သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး (၅၀၃ မှ ၈၀၀အထိ)
654+655 Unicode
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၂၇)
ဘာသာပြန်ဆိုသူ:Jelly Candy Flower (ခ) ချိုသင်းမာ
အပိုင်း(၆၅၄)
ယွမ်ရှောင် ကျွန်မ ရှင့်ကို လွမ်းတယ် (၄)
ယွမ်လော့ဖုန်းလည်း နောက်ဆုံးတော့ လက်ကို ဖြေ လျော့ လိုက်ပြီး သူမရဲ့ လက်ချောင်းလေးနဲ့ ဉာဏ်များသော ကောင်လေးရဲ့ ထိလိုက်တယ်။
“ကိုယ့်ကို လေ့ကျင့်ပေးဖို့ပဲ ခွင့်ပြုထားတာ”
သူလည်း ယွမ်လော့ဖုန်းကို လေးနက်သော မျက်ဝန်းများဖြင့်ကြည့်လိုက်တယ်။
သူ့ဘဝ တစ်သက်တာမှာ ဒီမိန်းကလေးတစ်ယောက်တည်းကိုပဲ သူ့အနားချဉ်းကပ်ခွင့် ပြုမယ်… သူမတစ်ယောက်တည်းပဲ သူ့ကို လေ့ကျင့်ပေးနိုင်တယ်။
ယွမ်လော့ဖုန်းလည်း နောက်တစ်ကြိမ် ယွမ်ရှောင်ကိုကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူမရဲ့ခန္ဓာကိုယ် တစ်ကိုယ်လုံးနဲ့ သူ့ခန္ဓာကိုယ်ကို ဖိထားလိုက်တယ်။
သူမရဲ့ မေဖျားက သူ့ပခုံးကို မှီထားပြီး သူမရဲ့မျက်ဝန်းလေးကို အောက်ကို ငေးဆိုက်ကာစကားဆိုလိုက်တယ်။
“ယွမ်ရှောင်… ကျွန်မ ရှင့်ကို လွမ်းတယ်…”
တစ်နှစ်တာ ဝေးကွားမှုကြောင့် သူ့ကို လွမ်းဆွတ် တမ်းတမှုဆိုတာ ဘယ်လိုမှန်း သူ နားလည်လာခဲ့ပါတယ်။
“ဘာလို့ ဒီလို ဖြစ်ရပြန်တာလဲ”
လုကောလည်း နောက်ဆုတ် လိုက်ကာ ကြောက်လန့်သော အကြည့်များနဲ့ ယွမ်ရှောင်ကို ကြည့်လိုက်တယ်။ သူလည်း ခပ်ကြမ်းကြမ်’ တံထွေး မျိုချလိုက်ကာ
“သရဲဘုရင်နဲ့ ယွမ်လော့ဖုန်းတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုများ သိနေလဲ”
“အဖေ… ဘာပြောလိုက်တာလဲ…သရဲဘုရင်က ကျွန်တော်ရဲ့ယောက်ဖ ဖြစ်လာမှာ မဟုတ်ဘူးလား အပျော်မယ်ထက် ပိုဆိုးရွားတဲ့ ယွမ်လော့ဖုန်းက သရဲဘုရင်နဲ့ လိုက်ဖက်ပါ့မလား”
ယွမ်ရှောင် ရောက်လာကတည်းက ပွဲတစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်။ ဒါကြောင့် လုဟောင်ပြောလိုက်တဲ့စကားကို လူတိုင်း ရှင်းရှင်းလင်း ကြားလိုက်ရတယ်။
“ဟောင်အာ…”
လုကောလည်း အော်ဟစ်လိုက်တယ်။
“ပါးစပ် ပိတ်ထားစမ်း…”
သူ့ဘက်က ပထမဆုံးအကြိမ် လုဟောင်ကို ဒေါသထွက်မိတာပါ…သူ အားလုံးကို သည်းခံပေးခဲ့ပါတယ်။ ဒါကြောင့် လုဟောင်ရဲ့အမျက်ဒေါသ ဟုန်ဟုန်တောက်တော့တယ်။
“အဖေ… ကိုယ်တိုင် သရဲဘုရင်က ကျွန်တော်ရဲ့ယောက်ဖ ဖြစ်လာမှာလို့ ပြောခဲ့တာလေ… ကျွန်တော်တို့အတွက် လက်စားချေပေးဖို့ သရဲဘုရင်က ယွမ်လော့ဖုန်းကို သတ်မယ်ဆို… ယွမ်လော့ဖုန်းက သူမရဲ့အမှားအတွက် ပြန်ပေးဆပ်စေချင်တယ်ဆို…. အခု ဘယ်လို ဖြစ်ရတာလဲ…”
လုကောရဲ့နှုတ်ခမ်း အရောင်မဲ့သွားကာ မကြာခဏ သူ့နှုတ်ခမ်းက တုန်ရီတာကြောင့် စကားတစ်ခွန်းမှ မပြောနိုင်ပါ။
