ZingTruyen.Xyz

Slug

Zawgyi

ေနာက္သံုးေလးငါးရက္ၾကာသည့္ခ်ိန္မွာ ႐ိုစဲဆလပ္အိမ္ေတာ္ရဲ႕သခင္ႀကီးဟာ ဒန္နာရီကို ပင္မအိမ္ေတာ္ကို ေျပာင္းေနရန္ အမိန္႔ခ်လိုက္သည္။ဒန္နာရီရဲ႕အိမ္ေတာ္ကလည္း အန္ဒီးယားရဲ႕အိပ္ခန္းနဲ႔နီးတာေၾကာင့္ အေစခံေတြၾကား သခင္ႀကီးဟာ ခုႏွစ္ေယာက္ေျမာက္သားေပၚ အသိအမွတ္ျပဳလာသည့္အေၾကာင္းေျပာဆုိလာတာေတာ့သည္။ဒါေပမယ့္ သူတို႔မထင္မွတ္ထားသည့္ကိစၥျဖစ္လာ​ေတာ့သည္။

ဒန္နာရီဟာ သူ႔အေဖရဲ႕အမိန္႔ကို ျငင္းဆန္ခဲ့သည္။သူဟာ အေနာက္ဘက္အိမ္ေတာ္မွာ ေနရတာ ေနသားက်ေနတာေၾကာင့္ ပင္မအိမ္ေတာ္ကို မေျပာင္းလာခ်င္ေၾကာင္း ျပန္အေၾကာင္းၾကားခဲ့သည္။

ဒန္နာရီဘက္ကၾကည့္ရင္လည္း မမွားတာ​ေၾကာင့္ ႐ိုစဲဆလပ္အိမ္ေတာ္ရဲ႕သခင္ႀကီးဟာ ဒန္နာရီသေဘာတိုင္း ထိုေနရာမွာပဲ ေနရန္နဲ႔ အေစခံဆယ္ေယာက္နဲ႔ လွည္းတစ္စီးကိုပင္ ပို႔လိုက္ေသးသည္။သခင္​ေလးတိုင္းမွာ ကိုယ္ပိုင္းလွည္းမ႐ွိက်ေပ၊႐ိုစဲဆလပ္အိမ္ေတာ္မွာပင္ ပထမသခင္ေလး၊ဒုတိယသခင္ေလးနဲ႔အငယ္ဆံုးသခင္ေလးသာ ကိုယ္ပိုင္လွည္း႐ွိက်ၿပီး အခုေတာ့ ခုႏွစ္ေယာက္ေျမာက္သခင္ေလးလည္း ကိုယ္ပိုင္လွည္း႐ွိလာသူျဖစ္သည္။

လူတိုင္းဟာ ဘာေၾကာင့္ သခင္ႀကီးခ်ာမက္လက္ဟာ သခင္ေလးဒန္နာရီကို အေလးေပးဆက္ဆံလာရတာလဲ အေျဖစဥ္းစားေနက်ေတာ့သည္။အမ်ားစုက်ေတာ့ သခင္ေလးရဲ႕ဥာဏ္ရည္ေၾကာင့္ဟု မွတ္ခ်က္ေပးက်သည္။သူတို႔ဟာ ထိုေန႔က ထမင္းစားပြဲမွာ တာဝန္က်သည့္အေစခံမ်ားျဖစ္တာေၾကာင့္ ထိုေန႔က အေၾကာင္းအရာေတြကို သိက်သူမ်ားျဖစ္သည္။

ဒါေၾကာင့္ အေစခံေတြကေနတဆင့္ ျပည္သူေတြၾကားမွာပင္ ဒန္နာရီ ႐ိုစဲဆလပ္ရဲ႕ဂုဏ္သတင္းဟာ ေက်ာ္ၾကားလာေတာ့သည္။ဒါတင္မကဘူး လြန္ခဲ့တဲ့ႏွစ္ရက္က တင္ျပခဲ့သည့္လမ္းပန္းဆက္သြယ္ေရးမွာ အမတ္ႀကီးကိုယ္တိုင္ သူရဲ႕ခုႏွစ္ေယာက္ေျမာက္သားရဲ႕အၾကံဥာဏ္ကို တင္သြင္းခဲ့ၿပီး ဧကရာဇ္ပင္ ထိုအၾကံျပဳခ်က္ကို လက္ခံကာ ထိုတာဝန္ကို အမတ္ႀကီး႐ိုစဲဆလပ္ကို ဦးေဆာင္ရန္ အမိန္႔ခ်မွတ္ခဲ့သည္။

ခ်ီးက်ဴးတဲ့သူ႐ွိသလို မုန္းတီးကဲ့ရဲ႕သူလည္း႐ွိစျမဲပင္၊အမတ္ကေတာ္ရဲ႕အိမ္ေဆာင္ေတြ အမတ္ကေတာ္ ကလီနာဟာ သူမရဲ႕အဝါေရာင္အဆင္း႐ွိသည့္ယပ္ေတာင္ကို က်စ္က်စ္ဆုပ္ကိုင္ထားၿပီး သူမရဲ႕မ်က္ႏွာဟာ ေဒါသေၾကာင့္ ခရမ္းေရာင္ပင္သန္းေနၿပီ ျဖစ္သည္။

"အဲ့မ်ိဳးမစစ္ေလးက ငါ့သားေနရာကို ဦးယူခ်င္ေနတာပဲ!" ကလီနာဟာ အံႀကိတ္ကာေျပာလိုက္သည္။သူမရဲ႕သားသာ ဒီအင္ပါယာမွာတင္မက အေ႐ွ႕ရပ္ဝန္းေဒသမွာ ဥာဏ္ရည္ထက္ျမက္ဆံုးကေလးအျဖစ္ေက်ာ္ၾကားေနရမည္။သူမ အသံုးျပဳလိုက္သည့္ေငြမ်ားဟာလည္း သူမသားအတြက္သာ၊ဒါေၾကာင့္ အန္ဒီးယားဟာ ေမြးဖြားလာတည္းက လူအမ်ားရဲ႕ခ်စ္ခင္မႈရ႐ွိသည့္ ဘုရားသခင္ရဲ႕ေကာင္းခ်ီးကို ေပးခံရသည့္သားေတာ္ျဖစ္သည္။အခု မ်ိဳးမစစ္ေလးက သူမရဲ႕သားေနရာကို လုယူခ်င္ေနတာပဲ

ကလီနာဟာ ေအာက္ႏူတ္ခမ္းကိုဖိကိုက္ေနတုန္း သူမေဘးကအေစခံဟာ ေ႐ွ႕တိုးလာကာ ကလီနာအတြက္ လက္ဖက္ရည္ငွဲ႔ေပးလိုက္ရင္း

