ZingTruyen.Xyz

ျမတ္နိုးေသာ္က အျကင္နာေဝ(မြတ်နိုးသော်က အကြင်နာဝေ)

အပိုင္း ၃၀

HsuChiKo365

၂၀၁၆ ၊ ေမ ၊ ရန္ကုန္
အိမ္ေနရင္းအဝတ္အစားျဖင့္ပင္ ကားေပၚ
တက္လာသည္။ မိတ္ကပ္ေတာ့ မႈန္မႈန္
ေလးလိမ္းထားျခင္းျဖင့္ သဘာဝအတိုင္း
လွေနဟန္ကို ယူထားသည္။ ျကည္ျကည္
လင္လင္ႏွင့္

"Morning" ဟု ႏႈတ္ဆက္ေပမဲ့ မနည္း
အားတင္းထားမွန္း အေနနီးသူမို႕သိသည္

လမ္းတေလွ်ာက္တိတ္ဆိတ္ေနျဖစ္ျက
သည္။ မနက္အေစာပိုင္းမို႕ ရန္ကုန္ကား
လမ္းေတြသည္ သန္႔စင္ေသာေလထု
ျကား ကားလမ္းေျကာလည္းရွင္းေန၏။

"ေသာ္..."

"ေငြျခဴး"

ႏွစ္ေယာက္သား တိုက္ဆိုင္စြာေခၚျဖစ္
ျပီးမွ

"ရတယ္ နင္အရင္ေျပာေလ" ဟူ၍ ေလဒီ
ဦးစားေပးစနစ္က်င့္သံုးလိုက္ရသည္။

"နင္ ေျပာစရာရွိရင္ အရင္ေျပာေလ"

"ရတယ္။ နင္ ဘာေျပာမလို႔လဲ"

"ငါ ေမးမလို႔ပါ။ နင္ မေန႕က တေခတ္
အတြက္ ေသြးလွဴေပးခဲ့တယ္ဆို။
တေခတ္ AB ေသြးမွန္းနင္ဘယ္လိုသိ
လဲ"

ေခါင္းသာခါျပလိုက္ျဖစ္သည္။ ဒါသည္က
ကိုယ့္ကိုကိုယ္လည္း အျကိမ္ျကိမ္ျပန္
ေမးလိုက္တိုင္း အေျဖမရွိျဖစ္ေနသည္မို႕
သက္ျပင္းခ်ရံုမွတစ္ပါး မတတ္နိုင္ခဲ့

"ေနာက္ျပီး နင္ သူ႔ကို အငယ္လို႕ေခၚ
လိုက္ေသးတယ္။ အဲ့ဒါ သူ႔အိမ္ေခၚနာ
မည္။ အိမ္ရဲ႕ အငယ္ဆံုးမို႔ အငယ္ေလး
လို႕ ေခၚျကတယ္လို႕ သူေျပာဖူးတယ္။
ဒါေပမဲ့ ငါ နင့္ကိုေတာ့ အဲ့အေျကာင္းျပန္
မေျပာဖူးဘူး"

"ငါ ေခၚလိုက္မိသလားေတာင္ မမွတ္မိ
ေတာ့ဘူး"

မီးပြိဳင့္မိသြားသည္မို႕ ေနာက္ျကည့္မွန္က
ေနတစ္ဆင့္ ေငြျခဴးကို မ်က္လံုးခ်င္း
ဆံုေအာင္ ျကည့္လိုက္သည္။
သူမသည္လည္း အေျဖရွာေနဟန္ရွိေသာ
အျကည့္မ်ိဳးျဖင့္ ျပန္ျကည့္သည္။ ထို႕
ေနာက္ ဆံပင္မ်ားကို သပ္တင္ရင္း သက္
ျပင္းတစ္ခု ခပ္ဖြဖြခ်သည္။

"နင္ ေစာနက ဘာေျပာမလို႕လဲေျပာ
ေလ"

"ငါလည္း ေမးမလို႕...အခု ရန္ကုန္မွာ
ဘုန္းတေခတ္ အမ်ိဳးေတြ ရွိလား"

"အင္း ေလာေလာဆယ္ အေမနဲ႔အဘြား
ပဲရွိတယ္။ ေမြးစား အစ္ကိုကေတာ့ US မွာလို႕ေျပာဖူးတယ္"

"ေမြးစားအစ္ကို!"

