ျမတ္နိုးေသာ္က အျကင္နာေဝ(မြတ်နိုးသော်က အကြင်နာဝေ)
Bonus : Two
၂၀၂၀ ၊ ဇန္နဝါရီ ၂၀ ၊ စကၤာပူ
"Happy Birthday ေသာ္"
၁၂နာရီတိတိ ။ စကၠန္႔လက္တံတစ္ခ်က္
ယိမ္းသည္ႏွင့္ ေမြးေန႔မဟုတ္ေတာ့ေသာ
ေနာက္တစ္ေန႔သို႕ မကူးေျပာင္းခင္ေလး
တြင္မွ ထိုစကားအစ္ကို႕ထံမွထြက္လာ
ျခင္းျဖစ္သည္။ ဒါသည္ ကြ်န္ေတာ့္အသိအရ အစ္ကိုနဲ႔ ပထမဆံုးျဖတ္သန္းဖူး
ေသာ ကြ်န္ေတာ့္ေမြးေန႔ပင္။ ေဝဟင္
ဆိုေသာ ထူးဆန္းေသာ လူသားေလး
သည္ ပထမဆံုးအခ်ိန္တြင္ ဆုေတာင္း
ျခင္းမျပဳဘဲ ေနာက္တစ္ေန႔မကူးခင္ေလး
တြင္မွ ေမြးေန႔ဆုေတာင္းကို ခြန္းဆက္သ
ရင္း ေမြးေန႔လက္ေဆာင္ကို စီရင္ေပးသူ
ေျခခ်င္းဝတ္မွ ေအးစက္စက္အထိအေတြ႔
ကို ခံစားေစေသာ Foot chain ကိုငံု႕
ျကည့္ေတာ့ ျပံဳးျပသည္။ ရင္းႏွီးသလိုျဖစ္
ေနေပမဲ့ ကြ်န္ေတာ္ ဒီကိစၥအတြက္ ဇေဝ
ဇဝါပါပဲ။
"ေမြးေန႔လက္ေဆာင္မွာ ဘာရွိေနလဲ
အစ္ကို"
ထိုအခါ ေဆြးရိပ္သန္းစြာျကည့္ရင္း သူ႔
ေျခခ်င္းဝတ္တြင္ရွိေနခဲ့ေသာ ျကိဳးမွ်င္
မွ်င္ကို လွစ္လ်ပ္ျပသည္။
"ဒါ ေသာ္ေပးခဲ့ဖူးတာ။ ေသာ္ ကိုယ္တိုင္
ဝတ္ေပးခဲ့တဲ့ Foot chain။ အရင္က
ေသာ့္မွာလည္း တစ္ခုရွိတယ္"
အတြင္းဆံုးတစ္ေနရာမွသည္ နာက်င္
သြားရပါသည္။
"အရင္ကဆို ေသာ္ကပဲ လက္ေဆာင္
ေတြေပးခဲ့တာ မ်ားတယ္။ ေဝ ေပးနိုင္
ခဲ့တာ ဘာမွမရွိဘူး။ ေဝ ေပးရင္ေတာင္
ေသာ္ေပးတဲ့ မုန္႕ဖိုးကေနပဲ စုျပီးေပးခဲ့
ရတာ"
"အစ္ကို ကိုယ္တိုင္က တန္ဖိုးအရွိဆံုး
လက္ေဆာင္ျဖစ္ေနျပီပဲ။ က်န္တာဘာ
လိုေသးလို႔လဲ"
"အင္း..."
တိုးဖြဖြဆိုရင္း ကြ်န္ေတာ့္ေျခခ်င္းဝတ္မွ
ျကိဳးမွ်င္မွ်င္ကို ခပ္ဖြဖြထိေတြ႔သည္။
"ေနရခက္ေနလား...ေယာက်ာ္းေလး
ေတြေပမဲ့ Foot chainဝတ္ထားရေတာ့"
"အဲ့တုန္းက ဘာလို႕ ဒီလိုလုပ္ေပးခဲဲ့လဲ
မသိေတာ့ေပမဲ့ အဲ့ဒါက ခ်ည္ေႏွာင္တဲ့
သေဘာဆိုရင္ အခုခ်ိန္မွာ ကြ်န္ေတာ္
တို႕ အတြက္ အဲ့ဒါေတြမလိုေတာ့ဘူး။
ဟုတ္တယ္မလား"
"အင္း..."
