ZingTruyen.Xyz

ကျွန်မချစ်သူ မြေခွေးမလေး

Part 13

KimFany059

Jiminနဲ့ အတူတူ စျေးဝယ်ထွက်ရလို့ Minjeong ပျော်နေသည်

အပြင်လူ့လောကဆိုလို့ Bar clubနဲ့ကျောင်းလောက်ရောက်ဖူးတဲ့ Jimin အဖို့ စူပါမားကတ် ရှော့ပင်းမောလ်က အရမ်းမိုက်လွန်းနေသည်

"ဝါး မုန့်တွေအများကြီးဘဲ "

Jimin တစ်ယောက် ကလေးတစ်ယောက်လို မုန့်စင်တွေကို ကြည့်ပြီး ရေရွတ်တော့ Minjeong ပြုံးလိုက်မိသည်

"Jimin နင်စားချင်တဲ့မုန့်တွေယူလေ "

"တကယ်လား "

"အင်း နင်အလုပ်ကြိုးစားလို့ ငါဝယ်ကျွေးတာ "

Jiminလည်း ပျော်ပြီး ကလေးတစ်ယောက်လို ခုန်ပေါက်လက်ခုပ်တီးကာ သူမလိုချင်တဲ့ မုန့်တွေလိုက်ယူလေသည်

"Minjeong. .."

"အင်း "

"ဒီ ခြင်းတွန်းလှည်းထဲ ဝင်ထိုင်ပေး "

"အယ် ကလေးမှ မဟုတ်တာ "

"ဟိုမှာ ဟိုကောင်လေးနဲ့ကောင်မလေး အဲ့လိုလုပ်နေကြတာလေ...."

ကောင်မလေးကို ခြင်းတွန်းလှည်းထဲ ထည့်ပြီး တွန်းနေတဲ့ ကောင်လေးကို လက်ညိုးထိုးပြပြီး Jimin ပြောတော့ Minjeongလည်း Jimin စိတ်ကျေနပ်ဖို့ ခြင်းထဲ ဝင်ထိုင်လိုက်သည်

Jiminက ခြင်းတွန်းလှည်းကို တွန်းပြီး Minjeongကတော့ တွန်းလှည်းထဲကနေ လိုအပ်တာတွေ ဝယ်ယူနေသည်

"ဝါး ပျော်စရာကောင်းတာဘဲ "

တွန်းလှည်းကိုတွန်းရလို့ ပျော်နေတဲ့ Jiminကို တွန်းလှည်းထဲကနေ Minjeongမော့ကြည့်လိုက်သည်

Jiminက ရယ်ရင်လည်း ချစ်စရာကောင်းတာဘဲလား

"Jimin အမဲသား စပါကတီစားမလား "

"စားမယ် "

"ညကျ ငါချက်ကျွေးမယ် လာ အမဲသားအတန်းသွားကြစို့ "

Minjeong ခြင်းတွန်းလှည်းထဲကနေထွက်ပြီး Jiminနဲ့အတူတူ တွန်းလှည်းကို တွန်းကာ အသားတန်းဘက်သို့ သွားလေသည်

"ဟား အသားကြော်အနံ့လေးတွေ မွှေးနေတာဘဲ "

အသားကြော်အလကားကျွေးတဲ့နေရာရှေ့ရောက်တော့ Minjeong ရပ်လိုက်သည်

"ဒီအသားကြော်လေး မြည်းကြည့်ပါ့လား ညီမလေးတို့ အသားလေးက ကြွပ်မွနေတာဘဲ "

အသားကြော်ဝန်ထမ်းက အလကားကျွေးတဲ့အသားပန်းကန်ကို Minjeong ကောက်ယူလိုက်သည်

"Jimin အာ စားကြည့် "

Jiminလည်း Minjeong ခွံ့ကျွေးတဲ့ အသားကြော်ကို စားလိုက်သည်

"ဘယ်လိုလည်း အရသာရှိလား "

"ရှိတယ် စားလို့ကောင်းတယ် Minjeong "

"နောက်ရက်အတွက် ဝယ်လိုက်မယ် အမ ဒါမျိုး နှစ်ထုပ်ပေးပါ "