"သခင္မႀကီး ဘာေတြေတြးပူေနရတာလဲ ေနာက္သံုးလၾကာရင္ သခင္ႀကီးက အန္ဒီးယားအတြက္ စြမ္းအင္ႏိုးထပြဲက်င္းပမွာပဲမလား အဲ့က်ရင္ အန္ဒီးယားကလည္း သခင္ႀကီးလို ေရခဲစြမ္းအားနဲ႔ႏိုးထလာရင္ ဘယ္သူက ပိုမိုအေရးပါလည္း သူတို႔သိလာက်မွာပဲေလ" လို႔ ေျပာလာေတာ့ ကလီနာရဲ႕အမူအရာေျပာင္းလဲသြားေပမယ့္ သူမဟာ မ်က္ေမွာင္ၾကဳတ္သြားၿပီး

"မ်ိဳးမစစ္ေလးကလည္း အဲ့စြမ္းအားနဲ႔ႏိုးထလာမွာပဲ အဲ့ေကာင္ကို ငါ့သားထက္ မသာေစရဘူး" လို႔ ေျပာေတာ့ အေစခံမဟာ ခပ္ဟဟရယ္လိုက္ၿပီး

"နည္းလမ္း႐ွိတယ္ အဲ့နည္းသာ အဆင္ေျပခဲ့ရင္ သခင္မႀကီးရဲ႕သားက ေမွာ္စြမ္းအားအျပည့္နဲ႔ႏိုးထလာလိမ့္မယ္ " လို႔ ေျပာလိုက္ေတာ့ ကလီနာရဲ႕မ်က္ဝန္းမ်ားဟာ အေရာင္လက္သြားၿပီး သူမဟာ အေစခံကို ထိုနည္းလမ္းေမးလိုက္သည္။အေစခံမဆီက နည္းလမ္းၾကားသည္နဲ႔ ကလီနာရဲ႕မ်က္ဝန္းမ်ားဟာ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားျဖတ္သန္းသြားၿပီး သူမဟာ ႏွစ္ခါပင္မေတြးေတာေတာ့ဘဲ အေစခံမရဲ႕နည္းလမ္းကို လက္ခံလိုက္ေတာ့သည္။

"အဲ့မ်ိဳးမစစ္ေလးက အသံုးမက်တဲ့သူတစ္ေယာက္ျဖစ္ဖို႔ပဲ ထိုက္တန္တယ္"

------------------

ဒန္နာရီဟာ ပ်င္းရိျခင္းခ်ိန္ပင္မ႐ွိေပ၊သူရဲ႕အစ္ကိုႏွစ္ေယာက္ဟာ တစ္ေယာက္တလွည့္သူ႔ဆီ လာလည္ကာ အေဖာ္ျပဳေပးက်သည္။တစ္ခါတေလလည္း ထူးဆန္းသည့္အရာေတြ ေပးေပးတတ္သည္။

ဘယ္ေလာက္ထူးဆန္းသည့္အရာလည္းဆိုရင္ ပထမရက္ ဒုတိယအစ္ကိုလာလည္တုန္းက သူ႔ကို လက္ေဆာင္တစ္ခုေပးလာခဲ့သည္။လက္ေဆာင္ကေတာ့ သီခ်င္းဆုိတတ္သည့္ဖားႀကီးတစ္ေကာင္ျဖစ္သည္။

ဒန္နာရီ ျမင္ျမင္ခ်င္း ထမေအာ္မိတာပဲ ကံေကာင္းလြန္းသည္။သူအေနနဲ႔ ဒုတိယအစ္ကိုဟာ ဒီႀကီးမားသည့္ဖားႀကီးကို ဘယ္လို႐ွာေဖြေတြ႔႐ွိခဲ့လဲမသိေပမယ့္ ထိုဖားဟာ သီခ်င္းဆုိတတ္လားဆုိေတာ့ လံုးဝမဆိုတတ္ဘူး။

အဲ့ဖားဟာ လက္ေဆာင္ပံုးထဲက ထြက္လာတည္းက အေစခံမေလးေတြကို လိုက္တိုက္ခိုက္ၿပီး သူရဲ႕ႀကီးမားသည့္ပါးစပ္ထဲကေန ခရမ္းေရာင္ပ်စ္ပ်စ္အရည္ေတြ ပန္းထြက္လာကာ ထိလိုက္သည့္လူေတြရဲ႕အဝတ္အစားမ်ားကို ေပ်ာ္က်ေစသည္။ထိုဖားႀကီးဟာ သီခ်င္းမဆုိတတ္ေပမယ့္ ထူးဆန္းသည့္အသံႀကီးေတာ့ ထြက္ထြက္လာကာ အဝင္ဆုိးလြန္းလွသည္။ေနာက္ဆံုး ဒန္နာရီမခံစားႏိုင္တာေၾကာင့္ သူ႔ဒုတိယအစ္ကိုရဲ႕အိပ္ခန္းထဲ သြားထည့္ထားလိုက္သည္။

သူေနာက္ဆံုးၾကားတာကေတာ့ အန္ဒီးယားဟာ သူ႔ဒုတိယအစ္ကိုရဲ႕အခန္းကို ဇြတ္ဝင္လာရင္း ဖားႀကီးရဲ႕တိုက္ခိုက္မႈကို ခံရၿပီး ဖားႀကီးဟာလည္း ထြက္ေျပးသြားခဲ့သည္ကိုေပါ့။

ေနာက္တစ္ခုကေတာ့ ဒုတိယအစ္ကိုထပ္ေပးသည့္ ႏွင္းဆီပံုစံႏြယ္ပန္း။အဲ့ပန္းပင္ဟာ ေတာ္ေတာ္ေတာ့လွပသည္။သူ႔ဒုတိယအစ္ကိုရဲ႕စာထဲအရဆုိရင္ အဲ့ပန္းကို သူ႔ကို ႀကိဳက္ေနသည့္ေကာင္မေလးတစ္ေယာက္က ေပးေၾကာင္းျဖစ္ၿပီး ထိုပန္းဟာ ညသန္းေခါင္ယံဆုိ သီးခ်င္းေတးက်ဴးတတ္သည္ဆုိပဲ။