မ်က္ႏွာနုစင္စင္ကို တစ္စိမ့္စိမ့္ေငးရင္း
မွ အလိုက္သင့္ ေစာင္းငဲ့ေသာအခါ အ
လိုက္တသိ ခရီးဦးျကိဳဆိုျပဳသည္။ ထံုးစံ
ဆန္စြာ ကြ်န္ေတာ္ကပဲ စတင္သူ။
ဦးေဆာင္သူ ။ သို႕ေသာ္ ထိန္းေက်ာင္း
သူကေတာ့ အစ္ကိုပင္ ။ အတိုးခ်လိုက္
ေသာ အလြမ္းေတြအတြက္ အရင္းစိုက္
ပါသူေလး ဒဏ္မခံနိုင္။ ကရုဏာစိတ္
ေျကာင့္ လႊတ္ေပးလိုက္ခ်ိန္တြင္ေတာ့
အသက္ကို ျကိဳးစားရွဴေနေလ၏။
ကြ်န္ေတာ့္မွာ မရွဴနိုင္။ ေမာဟိုက္သည္
ထက္ ပိုေသာ ခံစားခ်က္က တစ္ကိုယ္
လံုး တိုးလွ်ိဳးေပါက္လ်က္ အစုန္အဆန္
ေျပးေနသလိုပင္။
ကြ်န္ေတာ့္သဲတြင္းအိုင္ေလးထဲသို႕ ထပ္မံ
တိုးဝင္ေသာအခါ အိုင္ငယ္ေလးသည္
ျပိဳက်ပါေတာ့၏။
ခုတင္ထက္တြင္မို႕ ထြက္ေပါက္ပိတ္ေန
သလို ျဖစ္ေနရွာသူကို အတင္းဓမၼမျဖစ္
ေစရန္ နူးညံ့ျခင္းမ်ားစြာျဖင့္ အားထုတ္
သိမ္းပိုက္ရသည္။
"ေသာ္..."
ခပ္တိုးတိုးေခၚတြင္မႈသည္ ျငင္းဆိုျခင္း
လား ထိန္းခ်ဳပ္မႈမကင္းမဲ့ေစရန္ ထိန္း
သိမ္းျခင္းလား မေသခ်ာ။ ေသခ်ာသည္
က ကြ်န္ေတာ္မရပ္တန္႕ေစခ်င္တာပင္။
အရာရာသည္ အသစ္ျဖစ္မေန။ သို႔ေသာ္
အရင္အတိတ္က ျမင္ကြင္းတခ်ိဳ႕ထပ္ကာ
့ျပဳေတာ့ ရန္ခုန္သံ စပြါးတိုးပါ၏။ ဤတစ္
ခါတြင္လည္း ပထမဆံုးအေတြ႔အျကံဳကို
သာ ဦးစြာျပန္လည္ခံစားေစခ်င္သည္မို႕
ကနဦးအတိုင္း ျပဳမူမိသည္ ။
တစ္ခုပဲ အရင္ကလို ျငိမ္မေန။ ကြ်န္ေတာ့္
ထိေတြ႕မႈမ်ားကို ျငင္းဆန္သလိုေတြျပဳ
မူသည္။ ကြ်န္ေတာ့္အနမ္းေတြေအာက္
မက်ရံႈးေစရန္ အံျကိတ္ခုခံသည္။ နာမည္
ေခၚတြင္ေစေသာ အခါလည္း ေခါင္းခါ
ျငင္းဆန္ပါ၏။ ဘာလို႕လဲ ဆိုသည့္ေမး
ခြန္းေအာက္ သူ႕ကို နူးညံ့ျခင္းမ်ားစြာျဖင့္
သာ ထပ္ေလာင္းႏွိပ္စက္မႈျပဳမိသည္။
ကြ်န္ေတာ္သည္ သူ႔အတြက္ ဘယ္အရာ
ေတြမဆို အေကာင္းဆံုးေပးစြမ္းနိုင္သူ
ျဖစ္ေစရမည္ ဆိုသည့္စိတ္ျဖင့္...
"ေသာ္..." ဟူေသာ အသံတိုးတိမ္ဝင္သြား
ျခင္းေနာက္ သူသည္ ပံုကာျပိဳက်သည္။
ဒီတစ္ခါတြင္ေတာ့ သူသည္ ကြ်န္ေတာ့္
ကို သူနဲ႔အတူထပ္တူက်ေအာင္ မေခၚ
နိုင္ခဲ့။
ထိုအက်ိဳးဆက္ေနာက္တြင္ေတာ့...
တစ္ျကိမ္တစ္ခါမွ မထိေတြ႔ဖူးေသးေသာ
နယ္ေျမဆီသို႕ ကြ်န္ေတာ္စတင္က်ဴး
ေက်ာ္မိေသာအခါ
မလႈပ္မယွက္နိုင္ ျဖစ္ေနသူထံမွ ရႈိက္သံ
တစ္ခုထြက္ျပဴသည္။
"ေတာင္း ပန္ ပါ တယ္"
ရႈိက္သံျကားမွ ထြက္လာေသာ အသံတိုး
တိုး။ လုပ္လိုက္ေသာ သူ႔အျပဳအမူ ။
ကြ်န္ေတာ့္ကို ခ်က္ခ်င္းရပ္တန္႔ေစပါ
သည္။
ျကာငံုအသြင္ခ်ီခ်လိုက္ေသာ လက္တစ္စံု
။ ႏြမ္းလ်ေဖ်ာ့ေတာ့ေသာ မ်က္
ဝန္းတိို႔မွ စီးကာက်လာေသာ ေရေႏြးစီး
ေျကာင္းႏွစ္သြယ္ ။
"အဲ့လိုေတြ မလုပ္နဲ႔ေလ အစ္ကိုရယ္"
ခ်ီထားေသာ လက္အုပ္ကို ဆြဲဖယ္လိုက္
မိသည္။ ဒါဘယ္လိုအေျခအေနျကီးလဲ။
"ေသာ္...လိုအပ္ရင္..."