သံေယာင္လိုက္ကာ ထပ္ေမးရသည္။
စိတ္ထဲတြင္လည္း ဒီလို စကားလံုးမ်ိဳး
ကို ျကားဖူးေနဟန္ရွိသည္။

"နင္ ေတြ႔ဖူးလား သူတို႕မိသားစုကို"

"ဟင့္အင္း ။ တေခတ္က သူ႔မိသားစု
အေျကာင္းသိပ္မေျပာဘူး။ ဓာတ္ပံုေတြ
ေတာ့ျပဖူးတယ္။ သူ႔အစ္ကိုနဲ႔ သူငယ္ငယ္
တုန္းက ရိုက္ထားတာေတြ ဘာေတြ
သူ႔အေဖဆံုးျပီးတည္းက သူ႔အစ္ကိုနဲ႔
မေတြ႔ျဖစ္ေတာ့ဘူးေျပာတယ္။ သူလည္း
ငါတို႕ေက်ာင္းေရာက္လာတာနဲ႔ ပိုျပီး
အေနေဝးသြားပံုပဲ"

ဆက္မေမးခ်င္ေတာ့။ ခ်စ္လွခ်ည္ရဲ႕
ဆိုေသာ ေငြျခဴးကိုယ္တိုင္ပင္ ေသခ်ာ
ဂဏဃနမသိ။ တစ္ဖက္ကလည္းမေျပာ
ျပတာ ပါလိမ့္မည္။

"သူ အခုေနဆို သတိေကာင္းေကာင္း
ရေလာက္ျပီေနာ္"

ေမးသလိုလို တစ္ေယာက္တည္းေျပာ
သလိုလို မသဲမကြဲေျပာေနေပမဲ့

"မေန႔ညကေတာ့ နင္ သူ႔အိမ္ကိုဖုန္းဆက္
လိုက္တယ္မလား"

"အင္း အေမလို႔မွတ္ထားတဲ့ဖုန္းကို
ဆက္တာမရတာနဲ႔ အိမ္ဖုန္းလို႔မွတ္ထား
တာေတြ႔ေတာ့ အိမ္ေဖာ္ေကာင္မေလး
တစ္ေယာက္လာကိုင္တယ္"

"ေတာ္ေသးတယ္ သူ႔ ဖုန္းေလာ့ ကို နင္
သိေနလို႕"

"မေျပာင္းေသးလို႔ပါ..."

အဆိုးထဲမွ အေကာင္းေလးတစ္ခုေတြ႔
သလို ႏြမ္းလ်လ်ႏွင့္ ေက်နပ္ျပံဳးေလးတစ္
ခုျပံဳးသည္။

"တေခတ္က အျပင္ကသာ ဘာကိုမွ
ဂရုမစိုက္တဲ့ ပံုနဲ႔ေနတာ။ အမွန္သူက
အစြဲအလမ္းျကီးတယ္...အခုလည္း ငါ့
ေနာက္လိုက္ရင္းျဖစ္တာ"

"အဲ့လိုေတြးေနလို႕မရဘူးေလဟာ"

"ငါေျကာင့္..." ဟူေသာ စကားအဆံုးတြင္
မ်က္ရည္တစ္စက္ လိမ့္ဆင္းသည္။ ခ်က္
ခ်င္းသုတ္ဖယ္ပစ္၏။
စိတ္ဓာတ္ကေတာ့ တကယ္မာေအာင္
တင္းထားနိုင္ေသာ ကေလးမပင္။

"ငါ ဒီေန႔ Scheduleေတြ ျပီးရင္ သူ႕ကို
သြားေတြ႔ခ်င္တယ္"

"အင္း...ငါ စီစဥ္ေပးမယ္ေလ"

"ေက်းဇူး...နင္လည္း ျကားထဲက ပင္ပန္း
ေနျပီ ။ မေန႕ညက အိပ္ေပ်ာ္ရဲ႕လား
ေသာ္"

ေခါင္းသာညိတ္ျပလိုက္သည္။ ဘယ္လို
ေျကာင့္ ဘယ္သူ႔ေျကာင့္ အိပ္ေပ်ာ္တယ္
ရယ္လို႕ေတာ့ မေျပာျပျဖစ္ေတာ့...

              >>>>><<<<<

"တေခတ္..."

"နင္...ဘယ္လိုေရာက္လာတာလဲ"

ေဘးနားတြင္ male nurseရွိမေနသည္
ကို သိသြားသည္ႏွင့္ ဘုန္းတေခတ္၏
ဆက္စပ္စဥ္းစားနိုင္ျခင္းက အလကားမ
ေနပါ။
လႈပ္၍ရွား၍ မရေသးေသာ္လည္း လူနာ
ႏွင့္မတူ။ ျကည္ေတာက္ေနေသာ
အျကည့္မ်ားကို အကိုက္အခဲေပ်ာက္
ေဆးျပင္းမ်ားက မတြန္းလွန္နိုင္။

"သက္သာလားဟင္"

"ထင္သေလာက္မဆိုးပါဘူး"

ငိုခ်င္ရက္ လက္တို႕ျဖစ္ေနေသာ္လည္း
မငိုမိေအာင္ မ်က္ေတာင္ေတြကိုပုတ္ခပ္
ျခင္း။ လည္ေခ်ာင္းရွင္းျခင္း။ အားတင္း
ျပံဳးျပျခင္းမ်ားျဖင့္ အလုပ္ရႈပ္ေနသည္
ကို သူကေတာ့ ဒီအတိုင္းသာျကည့္ေန
သည္။

