ZingTruyen.Xyz
ဇာတ်သိမ်းပိုင်း(2nd version)
HsuChiKo365
၂၀၁၉ ၊ ဇွန် ၊ ရန်ကုန်
"ဟဲလို ကိုကိုကြီး"
ပြီ"
ခဲ့မယ်"
သည်။
အစ်ကိုနှင့် သွားရုံ။ ပြီးခဲ့သော မေလ
တစ်ဖုံ။
မျာလည်း သနားစရာ။ ဟိုက ပို့ပေးထား
ပြန်၏။ ဝေဟင် ဆိုတာကတော့ ဂါထာ
ကောင်ပဲ ခံပေါ့။
ငတိမကလည်းရှိသေး။ ထိတာကိုင်တာ
လုပ်စရာလိုလားဗျာ။ အစ်ကို့ကိုလည်း
ဆုံးမတော့လည်း
လွမ်းတယ် အစ်ကိုရာ...
သလိုပဲ။
ပြိုင်ကား။ မနက်တည်းက ရုံးရောက်
Finance Headမှာ
အခုမှ သိသည်မထင်။ ကျွန်တော့်နည်းတူ
သို့သော် မတုန်လှုပ်။ ကျွန်တော်တွေး
ကို သိလောက်ပြီပေါ့။ သို့သော် ထိုအ
ဓာတ်ပုံတစ်ချို့။
ပါ၏။ တခြားလူတော့ မသိ။ ကျွန်တော်
သိသွားပြီ။ ဦးနှောက်ကို အလုပ်
ပေးကြည့်သည်။ အငယ်စီစဉ်သော ဤ
ခိုးရိုက်ထားရသည်လဲ။ ဘာအတွက်လဲ။
လိုက်တော့သည်။
မေ့ထားခဲ့တယ် ။ ဒီက ဒါရိုက်တာတွေ
လွှတ်စရာမရှိတော့ဘူး ။ အိမ်ထောင်ရှိ
တစ်ယောက်နဲ့..."
သက်ရှိုက်ရင်း နားသည်။ ဘာဆက်ပြော
လှမ်းကြည့်လိုက်၏။ မလာသေးဘူးလား အငယ်။
ပါသည်။
ပဲ ကြည့်ရပါတော့မယ်။ မန်နေဂျာချုပ်
မဲပေးလို့ရပါတယ်။ အခုအဆုံးအဖြတ်ကို
သဘောတူရင်..."
"ခေတ် သဘောမတူဘူး"
ဆောင်လျှောက်စေသည်။ အံ့သြမှုနှင့်
နဲ့..."
"မဟုတ်ဘူး!"
ပေးခဲ့တာ မဟုတ်ပါဘူး။ သူက ခေတ်ရဲ့
တော့သည်။ သူတို့သိထားသည်က ချော
ပြီး...
အတွက် ချက်ချင်းလိုက်တွေးရန် ဥာဏ်
သာ အံ့သြနေနိုင်သည်။
သည်။
ပြန်နေတာ မဟုတ်ပါဘူး။ ဒီကလေးက
သင်းဖူးပါတယ်"
"တော်စမ်း ခေတ်"
ဆက်တုန်ယင်နေသည်။
ကို တောင်းပန်ပါတယ်။ မိသားစုကိစ္စ
မယ်"
နှင့်သွားပါပြီ။
ကျွန်တော်ကတော့ အရာရာ
ဆေးပင်။ ထိုင်ရာမှပင် မထဖြစ်။
မြေးနော်"
ပြောလာခဲ့သည်က...
အငယ့် အစ်ကိုကြီးပဲဟာ။ အငယ်က အ
ချင်တာ..."
"ဟုတ်တယ်။ အဘွားလည်း ပင်ပန်းနေ
ကပ်ခိုင်းခဲ့တာတွေ ။ တကယ်တမ်းမေမေ
ကို အငယ် တအား သနားတယ်။ အဘွား
ဖတ်သည်။ နာကျည်းချက်တစ်ခုမပါ။
ရင်းက မြန်မာပါ။ ဖေဖေ နှစ်နှစ်သားအ
ရွယ်မှာ ဆုံးသွားတာ။ နာမည်က ကိုကို
တယ်မလား"
ထုတ်ချင်ဘူး။ အစ်ကိုတွေလောက်သွေး
နီးတာ ရှိဦးမလား။ အမေတူမအေကွဲ
လို့ရသေးတာပဲ။ ဒီတော့...ကျွန်တော်တို့
ပြီ။ နားလိုက်နော်..."
၏။
ကျွန်တော်လား။ ဘယ်သူမှကို စိတ်မဝင်
၂၀၂၀ ၊ ဇန်နဝါရီ ၊ စင်ကာပူ
လှည့်ကြည့်တတ်သေး၏။ ကျွန်တော်သိ
နောက်ကျောမလုံရှာ။ လူကြားထဲလည်း
အပူးမခံ။
"အစ်ကို"
"ဟင်"
"ဘာတွေကြည့်နေတာလဲ"
"ဘာ...ဘာမှ"
တွေ့ရတာလေ နော်။ ပျော်ပျော်နေနော်"
ကြောင့်သာဖြစ်သည်။
အပြစ်လည်း မဆိုချင်။ ဟိုဖက်ဒီဖက်
တွေမှ မနည်းခဲ့ပဲ။
ချီပါတော့၏။
"ဖေကိုး!"
လက်ညှိုးထိုးပြလျက်
ပျက်ဆိုလာသည်။
ဗိုက်လည်းမဝ..."
မှာလား"
ဒါ ကျွန်တော့်တာဝန်လေ။
မလိုက်ရဘူးလေ။ အစ်ကိုက Ava ထက်
ပိုပိုပြီး...လိုချင်..."
ကြည့်နော်။မငိုရဘူး ။ မမဲ့ရဘူးနော်။
ဒီအတိုင်း တောင်း"
လေးဖြင့်ပင်
ကို ရွတ်၏။
သက်ပြင်းအရင်ချစေသည်။ ထို့နောက်
"ကြွ ကြွ။ သွားဝယ်ကြ"
က မကျေနပ်သေး။ နေရာမရွေ့ဘဲ ပေ
"yes yes"
လက်ကို လာဆွဲသည်။ Aiden၏ တစ်
ပါတော့သည်။
တည်းလား။
"တခေတ် ဘာလုပ်တာလဲ"
နေတာလား"
"အာ...မဟုတ်ပါဘူး"
"အဟုတ်လည်း မခံဘူးနော်"
"တခေတ် နင်ဟာလေ..."
