Slug
Zawgyiတစ်နှစ်ကြာပြီးနောက်မှာ~ဒန်နာရီဟာလည်း ခုနှစ်နှစ်အရွယ်ကို ရောက်ရှိလာတော့သည်၊ကလေးလေးနှစ်ယောက်ဟာ ချယ်ရီပင်အောက်မှာ တစ်ယောက်ဟာ ထိုင်ကာ စာဖတ်နေပြီး နောက်တစ်ယောက်ကတော့ သစ်ပင်ရဲ့ပင်စည်ကို ကျောဖြင့်မှီထားပြီး ရပ်နေသည်၊သူတို့ကြားရှိ လေထုဟာလည်း သက်သောင့်သက်သာရှိနေပြီး နှစ်ယောက်လုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်၊ထိုအချိန်မှာ နဖူးမှာ သရဖူပုံပါတဲ့ငှက်လေးတစ်ကောင်ဟာ ပျံဝဲလာပြီး စာဖတ်နေတဲ့ကလေးလေးရဲ့ပခုံးပေါ် နားခိုလာတော့သည်၊ "သခင်လေး အချိန်ပြည့်ပြီထင်တယ်" မတ်တပ်ရပ်နေတဲ့ကလေးလေးဟာ မတ်မတ်ရပ်လိုက်ပြီး ပြောလာတော့သည်၊သူတို့နှစ်ယောက်ဟာ ဒန်နာရီနဲ့ရေးလ်ဖြစ်သည်၊"ရေးလ် နောက်သုံးရက်နေရင် ယူနိုရက်စ်နယ်မြေကို ငါတို့သွားရတော့မယ်" ဒန်နာရီဟာ ငှက်လေးရဲ့ခေါင်းထိပ်ကိုပွတ်ပေးရင်း ပြောလိုက်သည်၊တစ်နှစ်အတွင်းမှာ ရေးလ်ဟာလည်း သူ့ထက် အရပ်အနည်းငယ်ရှည်လာရုံသာမက ဓားရေးမှာလည်းထက်မြက်လာတာကြောင့် အစ်ကိုဆိုရက်စ်ရဲ့အစောင့်အရှောက်ပင် အမြဲချီးမွမ်းနေတတ်သည်၊ဒန်နာရီဟာလည်း အနည်းငယ်အံ့အားသင့်နေတာအမှန်ပေ၊ဒါပေမယ့် ရေးလ်ဟာ အစောင့်အရှောက်သူရဲကောင်းအဖြစ်မွေးဖွားလာတဲ့သူဖြစ်တာကြောင့် တိုက်ခိုက်ရေးမှာ တဟုန်ထိုးတိုးတက်လာသည်ဟာ မထူးဆန်းပေ၊ "သခင်လေး ဘယ်နေရာကိုသွားပါစေ ရေးလ်က အမြဲလိုက်လံစောင့်ရှောက်မှာပါဗျ" ဒန်နာရီဟာ ခေါင်းသာညိတ်လိုက်ပြီးနောက်မှာ လေထုဟာလည်း ပြန်လည်ဆိတ်ငြိမ်သွားတော့သည်၊ဒါက သူတို့နှစ်ယောက်ကြားဖြစ်နေကျမို့လို့ ဒန်နာရီနဲ့ရေးလ်ဟာ ကိုးရိုးကားရိုးမဖြစ်သွားပဲ အေးဆေးနေနေတော့သည်၊"ဒန်လေး!!!" အဝေးကနေ ယောကျာ်းတစ်ယောက်အသံကြားချိန်မှာ ဒန်နာရီဟာ နားသာစွင့်လိုက်ပြီး မော့မကြည့်ပဲ စာအုပ်သာဆက်ဖတ်နေလိုက်သည်၊ခြေသံအနားရောက်လာသည့်အခါမှ ဒန်နာရီဟာ စာအုပ်ကိုပိတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်ပြီး နူတ်ဆက်လိုက်သည်၊"ကိုကြီး" တစ်နှစ်ဆိုတဲ့အတောအတွင်းဟာ ဆိုရက်စ်၊ဒေ့ကိုးနက်စ်တို့နဲ့ ဒန်နာရီဟာ ပိုမိုသံယောဇဉ်ခင်တွယ်လာပြီး ဆိုရက်စ်ကို အစ်ကိုကြီးလို့ခေါ်လာပြီး ဒေ့ကိုးနက်စ်ကိုတော့ ကိုလတ်လို့ခေါ်လာတော့သည်၊ဒါတစ်ခုတည်းသောအကြောင်းပြချက်မဟုတ်ပဲ မင်းသားရှစ်ဟာ ဒီသခင်လေးနှစ်ယောက်ကို ဒန်နာရီနောက်ကွယ်မှာ ကြိမ်းမောင်းထားခြင်းကြောင့်ဖြစ်သည်၊'ကိုကို'ဆိုတဲ့စကားလုံးဟာ မင်းသားရှစ်ရဲ့မူပိုင်လိုတောင် ဖြစ်နေသည်၊"ဒန်လေး သဖက်ခါကျရင် တော်ဝင်ကျောင်းတော်က ဖိုရားနယ်မြေကို