ZingTruyen.Xyz

Second Chance Woongtthew Ongoing

[ Cupcakesလေးတွေက ပြောတယ်.....]

" Date with my boyfriend at Lotte World" ဆိုတဲ့ ခေါင်းစဥ်ပါသည့် သူ့accကိုပါ tagတွဲပြီးတင်ထား​ေသာ Yeri၏ postအောက်တွင်

" Love you so much သဲ " ဆိုပြီး Jiwoong commentဝင်ရေးလိုက်သည်။ မကြာလိုက် ဖုန်းထဲမှ တစ်တောင်တောင်မြည်သံများ ထွက်ပေါ်လာပြီး Yeriရဲ့ ပရိသတ်တွေက သူတို့နှစ်ယောက်အား အားကျကြောင်း ပြောထားသည့် စာများကို တွေ့လိုက်ရသည်။

Matthew ကိုယ်တိုင်ရိုက်ပြီး editခဲ့သည့် သူတို့ နှစ်ဦးရဲ့ vlogလေးက အချိန်လည်းအရမ်းမကြာဘဲ ကြည့်ပျော်ရှုပျော်ရှိလှသည်။ Yeriပြောချက်အရတော့ ဒီvlogက သူတင်ဖူးသမျှထဲမှာ ကြည့်ရှူသူအများဆုံးပဲတဲ့။

ဒါဟာ ရိုက်ပေးတဲ့ Matthewတော်လို့ပင် မဟုတ်ပါလား။ စိတ်ရှည်လက်ရှည်နှင့် လိုက်ရိုက်ပေးပြီး အချိန်တစ်ကူးတစ်ကပါပေးကာ editလုပ်ပေးသည်မလို့ ရလဒ်ကောင်းကောင်းလေး ထွက်လာခဲ့သည်လေ။

ဒီအတွက်လည်း Jiwoongက ကျေးဇူးတင်လို့မဆုံးပေ။ Yeriဆိုတာကတော့ Matthewလေးချင်းထပ်နေအောင် ခေါ်ပြီး နေ့လည်စာဝယ်ကျွေးလိုက်ပါသေးသည်။ Jiwoongကတော့ အချိန်ပိုရှိနေ၍ ထိုနေ့က မလိုက် လိုက်ရ။

အပျင်းပြေ နောက်တစ်ခေါက် vlogကို ပြန်ကြည့်ရင်း Matthewပါသည့် အပိုင်းနားရောက်တော့ Jiwoong ခဏရပ်ကာ တွေးမိသည်။

ဒီကောင်လေးက သူ့အတွက် အရေးပါတဲ့သူတွေထဲကတစ်ယောက်ဆိုလည်းမမှားပေ။ Canadaကနေ ပြောင်းလာရပြီး canteenမှာ ခပ်ကြောင်ကြောင်လေး ဖြစ်နေသည့် Matthewကို သူကိုယ်တိုင်ကပင် စကားစပြောကာ အတူထမင်းစားရန်ခေါ်ခဲ့ရမှ စတင်ခင်မင်ခဲ့သည်။

အဲ့တုန်းက Matthewရဲ့ ကိုရီးယားစကားမပီသည့် အသံလေးအား Jiwoongမယ် အသည်းတစ်ယားယားသာဖြစ်ခဲ့ရသည်။ အခုမှသာကောင်လေးက စကားပြောအသံထွက်မှန်လာတာ အရင်ကဆို ဒီထက်ပိုပြီးမပီတော့ မသိလျှင် မူကြိုကလေးတစ်ယောက် စကားပြောနေသည့်နှယ်။

Matthewက အမြဲတမ်းလိုလို အပြစ်ကင်းစင်သည့် အပြုံးလေးတွေဖြင့် ပြုံးနေတတ်ပြီး Jiwoongနှင့် Rickyတို့အတွက်တော့ mood makerလေးပင်။

သာလိကာလေးလို စကားတွေတရစပ်ပြောနေတတ်သည့် Matthewက Jiwoongကောင်မလေး ရပြီးနောက်ပိုင်း အရင်ကထက် ပိုစကားနည်းလာတာကိုလည်း သူသတိထားမိသည်။ ဘာလို့လဲ မေးချင်ပေမဲ့ မေးရမည့် အကြောင်းပြချက်ရေရေရာရာ မရှိသည်မလို့ သူမမေးဖြစ်ခဲ့တာ အခုအချိန်ထိတိုင်။

အခုလည်း vlogထဲမှာ ပြုံးနေသည့် Matthewပုံလေးအား ကြည့်ပြီး Jiwoong ပါလိုက်ပြုံးမိသည်။

ထိုအချိန် Yeriရဲ့စကားသံများဟာ Jiwoongနားထဲသို့ ပြန်ရောက်လာခဲ့သည်။

သူတစ်ကယ်ပဲ Matthewအပေါ် overဖြစ်နေမိလို့လား။ သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်သည်။ Matthewသာ နေပူထဲ အကြာကြီးနေမိလို့ တစ်ခုခုဖြစ်ရင် စိုးရိမ်ရမှာ သူ့တာဝန်ပဲမဟုတ်ပါလား။

အရင်ကတည်းက ဂရုစိုက်ပေးနေကျဆိုတော့ အခုလိုဂရုစိုက်ပေးတာတွေကလည်း ပိုတယ်ဟု Jiwoongမထင်မိပါ။ ဒါဟာ သာမန်ကိစ္စရပ်တစ်ခုလိုပဲလေ။

သိစိတ်ကတော့ ထိုကဲ့သို့ဆိုပေမဲ့ မသိစိတ်ကရော ထပ်တူပဲလား........။

...................

ထိုနေ့နောက်ပိုင်းမှစလို့ Matthewဟာ Jiwoongနှင့် Yeriတို့ရဲ့ personal ဓာတ်ပုံဆရာအဖြစ် သူတို့ vlogရိုက်စရာရှိတဲ့အခါတို့ ဓာတ်ပုံရိုက်စရာရှိသည့် အခါမျိုးတွင် အမြဲတမ်း ကူညီပေးရတော့သည်။

Yeriရဲ့ အကူညီတောင်းသံကြောင့်ဆိုရင်တောင် Matthewငြင်းမိမှာမှန်ပေမဲ့ Jiwoongရဲ့ သူ့လက်မောင်းကိုကိုင်ကာ ချွဲနွဲ့ပြီး အကူညီတောင်းလာတာဆိုတော့ Matthewမယ် မငြင်းရက်နိုင်။

Matthewကို တစ်မင်ရင်ခုန်အောင်လုပ်သည်ပဲလား စနောက်သည်ပဲလားတော့ မပြောတတ်ပေမဲ့ အကူညီတောင်းလို့ လက်ခံရင် အားပါးတစ်ရဖက်ပြီး " အဲ့တာကြောင့် ကိုယ့်Matthewလေးကိုချစ်တာ " ဆိုသည့် စကားက အမြဲပြောသည်။

ဆက်ပြီးရင်ခုန်အောင်သာ လုပ်နေမယ်ဆိုရင် Matthewလေး နောက်ကျ ဘယ်လိုများ ခံနိုင်ရည်ရှိပါတော့မည်လဲ။ သို့ပေမဲ့လည်း ထိုရင်ခုန်မှုများအပေါ် ဆက်သာယာချင်စိတ်အား Jiwoongနှင့် Yeriတို့ရဲ့ ဓာတ်ပုံတွေ videoတွေ ရိုက်ရ editရတဲ့ အခါကျ ပျက်သုဥ်းသွားခဲ့ရပါသည်။

" နှစ်ယောက်သားက လိုက်ဖက်လိုက်တာ... "

Matthewရေရွတ်မိသည်။ ဘယ်တော့မှ မပိုင်ဆိုင်တော့မည့်လူကို ငေးမောကြည့်မိရင်း အကြိမ်ကြိမ်ဆုတောင်းမိဖူးသည်။

" ထိုလူသားအား တစ်ရက်လောက်ဖြစ်ဖြစ် ပိုင်ဆိုင်ခွင့်လေး ရပါစေ " ဆိုပြီး။

ဒီလောက်လေးတော့ သူလောဘတက်ခွင့်ရှိသင့်တယ်မလား။ သူ့နှလုံးသားတစ်ခုလုံးမွန်းကြပ်လောက်တဲ့အထိ ပုံအပ်ပြီး ချစ်ထားရတာမလို့ တစ်ရက်တာလောက်ဖြစ်ဖြစ်ကတော့ သူလောဘတက်ခွင့်လေး ရှိသင့်တယ်မလား လောကကြီးရေ....။

..............