ကြည့်၏။
ထိုအခါ သဘောတကျရယ်ပါ၏။
ထုတ်ရသလိုပဲ။ ငါ့ အဖေကို လိမ်ထား
သား အနေနဲ့ နေရမှာ"
လား"
ကျရယ်သည်။
ဘုန်းတခေတ်ပြုံးသည်။ မြင်နေတွေ့နေ
လေ။ ငါတို့အတူတူနစ်နာခဲ့ရတာပဲ။
ပဲ မဟုတ်ဘူးလား။ အခုကြည့်လေ အစ်
ခွဲပေးထားတယ်။ ဒါပေမဲ့ အခု အစ်ကို
တွေက ခေါင်ခိုက်နေတာ။ ပြီးတော့ သူ
မခံနိုင်ဘူး။ ဒါကြောင့် ငါ ဒီလိုတွေ
သွားခေါ်ရတာပဲ။
အဓိက က နင်ပဲ ငွေခြူး။ နင်
The End
(Unicode version)
/
/
/
၂၀၁၉ ၊ ဇွန် ၊ ရန်ကုန်
"ဟဲလို ကိုကိုကြီး"
"အငယ်...ကိုယ့် ကို အဘွားဖုန်းခေါ်နေ
ပြီ"
"အိုကေ အိုကေ ။ သုံးမိနစ်လောက်ပဲအချိန်ဆွဲထားလိုက် ၊ ကျွန်တော် တက်လာ
ခဲ့မယ်"
ပြောပြီးပြီးချင်း ဖုန်းချသွားတော့၏။ အ
ချိန်ဆွဲဆိုတော့လည်း ဆွဲသည်ပေါ့။ သံ
ဝန်းထဲမှနေ၍ ရုံးရှိရာသို့ ဖြည်းဖြည်းချင်းပဲ လမ်းလျှောက်သွားလိုက်တော့သည်။
ဘာကြောင့်ရယ် မသိ။ ဒီရက်ပိုင်း အဘွားကတွေ့ဖို့ ဖုန်းဆက်ခေါ်တာနဲ့ သူ့ကိုပါ
ခေါ်ပေးပါဟု အငယ်က တောင်းဆိုခဲ့
သည်။
ဒီမတိုင်ခင်လည်း ဘာမှန်းညာမှန်းမသိ
ပေမဲ့ သူခိုင်းလို့ လုပ်ခဲ့ရတာအများကြီး။
တကယ်တမ်းက ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်ပါလက်ပါနဲ့ကို လုပ်ခဲ့တာပါ။
အငယ် ခိုင်းတာက တခြားမှမဟုတ်ဘဲ။ သူစီစဉ်ပေးထားသော နေရာများသို့
အစ်ကိုနှင့် သွားရုံ။ ပြီးခဲ့သော မေလ
တစ်လလုံးနီးပါး အစ်ကိုနဲ့ shopping
ထွက်ဖြစ်ကြသည်။ Hotel များတွင် Luxary room အခန်း ရထားသည် ဆို၍ လက်ဆောင်လာပေးသဖြင် နှစ်ည
လောက် သွားနေဖြစ်ကြသေးတာက
တစ်ဖုံ။
ထို့နောက် ငွေခြူးပေးသော ရုပ်ရှင်လက်
မှတ်တစ်ပုံတစ်ပင်ကို လည်း မကြည့်
ဖြစ်ရင် နှမြောစရာ ဟူသော အကြောင်း
ပြချက်နှင့် ည ကိုးနာရီပွဲတွေတည်း တစ်
ပတ်တိတိကြည့်ဖြစ်ကြတာ။ အစ်ကို့ခင်
မျာလည်း သနားစရာ။ ဟိုက ပို့ပေးထား
သော projectတွေက တစ်ဖက် ကျွန်
တော့် အလိုကို လိုက်ပေးချင်ရှာသည်က
တစ်ဖက်နှင့် သူ့မှာသေချာမနားရသလို
ပင်။ ရယ်စရာက ဟိုတယ်သွားအိပ်ကြ
သော ညကလည်း မင်္ဂလာဦးခန်းလို
အသေအချာပြင်ထားသော အခန်းကြီး
ကြည့်ပြီး အစ်ကို့မှာတောင့်တောင့်လေး ရပ်ရင်း ငေးရီရီနှင့်။
ကျွန်တော်သတိမရခင်ကသာ သူ့
ကိုယ်သူ ကျမ်းကြေပုဂ္ဂိုလ်လို
ပြုမူနေပေမဲ့ အခုနောက်ပိုင်းဆို အရင်
အိမ်လေးမှာနေစဉ်ကဲ့သို့ ဖြစ်သွား
ပြန်ရော။ ခပ်မိုက်မိုက်နေပြရင်လည်း
အသည်းတယားယားနှင့် သိမ်းပိုက်ကြည့်
ချင်စိတ်ဖြစ်ပေါ်တတ်ခဲ့သလို အခုလို
ကြည်စင်အေးမြနေတော့လည်း
ကျွန်တော့်မှာ မထိရက် မကိုင်ရက်ဖြစ်ရ
ပြန်၏။ ဝေဟင် ဆိုတာကတော့ ဂါထာ
ပေါင်းတစ်သိန်းနှင့် ကဝေပျိုတစ်ပါးပဲ။
ဒီဂါထာတွေကိုလည်း ကျွန်တော့်တစ်
ယောက်တည်းအတွက်ပဲ ရွတ်စေချင်၊
ဂါထာပြီးစေချင်နေတော့လည်း ဒီက
ကောင်ပဲ ခံပေါ့။
ဒီကြားထဲ ဂါထာထဲ ဝင်ဝင်ဆေးခတ်တဲ့
ငတိမကလည်းရှိသေး။ ထိတာကိုင်တာ
သဝန်တိုတတ်တာ သိနေလျက်နှင့် ကိုကို
ကိုကိုနှင့် အတင်းလိုက်ကပ်။ ပါးဆွဲနား
ဆွဲ ခါးဖက်။ အစ်ကိုက ဘယ်လိုပဲ ကျွန်
တော့်ပဲ စိတ်ထဲရှိတယ်ပြောပြော
ယောကျာ်းလေးကို အဲ့ကလေးမ အဲ့လို
လုပ်စရာလိုလားဗျာ။ အစ်ကို့ကိုလည်း
မကြိုက်တာ ဟိုက ဘာလုပ်လုပ် အရုပ်
လေးလို ပြုံးရင်းငြိမ်နေတာ။ အဆင်မပြေ
ဘူး မြင်ရတွေ့နေရတာတွေက။ ကွယ်ရာ
မှာ ကိုယ့်လူကိုယ် တိုးတိုးတိတ်တိတ်
ဆုံးမတော့လည်း
"ညီမလေးအရွယ်ပဲကို သော်ရယ်" ဆိုပြီး
လေသံပျော့လေးနဲ့ ဖျောင်းဖျတော့...
ကျွန်တော် ဘာပြောနိုင်မှာလဲ။
ခုတော့ အလုပ်ကိစ္စအရေးကြီးတာရော
အငယ်က ဘာကြောင့်မှန်းမသိ စင်ကာပူ
အတင်းပြန်ပို့တာနဲ့ ဝေးနေကြရပြန်ပြီ။
လွမ်းတယ် အစ်ကိုရာ...