Minjeongတို့ စျေးဝယ်တဲ့တစ်လျှောက်လုံး ကောင်လေးတွေနဲ့ကောင်မလေးတစ်ချို့မှာ Jiminကို သမင်လည်ပြန်အကြည့်တွေနဲ့ ကြည့်သွားကြသည်

ဟုတ်ပါတယ်လေ Jiminက လူတိုင်း ငေးကြည့်ရလောက်တဲ့အထိ အရမ်းလှတာကိုး

"ဒါပြီးရင် အိမ်ပြန်ကြမှာလား Minjeong "

စျေးဝယ်ပြီး ပစ္စည်းတွေကို ကားနောက်ခန်းထဲ ထည့်နေတဲ့ Minjeong ကို Jimin မေးလိုက်သည်

"ဟင့်အင်း ဝယ်စရာတစ်ခုရှိသေးတယ် "

Minjeong ကားနောက်ခန်းအဖုံးကို ပိတ်ပြီး ပြောလိုက်သည်

"ဒါက...."

"အင်း ကုတင်ဝယ်မလို့ ငါ့ရဲ့တစ်ယောက်အိပ်ကုတင်က ငါတို့နှစ်ယောက် အတူအိပ်ဖို့ကြ သေးလွန်းတယ် မဟုတ်လား နောက်ဆို ငါတို့အတူတူအိပ်ကြမယ့်ဟာ ကျပ်ကျပ်တည်းတည်းမအိပ်ရအောင်လေ "

ရှေ့ရေးထိပါ ကြိုတွေးပြီး ကုတင်ဝယ်နေတဲ့ Minjeongကို သူမက လူသားစားတဲ့ ဂူမီဟိုဖြစ်ပြီး လူသားမစားဘဲနေခဲ့လို့ မကြာခင် ပျောက်ကွယ်သွားရမယ့် အကြောင်းကို Jimin ပြောမထွက်ဘူးဖြစ်နေသည်

Jimin မျက်နှာမကောင်းဖြစ်နေတာကို Minjeong သတိထားမိသည်

"Jimin ဘာဖြစ်လို့လည်း "

"ပြောစရာရှိတယ် Minjeong "

"ဟင်  ...."

"နောက်မှပြောမယ် ညစာစားပြီးရင် ပြောမယ်လေနော် အခုတော့ စျေးကြီးတဲ့ ကုတင်မဝယ်နဲ့နော် "

"ငါ အမှားလုပ်မိလို့လားဟင် Jimin "

"ဟင့်အင်း မဟုတ်ပါဘူး နင်က ဘယ်လိုကုတင်မျိုးဝယ်ချင်လည်း "

Jimin စကားလမ်းကြောင်းလွှဲသွားသောကြောင့် Minjeongလည်း စိတ်ထဲမထားဘဲ Jiminရဲ့ လက်ကိုတွဲပြီး ကုတင်မွေ့ရာ ပြခန်းထဲသို့ ဝင်သွားလိုက်သည်

"အမလေး Kim Minjeongရယ် မုန့်ဖုတ်တာတွေအတွက် လိုအပ်တာတွေ သွားဝယ်မယ်ဆိုပြီး ကုတင်တွေပါ သယ်လာတယ် မသိရင် အိမ်အသစ်ပြောင်းလာတဲ့ ညားခါစတွေကျလို့ "

NingNingရဲ့ စကားကြောင့် Minjeong ရှက်သွားသည်

"နင်ကလည်း.... '

"ကုတင်ကို ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားရဲ့လား "

"ဘာလို့လည်း "

"ကျိုးမှာဆိုးလို့လေ "

"ကျိုးရအောင် ငါတို့က ဘာလုပ်မှာကျလို့ "

ကလေးတွေလို့ စကားများနေတဲ့ NingNingတို့ကို ကြည့်ပြီး Aeri ခေါင်းခါမိသည်

"Hello အနှောင့်အယှက်ပေးမိသွားလားမသိဘူး "

ဆိုင်ထဲရုတ်တရက် ဝင်လာတဲ့ Joohyunကို Aeri မှတ်မိသွားသည် ....Minjeongကတော့ NingNingနဲ့စကားပြောရင်း Joohyunကြောင့် မျက်မှောင်ကြုတ်သွားတယ်

"အာ Joohyunဆိုတဲ့ ဧည့်သည်မလား "

"ဟုတ် တို့ရဲ့ဖုန်းလေးများ ဒီမှာကျန်ခဲ့သလားလို့လေ ...အိမ်ပြန်ရောက်မှ ဖုန်းပျောက်နေမှန်းသိလို့ "

"ကျန်ခဲ့တယ် ညီမသိမ်းထားပေးတယ် ခဏနော် Jimin မီးဖိုခန်းထဲက စားပွဲခုံပေါ်က ဖုန်းလေးယူလာခဲ့ပေးပါလား "

"Nae. .."