ညဘက် ဂိမ်းဆော့ပြီး Jiwoongရဲ့ IGမှာ ဘာများတင်ထားမလဲလို့ ဝင်ကြည့်ဖြစ်နေသည်က Matthewရဲ့ မွေးမြူစရာမလိုသည့် အကျင့်လေးတစ်ခု။

" Hyung storyတင်ထားတာပဲ "

အနီရောင်ဝိုင်းနေသည့် Jiwoongရဲ့ accပုံလေးကို နှိပ်လိုက်တော့ ပေါ်လာသည်က မုန့်ဘူးတွေပြထားသည့် videoလေး။

" အခုတစ်လော ဒီvideoတွေကြည့်ပြီး cupcakesတွေတောင် စားချင်လာပြီ "

ဆိုသည့် captionနှင့်အတူ တင်ထားတော့ Matthew စာသွားပို့မိသည်။

" Hyung cupcakesစားချင်လို့လား "

သိပ်တောင်မကြာလိုက် မီးစိမ်းနေသည့် accလေးက စာချက်ချင်းပြန်လာသည်။

" ဟုတ်တယ် Hyung ဆီကို အဲ့တာတွေတစ်အား တက်လာတာနဲ့ စားချင်လာရော တစ်လက်စတည်း ကျောင်းနားမှာ cupcakesရောင်းတဲ့ ဆိုင်သိဘူးလား Matthew "

Matthewက ဒီကို ပြောင်းလာတာ တစ်နှစ်ဆိုပေမဲ့  သူ့ထက်ပိုပြီး နှံ့နှံ့စပ်စပ်သိသည်မလို့ မေးလိုက်ခြင်း ဖြစ်သည်။

" အင်း.....cupcakesရောင်းတာတော့တွေ့ဘူးဒါပေမဲ့ Hyungစားချင်ရင် ကျွန်တော် အိမ်ကလုပ်လာပေးမယ်လေ "

" Matthewကလုပ်တတ်တယ်လား "

" ဟုတ် လုပ်တတ်တယ် အရမ်းကြီးခက်ခဲဘူး အိမ်မှာ Ovenရှိတယ်လေ လုပ်လာခဲ့ပေးမယ် "

" OkOk ဒါဆို Thank uနော် ကိုယ့်ရဲ့Matthewလေး  "

ဆိုပြီး အာဘွားပေးနေသည့် stickerပို့လာတော့ အငြိမ်မနေတတ်သည့် နှလုံးသားက ခုန်လာပြန်သည်။

ဖုန်း screenကို ကြည့်ကာပြုံးရင်း သာမန်စကားလေးကို သာမန်ထက်ပိုကာတွေးမိနေသည့် စိတ်ကလေးအား မနည်းထိန်းကာ ချစ်ရသူ စားဖို့အတွက် cupcakeကို Matthewသွားပြီး ပြင်ဆင်တော့မည်လေ။

မနက်အစောမှ ထလုပ်ရင် မမှီမှာစိုးတော့ ညကတည်းက လုပ်ထားပြီး မနက်ကျမှ နွှေးပြီးယူသွားရန် စီစဥ်ရတော့မည်။

ညကိုးနာရီထိုးနေသည်ကိုပင် လျစ်လျူရှူထားပြီး အောက်ထပ်က မီးဖိုချောင်ထဲဝင်ကာ Cupcakeလုပ်ရန် လိုအပ်သည့်ပစ္စည်းများအား စားပွဲပေါ်အရင်တင်လိုက်သည်။

အရင်ဆုံး ဝါဝါအိအိထောပတ်တုံးလေးတွေကို သကြားနဲ့အရင်နယ်ထားပြီး နွားနို့လိုအပ်သလောက် ထည့်လိုက်သည်။ အနှစ်ကလေးဖြစ်သွားပြီဆိုရင် ကြက်ဥ, Vannila နှင့် ဂျုံမှုန့်ကိုပါ ရောနယ်လိုက်ပြီး Cupcake ကိတ်သားလုပ်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် တစ်နေ့ကမှ တီလေးဝယ်လာပေးသည့် cupcakeပုံစံခွက်ကလေးတွေအား ဆယ်ခုလောက် အစီအရီထားလိုက်ပြီး မုန့်နှစ်လေးတွေထည့်ကာ ovenထဲတွင် ထည့်ဖုတ်လိုက်သည်။

Ovenအပြင်ဘက်ကနေ ကြည့်နေသည့် Matthewမျက်နှာလေးက ပြုံးရိပ်ယောင်သမ်းလို့နေသည်။ မုန့်လုပ်စားနေကျ သူ့အတွက် ဒါမျိုးက မခက်ခဲ​တာမှန်ပေမဲ့ Jiwoongအတွက် လုပ်ပေးထားတာလို့ တွေးမိတိုင်း အချိန်ကုန်ရကျိုးနပ်ပါသည်လေ။

ကိတ်သားတွေကို ဖုတ်ထားတုန်း အပေါ်ကနေ ထည့်မည့် creamအားလည်း ပြင်ဆင်ရသေးသည်။ Jiwoongက cupcakesစားချင်တယ်သာပြောတာ ဘယ်အရသာမှန်းလည်း မပြောတော့ အရသာအစုံ ရှိသလောက်လုပ်သွားရန် တွေးမိသည်မလို့ creamကို ရောင်စုံထုတ်လေးတွေ လုပ်လိုက်သည်။

မိနစ်သုံးဆယ်လောက်အကြာမှာတော့ နူးညံ့အိစက်နေတဲ့ Matthewရဲ့ cupcakeကိတ်သားလေးတွေ ရလာပြီဖြစ်သည်။

စိတ်တွေလှုပ်ရှာပြီး အယောင်ယောင်အမှားမှားဖြင့် အပူခံလက်အိတ်မစွပ်ဘဲ Ovenကို ဖွင့်ကာ ယူလိုက်တော့ အပူလောင်ပါတော့သည်။

" အာ့!! ပူလိုက်တာ! "

အလျင်အမြန်ပြန်ထုတ်လိုက်တာမလို့ ကြီးကြီးမားမားတော့မဖြစ်သွားပေမဲ့ လက်ဖြူဖြူလေးကတော့ ချက်ချင်းနီရဲတက်လာသည်။

အသေးအဖွဲ့လေးမလို့ လျစ်လျူရှူထားလိုက်ပြီး မုန့်တွေကို ထုတ်ကာ အပေါ်ကနေ creamလေးတွေ သေချာလိုက်ထည့်နေသည်။ စေတနာအပြည့်၊ ချစ်ခြင်းမေတ္တာတွေ အပြည့်ဖြင့် လုပ်ထားသည့် cupcakeလေးတွေဟာ အပေါ်ကနေ topping အသီးသီးဖြူးပြီးတဲ့ နောက်မှာတော့ စားချင်စဖွယ် နူးနူးအိအိ cupcakeလေးတွေ ဖြစ်သွားပါတော့သည်။

" ပြည့်စုံလိုက်တာ.... "

Jiwoongအတွက် ကိုယ်တိုင်လုပ်ထားတာလေးတွေကို ကြည့်ပြီး Matthewပီတိဖြာလို့နေသည်။ မုန့်တွေကို ရေခဲသေတ္တာထဲထည့်ခဲ့ပြီးမှပဲ သူစိတ်ချလက်ချ အိပ်စက်နိုင်တော့သည်။

မနက်ဖြန်ကျ Jiwoongကို သူလုပ်ပေးထားတဲ့ cupcakeလေးတွေ ကျွေးရတော့မည်ဆိုသည့် စိတ်ကလေးဖြင့်။

.......................

