ZingTruyen.Xyz

ဂျပလွတ်အပေါ်သက်ဝင်ပြို ငါ၏မေတ္တာအဟုန်

အပို္င္း ၅

HsuChiKo365

"အိုး"

စာျကည့္ေနရင္းမွ မ်က္လံုးေတြေညာင္း
လာ၍ ဖုန္းေကာက္ကိုင္ပါတယ္။
ငါ့ကို ေသြးတက္ေအာင္လုပ္ေနတာေတြ
နဲ႔ တန္းတိုးသည္။ ေဘာလံုးကိုေျခေထာက္ျဖင့္ ကန္သည့္ပြဲကသာျပီးသြားတယ္။
ကီးဘုတ္နဲ႔ ကန္ေနႀကသူမ်ားကမျပီးေသး

ေမဂ်ာလိုက္ေခါင္းေဆာင္မ်ားႏွင့္ အျပန္
အလွန္သူငယ္ခ်င္းျဖစ္ေနရေသာ သမဂၢ
အဖြဲ႕ဝင္ ငါက ဒါေတြကိုမျမင္မေတြ႔
ခ်င္လို႕လည္းမရ။ Unfollowထားဖို႕က
လည္း ဘာေနေန ဖုန္းဆက္ေျပာဖို႕
Bill ႏွေမ်ာလ်က္ fbေပၚကေနဘဲ ေျကာ္
ျငာတတ္သူမ်ားမို႔ ငါကား မတတ္နိုင္။

"ယုတၱိမရွိတာေတြကြာ"

ေက်ာင္းpage က အဆဲျပိဳင္ပြဲ ခ်န္ပီယံ
ေရြးခ်ယ္ပြဲအလား မိုးကိုမႊန္လို႕။ နဂို
တည္းက ငါတို႕လို ေယာက်ာ္းေလးအင္
အားနည္းတဲ့ Archi က အရံႈးကိုဒုသား
ေပသားက် လက္ခံနိုင္ေနတာ ရာဇဝင္
ခ်ီေနျပီ။
ဟိုေန႔ကလည္း အုပ္စုပြဲစဥ္မွာ Civilနဲ႔
ေတြ႔တယ္။ ေမးေနစရာကို မလိုဘူး။
ရံႈးတာပဲ။ ေဘာလံုးရာသီမစခင္က ငါ
အျကံဝင္ေပးပါေသးတယ္။ Civil နဲ႔
Archiဆိုတာ ေမာင္ႏွမ ေမဂ်ာလိုျဖစ္ေန
ေတာ့ ႏွစ္ေမဂ်ာေပါင္းတစ္သင္းထြက္မ
လားဆိုေတာ့ Civilေတြကပါ ေခါင္းတခါ
ခါ လက္တခါခါနဲ႔။ ငယ္သူငယ္ခ်င္းေတြ
ပါ ပါေနေတာ့။ ငါ အစည္းအေဝးလည္း
ျပီးေရာ ဖုန္းဆက္ျပီးကို ေကာေပးလိုက္
တယ္။ အဲ့တည္းက ငါတို႕ ရံႈးလည္း မ
ေလွာင္နဲ႔ဆိုျပီး အငယ္ေတြကို ထိန္းတာ
မေန႔က ေအးေဆး။ ခုက ဆီမီးဖိုင္နယ္
မွာ EP နဲ႔ Civilေတြ႔တာ။ ဆဲလို႔ကိုမဆံုး
နိုင္ေတာ့တာ။ EP , EC နဲ႕ ME က လည္း
ေသြးေသာက္အလားဆိုေတာ့။ ဒါက
လည္း ECမွာက မိန္းကေလးမ်ားေတာ့
MEက ေတာ္ေတာ္မ်ားမ်ားနဲ႔က ဂေဟ
ဆက္ ။ ဆားကစ္ဆက္ ထားျကေတာ့
ပြဲကို ဆူေနေရာ။ အဲ့ဒါအေရးမဟုတ္ေပ
မဲ့ အဲ့ မိုးေျမသိမ့္သိမ့္တုန္ေစမဲ့ အဆဲပြဲ
ျကီးထဲ ငါ့ ဂ်ပလြတ္accျကီးကို ျပဴးေန
ေအာင္ေတြ႔ေနရတာပဲ။
ဒီဟာမေလးက ပြဲတိုင္းေက်ာ္ လူေမာ္
လုပ္ခ်င္တာ။ ဇြဲ ၊လံု႔လ ၊ ဝီရိယ က
နင့္ အေမ... ငါ ေျပာလိုက္ရမေကာင္း
ဘူး။