ဒန္နာရီ သူရဲ႕ဒုတိယအစ္ကိုကို မယုံၾကည္တာမဟုတ္ေပမယ့္ ထိုႏြယ္ပန္း႐ွိရာအခန္းကို ဘယ္အေစခံမွ မသြားခိုင္းေပ။သူအထင္မွန္ကန္သြားသည္ဆုိရမည္၊ ထိုပန္းအေၾကာင္းကို သူ႐ွာေတြ႔ခဲ့သည္။သူပန္းကို "ရမၼက္ေခၚေဆာင္သည့္ႏွင္းဆီအေယာင္ေဆာင္ႏြယ္ပန္း" လို႔ေခၚသည္ကို သူျပန္မွတ္မိသြားေတာ့သည္။ ထိုပန္းဟာ တကယ္ကို သီခ်င္း ေတးက်ဴးတာအမွန္ေပ၊ထိုသီခ်င္းသံဟာ အမ်ိဳးသမီးေတြအတြက္ ဘာအက်ိဳးမွမ႐ွိေပမယ့္ အမ်ိဳးသားေတြကေတာ့ ျပင္းထန္ေသာ ရမၼက္ထႂကြစိတ္မ်ားျဖစ္ေပၚေစသည္။ဒါကို သူ႔ဒုတိယအစ္ကိုဟာ မသိဘဲ သီခ်င္းဆုိတတ္သည္နဲ႔ သူ႔ဆီဇြတ္ေပးေနေတာ့သည္။

ထိုပန္းကို ဖ်က္ဆီးရန္ ထိုအခန္းကို သြားသည့္ခ်ိန္မွာ တံခါးဟာ ပြင့္ေနသည္ျဖစ္ၿပီး အခန္းထဲမွာလည္း မိန္းမပ်ိဳတစ္ဦးရဲ႕သီခ်င္းသံနဲ႔အတူ ေယာက်ာ္းတစ္ဦးရဲ႕ညည္းညဴသံကိုၾကားေနရေတာ့သည္။ၾကည့္ရတာ ႏြယ္ပန္းက သားေကာင္မိသြားပံုရသည္။

ဒန္နာရီ သက္ျပင္းခ်လိုက္ၿပီး ဒီေန႔ေတာ့ထားလိုက္ေတာ့ သားေကာင္မိတဲ့အခ်ိန္ခဏတာမွာ ထိုႏြယ္ပန္းဟာအင္အားႀကီးေနတတ္သည္။ဒါေၾကာင့္ သူရဲ႕စြမ္းအားကို အလကားသက္သက္အကုန္မခံခ်င္ေပ။ အခန္းထဲက သားေကာင္အတြက္လား၊သူအေဖပို႔ေပးလိုက္သည့္လူတိုင္းရဲ႕ ေသေရး႐ွင္ေရး ဒန္နာရီစိတ္မဝင္စားေပ။

ေနာက္ေန႔ေရာက္ေတာ့ ဒန္နာရီဟာ ထိုႏြယ္ပန္းကို မီး႐ိႈ့သတ္လိုက္ၿပီး သူ႔ဒုတိယအစ္ကိုကို အက်ိဳးအေၾကာင္းေျပာျပလိုက္ေတာ့သည္။ေနာက္ရက္က်ေတာ့ သူ႔ဒုတိယအစ္ကိုဟာ ေတာင္းပန္စာနဲ႔အတူ ထူးဆန္းသည့္ေက်ာက္တစ္မ်ိဳးလက္ေဆာင္ထည့္ေပးလိုက္ျပန္သည္။

ဒန္နာရီ ထိုေက်ာက္ကို ၾကည့္ရင္း သူရဲ႕မ်က္ခံုးက ခပ္လႈပ္လႈပ္ပင္။

"ဒီေက်ာက္ေလးက ဘာမွမလုပ္ေလာက္ပါဘူး" လို႔ သူေတြးေတာရင္း ထိုေက်ာက္ကို သူ႔အိပ္ကပ္ထဲေဆာင္ထားေတာ့သည္။မွန္သည္ ထိုေက်ာက္ဟာ လူေတြကုိ အႏၱရာယ္မျပဳ​ေပမယ့္ သူေရးဆြဲထားသည့္ေမွာ္အင္းကြက္ေတြကို စားသံုးသြားေတာ့သည္!!!!

'ဒုတိယအစ္ကိုက ဟိုးအရင္ဘဝက ရန္သူႀကီးလား!!!!'

ဒန္နာရီတကယ္ကိုပင္ ေသြးတက္ခ်င္ေနၿပီ၊သူရဲ႕ဒုတိယအစ္ကိုဟာ ဘာသေဘာမွမပါပဲ ေပးတာသိေပမယ့္ သူ႔ႏွလံုးသားကို ေျဖးေျဖးခ်င္း ႏိွပ္စက္ေနသလိုပင္၊ ဒီေမွာ္အင္းကြက္ေတြဟာ တိုက္ခိုက္ေရးေမွာ္အင္းကြက္ျဖစ္ၿပီး သူမွာ ေရးဆြဲၿပီးတိုင္း ႏွစ္ရက္ေလာက္အနားယူေနရသည္။

ဒါေၾကာင့္ ဒန္နာရီဟာ သူ႔ဒုတိယအစ္ကိုဆီ ထိုေက်ာက္ကို ျပန္မ​ေပးခဲ့​ေပမယ့္ ဒီတစ္ခါလက္ေဆာင္ထပ္ပို႔ရင္ တသက္လံုးမေခၚမည့္အေၾကာင္း သတိေပးစာ ပို႔လိုက္သည္။သူစာက ထိ​ေရာက္သည္ထင္သည္ သူ႔ဒုတိယအစ္ကိုဟာ သူ႔ဆီ ထူးထူးဆန္းဆန္းအရာေတြ မပို႔ေတာ့ေပ။

တစ္ေန႔ေတာ့ ဒန္နာရီဆီ စာတစ္ေစာင္ေရာက္႐ွိလာ​ေတာ့သည္။စာအိတ္​ေပၚတြင္ ပန္းေရာင္ႏွင္းဆီပြင့္တပြင့္နဲ႔အတူ 'ခ်စ္ရစြာေသာ ဒန္နာရီ' ဆုိၿပီး ေရးသားထားၿပီး ဖေယာင္းတံဆိပ္ေပၚတြင္ ေတာ္ဝင္တံဆိပ္႐ိုက္ခတ္ထားသည္။

'အိမ္ေ႐ွ႕စံမင္းသားလား... မျဖစ္ႏိုင္ဘူး အိမ္ေ႐ွ႕စံမင္းသားက ငါ့ဆီ ပန္းေရာင္ႏွင္းဆီဒြန္တြဲပို႔မွာ မဟုတ္ဘူး' သူေတြးေတာေနရင္း သူ႔အေတြးထဲ ေရႊေရာင္ဆံပင္နဲ႔ေရႊေရာင္မ်က္ဝန္းမ်ားပိုင္႐ွင္ျဖစ္သည့္ ႐ွစ္ေယာက္ေျမာက္မင္းသားဝင္ေရာက္လာေတာ့သည္။

'သူလား...'