နေ့ရက်တိုင်း အစ်ကိုမရှိတော့ အားကိုမရှိ
သလိုပဲ။
လျှောက်ဝင်လာသော ရုံးဝင်းထဲတွင် အသင့်ရောက်ရှိနေသော အငယ်၏
ပြိုင်ကား။ မနက်တည်းက ရုံးရောက်
ပြီး လူကိုတော့ဖြင့် မတွေ့။
ဒါရိုက်တာချုပ်ခေါ်ရာ အစည်းအဝေးခန်း
မရှိရာ တက်လာသော လှေကားတွင်
Finance Headမှာ
"ဟိုမှာ လူစုံနေကြပြီ" ဟု သတိပေး၏။
ဇဝေဇဝါဖြစ်သွားရပါသည်။ ဒါရိုက်တာ
တွေကိုပါ ခေါ်ထားတာလား။
အစည်းအဝေးခန်းထဲဝင်သည်နှင့် အား
လုံးက လှည့်ကြည့်ကြသည်။ ဘဲဥပုံစား
ပွဲဝိုင်းကြီးကို ပတ်လျက် ဒါရိုက်တာ၏
ညာဖက်ထောင့် ခုံတွင်ဝင်ထိုင်သော အခါ
ဒါရိုက်တာသည် မပြုံးစဖူး ပြုံးပြသည်။
ဒီနေ့ ဘာတွေထူးဆန်းနေတာလဲ။ ပြန်ပြုံး
ပြရင်း နေရာအထိုင်ကျအောင် နေရာယူ
ဖြစ်သည်။ ဒါရိုက်တာသည် ခန်းမထဲရှိ
ဒါရိုက်တာ နှင့် ဌာနများမှ Head အသီး
သီးကို တစ်ချက်ဝေ့ကြည့်ပြီးမှနောက်ဆုံး
အနေဖြင့် ကျွန်တော့်ကို ပြုံးကြည့်သည်။
ထိုအပြုံးကို မသင်္ကာပါ။
"ကဲ ဒီနေ့ခေါ်ရတဲ့အကြောင်းက မန်နေ
ဂျာချုပ် ရာထူးအတွက် ဆွေးနွေးဖို့ပါ"
ဒီကိစ္စကိုကျွန်တော်တစ်ယောက်တည်း
အခုမှ သိသည်မထင်။ ကျွန်တော့်နည်းတူ
အားလုံးအံ့သြကြီးစွာဖြစ်ကြလျက် မျက်
လုံးအစုံလိုက်တို့သည် သံကိုပြေးကပ်
သည့် သံလိုက်လုံးများပမာ ကျွန်တော့်ထံ
သို့ ဒိုင်းခနဲရောက်လာကြသည်။
ရုတ်တရက်မို့ ကျွန်တော် အံ့သြရပါ၏။
သို့သော် မတုန်လှုပ်။ ကျွန်တော်တွေး
ထားသည့်အတိုင်း မေမေဖုံးထားတာတွေ
ကို သိလောက်ပြီပေါ့။ သို့သော် ထိုအ
တွေးစကို စားပွဲပေါ် ပစ်တင်လိုက်သော
စာအိတ်အညိုက ဖျောက်ဖျက်ပစ်သည်။
အသေမပိတ်ထားသော စာအိတ်ထဲမှ
လျှောတိုက် ထွက်ကျလာသော ရောင်စုံ
ဓာတ်ပုံတစ်ချို့။
"မင်း ဘာငြင်းချင်သေးလဲ မြတ်နိုးသော်
မင်းကို ငါတအားစိတ်ပျက်နေပြီ"
အကုန်လုံးက စားပွဲပေါ်တစ်စွန်းတစ်စ
ပြန့်ကျဲနေသော ဓာတ်ပုံများကို မသိမသာ
ရော သိသိသာသာပါ လှမ်းမျှော်ကြည့်
ကြသည်။ ကျွန်တော်ကိုယ်တိုင်လည်းပါ
ပါ၏။ တခြားလူတော့ မသိ။ ကျွန်တော်
တော့ အပြည့်အဝမဟုတ်တောင် ဆုပ်
ကိုင်ထားဖြစ်သော လက်ဖြူဖြူလေးကို
မြင်တည်းက ဒါသည် အစ်ကိုနှင့်ကျွန်
တော် ဒိတ်ထားတုန်းက ပုံတွေဆိုတာ
သိသွားပြီ။ ဦးနှောက်ကို အလုပ်
ပေးကြည့်သည်။ အငယ်စီစဉ်သော ဤ
ဒိတ် များတွင် ဘယ်သူက ဓာတ်ပုံတွေ
ခိုးရိုက်ထားရသည်လဲ။ ဘာအတွက်လဲ။
ဘယ်သူက ဘယ်လိုပဲ ချောက်ချချ အစ်
ကို့ ကို ထိပါက အကုန်လှန်ပစ်မည်ဟူ
သော ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဒါရိုက်
တာဆီသို့ မင်သေသေဖြင့်သာ ကြည့်
လိုက်တော့သည်။
"မင်း လုပ်ထားတာတွေအတွက် ငါတို့
ကုမ္ပဏီရဲ့ ပုံရိပ် ၊ ငါတို့ မိသားစုရဲ့ သိက္ခာ
တော့ အထိအခိုက်မခံနိုင်တော့ဘူး
မြတ်နိုးသော်။ ပထမတစ်ခု ဟိုမှာကျောင်း
သွားတက်တယ် ။ ဟိုမှာဖြစ်ခဲ့တဲ့ ကိစ္စ
တွေငါတို့ ခွင့်လွှတ်ပေးရုံမက ငါ့သမီး
က မမင်းကိုနှစ်ရှည်လများ ဆေးကု
ပေးပြီး ပြန်ခေါ်လာတယ်။ ငါတို့ထင်တာ
မင်း အိမ်ထောင်နဲ့ မင်း တည်ငြိမ်မယ်
အလုပ်ကိုအေးအေးဆေးဆေးလုပ်မယ်
ဆို ဖြစ်ခဲ့တာတွေဖြစ်ပြီးစေပေါ့ ဆိုပြီး
မေ့ထားခဲ့တယ် ။ ဒီက ဒါရိုက်တာတွေ
ရော ငါတို့မိသားစုကရော မင်းအပြစ်
တွေကို အလုပ်နဲ့ မရောဘဲ နားလည်ပေး
ခဲ့တယ်။ အခုတော့ မင်း လုပ်ရပ်က ခွင့်
လွှတ်စရာမရှိတော့ဘူး ။ အိမ်ထောင်ရှိ
ရဲ့နဲ့ မိန်းကလေးနဲ့ ဖောက်ပြန်တယ်ဆို
ရင်တောင် လူမှုရေးမှာ အရုပ်ဆိုးနေပြီ။
အခု ယောကျာ်းတစ်ယောက်နဲ့...ကိုယ့်ဆီ
မှာ အလုပ်လာလုပ်ဖူးတဲ့ ယောကျာ်း
တစ်ယောက်နဲ့..."