ထကာ ထထိုင္ေသာ သူ ဘာလုပ္မလဲ ကြ်န္ေတာ္ရိပ္မိသည္ႏွင့္ သူ႔ကို ျပန္တြန္း
မိသည္။
"ေန...ပါ ေစ ေတာ့"
ခုတင္ထက္တြင္သာ ထားခဲ့ရင္း ေရခ်ိဳး
ခန္းရွိရာသို႔သာ ထြက္လာခဲ့လိုက္ေတာ့
သည္။ ရႈိက္သံတစ္ခ်ိဳ႕ကို ျကားရသည္။
ေယာက်ာ္းတစ္ေယာက္အတြက္ ခက္ခဲ
တယ္ဆိုတာ သိေပမဲ့...ကြ်န္ေတာ္လည္း
ခက္ခဲတာပဲေလ။
ကြ်န္ေတာ္ေရခ်ိဳးခန္းထဲမွထြက္လာေတာ့
ခုတင္ေထာင့္စြန္းတြင္ ေခြေခြေလး ေကြး
ေနသည္။ ကြ်န္ေတာ့္ဖက္ကို ေက်ာေပး
လ်က္။ အိပ္ရာခင္းေတြက အစ အသစ္
ျပန္လဲထားျပီးႏွင့္ျပီ။
ေရးေတးေတးျမင္ေနရေသာ သူ႔ေက်ာ
ျပင္ကို ေငးရင္း အေတြးေတြက ဂ
ေယာက္ကယက္ ။ ကြ်န္ေတာ္မလာသင့္
တဲ့ အခ်ိန္ လာမိလိုက္တာလား။ သူ႕ဆႏၵ
ကို မေမးဘဲ ကြ်န္ေတာ္ ျပဳမူလိုက္မိ
သည္။ ဒါေပမဲ့လည္း ကြ်န္ေတာ္တို႕ေန
ထိုင္ခဲ့တာ ခ်စ္သူသမီးရည္းစားဆိုသည္
ထက္ ပိုခဲ့သည္ပဲ။ သူဟာ ကြ်န္ေတာ့္
ရဲ႕ အိမ္ေထာင္ဖက္တစ္ေယာက္။
ကြ်န္ေတာ္ ဒီလိုပဲ စိတ္ထဲ ယံုႀကည္ထား
တာ။ ကြ်န္ေတာ္တို႕ ေဝးေနရတာ ျကာျပီ
ေလ။ အျကာျကီးေနမွာ သူ႔ကို ေတြ႔ရ
ေတာ့ အတူူတူေနခ်င္စိတ္ျဖစ္မိတာ။
ဒါကလည္း အိမ္ေထာင္ဖက္တိုင္း ျဖစ္
ေလ့ျဖစ္ထ ရွိတဲ့ ကိစၥပဲမဟုတ္ဘူးလား။
ေစာင့္ထိန္းတာေတြဘာေတြလုပ္ရေအာင္
သူက ကြ်န္ေတာ့္ရဲ႕ ရည္းစားမွမဟုတ္
ေတာ့ဘဲ။ ကြ်န္ေတာ့္ အိမ္ေထာင္ဖက္။
တိတိက်က်ေျပာရင္ ကြ်န္ေတာ့္ရဲ႕ အမ်ိဳး
သားေလးပဲေလ။ အေတြးေတြ ေတာင္
ေတာင္ေျမာက္ေျမာက္ေရာက္လ်က္
အိပ္၍ မေပ်ာ္ေတာ့ ။ သူနဲ႔ ကြ်န္ေတာ့္
ျကား ဘာေတြျခားနားေနခဲ့တာလဲ။
>>>>><<<<<
၂၀၂၀ ၊ ဇန္နဝါရီ ၂၁ ၊ စကၤာပူ
"မေန႕ညက ကိစၥ ေဝ ေတာင္းပန္..."