ဒါေၾကာင့္ သူရဲ႕မသိစိတ္က စာအိတ္ကို ဖြင့္ေဖာက္လိုက္ေတာ့သည္။သူသတိထားမိခ်ိန္မွာ သူရဲ႕လက္မ်ားဟာ စာရြက္ကိုကိုင္ေဆာင္ေနၿပီး စာအိတ္ထဲကေန ႏွင္းဆီရနံသင္းသင္းေလး တျခားေရေမႊးနံ႔ခပ္စူးစူးကိုပါ ရေနသည္။ဒန္နာရီဟာ အေမႊးရနံ႔ႀကိဳက္ႏွစ္သက္သူမဟုတ္ေပမယ့္ လက္႐ွိသူရေနသည့္ ရနံ႔ကိုေတာ့ သေဘာက်သြားတာအမွန္ေပ။

စာရြက္ထဲမွာ ထူးထူးျခားျခားမေရးသားထားေပ။

{ေကာင္းကင္နီညိဳေရာင္သန္းၿပီး ေျမာက္အရပ္မွာ ဓူဝံၾကယ္စတင္ထြက္ေပၚလာၿပီး ေတာအုပ္ရဲ႕နတ္သူငယ္မ်ား သီခ်င္းေတးက်ဴးသံကို တူတူနားဆင္ရေအာင္... ဓူဝံၾကယ္ ေပၚလာသည့္အခ်ိန္နဲ႔ျပန္ေပ်ာက္ကြယ္မည့္အခ်ိန္အတြင္း ေဂ်ာ့ဖေရးက ဒန္နာရီအလာကို သစ္ေတာရဲ႕လြမ္းေဆြးမႈမ်ားနဲ႔အတူ ေစာင့္ေမ်ွာ္ေနမယ္  }

ဒါ သူ႔ကိုခ်ိန္းလိုက္တာပဲ ေတာင္ဘက္ နတ္သူငယ္ေတာအုပ္မွာ ညေျခာက္နာရီခ်ိန္းဆုိလိုက္တာပဲ....၊ငါ သြားသင့္လား။

ဒန္နာရီ သူရဲ႕အိတ္ေဆာင္နာရီေလးကို ထုတ္ကာၾကည့္လိုက္ေတာ့ အခ်ိန္ဟာ ေလးခ်က္ထိုးေနၿပီျဖစ္သည္။ဒါေၾကာင့္ သူရဲ႕ကိုယ္ေလးဟာ အလိုလိုမတ္သြားၿပီး အန္နာကို ေခၚလိုက္သည္။

"အန္နာ... ကြၽန္ေတာ့္သြားစရာ႐ွိလို႔"

"သခင္ေလး ဘယ္သြားမလို႔လဲ" အန္နာဟာ ေမးလိုက္ေပမယ့္ သူမရဲ႕​ေျခ​လွမ္းမ်ားကေတာ့ ဒန္နာရီအတြက္ အဆင္ေျပမည့္ဝတ္စံု ေရြးရန္ အသင့္ျဖစ္ေနေတာ့သည္။

"သူငယ္ခ်င္းတစ္ေယာက္က လက္ဖက္ရည္​ေသာက္ဖို႔ ဖိတ္ေခၚထားလို႔" ဒန္နာရီဟာ သူရဲ႕ေျခေထာက္ေလးႏွစ္ဖက္ကို ပူးရင္း လက္ေလးကို ေက်ာဘက္ပစ္ကာ ေခါင္းငံု႔ရင္းေျပာေနေတာ့သည္။ ဒါဒန္နာရီ လိမ္မိတိုင္း ျပဳမူသည့္အက်င့္တစ္ခုျဖစ္သည္။အန္နာဟာ သူမရဲ႕သခင္ေလးလိမ္ညာေနမွန္းသိေပမယ့္ အျပံဳးမပ်က္ သူမရဲ႕သခင္ေလးအတြက္ အဝတ္အစားမ်ားျပင္ဆင္ေပးေတာ့သည္။

ေနမင္းဟာ အေနာက္ရပ္ကို တျဖည္းျဖည္းဝင္လာၿပီး လဟာလည္း ေကာင္းကင္ေပၚမွာ တျဖည္း့ျဖည္းထင္းဟပ္လာကာ ေကာင္းကင္သည္လည္းနီညိဳေရာင္သန္းလာေတာ့သည္။

ေတာင္ဘက္လမ္းေပၚမွာလည္း ႐ိုစဲဆလပ္တံဆိပ္နဲ႔လွည္းတစ္စီးဟာ အ႐ွိန္မွန္မွန္ခရီးႏွင္လိုက္ၿပီးေနာက္မွာ နတ္သူငယ္ေတာအုပ္ေ႐ွ႕႐ွိ ​ေနာက္ထပ္လွည္းတလွည္းနားမွာ ရပ္တန္႔သြားေတာ့သည္။ ရပ္တန္႔ထားသည့္ ​ေနာက္ထပ္လွည္းလံုးျဖစ္သည့္ ေတာ္ဝင္တံဆိပ္ပါသည့္လွည္းထဲကေန အသက္ဆယ္ႏွစ္အရြယ္​ေကာင္​ေလးဟာ ထြက္လာၿပီး ႐ိုစဲဆလပ္အိမ္ေတာ္တံဆိပ္ရဲ႕လွည္းေ႐ွ႕ရပ္သြားကာ သူနဲ႔ပါလာသည့္သက္ေတာ္ေစာင့္ကို လွည္းလံုးတံခါးကို ေခါက္ခိုင္းလိုက္ေတာ့သည္။

တေအာင့္အၾကာမွာ လွည္းတံခါးဟာ ပြင့္လာၿပီး ပတၱျမားလိုနီရဲေနသည့္မ်က္ဝန္းပိုင္႐ွင္ ငါးႏွစ္အရြယ္​က​ေလး​ေလးနဲ႔ ေရႊေရာင္မ်က္ဝန္းမ်ားနဲ႔ဆယ္ႏွစ္အရြယ္ေကာင္ေလးနဲ႔အၾကည့္ခ်င္းဆံုသြားေတာ့သည္။

"ဒန္နာရီ" ေဂ်ာ့ဖေရးဟာ ဒန္နာရီကို ျပံဳးကာၾကည့္လိုက္ရင္း သူရဲ႕လက္တဖက္ကို ကမ္းလိုက္သည္။ဒန္နာရီရဲ႕နီရဲရဲမ်က္ဝန္းေတာက္ေလးမ်ားဟာလည္း ေဂ်ာ့ဖေရးကို စူးစိုက္ၾကည့္ရင္း သူရဲ႕လက္ေသးေသးေလးေတြဟာ သူ႔ထက္အနည္းငယ္ႀကီးသည့္ေဂ်ာ့ဖေရးလက္ထဲကို အပ္ႏွံလိုက္ေတာ့သည္။

"အ႐ွင္မင္းသား"
------------

ပထမဆံုေတြ႔မႈက အခ်စ္ရဲ႕အစပ်ိဳးျခင္း

ဒုတိယဆံုေတြ႔မႈက ပိုင္ဆိုင္လိုမႈရဲ႕အစပ်ိဳးျခင္း

မ်က္ဝန္းမ်ားဆံုေတြ႔လိုက္တိုင္း ကိုယ္တို႔သိေနခဲ့တယ္...