Jimin ဖုန်းယူပြီး ထွက်လာတော့ သူမကို ပြုံးပြနေတဲ့ Jiminကို တွေ့လိုက်ရသည်

"Hi Jimin "

Joohyunက Jiminကို နှုတ်ဆက်တော့ Minjeongရဲ့ နှုတ်ခမ်းမှာ အလိုလိုထော်လာသည်

"ဒါ ရှင့်ရဲ့ဖုန်းလား "

"ဟုတ်တယ် နင်တို့တွေက ငါ့ဘဝကို ကယ်လိုက်တာဘဲ ကျေးဇူးတင်ပါတယ် မဟုတ်ရင် ငါအသစ်ပြန်ဝယ်ရအုံးမှာ "

"မလိုပါဘူး "

Minjeong ခြောက်ကပ်ကပ်လေသံနဲ့ ပြန်ပြောလိုက်သည်

ဖုန်းယူပြီးတာတောင် Joohyunက မပြန်သေးသောကြောင့် တစ်ခုခုများလိုအပ်တာရှိသလားလို့ မေးဖို့ Minjeongတွေးလိုက်သည်

သို့သော်လည်း Joohyunက အရင် စကားစပြောလေသည်

"ဟိုလေ ပြောရမှာ ရှက်စရာကောင်းပေမယ့် Jiminနဲ့ နှစ်ယောက်တည်း စကားပြောလို့ရလားဟင် '

Joohyun စကားကြောင့် Minjeongရဲ့ မျက်လုံးထဲ မီးတောက်တွေပေါ်ထွက်လာသည်

ကလေးဆန်စွာ သဝန်တိုလာပြီး Joohyunကို လက်ညိုးထိုးပြီး ထွက်သွားလို့ အော်လိုက်ချင်စိတ်တွေ Minjeong ဖြစ်လာပေမယ့် သူမက အခုဆိုင်ကိုလာဝယ်တဲ့သူကိုအော်ဟစ်နှင်ထုတ်တဲ့ ဆိုင်ရှင်အဖြစ် နာမည်အထွက်မခံချင်ဘူးလေ

Minjeong သဝန်တိုနေတာကို Jimin သိနေသည်

ထို့ကြောင့် Minjeongရဲ့ လက်ကို Jimin ဖွဖွလေးကိုင်လိုက်သည်

"Minjeong ခဏလေးဘဲလေနော်.... "

Jiminကို ယုံလို့ Minjeong သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်

"မကြာစေနဲ့နော် ဆိုင်ရှေ့မှာဘဲ စကားပြော "

"အင်းပါ '

Jiminလည်း Joohyunကို ဆိုင်ရှေ့သို့ ခေါ်လာသည်

Minjeong ကတော့ မီးဖိုခန်းထဲဝင်သွားပြီး သူမရဲ့ဒေါသတွေကို အပြစ်မရှိတဲ့ ဂျုံမုန့်တွေအပေါ် ပုံချကာ ထိုးနှက်လိုက်သည်

"သူက Jiminရဲ့ ရည်းစားလား ချစ်စရာလေးနော် "

Joohyunက မေးတော့ Jimin ခေါင်းညိတ်ပြသည်

Joohyunက အခု သူမကို လာအီနေတာလား...ဒါပေမယ့် သူမကို စကားပြောနေတဲ့ Joohyun ပုံစံက တည်ငြိမ်လွန်းသည်

Minjeongလို ကောင်လေးတွေလို နှလုံးအရမ်းခုန်နေတာမျိုးမရှိပေ

"ဟုတ်တယ် သူက ရှင်နဲ့ စကားပြောတာကိုတောင်သိပ်မကြိုက်ဘူး "

