ZingTruyen.Xyz

ျမတ္နိုးေသာ္က အျကင္နာေဝ(မြတ်နိုးသော်က အကြင်နာဝေ)

အပိုင္း ၈

HsuChiKo365

အပိုင္း ၈

၂၀၁၅၊ နုိဝင္ဘာလ

"ေဝ ေျပာစရာရွိတယ္"

ေမးဆက္ျပလုိက္ေတာ့ အနားလာထိုင္သည္။ မ်က္ရည္မေျခာက္ေသးေသာ မ်က္ဝန္းအစံုက အရည္ရႊမ္းေန

ေသာ သစ္သီးတစ္လံုးလိုပင္။

ေျပာစရာရွိတာ မေျပာေသးဘဲ ပြင့္လ်က္သားရွိေနေသးေသာ ပိုက္ဆံအိတ္ႏွင့္ စာအုပ္ကိုၾကည့္သည္။ စိတ္ထဲလန္႕လာရ၏။ သူ႕ကို က်ိတ္ေၾကြေနတယ္လို႕မ်ား ထင္ေနတာေတာ့ မဟုတ္ဘူူးမလား။

"ဒီမွာ အဲ့ပံုေတြ ကြ်န္ေတာ့္ပိုက္ဆံအိတ္ထဲ ဘယ္လိုေရာက္လာမွန္းမသိဘူးေနာ္။ အခုမွ ျမင္ဖူးတာ"

"အြန္း ေဝ သိတယ္။ မေန႕က ကိုသား ကို ဒါေတြခဏသိမ္းေပးထားလို႕ ေျပာေနတာမလား"

"ဟုတ္တယ္။ ညေန စားစရာထြက္ဝယ္ေတာ့ ထားတဲ့ေနရာကို ေျပာလို္က္တယ္။ သိမ္းေပးထား မနက္လာယူမယ္ဆိုျပီးေတာ့...အဲ့မွာ ထည့္လိုက္တာ ေနမွာေပါ့ဗ်ာ။ ဘာလို႕မ်ား ကြ်န္ေတာ့္ကို ဒီေလာက္ထိလုပ္ရတာလဲမသိဘူး။ အခု ခင္ဗ်ား အေဖဆီသြားေတာ့ သူ႕အေၾကာင္းဘာေျပာေသးလဲ"

"နယ္ခဏျပန္သြားတယ္လို႕ေျပာတယ္။ ေကာင္မေလးေတာ့ ပါသြားလား မပါသြားလား မသိဘူး"

"ထားေတာ့ အခု ခင္ဗ်ား ဘာေျပာခ်င္လို႕လဲ"

"ေဝ ဒီမွာေနပါရေစ"

"ဘာ"

ထိတ္လန္႕သြားေသာ မ်က္ႏွာသည္ စိတ္ရႈပ္ျခင္းဖက္သို႕ ခ်က္ခ်င္းကူးေျပာင္းသြားသည္။

"ေဝ...ေဖၾကီးဆီလည္းမျပန္ခ်င္ေတာ့ဘူး။ အဲ့ဒါ...ဒီအိမ္မွာပဲ ေနဖို႕...ခုက ငွားလည္းငွားထား"

"ဟမ္ ဒီအိမ္ငွားထားတာ ကြ်န္ေတာ့္ပိုက္ဆံေနနဲ႕ေလ။ ခုေတာင္ ပိုက္ဆံဘယ္လိုျပန္ေတာင္းရမလဲ စဥ္းစား

ေနတာ ။ အခု ဝင္းထဲလည္း ဘယ္လိုမ်က္ႏွာနဲ႕ ျပန္သြားရမလဲ။ ေက်ာင္းကလည္း တက္ရဦးမယ္။ ရြာ

လည္းျပန္လို႕မရဘူး။ အားနာတယ္ ျပန္လို႕မျဖစ္ဘူး"

"ဟို...ေဝ ဒီမွာ အလကားမေနပါဘူး။ အခု...အခုက အိမ္လခတစ္ဝက္ေပးလို႕ရေအာင္ အလုပ္တစ္ခုရွာ...

ဟိုု ေဝ အလုပ္ရျပီး ပိုက္ဆံစုနိုင္ရင္ ေဝ့ ဘာသာသက္သက္ေနပါ့မယ္။ အဲ့ မတိုင္ခင္ ဒီမွာ ေနလို႕ရ... "

ေဝ ေျပာသမွ်ကို ၾကည့္ေနသည္။

"ေနပါဦး အလုပ္လုပ္မယ္ဆိုဘာလုပ္မွာလဲ။ ေက်ာင္းလည္းမျပီးေသးဘူးမလား"

"အင္း နားလိုက္မယ္။ ေဝ LCCI level 2 ေအာင္ထားတယ္။ Junior account ေလာက္ေတာ့ဝင္လုပ္လို႕ရမယ္ထင္တယ္"

ေခါင္းေတြကုတ္သည္။ သက္ျပင္းခ်သည္။ လွည့္ၾကည့္ေတာ့လည္းပုဆစ္တုပ္ထို္င္ရင္း ကြ်န္ေတာ့္အေျဖကို

ေစာင့္စားမႈအျပည့္ႏွင့္။ မသိရင္ခု ပံုစံက စီးပြါေရးမေျပလည္တဲ့ အေဖတစ္ေယာက္ဆီ မွာ အိမ္စရိတ္

ျပန္ေထာက္နိုင္ေအာင္ အလုပ္လုပ္ခြင့္ေတာင္းေနသမီးလိုလို သားလိုလိုႏွင့္။ စိတ္ေတြေလခ်တယ္ တကယ္။