ခံပြင်းဒေါသကြီးလွန်းလာဟန်ဖြင့်တုန်
ယင်လာသော အသံများကိုထိန်းကာ ပင့်
သက်ရှိုက်ရင်း နားသည်။ ဘာဆက်ပြော
မလဲ ဟူသော ပုံစံဖြင့်သာ ကြည့်နေလိုက်
သည်။ ဒီပွဲမှာ ဘယ်သူနစ်နာမလဲ ဆိုတာ
ခဏတွင်း ကျွန်တော်သိသွားပြီဖြစ်၍
တိုင်ကပ်နာရီဆီသို့သာ မသိမသာ
လှမ်းကြည့်လိုက်၏။ မလာသေးဘူးလား အငယ်။
အမောပြေသွားသူကတော့ ဆက်ပြော
ပါသည်။
"ဒီလို လူမှုရေးဖောက်လွဲဖောက်ပြန်လုပ်
တဲ့ လူကို ကုမ္ပဏီရဲ့ ရာထူးကြီးကြီးနေ
ရာမှာ ဘယ်လိုမှ မထားနိုင်ပါဘူး။ ဒီ
တော့ နှုတ်ထွက်ပေးဖို့ အားလုံးရှေ့မှာ
ကျွန်မတောင်းဆိုပါတယ်။ မြေးအရင်း
တစ်ယောက်လို ကျွေးမွေးစောင့်ရှောက်
ခဲ့တာ မှန်ပေမဲ့ ဒီနေရာမှာတော့ ကျွန်မ
ပုဂ္ဂိုလ်ရေးကိုဖယ်ပြီး ကုမ္ပဏီအတွက်
ပဲ ကြည့်ရပါတော့မယ်။ မန်နေဂျာချုပ်
မြတ်နိုးသော် ကို ရာထူးက နှုတ်ထွက်ပေး
ဖို့ကိစ္စကို သဘောတူရင် အခုပဲ ဆုံးဖြတ်
မဲပေးလို့ရပါတယ်။ အခုအဆုံးအဖြတ်ကို
သဘောတူရင်..."
"ခေတ် သဘောမတူဘူး"
ထိုစဉ် အစည်းအဝေးခန်းမတံခါးတွန်း
ထွင့်သံနှင့်အတူ ဝင်ရောက်လာသူနှစ်
ဦးထံ အသီးသီးလှည့်ကြည့်ရပြန်သည်။
အားတင်းထားပုံရသော မေမေ၏ နောက်
တွင်တော့ ပေါ့ပေါ့ပါးပါးပုံစံဖြင့်ရှိနေသော
အငယ်။ အမေဖြစ်သူ ပခုံးကိုနောက်မှနေ
၍ ကိုင်လျက် စားပွဲဝိုင်းရှိရာဆီသို့ ဦး
ဆောင်လျှောက်စေသည်။ အံ့သြမှုနှင့်
ပေါင်းစပ်ထားသော ဒေါသမျက်လုံးရှိ
ရာသို့ မဝံ့မရဲတစ်ချက်ချောင်းကြည့်ပြီးမှ
ဒါရိုက်တာတွေဆီသို့ ကြည့်လျက်
"ခေတ်...ခေတ် ဒီကိစ္စကို သဘောမတူ
ပါဘူး " ဟု တုန်ယင်ယင်နှင့် ထပ်ပြော၏
"ဒါ အလုပ်ကိစ္စ ခေတ်သဇင်။ ဝင်မပါစမ်း
နဲ့။ ဒီကောင်လေး ခေတ်ကို ဘယ်
လောက် ဒုက္ခတွေပေးနေလည်း သိရဲ့
နဲ့..."
"မဟုတ်ဘူး!"
ငိုသံတစ်ဝက်နှင့် ဗလုံးဗထွေးထွက်သွား
သော အော်သံသည် အေးစက်နေသော
အခန်းတွင်း အပူလှိုင်းခတ်သွားစေသည်။
မျက်ရည်လွယ်သော မင်းသမီးဟောင်း
အမေသည် ချက်ချင်းဆိုသလို မျက်ရည်
တွင်တွင်ကျရင်း ထပ်မံငြင်းဆိုသည်။
"ဒီကလေး...ဒီကလေးက ခေတ်ကိုဒုက္ခ
ပေးခဲ့တာ မဟုတ်ပါဘူး။ သူက ခေတ်ရဲ့
သားကြီးပါ။ ခေတ်ကိုယ်တိုင်မွေးထုတ်
ပေးထားတဲ့ အမွှာသားနှစ်ယောက်တည်းက သားကြီးပါ။ မေမေ ကိုယ်တိုင် သေ
ပြီလို့ ပြောပြီး ပေးပစ်ခဲ့တဲ့ ကလေးပါ"
အစည်းအဝေးခန်းမတစ်ခုလုံး လှုပ်ရွကုန်
တော့သည်။ သူတို့သိထားသည်က ချော
မောလွန်းလှသော မင်းသမီးလေးသည်
ဘုန်းတခေတ်ဆိုသော သားအရင်းလေး
တစ်ယောက်သာ မွေးထားသည်လေ။
အခု တစ်သက်လုံးမွေးစားသားလို့ပြော
ထားတဲ့ မြတ်နိုးသော်က ဘယ်လိုဖြစ်
ပြီး...
နောက်ပြီး တစ်ယောက်တည်းလည်း
မဟုတ်ဘဲ နှစ်ယောက်ဖြစ်နေသည့်ကိစ္စ
အတွက် ချက်ချင်းလိုက်တွေးရန် ဉာဏ်
မမီတော့၍ အားလုံး ပါးစပ်တဟဟဖြင့်
သာ အံ့သြနေနိုင်သည်။
သူတို့၏ စားပွဲထိပ်တွင်ထိုင်နေသော
အမျိုးသမီးကြီးကို ရှင်းလင်းဖွင့်ဆိုပြရန်
လှမ်းကြည့်သော အခါ အမျိုးသမီးကြီး
ကိုယ်တိုင်လည်း ထိုင်ခုံ၌ ရှော့ရနေရှာ
သည်။
"ခေတ် ကိုယ်တိုင်ခေါ်လာပြီး သားငယ်
နေရာမှာအစားထိုးထားခဲ့တာပါ။ သူ့ဘဝ
လေးနဲ့ သူ အေးချမ်းနေတဲ့ သားကို
ခေတ် တို့ အရှုပ်ထုပ်ထဲဆွဲသွင်းခဲ့တာ။
အခု သားက အိမ်ထောင်ရေး ဖောက်
ပြန်နေတာ မဟုတ်ပါဘူး။ ဒီကလေးက
နဂိုတည်းက သားရဲ့ လက်တွဲဖော်ပါ"
အားလုံးအားလုံး၏ ပြူးသွားသော မျက်
လုံးများထဲ ဆန်ထည့်ပြာချင်လာမိသည်။
"ကွယ်လွန်သွားတဲ့ ခေတ် အမျိုးသားနဲ့
မတွေ့ခင် အခု အမွှာတွေရဲ့ အဖေနဲ့
အိမ်ထောင်သက် တစ်နှစ်တိတိပေါင်း
သင်းဖူးပါတယ်"
"တော်စမ်း ခေတ်"
ခက်ထန်သော အသံဖြင့်လှမ်းတားသော ဒါရိုက်တာသည် အသားတွေပင်တဆက်
ဆက်တုန်ယင်နေသည်။
"ဒီလူတွေကို ငါ အသိအမှတ်မပြုနိုင်ဘူး။
ဘယ်တုန်းကမှလည်း အသိအမှတ်မပြု
ခဲ့ဘူး။ ငါ့ မြေးအရင်းဆိုတာ ဘုန်းတ
ခေတ် တစ်ယောက်ပဲရှိတယ် ။ အားလုံး
ကို တောင်းပန်ပါတယ်။ မိသားစုကိစ္စ
သီးသန့်ဆွေးနွေးစရာရှိလို့ ခွင့်ပြုပါဦး"
"ဟင့် အင်း အဘွား မသွားနဲ့။ ဒီမှာပဲရှင်း
မယ်"
တစ်ချိန်ကုန် ငြိမ်နေလျက်မှ ထပြော
သော အငယ့်ထံသို့ အာရုံတွေစုသွားကြ
ပြန်သည်။ အဘွားလုပ်သူသည်လည်းပျာ
ပျာသလဲ အမူအရာနှင့် ထိုင်ခုံမှထကာ
အငယ်ရှိရာသို့ မပြေးရုံတမယ်ခြေလှမ်း
နှင့်သွားပါပြီ။
ကျွန်တော်ကတော့ အရာရာ
သဘောပေါက်နေသည့်အပြင် အစ်ကို့ကို
ဘာမှ ကြီးကြီးမားမားမထိခိုက်၍ အေး
ဆေးပင်။ ထိုင်ရာမှပင် မထဖြစ်။
ဖြစ်လာသမျှကိုလည်း ဘယ်နှယ့်မှ
မနေ။ ဒါ သူတို့ ကိစ္စ သူ့ဘာသာရှင်း။
"မြေး...အဘွား အဘွားရှင်းပြမယ်။ မြေး
သူတို့နဲ့ ပတ်သတ်စရာမလိုဘူး။ သူတို့
ညီအစ်ကိုနှစ်ယောက်လုံးကို ဒီကနေ
အဘွားမောင်းထုတ်ပေးမယ် နော်။
မြေးနော်"
ဘွားအေ ဖြစ်သူကသာ လက်တစ်ဖက်ကို
ဆွဲကိုင် ချော့မော့နေသော်လည်း ဘုန်း
တခေတ်က ကြည်ကြည်လင်လင်သာ
ပြုံးသည်။ တုန်လှုပ်နေသော ဘွားအေ
ဖြစ်သူ၏ ပခုံးနှစ်ဖက်ကို အားပေးသလို
ဆုပ်ကိုင်ရင်း ဖြည်းဖြည်းအေးအေးသာ
ပြောလာခဲ့သည်က...