"ဘာလို့လည်း "

Joohyunက Jiminရဲ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ကိုင်ပြီး မေးတော့ Jimin ရုန်းလိုက်သည်

"အဲ့လိုမလုပ်ပါနဲ့ Minjeong ကြိုက်မှာမဟုတ်ဘူး "

Jimin စကားကြောင့် Joohyun တဟားဟားနဲ့ရယ်လိုက်သည်

"Omo နင့်ပုံစံအစစ်အမှန်ကို Minjeong သိသွားရင်ရော နင့်ကိုဆက်ကြိုက်အုံးမယ်ထင်နေလား "

Joohyunရဲ့ စကားကြောင့် Jimin လိပ်ပြာလွှင့်သွားသလို သွေးပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်

"ရှင် ဘာပြောတာလည်း '

"ညစ်ပတ်လွန်းတဲ့ မြေခွေးမလို့ပြောတာ "

Joohyunပြောပြီး Jiminရဲ့လက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်သည်

Joohyunက သူမကို အီစီကလီလာလုပ်တဲ့ သူမဟုတ်ဘူးဘဲ

Joohyunက သူမ ဘာလည်းဆိုတာ သေချာသိပြီး ဖမ်းဖို့သတ်ဖို့ကြိုးစားနေတဲ့သူဘဲ

#tbc

#zawgyi

Jiminနဲ႕ အတူတူ ေစ်းဝယ္ထြက္ရလို႔ Minjeong ေပ်ာ္ေနသည္

အျပင္လူ႕ေလာကဆိုလို႔ Bar clubနဲ႕ေက်ာင္းေလာက္ေရာက္ဖူးတဲ့ Jimin အဖို႔ စူပါမားကတ္ ေရွာ့ပင္းေမာလ္က အရမ္းမိုက္လြန္းေနသည္

"ဝါး မုန့္ေတြအမ်ားႀကီးဘဲ "

Jimin တစ္ေယာက္ ကေလးတစ္ေယာက္လို မုန့္စင္ေတြကို ၾကည့္ၿပီး ေရ႐ြတ္ေတာ့ Minjeong ၿပဳံးလိုက္မိသည္

"Jimin နင္စားခ်င္တဲ့မုန့္ေတြယူေလ "

"တကယ္လား "

"အင္း နင္အလုပ္ႀကိဳးစားလို႔ ငါဝယ္ေကြၽးတာ "

Jiminလည္း ေပ်ာ္ၿပီး ကေလးတစ္ေယာက္လို ခုန္ေပါက္လက္ခုပ္တီးကာ သူမလိုခ်င္တဲ့ မုန့္ေတြလိုက္ယူေလသည္

"Minjeong. .."

"အင္း "

"ဒီ ျခင္းတြန္းလွည္းထဲ ဝင္ထိုင္ေပး "

"အယ္ ကေလးမွ မဟုတ္တာ "

"ဟိုမွာ ဟိုေကာင္ေလးနဲ႕ေကာင္မေလး အဲ့လိုလုပ္ေနၾကတာေလ...."

ေကာင္မေလးကို ျခင္းတြန္းလွည္းထဲ ထည့္ၿပီး တြန္းေနတဲ့ ေကာင္ေလးကို လက္ညိုးထိုးျပၿပီး Jimin ေျပာေတာ့ Minjeongလည္း Jimin စိတ္ေက်နပ္ဖို႔ ျခင္းထဲ ဝင္ထိုင္လိုက္သည္

Jiminက ျခင္းတြန္းလွည္းကို တြန္းၿပီး Minjeongကေတာ့ တြန္းလွည္းထဲကေန လိုအပ္တာေတြ ဝယ္ယူေနသည္

"ဝါး ေပ်ာ္စရာေကာင္းတာဘဲ "

တြန္းလွည္းကိုတြန္းရလို႔ ေပ်ာ္ေနတဲ့ Jiminကို တြန္းလွည္းထဲကေန Minjeongေမာ့ၾကည့္လိုက္သည္

Jiminက ရယ္ရင္လည္း ခ်စ္စရာေကာင္းတာဘဲလား

"Jimin အမဲသား စပါကတီစားမလား "

"စားမယ္ "