မနက်ခင်းကတည်းက တက်ကြွလက်ကြွ နိုးလာသည့် Matthewအား တီလေးကပင် ထူးဆန်းသည့်မျက်လုံးများဖြင့် ကြည့်နေမိသည်။

" ဒီနေ့ ပျော်စရာကိစ္စတစ်ခုခု ရှိလို့လား တီတီ့Matthewလေး "

" ဟင်....အဲ့လိုမဟုတ်ပါဘူး ဒီအတိုင်းပဲ "

" ဒါနဲ့ မနေ့ညက Matthewမီးဖိုချောင်ဝင်သေးတာလား "

" ဟုတ်တယ် သား cupcakeတွေလုပ်နေတာ ကျောင်းမှာ စားချင်လို့ဆိုပြီး "

" အော်....ဒီကလေးကတော့ စားချင်ရင် ဝယ်စားလိုက်လည်းရနေတာကို အပင်ပန်းခံပြီးလုပ်နေသေးတယ် "

" Hyungကို ကျွေးဖို့အတွက်ပေါ့ " ဆိုကာ စိတ်ထဲက ပြန်ပြောလိုက်ပင်မဲ့ တစ်ကယ်တမ်းက မျက်နှာချိုလေးသွေးကာ ချစ်ဖို့ကောင်းသည့် လက်နက်ကလေးကို ထုတ်သုံးတော့မှ တီလေးက ဘာမှဆက်မမေးလာတော့ချေ။

မုန့်ဘူးလေးကို အမြတ်တစ်နိုးကိုင်ကာ သီချင်းလေးတစ်ညီးညီးဖြင့် သွားနေသည့် ကောင်လေးရဲ့ မျက်နှာမှာ အပြုံးပန်းတွေဝေဆာလို့နေသည်။

airpodsတပ်ထားသောကြောင့် နားဆင်နေသည့် အချစ်သီချင်းလေးဖြင့် လိုက်ဖက်စွာ လျှောက်လှမ်းတိုင်းကလည်း မြူးထူးလို့နေသည်။

ကားလမ်းကို ဖြတ်အကူး မီးနီနေသည်ကိုပင် သတိမထားမိဘဲ ဖြတ်တော့ လမ်းပေါ်က ကားနှင့်တိုက်မိမလို ဖြစ်သွားသေးသည်။ ဒါတောင် သူတစ်ခုခုဖြစ်မှာထက် မုန့်ဘူးထဲက မုန့်လေးတွေ တစ်ခုခုဖြစ်သွားမှာစိုးရိမ်ပြီး မုန့်ဘူးကိုဖက်လျက်သား လမ်းပေါ်ကို ဖင်ထိုင်ရက်လေး လဲကျသွားသည်။

" Matthew! "

ရင်းနှီးနေသည့်အသံကြောင့် မော့ကြည့်လိုက်တော့ Rickyဖြစ်နေသည်။

" Ricky Ge "

" Matthew ဘာဖြစ်သွားသေးလဲ လာ ထ"

Rickyက တွဲကူလာပြီး သူ့ကားပေါ်ခေါ်ကာ ကျောင်းကိုအတူတူလာလိုက်ရသည်။

" သီချင်းနားထောင်နေရင်လည်း ပိုဂရုစိုက်ပြီး သွားရမှာပေါ့ကွာ။ Geနဲ့ မဟုတ်ဘဲ တစ်ခြား ကားမောင်းကြမ်းတဲ့ လူမျိုးနဲ့သာဆို Matthewအတိုက်ခံ နေရလောက်ပြီ "

Rickyက စိတ်ပူပြီး Matthewအား ဆူနေခြင်းဖြစ်သည်။

" ရပါတယ် ကျွန်တော် အခုဘာမှာမှ မဖြစ်သွားတာ "

ချိုမြိန်သည့် အပြုံးလေးဖြင့် ပြုံးလာသည့် Matthewကြောင့် ဆက်ပြီးဆူမည့် Rickyတောင် စကားလုံးတွေ လည်ချောင်းဝတွင်မျိုချလိုက်ရပါသည်။

" ဒါနဲ့ လက်ထဲက ဘူးကဘာထည့်ထားတာလဲ စောနကတည်းက အဲ့တာကို ပိုက်ထားလို့ "

" အာ....cupcakes တွေပါ ကျွန်တော်လုပ်လာတာ "

Rickyက တစ်ခုခုကို စဥ်းစားတွေးတောနေပြီးမှ

" နေပါဦး... မနေ့ညက Jiwoong IG storyမှာ Cupcakesစားချင်တယ် တင်ထားတာ အခုMatthewက လုပ်လာတယ်ဆိုတော့ မဟုတ်မှလွဲရော အဲ့ကောင် လုပ်ခိုင်းတာလား Matthewကို!! "

" ဟာ.....မဟုတ်ပါဘူး Geကလည်း ကျွန်တော်က လုပ်လာပေးမယ် ပြောထားတာ "

Rickyက မုန့်ဘူးကိုကြည့်လိုက် Matthewကိုကြည့်လိုက် လုပ်ပြီးမှ

" သူ့အကိုစားချင်တယ်လည်းပြောရော ချက်ချင်းနော် "

ပြောပြီးရှေ့ကိုလှည့်သွားတော့ Matthewက Rickyလက်မောင်းကို အသာလေး သွားကိုင်ကာ

" GeGeကလည်း.... Geကြိုက်တဲ့ ပီဇာ နောက်နေ့မှ လုပ်ကျွေးမယ်လေ နော်.. "

Rickyက အနည်းငယ် ပြုံးသယောင်ဖြင့် Matthewဘက်ကို ပြန်လှည့်ကာ

" အကိုလေး ကျွန်တော်က ပီဇာလောက်တော့ ကိုယ့်ဟာကို ဝယ်စားနိုင်ပါသေးတယ်နော် "

" သူဌေးသားတို့များကြွားလိုက်တာ ဝယ်စားနိုင်တာသိတာပေါ့ ဒါပေမဲ့ လုပ်ကျွေးတာနဲ့ တူမှမတူတာ နားကိုမလည်ဘူး "

Matthewက သူ့ကိုပြန်ဆူနေတော့ Ricky၏ ရယ်သံက ကားထဲတွင် ထွက်ပေါ်လာသည်။

...............