"ဟင့်အင်း မထုတ်ပစ်ပါဘူး ။ သူက
အငယ့် အစ်ကိုကြီးပဲဟာ။ အငယ်က အ
ဘွားကိုပဲ ဒီအရှုပ်တွေထဲက ဆွဲထုတ်ပေး
ချင်တာ..."
ပြူးကြောင်လျက် မော့ကြည့်သော ဘွား
အေ ဖြစ်သူကို ထပ်မံပြုံးပြသည်။
"ဟုတ်တယ်။ အဘွားလည်း ပင်ပန်းနေ
ပြီ။ ကျွန်တော့် အမေကို မွေးစားခဲ့ရတာ
တွေရော။ နောက်ပြီး ကျွန်တော့်အဘိုး
လေး ဦးညီညီသော် ကို ကလဲ့စားချေချင်
လို့ ဆိုပြီး မေမေ့ ကို သူ့သားဆီ ချဉ်း
ကပ်ခိုင်းခဲ့တာတွေ ။ တကယ်တမ်းမေမေ
က တကယ်ချစ်ပြီး လိုက်ပြေးတဲ့ထိဖြစ်
ရုံမက အဘွားဆီက ထွက်ပြေးလို့ အဘွားမှာ တစ်နှစ်လုံးလိုက်ရှာခဲ့ရတာတွေ
နောက်ပြီး ကျွန်တော့်အဖေ ဒီအဖြစ်တွေ
ကို မသိစေဖို့ အတွက် လိမ်ညာဖုံးဖိ
ထားရတာ...အခုတွေးကြည့်ရင် အဘွား
ကို အငယ် တအား သနားတယ်။ အဘွား
အရွယ်က အေးအေးဆေးဆေး ဘုရား
နဲ့ တရားနဲ့ နေရတော့မယ့်အရွယ်လေ။
တစ်သက်လုံး အမုန်းတွေ ၊ ကလဲ့စား
တွေ ၊ လှည့်ဖျားမှုတွေ နဲ့ နေလာရတာ
အငယ့် အဘွား အရမ်းပင်ပန်းနေပြီ"
အံ့သြကြီးစွာဖြစ်လျက် ဆွံအနေသော
ဘွားအေဖြစ်သူကို နွေးထွေးယုယစွာ
ဖတ်သည်။ နာကျည်းချက်တစ်ခုမပါ။
ဘွားအေဖြစ်သူသည် တုန်လှုပ်စွာဖြင့်ပင်
ဘုန်းတခေတ်ကို ကြည့်သည်။
"ဒီအကြောင်းတွေကို ဘယ်လိုသိတာလဲ"
ဆိုသည့် စကားကို တုန်ယင်လှိုင်း
ထနေသော အသံဖြင့် မေးရပါတော့၏။
"ကျွန်တော့် အဖေရဲ့ တကယ့်အဖေအ
ရင်းက မြန်မာပါ။ ဖေဖေ နှစ်နှစ်သားအ
ရွယ်မှာ ဆုံးသွားတာ။ နာမည်က ကိုကို
သော် ။ အခု ကျွန်တော့်အမွှာအစ်ကိုရဲ့
အဘိုးရင်း ညီညီသော်ရဲ့ အစ်ကိုပေါ့။
အဘွား ပုသိမ်က ထွက်သွားပြီးနောက်
နှစ်မှာပဲ အဘိုးကသူတို့မြို့ဆီလာလည်
တဲ့ ရန်ကုန်သူနဲ့ အကြောင်းပါပြီး သူ့
ဇနီး ကျွန်တော့်အဘွားကျောင်းတက်တဲ့
အမေရိကားကိုပဲ လိုက်သွားခဲ့တာ"
အံ့သြမဆုံးဖြစ်နေရှာသောဘွားအေ
ကျောပြင် ဖွဖွပုတ်ရင်း
"အဘွားအနားယူဖို့ အငယ် နေရာရှာ
ထားပေးပြီးပြီ။ တကယ်အေးချမ်းတဲ့နေရာလေးရှိတယ် မဲဇာ တဲ့ ။ အဘွားသိ
တယ်မလား"
ခပ်တိုးတိုးကပ်ပြောသည်။
"အငယ့် အစ်ကိုတွေကို စိတ်လည်းမ
ပျက်သလို အဝေးကိုလည်းမနှင်
ထုတ်ချင်ဘူး။ အစ်ကိုတွေလောက်သွေး
နီးတာ ရှိဦးမလား။ အမေတူမအေကွဲ
နေပေမဲ့ နောက်တစ်နည်းနဲ့ အမျိုးစပ်ရ
ရင် ညီအစ်ကိုတစ်ဝမ်းကွဲလည်းတော်
လို့ရသေးတာပဲ။ ဒီတော့...ကျွန်တော်တို့
မိသားစုထဲ အဘွားကဘာမှမဆိုင်ဘဲနဲ့
စိတ်ပင်ပန်းနေတာကြည့်ပြီး အငယ်အား
နာတယ်။ အဘွားရဲ့ သွေးသားအရင်း
ကိုတောင် မမွေးထုတ်ဘဲ အငယ်တို့
မေမေကို အခုချိန်ထိ သမီးအရင်းလို
စောင့်ရှောက်ခဲ့လို့လည်းကျေးဇူးတင်ပါတယ်။ အငယ့် အဘွား အရမ်းပင်ပန်းနေ
ပြီ။ နားလိုက်နော်..."