"ညက် ငါခ်က္ေကြၽးမယ္ လာ အမဲသားအတန္းသြားၾကစို႔ "

Minjeong ျခင္းတြန္းလွည္းထဲကေနထြက္ၿပီး Jiminနဲ႕အတူတူ တြန္းလွည္းကို တြန္းကာ အသားတန္းဘက္သို႔ သြားေလသည္

"ဟား အသားေၾကာ္အနံ႕ေလးေတြ ေမႊးေနတာဘဲ "

အသားေၾကာ္အလကားေကြၽးတဲ့ေနရာေရွ႕ေရာက္ေတာ့ Minjeong ရပ္လိုက္သည္

"ဒီအသားေၾကာ္ေလး ျမည္းၾကည့္ပါ့လား ညီမေလးတို႔ အသားေလးက ႂကြပ္မြေနတာဘဲ "

အသားေၾကာ္ဝန္ထမ္းက အလကားေကြၽးတဲ့အသားပန္းကန္ကို Minjeong ေကာက္ယူလိုက္သည္

"Jimin အာ စားၾကည့္ "

Jiminလည္း Minjeong ခြံ႕ေကြၽးတဲ့ အသားေၾကာ္ကို စားလိုက္သည္

"ဘယ္လိုလည္း အရသာရွိလား "

"ရွိတယ္ စားလို႔ေကာင္းတယ္ Minjeong "

"ေနာက္ရက္အတြက္ ဝယ္လိုက္မယ္ အမ ဒါမ်ိဳး ႏွစ္ထုပ္ေပးပါ "

Minjeongတို႔ ေစ်းဝယ္တဲ့တစ္ေလွ်ာက္လုံး ေကာင္ေလးေတြနဲ႕ေကာင္မေလးတစ္ခ်ိဳ႕မွာ Jiminကို သမင္လည္ျပန္အၾကည့္ေတြနဲ႕ ၾကည့္သြားၾကသည္

ဟုတ္ပါတယ္ေလ Jiminက လူတိုင္း ေငးၾကည့္ရေလာက္တဲ့အထိ အရမ္းလွတာကိုး

"ဒါၿပီးရင္ အိမ္ျပန္ၾကမွာလား Minjeong "

ေစ်းဝယ္ၿပီး ပစၥည္းေတြကို ကားေနာက္ခန္းထဲ ထည့္ေနတဲ့ Minjeong ကို Jimin ေမးလိုက္သည္

"ဟင့္အင္း ဝယ္စရာတစ္ခုရွိေသးတယ္ "

Minjeong ကားေနာက္ခန္းအဖုံးကို ပိတ္ၿပီး ေျပာလိုက္သည္

"ဒါက...."

"အင္း ကုတင္ဝယ္မလို႔ ငါ့ရဲ႕တစ္ေယာက္အိပ္ကုတင္က ငါတို႔ႏွစ္ေယာက္ အတူအိပ္ဖို႔ၾက ေသးလြန္းတယ္ မဟုတ္လား ေနာက္ဆို ငါတို႔အတူတူအိပ္ၾကမယ့္ဟာ က်ပ္က်ပ္တည္းတည္းမအိပ္ရေအာင္ေလ "

ေရွ႕ေရးထိပါ ႀကိဳေတြးၿပီး ကုတင္ဝယ္ေနတဲ့ Minjeongကို သူမက လူသားစားတဲ့ ဂူမီဟိုျဖစ္ၿပီး လူသားမစားဘဲေနခဲ့လို႔ မၾကာခင္ ေပ်ာက္ကြယ္သြားရမယ့္ အေၾကာင္းကို Jimin ေျပာမထြက္ဘူးျဖစ္ေနသည္

Jimin မ်က္ႏွာမေကာင္းျဖစ္ေနတာကို Minjeong သတိထားမိသည္

"Jimin ဘာျဖစ္လို႔လည္း "

"ေျပာစရာရွိတယ္ Minjeong "

"ဟင္  ...."