ဒီနှစ်တွေမှာ လုဟောင်ကို သူ့ဘက်က အတတ်နိုင်ဆုံး ကာကွယ်ပေးခဲ့ပါ။သူ့ကြောင့်လည်း ဒီကုန်းမြေစုမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်ခဲ့ရတယ်။ အခု… သူ့သားဖြစ်သူက သရဲဘုရင်ကို ရန်စရဲတဲ့အထိည သတ္တိကောင်းနေပြီပေါ့
လုဟောင်ရဲ့အတွေးထဲမှာတော့ သရဲဘုရင်က အခြွေအရံ များစွာနဲ့ ဟိတ်ဟန်ကြီးမားစွာ လာမယ်လို့ ထင်ခဲ့တာပါ…။
အခုတော့ ယွမ်ရှောင်က သူတစ်ယောက်တည်း ရောက်လာတော့ သူ့ဘက်ကလည်း ကျော်ကြားတဲ့ သရဲဘုရင်မှန်း သိပါဦးမလား။
ယွမ်ရှောင်ရဲ့မျက်ဝန်းများက ယွမ်လော့ဖုန်းကို အကြည့်မလွှဲချင်သော်လည်း လုဟောင် မျက်နှာကို လှည့်ကြည့်လိုက်ရတယ်။ ပြင်းထန်သော လူသတ်ချင်စိတ်များကို သူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်နေပြီး ထိုအရှိန်အဝါက စောနကထက် ပိုကြောင်လန့်ဖို့ကောင်းပါတယ်။
ထိုတန်ခိုးအစွမ်းက သူ့အပေါ် ကျရောက်လာတော့ လုဟောင်လည်း ကြောက်ကြောက်လန့်လန့်နဲ့သူ့အဖေနောက်မှာ ပုန်းနေလိုက်ပြီး..သူ့နှုတ်ကို မစောင့်စည်းဘဲ ဒေါနဲ့မောနဲ့ ပြောပြန်တယ်။
“မင်းက မိန်းမပျက် ယွမ်လော့ဖုန်းရဲ့ ချစ်သူ မလား… မင်းက ဆေးမြို့တော်က လူတွေကို ဒီလိုအမူအရာမျိုးနဲ့ ပြုမူရဲတယ်လား…. သရဲဘုရင်ရောက်လာတဲ့နေ့က မင်းရဲ့သေနေ့ ဖြစ်မယ်”
ဖြန်း…
လုကောလည်း လုဟောင်ရဲ့မျက်နှာကို ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်ပြီး တုန်တုန်ရီရီ ပြောလိုက်တယ်။“”
“တောင်းပန်စမ်း”
“အဖေ”
“သရဲဘုရင်ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း”
အစကတော့ လုဟောင်လည်း သူ့အဖေ ပါးရိုက်လို့ ဒေါသထွက်မိသော်လည်း သူ့အဖေပြောလိုက်တဲ့စကားကို ကြားပြီးနောက် သူ့မျက်နှာမှာ ကြောက်လန့်မှု… နာကျင်မှုများ ဖြစ်တည်လာခဲ့တယ်။“”
“အဖေ… ဘာပြောလိုက်တာလဲ… သရဲဘုရင်…ဟုတ်လား…သရဲဘုရင်က ဘယ်မှာလဲ”
လုကောလည်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီ၊ သူ့နှလုံးသားမှာ နောင်တ တရားများ ကြီးစိုးလာရတယ်။ လုဟောင်ကို ဒီလို အခြေအနေ အထိ ရောက်အောင် အလိုလိုက်ခဲ့မိလို့ သူ နောင်တ ရမိပါတယ်။
“ဟောင်အာ…မျက်နှာဖုံးနဲ့လူက သရဲဘုရင်ပဲ”
နေသာတဲ့ နေ့တစ်နေ့မှာ မိုးကြိုးထပစ်လိုက်သလိုပါပဲ လုဟောင်လည်း ခလုတ်တိုက်ကာ မြေကြီးပေါ် လဲကျသွားရတယ်။ နဂိုတည်းက ဖြူစွက်နေတဲ့ မျက်နှာက ရာဂ ကြူးလွန်းလို့ ဖြူဖျော့ နေသလိုပါပဲ။
“အဖေ… ကျွန်တော်ကို နောက်နေတာမလား…သရဲဘုရင်က ကျွန်တော်ရဲ့ယောက်ဖလေ…ဒါဆို… ယွမ်လော့ဖုန်းရဲ့ချစ်သူ ဖြစ်နိုင်ပါ့မလား”
Chapter-654
End
အပိုင်း(၆၅၅)
ဆေးမြို့တော်ရဲ့ ကံကြမ္မာ (၁)