ကိုယ္တို႔က တစ္ေယာက္အတြက္တစ္ေယာက္ေမြးဖြားလာတဲ့ကံၾကမၼာပိုင္ဆိုင္ထားသူေတြဆုိတာကိုေပါ့

ဒန္နာရီ...ဒန္နာရီ...  ဒီနာမည္ေလးကို ကိုယ္ရဲ႕ႏွလံုးသားေက်ာက္တိုင္မွာ ထာဝရထြင္းထုထားပါရေစ။

ဒန္နာရီရဲ႕fan-artေလးပါ ၊ဆြဲေပးတဲ့ဒါဒါ Mahuraကို ေက်းဇူးပါဗ်♥

Chapter -8 ေမ်ွာ္

-*-*-*-*-*-*-*-*-*-*-*-
Unicode

Chapter -7

နောက်သုံးလေးငါးရက်ကြာသည့်ချိန်မှာ ရိုစဲဆလပ်အိမ်တော်ရဲ့သခင်ကြီးဟာ ဒန်နာရီကို ပင်မအိမ်တော်ကို ပြောင်းနေရန် အမိန့်ချလိုက်သည်။ဒန်နာရီရဲ့အိမ်တော်ကလည်း အန်ဒီးယားရဲ့အိပ်ခန်းနဲ့နီးတာကြောင့် အစေခံတွေကြား သခင်ကြီးဟာ ခုနှစ်ယောက်မြောက်သားပေါ် အသိအမှတ်ပြုလာသည့်အကြောင်းပြောဆိုလာတာတော့သည်။ဒါပေမယ့် သူတို့မထင်မှတ်ထားသည့်ကိစ္စဖြစ်လာ​တော့သည်။

ဒန်နာရီဟာ သူ့အဖေရဲ့အမိန့်ကို ငြင်းဆန်ခဲ့သည်။သူဟာ အနောက်ဘက်အိမ်တော်မှာ နေရတာ နေသားကျနေတာကြောင့် ပင်မအိမ်တော်ကို မပြောင်းလာချင်ကြောင်း ပြန်အကြောင်းကြားခဲ့သည်။

ဒန်နာရီဘက်ကကြည့်ရင်လည်း မမှားတာ​ကြောင့် ရိုစဲဆလပ်အိမ်တော်ရဲ့သခင်ကြီးဟာ ဒန်နာရီသဘောတိုင်း ထိုနေရာမှာပဲ နေရန်နဲ့ အစေခံဆယ်ယောက်နဲ့ လှည်းတစ်စီးကိုပင် ပို့လိုက်သေးသည်။သခင်​လေးတိုင်းမှာ ကိုယ်ပိုင်းလှည်းမရှိကျပေ၊ရိုစဲဆလပ်အိမ်တော်မှာပင် ပထမသခင်လေး၊ဒုတိယသခင်လေးနဲ့အငယ်ဆုံးသခင်လေးသာ ကိုယ်ပိုင်လှည်းရှိကျပြီး အခုတော့ ခုနှစ်ယောက်မြောက်သခင်လေးလည်း ကိုယ်ပိုင်လှည်းရှိလာသူဖြစ်သည်။

လူတိုင်းဟာ ဘာကြောင့် သခင်ကြီးချာမက်လက်ဟာ သခင်လေးဒန်နာရီကို အလေးပေးဆက်ဆံလာရတာလဲ အဖြေစဉ်းစားနေကျတော့သည်။အများစုကျတော့ သခင်လေးရဲ့ဉာဏ်ရည်ကြောင့်ဟု မှတ်ချက်ပေးကျသည်။သူတို့ဟာ ထိုနေ့က ထမင်းစားပွဲမှာ တာဝန်ကျသည့်အစေခံများဖြစ်တာကြောင့် ထိုနေ့က အကြောင်းအရာတွေကို သိကျသူများဖြစ်သည်။

ဒါကြောင့် အစေခံတွေကနေတဆင့် ပြည်သူတွေကြားမှာပင် ဒန်နာရီ ရိုစဲဆလပ်ရဲ့ဂုဏ်သတင်းဟာ ကျော်ကြားလာတော့သည်။ဒါတင်မကဘူး လွန်ခဲ့တဲ့နှစ်ရက်က တင်ပြခဲ့သည့်လမ်းပန်းဆက်သွယ်ရေးမှာ အမတ်ကြီးကိုယ်တိုင် သူရဲ့ခုနှစ်ယောက်မြောက်သားရဲ့အကြံဉာဏ်ကို တင်သွင်းခဲ့ပြီး ဧကရာဇ်ပင် ထိုအကြံပြုချက်ကို လက်ခံကာ ထိုတာဝန်ကို အမတ်ကြီးရိုစဲဆလပ်ကို ဦးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

ချီးကျူးတဲ့သူရှိသလို မုန်းတီးကဲ့ရဲ့သူလည်းရှိစမြဲပင်၊အမတ်ကတော်ရဲ့အိမ်ဆောင်တွေ အမတ်ကတော် ကလီနာဟာ သူမရဲ့အဝါရောင်အဆင်းရှိသည့်ယပ်တောင်ကို ကျစ်ကျစ်ဆုပ်ကိုင်ထားပြီး သူမရဲ့မျက်နှာဟာ ဒေါသကြောင့် ခရမ်းရောင်ပင်သန်းနေပြီ ဖြစ်သည်။

"အဲ့မျိုးမစစ်လေးက ငါ့သားနေရာကို ဦးယူချင်နေတာပဲ!" ကလီနာဟာ အံကြိတ်ကာပြောလိုက်သည်။သူမရဲ့သားသာ ဒီအင်ပါယာမှာတင်မက အရှေ့ရပ်ဝန်းဒေသမှာ ဉာဏ်ရည်ထက်မြက်ဆုံးကလေးအဖြစ်ကျော်ကြားနေရမည်။သူမ အသုံးပြုလိုက်သည့်ငွေများဟာလည်း သူမသားအတွက်သာ၊ဒါကြောင့် အန်ဒီးယားဟာ မွေးဖွားလာတည်းက လူအများရဲ့ချစ်ခင်မှုရရှိသည့် ဘုရားသခင်ရဲ့ကောင်းချီးကို ပေးခံရသည့်သားတော်ဖြစ်သည်။အခု မျိုးမစစ်လေးက သူမရဲ့သားနေရာကို လုယူချင်နေတာပဲ

