကိုက လိုက္ပို႔ခ်င္လို႔ အလုပ္ကို ခုကတည္းက ဖိလုပ္ေနတာ အခ်ိန္ဇယားေတာင္ဆြဲၿပီးၿပီ ကေလးရ၊ ဟိုေကာင္ေလးကတားလို႔လားဟင္ ကေလး...သက္ကို ကိုေျပာေပးမယ္ေလ မင္းေကာင္ေလးကို ထိမ္းအုံးလို႔ ဟင္ ...ကေလးေလး"
"မဟုတ္...ဘူးဗ်.. မနက္က အေဖ ဖုန္းဆက္တယ္ exam ၿပီး ျပန္လာရမယ္တဲ့ ...အဲ့ဒါေၾကာင့္ပါ..ေတာင္းပန္ပါတယ္ဗ်"
"ဟုတ္လား...ဘယ္တက္မနိုင္လဲ.. ကေလးအေဖကျပန္လာဆိုေတာ့လဲ"
"ဟို...ေလ ..ကြၽန္ေတာ္ နယ္ျပန္ရင္ သတိရေပးမလားဟင္ ကြၽန္ေတာ္ကိုေလ"
"ဟား....ဘာမ်ားလဲလို႔လြမ္းေနမွာပါဗ်....ခုေတာ့ မျပန္ခင္ ကိုကို႔ နမ္းခြင့္ေပးပါအုံး တစ္ခါေလာက္..."
ႁပြတ္စ္...
ဟာ..ကိုကိုလြန္ၿပီေနာ္။ ကိုကိုေပးတဲ့ၾကင္နာမူေတြၾကား၊ ကြၽန္ေတာ့္ပါးျပင္ေပၚခ်န္ရစ္ေနေသာ ကိုကို႔အနမ္းတစ္ခ်ိဳ႕ ေတြကို နယ္ျပန္ရင္ ဒီေကာင္ေလးဘယ္ေလာက္ေတာင္ လြမ္းေနရမလဲဗ်ာ။ ကြၽန္ေတာ္ေလ မခ်စ္ဖူးလို႔ ႐ူးၿပီထင္တယ္ကိုကို၊ ပထမဆုံးေသာ ကြၽန္ေတာ့္ခ်စ္ျခင္းကို မ်က္ကြယ္ျပဳ မခံရပါေစနဲ႕လို႔ ေတာင္းဆုျပဳမိတယ္။ ဒီလူကို ခ်စ္ရမယ္လို႔ သတ္မွတ္ထားလို႔ ခ်စ္ရတာမဟုတ္ဘဲ၊ ဒီလူမို႔ ခ်စ္မိတာပါ၊ ျမတ္နိုးမိတာပါ ကိုကိုရယ္။ ကြၽန္ေတာ္အခ်စ္က ကေလးဆန္ဆန္အေတြးေတြလို႔ မထင္ပါနဲ႕ဗ်ာ။ ႏွလုံးသားတစ္ခုလုံး ရင္းၿပီး ခ်စ္ခဲ့ရတာမို႔ပါ ကိုကိုရယ္။
Bạn đang đọc truyện trên: ZingTruyen.Xyz