သူတစ္ျပန္ငါတစ္ျပန္ ငယ္က်ိဳးငယ္နာ
ေဖာ္ျပီးရန္ျဖစ္တတ္တဲ့ အက်င့္ ငါနဲ႔ရမွ
အျမစ္ကေန ႏႈတ္ေပးမယ္။ ငါလည္း နဂို
တည္းက စိတ္မျကည္လို႔ ဒီဟာေလး
wallထဲဝင္ျပီးကို Unfriend ျဖစ္ထား
တယ္။ ဟုတ္ပါတယ္။ ငါပဲ သြားrequest
ပို႕ျပီး ငါပဲ အရင္ unfriendလိုက္တာပဲ
နင္ ေယာက်ာ္းဘသားေတြနဲ႔အျပိုင္ဆဲေနဆိုေနတဲ့ နင့္ကို ေတြ႔ေနမဲ့ အစား ငါပဲ
စိတ္မမွန္တဲ့ မိန္းမသားလုပ္လိုက္ေတာ့
မယ္။

စကားေလးဘာေလးေျပာျပီး ႀကဴရမလား
ေတြးပါတယ္။ တစ္ေန႔တစ္ေန႔ Deေန
တာေတြ႔ရတာ အခါ ၆ေသာင္း။ ရန္ျဖစ္
ေနတဲ့ post က အခါ ၈ေသာင္းနဲ႔ ဘာ
မွန္းမသိတဲ့ စကားအသံုးအႏႈန္းေတြနဲ႔
တရုတ္ ၊ ကိုရီးယား ၊ ထိုင္း မွ အဆင္
တစ္သိန္းပံုေတြကို ပတ္တင္ေနတာက
အခါ ၈သိန္း၈ေသာင္း။ အေသာကမင္း
ျကီးရဲ႕ ၈ေသာင္းေလးေထာင္ေသာ
ကုသိုလ္ျပဳမႈေတာင္ သူ႔wallေပၚက ပို႔စ္
ေတြကို ယွဥ္နိုင္မယ္မထင္ဘူး။
သူ႔ပံုေလးမ်ားေတြ႔မလားလို႕ my day
ဝင္ျကည့္လည္း ဒါေတြပါပဲ။ ေတာ္ေတာ္
ေလး ရွာေဖြေမႊေႏွာက္လို႕မွ ေတြ႔လာတာ
၃ပံုတည္း။ ဒါေတာင္ သူ႔အေပါင္းအသင္း
ေတြ ေဆးထိုးထားတဲ့ စာသင္ရင္း ပါးစပ္
ျကီးဖြင့္ျပီး ငိုက္ေနပံုနဲ႔ ထန္းေတာထဲ
တမီတလႊားလႊားနဲ႔ ပတ္ေျပးေနပံု။
ငါလည္း ႀကိဳက္ေနရသူဆိုေတာ့ ရွိတဲ့ ေဆးပံုသံုးပံုကိုပဲ တခုတ္တရ Albumဖြဲ႕
ျပီး စုေဆာင္းရတာပါပဲ။

ဒီဟာေလး ေယာက်ာ္းႀကိဳက္တဲ့ စေကး
က နည္းမွမနည္းဘဲ။ ေကာင္းပါတယ္။
မရနိုင္တဲ့လူေတြကို ႀကိဳက္ေနတာေတြ႔ရ
ေတာ့လည္း ငါ ခ်စ္လို႕ရေသးတယ္
လို႕ပဲ ေတြးမိတယ္။
နင္က နင့္ ကမၻာတစ္ပတ္အဆင္
တစ္သိန္းကိုႀကိဳက္ပါ။ ငါက အဆင္တစ္
သိန္းငမ္းရင္း မအားမလပ္ျဖစ္ေနတဲ့နင့္
ကို ျပန္ငမ္းေပးပါ့မယ္။
ဆဲတာေလးေတာ့ နည္းနည္းေလွ်ာ့
ေအာင္လည္း ႀကိဳးစားျကည့္မယ္ျကံရြယ္
ရင္းေပါ့။