သွားဖို့ ကိုကြီးကို စေလွှတ်လိုက်တယ် ဒါကြောင့် လမ်းတစ်လျှောက်လုံးကို ဒန်လေးကို စောင့်ရှောက်ပေးလို့ရပြီ" ဆိုရက်စ်ဟာ ပျော်ရွှင်စွာပြောလိုက်သည်၊ထိုအမိန့်စာလွှာကိုရဖို့ သူရဲ့ဆရာကို အတင်းပူဆာခဲ့ရသည်ကို သူသာသိသည်၊ဒန်နာရီဟာလည်း ပျော်ရွှင်သွားတော့သည်၊လမ်းမှာ လုပ်ကြံခံရရင်တောင် ဒန်နာရီမစိုးရိမ်ပူပန်မှုမရှိပေ၊ဘာကြောင့်လဲဆိုတော့ သူ့မှာ အာလ်တို့ရှိသလို၊ဇီနိုလည်းရှိသည်၊သူတို့ဆီက အကူအညီကိုမယူရင်တောင် ဒန်နာရီဟာ မှော်အင်းကွက်ရေးဆွဲသူဖြစ်တာကြောင့် လုပ်ကြံသူတွေကို သတ်ဖြတ်ဖို့ဖြစ်စေ၊တားဆီးဖို့ဖြစ်စေ သူ့မှာဝှက်ဖဲများစွာ ရှိသည်၊"ကျေးဇူးပါ ကိုကြီး" "ရေးလ် မင်းလည်း အဲ့နေ့ကျရင် အန္တရာယ်ကြုံလာရင် ဝင်မတိုက်ခိုက်နဲ့" ဆိုရက်စ်ဟာ အနောက်နားမှာရပ်နေတဲ့ရေးလ်ကို ကြည့်ကာပြောလိုက်သည်၊ရေးလ်ဟာ မနှစ်မြို့ဖွယ်မျက်မှောင်ကြုတ်သွားပေမယ့် ဘာမှပြန်လည်ပြောခြင်းမရှိပေ၊"ရေးလ်က တော်တယ် ကိုကြီးသိရဲ့သားနဲ့""တော်တာ ဘာလုပ်ရမှာလဲ သူက အခုမှ ကလေးပဲရှိသေးတယ် တစ်ကယ့်တိုက်ပွဲတွေကို ဝင်မှမတိုက်ခိုက်ဖူးတာ သေရင် ငိုမဲ့သူမရှိမဲ့သူသူ မသေအောင်နေပေါ့" ဒန်နာရီဟာ သူ့အစ်ကိုစကားကြောင့် သက်ပြင်းသာချလိုက်သည်၊ဘာကြောင့် သူ့အစ်ကိုဟာ ရေးလ်ကိုတွေ့သည်နဲ့ စကားလုံးတွေနဲ့တိုက်ခိုက်ရတာလဲ၊"ပထမသခင်လေးရဲ့စေတနာကို ရေးလ်မှတ်ထားမှာပါဗျ " ရေးလ်ဟာ ဆိုရက်စ်ရဲ့မျက်နှာကို စိုက်ကြည့်ရင်းပြောလိုက်သည်၊ရေးလ်ရဲ့ဒုတိယဆန္ဒဟာ ပထမသခင်လေးဆီက အသိအမှတ်ပြုတာခံရစေရန်ဖြစ်သည်၊ဒါပေမယ့် သူဟာလည်း ပထမသခင်လေးကို ကြည့်မရတာက အမှန်ပင်၊ဘယ်သူကများ ပထမသခင်လေးဟာ ကြင်နာတတ်တယ်လို့ပြောတာလဲ အပေါက်ဆိုးတဲ့သူမှန်း သိသာနေတာကို၊"ကိုကြီး တစ်ခြားကိစ္စကျန်သေးတယ်မလား" ဒန်နာရီကပဲ ဒီနှစ်ယောက်ကြားဝင်ရောက်ကာ စကားလမ်းကြောင်းလွဲလိုက်တော့သည်၊"ဟုတ်တယ် မင်းသားရှစ်ရောက်နေတယ်" ဆိုရက်စ်ရဲ့စကားကြောင့် ဒန်နာရီမျက်ဝန်းများဟာ တောက်ပသွားတော့သည်၊ဒီတစ်နှစ်အတွင်းမှာ ဂျော့ဖရေးတွေ့ရသည်ဟာ အချိန်နည်းပါးလှသည်၊ဂျော့ဖရေးဟာ မြို့စားမင်းရဲ့စည်းကမ်းတွေအောက်မှာ တစ်နေရာရာကိုထွက်သွားပြီး ခြောက်လနေမှ တစ်ကြိမ်သာ မြို့တော်ကိုပြန်လာတတ်သည်၊အရင်တစ်လက တွေ့သေးပေမယ့် အခုလို ရုတ်တရက်ပြန်ရောက်လာတာကြောင့် အနည်းငယ်တော့ အံ့အားသင့်သလို ပျော်လည်းပျော်မိသည်၊ဂျော့ဖရေးဟာ ဧည့်တွေ့ခန်းမှာ ထိုင်နေပြီး ရိုစဲဆလပ်အိမ်တော်က တစ်ခြားညီအစ်ကိုတွေပါ ရှိနေသည်၊သူတို့ဟာ မင်းသားရှစ်ဆီက မျက်နှာသာရမှုကို