"ဒီနားလာပါဦး"

မရဲတရဲျဖစ္ေနသည္တြင္ လက္ယပ္ေခၚ
သည္။ ခုတင္နားတိုးကပ္မိေသာအခါ
ပိုက္တန္းလန္းနွင့္ျဖစ္ေနေသာလက္ႏွစ္
ဖက္ကို ဆန္႕တန္းျပန္႔ကားရင္း ဆီးျကို
ခံရေတာ့မွ

သူ႔ကိုေပြ႔ဖက္မိသည္ ။ ဝမ္းနည္းဝမ္းသာ
စြာျဖင့္ သူ႔ပခံုးေပၚမ်က္ႏွာအပ္ရင္း ငိုရႈိက္
မိ၏။ ေက်ာျပင္ကို ခပ္ဖြဖြပုတ္ေပးရင္း
ျငိမ္သက္ျခင္းျဖင့္ ႏွစ္သိမ့္သည္။

"ကဲ ငိုလို႕ဝျပီလား"

သူ႔ခုတင္ေပၚတြင္သာ ထိုင္ရင္း သူ႔မ်က္
ႏွာကို မလြတ္တမ္းေငးေသာ အခါ လက္
က်န္ မ်က္ရည္တခ်ိဳ႕ကို သုတ္ေပးသည္။

"အနီးကပ္ေတြ႕ေတာ့ ပိုလွလာတာပဲ"

မလွဘူးေျပာရင္ ငိုခ်င္တယ္ဆို လွတယ္
ဆိုလာေတာ့လည္း အငိုျကားမွ သေဘာ
တက် ခစ္ခနဲရယ္မိသည္အထိ။

"နင္...ျပန္သြားျပီလို႕ ငါျကားထားတာ။
နင္ ဘာလို႔ မျပန္ေသးတာလဲဟင္"

"ကိစၥတစ္ခုရွိေသးလို႕...နင္အခု ဘယ္သူ
နဲ႔လာတာလဲ။ နင့္ မန္ေနဂ်ာနဲ႔လား"

"အင္း။ ဟုတ္တယ္။ သူေတာ့ ကားထဲမွာ
ပဲ ေစာင့္ေနတယ္"

"သူေရာ ဘယ္လိုေနလဲ။ မေန႕ညက
ေတာ့ ေတာ္ေတာ္ေလး စိတ္ပူေနတဲ့ ပံုပဲ"

"အင္း အဆင္ေျပတယ္။သူက ထင္တာထက္ပိုရင့္က်က္တယ္။ ငါတို႕ထက္
၃ႏွစ္ေလာက္ပဲျကီးေပမဲ့ အင္း...
ေတာ္ေတာ္ေလး လူျကီးဆန္တယ္"

"သူ႔ကို အလုပ္ထုတ္လိုက္ေတာ့..."

"ဘာ...ဘာလို႕လဲ တေခတ္ရဲ႕။ သူ...သူ
က နင္ထင္သလိုမဟုတ္ဘူး။ သူ နဲ႔ငါက"

"ငါသိတယ္။ နင့္ နားမွာေနေနတဲ့
ေယာက်ာ္းတစ္ေယာက္ကို ငါက မစံုစမ္း
ဘဲ နင့္ကိုဒီအတိုင္းလႊတ္ထားမလား"

"ငါ အခုလိုျဖစ္လို႔လားဟင္။ ငါေႏွာင့္
ယွက္ခံရတာလည္း သူ႔အမွားမဟုတ္ဘူး
သူလိုက္ပို႕ေပးရမလားေမးပါေသးတယ္
ငါက...မလိုက္ဖို႕..."

"အဲ့ဒါေတြေျကာင့္ မဟုတ္ဘူး သာသာ။
နင္ နဲ႕ သူ အတူတူအျကာျကီးေနလို႕
မျဖစ္ဘူး။ နင္ ဒီမွာဆက္ေနခ်င္ရင္သူ႕
ကို အလုပ္ထုတ္ မလုပ္ခ်င္ရင္ နင္ဟိုကို
ျပန္ေတာ့"

"ငါ မျပန္ခ်င္ဘူး။ အခု ငါ့အလုပ္ေတြ
လည္း မျပီးေသးဘူး။ ဘာျဖစ္လို႔ ျမတ္နိုး
ေသာ္ က ငါနဲ႕အတူတူရွိေနလို႔မျဖစ္တာ
လဲ"