"မလိုဘူး အစ္ကို။ ဘာျဖစ္လို႕ဆိုတာပဲ
ကြ်န္ေတာ္သိခ်င္တာ"
ဘာကိစၥပဲျဖစ္လာျဖစ္လာ စိတ္ထဲမွာ
က်ိတ္ခံစား ၊ သူမဟုတ္တဲ့ တစ္ပါးလူကို
ရင္ဖြင့္ ၊ သူနဲ႔ေတာ့ ဟိုဟာျမိဳသိပ္ ဒီဟာ
ျမိဳသိပ္ႏွင့္ ေနာက္ဆံုးသေဘာထားေတြ ကြဲလြဲျပီး အပ်က္ပ်က္နဲ႔ ႏွလံုးေသြးပ်က္
မည့္ အျဖစ္သုိ႔အေရာက္မခံ။
မနက္မိုးလင္း သူေရာ ကြ်န္ေတာ္ပါ နိုး
သည္ႏွင့္ အိမ္ေရွ႕ဧည့္ခန္းေခၚထုတ္ျပီး
မ်က္ႏွာခ်င္းဆိုင္ပဲရွင္းရေတာ့သည္။
ကိုယ္ေတြႀကားက ကြဲလြဲမႈေတြ ကိုယ္ေတြ
ကိုယ္တိုင္ပဲ ေစ့စပ္မည္။ မည္သို႕ေသာ
ျကားလူမွ အဝင္မခံ။
"ဘာျဖစ္လဲ ဆိုတာ အစ္ကို႔ စိတ္ထဲ
ရွိသလိုေျပာလို႔ရတယ္။ ကြ်န္ေတာ့္ဖက္
က ဘာေတြလိုအပ္လဲ။ ကြ်န္ေတာ္ဘာ
ေတြ လုပ္ေပးသင့္တယ္။ အစ္ကိုဘယ္
လိုပံုစံမ်ိဳး ေနခ်င္တယ္ ဆိုတာက အစ
ေျပာ။ ကြ်န္ေတာ္ နဲ႔ အစ္ကိုက ရည္းစား
အဆင့္မဟုတ္ျကေတာ့ဘူးေလေနာ္"
ထိုအခါတြင္ေတာ့ ေတာင္းပန္စကားဆို
ရင္း ငိုပါေတာ့သည္။ ဘာေႀကာင့္ဆိုတာ
ကို ထပ္မေမးေတာ့ဘဲ သူ႔ကို သိုင္းေပြ႔
သူ႔ေက်ာျပင္ကိုသာ ဖြဖြပုတ္ေပးရင္းသာ
အသံတိတ္ႏွစ္သိမ့္ေနေပးေတာ့မွ...
"ေသာ္က မေန႔က အေျကာင္းမျကားဘဲ
ရုတ္တရက္ ေရာက္လာတယ္။ ေဝ က
ဘာမွမျပင္ဆင္ထားမိဘူး။ ေသာ္ ရြံသြား
မွာ။ ေဝ လက္ခံခ်င္ရင္ေတာင္ လက္ခံ
လို႕မရဘူးေလ။ ေဝ့ေနရာမွာ မိန္းကေလး
ဆိုရင္ ေသာ္ အခုလိုျဖစ္ခဲ့မွာမဟုတ္ဘူး"
ဒီစကားေတြကို အစီအစဥ္တက်နား
ေထာင္လိုက္ရတာမိ်ဳးမဟုတ္။ ရႈိက္သံ
မ်ားျကားထဲမွ အားမလိုအားမရျဖစ္ေနမႈ၊
ရွက္ရြံမႈ ႏွင့္ နာက်င္ျခင္းေတြကိုပါတစ္ပါ
တည္း ခံစားလိုက္ရသည္။
"ေဝ မေန႔ညက တစ္ညလံုးစဥ္းစားတယ္
ေဝ မိန္းကေလးျဖစ္ေပးရမလား ဆိုျပီး..."
ေမာ့ကာ ေမးလာသူ၏ မ်က္လံုးမ်ားတြင္
ကြ်န္ေတာ္သာ ေတာင္းဆိုပါက ဆံုးျဖတ္
ခ်က္ လံုးဝမေျပာင္းေတာ့မည့္ပံုစံ။
မဟုတ္ေသးဘူးေလ ဒါက...
ကြ်န္ေတာ္သိလိုက္ျပီ ။ ဒီစိတ္ကို ဘယ္လို
နည္းနဲ႔မွ စကားလံုးတို႕ျဖင့္ တြန္းလွန္၍
ရမည္ မဟုတ္။ ဒါဆို ဘယ္လိုလုပ္ရမလဲ
ရုတ္တရက္ အေျဖကမထြြက္။ ေသြးပူ
ေနတုန္းကသာ မဆင္မျခင္ ေရွ႕ေနာက္
မျကည့္ဘဲ စခဲ့မိတာ။ တကယ္တမ္းဆို
ရင္ ဒါက သာမန္ဆက္ဆံေရးလိုမွမဟုတ္
တာ။
"ဒါ ကြ်န္ေတာ္ ဆံုးျဖတ္ရမယ့္ ကိစၥ
ျဖစ္သြားျပီ။ ကြ်န္ေတာ့္ကို အခ်ိန္ေပး။
ဘယ္မွမသြားနဲ႔ ။ ဟုတ္ျပီလား"
"ေသာ္ ဘယ္သြားမလို႔..."