လုကောလည်း လုဟောင်ရဲ့ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ သူ့မျက်ဝန်းများကို မှေးစဉ်းလျက် သက်ပြင်းချလိုက်တယ်။လုဟောင် မပြောနဲ့ သူကိုယ်တိုင်တောင် သူမျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကို ယုံကြည်ဖို့ ခဲယဉ်းနေပါတယ်။
နို့လက်ဖက်ရည်လေးလည်း လုရာထင် တိတ်တဆိတ် ထွက်ပြေးတော့မှာကို သတိထားမိတာကြောင့် ချက်ချင်း ပြေးခုန်သွားလိုက်တယ်။ တကျွီကျွီမြည်သံနဲ့ သူမအနားကို ပြေးလွှားသွားလိုက်ပြီး သူမရဲ့ ခြေသလုံးကို ချွန်မြသော သွားများနဲ့ ကိုက်ချလိုက်တယ်။
“အား…”
လုရာထင်လည်း နာကျင်လွန်းလို့ အသံကုန် အော်ဟစ်လိုက်တယ်။ ချက်ချင်းပဲ အားလုံးရဲ့အကြည့်က သူမဆီ ကျရောက်လာခဲ့ပြန်တော့…။
ပွဲကျင်းပရာ နေရာတစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ပြီ….
အားလုံးက သူမကို ကြည့်နေတော့ သူမရဲ့နှုတ်ခမ်းက မသိမသာ တုန်ရီနေခဲ့ပြီး သူမရဲ့သွေးထွက်နေတဲ့ ခြေထောက်များကို ကုသဖို့ အချိန်မရှိဘူး… ကြောက်ကြောက်လန့်လန့်နဲ့ နောက်သို့ ဆုတ်လိုက်တယ်။
လှည့်မထွက်သွားခင်မှာ နို့လက်ဖက်ရည်လေးလည်း ခေါင်းမော့ကာ လုရာထင်ကို ကတိုက်ကရိုက် ကြည့်ပြီး ယွမ်လော့ဖုန်းအနား အပြေးအလွှား သွားလိုက်တယ်။
“မင်းက လောဖူးကျောင်းတော်ရဲ့ တပည့်လား”
လန်ဟုန်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။
လုရာထင်ရဲ့ မျက်နှာက ကျောက်ရုပ်လို ဖြစ်သွားပြီး ဒီနေရာက မြန်မြန်ထွက်သွားနိုင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။
“သမားတော်အဖွဲ့အစည်းအတွင်းမှာ မင်းရဲ့အဆင့်အတန်းနဲ့ ပြိုင်ပွဲကို လာနိုင်တဲ့ အခွင့်အရေး မရှိလောက်ဘူး… ပြိုင်ပွဲကို လာခွင့် မင်းကို ဘယ်သူ ပေးလိုက်တာလဲ”
လန်ဟုန်လည်း ဟူပိုကို ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူ့မျက်ဝန်းအကြည့်ရဲ့ အဓိပ္ပါယ်ကတော့ ရှင်းလင်းပါတယ်။
အခြေအနေ မဟန်မှန်း သိတာကြောင့် ဟူပိုလည်း ချက်ချင်း ဒူးထောက်လိုက်ပြီး တုန်တုန်ရီရီ ပြောလိုက်တယ်။
“အကြီးအကဲလန်ဟုန်…ဆရာ…. တပည့် တာဝန်ကို မကျေပွန်ခဲ့ပါဘူး…တပည့် ပေါ့လျော့မိလို့ ဒီကောင်မလေး ခိုးဝင်ခဲ့တာပါ… အခုချက်ချင်း သူမကို မောင်းထုတ်ဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်ပါမယ်”
ဟူပိုဘက်က သူ့ကို လာဘ်ထိုးထားတယ်လို့သာ ပြောလိုက်ရင် သူမအတွက် ဖြေရှင်းစရာ လမ်းစဆုံးပါပြီ။ဒါပေမဲ့ တာဝန်မယူချင်လို့ ဟူပိုဘက်က ခိုးဝင်တယ်လို့ပြောလိုက်တော့ သူမအတွက် အခွင့်အရေး ပေးလိုက်သလိုပါပဲ။
သူမလည်း အံကြိတ်ကာ သနားစဖွယ် ပုံစံနဲ့ ဒူးထောက်ကာ ရှိုက်ကြီး တငင် ငိုကာ ပြောလိုက်တယ်။
“အကြီးအကဲ လန်ဟုန်… အကြီးအကဲသင်းလျန်… ဒါတွေ အားလုံးက ကျွန်မ အမှားပါ… အစ်ကိုဟူပိုနဲ့ ဘာမှ မသက်ဆိုင်ပါဘူး”