                      ***
"နင္ တို႕ကို ငါ မသိဘူး ငလူး"

ဟင္! ေအာ္သံျကီး။ ဒါ ဓမၼာရံုနားက
ထြက္လာတဲ့ အသံ။ ဥပုလ္ေန႔ ဝတ္ရြတ္
ဖို႔ အသြား ျကားလိုက္ရတဲ့ အသံ။ ဘယ္
သူမွန္းခ်က္ခ်င္းသိတယ္။

မေန႔ညက မိုးမႊန္ေအာင္ဆဲထားမွေတာ့
အခု ျပႆနာျဖစ္ေနမိေပါ့။ ဒီငတိမေလး
နဲ႔ေတာ့။ ငါ့မွာ ပ႒ာန္းစာအုပ္ကိုပိုက္။
ငါ ကိုယ္တိုင္ထိုးထားတဲ့ သိုးေမႊးသဘတ္
ေလးကို ျမဲေအာင္ ရံုျပီး ေက်ာင္းဓမၼာရံု
ေနာက္ေျပးရတာ။ ထမီေတာင္ မရေသး။
ျမန္ျမန္မေရာက္မွာစိုးလို႕။

ေတြ႔လိုက္ပါျပီ။ တစ္ဖက္က ပန္းေရာင္ ဆြဲျခင္း ကိုင္ ။ အျပာေတာက္ေတာက္
စလင္းဘတ္အိတ္ျကီးကို ေဘးတေစာင္း
လြယ္ျပီး ထမီကို အလံထူမလို မ ထား
ေသာ ငါ၏ ဂ်ပိန္ေညွာင္ မေလး။ လူေလး
ကသာ ျဖဴျဖဴညွက္ညွက္ ။ သူနဲ႔ ရင္ဆိုင္
ေတြ႔ေနရတာက ငါ့အရပ္ထက္ေတာင္
ရွည္ေနေသာ အေကာင္သုံးေကာင္။
ခပ္လွမ္းလွမ္းက ျမင္တာေတာင္ ဒီဟာ
ေလး ေျကာက္ေနမွန္းသိသာတယ္။

ပါးစပ္ကသာ ေလွ်ာက္ျပီးေလက်ယ္ေန
ေပမဲ့ ဂုတ္ဝဲဆံပင္တိုတိုေလးေတြမွာ
ေခြ်းေစးေတြ ရႊဲ။ မျဖစ္ေတာ့။
ငါ သူတို႕အနား ခပ္တည္တည္နဲ႔
ေလွ်ာက္သြားလိုက္တယ္။ လက္ထဲက
ပ႒ာန္းစာအုပ္ကို ထင္သာျမင္သာရွိ
ေအာင္လည္း ပိုက္ထားရေသးတယ္။
ေယာဂီသဘတ္ေလးရံုျပီး ဆင္မယဥ္သာ
ေျခလွမ္းေတြနဲ႔ ေလွ်ာက္လာတဲ့ ငါ့ကို
ေတြ႔ေတာ့ ဂ်ပလြတ္ရဲ႕ အက်ီ ၤစကို လည္
ပင္းကေန ဆြဲကိုင္ထားတဲ့ အေကာင္က
အရင္ လက္လႊတ္လိုက္တယ္။ အေယာင္
ေယာင္အမွားမွား နဲ႔ပဲ
အံ့ႀသသြားသလို ပါးစပ္ေလးကို  အိုလို
ဝိုင္းျပီး လက္နဲ႔ကာ ပခံုးသားေလးနည္း
နည္းတုန္တက္ျပေသာ ငါ့ကို ေျကာင္စီ
စီနဲ႔ ျပိုင္ျကည့္တယ္။