ဘွားအေကို ထပ်မံသိမ်းကျုံးပွေ့ဖက်ပြီး
လျှော့ဒေါသတွေနှင့် ခိုက်ကာတုန်နေ
သည့် ကျောပြင်ကိုသာ ကလေးတစ်
ယောက်ကို ချော့မြူသလို ခပ်ဖွဖွပုတ်ပေး
နေသေးသည်။ မသိရင် ရုပ်ရှင်ရိုက်နေ
သလိုပင်။ အခန်းထဲရှိ ပုဂ္ဂိုလ်အသီးသီး
တို့သည်လည်း အဖြစ်အပျက်များကို
ဆက်စပ်တွေးတောရင်း ငြိမ်ကျနေတော့
၏။
ကျွန်တော်လား။ ဘယ်သူမှကို စိတ်မဝင်
စားနိုင်ပါဘူး။ နေ့လယ်စာစားချိန်ကျော်
တဲ့ အထိ အလုပ်ကြိုးစားနေတဲ့
ကျွန်တော့် ကဝေ လေးကို ထမင်းထစား
ရန်အတွက် စာတိုပေါင်းများစွာနှင့်ဆူပူ
ကြိမ်းမောင်းနေရသည်လေ...
၂၀၂၀ ၊ ဇန်နဝါရီ ၊ စင်ကာပူ
ကစားကွင်းကျယ်ကြီးထဲတောင်
ကျွန်တော့်ကို လက်တွဲမခံ။ Aidenလက်
ကိုသာ မြဲမြံစွာ ဆုပ်ကိုင်လျက် ဘေးဘီ
ကိုလည်း မလုံသလို မကြာခဏ လှည့်
လှည့်ကြည့်တတ်သေး၏။ ကျွန်တော်သိ
သည်။ ရန်ကုန်တွင် သူမရှိတုန်းဖြစ်သွား
သည့် ပြဿနာများသည် သူနဲ့ ကျွန်
တော် ဒိတ်ထားသည့် ပုံများမှ စသည်ကို
သိသည့်နောက် ဘယ်သွားသွားသူ
နောက်ကျောမလုံရှာ။ လူကြားထဲလည်း
အပူးမခံ။
"အစ်ကို"
"ဟင်"
"ဘာတွေကြည့်နေတာလဲ"
"ဘာ...ဘာမှ"
"ကျွန်တော်တို့ဓာတ်ပုံတွေရိုက်တာ အ
ငယ်ပဲလုပ်တာဆိုတာ ကျွန်တော်ပြောပြီး
ပြီပဲ ။ အစ်ကို ခုထိ လန့်နေတုန်းလား"
မျက်လုံးအကြည့်ဖြင့်သာ ဝန်ခံသည်။
ထည့်ဖွတ်ချင်ထားလောက်အောင်ကရု
ဏာ သက်ရသည်။ ခုတော့ သက်ပြင်းသာချနိုင်၏။
"အားလုံးပြီးသွားပြီပဲ အစ်ကိုရယ်။ မစိုးရိမ်
နဲ့တော့နော်။ ကျွန်တော်တို့ခုမှသေချာ
တွေ့ရတာလေ နော်။ ပျော်ပျော်နေနော်"
မျက်နှာချင်းဆိုင်သို့ အတင်းလှည့်ကာ
ခယတော့ ခေါင်းငုံ့ရင်းမှ ခေါင်းညိတ်ပြ
သည်။ ဒါတွေသည် ဘုန်းတခေတ် စနက်
ကြောင့်သာဖြစ်သည်။
သူကိုယ်တိုင်ရိုက်ထားသည့် ဓာတ်ပုံများ
ကို တစ်ဖက်လှည့်နဲ့ ဘွားအေဆီပို့ပြီး
သတင်းရောင်း ငွေညှစ်သေးသည်။ ဟိုက
ဝယ်လည်း ဝယ်ပြီးရော လူရှေ့သူရှေ့
တွင် ဓာတ်ပုံနှင့် လားလားမှ မဆိုင်တော့သော နောက်ကြောင်းရာဇဝင်များဖြင့် ပျော်ပျော်ကြီး ဖြုတ်ချပစ်သည်။ ရင်ထဲမှ
အစိုင်အခဲကို အရွယ်မရောက်ခင်တည်းက သိမ်းထားခဲ့ရသူအတွက် ကျွန်တော်
အပြစ်လည်း မဆိုချင်။ ဟိုဖက်ဒီဖက်
အဘိုးအဘွားတို့၏ ရှေးဟောင်းဓာတ်ပုံ
နှစ်ပုံမြင်သည်လောက်လေးနဲ့တင် ဘွား
အေ နဲ့ ဘိုးအေတွေကြားက ဆက်စပ်မှု
တွေကို ရအောင်စုံစမ်းနိုင်ခဲ့သည့် သူ့
အရည်အချင်းကိုလည်း မချီးကျူးဘဲ မနေ
နိုင်။ ဘုန်းတခေတ်ကို အစ်ကိုကြောက်
သည်ဆိုလည်း မမှား၍ အတတ်နိုင်ဆုံး
သာ စိတ်သက်သာအောင် ကျွန်နော်ကြိုးစားပေးရသည်။ သူ့မှာ ကြောက်ကြောက်
နဲ့ ထောက်ကန် ကန်ထားခဲ့ရသည့်အချိန်
တွေမှ မနည်းခဲ့ပဲ။
ဒီလိုနဲ့ လက်မတွဲချင်လည်း မတွဲစေဘဲ
ဖြည်းဖြည်းမှန်မှန်လျှောက်လာကြရင်းမှ
Aidenသည် အစ်ကို့ကို ပူဆာရန်နိဒါန်း
ချီပါတော့၏။
"ဖေကိုး!"
ဆွဲထားသော လက်ကို ကိုင်လှုပ်ကာဖြင့်
သူ့ကိုကြည့်စေရန်သတိပေးသော
Aidenကို ငုံ့ကြည့်တော့မှ ရောင်စုံပူ
ဖောင်းများလွင့်ပျံတက်နေသောနေရာကို
လက်ညှိုးထိုးပြလျက်
"ဟို ဟာ လို ချင်" ဟူ၍ တစ်ဝက်တစ်
ပျက်ဆိုလာသည်။
"Aiden...ပူဖောင်းတွေက စားလို့မရ
ဗိုက်လည်းမဝ..."
"သော်...စားလို့ရမှ ကလေးက ဝယ်ရ
မှာလား"
ဟင်! သူကိုယ်တိုင်ကများ လိုချင်နေလား
မသိ။ Aidenထပ်ပင် မျက်မှောင်တောင်
နှစ်သွယ်တန်းတွန့်ကျိုးလျက် ရှူတူတူနှင့်
ရှုကြည့်နေသည်။ အဲ ကျွန်တော်က Aiden ပူဆာတာတွေများလာတိုင်း စောနကလို ဆုံးမပေးရမှာ မဟုတ်ဘူးလား။
ဒါ ကျွန်တော့်တာဝန်လေ။
"အစ်ကို ကလေး ကို အဲ့လောက်ထိအလို
မလိုက်ရဘူးလေ။ အစ်ကိုက Ava ထက်
ပိုပြီး အလိုလိုက်နေလိုပဲ။ နောင်များ လို
ချင်တာရမှန်းသိရင် တွေ့တဲ့လူကိုပူဆာပြီး
ပိုပိုပြီး...လိုချင်..."