"နင္ မသိတာ နင့္အတြက္ပိုေကာင္းတယ္
အခုခ်ိန္ နင္ ငါနဲ႔ ေတြ႔လို႕ရတယ္ဆိုတာ
အဘြား ရန္ကုန္ျပန္မေရာက္ေသးလို႕ပဲ
ငါ နင့္ကို ဘာလို႕ ဒီကိုအတင္းျပန္ခိုင္းလဲ
ငါနဲ႔ ေဝးရာကို သြားခိုင္းလဲ နင္ခုထိမသိ
ေသးဘူးလား။ ငါ နင့္ကို မကာကြယ္ေပး
နိုင္ခင္ နင္နဲ႔ ငါ ေဝးေဝးေနတာအေကာင္း
ဆံုးပဲ။ ဒီပို႕ခါမွ ပိုျပီးေတာင္ ရႈပ္သြားေသး
တယ္...ကြ်တ္"

ကြ်တ္တစ္ခ်က္စုပ္ကာ က်ိတ္မနိုင္ခဲမ
နိုင္ဟန္ျဖင့္ခုတင္တန္းကို ခပ္ဖြဖြထုေန
သည္။
သူေျပာတာေတြလည္း လိုက္မမီ။

"နင္ အျမန္ဆံုး ဒီက အလုပ္ေတြဖ်က္
ျပီးျပန္ေတာ့။ မျပန္ခင္ ျမတ္နိုးေသာ္ကို
အလုပ္ထုတ္။ ျပီးေတာ့ ငါ့ကိုလည္းလာ
မေတြ႔နဲ႕။ ျပန္ေတာ့။ ငါ နင့္ကိုဆက္သြယ္
မယ္။

"မဟုတ္ဘူးေလ တေခတ္...ဘာေတြျဖစ္
ေနလဲ ဆိုတာေသခ်ာရွင္းျပေလ။ နင္
ေျပာေနတာေတြ နားမလည္ဘဲနဲ႕ ငါ
ဘာလုပ္ေပးလို႔ရမွာလဲ"

"ေအး။ ငါ ကိုယ္တိုင္လည္း ဘာမွမလုပ္
နိုင္ေသးလို႕ နင့္ကို ဒီအရႈပ္ထုပ္ျကီးထဲ
မပါေအာင္ဆြဲထုတ္ေနတာ။ နင္ နဲ႔ငါ
အခုလိုျပန္ေတြ႕ေနတယ္သာ ငါ့အဘြား
သိသြားရင္ နင္ ငါနဲ႔ေနာက္ထပ္ေတြ႔
ရေတာ့မွာ မဟုတ္ဘူး"

"ဘာ လို႕လဲ"

"နင္ ငါ့ကို ခ်စ္လား"

အေျဖမရွိဘဲ အေမးပဲထပ္လာသည္။

"ေျဖေလ သာသာ"

"ေမးေနစရာကို မလိုတာ တေခတ္"

"ဒါဆို ငါေျပာတဲ့ အတိုင္းလုပ္ေပး။ ငါ့
ေျပာစကားနားေထာင္။ အခု ျမတ္
နိုးေသာ္ကို အလုပ္ထုတ္တာ ကေလး
ကလား သဝန္တိုတာေတြ ဘာေတြ
ေျကာင့္မဟုတ္ဘူး။ ကိစၥေတြက နင္
ထင္တာထက္ ရႈပ္ေနတယ္။ နင္ေရာ
သူေရာ အရႈပ္ထုပ္ထဲမပါဘဲ ပံုမွန္ဘဝနဲ႔ ေရွ႕ဆက္နိုင္ဖို႕ကနင္ တို႕ လူထုအာရံု
စိုက္မႈက ေပ်ာက္ေနမွျဖစ္မယ္။ အဓိက က ငါ့အဘြား နင္တို႕ရွိေနတယ္လို႕မ
သိဖို႕ အေရးျကီးဆံုးပဲ။ ငါ ဒီ
ေလာက္ပဲေျပာျပနိုင္တယ္။
သြားေတာ့သာသာ။ဒီမွာ အျကာျကီးေနလို႔မရဘူး"

ဘာေတြျဖစ္ေနတာလဲ။ ဘုန္းတေခတ္
ဘာေတြ ေျပာေနလဲ အခုထိနားမလည္
နိုင္ေသး။ သို႕ေသာ္ နာခံရမွာ သမိုင္းေပး
ပင္။

မတတ္နိုင္ေတာ့...အလုပ္ေတြျမန္ျမန္
ျဖတ္ျပီး လာရာလမ္းကိုသာ ျပန္ေတာ့
မည္။ ေသာ့္ ကိုအားနာေသာ္လည္းမ
တတ္နိုင္။ တေခတ္နဲ႔ ပတ္သတ္လာရင္
အတၱျကီးမိသည္ကို ျမတ္နိုးေသာ္တစ္
ေယာက္ ကိုယ္ခ်င္းစာနိုင္ပါေစလို႕ပဲ
ဆုေတာင္းရမည္။

"ေငြျခဴး နင္ဘယ္မွာလဲ"

ဖုန္းထဲမွ စိုးရိမ္တျကီးနွင့္ ေျပာလာသူ၏
အသံျကားရေတာ့ အားနာလာျပန္သည္။

"ငါ ဆင္းလာေနျပီ"

"ေအး ျမန္ျမန္လာ။ အခု အဘြားတစ္
ေယာက္ Reception မွာ ဘုန္းတေခတ္ အခန္းေမးေနတာျကားလိုက္တယ္။
အခု တက္လာေနျပီ"

အဘြား။ ရန္ကုန္မွာ မရွိဘူးဟု ခုနေလးတင္မွ ဘုန္းတေခတ္ေျပာေသာ အဘြား
ျဖစ္သူက...