လိုချင်နေကျတော့သည်၊အန်ဒီးယားအပါအဝင်ပေါ့၊အန်ဒီးယားဟာလည်း ခုနှစ်နှစ်အတွင်းကို ရောက်ရှိလာပြီး တော်ဝင်နန်းတော်က ဆရာတွေရဲ့အသင်အပြကြောင့် တော်ဝင်မျိုးနွယ်ကြားက အင်အားကို အနည်းအကျဉ်းနားလည်လာသူဖြစ်သည်၊မင်းသားရှစ်ဟာ အင်ပါယာမင်းရဲ့ချစ်ခင်မှုကို မရထားပေမယ့် အိမ်ရှေ့စံမင်းသားလို အင်အားကြီးလှသည်ကို အန်ဒီးယားသိရှိထားသည်၊ပြီးတော့ သူအမုန်းဆုံးလူဖြစ်တဲ့ဒန်နာရီနဲ့လည်း ပတ်သတ်နေသေးသည်၊ဒါကြောင့် သူ့အစ်ကိုနှစ်ယောက်ကိုလုခဲ့သလို အန်ဒီးယားဟာလည်း မင်းသားရှစ်ကို လုယူရန်တွေးတောနေတော့သည်၊အသက်ဆယ်နှစ်အတွင်းရောက်လာသည့်ဂျော့ဖရေးဟာလည်း လူငယ်တစ်ယောက်လိုအရွယ်ဖြစ်နေပြီး ခါးကိုမတ်ကာ တည်ငြိမ်သောမျက်နှာထားဟာ တော်ဝင်ဆန်ကာ ဘယ်သူမှမငေးကြည့်ပဲ မနေနိုင်ပေ၊"မင်းသားဂျော့ဖရေး... " အန်ဒီးယားဟာ ဂျော့ဖရေးအနီးမှာထိုင်လိုက်ပြီး သူဟာ လက်ဖက်ရည်ခွက်ကို ငှဲ့ပေးလိုက်ပြီး ပေးလိုက်သည်၊သူအဖေကို လက်ဖက်ရည်ငှဲ့ပေးတုန်းက သူအဖေဟာ ပျော်နေပြီး သူ့ကိုသိပ်တော်ကြောင်း ချီးမွမ်းခဲ့သေးသည်၊ဒါကြောင့် မင်းသားဂျော့ဖရေးလည်း သူ့အားချီးကျူးမည်ဟု အန်ဒီးယားဟာ ယုံကြည်နေတော့သည်၊ ဂျော့ဖရေးဟာ ပြုံးနေပေမယ့် သူရဲ့မျက်ဝန်းများကတော့ အသက်မဲ့နေသည်၊သူဟာ ဝတ်တရားအရကျေးဇူးတင်စကားသာပြောလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကြည့်ပင်မကြည့်ချေ၊အန်ဒီးယားဟာ မကျေမနပ်ဖြစ်သွားပြီး တစ်ခုခုပြောလိုက်ချင်ပေမယ့် သူရဲ့တတိယအစ်ကိုဟာ တားဆီးလာတော့သည်၊လူငယ်တွေကသာ မင်းသားရှစ်အကြောင်းကို သိကျသည်၊"အငယ်လေး မင်းသားရှစ်ကို မနှောင့်ယှက်နဲ့တော့" အန်ဒီးယားဟာ မကျေမနပ်ဖြစ်သွားပေမယ့် သူဟာ ဘာမှဆက်မလုပ်တော့ပေ၊သူအမေက တတိယအစ်ကိုစကားနားထောင်ရန်မှာထားသည်မလား၊ထိုချိန်မှာ တံခါးဟာ ပွင့်လာတော့သည်၊ဆိုရက်စ်နဲ့ဒန်နာရီဟာလည်း အခန်းထဲဝင်လာတော့သည်၊ဆိုရက်စ်ဟာ မင်းသားရှစ်ကို အရိုအသေပေးကာ နူတ်ဆက်လိုက်ပေမယ့် မင်းသားရှစ်ဟာ မြင်ပင်မမြင်ချေ၊သူရဲ့မျက်ဝန်းများဟာ ဒန်နာရီပေါ့၌သာ၊"ကိုကို" ဒန်နာရီဟာ ဂျော့ဖရေးကိုပြုံးလိုက်ပြီး နူတ်ဆက်လိုက်သည်၊အရယ်အပြုံးနည်းတဲ့ဒန်နာရီဟာ ဂျော့ဖရေးရှေ့မှာဆိုရင် အပြုံးများကို အရမ်းပေးကမ်းလှသည်၊"ဒန်" မင်းသားရှစ်ဟာ မတ်တပ်ထရပ်လိုက်ပြီး ဒန်နာရီဆီသွားတော့သည်၊ဒါပေမယ့် သူအစ်ကိုဆိုရက်စ်နဲ့ အရပ်တန်းတူဖြစ်နေသည်ကိုမြင်တော့ ဒန်နာရီမသက်မသာပြုံးလိုက်သည်၊ဘာလို့လဲဆိုတော့ သူဟာ ဂျော့ဖရေးရဲ့ရင်ဘက်နားအောက်သာရှိနေသည်၊ဒန်နာရီဟာ မော့ကြည့်လိုက်ပြီးနောက်မှာ အနည်းငယ်မကျေမနပ်ဖြစ်နေတော့သည်၊ရက်စ်ထရစ်မိသားစုဟာ တစ်ကယ်ပင်နတ်ဘီလူးသွေးပါဖို့ ထိုက်တန်ရအောင် ခန္ဓာကိုယ်ထွားကြွားလှသည်၊"ကိုကို မင်းကိုပြောစရာရှိလို့လေ" ဂျော့ဖရေးဟာ ပြောလိုက်ပြီးနောက်မှာ ဒန်နာရီရဲ့ကိုယ်လေးကို ပင့်ချီလိုက်သည်၊ထိုနောက်မှာတော့ ထွက်သွားတော့သည်၊သူဟာ ကျန်တဲ့သူတွေကိုပင် လှည့်မကြည့်တော့ပေ၊ ဆိုရက်စ်ဟာလည်း ဆက်ရှိနေစရာအကြောင်းမရှိတာကြောင့် ထွက်သွားရန်အလုပ်မှာတော့ သူရဲ့အင်္ကျီကိုဆွဲလာတာကြောင့် ဆိုရက်စ်ကြည့်လိုက်တော့ အန်ဒီးယားဖြစ်နေသည်ကိုတွေ့လိုက်ရသည်၊"ကိုကိုဆိုရက်စ်" အန်ဒီးယားဟာ ငိုတော့မည့်အမူအရာရှိနေပြီး နှာထိပ်လေးနဲ့ပါးလေးတွေဟာ နီရဲနေပြီး သနားစရာကောင်းလှသည်၊"အေး..." "ကိုကိုဆိုရက်စ် အန်ဒီးကို စိတ်ဆိုးနေသေးတာလား..." အန်ဒီးယားဟာ မျက်ရည်များကြွေဆင်းလာရင်း မေးလာတော့သည်၊ဆိုရက်စ်ဟာ ခေါင်းခါလိုက်ပြီး အန်ဒီးယားရဲ့လက်ကို သူအင်္ကျီကနေ ဖယ်လိုက်ပြီး"ငါမင်းကို စိတ်မဆိုးဘူး အန်ဒီးယား" လို့သာပြောပြီးနောက်မှာ ထွက်သွားတော့သည်၊တစ်ကယ်လည်း ဆိုရက်စ်ဟာ အန်ဒီးယားကို စိတ်မဆိုးပေ၊ဒါပေမယ့် ဆက်လက်ပတ်သတ်မည်ဟု မဆိုလိုပင်၊မိသားစုချင်းတောင် ဘက်လိုက်လွန်းတဲ့ရိုစဲဆလပ်မိသားစုမှာ ညီငယ်အန်ဒီးယားပေါ် မမျှတစွာဆက်ဆံပုံဟာ ဆိုးဝါးမှန်းသိသော်လည်း အနည်းဆုံးတော့ သူ့ညီငယ်ဒန်နာရီဘက်ကိုတော့ ဘက်လိုက်စွာပါချင်မိသည်၊ဒါဟာ လွန်ခဲ့တဲ့တနှစ်ကျော်တည်းက သူဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်၊ဆိုရက်စ်ထွက်သွားချိန်မှာ အန်ဒီးယား အသံကျယ်ကျယ်ဖြင့် အော်ငိုလိုက်တော့သည်၊ပထမအစ်ကို သူရဲ့ငိုသံကိုကြားကာ အရင်လိုချော့မော့မည်ဟု မျှော်လင့်လိုက်သော်လည်း ဘယ်သူမှ ပြန်မလာချေ၊ဒါကြောင့် အန်ဒီးယားရင်ထဲက အမုန်းမီးတောက်ဟာ တဖြည်းဖြည်းလောင်းကျွမ်းနေတော့သည်၊ပထမအစ်ကိုနဲ့ဒုတိယအစ်ကိုဟာ သူ့ကိုမချစ်တော့ပေမယ့် ကျန်တဲ့သူတွေကတော့ သူ့အပေါ် အရင်လိုမပြောင်းလဲ ချစ်နေဆဲပင်၊သူဟာ ဧကရီဆီကလည်း အချစ်ခံရသလို ကောင်းမွန်တဲ့ဆရာကောင်းတွေဆီကပါ ပညာသင်ပေးခြင်းခံရသည်၊သူအဖေဟာလည်း သူ့ကို အလိုလိုက်ကာ တောင်းဆိုသမျှအကုန်လုပ်ပေးဆဲပေ၊ဒါပေမယ့် ဒန်နာရီရှေ့ရောက်ရင် သူဟာ အားငယ်ကာသိမ်ငယ်မိသည်၊သူကိုချစ်တဲ့သူအားလုံးပေါင်းရင်တောင် ဒန်နာရီပေါ်ချစ်တဲ့သူတစ်ယောက်ချင်းဆီနဲ့မယှဉ်နိုင်ဘူးလို့ အန်ဒီးယားအမြဲတစေခံစားနေရသည်၊'တစ်နေ့တော့ သူဟာ ဒန်နာရီထက် သာတယ်ဆိုတာ အားလုံးသိစေရမယ်'-*-*-*-*-*-*-*-*-*-Unicodeတစ်နှစ်ကြာပြီးနောက်မှာ~ဒန်နာရီဟာလည်း