ဟူပိုလည်း လုရာထင်ကို တအံ့သြကြည့်လိုက်… အပြစ်အားလုံးကို ခံယူမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့လည်း သူမ နောက်ဆက်တွဲ ပြောလိုက်တဲ့ စကားက သူ့မျက်နှာထားကို ချက်ချင်း ပြောင်းလဲသွားစေတယ်။
“အစ်မလုရာထင်အတွက် ကျွန်မရဲ့နှလုံးသား နာကျင်မိပါတယ်…သူမလို ထူးချွန်ထက်မြတ်တဲ့ မိန်းကလေးက ဒီလို ကံကြမ္မာမျိုး မတွေ့ကြုံသင့်ပါဘူး”
လုရာထင်လည်း ခေါင်းငုံ့ထားပြီး သရဲဘုရင်အနားကို အလျင်စလို ပြေးသွားလိုက်တယ်။
“သရဲဘုရင်…ကျွန်မ တောင်းပန်ပါတယ်နော်… အရှင် တစ်ယောက်တည်းပဲ အစ်မရာထင်ကို ကယ်တင်ပေးနိုင်မှာပါ… သူမရဲ့ရုပ်ရည်က ယွမ်လော့ဖုန်းထက် ပိုလှပါတယ်”
သူမလည်း ဆက်မပြောခင်မှာ ခဏရပ်တန့်လိုက်တယ်။
“ဒီပြင် လုဟောင်က အရှင့်ကို ယောက်ဖလို့ ခေါ်တာ အစ်မရာထင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး.. ဆေးမြို့တော်က အရင်ဆုံး ပြဿနာရှာတာပါ…ဆေးမြို့တော်ကလူတွေက အရှင့်ကို ဖြားယောင်ဖို့ အစ်မကို အတင်းခိုင်းစေလေ့ရှိပါတယ်… ဒါပေမဲ့ အစ်မရာထင်က လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို လေးစား တန်ဖိုးထားသူပါ… ဒါကြောင့် သူမက စာရိတ္တ ပျက်ပြားစေမယ့် ကိစ္စမျိုး မလုပ်ပါဘူး…သူမက အပြစ်ကင်းစင်ပါတယ်… ဖြူစင်ပါတယ်”
ယွမ်လော့ဖုန်းလည်း ပြုံးကာ ယွမ်ရှောင်ရှေ့မှာ ဝပ်တွားခယနေတဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။
“ရှင် စကားတစ်ခွန်းကို ကြားဖူးလား”
“ဘာများလဲ”
လုရာထင်လည်း လန့်ဖျပ်သွားရတယ်။
“အဘွားဝမ်က ဖရဲသီးတွေ ရောင်းတော့ သူမက ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး ကြွားရောင်းတတ်တယ်လေ… ရှင့်ကိုယ် ရှင် ရောင်းစားချင်ရင်တောင် ကိုယ့်ဘာသာ ချီမွမ်းနေစရာ မလိုပါဘူး”
“နင် ဘာမဟုတ်မမှန်ပြောနေတာလဲ…”
လုရာထင်ရဲ့မျက်နှာက အရောင်မဲ့သွားခဲ့ပြီး ဒေါကန်ကာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။
“ယွမ်လော့ဖုန်း နင့်လို ရက်စက်ပြီး အကြင်နာကင်းမဲ့တဲ့ မိန်းမမျိုးက သရဲဘုရင်နဲ့ မလိုက်ဖက်ဘူး… နင်က အစ်မရာထင်ကို မနာလို ဖြစ်နေတာလား…”
သူမ အသက်ရှင်ချင်ရင် သရဲဘုရင်က သူမရဲ့တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ။ ဒါကြောင့် လက်ရှိလုရာထင်က အရင်လောက် ကျိုးကြောင်း မစဉ်းစားဘဲ…စကားကို ကမူးရှူးထိုး ပြောနေတယ်။
“ငါ ပြောတာကို နားလည်မယ်လို့ ထင်ထားတာ…”
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ကို ဖြည်းဖြည်းချင်း တွန်းဖယ်လိုက်ပြီး ညစ်ကျယ်ကျယ် ပြုံးကာ ပြောလိုက်တယ်။
“လုရာထင်… နင့်ကိုယ်နင် ဂုဏ်ဖော်နေရင်တောင် နင့်ကိုယ်နင် မရောင်းစားနိုင်ဘူး”
Chapter-655
End
Bạn đang đọc truyện trên: ZingTruyen.Xyz