"ကြ်န္ေတာ့္အတြက္လည္း စဥ္းစားဖို႕
အခ်ိန္လိုတယ္ေလ...ဘယ္မွမထြက္သြား
ဘဲ အိမ္မွာပဲေစာင့္ေနေနာ္။ ျပန္လာခဲ့
မယ္"
ေမာ္ကာလိုက္ျကည့္ေနသူ၏ နဖူးေျပေျပ
ကို ဖြဖြနမ္းေပးျပီးသည္ႏွင့္ အခန္းထဲမွ
ထြက္လာျဖစ္လိုက္သည္။
ေမာ့ျကည့္ေသာအခါ မိုးေမွ်ာ္အေဆာက္
အဦေတြ အလယ္မွ ျပာလဲ့လဲ့ ေဝ
ဟင္ကေတာ့ အျမဲလိုလိုလွေနသလိုပါပဲ။
ကြ်န္ေတာ္ရဲ႕ မ်က္ရည္မိုးခဏခဏရြာ
လ်က္ ကြ်န္ေတာ့္ရင္ကို ဝမ္းနည္းေရခ်ိန္
မွတ္အျမဲတက္ေအာင္ လုပ္တတ္တဲ့
ကြ်န္ေတာ့္ကိုယ္ပိုင္ ေဝဟင္ကေတာ့...
"တကယ့္ေဝဟင္ထက္ ပိုလွသလို ပို၍
လည္း အႏၱရာယ္ျကီးပါရဲ႕"
To be continue...
(Unicode version)
/
/
/
၂၀၂၀ ၊ ဇန်နဝါရီ ၂၀ ၊ စင်္ကာပူ
"Happy Birthday သော်"
၁၂နာရီတိတိ ။ စက္ကန့်လက်တံတစ်ချက်
ယိမ်းသည်နှင့် မွေးနေ့မဟုတ်တော့သော
နောက်တစ်နေ့သို့ မကူးပြောင်းခင်လေး
တွင်မှ ထိုစကားအစ်ကို့ထံမှထွက်လာ
ခြင်းဖြစ်သည်။ ဒါသည် ကျွန်တော့်အသိအရ အစ်ကိုနဲ့ ပထမဆုံးဖြတ်သန်းဖူး
သော ကျွန်တော့်မွေးနေ့ပင်။ ဝေဟင်
ဆိုသော ထူးဆန်းသော လူသားလေး
သည် ပထမဆုံးအချိန်တွင် ဆုတောင်း
ခြင်းမပြုဘဲ နောက်တစ်နေ့မကူးခင်လေး
တွင်မှ မွေးနေ့ဆုတောင်းကို ခွန်းဆက်သ
ရင်း မွေးနေ့လက်ဆောင်ကို စီရင်ပေးသူ
ခြေချင်းဝတ်မှ အေးစက်စက်အထိအတွေ့
ကို ခံစားစေသော Foot chain ကိုငုံ့
ကြည့်တော့ ပြုံးပြသည်။ ရင်းနှီးသလိုဖြစ်
နေပေမဲ့ ကျွန်တော် ဒီကိစ္စအတွက် ဇဝေ
ဇဝါပါပဲ။
"မွေးနေ့လက်ဆောင်မှာ ဘာရှိနေလဲ
အစ်ကို"
ထိုအခါ ဆွေးရိပ်သန်းစွာကြည့်ရင်း သူ့
ခြေချင်းဝတ်တွင်ရှိနေခဲ့သော ကြိုးမျှင်
မျှင်ကို လှစ်လျပ်ပြသည်။
"ဒါ သော်ပေးခဲ့ဖူးတာ။ သော် ကိုယ်တိုင်
ဝတ်ပေးခဲ့တဲ့ Foot chain။ အရင်က
သော့်မှာလည်း တစ်ခုရှိတယ်"
အတွင်းဆုံးတစ်နေရာမှသည် နာကျင်
သွားရပါသည်။
"အရင်ကဆို သော်ကပဲ လက်ဆောင်
တွေပေးခဲ့တာ များတယ်။ ဝေ ပေးနိုင်
ခဲ့တာ ဘာမှမရှိဘူး။ ဝေ ပေးရင်တောင်
သော်ပေးတဲ့ မုန့်ဖိုးကနေပဲ စုပြီးပေးခဲ့
ရတာ"
"အစ်ကို ကိုယ်တိုင်က တန်ဖိုးအရှိဆုံး
လက်ဆောင်ဖြစ်နေပြီပဲ။ ကျန်တာဘာ
လိုသေးလို့လဲ"
"အင်း..."
တိုးဖွဖွဆိုရင်း ကျွန်တော့်ခြေချင်းဝတ်မှ
ကြိုးမျှင်မျှင်ကို ခပ်ဖွဖွထိတွေ့သည်။
"နေရခက်နေလား...ယောကျာ်းလေး
တွေပေမဲ့ Foot chainဝတ်ထားရတော့"
"အဲ့တုန်းက ဘာလို့ ဒီလိုလုပ်ပေးခဲ့လဲ
မသိတော့ပေမဲ့ အဲ့ဒါက ချည်နှောင်တဲ့
သဘောဆိုရင် အခုချိန်မှာ ကျွန်တော်
တို့ အတွက် အဲ့ဒါတွေမလိုတော့ဘူး။
ဟုတ်တယ်မလား"
"အင်း..."
မျက်နှာနုစင်စင်ကို တစ်စိမ့်စိမ့်ငေးရင်း
မှ အလိုက်သင့် စောင်းငဲ့သောအခါ အ
လိုက်တသိ ခရီးဦးကြိုဆိုပြုသည်။ ထုံးစံ
ဆန်စွာ ကျွန်တော်ကပဲ စတင်သူ။
ဦးဆောင်သူ ။ သို့သော် ထိန်းကျောင်း
သူကတော့ အစ်ကိုပင် ။ အတိုးချလိုက်
သော အလွမ်းတွေအတွက် အရင်းစိုက်
ပါသူလေး ဒဏ်မခံနိုင်။ ကရုဏာစိတ်
ကြောင့် လွှတ်ပေးလိုက်ချိန်တွင်တော့
အသက်ကို ကြိုးစားရှူနေလေ၏။
ကျွန်တော့်မှာ မရှူနိုင်။ မောဟိုက်သည်
ထက် ပိုသော ခံစားချက်က တစ်ကိုယ်
လုံး တိုးလျှိုးပေါက်လျက် အစုန်အဆန်
ပြေးနေသလိုပင်။
ကျွန်တော့်သဲတွင်းအိုင်လေးထဲသို့ ထပ်မံ
တိုးဝင်သောအခါ အိုင်ငယ်လေးသည်
ပြိုကျပါတော့၏။
ခုတင်ထက်တွင်မို့ ထွက်ပေါက်ပိတ်နေ
သလို ဖြစ်နေရှာသူကို အတင်းဓမ္မမဖြစ်
စေရန် နူးညံ့ခြင်းများစွာဖြင့် အားထုတ်
သိမ်းပိုက်ရသည်။
"သော်..."
ခပ်တိုးတိုးခေါ်တွင်မှုသည် ငြင်းဆိုခြင်း
လား ထိန်းချုပ်မှုမကင်းမဲ့စေရန် ထိန်း
သိမ်းခြင်းလား မသေချာ။ သေချာသည်
က ကျွန်တော်မရပ်တန့်စေချင်တာပင်။
အရာရာသည် အသစ်ဖြစ်မနေ။ သို့သော်
အရင်အတိတ်က မြင်ကွင်းတချို့ထပ်ကာ
့ပြုတော့ ရန်ခုန်သံ စပွါးတိုးပါ၏။ ဤတစ်
ခါတွင်လည်း ပထမဆုံးအတွေ့အကြုံကို
သာ ဦးစွာပြန်လည်ခံစားစေချင်သည်မို့
ကနဦးအတိုင်း ပြုမူမိသည် ။
တစ်ခုပဲ အရင်ကလို ငြိမ်မနေ။ ကျွန်တော့်
ထိတွေ့မှုများကို ငြင်းဆန်သလိုတွေပြု
မူသည်။ ကျွန်တော့်အနမ်းတွေအောက်
မကျရှုံးစေရန် အံကြိတ်ခုခံသည်။ နာမည်
ခေါ်တွင်စေသော အခါလည်း ခေါင်းခါ
ငြင်းဆန်ပါ၏။ ဘာလို့လဲ ဆိုသည့်မေး
ခွန်းအောက် သူ့ကို နူးညံ့ခြင်းများစွာဖြင့်
သာ ထပ်လောင်းနှိပ်စက်မှုပြုမိသည်။
ကျွန်တော်သည် သူ့အတွက် ဘယ်အရာ
တွေမဆို အကောင်းဆုံးပေးစွမ်းနိုင်သူ
ဖြစ်စေရမည် ဆိုသည့်စိတ်ဖြင့်...
"သော်..." ဟူသော အသံတိုးတိမ်ဝင်သွား
ခြင်းနောက် သူသည် ပုံကာပြိုကျသည်။
ဒီတစ်ခါတွင်တော့ သူသည် ကျွန်တော့်
ကို သူနဲ့အတူထပ်တူကျအောင် မခေါ်
နိုင်ခဲ့။
ထိုအကျိုးဆက်နောက်တွင်တော့...
တစ်ကြိမ်တစ်ခါမှ မထိတွေ့ဖူးသေးသော
နယ်မြေဆီသို့ ကျွန်တော်စတင်ကျူး
ကျော်မိသောအခါ
မလှုပ်မယှက်နိုင် ဖြစ်နေသူထံမှ ရှိုက်သံ
တစ်ခုထွက်ပြူသည်။
"တောင်း ပန် ပါ တယ်"
ရှိုက်သံကြားမှ ထွက်လာသော အသံတိုး
တိုး။ လုပ်လိုက်သော သူ့အပြုအမူ ။
ကျွန်တော့်ကို ချက်ချင်းရပ်တန့်စေပါ
သည်။
ကြာငုံအသွင်ချီချလိုက်သော လက်တစ်စုံ
။ နွမ်းလျဖျော့တော့သော မျက်
ဝန်းတို့မှ စီးကာကျလာသော ရေနွေးစီး
ကြောင်းနှစ်သွယ် ။
"အဲ့လိုတွေ မလုပ်နဲ့လေ အစ်ကိုရယ်"
ချီထားသော လက်အုပ်ကို ဆွဲဖယ်လိုက်
မိသည်။ ဒါဘယ်လိုအခြေအနေကြီးလဲ။
"သော်...လိုအပ်ရင်..."
ထကာ ထထိုင်သော သူ ဘာလုပ်မလဲ ကျွန်တော်ရိပ်မိသည်နှင့် သူ့ကို ပြန်တွန်း
မိသည်။
"နေ...ပါ စေ တော့"
ခုတင်ထက်တွင်သာ ထားခဲ့ရင်း ရေချိုး
ခန်းရှိရာသို့သာ ထွက်လာခဲ့လိုက်တော့
သည်။ ရှိုက်သံတစ်ချို့ကို ကြားရသည်။
ယောကျာ်းတစ်ယောက်အတွက် ခက်ခဲ
တယ်ဆိုတာ သိပေမဲ့...ကျွန်တော်လည်း
ခက်ခဲတာပဲလေ။
ကျွန်တော်ရေချိုးခန်းထဲမှထွက်လာတော့
ခုတင်ထောင့်စွန်းတွင် ခွေခွေလေး ကွေး
နေသည်။ ကျွန်တော့်ဖက်ကို ကျောပေး
လျက်။ အိပ်ရာခင်းတွေက အစ အသစ်
ပြန်လဲထားပြီးနှင့်ပြီ။
ရေးတေးတေးမြင်နေရသော သူ့ကျော
ပြင်ကို ငေးရင်း အတွေးတွေက ဂ
ယောက်ကယက် ။ ကျွန်တော်မလာသင့်
တဲ့ အချိန် လာမိလိုက်တာလား။ သူ့ဆန္ဒ
ကို မမေးဘဲ ကျွန်တော် ပြုမူလိုက်မိ
သည်။ ဒါပေမဲ့လည်း ကျွန်တော်တို့နေ
ထိုင်ခဲ့တာ ချစ်သူသမီးရည်းစားဆိုသည်
ထက် ပိုခဲ့သည်ပဲ။ သူဟာ ကျွန်တော့်
ရဲ့ အိမ်ထောင်ဖက်တစ်ယောက်။
ကျွန်တော် ဒီလိုပဲ စိတ်ထဲ ယုံကြည်ထား
တာ။ ကျွန်တော်တို့ ဝေးနေရတာ ကြာပြီ
လေ။ အကြာကြီးနေမှာ သူ့ကို တွေ့ရ
တော့ အတူူတူနေချင်စိတ်ဖြစ်မိတာ။
ဒါကလည်း အိမ်ထောင်ဖက်တိုင်း ဖြစ်
လေ့ဖြစ်ထ ရှိတဲ့ ကိစ္စပဲမဟုတ်ဘူးလား။
စောင့်ထိန်းတာတွေဘာတွေလုပ်ရအောင်
သူက ကျွန်တော့်ရဲ့ ရည်းစားမှမဟုတ်
တော့ဘဲ။ ကျွန်တော့် အိမ်ထောင်ဖက်။
တိတိကျကျပြောရင် ကျွန်တော့်ရဲ့ အမျိုး
သားလေးပဲလေ။ အတွေးတွေ တောင်
တောင်မြောက်မြောက်ရောက်လျက်
အိပ်၍ မပျော်တော့ ။ သူနဲ့ ကျွန်တော့်
ကြား ဘာတွေခြားနားနေခဲ့တာလဲ။
>>>>><<<<<
၂၀၂၀ ၊ ဇန်နဝါရီ ၂၁ ၊ စင်္ကာပူ
"မနေ့ညက ကိစ္စ ဝေ တောင်းပန်..."
"မလိုဘူး အစ်ကို။ ဘာဖြစ်လို့ဆိုတာပဲ
ကျွန်တော်သိချင်တာ"
ဘာကိစ္စပဲဖြစ်လာဖြစ်လာ စိတ်ထဲမှာ
ကျိတ်ခံစား ၊ သူမဟုတ်တဲ့ တစ်ပါးလူကို
ရင်ဖွင့် ၊ သူနဲ့တော့ ဟိုဟာမြိုသိပ် ဒီဟာ
မြိုသိပ်နှင့် နောက်ဆုံးသဘောထားတွေ ကွဲလွဲပြီး အပျက်ပျက်နဲ့ နှလုံးသွေးပျက်
မည့် အဖြစ်သို့အရောက်မခံ။
မနက်မိုးလင်း သူရော ကျွန်တော်ပါ နိုး
သည်နှင့် အိမ်ရှေ့ဧည့်ခန်းခေါ်ထုတ်ပြီး
မျက်နှာချင်းဆိုင်ပဲရှင်းရတော့သည်။
ကိုယ်တွေကြားက ကွဲလွဲမှုတွေ ကိုယ်တွေ
ကိုယ်တိုင်ပဲ စေ့စပ်မည်။ မည်သို့သော
ကြားလူမှ အဝင်မခံ။
"ဘာဖြစ်လဲ ဆိုတာ အစ်ကို့ စိတ်ထဲ
ရှိသလိုပြောလို့ရတယ်။ ကျွန်တော့်ဖက်
က ဘာတွေလိုအပ်လဲ။ ကျွန်တော်ဘာ
တွေ လုပ်ပေးသင့်တယ်။ အစ်ကိုဘယ်
လိုပုံစံမျိုး နေချင်တယ် ဆိုတာက အစ
ပြော။ ကျွန်တော် နဲ့ အစ်ကိုက ရည်းစား
အဆင့်မဟုတ်ကြတော့ဘူးလေနော်"
ထိုအခါတွင်တော့ တောင်းပန်စကားဆို
ရင်း ငိုပါတော့သည်။ ဘာကြောင့်ဆိုတာ
ကို ထပ်မမေးတော့ဘဲ သူ့ကို သိုင်းပွေ့
သူ့ကျောပြင်ကိုသာ ဖွဖွပုတ်ပေးရင်းသာ
အသံတိတ်နှစ်သိမ့်နေပေးတော့မှ...
"သော်က မနေ့က အကြောင်းမကြားဘဲ
ရုတ်တရက် ရောက်လာတယ်။ ဝေ က
ဘာမှမပြင်ဆင်ထားမိဘူး။ သော် ရွံသွား
မှာ။ ဝေ လက်ခံချင်ရင်တောင် လက်ခံ
လို့မရဘူးလေ။ ဝေ့နေရာမှာ မိန်းကလေး
ဆိုရင် သော် အခုလိုဖြစ်ခဲ့မှာမဟုတ်ဘူး"
ဒီစကားတွေကို အစီအစဉ်တကျနား
ထောင်လိုက်ရတာမျိုးမဟုတ်။ ရှိုက်သံ
များကြားထဲမှ အားမလိုအားမရဖြစ်နေမှု၊
ရှက်ရွံမှု နှင့် နာကျင်ခြင်းတွေကိုပါတစ်ပါ
တည်း ခံစားလိုက်ရသည်။
"ဝေ မနေ့ညက တစ်ညလုံးစဉ်းစားတယ်
ဝေ မိန်းကလေးဖြစ်ပေးရမလား ဆိုပြီး..."
မော့ကာ မေးလာသူ၏ မျက်လုံးများတွင်
ကျွန်တော်သာ တောင်းဆိုပါက ဆုံးဖြတ်
ချက် လုံးဝမပြောင်းတော့မည့်ပုံစံ။
မဟုတ်သေးဘူးလေ ဒါက...
ကျွန်တော်သိလိုက်ပြီ ။ ဒီစိတ်ကို ဘယ်လို
နည်းနဲ့မှ စကားလုံးတို့ဖြင့် တွန်းလှန်၍
ရမည် မဟုတ်။ ဒါဆို ဘယ်လိုလုပ်ရမလဲ
ရုတ်တရက် အဖြေကမထွက်။ သွေးပူ
နေတုန်းကသာ မဆင်မခြင် ရှေ့နောက်
မကြည့်ဘဲ စခဲ့မိတာ။ တကယ်တမ်းဆို
ရင် ဒါက သာမန်ဆက်ဆံရေးလိုမှမဟုတ်
တာ။
"ဒါ ကျွန်တော် ဆုံးဖြတ်ရမယ့် ကိစ္စ
ဖြစ်သွားပြီ။ ကျွန်တော့်ကို အချိန်ပေး။
ဘယ်မှမသွားနဲ့ ။ ဟုတ်ပြီလား"
"သော် ဘယ်သွားမလို့..."
"ကျွန်တော့်အတွက်လည်း စဉ်းစားဖို့
အချိန်လိုတယ်လေ...ဘယ်မှမထွက်သွား
ဘဲ အိမ်မှာပဲစောင့်နေနော်။ ပြန်လာခဲ့
မယ်"
မော်ကာလိုက်ကြည့်နေသူ၏ နဖူးပြေပြေ
ကို ဖွဖွနမ်းပေးပြီးသည်နှင့် အခန်းထဲမှ
ထွက်လာဖြစ်လိုက်သည်။
မော့ကြည့်သောအခါ မိုးမျှော်အဆောက်
အဦတွေ အလယ်မှ ပြာလဲ့လဲ့ ဝေ
ဟင်ကတော့ အမြဲလိုလိုလှနေသလိုပါပဲ။
ကျွန်တော်ရဲ့ မျက်ရည်မိုးခဏခဏရွာ
လျက် ကျွန်တော့်ရင်ကို ဝမ်းနည်းရေချိန်
မှတ်အမြဲတက်အောင် လုပ်တတ်တဲ့
ကျွန်တော့်ကိုယ်ပိုင် ဝေဟင်ကတော့...
"တကယ့်ဝေဟင်ထက် ပိုလှသလို ပို၍
လည်း အန္တရာယ်ကြီးပါရဲ့"
To be continue...
Bạn đang đọc truyện trên: ZingTruyen.Xyz