ဆက္မေတြးနိုင္ေတာ့။ ေျခလွမ္းက်ဲမ်ား
ျဖင့္သာ ျမတ္နိုးေသာ္ ေစာင့္ေနမည္ျဖစ္
ေသာ ေဆးရံုေအာက္ထပ္သို႕သာ အ
ျမန္ေရာက္ေစရေတာ့၏။

Thank you all

(Unicode  version)

/

/

/

၂၀၁၆ ၊ မေ ၊ ရန်ကုန်
အိမ်နေရင်းအဝတ်အစားဖြင့်ပင် ကားပေါ်
တက်လာသည်။ မိတ်ကပ်တော့ မှုန်မှုန်
လေးလိမ်းထားခြင်းဖြင့် သဘာဝအတိုင်း
လှနေဟန်ကို ယူထားသည်။ ကြည်ကြည်
လင်လင်နှင့်

"Morning" ဟု နှုတ်ဆက်ပေမဲ့ မနည်း
အားတင်းထားမှန်း အနေနီးသူမို့သိသည်

လမ်းတလျှောက်တိတ်ဆိတ်နေဖြစ်ကြ
သည်။ မနက်အစောပိုင်းမို့ ရန်ကုန်ကား
လမ်းတွေသည် သန့်စင်သောလေထု
ကြား ကားလမ်းကြောလည်းရှင်းနေ၏။

"သော်..."

"ငွေခြူး"

နှစ်ယောက်သား တိုက်ဆိုင်စွာခေါ်ဖြစ်
ပြီးမှ

"ရတယ် နင်အရင်ပြောလေ" ဟူ၍ လေဒီ
ဦးစားပေးစနစ်ကျင့်သုံးလိုက်ရသည်။

"နင် ပြောစရာရှိရင် အရင်ပြောလေ"

"ရတယ်။ နင် ဘာပြောမလို့လဲ"

"ငါ မေးမလို့ပါ။ နင် မနေ့က တခေတ်
အတွက် သွေးလှူပေးခဲ့တယ်ဆို။
တခေတ် AB သွေးမှန်းနင်ဘယ်လိုသိ
လဲ"

ခေါင်းသာခါပြလိုက်ဖြစ်သည်။ ဒါသည်က
ကိုယ့်ကိုကိုယ်လည်း အကြိမ်ကြိမ်ပြန်
မေးလိုက်တိုင်း အဖြေမရှိဖြစ်နေသည်မို့
သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ခဲ့

"နောက်ပြီး နင် သူ့ကို အငယ်လို့ခေါ်
လိုက်သေးတယ်။ အဲ့ဒါ သူ့အိမ်ခေါ်နာ
မည်။ အိမ်ရဲ့ အငယ်ဆုံးမို့ အငယ်လေး
လို့ ခေါ်ကြတယ်လို့ သူပြောဖူးတယ်။
ဒါပေမဲ့ ငါ နင့်ကိုတော့ အဲ့အကြောင်းပြန်
မပြောဖူးဘူး"

"ငါ ခေါ်လိုက်မိသလားတောင် မမှတ်မိ
တော့ဘူး"

မီးပွိုင့်မိသွားသည်မို့ နောက်ကြည့်မှန်က
နေတစ်ဆင့် ငွေခြူးကို မျက်လုံးချင်း
ဆုံအောင် ကြည့်လိုက်သည်။
သူမသည်လည်း အဖြေရှာနေဟန်ရှိသော
အကြည့်မျိုးဖြင့် ပြန်ကြည့်သည်။ ထို့
နောက် ဆံပင်များကို သပ်တင်ရင်း သက်
ပြင်းတစ်ခု ခပ်ဖွဖွချသည်။

"နင် စောနက ဘာပြောမလို့လဲပြော
လေ"

"ငါလည်း မေးမလို့...အခု ရန်ကုန်မှာ
ဘုန်းတခေတ် အမျိုးတွေ ရှိလား"

"အင်း လောလောဆယ် အမေနဲ့အဘွား
ပဲရှိတယ်။ မွေးစား အစ်ကိုကတော့ US မှာလို့ပြောဖူးတယ်"

"မွေးစားအစ်ကို!"