ဂ်ပလြတ္လည္း ငါ့ကိုေတြ႔သြားျပီ။ လွမ္း
ျကည့္လိုက္ေသာ မ်က္လံုးဝိုင္းေလးက
ေတာက္ခနဲ လဲ့သြားတယ္။ အားကိုး
ေတြ႔ျပီ ဆုိတာမ်ိဳးေလး။ နင္ေလးလည္း
တကယ္ လုပ္တတ္တယ္။
ဒါမ်ိဳးေလးေတြေျကာင့္ပဲ ငါဆိုတာက
လည္း သူ႕အနား အေျပးေလးသြားတာ
ေမေမတို႕ေခတ္က ခင္ယုေမစတိုင္
နဲ႔ေပါ့။ သူ႕ ပခံုးကို ကိုင္လိုက္ျပီးမွ

"ညီမေလး ဘာျဖစ္လို႕လဲ ဟင္" ဆိုျပီး
ေမးရသည္။ ဒီအခ်ိန္မွာ ငါ့ပံုစံက တ
ကယ့္ ေရွးမင္းသမီးစတိုင္ပဲ။

"မမ က ညီမေလး ကို လိုက္ရွာေနတာ"

ဟိုအေကာင္ေတြ ေႀကာင္အေနတုန္း
ငါ သူ႕တို႕ဆီကို မခို႔တယို႕ေလးနဲ႔ပဲ
တစ္ခ်က္ေဝ့ျကည့္ျပီး

"ဘာ ဘာျဖစ္ျကတာလဲဟင္" ဆိုတာကို
အဖ်ားတက္ေနတဲ့ အသံနဲ႔ကို တမင္
လုပ္ေျပာလိုက္ေတာ့

ဟိုေကာင္ေတြ မေျဖနိုင္ေသး။ ေအးေပါ့
The Whole Queen ကို ေတြ႔ေနရ
တာေလ။ ျပီးေတာ့ ငါ့ရဲ႕ အႏူးညံ့ဆံုး
အခ်ိန္ျဖစ္တဲ့ ဝတ္ျပဳမယ့္အခ်ိန္ဆိုေတာ့
တစ္ေကာင္ဆို ဟန္ေတာင္မေဆာင္နိုင္
ဘူး။ ငါ့ကို ႀကည့္တာ။
ဟိုေကာင္ေတြ မေျဖခင္ ဂ်ပလြတ္က
အရင္ဦးေအာင္တိုင္တယ္။

"မီး ကို သူတို႕ေတြ လိုက္ေႏွာင့္ယွက္ေန
တာ"

အမယ္ ။ ကေလးမသာစတိုင္ခ်က္ခ်င္း
ဖမ္းျပီး ဟိုေကာင္တစ္ေကာင္ခ်င္းစီကို
လက္ညွိဳးထိုးေသး။ ပါးစပ္ကလည္း သူ
တို႕ သူတို႕ နဲ႔။ အား... ငါအသည္းယား
လာတာ ။ နရင္းပါအုပ္ခ်င္လာတယ္
ေသာက္ကေလးမေလး။

သူလည္း အဲ့လိုတိုင္ေရာ ဟိုေကာင္ေတြကျငိမ္မေနေတာ့။

"ဘာလဲ ။ နင္ပဲ ငါ့တို႕ကို သတၱိရွိရင္
လိုင္းေပၚမွာ ဆဲမေနန႔ဲ။ လူခ်င္းခ်မယ္
ဆိုျပီး စိန္ေခၚတာေလ"

"အဲ...ခ်စရာလား။ ျပီးေတာ့ နင္တို႕က
one one မခ်ဘဲ အုပ္လိုက္နဲ႔ ငါတစ္
ေယာက္တည္းရွိခ်ိန္ကို လာျပီးဖမ္းတာ
ေလ"

ဟိုေကာင္ေတြ ပါးစပ္ျပင္စဥ္ ငါ အျမန္
လွမ္းတားလိုက္တယ္။

"ကဲ ကဲ ။ လာလာ မမ ကို ညီမေလးပဲ
မေန႔က ဝတ္ရြတ္သင္ေပးဆိုလို႕ မမက
ညီမေလးတို႕ ေမဂ်ာထိေတာင္လာရွာ
ေသးတယ္။ လာ လာ"

အတင္း ဂုတ္ကေန မကိုင္ရံုတမယ္ ဆြဲ
ေခၚေတာ့ အူတူတူ နဲ႔ ပါလာတယ္။
ဒီလိုနဲ႔ပဲ ဟိုေကာင္ေတြကို နားလည္ေပး
ပါဆိုတဲ့ အျပံဳးေအးေအးတစ္ခုနဲ႔ ေခြ်း
သိပ္ ၊ ဂ်ပလြတ္ကို ဂုတ္ကေနဆြဲျပီး
ငါတို႕ ဝတ္ရြတ္အသင္းထဲ ဆြဲထည့္လိုက္
ရတာပါပဲ။

ကဲ နင္ေလး ေျပးစမ္း။

Thank You All

(Unicode version)

>

>

>

"အိုး"

စာကြည့်နေရင်းမှ မျက်လုံးတွေညောင်း
လာ၍ ဖုန်းကောက်ကိုင်ပါတယ်။
ငါ့ကို သွေးတက်အောင်လုပ်နေတာတွေ
နဲ့ တန်းတိုးတော့တာပဲ။ ဘောလုံးကိုခြေထောက်နဲ့ ကန်တဲ့ပွဲကသာပြီးသွားတယ်။
ကီးဘုတ်နဲ့ ကန်နေကြသူများကမပြီးသေးဘူး။

မေဂျာလိုက်ခေါင်းဆောင်များနဲ့ အပြန်
အလှန်သူငယ်ချင်းဖြစ်နေရသော သမဂ္ဂ
အဖွဲ့ဝင် ငါက ဒါတွေကိုမမြင်မတွေ့
ချင်လို့လည်းမရ။ Unfollowထားဖို့က
လည်း ဘာနေနေ ဖုန်းဆက်ပြောဖို့
ဘေလ်နှမျောလျက် ဖေ့ဘုတ်ခ်ပေါ်ကနေဘဲ ကြေငြာတတ်သူများမို့ ငါ မတတ်နိုင်။

"ယုတ္တိမရှိတာတွေကွာ"

ကျောင်းပေ့ချ်က အဆဲပြိုင်ပွဲ ချန်ပီယံ
ရွေးချယ်ပွဲအလား မိုးကိုမွှန်လို့။ နဂို
တည်းက ငါတို့လို ယောကျာ်းလေးအင်
အားနည်းတဲ့ အာခီ က အရှုံးကိုဒုသား
ပေသားကျ လက်ခံနိုင်နေတာ ရာဇဝင်
ချီနေပြီ။
ဟိုနေ့ကလည်း အုပ်စုပွဲစဉ်မှာ ဆေဗယ်နဲ့တွေ့တယ်။ မေးနေစရာကို မလိုဘူး။
ရှုံးတာပဲ။ ဘောလုံးရာသီမစခင်က ငါ
အကြံဝင်ပေးပါသေးတယ်။ ဆေဗယ် နဲ့
အာခီဆိုတာ မောင်နှမ မေဂျာလိုဖြစ်နေ
တော့ နှစ်မေဂျာပေါင်းတစ်သင်းထွက်မ
လားဆိုတော့ ဆေဗယ်တွေကပါ ခေါင်းတခါ
ခါ လက်တခါခါနဲ့။ ငယ်သူငယ်ချင်းတွေ
ပါ ပါနေတော့။ ငါ အစည်းအဝေးလည်း
ပြီးရော ဖုန်းဆက်ပြီးကို ကောပေးလိုက်
တယ်။ အဲ့တည်းက ငါတို့ ရှုံးလည်း မ
လှောင်နဲ့ဆိုပြီး အငယ်တွေကို ထိန်းတာ
မနေ့က အေးဆေး။ ခုက ဆီမီးဖိုင်နယ်
မှာ အီးပီနဲ့ ဆေဗယ်တွေ့တာ။ ဆဲလို့ကိုမဆုံး
နိုင်တော့တာ။ အီးပီ , အီးစီ နဲ့ အမ်အီး က လည်းသွေးသောက်အလားဆိုတော့။ ဒါက
လည်း အီစီမှာက မိန်းကလေးများတော့အမ်အီးက တော်တော်များများနဲ့က ဂဟေ
ဆက် ။ ဆားကစ်ဆက် ထားကြတော့
ပွဲကို ဆူနေရော။ အဲ့ဒါအရေးမဟုတ်ပေ
မဲ့ အဲ့ မိုးမြေသိမ့်သိမ့်တုန်စေမဲ့ အဆဲပွဲ
ကြီးထဲ ငါ့ ဂျပလွတ်ကို ပြူးနေအောင်တွေ့နေရတာပဲ။
ဒီဟာမလေးက ပွဲတိုင်းကျော် လူမော်
လုပ်ချင်တာ။ ဇွဲ ၊လုံ့လ ၊ ဝီရိယ က
နင့် အမေ... ငါ ပြောလိုက်ရမကောင်း
ဘူး။

