ZingTruyen.Xyz
သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)
Author Note
Minileilei69
Unicode
မပြီးပြတ်သေးတဲ့အလုပ်တွေနဲ့ ခင်ဗျားတို့ရဲ့ စာရေးသူတစ်ယောက် စာအသစ်တစ်ပုဒ်နဲ့ ခင်ဗျားတို့ကို မိတ်ဆက်ပေးပြန်ပြီ။ ဒီဝထ္ထုလေးဟာ KIL'US Team ၏ Paid Group တွင်ပါဝင်ထားသော Project ဖြစ်ပါတယ်။ ဝထ္ထုကာဗာပုံလေးမှာလည်း KIL'US မှအားတစ်စံ Kkoi လက်ရာဖြစ်ပါတယ်။ *ဘီလူးလှလှလေး ဆွဲပေးတာ ကျေးဇူးတင်ပါတယ်ရှင့်*
KIL'US project လေးအကြောင်းသိရှိချင်ရင် Facebook မှာရှာကြည့်လို့ရပါတယ်ရှင်။ စာရေးသူရဲ့ စာရေးခြင်းလုပ်အားနဲ့ အကျိုးရှိတဲ့နေရာမှာ အလုံးစုံအသုံးချတဲ့အတွက် ဒီဝထ္ထုလေးဖြစ်လာရတာပါ။ ဒါကတော့ စာရေးသူရဲ့  ၀ထ္ထုလေးနဲ့ပတ်သတ်တဲ့ မိတ်ဆက်လေးဖြစ်ပါတယ်။ 
" သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ " ( Rebellion of Destiny ) ဝထ္ထုလေးမှာ စာရေးသူ Description ရေးသားခဲ့သည့်အတိုင်း လူးသားမျိုးနွယ်နှင့် ဘီလူးမျိုးနွယ် ရောယှက်နေထိုင်သည့် ခေတ်တစ်ခေတ် ဖြစ်တာကြောင့် စာရေးသူက ဇာတ်ကောင်တစ်ခုပေါ်လာတိုင်း ဒါဟာလူသားပါ။ ဒါဟာဘီလူးပါ လို့ အခေါက်ခေါက်အခါခါ ‌ရေးမပြတော့ဘဲ သိရှိနိုင်အောင် အောက်ပါနည်းလေးကိုသုံးထားပါတယ်။
ဘီလူးမျိုးနွယ်များ၏ အမည်များကို စကားလုံးတစ်လုံးထဲသာမှည့်ထားပါသည်။  ဥပမာ ဂျွန်၊ မေ၊ လင်း
လူသားမျိုးနွယ်များ၏ အမည်များကို စကားကားလုံးတစ်လုံးထက်ပို၍သာ မှည့်ထားပါသည်။ ဥပမာ ကတ်သရင်း၊ ဖီလစ်၊ စကားလတ်
နာမည်တစ်လုံးထဲသာဖြစ်တဲ့အခါ ဘီလူးလို့ တန်းသိရပြီး နာမည်တစ်လုံးထက်ပိုနေသူတိုင်း လူသားလို့သိရပါမယ်။ လွယ်ပါတယ်နော်။ ယခုလောလောဆယ်တော့ ဒီအချက်လေးပဲ ပြောပြထားပါမယ်။ နောက်ထပ်အချက်အလတ်များကို လိုရင်လိုအပ်သလို ဖြည့်စွက်ပေးသွားမှာပါရှင်။ 
Zawgyi
Bạn đang đọc truyện trên: ZingTruyen.Xyz