"ေနာက္မွေျပာမယ္ ညစာစားၿပီးရင္ ေျပာမယ္ေလေနာ္ အခုေတာ့ ေစ်းႀကီးတဲ့ ကုတင္မဝယ္နဲ႕ေနာ္ "

"ငါ အမွားလုပ္မိလို႔လားဟင္ Jimin "

"ဟင့္အင္း မဟုတ္ပါဘူး နင္က ဘယ္လိုကုတင္မ်ိဳးဝယ္ခ်င္လည္း "

Jimin စကားလမ္းေၾကာင္းလႊဲသြားေသာေၾကာင့္ Minjeongလည္း စိတ္ထဲမထားဘဲ Jiminရဲ႕ လက္ကိုတြဲၿပီး ကုတင္ေမြ႕ရာ ျပခန္းထဲသို႔ ဝင္သြားလိုက္သည္

"အမေလး Kim Minjeongရယ္ မုန့္ဖုတ္တာေတြအတြက္ လိုအပ္တာေတြ သြားဝယ္မယ္ဆိုၿပီး ကုတင္ေတြပါ သယ္လာတယ္ မသိရင္ အိမ္အသစ္ေျပာင္းလာတဲ့ ညားခါစေတြက်လိဳ႕ "

NingNingရဲ႕ စကားေၾကာင့္ Minjeong ရွက္သြားသည္

"နင္ကလည္း.... '

"ကုတင္ကို ခိုင္ခိုင္ခံ့ခံ့ ေဆာက္ထားရဲ႕လား "

"ဘာလို႔လည္း "

"က်ိဳးမွာဆိုးလို႔ေလ "

"က်ိဳးရေအာင္ ငါတို႔က ဘာလုပ္မွာက်လိဳ႕ "

ကေလးေတြလို႔ စကားမ်ားေနတဲ့ NingNingတို႔ကို ၾကည့္ၿပီး Aeri ေခါင္းခါမိသည္

"Hello အႏွောင့္အယွက္ေပးမိသြားလားမသိဘူး "

ဆိုင္ထဲ႐ုတ္တရက္ ဝင္လာတဲ့ Joohyunကို Aeri မွတ္မိသြားသည္ ....Minjeongကေတာ့ NingNingနဲ႕စကားေျပာရင္း Joohyunေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားတယ္

"အာ Joohyunဆိုတဲ့ ဧည့္သည္မလား "

"ဟုတ္ တို႔ရဲ႕ဖုန္းေလးမ်ား ဒီမွာက်န္ခဲ့သလားလို႔ေလ ...အိမ္ျပန္ေရာက္မွ ဖုန္းေပ်ာက္ေနမွန္းသိလို႔ "

"က်န္ခဲ့တယ္ ညီမသိမ္းထားေပးတယ္ ခဏေနာ္ Jimin မီးဖိုခန္းထဲက စားပြဲခုံေပၚက ဖုန္းေလးယူလာခဲ့ေပးပါလား "

"Nae. .."

Jimin ဖုန္းယူၿပီး ထြက္လာေတာ့ သူမကို ၿပဳံးျပေနတဲ့ Jiminကို ေတြ႕လိုက္ရသည္

"Hi Jimin "

Joohyunက Jiminကို ႏႈတ္ဆက္ေတာ့ Minjeongရဲ႕ ႏႈတ္ခမ္းမွာ အလိုလိုေထာ္လာသည္

"ဒါ ရွင့္ရဲ႕ဖုန္းလား "

"ဟုတ္တယ္ နင္တို႔ေတြက ငါ့ဘဝကို ကယ္လိုက္တာဘဲ ေက်းဇူးတင္ပါတယ္ မဟုတ္ရင္ ငါအသစ္ျပန္ဝယ္ရအုံးမွာ "

"မလိုပါဘူး "

Minjeong ေျခာက္ကပ္ကပ္ေလသံနဲ႕ ျပန္ေျပာလိုက္သည္

ဖုန္းယူၿပီးတာေတာင္ Joohyunက မျပန္ေသးေသာေၾကာင့္ တစ္ခုခုမ်ားလိုအပ္တာရွိသလားလို႔ ေမးဖို႔ Minjeongေတြးလိုက္သည္

သို႔ေသာ္လည္း Joohyunက အရင္ စကားစေျပာေလသည္

"ဟိုေလ ေျပာရမွာ ရွက္စရာေကာင္းေပမယ့္ Jiminနဲ႕ ႏွစ္ေယာက္တည္း စကားေျပာလို႔ရလားဟင္ '