" Jiwoonie Hyung "

ကနေဒါလေသံမပျောက်သေးဘဲ ခေါ်လာသည့် မပီကလာပီကလာ ခေါ်သံလေးအား ကြားလိုက်သည်နှင့် Jiwoongလှည့်ကြည့်စရာပင် မလိုအောင်ကို ဘယ်သူမှန်းတန်းသိလေသည်။

အနားကို ရောက်လာတော့

" အဝေးကြီးကတည်းက ခေါ်နေတာ ဘာလို့လဲ Matthewလေးရဲ့ "

" ဒီမှာ ကျန်း! "

Jiwoong ရှေ့ကို ထိုးပေးလာသည့် ဘူးလေး။

" ဘာဘူးလဲ "

" Hyungပဲ cupcakesစားချင်တယ်ပြောလို့လေ လုပ်လာပေးတာ "

Jiwoongမျက်နှာမှာ ချက်ချင်းပြုံးရိပ်ယောင်သမ်းလာပြီး Matthewကို ကျေးဇူးတင်သည့် မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

" အိုက်ဂူးးး တစ်ကယ်လုပ်လာပေးတာပဲ Hyumgက နောက်နေတယ်ထင်နေတာ "

" နောက်စရာလားဗျာ စားချင်မှတော့ လုပ်ပေးရမှာပေါ့ ယူထားလိုက်တော့နော် ကျွန်တော် အတန်းနောက်ကျနေပြီ "

"OkOk ဖြေးဖြေးလည်းသွားဦး ချော်လဲမယ် "

Jiwoongက လှမ်းအော်ပြောသည်ကို တစ်ဖက်လှည့်၍ ပြုံးကာ လက်ပြပြီးတော့မှ သူ့အတန်းဘက်ကို ပြေးသွားသည့် ကောင်လေးရယ်ပါ။

Matthewယူလာပေးသည့် cupcakesလေးတွေကို စားမယ်လုပ်နေတုန်း အနောက်ကနေ ရောက်လာသည့် Yeri။ Yeriက သူ့အကျင့်အတိုင်း Jiwoongကို မျက်လုံးအုပ်ထားပြီး တိတ်တိတ်လေး ရောက်လာခြင်းဖြစ်သည်။

" ကိုယ်က သဲမှန်းမသိရှာဘူးဆိုတော့ "

Yeriရဲ့ ခပ်ဖွဖွရယ်သံလေးတွေ ပေါ်ထွက်လာခဲ့ပြီး Jiwoongဘေးတွင်ဝင်ထိုင်လာသည်။ ထို့နောက် စားပွဲပေါ်မှာတင်ထားသည့် ဘူးအလှလေးက Yeriကို ဆွဲဆောင်နေသည်မလို့

" ကို ဒါဘာ ဘူးလေးလဲ "

" အာ....ဒါလား cupcakesတွေလေ "

" Cupcakes? ကို ဘယ်ကဝယ်တာလဲ ဘူးလေးကချစ်စရာလေး "

" ဝယ်တာမဟုတ်ဘူး Matthewလုပ်လာပေးတာ "

Matthewလုပ်လာပေးတာဆိုသည့် အသံကိုကြားတော့ Yeriမျက်လုံးအရောင်ပြောင်းသွားခဲ့ပြီး

" ကို....သဲ ဒါလေးယူသွားလို့ရမလား အတန်းခဏ breakတဲ့အချိန်ဆို ဗိုက်ဆာတတ်လို့လေ "

Jiwoongက ခဏတော့ စဥ်းစားနေသေးပေမဲ့ မျက်နှာချိုလေးသွေးကာ တောင်းဆိုနေသည့် Yeriကြောင့် ခေါင်းငြိမ့်လိုက်သည်။

.................

Matthewတို့ အတန်းထဲ ခဏ အနားပေးချိန်တွင်ဖြစ်သည်။ အတန်းထဲရှိ ကျောင်းသားကျောင်းသူတွေ အကုန်နီးပါးလောက် ဖုန်းသုံးနေကြပေမဲ့ Matthewကတော့ ညက အိပ်ရေးပျက်ထားတာကြောင့် ခဏ မှောက်အိပ်နေလိုက်သည်။

အရှေ့ခုံမှာ ထိုင်နေသည့် ကောင်မလေး နှစ်ယောက် စကားတွေပြောနေကြတာကို Matthew နားမထောင်ပေမဲ့ အတိုင်းသား ကြားနေရသည်။

" ဟဲ့ ဟဲ့ Yeri sunbaeတင်ထားတာတွေ့ပြီးပြီလား "

" ဘာတင်ထားတာလဲ "

" သူ့ IGမှာလေ သူ့ကောင်လေး ပေးတဲ့ cupcakesဘူးလေး ရတယ်ဆိုတာ "

" ဟယ်...ဟူတ်လား ပြစမ်းပါဦး "

ဆိုကာ ကောင်မလေး နှစ်ယောက်မှကြည့်နေတုန်း Matthew ခေါင်းထောင်လာမိသည်။

" နင်တို့ ပြောနေတာ ဘာကြောင်းလဲ ငါ့ကိုသေချာပြောပြပေးလို့ရမလား "

" အာ....ဒီမှာလေ Yeri Sunbaeရဲ့ IG မှာ သူ့ကောင်လေး ပေးထားတဲ့ မုန့်ဘူးလေးကို postတင်ထားတာ "

ဆိုကာ Matthewကိုပြတော့ သူJiwoongအတွက် လုပ်ထားပေးသည့် cupcakesဘူးလေးဖြစ်နေသည်။ ရေးထားသည့် caption က " အတန်းနားချိန်ဆို ဗိုက်ဆာတတ်တာသိလို့တဲ့ ဂရုစိုက်ခံရတဲ့ဘဝကြီးက ကောင်းလိုက်တာ " ဆိုပြီး Jiwoongကို tagကာတင်ထားတော့ Matthew ခဏတာ ဆွံ့အ သွားမိပါသည်။

တင်ထားသည့် ဘူးကိုကြည့်လိုက်တော့ အရာတောင် မယွင်းနေသည်ကို Matthewသတိထားမိသည်မလို့ Jiwoongစားတောင် မစားရသေးဘဲ Yeriကိုပေးလိုက်တာမှန်း သိသွားလေသည်။

သူဒေါသပဲထွက်လိုက်ရမလား။ သူကတော့ အိပ်ရေးပျက် ခံပြီး စေတနာနဲ့ Jiwoongစားပါစေတော့ဆိုပြီး လုပ်ထားပေးတာကို Jiwoongက တစ်ခုလေးတောင် မစားဘဲနဲ့ Yeriကိုပေးလိုက်သတဲ့လား။

__________________________________________

Thanks for reading🌸

Zawgyi

[ Cupcakesေလးေတြက ေျပာယ္.....]

" Date with my boyfriend at Lotte World" ဆိုတဲ့ ေခါင္းစဥ္ပါသည့္ သူ႕accကိုပါ tagတြဲၿပီးတင္ထား​ေသာ Yeri၏ postေအာက္တြင္

" Love you so much သဲ " ဆိုၿပီး Jiwoong commentဝင္ေရးလိုက္သည္။ မၾကာလိုက္ ဖုန္းထဲမွ တစ္ေတာင္ေတာင္ျမည္သံမ်ား ထြက္ေပၚလာၿပီး Yeriရဲ႕ ပရိသတ္ေတြက သူတို႔ႏွစ္ေယာက္အား အားက်ေၾကာင္း ေျပာထားသည့္ စာမ်ားကို ေတြ႕လိုက္ရသည္။

Matthew ကိုယ္တိုင္ရိုက္ၿပီး editခဲ့သည့္ သူတို႔ ႏွစ္ဦးရဲ႕ vlogေလးက အခ်ိန္လည္းအရမ္းမၾကာဘဲ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိလွသည္။ Yeriေျပာခ်က္အရေတာ့ ဒီvlogက သူတင္ဖူးသမွ်ထဲမွာ ၾကည့္ရႉသူအမ်ားဆုံးပဲတဲ့။

ဒါဟာ ရိုက္ေပးတဲ့ Matthewေတာ္လို႔ပင္ မဟုတ္ပါလား။ စိတ္ရွည္လက္ရွည္ႏွင့္ လိုက္ရိုက္ေပးၿပီး အခ်ိန္တစ္ကူးတစ္ကပါေပးကာ editလုပ္ေပးသည္မလို႔ ရလဒ္ေကာင္းေကာင္းေလး ထြက္လာခဲ့သည္ေလ။

ဒီအတြက္လည္း Jiwoongက ေက်းဇူးတင္လို႔မဆုံးေပ။ Yeriဆိုတာကေတာ့ Matthewေလးခ်င္းထပ္ေနေအာင္ ေခၚၿပီး ေန႕လည္စာဝယ္ေကြၽးလိုက္ပါေသးသည္။ Jiwoongကေတာ့ အခ်ိန္ပိုရွိေန၍ ထိုေန႕က မလိုက္ လိုက္ရ။

အပ်င္းေျပ ေနာက္တစ္ေခါက္ vlogကို ျပန္ၾကည့္ရင္း Matthewပါသည့္ အပိုင္းနားေရာက္ေတာ့ Jiwoong ခဏရပ္ကာ ေတြးမိသည္။

ဒီေကာင္ေလးက သူ႕အတြက္ အေရးပါတဲ့သူေတြထဲကတစ္ေယာက္ဆိုလည္းမမွားေပ။ Canadaကေန ေျပာင္းလာရၿပီး canteenမွာ ခပ္ေၾကာင္ေၾကာင္ေလး ျဖစ္ေနသည့္ Matthewကို သူကိုယ္တိုင္ကပင္ စကားစေျပာကာ အတူထမင္းစားရန္ေခၚခဲ့ရမွ စတင္ခင္မင္ခဲ့သည္။

အဲ့တုန္းက Matthewရဲ႕ ကိုရီးယားစကားမပီသည့္ အသံေလးအား Jiwoongမယ္ အသည္းတစ္ယားယားသာျဖစ္ခဲ့ရသည္။ အခုမွသာေကာင္ေလးက စကားေျပာအသံထြက္မွန္လာတာ အရင္ကဆို ဒီထက္ပိုၿပီးမပီေတာ့ မသိလွ်င္ မူႀကိဳကေလးတစ္ေယာက္ စကားေျပာေနသည့္ႏွယ္။

Matthewက အၿမဲတမ္းလိုလို အျပစ္ကင္းစင္သည့္ အၿပဳံးေလးေတြျဖင့္ ၿပဳံးေနတတ္ၿပီး Jiwoongႏွင့္ Rickyတို႔အတြက္ေတာ့ mood makerေလးပင္။

သာလိကာေလးလို စကားေတြတရစပ္ေျပာေနတတ္သည့္ Matthewက Jiwoongေကာင္မေလး ရၿပီးေနာက္ပိုင္း အရင္ကထက္ ပိုစကားနည္းလာတာကိုလည္း သူသတိထားမိသည္။ ဘာလို႔လဲ ေမးခ်င္ေပမဲ့ ေမးရမည့္ အေၾကာင္းျပခ်က္ေရေရရာရာ မရွိသည္မလို႔ သူမေမးျဖစ္ခဲ့တာ အခုအခ်ိန္ထိတိုင္။

အခုလည္း vlogထဲမွာ ၿပဳံးေနသည့္ Matthewပုံေလးအား ၾကည့္ၿပီး Jiwoong ပါလိုက္ၿပဳံးမိသည္။

ထိုအခ်ိန္ Yeriရဲ႕စကားသံမ်ားဟာ Jiwoongနားထဲသို႔ ျပန္ေရာက္လာခဲ့သည္။

သူတစ္ကယ္ပဲ Matthewအေပၚ overျဖစ္ေနမိလို႔လား။ သူ႕ကိုယ္သူ ျပန္ဆန္းစစ္ၾကည့္သည္။ Matthewသာ ေနပူထဲ အၾကာႀကီးေနမိလို႔ တစ္ခုခုျဖစ္ရင္ စိုးရိမ္ရမွာ သူ႕တာဝန္ပဲမဟုတ္ပါလား။

အရင္ကတည္းက ဂ႐ုစိုက္ေပးေနက်ဆိဳေတာ့ အခုလိုဂ႐ုစိုက္ေပးတာေတြကလည္း ပိုတယ္ဟု Jiwoongမထင္မိပါ။ ဒါဟာ သာမန္ကိစၥရပ္တစ္ခုလိုပဲေလ။

သိစိတ္ကေတာ့ ထိုကဲ့သို႔ဆိုေပမဲ့ မသိစိတ္ကေရာ ထပ္တူပဲလား........။

...................

ထိုေန႕ေနာက္ပိုင္းမွစလို႔ Matthewဟာ Jiwoongႏွင့္ Yeriတို႔ရဲ႕ personal ဓာတ္ပုံဆရာအျဖစ္ သူတို႔ vlogရိုက္စရာရွိတဲ့အခါတို႔ ဓာတ္ပုံရိုက္စရာရွိသည့္ အခါမ်ိဳးတြင္ အၿမဲတမ္း ကူညီေပးရေတာ့သည္။

Yeriရဲ႕ အကူညီေတာင္းသံေၾကာင့္ဆိုရင္ေတာင္ Matthewျငင္းမိမွာမွန္ေပမဲ့ Jiwoongရဲ႕ သူ႕လက္ေမာင္းကိုကိုင္ကာ ခြၽဲႏြဲ႕ၿပီး အကူညီေတာင္းလာတာဆိုေတာ့ Matthewမယ္ မျငင္းရက္နိုင္။

Matthewကို တစ္မင္ရင္ခုန္ေအာင္လုပ္သည္ပဲလား စေနာက္သည္ပဲလားေတာ့ မေျပာတတ္ေပမဲ့ အကူညီေတာင္းလို႔ လက္ခံရင္ အားပါးတစ္ရဖက္ၿပီး " အဲ့တာေၾကာင့္ ကိုယ့္Matthewေလးကိုခ်စ္တာ " ဆိုသည့္ စကားက အၿမဲေျပာသည္။

ဆက္ၿပီးရင္ခုန္ေအာင္သာ လုပ္ေနမယ္ဆိုရင္ Matthewေလး ေနာက္က် ဘယ္လိုမ်ား ခံနိုင္ရည္ရွိပါေတာ့မည္လဲ။ သို႔ေပမဲ့လည္း ထိုရင္ခုန္မႈမ်ားအေပၚ ဆက္သာယာခ်င္စိတ္အား Jiwoongႏွင့္ Yeriတို႔ရဲ႕ ဓာတ္ပုံေတြ videoေတြ ရိုက္ရ editရတဲ့ အခါက် ပ်က္သုဥ္းသြားခဲ့ရပါသည္။

" ႏွစ္ေယာက္သားက လိုက္ဖက္လိုက္တာ... "

Matthewေရ႐ြတ္မိသည္။ ဘယ္ေတာ့မွ မပိုင္ဆိုင္ေတာ့မည့္လူကို ေငးေမာၾကည့္မိရင္း အႀကိမ္ႀကိမ္ဆုေတာင္းမိဖူးသည္။

" ထိုလူသားအား တစ္ရက္ေလာက္ျဖစ္ျဖစ္ ပိုင္ဆိုင္ခြင့္ေလး ရပါေစ " ဆိုၿပီး။

ဒီေလာက္ေလးေတာ့ သူေလာဘတက္ခြင့္ရွိသင့္တယ္မလား။ သူ႕ႏွလုံးသားတစ္ခုလုံးမြန္းၾကပ္ေလာက္တဲ့အထိ ပုံအပ္ၿပီး ခ်စ္ထားရတာမလို႔ တစ္ရက္တာေလာက္ျဖစ္ျဖစ္ကေတာ့ သူေလာဘတက္ခြင့္ေလး ရွိသင့္တယ္မလား ေလာကႀကီးေရ....။

..............