ကလီနာဟာ အောက်နူတ်ခမ်းကိုဖိကိုက်နေတုန်း သူမဘေးကအစေခံဟာ ရှေ့တိုးလာကာ ကလီနာအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ရင်း

"သခင်မကြီး ဘာတွေတွေးပူနေရတာလဲ နောက်သုံးလကြာရင် သခင်ကြီးက အန်ဒီးယားအတွက် စွမ်းအင်နိုးထပွဲကျင်းပမှာပဲမလား အဲ့ကျရင် အန်ဒီးယားကလည်း သခင်ကြီးလို ရေခဲစွမ်းအားနဲ့နိုးထလာရင် ဘယ်သူက ပိုမိုအရေးပါလည်း သူတို့သိလာကျမှာပဲလေ" လို့ ပြောလာတော့ ကလီနာရဲ့အမူအရာပြောင်းလဲသွားပေမယ့် သူမဟာ မျက်မှောင်ကြုတ်သွားပြီး

"မျိုးမစစ်လေးကလည်း အဲ့စွမ်းအားနဲ့နိုးထလာမှာပဲ အဲ့ကောင်ကို ငါ့သားထက် မသာစေရဘူး" လို့ ပြောတော့ အစေခံမဟာ ခပ်ဟဟရယ်လိုက်ပြီး

"နည်းလမ်းရှိတယ် အဲ့နည်းသာ အဆင်ပြေခဲ့ရင် သခင်မကြီးရဲ့သားက မှော်စွမ်းအားအပြည့်နဲ့နိုးထလာလိမ့်မယ် " လို့ ပြောလိုက်တော့ ကလီနာရဲ့မျက်ဝန်းများဟာ အရောင်လက်သွားပြီး သူမဟာ အစေခံကို ထိုနည်းလမ်းမေးလိုက်သည်။အစေခံမဆီက နည်းလမ်းကြားသည်နဲ့ ကလီနာရဲ့မျက်ဝန်းများဟာ ရက်စက်ကြမ်းကြုတ်မှုများဖြတ်သန်းသွားပြီး သူမဟာ နှစ်ခါပင်မတွေးတောတော့ဘဲ အစေခံမရဲ့နည်းလမ်းကို လက်ခံလိုက်တော့သည်။

"အဲ့မျိုးမစစ်လေးက အသုံးမကျတဲ့သူတစ်ယောက်ဖြစ်ဖို့ပဲ ထိုက်တန်တယ်"

------------------

ဒန်နာရီဟာ ပျင်းရိခြင်းချိန်ပင်မရှိပေ၊သူရဲ့အစ်ကိုနှစ်ယောက်ဟာ တစ်ယောက်တလှည့်သူ့ဆီ လာလည်ကာ အဖော်ပြုပေးကျသည်။တစ်ခါတလေလည်း ထူးဆန်းသည့်အရာတွေ ပေးပေးတတ်သည်။

ဘယ်လောက်ထူးဆန်းသည့်အရာလည်းဆိုရင် ပထမရက် ဒုတိယအစ်ကိုလာလည်တုန်းက သူ့ကို လက်ဆောင်တစ်ခုပေးလာခဲ့သည်။လက်ဆောင်ကတော့ သီချင်းဆိုတတ်သည့်ဖားကြီးတစ်ကောင်ဖြစ်သည်။

ဒန်နာရီ မြင်မြင်ချင်း ထမအော်မိတာပဲ ကံကောင်းလွန်းသည်။သူအနေနဲ့ ဒုတိယအစ်ကိုဟာ ဒီကြီးမားသည့်ဖားကြီးကို ဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲမသိပေမယ့် ထိုဖားဟာ သီချင်းဆိုတတ်လားဆိုတော့ လုံးဝမဆိုတတ်ဘူး။

အဲ့ဖားဟာ လက်ဆောင်ပုံးထဲက ထွက်လာတည်းက အစေခံမလေးတွေကို လိုက်တိုက်ခိုက်ပြီး သူရဲ့ကြီးမားသည့်ပါးစပ်ထဲကနေ ခရမ်းရောင်ပျစ်ပျစ်အရည်တွေ ပန်းထွက်လာကာ ထိလိုက်သည့်လူတွေရဲ့အဝတ်အစားများကို ပျော်ကျစေသည်။ထိုဖားကြီးဟာ သီချင်းမဆိုတတ်ပေမယ့် ထူးဆန်းသည့်အသံကြီးတော့ ထွက်ထွက်လာကာ အဝင်ဆိုးလွန်းလှသည်။နောက်ဆုံး ဒန်နာရီမခံစားနိုင်တာကြောင့် သူ့ဒုတိယအစ်ကိုရဲ့အိပ်ခန်းထဲ သွားထည့်ထားလိုက်သည်။

သူနောက်ဆုံးကြားတာကတော့ အန်ဒီးယားဟာ သူ့ဒုတိယအစ်ကိုရဲ့အခန်းကို ဇွတ်ဝင်လာရင်း ဖားကြီးရဲ့တိုက်ခိုက်မှုကို ခံရပြီး ဖားကြီးဟာလည်း ထွက်ပြေးသွားခဲ့သည်ကိုပေါ့။

နောက်တစ်ခုကတော့ ဒုတိယအစ်ကိုထပ်ပေးသည့် နှင်းဆီပုံစံနွယ်ပန်း။အဲ့ပန်းပင်ဟာ တော်တော်တော့လှပသည်။သူ့ဒုတိယအစ်ကိုရဲ့စာထဲအရဆိုရင် အဲ့ပန်းကို သူ့ကို ကြိုက်နေသည့်ကောင်မလေးတစ်ယောက်က ပေးကြောင်းဖြစ်ပြီး ထိုပန်းဟာ ညသန်းခေါင်ယံဆို သီးချင်းတေးကျူးတတ်သည်ဆိုပဲ။