ခုနှစ်နှစ်အရွယ်ကို ရောက်ရှိလာတော့သည်၊ကလေးလေးနှစ်ယောက်ဟာ ချယ်ရီပင်အောက်မှာ တစ်ယောက်ဟာ ထိုင်ကာ စာဖတ်နေပြီး နောက်တစ်ယောက်ကတော့ သစ်ပင်ရဲ့ပင်စည်ကို ကျောဖြင့်မှီထားပြီး ရပ်နေသည်၊သူတို့ကြားရှိ လေထုဟာလည်း သက်သောင့်သက်သာရှိနေပြီး နှစ်ယောက်လုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်၊ထိုအချိန်မှာ နဖူးမှာ သရဖူပုံပါတဲ့ငှက်လေးတစ်ကောင်ဟာ ပျံဝဲလာပြီး စာဖတ်နေတဲ့ကလေးလေးရဲ့ပခုံးပေါ် နားခိုလာတော့သည်၊ "သခင်လေး အချိန်ပြည့်ပြီထင်တယ်" မတ်တပ်ရပ်နေတဲ့ကလေးလေးဟာ မတ်မတ်ရပ်လိုက်ပြီး ပြောလာတော့သည်၊သူတို့နှစ်ယောက်ဟာ ဒန်နာရီနဲ့ရေးလ်ဖြစ်သည်၊"ရေးလ် နောက်သုံးရက်နေရင် ယူနိုရက်စ်နယ်မြေကို ငါတို့သွားရတော့မယ်" ဒန်နာရီဟာ ငှက်လေးရဲ့ခေါင်းထိပ်ကိုပွတ်ပေးရင်း ပြောလိုက်သည်၊တစ်နှစ်အတွင်းမှာ ရေးလ်ဟာလည်း သူ့ထက် အရပ်အနည်းငယ်ရှည်လာရုံသာမက ဓားရေးမှာလည်းထက်မြက်လာတာကြောင့် အစ်ကိုဆိုရက်စ်ရဲ့အစောင့်အရှောက်ပင် အမြဲချီးမွမ်းနေတတ်သည်၊ဒန်နာရီဟာလည်း အနည်းငယ်အံ့အားသင့်နေတာအမှန်ပေ၊ဒါပေမယ့် ရေးလ်ဟာ အစောင့်အရှောက်သူရဲကောင်းအဖြစ်မွေးဖွားလာတဲ့သူဖြစ်တာကြောင့် တိုက်ခိုက်ရေးမှာ တဟုန်ထိုးတိုးတက်လာသည်ဟာ မထူးဆန်းပေ၊ "သခင်လေး ဘယ်နေရာကိုသွားပါစေ ရေးလ်က အမြဲလိုက်လံစောင့်ရှောက်မှာပါဗျ" ဒန်နာရီဟာ ခေါင်းသာညိတ်လိုက်ပြီးနောက်မှာ လေထုဟာလည်း ပြန်လည်ဆိတ်ငြိမ်သွားတော့သည်၊ဒါက သူတို့နှစ်ယောက်ကြားဖြစ်နေကျမို့လို့ ဒန်နာရီနဲ့ရေးလ်ဟာ ကိုးရိုးကားရိုးမဖြစ်သွားပဲ အေးဆေးနေနေတော့သည်၊"ဒန်လေး!!!" အဝေးကနေ ယောကျာ်းတစ်ယောက်အသံကြားချိန်မှာ ဒန်နာရီဟာ နားသာစွင့်လိုက်ပြီး မော့မကြည့်ပဲ စာအုပ်သာဆက်ဖတ်နေလိုက်သည်၊ခြေသံအနားရောက်လာသည့်အခါမှ ဒန်နာရီဟာ စာအုပ်ကိုပိတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်ပြီး နူတ်ဆက်လိုက်သည်၊"ကိုကြီး" တစ်နှစ်ဆိုတဲ့အတောအတွင်းဟာ ဆိုရက်စ်၊ဒေ့ကိုးနက်စ်တို့နဲ့ ဒန်နာရီဟာ ပိုမိုသံယောဇဉ်ခင်တွယ်လာပြီး ဆိုရက်စ်ကို အစ်ကိုကြီးလို့ခေါ်လာပြီး ဒေ့ကိုးနက်စ်ကိုတော့ ကိုလတ်လို့ခေါ်လာတော့သည်၊ဒါတစ်ခုတည်းသောအကြောင်းပြချက်မဟုတ်ပဲ မင်းသားရှစ်ဟာ ဒီသခင်လေးနှစ်ယောက်ကို ဒန်နာရီနောက်ကွယ်မှာ ကြိမ်းမောင်းထားခြင်းကြောင့်ဖြစ်သည်၊'ကိုကို'ဆိုတဲ့စကားလုံးဟာ မင်းသားရှစ်ရဲ့မူပိုင်လိုတောင် ဖြစ်နေသည်၊"ဒန်လေး သဖက်ခါကျရင် တော်ဝင်ကျောင်းတော်က ဖိုရားနယ်မြေကို သွားဖို့ ကိုကြီးကို