သံယောင်လိုက်ကာ ထပ်မေးရသည်။
စိတ်ထဲတွင်လည်း ဒီလို စကားလုံးမျိုး
ကို ကြားဖူးနေဟန်ရှိသည်။

"နင် တွေ့ဖူးလား သူတို့မိသားစုကို"

"ဟင့်အင်း ။ တခေတ်က သူ့မိသားစု
အကြောင်းသိပ်မပြောဘူး။ ဓာတ်ပုံတွေ
တော့ပြဖူးတယ်။ သူ့အစ်ကိုနဲ့ သူငယ်ငယ်
တုန်းက ရိုက်ထားတာတွေ ဘာတွေ
သူ့အဖေဆုံးပြီးတည်းက သူ့အစ်ကိုနဲ့
မတွေ့ဖြစ်တော့ဘူးပြောတယ်။ သူလည်း
ငါတို့ကျောင်းရောက်လာတာနဲ့ ပိုပြီး
အနေဝေးသွားပုံပဲ"

ဆက်မမေးချင်တော့။ ချစ်လှချည်ရဲ့
ဆိုသော ငွေခြူးကိုယ်တိုင်ပင် သေချာ
ဂဏဃနမသိ။ တစ်ဖက်ကလည်းမပြော
ပြတာ ပါလိမ့်မည်။

"သူ အခုနေဆို သတိကောင်းကောင်း
ရလောက်ပြီနော်"

မေးသလိုလို တစ်ယောက်တည်းပြော
သလိုလို မသဲမကွဲပြောနေပေမဲ့

"မနေ့ညကတော့ နင် သူ့အိမ်ကိုဖုန်းဆက်
လိုက်တယ်မလား"

"အင်း အမေလို့မှတ်ထားတဲ့ဖုန်းကို
ဆက်တာမရတာနဲ့ အိမ်ဖုန်းလို့မှတ်ထား
တာတွေ့တော့ အိမ်ဖော်ကောင်မလေး
တစ်ယောက်လာကိုင်တယ်"

"တော်သေးတယ် သူ့ ဖုန်းလော့ ကို နင်
သိနေလို့"

"မပြောင်းသေးလို့ပါ..."

အဆိုးထဲမှ အကောင်းလေးတစ်ခုတွေ့
သလို နွမ်းလျလျနှင့် ကျေနပ်ပြုံးလေးတစ်
ခုပြုံးသည်။

"တခေတ်က အပြင်ကသာ ဘာကိုမှ
ဂရုမစိုက်တဲ့ ပုံနဲ့နေတာ။ အမှန်သူက
အစွဲအလမ်းကြီးတယ်...အခုလည်း ငါ့
နောက်လိုက်ရင်းဖြစ်တာ"

"အဲ့လိုတွေးနေလို့မရဘူးလေဟာ"

"ငါကြောင့်..." ဟူသော စကားအဆုံးတွင်
မျက်ရည်တစ်စက် လိမ့်ဆင်းသည်။ ချက်
ချင်းသုတ်ဖယ်ပစ်၏။
စိတ်ဓာတ်ကတော့ တကယ်မာအောင်
တင်းထားနိုင်သော ကလေးမပင်။

"ငါ ဒီနေ့ Scheduleတွေ ပြီးရင် သူ့ကို
သွားတွေ့ချင်တယ်"

"အင်း...ငါ စီစဉ်ပေးမယ်လေ"

"ကျေးဇူး...နင်လည်း ကြားထဲက ပင်ပန်း
နေပြီ ။ မနေ့ညက အိပ်ပျော်ရဲ့လား
သော်"

ခေါင်းသာညိတ်ပြလိုက်သည်။ ဘယ်လို
ကြောင့် ဘယ်သူ့ကြောင့် အိပ်ပျော်တယ်
ရယ်လို့တော့ မပြောပြဖြစ်တော့...

>>>>><<<<<

"တခေတ်..."

"နင်...ဘယ်လိုရောက်လာတာလဲ"

ဘေးနားတွင် male nurseရှိမနေသည်
ကို သိသွားသည်နှင့် ဘုန်းတခေတ်၏
ဆက်စပ်စဉ်းစားနိုင်ခြင်းက အလကားမ
နေပါ။
လှုပ်၍ရှား၍ မရသေးသော်လည်း လူနာ
နှင့်မတူ။ ကြည်တောက်နေသော
အကြည့်များကို အကိုက်အခဲပျောက်
ဆေးပြင်းများက မတွန်းလှန်နိုင်။

"သက်သာလားဟင်"

"ထင်သလောက်မဆိုးပါဘူး"

ငိုချင်ရက် လက်တို့ဖြစ်နေသော်လည်း
မငိုမိအောင် မျက်တောင်တွေကိုပုတ်ခပ်
ခြင်း။ လည်ချောင်းရှင်းခြင်း။ အားတင်း
ပြုံးပြခြင်းများဖြင့် အလုပ်ရှုပ်နေသည်
ကို သူကတော့ ဒီအတိုင်းသာကြည့်နေ
သည်။

"ဒီနားလာပါဦး"