ဒန်နာရီ သူရဲ့ဒုတိယအစ်ကိုကို မယုံကြည်တာမဟုတ်ပေမယ့် ထိုနွယ်ပန်းရှိရာအခန်းကို ဘယ်အစေခံမှ မသွားခိုင်းပေ။သူအထင်မှန်ကန်သွားသည်ဆိုရမည်၊ ထိုပန်းအကြောင်းကို သူရှာတွေ့ခဲ့သည်။သူပန်းကို "ရမ္မက်ခေါ်ဆောင်သည့်နှင်းဆီအယောင်ဆောင်နွယ်ပန်း" လို့ခေါ်သည်ကို သူပြန်မှတ်မိသွားတော့သည်။ ထိုပန်းဟာ တကယ်ကို သီချင်း တေးကျူးတာအမှန်ပေ၊ထိုသီချင်းသံဟာ အမျိုးသမီးတွေအတွက် ဘာအကျိုးမှမရှိပေမယ့် အမျိုးသားတွေကတော့ ပြင်းထန်သော ရမ္မက်ထကြွစိတ်များဖြစ်ပေါ်စေသည်။ဒါကို သူ့ဒုတိယအစ်ကိုဟာ မသိဘဲ သီချင်းဆိုတတ်သည်နဲ့ သူ့ဆီဇွတ်ပေးနေတော့သည်။

ထိုပန်းကို ဖျက်ဆီးရန် ထိုအခန်းကို သွားသည့်ချိန်မှာ တံခါးဟာ ပွင့်နေသည်ဖြစ်ပြီး အခန်းထဲမှာလည်း မိန်းမပျိုတစ်ဦးရဲ့သီချင်းသံနဲ့အတူ ယောကျာ်းတစ်ဦးရဲ့ညည်းညူသံကိုကြားနေရတော့သည်။ကြည့်ရတာ နွယ်ပန်းက သားကောင်မိသွားပုံရသည်။

ဒန်နာရီ သက်ပြင်းချလိုက်ပြီး ဒီနေ့တော့ထားလိုက်တော့ သားကောင်မိတဲ့အချိန်ခဏတာမှာ ထိုနွယ်ပန်းဟာအင်အားကြီးနေတတ်သည်။ဒါကြောင့် သူရဲ့စွမ်းအားကို အလကားသက်သက်အကုန်မခံချင်ပေ။ အခန်းထဲက သားကောင်အတွက်လား၊သူအဖေပို့ပေးလိုက်သည့်လူတိုင်းရဲ့ သေရေးရှင်ရေး ဒန်နာရီစိတ်မဝင်စားပေ။

နောက်နေ့ရောက်တော့ ဒန်နာရီဟာ ထိုနွယ်ပန်းကို မီးရှို့သတ်လိုက်ပြီး သူ့ဒုတိယအစ်ကိုကို အကျိုးအကြောင်းပြောပြလိုက်တော့သည်။နောက်ရက်ကျတော့ သူ့ဒုတိယအစ်ကိုဟာ တောင်းပန်စာနဲ့အတူ ထူးဆန်းသည့်ကျောက်တစ်မျိုးလက်ဆောင်ထည့်ပေးလိုက်ပြန်သည်။

ဒန်နာရီ ထိုကျောက်ကို ကြည့်ရင်း သူရဲ့မျက်ခုံးက ခပ်လှုပ်လှုပ်ပင်။

"ဒီကျောက်လေးက ဘာမှမလုပ်လောက်ပါဘူး" လို့ သူတွေးတောရင်း ထိုကျောက်ကို သူ့အိပ်ကပ်ထဲဆောင်ထားတော့သည်။မှန်သည် ထိုကျောက်ဟာ လူတွေကို အန္တရာယ်မပြု​ပေမယ့် သူရေးဆွဲထားသည့်မှော်အင်းကွက်တွေကို စားသုံးသွားတော့သည်!!!!

'ဒုတိယအစ်ကိုက ဟိုးအရင်ဘဝက ရန်သူကြီးလား!!!!'

ဒန်နာရီတကယ်ကိုပင် သွေးတက်ချင်နေပြီ၊သူရဲ့ဒုတိယအစ်ကိုဟာ ဘာသဘောမှမပါပဲ ပေးတာသိပေမယ့် သူ့နှလုံးသားကို ဖြေးဖြေးချင်း နှိပ်စက်နေသလိုပင်၊ ဒီမှော်အင်းကွက်တွေဟာ တိုက်ခိုက်ရေးမှော်အင်းကွက်ဖြစ်ပြီး သူမှာ ရေးဆွဲပြီးတိုင်း နှစ်ရက်လောက်အနားယူနေရသည်။

ဒါကြောင့် ဒန်နာရီဟာ သူ့ဒုတိယအစ်ကိုဆီ ထိုကျောက်ကို ပြန်မ​ပေးခဲ့​ပေမယ့် ဒီတစ်ခါလက်ဆောင်ထပ်ပို့ရင် တသက်လုံးမခေါ်မည့်အကြောင်း သတိပေးစာ ပို့လိုက်သည်။သူစာက ထိ​ရောက်သည်ထင်သည် သူ့ဒုတိယအစ်ကိုဟာ သူ့ဆီ ထူးထူးဆန်းဆန်းအရာတွေ မပို့တော့ပေ။

တစ်နေ့တော့ ဒန်နာရီဆီ စာတစ်စောင်ရောက်ရှိလာ​တော့သည်။စာအိတ်​ပေါ်တွင် ပန်းရောင်နှင်းဆီပွင့်တပွင့်နဲ့အတူ 'ချစ်ရစွာသော ဒန်နာရီ' ဆိုပြီး ရေးသားထားပြီး ဖယောင်းတံဆိပ်ပေါ်တွင် တော်ဝင်တံဆိပ်ရိုက်ခတ်ထားသည်။

'အိမ်ရှေ့စံမင်းသားလား... မဖြစ်နိုင်ဘူး အိမ်ရှေ့စံမင်းသားက ငါ့ဆီ ပန်းရောင်နှင်းဆီဒွန်တွဲပို့မှာ မဟုတ်ဘူး' သူတွေးတောနေရင်း သူ့အတွေးထဲ ရွှေရောင်ဆံပင်နဲ့ရွှေရောင်မျက်ဝန်းများပိုင်ရှင်ဖြစ်သည့် ရှစ်ယောက်မြောက်မင်းသားဝင်ရောက်လာတော့သည်။

'သူလား...'