စေလွှတ်လိုက်တယ် ဒါကြောင့် လမ်းတစ်လျှောက်လုံးကို ဒန်လေးကို စောင့်ရှောက်ပေးလို့ရပြီ" ဆိုရက်စ်ဟာ ပျော်ရွှင်စွာပြောလိုက်သည်၊ထိုအမိန့်စာလွှာကိုရဖို့ သူရဲ့ဆရာကို အတင်းပူဆာခဲ့ရသည်ကို သူသာသိသည်၊ဒန်နာရီဟာလည်း ပျော်ရွှင်သွားတော့သည်၊လမ်းမှာ လုပ်ကြံခံရရင်တောင် ဒန်နာရီမစိုးရိမ်ပူပန်မှုမရှိပေ၊ဘာကြောင့်လဲဆိုတော့ သူ့မှာ အာလ်တို့ရှိသလို၊ဇီနိုလည်းရှိသည်၊သူတို့ဆီက အကူအညီကိုမယူရင်တောင် ဒန်နာရီဟာ မှော်အင်းကွက်ရေးဆွဲသူဖြစ်တာကြောင့် လုပ်ကြံသူတွေကို သတ်ဖြတ်ဖို့ဖြစ်စေ၊တားဆီးဖို့ဖြစ်စေ သူ့မှာဝှက်ဖဲများစွာ ရှိသည်၊"ကျေးဇူးပါ ကိုကြီး" "ရေးလ် မင်းလည်း အဲ့နေ့ကျရင် အန္တရာယ်ကြုံလာရင် ဝင်မတိုက်ခိုက်နဲ့" ဆိုရက်စ်ဟာ အနောက်နားမှာရပ်နေတဲ့ရေးလ်ကို ကြည့်ကာပြောလိုက်သည်၊ရေးလ်ဟာ မနှစ်မြို့ဖွယ်မျက်မှောင်ကြုတ်သွားပေမယ့် ဘာမှပြန်လည်ပြောခြင်းမရှိပေ၊"ရေးလ်က တော်တယ် ကိုကြီးသိရဲ့သားနဲ့""တော်တာ ဘာလုပ်ရမှာလဲ သူက အခုမှ ကလေးပဲရှိသေးတယ် တစ်ကယ့်တိုက်ပွဲတွေကို ဝင်မှမတိုက်ခိုက်ဖူးတာ သေရင် ငိုမဲ့သူမရှိမဲ့သူသူ မသေအောင်နေပေါ့" ဒန်နာရီဟာ သူ့အစ်ကိုစကားကြောင့် သက်ပြင်းသာချလိုက်သည်၊ဘာကြောင့် သူ့အစ်ကိုဟာ ရေးလ်ကိုတွေ့သည်နဲ့ စကားလုံးတွေနဲ့တိုက်ခိုက်ရတာလဲ၊"ပထမသခင်လေးရဲ့စေတနာကို ရေးလ်မှတ်ထားမှာပါဗျ " ရေးလ်ဟာ ဆိုရက်စ်ရဲ့မျက်နှာကို စိုက်ကြည့်ရင်းပြောလိုက်သည်၊ရေးလ်ရဲ့ဒုတိယဆန္ဒဟာ ပထမသခင်လေးဆီက အသိအမှတ်ပြုတာခံရစေရန်ဖြစ်သည်၊ဒါပေမယ့် သူဟာလည်း ပထမသခင်လေးကို ကြည့်မရတာက အမှန်ပင်၊ဘယ်သူကများ ပထမသခင်လေးဟာ ကြင်နာတတ်တယ်လို့ပြောတာလဲ အပေါက်ဆိုးတဲ့သူမှန်း သိသာနေတာကို၊"ကိုကြီး တစ်ခြားကိစ္စကျန်သေးတယ်မလား" ဒန်နာရီကပဲ ဒီနှစ်ယောက်ကြားဝင်ရောက်ကာ စကားလမ်းကြောင်းလွဲလိုက်တော့သည်၊"ဟုတ်တယ် မင်းသားရှစ်ရောက်နေတယ်" ဆိုရက်စ်ရဲ့စကားကြောင့် ဒန်နာရီမျက်ဝန်းများဟာ တောက်ပသွားတော့သည်၊ဒီတစ်နှစ်အတွင်းမှာ ဂျော့ဖရေးတွေ့ရသည်ဟာ အချိန်နည်းပါးလှသည်၊ဂျော့ဖရေးဟာ မြို့စားမင်းရဲ့စည်းကမ်းတွေအောက်မှာ တစ်နေရာရာကိုထွက်သွားပြီး ခြောက်လနေမှ တစ်ကြိမ်သာ မြို့တော်ကိုပြန်လာတတ်သည်၊အရင်တစ်လက တွေ့သေးပေမယ့် အခုလို ရုတ်တရက်ပြန်ရောက်လာတာကြောင့် အနည်းငယ်တော့ အံ့အားသင့်သလို ပျော်လည်းပျော်မိသည်၊ဂျော့ဖရေးဟာ ဧည့်တွေ့ခန်းမှာ ထိုင်နေပြီး ရိုစဲဆလပ်အိမ်တော်က တစ်ခြားညီအစ်ကိုတွေပါ ရှိနေသည်၊သူတို့ဟာ မင်းသားရှစ်ဆီက မျက်နှာသာရမှုကို