သူတစ်ပြန်ငါတစ်ပြန် ငယ်ကျိုးငယ်နာ
ဖော်ပြီးရန်ဖြစ်တတ်တဲ့ အကျင့် ငါနဲ့ရမှ
အမြစ်ကနေ နှုတ်ပေးမယ်။ ငါလည်း နဂို
တည်းက စိတ်မကြည်လို့ ဒီဟာလေး
ဝေါ်လ်ထဲဝင်ပြီးကို Unfriend ဖြစ်ထား
တယ်။ ဟုတ်ပါတယ်။ ငါပဲ သွားrequest ပို့ပြီး ငါပဲ အရင် unfriendလိုက်တာပဲ။
နင် ယောကျာ်းဘသားတွေနဲ့အပြိုင်ဆဲနေဆိုနေတဲ့ နင့်ကို တွေ့နေမဲ့ အစား ငါပဲ
စိတ်မမှန်တဲ့ မိန်းမသားလုပ်လိုက်တော့
မယ်။

စကားလေးဘာလေးပြောပြီး ကြူရမလား
တွေးပါတယ်။ တစ်နေ့တစ်နေ့ ဒီ နေ
တာတွေ့ရတာ အခါ ၆သောင်း။ ရန်ဖြစ်
နေတဲ့ ပို့စ် က အခါ ၈သောင်းနဲ့ ဘာ
မှန်းမသိတဲ့ စကားအသုံးအနှုန်းတွေနဲ့
တရုတ် ၊ ကိုရီးယား ၊ ထိုင်း မှ အဆင်
တစ်သိန်းပုံတွေကို ပတ်တင်နေတာက
အခါ ၈သိန်း၈သောင်း။ အသောကမင်း
ကြီးရဲ့ ၈သောင်းလေးထောင်သော
ကုသိုလ်ပြုမှုတောင် သူ့ဝေါ်လ်ပေါ်က ပို့စ်တွေကို ယှဉ်နိုင်မယ်မထင်ဘူး။
သူ့ပုံလေးများတွေ့မလားလို့ my day
ဝင်ကြည့်လည်း ဒါတွေပါပဲ။ တော်တော်
လေး ရှာဖွေမွှေနှောက်လို့မှ တွေ့လာတာ
၃ပုံတည်း။ ဒါတောင် သူ့အပေါင်းအသင်း
တွေ ဆေးထိုးထားတဲ့ စာသင်ရင်း ပါးစပ်
ကြီးဖွင့်ပြီး ငိုက်နေပုံနဲ့ ထန်းတောထဲ
တမီတလွှားလွှားနဲ့ ပတ်ပြေးနေပုံ။
ငါလည်း ကြိုက်နေရသူဆိုတော့ ရှိတဲ့ ဆေးပုံသုံးပုံကိုပဲ တခုတ်တရ အယ်ဘန်လ်ဖွဲ့ပြီး စုဆောင်းရတာပါပဲ။

ဒီဟာလေး ယောကျာ်းကြိုက်တဲ့ စကေး
က နည်းမှမနည်းဘဲ။ ကောင်းပါတယ်။
မရနိုင်တဲ့လူတွေကို ကြိုက်နေတာတွေ့ရ
တော့လည်း ငါ ချစ်လို့ရသေးတယ်
လို့ပဲ တွေးမိတယ်။
နင်က နင့် ကမ္ဘာတစ်ပတ်အဆင်
တစ်သိန်းကိုကြိုက်ပါ။ ငါက အဆင်တစ်
သိန်းငမ်းရင်း မအားမလပ်ဖြစ်နေတဲ့နင့်
ကို ပြန်ငမ်းပေးပါ့မယ်။
ဆဲတာလေးတော့ နည်းနည်းလျှော့
အောင်လည်း ကြိုးစားကြည့်မယ်ကြံရွယ်
ရင်းပေါ့။

***
"နင် တို့ကို ငါ မသိဘူး ငလူး"

ဟင်! အော်သံကြီး။ ဒါ ဓမ္မာရုံနားက
ထွက်လာတဲ့ အသံ။ ဥပုလ်နေ့ ဝတ်ရွတ်
ဖို့ အသွား ကြားလိုက်ရတဲ့ အသံ။ ဘယ်
သူမှန်းချက်ချင်းသိတယ်။

မနေ့ညက မိုးမွှန်အောင်ဆဲထားမှတော့
အခု ပြဿနာဖြစ်နေမိပေါ့။ ဒီငတိမလေး
နဲ့တော့။ ငါ့မှာ ပဋ္ဌာန်းစာအုပ်ကိုပိုက်။
ငါ ကိုယ်တိုင်ထိုးထားတဲ့ သိုးမွှေးသဘတ်
လေးကို မြဲအောင် ရုံပြီး ကျောင်းဓမ္မာရုံ
နောက်ပြေးရတာ။ ထမီတောင် မရသေး။
မြန်မြန်မရောက်မှာစိုးလို့။

တွေ့လိုက်ပါပြီ။ တစ်ဖက်က ပန်းရောင် ဆွဲခြင်း ကိုင် ။ အပြာတောက်တောက်
စလင်းဘတ်အိတ်ကြီးကို ဘေးတစောင်း
လွယ်ပြီး ထမီကို အလံထူမလို မ ထား
သော ငါ၏ ဂျပိန်ညှောင် မလေး။ လူလေး
ကသာ ဖြူဖြူညှက်ညှက် ။ သူနဲ့ ရင်ဆိုင်
တွေ့နေရတာက ငါ့အရပ်ထက်တောင်
ရှည်နေသော အကောင်သုံးကောင်။
ခပ်လှမ်းလှမ်းက မြင်တာတောင် ဒီဟာ
လေး ကြောက်နေမှန်းသိသာတယ်။

ပါးစပ်ကသာ လျှောက်ပြီးလေကျယ်နေ
ပေမဲ့ ဂုတ်ဝဲဆံပင်တိုတိုလေးတွေမှာ
ချွေးစေးတွေ ရွှဲ။ မဖြစ်တော့။
ငါ သူတို့အနား ခပ်တည်တည်နဲ့
လျှောက်သွားလိုက်တယ်။ လက်ထဲက
ပဋ္ဌာန်းစာအုပ်ကို ထင်သာမြင်သာရှိ
အောင်လည်း ပိုက်ထားရသေးတယ်။
ယောဂီသဘတ်လေးရုံပြီး ဆင်မယဉ်သာ
ခြေလှမ်းတွေနဲ့ လျှောက်လာတဲ့ ငါ့ကို
တွေ့တော့ ဂျပလွတ်ရဲ့ အကျီ ၤစကို လည်
ပင်းကနေ ဆွဲကိုင်ထားတဲ့ အကောင်က
အရင် လက်လွှတ်လိုက်တယ်။ အယောင်
ယောင်အမှားမှား နဲ့ပဲ
အံ့သြသွားသလို ပါးစပ်လေးကို အိုလို
ဝိုင်းပြီး လက်နဲ့ကာ ပခုံးသားလေးနည်း
နည်းတုန်တက်ပြသော ငါ့ကို ကြောင်စီ
စီနဲ့ ပြိုင်ကြည့်တယ်။

ဂျပလွတ်လည်း ငါ့ကိုတွေ့သွားပြီ။ လှမ်း
ကြည့်လိုက်သော မျက်လုံးဝိုင်းလေးက
တောက်ခနဲ လဲ့သွားတယ်။ အားကိုး
တွေ့ပြီ ဆိုတာမျိုးလေး။ နင်လေးလည်း
တကယ် လုပ်တတ်တယ်။
ဒါမျိုးလေးတွေကြောင့်ပဲ ငါဆိုတာက
လည်း သူ့အနား အပြေးလေးသွားတာ
မေမေတို့ခေတ်က ခင်ယုမေစတိုင်
နဲ့ပေါ့။ သူ့ ပခုံးကို ကိုင်လိုက်ပြီးမှ