ညဘက္ ဂိမ္းေဆာ့ၿပီး Jiwoongရဲ႕ IGမွာ ဘာမ်ားတင္ထားမလဲလို႔ ဝင္ၾကည့္ျဖစ္ေနသည္က Matthewရဲ႕ ေမြးျမဴစရာမလိုသည့္ အက်င့္ေလးတစ္ခု။

" Hyung storyတင္ထားတာပဲ "

အနီေရာင္ဝိုင္းေနသည့္ Jiwoongရဲ႕ accပုံေလးကို ႏွိပ္လိုက္ေတာ့ ေပၚလာသည္က မုန့္ဘူးေတြျပထားသည့္ videoေလး။

" အခုတစ္ေလာ ဒီvideoေတြၾကည့္ၿပီး cupcakesေတြေတာင္ စားခ်င္လာၿပီ "

ဆိုသည့္ captionႏွင့္အတူ တင္ထားေတာ့ Matthew စာသြားပို႔မိသည္။

" Hyung cupcakesစားခ်င္လို႔လား "

သိပ္ေတာင္မၾကာလိုက္ မီးစိမ္းေနသည့္ accေလးက စာခ်က္ခ်င္းျပန္လာသည္။

" ဟုတ္တယ္ Hyung ဆီကို အဲ့တာေတြတစ္အား တက္လာတာနဲ႕ စားခ်င္လာေရာ တစ္လက္စတည္း ေက်ာင္းနားမွာ cupcakesေရာင္းတဲ့ ဆိုင္မသိဘူးလား Matthew "

Matthewက ဒီကို ေျပာင္းလာတာ တစ္ႏွစ္ဆိုေပမဲ့  သူ႕ထက္ပိုၿပီး ႏွံ႕ႏွံ႕စပ္စပ္သိသည္မလို႔ ေမးလိုက္ျခင္း ျဖစ္သည္။

" အင္း.....cupcakesေရာင္းတာေတာ့မေတြ႕ဘူး။ ဒါေပမဲ့ Hyungစားခ်င္ရင္ ကြၽန္ေတာ္ အိမ္ကလုပ္လာေပးမယ္ေလ "

" Matthewကလုပ္တတ္တယ္လား "

" ဟုတ္ လုပ္တတ္တယ္ အရမ္းႀကီးမခက္ခဲဘူး အိမ္မွာ Ovenရွိတယ္ေလ လုပ္လာခဲ့ေပးမယ္ "

" OkOk ဒါဆို Thank uေနာ္ ကိုယ့္ရဲ႕Matthewေလး  "

ဆိုၿပီး အာဘြားေပးေနသည့္ stickerပို႔လာေတာ့ အၿငိမ္မေနတတ္သည့္ ႏွလုံးသားက ခုန္လာျပန္သည္။

ဖုန္း screenကို ၾကည့္ကာၿပဳံးရင္း သာမန္စကားေလးကို သာမန္ထက္ပိုကာေတြးမိေနသည့္ စိတ္ကေလးအား မနည္းထိန္းကာ ခ်စ္ရသူ စားဖို႔အတြက္ cupcakeကို Matthewသြားၿပီး ျပင္ဆင္ေတာ့မည္ေလ။

မနက္အေစာမွ ထလုပ္ရင္ မမွီမွာစိုးေတာ့ ညကတည္းက လုပ္ထားၿပီး မနက္က်မွ ႏႊေးၿပီးယူသြားရန္ စီစဥ္ရေတာ့မည္။

ညကိုးနာရီထိုးေနသည္ကိုပင္ လ်စ္လ်ဴရႉထားၿပီး ေအာက္ထပ္က မီးဖိုေခ်ာင္ထဲဝင္ကာ Cupcakeလုပ္ရန္ လိုအပ္သည့္ပစၥည္းမ်ားအား စားပြဲေပၚအရင္တင္လိုက္သည္။

အရင္ဆုံး ဝါဝါအိအိေထာပတ္တုံးေလးေတြကို သၾကားနဲ႕အရင္နယ္ထားၿပီး ႏြားနို႔လိုအပ္သေလာက္ ထည့္လိုက္သည္။ အႏွစ္ကေလးျဖစ္သြားၿပီဆိုရင္ ၾကက္ဥ, Vannila ႏွင့္ ဂ်ဳံမႈန့္ကိုပါ ေရာနယ္လိုက္ၿပီး Cupcake ကိတ္သားလုပ္လိုက္သည္။

တိုက္တိုက္ဆိုင္ဆိုင္ တစ္ေန႕ကမွ တီေလးဝယ္လာေပးသည့္ cupcakeပုံစံခြက္ကေလးေတြအား ဆယ္ခုေလာက္ အစီအရီထားလိုက္ၿပီး မုန့္ႏွစ္ေလးေတြထည့္ကာ ovenထဲတြင္ ထည့္ဖုတ္လိုက္သည္။

Ovenအျပင္ဘက္ကေန ၾကည့္ေနသည့္ Matthewမ်က္ႏွာေလးက ၿပဳံးရိပ္ေယာင္သမ္းလို႔ေနသည္။ မုန့္လုပ္စားေနက် သူ႕အတြက္ ဒါမ်ိဳးက မခက္ခဲ​တာမွန္ေပမဲ့ Jiwoongအတြက္ လုပ္ေပးထားတာလို႔ ေတြးမိတိုင္း အခ်ိန္ကုန္ရက်ိဳးနပ္ပါသည္ေလ။

ကိတ္သားေတြကို ဖုတ္ထားတုန္း အေပၚကေန ထည့္မည့္ creamအားလည္း ျပင္ဆင္ရေသးသည္။ Jiwoongက cupcakesစားခ်င္တယ္သာေျပာတာ ဘယ္အရသာမွန္းလည္း မေျပာေတာ့ အရသာအစုံ ရွိသေလာက္လုပ္သြားရန္ ေတြးမိသည္မလို႔ creamကို ေရာင္စုံထုတ္ေလးေတြ လုပ္လိုက္သည္။

မိနစ္သုံးဆယ္ေလာက္အၾကာမွာေတာ့ ႏူးညံ့အိစက္ေနတဲ့ Matthewရဲ႕ cupcakeကိတ္သားေလးေတြ ရလာၿပီျဖစ္သည္။

စိတ္ေတြလႈပ္ရွာၿပီး အေယာင္ေယာင္အမွားမွားျဖင့္ အပူခံလက္အိတ္မစြပ္ဘဲ Ovenကို ဖြင့္ကာ ယူလိုက္ေတာ့ အပူေလာင္ပါေတာ့သည္။

" အာ့!! ပူလိုက္တာ! "

အလ်င္အျမန္ျပန္ထုတ္လိုက္တာမလို႔ ႀကီးႀကီးမားမားေတာ့မျဖစ္သြားေပမဲ့ လက္ျဖဴျဖဴေလးကေတာ့ ခ်က္ခ်င္းနီရဲတက္လာသည္။

အေသးအဖြဲ႕ေလးမလို႔ လ်စ္လ်ဴရႉထားလိုက္ၿပီး မုန့္ေတြကို ထုတ္ကာ အေပၚကေန creamေလးေတြ ေသခ်ာလိုက္ထည့္ေနသည္။ ေစတနာအျပည့္၊ ခ်စ္ျခင္းေမတၱာေတြ အျပည့္ျဖင့္ လုပ္ထားသည့္ cupcakeေလးေတြဟာ အေပၚကေန topping အသီးသီးျဖဴးၿပီးတဲ့ ေနာက္မွာေတာ့ စားခ်င္စဖြယ္ ႏူးႏူးအိအိ cupcakeေလးေတြ ျဖစ္သြားပါေတာ့သည္။

" ျပည့္စုံလိုက္တာ.... "

Jiwoongအတြက္ ကိုယ္တိုင္လုပ္ထားတာေလးေတြကို ၾကည့္ၿပီး Matthewပီတိျဖာလို႔ေနသည္။ မုန့္ေတြကို ေရခဲေသတၱာထဲထည့္ခဲ့ၿပီးမွပဲ သူစိတ္ခ်လက္ခ် အိပ္စက္နိုင္ေတာ့သည္။

မနက္ျဖန္က် Jiwoongကို သူလုပ္ေပးထားတဲ့ cupcakeေလးေတြ ေကြၽးရေတာ့မည္ဆိုသည့္ စိတ္ကေလးျဖင့္။

.......................