"ကလေးကို မင်း စိတ်နဲ့တော့နှိုင်းလို့ရမလား"
စကားတောင်မဆုံးသေး ခပ်တိုးတိုးကပ်
ပြောလာသော စကားကြောင့် စကားလုံး
တို့ လေထုထဲ တိုးဝင်ပုန်းတော့သည်။
မြန်လာဖို့ ခေါ်ရန်ပင် အားမရှိတော့သလို
ပါးစပ်တစ်ပေါက် တဟဟ ဖြစ်နေဆဲ
ကျွန်တော့်ကို မူပိုင်အပြုံးပြသည်။
ထို့နောက် Aidenကို ငုံ့ကြည့်၏။
"သား...ဖေ ဝယ်ပေးမှ ဖေကိုး က
လိုက်ဝယ်ပေးလို့ရမှာမို့ ဖေ့ကိုပြော
ကြည့်နော်။မငိုရဘူး ။ မမဲ့ရဘူးနော်။
ဒီအတိုင်း တောင်း"
ထိုအခါ Aidenသည် ကျွန်တော့်ကို မျက်
နှာငယ်လေးဖြင့် မော့ကြည့်သည်။ ထို့
နောက် တိုးတိမ်ဖျော့တော့သော အသံ
လေးဖြင့်ပင်
"ဖေ" ဟူသော တစ်လုံးတည်းသော မန္တန်
ကို ရွတ်၏။
ထိုအရွတ်အဖတ်ကသည် ကျွန်တော့်ကို
သက်ပြင်းအရင်ချစေသည်။ ထို့နောက်
မလွန်ဆန်နိုင်ခြင်းကို ကပ်ပါစေနိုင်၏။
"ကြွ ကြွ။ သွားဝယ်ကြ"
Aidenကျေနပ်သော်လည်းမကျေနပ်သူ
က မကျေနပ်သေး။ နေရာမရွေ့ဘဲ ပေ
ကပ်ကပ်နှင့် ပြန်ကြည့်လာ၍ မျက်နှာပေး
ရော အသံပါ ပြင်ရတော့သည်။
"လာလေ ဖေ တို့ အတူသွားဝယ်ရအောင်
ဗိုက်ဝတဲ့ဟာ မဟုတ်လို့ အများကြီး
တော့ ဝယ်လို့မရဘူးနော်"
"yes yes"
Aidenသည် မြူးတူးစွာဖြင့် ကျွန်တော့်
လက်ကို လာဆွဲသည်။ Aiden၏ တစ်
ဖက်တစ်ချက်မှာ ရှိနေသူကို တစ်ချက်
စောင်းငဲ့ကာ ခိုးကြည့်တော့ ကြည်နူးရိပ်
ဖြင့် ကျွန်တော့်ကို ငေးနေသည်နှင့်ဆုံ
ပါ၏။ ဒိန်းခနဲ ဆောင့်ခုန်သွားသော ရင်
သည် အမြင့်ဆုံးရောက်နေသော ဂိုယာဂိုစတာ အရှိန်နဲ့ထိုးဆင်းသွားသလို အ
သည်းထဲထိ အေးခနဲဖြစ်စေသည်အထိ
ခန္ဓာဗေဒတစ်ခုလုံးကို ပတ်ကြမ်းတိုက်
ပါတော့သည်။
"ကမ်းခြေသွားရင်တော့ Aidenကို
အငယ် တို့နဲ့ အပ်ထားမယ်နော်"
ကိုယ့်ရောဂါနဲ့ကိုယ် ခွင့်တောင်းတော့
နှာခေါင်းတစ်ချက်ရှုံကာ
"အဆက်အစပ်မရှိ" ဟူသော စကားကို
ရယ်သွေးသွေးရင်းပြောပါ၏။
ဘုရားရေ လူပေါင်းများစွာထဲ ကူကယ်
ရာ မဲ့နေသူက ကျွန်တော်တစ်ယောက်
တည်းလား။
ကလေးငယ်ကို တစ်ယောက်တစ်ဖက်
လက်ဆွဲကာ ထွက်ခွာသွားနှင့်သော
ယောကျာ်းလေးနှစ်ယောက်ကျောပြင်ကို
ကြည့်ရင်း အားကျကြည်နူးစိတ်နှင့် ပြုံး
နေသော ကောင်မလေး၏ မျက်နှာကို
မေးမှနေ၍ ဆွဲလှည့်ခံရသောအခါ
"တခေတ် ဘာလုပ်တာလဲ"
"ဘေးမှာ ငါရှိနေရက်နဲ့ သူတို့ကိုအားကျ
နေတာလား"
"အာ...မဟုတ်ပါဘူး"
"အဟုတ်လည်း မခံဘူးနော်"
"တခေတ် နင်ဟာလေ..."
ပြောမနိုင်ဆိုမနိုင်လေးကို စိတ်ပျက်တယ်
ဟူသော ပုံစံနှင့် ခေါင်းတခါခါလုပ်နေ
သော ကောင်မလေး၏ ပါးပြင်ကိုလက်
တစ်ဖက်ဖြင့် ဖေးမဆွဲငင်လှည့်လိုက်
သည်။ တစ်ခဏမျှ ကြောင်အသွားသော
ကောင်မလေး၏ ငယ်ရွယ်ကြည်လင်
သော မျက်ဝန်းနက်များကို ငေးစိုက်
ကြည့်၏။
"နင့်ကိုပဲ သူများတွေက အားကျရအောင်
ငါထားမှာမို့...တခြားဘယ်သူ့ကိုမှ အားမကျနဲ့ ခြူး။ မလိုဘူး"
"ငါသိပါတယ်...မလိုအောင်လည်း နင်
အများကြီးလုပ်ပြပြီးပြီပဲ။ ဒီပွဲမှာ Win-Win မှာ နင်က ရာနှုန်းပြည့် Winတယ်"
ထိုအခါ သဘောတကျရယ်ပါ၏။
"ဟုတ်တယ် ၁၂နှစ်လောက်တည်းက မြို
ချထားတဲ့ ဆေးခါးအိတ်ကြီး ခုမှအန်
ထုတ်ရသလိုပဲ။ ငါ့ အဖေကို လိမ်ထား
ကြတာ။ ဒေါ်မေလေးမြိုင် လိမ်တာထား
အမေကပါ အဖေ့ကို လင်မယားချင်းဝန်ခံ
လို့ရတာပဲ ။ ဒါပေမဲ့ အမေမလုပ်ခဲ့ဘူး။
ဒီတော့ အဖေ့ကို ဝန်မခံချင်ခဲ့သူကို အား
လုံးရှေ့မှာ ဝန်ခံခိုင်းလိုက်တာ။ အစ်ကို
တွေလည်း တရားဝင်ဖြစ်တာပေါ့။ မဟုတ်
ရင် သူတို့လည်း တစ်သက်လုံး မွေးစား
သား အနေနဲ့ နေရမှာ"
"အစ်ကိုတွေအတွက် တကယ့်စေတနာ
လား"
ခပ်ပြုံးပြုံးလေးနှင့် မေးလာသောငွေခြူး