ဒါကြောင့် သူရဲ့မသိစိတ်က စာအိတ်ကို ဖွင့်ဖောက်လိုက်တော့သည်။သူသတိထားမိချိန်မှာ သူရဲ့လက်များဟာ စာရွက်ကိုကိုင်ဆောင်နေပြီး စာအိတ်ထဲကနေ နှင်းဆီရနံသင်းသင်းလေး တခြားရေမွှေးနံ့ခပ်စူးစူးကိုပါ ရနေသည်။ဒန်နာရီဟာ အမွှေးရနံ့ကြိုက်နှစ်သက်သူမဟုတ်ပေမယ့် လက်ရှိသူရနေသည့် ရနံ့ကိုတော့ သဘောကျသွားတာအမှန်ပေ။

စာရွက်ထဲမှာ ထူးထူးခြားခြားမရေးသားထားပေ။

{ကောင်းကင်နီညိုရောင်သန်းပြီး မြောက်အရပ်မှာ ဓူဝံကြယ်စတင်ထွက်ပေါ်လာပြီး တောအုပ်ရဲ့နတ်သူငယ်များ သီချင်းတေးကျူးသံကို တူတူနားဆင်ရအောင်... ဓူဝံကြယ် ပေါ်လာသည့်အချိန်နဲ့ပြန်ပျောက်ကွယ်မည့်အချိန်အတွင်း ဂျော့ဖရေးက ဒန်နာရီအလာကို သစ်တောရဲ့လွမ်းဆွေးမှုများနဲ့အတူ စောင့်မျှော်နေမယ်  }

ဒါ သူ့ကိုချိန်းလိုက်တာပဲ တောင်ဘက် နတ်သူငယ်တောအုပ်မှာ ညခြောက်နာရီချိန်းဆိုလိုက်တာပဲ....၊ငါ သွားသင့်လား။

ဒန်နာရီ သူရဲ့အိတ်ဆောင်နာရီလေးကို ထုတ်ကာကြည့်လိုက်တော့ အချိန်ဟာ လေးချက်ထိုးနေပြီဖြစ်သည်။ဒါကြောင့် သူရဲ့ကိုယ်လေးဟာ အလိုလိုမတ်သွားပြီး အန်နာကို ခေါ်လိုက်သည်။

"အန်နာ... ကျွန်တော့်သွားစရာရှိလို့"

"သခင်လေး ဘယ်သွားမလို့လဲ" အန်နာဟာ မေးလိုက်ပေမယ့် သူမရဲ့​ခြေ​လှမ်းများကတော့ ဒန်နာရီအတွက် အဆင်ပြေမည့်ဝတ်စုံ ရွေးရန် အသင့်ဖြစ်နေတော့သည်။

"သူငယ်ချင်းတစ်ယောက်က လက်ဖက်ရည်​သောက်ဖို့ ဖိတ်ခေါ်ထားလို့" ဒန်နာရီဟာ သူရဲ့ခြေထောက်လေးနှစ်ဖက်ကို ပူးရင်း လက်လေးကို ကျောဘက်ပစ်ကာ ခေါင်းငုံ့ရင်းပြောနေတော့သည်။ ဒါဒန်နာရီ လိမ်မိတိုင်း ပြုမူသည့်အကျင့်တစ်ခုဖြစ်သည်။အန်နာဟာ သူမရဲ့သခင်လေးလိမ်ညာနေမှန်းသိပေမယ့် အပြုံးမပျက် သူမရဲ့သခင်လေးအတွက် အဝတ်အစားများပြင်ဆင်ပေးတော့သည်။

နေမင်းဟာ အနောက်ရပ်ကို တဖြည်းဖြည်းဝင်လာပြီး လဟာလည်း ကောင်းကင်ပေါ်မှာ တဖြည်း့ဖြည်းထင်းဟပ်လာကာ ကောင်းကင်သည်လည်းနီညိုရောင်သန်းလာတော့သည်။

တောင်ဘက်လမ်းပေါ်မှာလည်း ရိုစဲဆလပ်တံဆိပ်နဲ့လှည်းတစ်စီးဟာ အရှိန်မှန်မှန်ခရီးနှင်လိုက်ပြီးနောက်မှာ နတ်သူငယ်တောအုပ်ရှေ့ရှိ ​နောက်ထပ်လှည်းတလှည်းနားမှာ ရပ်တန့်သွားတော့သည်။ ရပ်တန့်ထားသည့် ​နောက်ထပ်လှည်းလုံးဖြစ်သည့် တော်ဝင်တံဆိပ်ပါသည့်လှည်းထဲကနေ အသက်ဆယ်နှစ်အရွယ်​ကောင်​လေးဟာ ထွက်လာပြီး ရိုစဲဆလပ်အိမ်တော်တံဆိပ်ရဲ့လှည်းရှေ့ရပ်သွားကာ သူနဲ့ပါလာသည့်သက်တော်စောင့်ကို လှည်းလုံးတံခါးကို ခေါက်ခိုင်းလိုက်တော့သည်။

တအောင့်အကြာမှာ လှည်းတံခါးဟာ ပွင့်လာပြီး ပတ္တမြားလိုနီရဲနေသည့်မျက်ဝန်းပိုင်ရှင် ငါးနှစ်အရွယ်​က​လေး​လေးနဲ့ ရွှေရောင်မျက်ဝန်းများနဲ့ဆယ်နှစ်အရွယ်ကောင်လေးနဲ့အကြည့်ချင်းဆုံသွားတော့သည်။

"ဒန်နာရီ" ဂျော့ဖရေးဟာ ဒန်နာရီကို ပြုံးကာကြည့်လိုက်ရင်း သူရဲ့လက်တဖက်ကို ကမ်းလိုက်သည်။ဒန်နာရီရဲ့နီရဲရဲမျက်ဝန်းတောက်လေးများဟာလည်း ဂျော့ဖရေးကို စူးစိုက်ကြည့်ရင်း သူရဲ့လက်သေးသေးလေးတွေဟာ သူ့ထက်အနည်းငယ်ကြီးသည့်ဂျော့ဖရေးလက်ထဲကို အပ်နှံလိုက်တော့သည်။

"အရှင်မင်းသား"
------------

ပထမဆုံတွေ့မှုက အချစ်ရဲ့အစပျိုးခြင်း

ဒုတိယဆုံတွေ့မှုက ပိုင်ဆိုင်လိုမှုရဲ့အစပျိုးခြင်း

မျက်ဝန်းများဆုံတွေ့လိုက်တိုင်း ကိုယ်တို့သိနေခဲ့တယ်...

ကိုယ်တို့က တစ်ယောက်အတွက်တစ်ယောက်မွေးဖွားလာတဲ့ကံကြမ္မာပိုင်ဆိုင်ထားသူတွေဆိုတာကိုပေါ့

ဒန်နာရီ...ဒန်နာရီ...  ဒီနာမည်လေးကို ကိုယ်ရဲ့နှလုံးသားကျောက်တိုင်မှာ ထာဝရထွင်းထုထားပါရစေ။

ဒန်နာရီရဲ့fan-artလေးပါ ၊ဆွဲပေးတဲ့ဒါဒါ Mahuraကို ကျေးဇူးပါဗျ♥

Chapter -8 မျှော်

-*-*-*-*-*-*-*-*-*-*-*-

Bạn đang đọc truyện trên: ZingTruyen.Xyz