မနက္ခင္းကတည္းက တက္ႂကြလက္ႂကြ နိုးလာသည့္ Matthewအား တီေလးကပင္ ထူးဆန္းသည့္မ်က္လုံးမ်ားျဖင့္ ၾကည့္ေနမိသည္။

" ဒီေန႕ ေပ်ာ္စရာကိစၥတစ္ခုခု ရွိလို႔လား တီတီ့Matthewေလး "

" ဟင္....အဲ့လိုမဟုတ္ပါဘူး ဒီအတိုင္းပဲ "

" ဒါနဲ႕ မေန႕ညက Matthewမီးဖိုေခ်ာင္ဝင္ေသးတာလား "

" ဟုတ္တယ္ သား cupcakeေတြလုပ္ေနတာ ေက်ာင္းမွာ စားခ်င္လို႔ဆိုၿပီး "

" ေအာ္....ဒီကေလးကေတာ့ စားခ်င္ရင္ ဝယ္စားလိုက္လည္းရေနတာကို အပင္ပန္းခံၿပီးလုပ္ေနေသးတယ္ "

" Hyungကို ေကြၽးဖို႔အတြက္ေပါ့ " ဆိုကာ စိတ္ထဲက ျပန္ေျပာလိုက္ပင္မဲ့ တစ္ကယ္တမ္းက မ်က္ႏွာခ်ိဳေလးေသြးကာ ခ်စ္ဖို႔ေကာင္းသည့္ လက္နက္ကေလးကို ထုတ္သုံးေတာ့မွ တီေလးက ဘာမွဆက္မေမးလာေတာ့ေခ်။

မုန့္ဘူးေလးကို အျမတ္တစ္နိုးကိုင္ကာ သီခ်င္းေလးတစ္ညီးညီးျဖင့္ သြားေနသည့္ ေကာင္ေလးရဲ႕ မ်က္ႏွာမွာ အၿပဳံးပန္းေတြေဝဆာလို႔ေနသည္။

airpodsတပ္ထားေသာေၾကာင့္ နားဆင္ေနသည့္ အခ်စ္သီခ်င္းေလးျဖင့္ လိုက္ဖက္စြာ ေလွ်ာက္လွမ္းတိုင္းကလည္း ျမဴးထူးလို႔ေနသည္။

ကားလမ္းကို ျဖတ္အကူး မီးနီေနသည္ကိုပင္ သတိမထားမိဘဲ ျဖတ္ေတာ့ လမ္းေပၚက ကားႏွင့္တိုက္မိမလို ျဖစ္သြားေသးသည္။ ဒါေတာင္ သူတစ္ခုခုျဖစ္မွာထက္ မုန့္ဘူးထဲက မုန့္ေလးေတြ တစ္ခုခုျဖစ္သြားမွာစိုးရိမ္ၿပီး မုန့္ဘူးကိုဖက္လ်က္သား လမ္းေပၚကို ဖင္ထိုင္ရက္ေလး လဲက်သြားသည္။

" Matthew! "

ရင္းႏွီးေနသည့္အသံေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ Rickyျဖစ္ေနသည္။

" Ricky Ge "

" Matthew ဘာျဖစ္သြားေသးလဲ လာ ထ"

Rickyက တြဲကူလာၿပီး သူ႕ကားေပၚေခၚကာ ေက်ာင္းကိုအတူတူလာလိုက္ရသည္။

" သီခ်င္းနားေထာင္ေနရင္လည္း ပိုဂ႐ုစိုက္ၿပီး သြားရမွာေပါ့ကြာ။ Geနဲ႕ မဟုတ္ဘဲ တစ္ျခား ကားေမာင္းၾကမ္းတဲ့ လူမ်ိဳးနဲ႕သာဆို Matthewအတိုက္ခံ ေနရေလာက္ၿပီ "

Rickyက စိတ္ပူၿပီး Matthewအား ဆူေနျခင္းျဖစ္သည္။

" ရပါတယ္ ကြၽန္ေတာ္ အခုဘာမွာမွ မျဖစ္သြားတာ "

ခ်ိဳၿမိန္သည့္ အၿပဳံးေလးျဖင့္ ၿပဳံးလာသည့္ Matthewေၾကာင့္ ဆက္ၿပီးဆူမည့္ Rickyေတာင္ စကားလုံးေတြ လည္ေခ်ာင္းဝတြင္မ်ိဳခ်လိဳက္ရပါသည္။

" ဒါနဲ႕ လက္ထဲက ဘူးကဘာထည့္ထားတာလဲ ေစာနကတည္းက အဲ့တာကို ပိုက္ထားလို႔ "

" အာ....cupcakes ေတြပါ ကြၽန္ေတာ္လုပ္လာတာ "

Rickyက တစ္ခုခုကို စဥ္းစားေတြးေတာေနၿပီးမွ

" ေနပါဦး... မေန႕ညက Jiwoong IG storyမွာ Cupcakesစားခ်င္တယ္ တင္ထားတာ အခုMatthewက လုပ္လာတယ္ဆိုေတာ့ မဟုတ္မွလြဲေရာ အဲ့ေကာင္ လုပ္ခိုင္းတာလား Matthewကို!! "

" ဟာ.....မဟုတ္ပါဘူး Geကလည္း ကြၽန္ေတာ္က လုပ္လာေပးမယ္ ေျပာထားတာ "

Rickyက မုန့္ဘူးကိုၾကည့္လိုက္ Matthewကိုၾကည့္လိုက္ လုပ္ၿပီးမွ

" သူ႕အကိုစားခ်င္တယ္လည္းေျပာေရာ ခ်က္ခ်င္းေနာ္ "

ေျပာၿပီးေရွ႕ကိုလွည့္သြားေတာ့ Matthewက Rickyလက္ေမာင္းကို အသာေလး သြားကိုင္ကာ

" GeGeကလည္း.... Geႀကိဳက္တဲ့ ပီဇာ ေနာက္ေန႕မွ လုပ္ေကြၽးမယ္ေလ ေနာ္.. "

Rickyက အနည္းငယ္ ၿပဳံးသေယာင္ျဖင့္ Matthewဘက္ကို ျပန္လွည့္ကာ

" အကိုေလး ကြၽန္ေတာ္က ပီဇာေလာက္ေတာ့ ကိုယ့္ဟာကို ဝယ္စားနိုင္ပါေသးတယ္ေနာ္ "

" သူေဌးသားတို႔မ်ားႂကြားလိုက္တာ ဝယ္စားနိုင္တာသိတာေပါ့ ဒါေပမဲ့ လုပ္ေကြၽးတာနဲ႕ တူမွမတူတာ နားကိုမလည္ဘူး "

Matthewက သူ႕ကိုျပန္ဆူေနေတာ့ Ricky၏ ရယ္သံက ကားထဲတြင္ ထြက္ေပၚလာသည္။

...............