မရဲတရဲဖြစ်နေသည်တွင် လက်ယပ်ခေါ်
သည်။ ခုတင်နားတိုးကပ်မိသောအခါ
ပိုက်တန်းလန်းနှင့်ဖြစ်နေသောလက်နှစ်
ဖက်ကို ဆန့်တန်းပြန့်ကားရင်း ဆီးကြို
ခံရတော့မှ

သူ့ကိုပွေ့ဖက်မိသည် ။ ဝမ်းနည်းဝမ်းသာ
စွာဖြင့် သူ့ပခုံးပေါ်မျက်နှာအပ်ရင်း ငိုရှိုက်
မိ၏။ ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးရင်း
ငြိမ်သက်ခြင်းဖြင့် နှစ်သိမ့်သည်။

"ကဲ ငိုလို့ဝပြီလား"

သူ့ခုတင်ပေါ်တွင်သာ ထိုင်ရင်း သူ့မျက်
နှာကို မလွတ်တမ်းငေးသော အခါ လက်
ကျန် မျက်ရည်တချို့ကို သုတ်ပေးသည်။

"အနီးကပ်တွေ့တော့ ပိုလှလာတာပဲ"

မလှဘူးပြောရင် ငိုချင်တယ်ဆို လှတယ်
ဆိုလာတော့လည်း အငိုကြားမှ သဘော
တကျ ခစ်ခနဲရယ်မိသည်အထိ။

"နင်...ပြန်သွားပြီလို့ ငါကြားထားတာ။
နင် ဘာလို့ မပြန်သေးတာလဲဟင်"

"ကိစ္စတစ်ခုရှိသေးလို့...နင်အခု ဘယ်သူ
နဲ့လာတာလဲ။ နင့် မန်နေဂျာနဲ့လား"

"အင်း။ ဟုတ်တယ်။ သူတော့ ကားထဲမှာ
ပဲ စောင့်နေတယ်"

"သူရော ဘယ်လိုနေလဲ။ မနေ့ညက
တော့ တော်တော်လေး စိတ်ပူနေတဲ့ ပုံပဲ"

"အင်း အဆင်ပြေတယ်။သူက ထင်တာထက်ပိုရင့်ကျက်တယ်။ ငါတို့ထက်
၃နှစ်လောက်ပဲကြီးပေမဲ့ အင်း...
တော်တော်လေး လူကြီးဆန်တယ်"

"သူ့ကို အလုပ်ထုတ်လိုက်တော့..."

"ဘာ...ဘာလို့လဲ တခေတ်ရဲ့။ သူ...သူ
က နင်ထင်သလိုမဟုတ်ဘူး။ သူ နဲ့ငါက"

"ငါသိတယ်။ နင့် နားမှာနေနေတဲ့
ယောကျာ်းတစ်ယောက်ကို ငါက မစုံစမ်း
ဘဲ နင့်ကိုဒီအတိုင်းလွှတ်ထားမလား"

"ငါ အခုလိုဖြစ်လို့လားဟင်။ ငါနှောင့်
ယှက်ခံရတာလည်း သူ့အမှားမဟုတ်ဘူး
သူလိုက်ပို့ပေးရမလားမေးပါသေးတယ်
ငါက...မလိုက်ဖို့..."

"အဲ့ဒါတွေကြောင့် မဟုတ်ဘူး သာသာ။
နင် နဲ့ သူ အတူတူအကြာကြီးနေလို့
မဖြစ်ဘူး။ နင် ဒီမှာဆက်နေချင်ရင်သူ့
ကို အလုပ်ထုတ် မလုပ်ချင်ရင် နင်ဟိုကို
ပြန်တော့"

"ငါ မပြန်ချင်ဘူး။ အခု ငါ့အလုပ်တွေ
လည်း မပြီးသေးဘူး။ ဘာဖြစ်လို့ မြတ်နိုး
သော် က ငါနဲ့အတူတူရှိနေလို့မဖြစ်တာ
လဲ"

"နင် မသိတာ နင့်အတွက်ပိုကောင်းတယ်
အခုချိန် နင် ငါနဲ့ တွေ့လို့ရတယ်ဆိုတာ
အဘွား ရန်ကုန်ပြန်မရောက်သေးလို့ပဲ
ငါ နင့်ကို ဘာလို့ ဒီကိုအတင်းပြန်ခိုင်းလဲ
ငါနဲ့ ဝေးရာကို သွားခိုင်းလဲ နင်ခုထိမသိ
သေးဘူးလား။ ငါ နင့်ကို မကာကွယ်ပေး
နိုင်ခင် နင်နဲ့ ငါ ဝေးဝေးနေတာအကောင်း
ဆုံးပဲ။ ဒီပို့ခါမှ ပိုပြီးတောင် ရှုပ်သွားသေး
တယ်...ကျွတ်"

ကျွတ်တစ်ချက်စုပ်ကာ ကျိတ်မနိုင်ခဲမ
နိုင်ဟန်ဖြင့်ခုတင်တန်းကို ခပ်ဖွဖွထုနေ
သည်။
သူပြောတာတွေလည်း လိုက်မမီ။

"နင် အမြန်ဆုံး ဒီက အလုပ်တွေဖျက်
ပြီးပြန်တော့။ မပြန်ခင် မြတ်နိုးသော်ကို
အလုပ်ထုတ်။ ပြီးတော့ ငါ့ကိုလည်းလာ
မတွေ့နဲ့။ ပြန်တော့။ ငါ နင့်ကိုဆက်သွယ်
မယ်။

"မဟုတ်ဘူးလေ တခေတ်...ဘာတွေဖြစ်
နေလဲ ဆိုတာသေချာရှင်းပြလေ။ နင်
ပြောနေတာတွေ နားမလည်ဘဲနဲ့ ငါ
ဘာလုပ်ပေးလို့ရမှာလဲ"

"အေး။ ငါ ကိုယ်တိုင်လည်း ဘာမှမလုပ်
နိုင်သေးလို့ နင့်ကို ဒီအရှုပ်ထုပ်ကြီးထဲ
မပါအောင်ဆွဲထုတ်နေတာ။ နင် နဲ့ငါ
အခုလိုပြန်တွေ့နေတယ်သာ ငါ့အဘွား
သိသွားရင် နင် ငါနဲ့နောက်ထပ်တွေ့
ရတော့မှာ မဟုတ်ဘူး"

"ဘာ လို့လဲ"

"နင် ငါ့ကို ချစ်လား"

အဖြေမရှိဘဲ အမေးပဲထပ်လာသည်။

"ဖြေလေ သာသာ"

"မေးနေစရာကို မလိုတာ တခေတ်"

"ဒါဆို ငါပြောတဲ့ အတိုင်းလုပ်ပေး။ ငါ့
ပြောစကားနားထောင်။ အခု မြတ်
နိုးသော်ကို အလုပ်ထုတ်တာ ကလေး
ကလား သဝန်တိုတာတွေ ဘာတွေ
ကြောင့်မဟုတ်ဘူး။ ကိစ္စတွေက နင်
ထင်တာထက် ရှုပ်နေတယ်။ နင်ရော
သူရော အရှုပ်ထုပ်ထဲမပါဘဲ ပုံမှန်ဘဝနဲ့ ရှေ့ဆက်နိုင်ဖို့ကနင် တို့ လူထုအာရုံ
စိုက်မှုက ပျောက်နေမှဖြစ်မယ်။ အဓိက က ငါ့အဘွား နင်တို့ရှိနေတယ်လို့မ
သိဖို့ အရေးကြီးဆုံးပဲ။ ငါ ဒီ
လောက်ပဲပြောပြနိုင်တယ်။
သွားတော့သာသာ။ဒီမှာ အကြာကြီးနေလို့မရဘူး"

ဘာတွေဖြစ်နေတာလဲ။ ဘုန်းတခေတ်
ဘာတွေ ပြောနေလဲ အခုထိနားမလည်
နိုင်သေး။ သို့သော် နာခံရမှာ သမိုင်းပေး
ပင်။

မတတ်နိုင်တော့...အလုပ်တွေမြန်မြန်
ဖြတ်ပြီး လာရာလမ်းကိုသာ ပြန်တော့
မည်။ သော့် ကိုအားနာသော်လည်းမ
တတ်နိုင်။ တခေတ်နဲ့ ပတ်သတ်လာရင်
အတ္တကြီးမိသည်ကို မြတ်နိုးသော်တစ်
ယောက် ကိုယ်ချင်းစာနိုင်ပါစေလို့ပဲ
ဆုတောင်းရမည်။

"ငွေခြူး နင်ဘယ်မှာလဲ"

ဖုန်းထဲမှ စိုးရိမ်တကြီးနှင့် ပြောလာသူ၏
အသံကြားရတော့ အားနာလာပြန်သည်။

"ငါ ဆင်းလာနေပြီ"

"အေး မြန်မြန်လာ။ အခု အဘွားတစ်
ယောက် Reception မှာ ဘုန်းတခေတ် အခန်းမေးနေတာကြားလိုက်တယ်။
အခု တက်လာနေပြီ"

အဘွား။ ရန်ကုန်မှာ မရှိဘူးဟု ခုနလေးတင်မှ ဘုန်းတခေတ်ပြောသော အဘွား
ဖြစ်သူက...

ဆက်မတွေးနိုင်တော့။ ခြေလှမ်းကျဲများ
ဖြင့်သာ မြတ်နိုးသော် စောင့်နေမည်ဖြစ်
သော ဆေးရုံအောက်ထပ်သို့သာ အ
မြန်ရောက်စေရတော့၏။

Thank you all

Bạn đang đọc truyện trên: ZingTruyen.Xyz