လိုချင်နေကျတော့သည်၊အန်ဒီးယားအပါအဝင်ပေါ့၊အန်ဒီးယားဟာလည်း ခုနှစ်နှစ်အတွင်းကို ရောက်ရှိလာပြီး တော်ဝင်နန်းတော်က ဆရာတွေရဲ့အသင်အပြကြောင့် တော်ဝင်မျိုးနွယ်ကြားက အင်အားကို အနည်းအကျဉ်းနားလည်လာသူဖြစ်သည်၊မင်းသားရှစ်ဟာ အင်ပါယာမင်းရဲ့ချစ်ခင်မှုကို မရထားပေမယ့် အိမ်ရှေ့စံမင်းသားလို အင်အားကြီးလှသည်ကို အန်ဒီးယားသိရှိထားသည်၊ပြီးတော့ သူအမုန်းဆုံးလူဖြစ်တဲ့ဒန်နာရီနဲ့လည်း ပတ်သတ်နေသေးသည်၊ဒါကြောင့် သူ့အစ်ကိုနှစ်ယောက်ကိုလုခဲ့သလို အန်ဒီးယားဟာလည်း မင်းသားရှစ်ကို လုယူရန်တွေးတောနေတော့သည်၊အသက်ဆယ်နှစ်အတွင်းရောက်လာသည့်ဂျော့ဖရေးဟာလည်း လူငယ်တစ်ယောက်လိုအရွယ်ဖြစ်နေပြီး ခါးကိုမတ်ကာ တည်ငြိမ်သောမျက်နှာထားဟာ တော်ဝင်ဆန်ကာ ဘယ်သူမှမငေးကြည့်ပဲ မနေနိုင်ပေ၊"မင်းသားဂျော့ဖရေး... " အန်ဒီးယားဟာ ဂျော့ဖရေးအနီးမှာထိုင်လိုက်ပြီး သူဟာ လက်ဖက်ရည်ခွက်ကို ငဲ့ှပေးလိုက်ပြီး ပေးလိုက်သည်၊သူအဖေကို လက်ဖက်ရည်ငှဲ့ပေးတုန်းက သူအဖေဟာ ပျော်နေပြီး သူ့ကိုသိပ်တော်ကြောင်း ချီးမွမ်းခဲ့သေးသည်၊ဒါကြောင့် မင်းသားဂျော့ဖရေးလည်း သူ့အားချီးကျူးမည်ဟု အန်ဒီးယားဟာ ယုံကြည်နေတော့သည်၊ ဂျော့ဖရေးဟာ ပြုံးနေပေမယ့် သူရဲ့မျက်ဝန်းများကတော့ အသက်မဲ့နေသည်၊သူဟာ ဝတ်တရားအရကျေးဇူးတင်စကားသာပြောလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကြည့်ပင်မကြည့်ချေ၊အန်ဒီးယားဟာ မကျေမနပ်ဖြစ်သွားပြီး တစ်ခုခုပြောလိုက်ချင်ပေမယ့် သူရဲ့တတိယအစ်ကိုဟာ တားဆီးလာတော့သည်၊လူငယ်တွေကသာ မင်းသားရှစ်အကြောင်းကို သိကျသည်၊"အငယ်လေး မင်းသားရှစ်ကို မနှောင့်ယှက်နဲ့တော့" အန်ဒီးယားဟာ မကျေမနပ်ဖြစ်သွားပေမယ့် သူဟာ ဘာမှဆက်မလုပ်တော့ပေ၊သူအမေက တတိယအစ်ကိုစကားနားထောင်ရန်မှာထားသည်မလား၊ထိုချိန်မှာ တံခါးဟာ ပွင့်လာတော့သည်၊ဆိုရက်စ်နဲ့ဒန်နာရီဟာလည်း အခန်းထဲဝင်လာတော့သည်၊ဆိုရက်စ်ဟာ မင်းသားရှစ်ကို အရိုအသေပေးကာ နူတ်ဆက်လိုက်ပေမယ့် မင်းသားရှစ်ဟာ မြင်ပင်မမြင်ချေ၊သူရဲ့မျက်ဝန်းများဟာ ဒန်နာရီပေါ့၌သာ၊"ကိုကို" ဒန်နာရီဟာ ဂျော့ဖရေးကိုပြုံးလိုက်ပြီး နူတ်ဆက်လိုက်သည်၊အရယ်အပြုံးနည်းတဲ့ဒန်နာရီဟာ ဂျော့ဖရေးရှေ့မှာဆိုရင် အပြုံးများကို အရမ်းပေးကမ်းလှသည်၊"ဒန်" မင်းသားရှစ်ဟာ မတ်တပ်ထရပ်လိုက်ပြီး ဒန်နာရီဆီသွားတော့သည်၊ဒါပေမယ့် သူအစ်ကိုဆိုရက်စ်နဲ့ အရပ်တန်းတူဖြစ်နေသည်ကိုမြင်တော့ ဒန်နာရီမသက်မသာပြုံးလိုက်သည်၊ဘာလို့လဲဆိုတော့ သူဟာ ဂျော့ဖရေးရဲ့ရင်ဘက်နားအောက်သာရှိနေသည်၊ဒန်နာရီဟာ မော့ကြည့်လိုက်ပြီးနောက်မှာ အနည်းငယ်မကျေမနပ်ဖြစ်နေတော့သည်၊ရက်စ်ထရစ်မိသားစုဟာ တစ်ကယ်ပင်နတ်ဘီလူးသွေးပါဖို့ ထိုက်တန်ရအောင် ခန္ဓာကိုယ်ထွားကြွားလှသည်၊"ကိုကို မင်းကိုပြောစရာရှိလို့လေ" ဂျော့ဖရေးဟာ ပြောလိုက်ပြီးနောက်မှာ ဒန်နာရီရဲ့ကိုယ်လေးကို ပင့်ချီလိုက်သည်၊ထိုနောက်မှာတော့ ထွက်သွားတော့သည်၊သူဟာ ကျန်တဲ့သူတွေကိုပင် လှည့်မကြည့်တော့ပေ၊ ဆိုရက်စ်ဟာလည်း ဆက်ရှိနေစရာအကြောင်းမရှိတာကြောင့် ထွက်သွားရန်အလုပ်မှာတော့ သူရဲ့အကျႌကိုဆွဲလာတာကြောင့် ဆိုရက်စ်ကြည့်လိုက်တော့ အန်ဒီးယားဖြစ်နေသည်ကိုတွေ့လိုက်ရသည်၊"ကိုကိုဆိုရက်စ်" အန်ဒီးယားဟာ ငိုတော့မည့်အမူအရာရှိနေပြီး နှာထိပ်လေးနဲ့ပါးလေးတွေဟာ နီရဲနေပြီး သနားစရာကောင်းလှသည်၊"အေး..." "ကိုကိုဆိုရက်စ် အန်ဒီးကို စိတ်ဆိုးနေသေးတာလား..." အန်ဒီးယားဟာ မျက်ရည်များကြွေဆင်းလာရင်း မေးလာတော့သည်၊ဆိုရက်စ်ဟာ ခေါင်းခါလိုက်ပြီး အန်ဒီးယားရဲ့လက်ကို သူအကျႌကနေ ဖယ်လိုက်ပြီး"ငါမင်းကို စိတ်မဆိုးဘူး အန်ဒီးယား" လို့သာပြောပြီးနောက်မှာ ထွက်သွားတော့သည်၊တစ်ကယ်လည်း ဆိုရက်စ်ဟာ အန်ဒီးယားကို စိတ်မဆိုးပေ၊ဒါပေမယ့် ဆက်လက်ပတ်သတ်မည်ဟု မဆိုလိုပင်၊မိသားစုချင်းတောင် ဘက်လိုက်လွန်းတဲ့ရိုစဲဆလပ်မိသားစုမှာ ညီငယ်အန်ဒီးယားပေါ် မမျှတစွာဆက်ဆံပုံဟာ ဆိုးဝါးမှန်းသိသော်လည်း အနည်းဆုံးတော့ သူ့ညီငယ်ဒန်နာရီဘက်ကိုတော့ ဘက်လိုက်စွာပါချင်မိသည်၊ဒါဟာ လွန်ခဲ့တဲ့တနှစ်ကျော်တည်းက သူဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်၊ဆိုရက်စ်ထွက်သွားချိန်မှာ အန်ဒီးယား အသံကျယ်ကျယ်ဖြင့် အော်ငိုလိုက်တော့သည်၊ပထမအစ်ကို သူရဲ့ငိုသံကိုကြားကာ အရင်လိုချော့မော့မည်ဟု မျှော်လင့်လိုက်သော်လည်း ဘယ်သူမှ ပြန်မလာချေ၊ဒါကြောင့် အန်ဒီးယားရင်ထဲက အမုန်းမီးတောက်ဟာ တဖြည်းဖြည်းလောင်းကျွမ်းနေတော့သည်၊ပထမအစ်ကိုနဲ့ဒုတိယအစ်ကိုဟာ သူ့ကိုမချစ်တော့ပေမယ့် ကျန်တဲ့သူတွေကတော့ သူ့အပေါ် အရင်လိုမပြောင်းလဲ ချစ်နေဆဲပင်၊သူဟာ ဧကရီဆီကလည်း အချစ်ခံရသလို ကောင်းမွန်တဲ့ဆရာကောင်းတွေဆီကပါ ပညာသင်ပေးခြင်းခံရသည်၊သူအဖေဟာလည်း သူ့ကို အလိုလိုက်ကာ တောင်းဆိုသမျှအကုန်လုပ်ပေးဆဲပေ၊ဒါပေမယ့် ဒန်နာရီရှေ့ရောက်ရင် သူဟာ အားငယ်ကာသိမ်ငယ်မိသည်၊သူကိုချစ်တဲ့သူအားလုံးပေါင်းရင်တောင် ဒန်နာရီပေါ်ချစ်တဲ့သူတစ်ယောက်ချင်းဆီနဲ့မယှဉ်နိုင်ဘူးလို့ အန်ဒီးယားအမြဲတစေခံစားနေရသည်၊'တစ်နေ့တော့ သူဟာ ဒန်နာရီထက် သာတယ်ဆိုတာ အားလုံးသိစေရမယ်'-*-*-*-*-*-*-*-*-*-
Bạn đang đọc truyện trên: ZingTruyen.Xyz