" Jiwoonie Hyung "

ကေနဒါေလသံမေပ်ာက္ေသးဘဲ ေခၚလာသည့္ မပီကလာပီကလာ ေခၚသံေလးအား ၾကားလိုက္သည္ႏွင့္ Jiwoongလွည့္ၾကည့္စရာပင္ မလိုေအာင္ကို ဘယ္သူမွန္းတန္းသိေလသည္။

အနားကို ေရာက္လာေတာ့

" အေဝးႀကီးကတည္းက ေခၚေနတာ ဘာလို႔လဲ Matthewေလးရဲ႕ "

" ဒီမွာ က်န္း! "

Jiwoong ေရွ႕ကို ထိုးေပးလာသည့္ ဘူးေလး။

" ဘာဘူးလဲ "

" Hyungပဲ cupcakesစားခ်င္တယ္ေျပာလို႔ေလ လုပ္လာေပးတာ "

Jiwoongမ်က္ႏွာမွာ ခ်က္ခ်င္းၿပဳံးရိပ္ေယာင္သမ္းလာၿပီး Matthewကို ေက်းဇူးတင္သည့္ မ်က္ဝန္းမ်ားျဖင့္ၾကည့္လိုက္သည္။

" အိုက္ဂူးးး တစ္ကယ္လုပ္လာေပးတာပဲ Hyumgက ေနာက္ေနတယ္ထင္ေနတာ "

" ေနာက္စရာလားဗ်ာ စားခ်င္မွေတာ့ လုပ္ေပးရမွာေပါ့ ယူထားလိုက္ေတာ့ေနာ္ ကြၽန္ေတာ္ အတန္းေနာက္က်ေနၿပီ "

"OkOk ေျဖးေျဖးလည္းသြားဦး ေခ်ာ္လဲမယ္ "

Jiwoongက လွမ္းေအာ္ေျပာသည္ကို တစ္ဖက္လွည့္၍ ၿပဳံးကာ လက္ျပၿပီးေတာ့မွ သူ႕အတန္းဘက္ကို ေျပးသြားသည့္ ေကာင္ေလးရယ္ပါ။

Matthewယူလာေပးသည့္ cupcakesေလးေတြကို စားမယ္လုပ္ေနတုန္း အေနာက္ကေန ေရာက္လာသည့္ Yeri။ Yeriက သူ႕အက်င့္အတိုင္း Jiwoongကို မ်က္လုံးအုပ္ထားၿပီး တိတ္တိတ္ေလး ေရာက္လာျခင္းျဖစ္သည္။

" ကိုယ္က သဲမွန္းမသိရွာဘူးဆိုေတာ့ "

Yeriရဲ႕ ခပ္ဖြဖြရယ္သံေလးေတြ ေပၚထြက္လာခဲ့ၿပီး Jiwoongေဘးတြင္ဝင္ထိုင္လာသည္။ ထို႔ေနာက္ စားပြဲေပၚမွာတင္ထားသည့္ ဘူးအလွေလးက Yeriကို ဆြဲေဆာင္ေနသည္မလို႔

" ကို ဒါဘာ ဘူးေလးလဲ "

" အာ....ဒါလား cupcakesေတြေလ "

" Cupcakes? ကို ဘယ္ကဝယ္တာလဲ ဘူးေလးကခ်စ္စရာေလး "

" ဝယ္တာမဟုတ္ဘူး Matthewလုပ္လာေပးတာ "

Matthewလုပ္လာေပးတာဆိုသည့္ အသံကိုၾကားေတာ့ Yeriမ်က္လုံးအေရာင္ေျပာင္းသြားခဲ့ၿပီး

" ကို....သဲ ဒါေလးယူသြားလို႔ရမလား အတန္းခဏ breakတဲ့အခ်ိန္ဆို ဗိုက္ဆာတတ္လို႔ေလ "

Jiwoongက ခဏေတာ့ စဥ္းစားေနေသးေပမဲ့ မ်က္ႏွာခ်ိဳေလးေသြးကာ ေတာင္းဆိုေနသည့္ Yeriေၾကာင့္ ေခါင္းၿငိမ့္လိုက္သည္။

.................

Matthewတို႔ အတန္းထဲ ခဏ အနားေပးခ်ိန္တြင္ျဖစ္သည္။ အတန္းထဲရွိ ေက်ာင္းသားေက်ာင္းသူေတြ အကုန္နီးပါးေလာက္ ဖုန္းသုံးေနၾကေပမဲ့ Matthewကေတာ့ ညက အိပ္ေရးပ်က္ထားတာေၾကာင့္ ခဏ ေမွာက္အိပ္ေနလိုက္သည္။

အေရွ႕ခုံမွာ ထိုင္ေနသည့္ ေကာင္မေလး ႏွစ္ေယာက္ကေတာ့ စကားေတြေျပာေနၾကတာကို Matthew နားမေထာင္ေပမဲ့ အတိုင္းသား ၾကားေနရသည္။

" ဟဲ့ ဟဲ့ Yeri sunbaeတင္ထားတာေတြ႕ၿပီးၿပီလား "

" ဘာတင္ထားတာလဲ "

" သူ႕ IGမွာေလ သူ႕ေကာင္ေလး ေပးတဲ့ cupcakesဘူးေလး ရတယ္ဆိုတာ "

" ဟယ္...ဟူတ္လား ျပစမ္းပါဦး "

ဆိုကာ ေကာင္မေလး ႏွစ္ေယာက္မွၾကည့္ေနတုန္း Matthew ေခါင္းေထာင္လာမိသည္။

" နင္တို႔ ေျပာေနတာ ဘာေၾကာင္းလဲ ငါ့ကိုေသခ်ာေျပာျပေပးလို႔ရမလား "

" အာ....ဒီမွာေလ Yeri Sunbaeရဲ႕ IG မွာ သူ႕ေကာင္ေလး ေပးထားတဲ့ မုန့္ဘူးေလးကို postတင္ထားတာ "

ဆိုကာ Matthewကိုျပေတာ့ သူJiwoongအတြက္ လုပ္ထားေပးသည့္ cupcakesဘူးေလးျဖစ္ေနသည္။ ေရးထားသည့္ caption က " အတန္းနားခ်ိန္ဆို ဗိုက္ဆာတတ္တာသိလို႔တဲ့ ဂ႐ုစိုက္ခံရတဲ့ဘဝႀကီးက ေကာင္းလိုက္တာ " ဆိုၿပီး Jiwoongကို tagကာတင္ထားေတာ့ Matthew ခဏတာ ဆြံ႕အ သြားမိပါသည္။

တင္ထားသည့္ ဘူးကိုၾကည့္လိုက္ေတာ့ အရာေတာင္ မယြင္းေနသည္ကို Matthewသတိထားမိသည္မလို႔ Jiwoongစားေတာင္ မစားရေသးဘဲ Yeriကိုေပးလိုက္တာမွန္း သိသြားေလသည္။

သူေဒါသပဲထြက္လိုက္ရမလား။ သူကေတာ့ အိပ္ေရးပ်က္ ခံၿပီး ေစတနာနဲ႕ Jiwoongစားပါေစေတာ့ဆိုၿပီး လုပ္ထားေပးတာကို Jiwoongက တစ္ခုေလးေတာင္ မစားဘဲနဲ႕ Yeriကိုေပးလိုက္သတဲ့လား။

__________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: ZingTruyen.Xyz