ကိုကြည့်ရင်း ဘုန်းတခေတ်သဘောတ
ကျရယ်သည်။
"နင် ငါ့ကိုတော့ မျက်နှာဖုံးမတပ်ဘူးမလား"
ထပ်ပြောလာသော ငွေခြူးကိုကြည့်ရင်း
ဘုန်းတခေတ်ပြုံးသည်။ မြင်နေတွေ့နေ
ကျ ကလေးဆန်ဆန်အပြုံးမဟုတ်။ တည်
ငြိမ်လေးနက်နေလျက် မျက်လုံးများသည်
ကား ပြန်မတက်နိုင်မယ့် အသူရာချောက်
ပမာ နက်ရှိုင်းကာနေသည်။
"အစ်ကိုတွေကိုတော့ စိတ်မနာပါဘူး။အ
မှန်ပြော သူတို့လည်း နစ်နာသူတွေပဲ
လေ။ ငါတို့အတူူတူနစ်နာခဲ့ရတာပဲ။
သူတို့ငါ့အနားရှိနေတော့ ငါအားဖြစ်တာ
ပေါ့။ ငါ့အဖေ အမွေတွေတစ်ချို့တစ်ဝက်
ပေးထားရလို့လည်း ဘာဖြစ်လဲ။ အချိန်
တန် ငါ့ မျိုးဆက်ပြန်ရမှာပဲလေ။ နင် နဲ့
ငါ ရဲ့ သားသမီးတွေပဲ အကုန်ပြန်ရမှာ
ပဲ မဟုတ်ဘူးလား။ အခုကြည့်လေ အစ်
ကိုငယ် ကို အဖေက ရှယ်ယာတစ်ချို့
ခွဲပေးထားတယ်။ ဒါပေမဲ့ အခု အစ်ကို
ငယ် ပြန်မကောင်းသေးတော့ အစ်ကိုကြီး
ပဲ လုပ်ငန်းတွေဦးဆောင်ပေးနေတယ်။
စဉ်းစားကြည့်လေ အခုလို လုပ်ငန်း
တွေအောင် လှည့်ကြည့်စရာမလိုအောင်
အပြင်က ပညာရှင်ငှားရင်လည်း လစာ
တွေက ခေါင်ခိုက်နေတာ။ ပြီးတော့ သူ
စိမ်းဖြစ်တဲ့ အတွက် ငါဒီလိုမျက်နှာလွှဲပြီး
ငါလုပ်ချင်တာတွေ လုပ်နေလို့မရဘူး။
အခု အစ်ကိုကြီးရှိတော့ ငါဝါသနာပါတာ
ကို အေးအေးဆေးဆေးလုပ်နိုင်နေတယ်
ပြီးတော့အစ်ကိုကြီးမှာအစ်ကိုရှိတယ်။
အစ်ကိုက Aidenလေးကိုငဲ့ပြီး ဘယ်လိုမှ သူ့လူသွေးသားအတွက် အားထုတ်မှာမဟုတ်ဘူး။ Aiden ကို တစ်သက်လုံး
အစ်ကို တို့ကပဲ တစ်လှည့်စီ စောင့်
ရှောက်ရမှာ။ သူတို့နှစ်ယောက်လုံးကနေ
အမွေဆက်ခံဖို့ ဒီလုပ်ငန်းတွေကို ငါ့
မျိုးဆက်နဲ့ အပြိုင်လုမယ့် တစ်
ယောက်မမွေးဖွားတော့ဘူး။
ပြောလို့မရဘူးလေ အခုငါ့အမွှာအစ်ကိုက ငါ့ကျေးဇူးတင်လို့ ငါ့အပေါ်သစ္စာရှိ
ပေမဲ့ နောင်ဖြစ်လာမယ့်အရာတွေကို
မဖြစ်အောင် သေချာစဉ်းစားထားရမှာပဲ ဆိုတော့ ဒါတွေအကုန်လုံးအချိန်တန်ရင် နင် နဲ့ ငါ့ မျိုးဆက်တွေအတွက်ပဲ ကျန်ခဲ့မှာပဲ...ဒီလောက်ထိထုတ်ပြောအောင်
လုပ်ပြီးမှ နင် ငါ့ကိုအောက်တန်းကျ
တယ်လို့တော့တွေးလို့မရဘူးနော်"
"ငါ မတွေးပါဘူး တခေတ်ရယ်။ နင် ခံစား
ခဲ့ရတာ နင် အကြာကြီးမြိုသိပ်ထားခဲ့ရတာနဲ့တင် နင်လုပ်သမျှက တန်ပါတယ်"
"အရေးကြီးဆုံးက နင့် ကိုမထိခိုက်
ဖို့ပဲ။ နင် နဲ့ ငါ စားသောက်ဆိုင်မှာပြန်
တွေ့တော့ ငါတအားလန့်တယ်။ အစ်
ကိုကြီးကို တွေ့သွားတာကြောင့်ရောပဲ။ ငါဘာမှ မလုပ်နိုင်သေးခင်နင့်ကို ဖွတ်ထားနိုငမှ တော်ကာကျမှာ။ အဘွားက မေမေ့ကိုတောင် စီးပွါးဆန်တဲ့ အိမ်ထောင်ရေးကိုအတင်းလုပ်ယူထားတာ။ ငါရော အ
လုပ်မခံရဘူးလို့မပြောနိုင်ဘူး။ ပြီးတော့ နင့်ကို ဆွဲမချနိုင်ဘူးလို့ လည်း ငါအာမ
မခံနိုင်ဘူး။ ဒါကြောင့် ငါ ဒီလိုတွေ
အသည်းအသန်လုပ်ခဲ့တာပဲ။ မေမေ က အစ်ကို့ကို ဆေးကုမယ်ဆိုပြီး ဟိုကိုသွားတည်းက ငါ ရိပ်မိနေပြီ။ ထင်တဲ့အတိုင်း သူအမွှာနှစ်ယောက်လုံးကိုခေါ်ထားလိုက်ပြီဆိုတာ။ သိသိချင်းပဲ အစ်ကို့ကို
သွားခေါ်ရတာပဲ။
အဓိက က နင်ပဲ ငွေခြူး။ နင်
နဲ့ ဝေးအောင် မလုပ်နိုင်ခင် အဘွားကို
ငါဖြုတ်ချပစ်ရမယ်ဆိုတဲ့ စိတ်က ရှေ့
ဆက်ဖို့အင်အားပဲ။ နင်ကြောင့်ပဲ အားလုံးက"
ပြောပြောပြီးချင်း ပုံစံကျစွာ စောင်းငဲ့
လျက် ကောင်မလေး၏ ပါးပြင်နီစွေး
ကို ဖျက်ခနဲဖွဖွနမ်းရှိုက်ပါ၏။ ထို့
နောက်သူကပဲ ရှက်နေသလို လုပ်
လျက်ရယ်နေသေးသော ကောင်လေးကို မကျေနပ်သလိုကြည့်နေရင်း မှ
ကောင်မလေးသည် အတောက်ပဆုံး ပြုံးပါ၏။
The End
Bạn đang đọc truyện trên: ZingTruyen.Xyz