"ခင္ဗ်ားမွာ သြားစရာမရွိဘူးလား"

ေခါင္းငံု႕ရင္းမွ ေခါင္းခါသည္။

"အေဖအရင္းရဲ႕ အမိ်ဳးေတြ ရန္ကုန္မွာရွိတယ္ၾကားဖူးေပမယ့္ ငယ္ငယ္တည္းက မေတြ႕ဖူးေတာ့ မသြားရဲဘူးဟုိ ျပီးေတာ့...အခု ေဝ့ကိုေဖၾကီး ေက်ာင္းအပ္ဖို႕ေပးထားတ့ဲ ပိုက္ဆံရွိတယ္။ ဒီမွာ အရင္ယူထားလုိ႕ရ... "

မထူမပါး ငါးေထာင္တန္အထပ္ကအမ်ားဆံုးရွိ ဆယ္ရြက္ေပါ့။ လက္ႏွစ္ဖက္ႏွင့္ ကမ္းေပးေနပံုကိုၾကည့္ျပီး

သနားစိတ္က ဝင္လာျပန္သည္။

"ေက်ာင္းက ေနာက္ဆံုးႏွစ္မလား"

"ဟုတ္တယ္"

"ေက်ာင္းပဲတက္လိုက္...ေက်ာင္းမျပီးေသးဘဲ အလုပ္ေလွ်ာက္ရင္ မခန္႕ခ်င္ၾကဘူး။ အေတြ႕အၾကံဳရွိရင္ေတာ့တစ္မ်ိဳးေပါ့။ မဟုတ္ရင္ ေက်ာင္းလည္းမျပီး အေတြ႕အၾကံဳလည္းမရွိရင္ ဒီႏို္င္ငံက လူေတြကအလုပ္မခံခ်င္ဘူး။ လစာလည္း ႏွိမ္လိမ့္မယ္"

"ဒါေပမဲ့... "

"ဟူး...မထူးဘူး။ ေက်ာင္းအရင္တက္ ေက်ာင္းျပီးမွ အလုုပ္ဝင္လုပ္။ ခုက ဒီပံုစံနဲ႕ဆိုလည္း အလုပ္ခန့္ဖို႕

တြန္႕ၾကလိမ့္မယ္။ သိလား ကြ်န္ေတ္ာေျပာခ်င္တာ...ေက်ာင္းျပီးမွ သူငယ္ခ်င္းေတြနဲ႔ အလုုပ္ဝင္။ မဟုတ္

လည္း အစိုးရအလုပ္ဝင္လုပ္ တည္တည္ျငိမ္ျငိမ္လည္း ျဖစ္တယ္။ အခု အိမ္ကိစၥဘာညာစိတ္မပူနဲ႕..."

မယံုနိုင္သလိုျပန္ၾကည့္ေန၏။ ရုတ္တရက္ၾကီး ဘာေတြစိတ္ေကာင္းဝင္သြားလဲဟူေသာ ပံုစံ။

"ေက်ာင္းတက္ခိုင္းတာ အရမ္းသေဘာေကာင္းေနလို႕မဟုတ္ဘူး။ ဒါရင္းႏီွးျမွဳပ္ႏွံလုိ္က္တာ။ ခင္ဗ်ားအလုပ္

ရရင္ အကုန္ျပန္ဆပ္ရမွာ။ ငိုမေနနဲ႕ေတာ့ မနက္ျဖန္ ေက်ာင္းသြားအပ္ဖို႕လုပ္။ အဲ့ ပိုက္ဆံနဲ႕ေလာက္တယ္

မလား"

"အင္း"

"ဒါဆိုျပီးေရာ...ခဏေနခဲ့ဦး ကြ်န္ေတာ္အလုပ္တစ္ခုရွာရဦးမယ္"

"ခ...ခဏ"

ျပန္လွည့္ၾကည့္ေတာ့ မရဲတရဲဟန္ျဖင့္ လႈပ္စိလႈပ္စိနဲ႕လုပ္ေနသည္။

"ဘာေျပာမလို႕လဲ"

"ရုတ္တရက္ ေဝ့ အေပၚ ဘာလို႕ေကာင္းလာတာလဲ"

"ေျခႏွစ္ေခ်ာင္းမကယ္ေကာင္းေပမဲ့ အခု အတူတူဒုကၡေရာက္ေနတာကိုမွ ခင္ဗ်ားကိ္ုဝါးကူထပ္ထိုးရင္

ကြ်န္ေတာ္ယုတ္မာသူျဖစ္လိမ့္မယ္။ အခုဒီလိုေတြျဖစ္တာလည္း ကြ်န္ေတာ့္ဖက္ကအမွားကင္းတယ္လည္း

မဟုတ္ဘူးေလ...ထားေတာ့ သြားဦးမယ္"

ေပါ့ေပါ့ပါးပါးရယ္လည္းမဟုတ္။ ေဝ့ ကဲ့သို႕တုန္လႈပ္ေနတာမရွိ။ တည္ျငိမ္တယ္လည္း မဆိုသာေပမဲ့...

မေျပာတတ္ဘူး။ သူေက်ာင္းတက္လို႕ ေျပာေပမဲ့ ေက်ာင္းက အပ္ရံုနဲ႕ျပီးတာမွ မဟုတ္တာ။ ေနာက္ဆက္တြဲကုန္က်စရိတ္ေတြ အတြက္ ဘယ္ကေနရွာမလဲ။ လက္ေတြ႕က်က်စဥ္းစားရင္...

အိမ္ငွားစာခ်ဳပ္ကိုၾကည့္ရင္း သက္ျပင္းခ်မိသည္။ သိရသေလာက္ သူေဖၾကီးဆီမွာ အလုပ္လုပ္တာ တစ္ႏွစ္

ေတာင္မျပည့္ခ်င္ေသး။ ပညာသင္လစာေလးနဲ႕ မသံုးမစြဲဘဲ စုထားရင္ေတာင္ ဘယ္ေလာက္ရွိမွာတဲ့လဲ

တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ထဲ ပူူပင္မႈမ်ားႏွင့္ခ်လိုက္ေသာ သက္ျပင္းတစ္ခုကို ဘယ္သူမွ မၾကား...

၂၀၁၃ ၊ မတ္လ

"ဟိုင္း ေမေမ ေနေကာင္းလား"

"အင္း ေကာင္းပါတယ္။ ဒါနဲ႕ သား ဘယ္က ေျပာေနတာလဲ"

"မလန္႕သြားနဲ႕ေနာ္...ကြ်န္ေတာ္ အခု ဖူဂ်ီေတာင္ေပၚတက္ဖို႕"

"သားအခု ဂ်ပန္မွာလား။ ဘာလို႔ ဒီေလာက္အေဝးၾကီးကို ခရီးထြက္ရတာလဲ။ ေမက ေမတို႕ဆီျပန္လာ

မယ္ထင္ေနတာ"

"ေဆာရီး ေမ။ ကြ်န္ေတာ္ ေက်ာင္းက ေတာင္တက္အဖြဲ႕ဝင္ထားေတာ့ အဖြဲ႕နဲ႕ေရာက္လာတာ။"

"အဲ့ အဖြဲ႕ဝင္ထားတယ္လို႕လည္း သား ေမ့ကို ဘမေျပာဖူးပါဘူး။ ေတာင္တက္တယ္ဆိုတာ အႏၱရာယ္မ်ားကမ်ားနဲ႕သားရယ္... "

"အဲ့လို စိုးရိမ္မယ္ဆိုတာသိလို႕ၾကိဳမေျပာတာေပါ့။ ကြ်န္ေတာ္ က်န္တဲ့ indoorအားကစားေတြ လိုက္လုပ္

ၾကည့္ေသးတာပဲ။ ဒီဟာေလာက္မွ မၾကိဳက္တာ။ ေတာင္ထိပ္မွာ အလံစိုက္လိုက္နိုင္တဲ့ ဖီးလ္က တကယ္မိုက္တယ္ သိလားေမ...ေတာင္ထိပ္ကၾကည့္ရတဲ့ ျမင္ကြင္းကလည္း ဘာနဲ႕မွ မတူဘူး။ တစ္ခါတေလ Godလုိေတာင္ခံစားရတယ္။ တိမ္ေတြေပၚကေန ေအာက္က လူသားေတြ၊ ဖန္တီးမႈေတြကို ငံု႕ၾကည့္ျပီး ေက်နပ္ေနတာ"

၁၆ႏွစ္အရြယ္ေပမယ့္ သားရဲ႕ အေတြးအေခၚေတြက ဒီက ကေလးေတြလို မဟုတ္ေတာ့။ ျမန္မာနိုင္ငံမွာဆို

ဆယ္တန္းအတြက္ အိမ္နဲ႕ ေက်ာင္း ၊ က်ဴရွင္ ၊ ဂိုက္နဲ႕ စာအုပ္ၾကားထဲက ရုန္းမထြက္နိုင္ျဖစ္ေနနိုင္ေပမယ့္

ခုသားၾကီးကေတာ့ နိုင္ငံရပ္ျခားကိုပင္ မိဘမပါဘဲ ခရီးေတြသြားရဲေနခဲ့ျပီ။

"ေမ...ေမ"

"ေၾသာ္...ေမ အေတြးလြန္သြားလို႕"

"ကြ်န္ေတာ့္ကို စိတ္မပူနဲ႕ေနာ္...ၾကိဳမေျပာမိလို႕လည္း ေတာင္းပန္တယ္ဗ်ာ ေနာ္"

"ရပါတယ္။ သား သတိေတာ့ထားေနာ္...သိလား။ စိတ္မပူနဲ႕ေျပာလည္း သားသမီးအတြက္စိတ္ပူရတာက

ေတာ့ မိဘတိုင္းျဖစ္ေနက်ေလ"

ေခတ္ ေလသံေအးေအးၾကား ငိုသံနည္းနည္းစြတ္ေတာ့ သားဖက္က ခဏေလး ျငိမ္က်ျပီးမွ...

"ေၾသာ္...ေမ့ ကို ဝမ္းသာစရာသတင္
းေျပာမယ္"

"ဘာမ်ားလဲ"

"ကြ်န္ေတာ္ ဒီစာသင္ႏွစ္အတြက္ စေကာလာ ရတယ္။ ဒါေၾကာင့္ ေက်ာင္းစဖြင့္ရင္ ေက်ာင္းစရိတ္မပို႕နဲ႕ေတာ့ေနာ္"

"တကယ္လား။ ေတာ္လိုက္တာ ေမ့သားက...ေက်ာင္းလခမသြင္းရလည္း ေမ မုန္႔ဖိုးပိုေပးမွာေပါ့့သားရယ္

သား အေဖၾကားရင္ ဝမ္းသာေနေတာ့မွာ"

"ေဖေရာ သက္သာတယ္တဲ့လား"

"အင္း...ဟိုေန႕ကတည္းက လန္းလန္းဆန္းဆန္းျပန္ျဖစ္တယ္။ ဒီလိုပဲေပါ့ သားရယ္... "

သက္ျပင္းခ်သံသဲ့သဲ့ကို ေလတိုးသံၾကားမွ မပီဝိုးတဝါးၾကားရျပီးမွ

"ကြ်န္ေတာ္ ျပန္ေတာင္လာခ်င္ေနျပီ ေမရာ...ဒီမွာ အထက္တန္းေတာင္မျပီးေသးလို႕။ ေမ နဲ႕ ဘြားကိုလည္း

အားနာေနျပီ။ ေဖ စျဖစ္တည္းက ေမနဲ႕ဘြားပဲ လုပ္ေနရတာ"

"ရပါတယ္ သားရယ္။ သားသာ ေက်ာင္းကို စိတ္ေျဖာင့္လက္ေျဖာင့္နဲ႕သာတက္"

"ဟို ဒီႏွစ္ ေက်ာင္းျပန္ဖြင့္ရင္ အေဆာင္မေနေတာ့ဘူး သိလား။ ဒါေၾကာင့္ အေဆာင္ခလည္း မသြင္းေပးနဲ႕

ေတာ့ေနာ္"

"ဘာလို႕လဲ သားရဲ႕။ အခုေနတဲ့ အေဆာင္က အဆင္မေျပလို႕လား။ ဒါဆုိ ေကာင္းတဲ့အေဆာင္ရွာျပီးေျပာင္းေလ ေမ့ ကို အားမနာနဲ႕။"

"မဟုတ္ပါဘူး။ အေဆာင္မေကာင္းလို႕ မဟုတ္ပါဘူး...ဟုိ Ava တို႕အိမ္မွာသြားေနမလို႕"

သားေျပာတဲ့ ကေလးမကို ေခတ္သိတယ္။ မႏွစ္က သားဆီသြားလည္တည္းက အတန္းေဖာ္လို႕မိတ္ဆက္

ထားေပးေသာ ကေလးမပင္။ အတန္းေဖာ္ဟု ေျပာေသာ္လည္း girlfriend တစ္ေယာက္အျဖစ္တြဲေန

ေၾကာင္း သူတို႕အသို္င္းအဝိုင္းထဲမွာေတာ့ နားလည္ထားျပီးသားပင္။

"ေန...ေနပါဦး။ သားတို႕ ႏွစ္ေယာက္တည္း ေနမလို႕လား"

"အုိးေဂါ့...မဟုတ္ပါဘူး ေမရ...Avaတို႕အေဒၚနဲ႕သြားေနေပးၾကမွာ။ ဖေရာ္ရီဒါမွာပဲေနတာ။ ျပီးခဲ့တဲ့လကမွကြာရွင္းလိုက္တာ။ ခု အိမ္မွာတစ္ေယာက္တည္းက်န္ခဲ့လို႕ Avaကို အေဖာ္ေခၚေနခုိင္းတာ။ မိန္းကေလးႏွစ္ေယာက္တည္း ျဖစ္ေနလို႕ ကြ်န္ေတာ့္ပါ လာေနခ်င္ေနလို႕ေခၚေနၾကတာနဲ႕ သူတို႕နဲ႕သြား
ေနေပးမလို႕အေဆာင္ခလည္း
သက္သာသြားတာေပါ့"

သြက္လက္တက္ၾကြစြာေျပာေနေသာ သားၾကီးကို ေခတ္တားျမစ္ဖို႕ရန္ဆိုင္ရာသင့္ေတာ္ေသာ စကားလံုးရွာမေတြ႕။
ဆယ္ႏွစ္သားတည္းက တစ္စိမ္းတရံနယ္ပယ္ထဲ အသားက်စြာေနထိုင္နိုင္ေနသူမို႕ ေခတ္ေျပာလည္းရခ်င္မွရေတာ့မွာ။ သူ႕ဝန္မပိုေအာင္ သိတတ္လြန္းေနေသာသားကို သနားလည္းသနားလာရသည္။

"ေၾသာ္...ေမ အငယ္ေကာင္ စာလုပ္ရဲ႕လား။ ဂိမ္းပဲေဆာ့ေနတုန္းလား"

"အင္း...သူ႕ Tabletကို သူ႕အဘြားသိမ္းထားတယ္။ ဒီလအဆင့္ျပန္တက္မွ ေပးမယ္ေျပာထားလို႕ စာေတာ့လုပ္ေနတယ္"

"အငယ္ေကာင္ကို ေျပာလိုက္ပါ။ အဆင့္တက္လာရင္ အသစ္ထြက္တဲ့ Model ပို႕ေပးမယ္လို႕။ ဒါနဲ႕ပဲ ေမ့သားကို မွ်ားေခၚလို႕ရမွာ"

"အင္း အင္း ေမ ေျပာလိုက္မယ္။ သားၾကီးလည္း ဂရုစိုက္ေနာ္"

"ဟုတ္။ ဒါဆို ဖုန္းခ်လိုက္ေတာ့မယ္ေနာ္။ See you"

ေလလႈိုင္းေပၚမွ အနမ္းတစ္ခုေပးရင္း ဖုန္းခ်သြားေလသူ။ ကို္ယ့္ဆံုးျဖတ္ခ်က္၊ ကိုယ္ပိုင္ အေတြးအေခၚေတြနဲ႔တစ္ေယာက္တည္း ၾကီးျပင္းလာေသာ သားၾကီးသည္ တစ္ႏွစ္ထက္တစ္ႏွစ္ေျပာင္းလဲလာေနခဲ့ျပီ။အရင္က အေမ့ရင္ခြင္ထဲေပြ႕ထားရင္ မ်က္လံုးဝုိင္းလ်က္ အေမကို ေမာ့ေငးတတ္သူက အခုဆိုရင္ ေခတ္ကိုေထြးေပြ႔ရင္း ျပန္ငံု႕မိုးၾကည့္ေနတတ္၏။ အခုလည္း ေခတ္တို႕ဆီမွာဆို စာသင္အရြယ္ရည္းစားထားရေကာင္းလားဆိုျပီး ဖုန္းသိမ္း အျပင္ထြက္ခြင့္ပိတ္နဲ႕လုပ္ေနတတ္ေပမဲ့ သားၾကီးကေတာ့ အေဆာင္ခသက္သာေအာင္ေကာင္မေလးရဲ႕ အမ်ိဳးအိမ္မွာပင္ လိုက္ေနမည္ဟု စီစဥ္ျပီးႏွင့္ေနျပီ။

အေဆာ့မက္ျပီး အေမအရမ္းခင္တြယ္တတ္ေသာ သားငယ္ဘုန္းတေခတ္ကိုသာ ရင္အုပ္မကြာ ေစာင့္ေရွာက္နုိင္ခဲ့ေပမဲ့ သားၾကီးျမတ္နိုးေသာ္ကေတာ့ မိခင္ရင္ခြင္ဆိုတာမ်ိဳးကိုပင္ မေတာင့္တတတ္ေတာ့သလုိပင္။

THANK YOU ALL

(Unicode version)

.

.

.

အပိုင်း ၈

၂၀၁၅၊ နိုဝင်ဘာလ

"ဝေ ပြောစရာရှိတယ်"

မေးဆက်ပြလိုက်တော့ အနားလာထိုင်သည်။ မျက်ရည်မခြောက်သေးသော မျက်ဝန်းအစုံက အရည်ရွှမ်းနေသော သစ်သီးတစ်လုံးလိုပင်။

ပြောစရာရှိတာ မပြောသေးဘဲ ပွင့်လျက်သားရှိနေသေးသော ပိုက်ဆံအိတ်နှင့် စာအုပ်ကိုကြည့်သည်။ စိတ်ထဲလန့်လာရ၏။ သူ့ကို ကျိတ်ကြွေနေတယ်လို့များ ထင်နေတာတော့ မဟုတ်ဘူးမလား။

"ဒီမှာ အဲ့ပုံတွေ ကျွန်တော့်ပိုက်ဆံအိတ်ထဲ ဘယ်လိုရောက်လာမှန်းမသိဘူးနော်။ အခုမှ မြင်ဖူးတာ"

"အွန်း ဝေ သိတယ်။ မနေ့က ကိုသား ကို ဒါတွေခဏသိမ်းပေးထားလို့ ပြောနေတာမလား"

"ဟုတ်တယ်။ ညနေ စားစရာထွက်ဝယ်တော့ ထားတဲ့နေရာကို ပြောလိုက်တယ်။ သိမ်းပေးထား မနက်လာယူမယ်ဆိုပြီးတော့...အဲ့မှာ ထည့်လိုက်တာ နေမှာပေါ့ဗျာ။ ဘာလို့များ ကျွန်တော့်ကို ဒီလောက်ထိလုပ်ရတာလဲမသိဘူး။ အခု ခင်ဗျား အဖေဆီသွားတော့ သူ့အကြောင်းဘာပြောသေးလဲ"

"နယ်ခဏပြန်သွားတယ်လို့ပြောတယ်။ ကောင်မလေးတော့ ပါသွားလား မပါသွားလား မသိဘူး"

"ထားတော့ အခု ခင်ဗျား ဘာပြောချင်လို့လဲ"

"ဝေ ဒီမှာနေပါရစေ"

"ဘာ"

ထိတ်လန့်သွားသော မျက်နှာသည် စိတ်ရှုပ်ခြင်းဖက်သို့ ချက်ချင်းကူးပြောင်းသွားသည်။

"ဝေ...ဖေကြီးဆီလည်းမပြန်ချင်တော့ဘူး။ အဲ့ဒါ...ဒီအိမ်မှာပဲ နေဖို့...ခုက ငှားလည်းငှားထား"

"ဟမ် ဒီအိမ်ငှားထားတာ ကျွန်တော့်ပိုက်ဆံနေနဲ့လေ။ ခုတောင် ပိုက်ဆံဘယ်လိုပြန်တောင်းရမလဲ စဉ်းစားနေတာ ။ အခု ဝင်းထဲလည်း ဘယ်လိုမျက်နှာနဲ့ ပြန်သွားရမလဲ။ ကျောင်းကလည်း တက်ရဦးမယ်။ ရွာလည်းပြန်လို့မရဘူး။ အားနာတယ် ပြန်လို့မဖြစ်ဘူး"

"ဟို...ဝေ ဒီမှာ အလကားမနေပါဘူး။ အခု...အခုက အိမ်လခတစ်ဝက်ပေးလို့ရအောင် အလုပ်တစ်ခုရှာ...ဟို ဝေ အလုပ်ရပြီး ပိုက်ဆံစုနိုင်ရင် ဝေ့ ဘာသာသက်သက်နေပါ့မယ်။ အဲ့ မတိုင်ခင် ဒီမှာ နေလို့ရ... "

ဝေ ပြောသမျှကို ကြည့်နေသည်။

"နေပါဦး အလုပ်လုပ်မယ်ဆိုဘာလုပ်မှာလဲ။ ကျောင်းလည်းမပြီးသေးဘူးမလား"

"အင်း နားလိုက်မယ်။ ဝေ LCCI level 2 အောင်ထားတယ်။ Junior account လောက်တော့ဝင်လုပ်လို့ရမယ်ထင်တယ်"

ခေါင်းတွေကုတ်သည်။ သက်ပြင်းချသည်။ လှည့်ကြည့်တော့လည်းပုဆစ်တုပ်ထိုင်ရင်း ကျွန်တော့်အဖြေကိုစောင့်စားမှုအပြည့်နှင့်။ မသိရင်ခု ပုံစံက စီးပွါရေးမပြေလည်တဲ့ အဖေတစ်ယောက်ဆီ မှာ အိမ်စရိတ်ပြန်ထောက်နိုင်အောင် အလုပ်လုပ်ခွင့်တောင်းနေသမီးလိုလို သားလိုလိုနှင့်။ စိတ်တွေလေချတယ် တကယ်။

"ခင်ဗျားမှာ သွားစရာမရှိဘူးလား"

ခေါင်းငုံ့ရင်းမှ ခေါင်းခါသည်။

"အဖေအရင်းရဲ့ အမျိုးတွေ ရန်ကုန်မှာရှိတယ်ကြားဖူးပေမယ့် ငယ်ငယ်တည်းက မတွေ့ဖူးတော့ မသွားရဲဘူးဟို ပြီးတော့...အခု ဝေ့ကိုဖေကြီး ကျောင်းအပ်ဖို့ပေးထားတဲ့ ပိုက်ဆံရှိတယ်။ ဒီမှာ အရင်ယူထားလို့ရ... "

မထူမပါး ငါးထောင်တန်အထပ်ကအများဆုံးရှိ ဆယ်ရွက်ပေါ့။ လက်နှစ်ဖက်နှင့် ကမ်းပေးနေပုံကိုကြည့်ပြီးသနားစိတ်က ဝင်လာပြန်သည်။

"ကျောင်းက နောက်ဆုံးနှစ်မလား"

"ဟုတ်တယ်"

"ကျောင်းပဲတက်လိုက်...ကျောင်းမပြီးသေးဘဲ အလုပ်လျှောက်ရင် မခန့်ချင်ကြဘူး။ အတွေ့အကြုံရှိရင်တော့တစ်မျိုးပေါ့။ မဟုတ်ရင် ကျောင်းလည်းမပြီး အတွေ့အကြုံလည်းမရှိရင် ဒီနိုင်ငံက လူတွေကအလုပ်မခံချင်ဘူး။ လစာလည်း နှိမ်လိမ့်မယ်"

"ဒါပေမဲ့... "

"ဟူး...မထူးဘူး။ ကျောင်းအရင်တက် ကျောင်းပြီးမှ အလုပ်ဝင်လုပ်။ ခုက ဒီပုံစံနဲ့ဆိုလည်း အလုပ်ခန့်ဖို့တွန့်ကြလိမ့်မယ်။ သိလား ကျွန်တေ်ာပြောချင်တာ...ကျောင်းပြီးမှ သူငယ်ချင်းတွေနဲ့ အလုပ်ဝင်။ မဟုတ်လည်း အစိုးရအလုပ်ဝင်လုပ် တည်တည်ငြိမ်ငြိမ်လည်း ဖြစ်တယ်။ အခု အိမ်ကိစ္စဘာညာစိတ်မပူနဲ့..."

မယုံနိုင်သလိုပြန်ကြည့်နေ၏။ ရုတ်တရက်ကြီး ဘာတွေစိတ်ကောင်းဝင်သွားလဲဟူသော ပုံစံ။

"ကျောင်းတက်ခိုင်းတာ အရမ်းသဘောကောင်းနေလို့မဟုတ်ဘူး။ ဒါရင်းနှီးမြှုပ်နှံလိုက်တာ။ ခင်ဗျားအလုပ်ရရင် အကုန်ပြန်ဆပ်ရမှာ။ ငိုမနေနဲ့တော့ မနက်ဖြန် ကျောင်းသွားအပ်ဖို့လုပ်။ အဲ့ ပိုက်ဆံနဲ့လောက်တယ်မလား"

"အင်း"

"ဒါဆိုပြီးရော...ခဏနေခဲ့ဦး ကျွန်တော်အလုပ်တစ်ခုရှာရဦးမယ်"

"ခ...ခဏ"

ပြန်လှည့်ကြည့်တော့ မရဲတရဲဟန်ဖြင့် လှုပ်စိလှုပ်စိနဲ့လုပ်နေသည်။

"ဘာပြောမလို့လဲ"

"ရုတ်တရက် ဝေ့ အပေါ် ဘာလို့ကောင်းလာတာလဲ"

"ခြေနှစ်ချောင်းမကယ်ကောင်းပေမဲ့ အခု အတူတူဒုက္ခရောက်နေတာကိုမှ ခင်ဗျားကိုဝါးကူထပ်ထိုးရင်ကျွန်တော်ယုတ်မာသူဖြစ်လိမ့်မယ်။ အခုဒီလိုတွေဖြစ်တာလည်း ကျွန်တော့်ဖက်ကအမှားကင်းတယ်လည်းမဟုတ်ဘူးလေ...ထားတော့ သွားဦးမယ်"

ပေါ့ပေါ့ပါးပါးရယ်လည်းမဟုတ်။ ဝေ့ ကဲ့သို့တုန်လှုပ်နေတာမရှိ။ တည်ငြိမ်တယ်လည်း မဆိုသာပေမဲ့...

မပြောတတ်ဘူး။ သူကျောင်းတက်လို့ ပြောပေမဲ့ ကျောင်းက အပ်ရုံနဲ့ပြီးတာမှ မဟုတ်တာ။ နောက်ဆက်တွဲကုန်ကျစရိတ်တွေ အတွက် ဘယ်ကနေရှာမလဲ။ လက်တွေ့ကျကျစဉ်းစားရင်...

အိမ်ငှားစာချုပ်ကိုကြည့်ရင်း သက်ပြင်းချမိသည်။ သိရသလောက် သူဖေကြီးဆီမှာ အလုပ်လုပ်တာ တစ်နှစ်တောင်မပြည့်ချင်သေး။ ပညာသင်လစာလေးနဲ့ မသုံးမစွဲဘဲ စုထားရင်တောင် ဘယ်လောက်ရှိမှာတဲ့လဲ

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ထဲ ပူူပင်မှုများနှင့်ချလိုက်သော သက်ပြင်းတစ်ခုကို ဘယ်သူမှ မကြား...

၂၀၁၃ ၊ မတ်လ

"ဟိုင်း မေမေ နေကောင်းလား"

"အင်း ကောင်းပါတယ်။ ဒါနဲ့ သား ဘယ်က ပြောနေတာလဲ"

"မလန့်သွားနဲ့နော်...ကျွန်တော် အခု ဖူဂျီတောင်ပေါ်တက်ဖို့"

"သားအခု ဂျပန်မှာလား။ ဘာလို့ ဒီလောက်အဝေးကြီးကို ခရီးထွက်ရတာလဲ။ မေက မေတို့ဆီပြန်လာမယ်ထင်နေတာ"

"ဆောရီး မေ။ ကျွန်တော် ကျောင်းက တောင်တက်အဖွဲ့ဝင်ထားတော့ အဖွဲ့နဲ့ရောက်လာတာ။"

"အဲ့ အဖွဲ့ဝင်ထားတယ်လို့လည်း သား မေ့ကို ဘမပြောဖူးပါဘူး။ တောင်တက်တယ်ဆိုတာ အန္တရာယ်များကများနဲ့သားရယ်... "

"အဲ့လို စိုးရိမ်မယ်ဆိုတာသိလို့ကြိုမပြောတာပေါ့။ ကျွန်တော် ကျန်တဲ့ indoorအားကစားတွေ လိုက်လုပ်

ကြည့်သေးတာပဲ။ ဒီဟာလောက်မှ မကြိုက်တာ။ တောင်ထိပ်မှာ အလံစိုက်လိုက်နိုင်တဲ့ ဖီးလ်က တကယ်မိုက်တယ် သိလားမေ...တောင်ထိပ်ကကြည့်ရတဲ့ မြင်ကွင်းကလည်း ဘာနဲ့မှ မတူဘူး။ တစ်ခါတလေ Godလိုတောင်ခံစားရတယ်။ တိမ်တွေပေါ်ကနေ အောက်က လူသားတွေ၊ ဖန်တီးမှုတွေကို ငုံ့ကြည့်ပြီး ကျေနပ်နေတာ"

၁၆နှစ်အရွယ်ပေမယ့် သားရဲ့ အတွေးအခေါ်တွေက ဒီက ကလေးတွေလို မဟုတ်တော့။ မြန်မာနိုင်ငံမှာဆိုဆယ်တန်းအတွက် အိမ်နဲ့ ကျောင်း ၊ ကျူရှင် ၊ ဂိုက်နဲ့ စာအုပ်ကြားထဲက ရုန်းမထွက်နိုင်ဖြစ်နေနိုင်ပေမယ့်ခုသားကြီးကတော့ နိုင်ငံရပ်ခြားကိုပင် မိဘမပါဘဲ ခရီးတွေသွားရဲနေခဲ့ပြီ။

"မေ...မေ"

"သြော်...မေ အတွေးလွန်သွားလို့"

"ကျွန်တော့်ကို စိတ်မပူနဲ့နော်...ကြိုမပြောမိလို့လည်း တောင်းပန်တယ်ဗျာ နော်"

"ရပါတယ်။ သား သတိတော့ထားနော်...သိလား။ စိတ်မပူနဲ့ပြောလည်း သားသမီးအတွက်စိတ်ပူရတာကတော့ မိဘတိုင်းဖြစ်နေကျလေ"

ခေတ် လေသံအေးအေးကြား ငိုသံနည်းနည်းစွတ်တော့ သားဖက်က ခဏလေး ငြိမ်ကျပြီးမှ...

"သြော်...မေ့ ကို ဝမ်းသာစရာသတင်းပြောမယ်"

"ဘာများလဲ"

"ကျွန်တော် ဒီစာသင်နှစ်အတွက် စကောလာ ရတယ်။ ဒါကြောင့် ကျောင်းစဖွင့်ရင် ကျောင်းစရိတ်မပို့နဲ့တော့နော်"

"တကယ်လား။ တော်လိုက်တာ မေ့သားက...ကျောင်းလခမသွင်းရလည်း မေ မုန့်ဖိုးပိုပေးမှာပေါ့သားရယ်...သား အဖေကြားရင် ဝမ်းသာနေတော့မှာ"

"ဖေရော သက်သာတယ်တဲ့လား"

"အင်း...ဟိုနေ့ကတည်းက လန်းလန်းဆန်းဆန်းပြန်ဖြစ်တယ်။ ဒီလိုပဲပေါ့ သားရယ်... "

သက်ပြင်းချသံသဲ့သဲ့ကို လေတိုးသံကြားမှ မပီဝိုးတဝါးကြားရပြီးမှ

"ကျွန်တော် ပြန်တောင်လာချင်နေပြီ မေရာ...ဒီမှာ အထက်တန်းတောင်မပြီးသေးလို့။ မေ နဲ့ ဘွားကိုလည်းအားနာနေပြီ။ ဖေ စဖြစ်တည်းက မေနဲ့ဘွားပဲ လုပ်နေရတာ"

"ရပါတယ် သားရယ်။ သားသာ ကျောင်းကို စိတ်ဖြောင့်လက်ဖြောင့်နဲ့သာတက်"

"ဟို ဒီနှစ် ကျောင်းပြန်ဖွင့်ရင် အဆောင်မနေတော့ဘူး သိလား။ ဒါကြောင့် အဆောင်ခလည်း မသွင်းပေးနဲ့တော့နော်"

"ဘာလို့လဲ သားရဲ့။ အခုနေတဲ့ အဆောင်က အဆင်မပြေလို့လား။ ဒါဆို ကောင်းတဲ့အဆောင်ရှာပြီးပြောင်းလေ မေ့ ကို အားမနာနဲ့။"

"မဟုတ်ပါဘူး။ အဆောင်မကောင်းလို့ မဟုတ်ပါဘူး...ဟို Ava တို့အိမ်မှာသွားနေမလို့"

သားပြောတဲ့ ကလေးမကို ခေတ်သိတယ်။ မနှစ်က သားဆီသွားလည်တည်းက အတန်းဖော်လို့မိတ်ဆက်ထားပေးသော ကလေးမပင်။ အတန်းဖော်ဟု ပြောသော်လည်း girlfriend တစ်ယောက်အဖြစ်တွဲနေကြောင်း သူတို့အသိုင်းအဝိုင်းထဲမှာတော့ နားလည်ထားပြီးသားပင်။

"နေ...နေပါဦး။ သားတို့ နှစ်ယောက်တည်း နေမလို့လား"

"အိုးဂေါ့...မဟုတ်ပါဘူး မေရ...Avaတို့အဒေါ်နဲ့သွားနေပေးကြမှာ။ ဖရော်ရီဒါမှာပဲနေတာ။ ပြီးခဲ့တဲ့လကမှကွာရှင်းလိုက်တာ။ ခု အိမ်မှာတစ်ယောက်တည်းကျန်ခဲ့လို့ Avaကို အဖော်ခေါ်နေခိုင်းတာ။ မိန်းကလေးနှစ်ယောက်တည်း ဖြစ်နေလို့ ကျွန်တော့်ပါ လာနေချင်နေလို့ခေါ်နေကြတာနဲ့ သူတို့နဲ့သွားနေပေးမလို့အဆောင်ခလည်း
သက်သာသွားတာပေါ့"

သွက်လက်တက်ကြွစွာပြောနေသော သားကြီးကို ခေတ်တားမြစ်ဖို့ရန်ဆိုင်ရာသင့်တော်သော စကားလုံးရှာမတွေ့။
ဆယ်နှစ်သားတည်းက တစ်စိမ်းတရံနယ်ပယ်ထဲ အသားကျစွာနေထိုင်နိုင်နေသူမို့ ခေတ်ပြောလည်းရချင်မှရတော့မှာ။ သူ့ဝန်မပိုအောင် သိတတ်လွန်းနေသောသားကို သနားလည်းသနားလာရသည်။

"သြော်...မေ အငယ်ကောင် စာလုပ်ရဲ့လား။ ဂိမ်းပဲဆော့နေတုန်းလား"

"အင်း...သူ့ Tabletကို သူ့အဘွားသိမ်းထားတယ်။ ဒီလအဆင့်ပြန်တက်မှ ပေးမယ်ပြောထားလို့ စာတော့လုပ်နေတယ်"

"အငယ်ကောင်ကို ပြောလိုက်ပါ။ အဆင့်တက်လာရင် အသစ်ထွက်တဲ့ Model ပို့ပေးမယ်လို့။ ဒါနဲ့ပဲ မေ့သားကို မျှားခေါ်လို့ရမှာ"

"အင်း အင်း မေ ပြောလိုက်မယ်။ သားကြီးလည်း ဂရုစိုက်နော်"

"ဟုတ်။ ဒါဆို ဖုန်းချလိုက်တော့မယ်နော်။ See you"

လေလှိုင်းပေါ်မှ အနမ်းတစ်ခုပေးရင်း ဖုန်းချသွားလေသူ။ ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့တစ်ယောက်တည်း ကြီးပြင်းလာသော သားကြီးသည် တစ်နှစ်ထက်တစ်နှစ်ပြောင်းလဲလာနေခဲ့ပြီ။အရင်က အမေ့ရင်ခွင်ထဲပွေ့ထားရင် မျက်လုံးဝိုင်းလျက် အမေကို မော့ငေးတတ်သူက အခုဆိုရင် ခေတ်ကိုထွေးပွေ့ရင်း ပြန်ငုံ့မိုးကြည့်နေတတ်၏။ အခုလည်း ခေတ်တို့ဆီမှာဆို
စာသင်အရွယ်ရည်းစားထားရကောင်းလားဆိုပြီး ဖုန်းသိမ်း အပြင်ထွက်ခွင့်ပိတ်နဲ့လုပ်နေတတ်ပေမဲ့ သားကြီးကတော့
အဆောင်ခသက်သာအောင်ကောင်မလေးရဲ့ အမျိုးအိမ်မှာပင် လိုက်နေမည်ဟု စီစဉ်ပြီးနှင့်နေပြီ။

အဆော့မက်ပြီး အမေအရမ်းခင်တွယ်တတ်သော သားငယ်ဘုန်းတခေတ်ကိုသာ ရင်အုပ်မကွာ စောင့်ရှောက်နိုင်ခဲ့ပေမဲ့ သားကြီးမြတ်နိုးသော်ကတော့ မိခင်ရင်ခွင်ဆိုတာမျိုးကိုပင် မတောင့်တတတ်တော့သလိုပင်။

THANK YOU ALL

Bạn đang đọc truyện trên: ZingTruyen.Xyz