Joohyun စကားေၾကာင့္ Minjeongရဲ႕ မ်က္လုံးထဲ မီးေတာက္ေတြေပၚထြက္လာသည္

ကေလးဆန္စြာ သဝန္တိုလာၿပီး Joohyunကို လက္ညိုးထိုးၿပီး ထြက္သြားလို႔ ေအာ္လိုက္ခ်င္စိတ္ေတြ Minjeong ျဖစ္လာေပမယ့္ သူမက အခုဆိုင္ကိုလာဝယ္တဲ့သူကိုေအာ္ဟစ္ႏွင္ထုတ္တဲ့ ဆိုင္ရွင္အျဖစ္ နာမည္အထြက္မခံခ်င္ဘူးေလ

Minjeong သဝန္တိုေနတာကို Jimin သိေနသည္

ထို႔ေၾကာင့္ Minjeongရဲ႕ လက္ကို Jimin ဖြဖြေလးကိုင္လိုက္သည္

"Minjeong ခဏေလးဘဲေလေနာ္.... "

Jiminကို ယုံလို႔ Minjeong သက္ျပင္းခ်ၿပီး ေခါင္းညိတ္လိုက္သည္

"မၾကာေစနဲ႕ေနာ္ ဆိုင္ေရွ႕မွာဘဲ စကားေျပာ "

"အင္းပါ '

Jiminလည္း Joohyunကို ဆိုင္ေရွ႕သို႔ ေခၚလာသည္

Minjeong ကေတာ့ မီးဖိုခန္းထဲဝင္သြားၿပီး သူမရဲ႕ေဒါသေတြကို အျပစ္မရွိတဲ့ ဂ်ဳံမုန့္ေတြအေပၚ ပုံခ်ကာ ထိုးႏွက္လိုက္သည္

"သူက Jiminရဲ႕ ရည္းစားလား ခ်စ္စရာေလးေနာ္ "

Joohyunက ေမးေတာ့ Jimin ေခါင္းညိတ္ျပသည္

Joohyunက အခု သူမကို လာအီေနတာလား...ဒါေပမယ့္ သူမကို စကားေျပာေနတဲ့ Joohyun ပုံစံက တည္ၿငိမ္လြန္းသည္

Minjeongလို ေကာင္ေလးေတြလို ႏွလုံးအရမ္းခုန္ေနတာမ်ိဳးမရွိေပ

"ဟုတ္တယ္ သူက ရွင္နဲ႕ စကားေျပာတာကိုေတာင္သိပ္မႀကိဳက္ဘူး "

"ဘာလို႔လည္း "

Joohyunက Jiminရဲ႕လက္ေကာက္ဝတ္ကိုဖမ္းဆုပ္ကိုင္ၿပီး ေမးေတာ့ Jimin ႐ုန္းလိုက္သည္

"အဲ့လိုမလုပ္ပါနဲ႕ Minjeong ႀကိဳက္မွာမဟုတ္ဘူး "

Jimin စကားေၾကာင့္ Joohyun တဟားဟားနဲ႕ရယ္လိုက္သည္

"Omo နင့္ပုံစံအစစ္အမွန္ကို Minjeong သိသြားရင္ေရာ နင့္ကိုဆက္ႀကိဳက္အုံးမယ္ထင္ေနလား "

Joohyunရဲ႕ စကားေၾကာင့္ Jimin လိပ္ျပာလႊင့္သြားသလို ေသြးေျပာင္းျပန္စီးသြားသလို ခံစားလိုက္ရသည္

"ရွင္ ဘာေျပာတာလည္း '

"ညစ္ပတ္လြန္းတဲ့ ေျမေခြးမလို႔ေျပာတာ "

Joohyunေျပာၿပီး Jiminရဲ႕လက္ႏွစ္ဖက္ကို ဖမ္းခ်ဳပ္လိုက္သည္

Joohyunက သူမကို အီစီကလီလာလုပ္တဲ့ သူမဟုတ္ဘူးဘဲ

Joohyunက သူမ ဘာလည္းဆိုတာ ေသခ်ာသိၿပီး ဖမ္းဖို႔သတ္ဖို႔ႀကိဳးစားေနတဲ့သူဘဲ

#tbc

Bạn đang đọc truyện trên: ZingTruyen.Xyz