"ညီမလေး ဘာဖြစ်လို့လဲ ဟင်" ဆိုပြီး
မေးရသည်။ ဒီအချိန်မှာ ငါ့ပုံစံက တ
ကယ့် ရှေးမင်းသမီးစတိုင်ပဲ။

"မမ က ညီမလေး ကို လိုက်ရှာနေတာ"

ဟိုအကောင်တွေ ကြောင်အနေတုန်း
ငါ သူ့တို့ဆီကို မခို့တယို့လေးနဲ့ပဲ
တစ်ချက်ဝေ့ကြည့်ပြီး

"ဘာ ဘာဖြစ်ကြတာလဲဟင်" ဆိုတာကို
အဖျားတက်နေတဲ့ အသံနဲ့ကို တမင်
လုပ်ပြောလိုက်တော့

ဟိုကောင်တွေ မဖြေနိုင်သေး။ အေးပေါ့
The Whole Queen ကို တွေ့နေရ
တာလေ။ ပြီးတော့ ငါ့ရဲ့ အနူးညံ့ဆုံး
အချိန်ဖြစ်တဲ့ ဝတ်ပြုမဲ့အချိန်ဆိုတော့
တစ်ကောင်ဆို ဟန်တောင်မဆောင်နိုင်
ဘူး။ ငါ့ကို ကြည့်တာ။
ဟိုကောင်တွေ မဖြေခင် ဂျပလွတ်က
အရင်ဦးအောင်တိုင်တယ်။

"မီး ကို သူတို့တွေ လိုက်နှောင့်ယှက်နေ
တာ"

အမယ် ။ ကလေးမသာစတိုင်ချက်ချင်း
ဖမ်းပြီး ဟိုကောင်တစ်ကောင်ချင်းစီကို
လက်ညှိုးထိုးသေး။ ပါးစပ်ကလည်း သူ
တို့ သူတို့ နဲ့။ အား... ငါအသည်းယား
လာတာ ။ နရင်းပါအုပ်ချင်လာတယ်
သောက်ကလေးမလေး။

သူလည်း အဲ့လိုတိုင်ရော ဟိုကောင်တွေကငြိမ်မနေတော့။

"ဘာလဲ ။ နင်ပဲ ငါ့တို့ကို သတ္တိရှိရင်
လိုင်းပေါ်မှာ ဆဲမနေနဲ့။ လူချင်းချမယ်
ဆိုပြီး စိန်ခေါ်တာလေ"

"အဲ...ချစရာလား။ ပြီးတော့ နင်တို့က
one one မချဘဲ အုပ်လိုက်နဲ့ ငါတစ်
ယောက်တည်းရှိချိန်ကို လာပြီးဖမ်းတာ
လေ"

ဟိုကောင်တွေ ပါးစပ်ပြင်စဉ် ငါ အမြန်
လှမ်းတားလိုက်တယ်။

"ကဲ ကဲ ။ လာလာ မမ ကို ညီမလေးပဲ
မနေ့က ဝတ်ရွတ်သင်ပေးဆိုလို့ မမက
ညီမလေးတို့ မေဂျာထိတောင်လာရှာ
သေးတယ်။ လာ လာ"

အတင်း ဂုတ်ကနေ မကိုင်ရုံတမယ် ဆွဲ
ခေါ်တော့ အူတူတူ နဲ့ ပါလာတယ်။
ဒီလိုနဲ့ပဲ ဟိုကောင်တွေကို နားလည်ပေး
ပါဆိုတဲ့ အပြုံးအေးအေးတစ်ခုနဲ့ ချွေး
သိပ် ၊ ဂျပလွတ်ကို ဂုတ်ကနေဆွဲပြီး
ငါတို့ ဝတ်ရွတ်အသင်းထဲ ဆွဲထည့်လိုက်
ရတာပါပဲ။

ကဲ နင်လေး ပြေးစမ်း။

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz