ZingTruyen.Xyz

Second Chance Woongtthew Ongoing

[ သဘောထားတို့ မတိုက်ဆိုင်လေတော့သောအခါ ]

ယခုရက်ပိုင်း ရာသီဥတုသိပ်မကောင်း။ နေသာသည့်နေ့တွေထက် မိုးရွာတော့မည့်အရိပ်ယောင်ပြနေသည့် မဲမှောင်နေသော မိုးသားတိမ်တိုက်တို့သာ ဖုံးလွှမ်းနေသည်မှာ ရက်ပိုင်းလောက်ရှိသွားပြီဖြစ်သည်။

ရာသီဥတုတွေကပဲ Jiwoongနှင့် Yeriတို့ကြားထဲက ဆက်ဆံရေးကိုဖော်ကျူးနေသလားဟုပင်ထင်ရသည်။ မိုးရွာမှာလားဆိုတော့လည်းဟုတ်တိပတ်တိမရွာ။ မုန်တိုင်းဝင်မှာလားဆိုတော့လည်း အဲ့လောက်ထိအခြေအနေကမဆိုးပြန်။

နှစ်ယောက်သားအတူတူတောင်မတွေ့ဖြစ်ကြချေ။ Yeriက စာတွေနှင့် မအားလပ်လို့ဆိုသည့်အကြောင်းပြချက်ပေးသလို Jiwoongကလည်း ထိုနည်းတူစွာပင်။

Rickyကတောင် ခေါ်ယူမေးရသည့်အဖြစ်။ မင်းတို့အဆင်ပြေကြလားဆိုတော့ ပြေတယ်ပြောရမလား မပြေဘူးပြောရမလား။ စိတ်ခံစားချက်တွေက စကားနဲ့ထုတ်ပြောဖို့ အဲ့သလောက်ခက်မယ်မှန်း Jiwoongမထင်ထားခဲ့မိတာအမှန်။

Yeriကို စတွေ့တွေ့ချင်း အရမ်းလှပြီးချစ်ဖို့ကောင်းလို့ သဘောကျခဲ့မိတာကို အချစ်လို့ထင်မှတ်ခဲ့ပါသည်။ သို့ပေမဲ့ သူခံယူထားမိတဲ့အချစ်ဆိုတာ ထိုထက်ပိုနက်နဲမှန်း Jiwoongတစ်ဖြေးဖြေးနှင့် သဘောပေါက်စပြုလာပါသည်။

Yeriကို စိတ်ရင်းမဟုတ်ခဲ့တာလားဆိုတော့မဟုတ်ပြန်။ ဂရုစိုက်ပေး အလိုလိုက်ပေး ချစ်ပေးခဲ့တာတွေက အကုန်လုံးက စိတ်ရင်းတွေချည်းပါပဲ။ ဒါဆို သူအခုစိတ်ထဲလေးလံနေရတာဘာကြောင့်များလဲ။

Jiwoongမှတ်မိသလောက်ဆိုလျှင် Matthewသူ့အပေါ်စိတ်ရှိနေပါတယ်လို့ ဝန်ခံပြီးကတည်းက သူ့စိတ်တွေလေးလံလို့နေခဲ့သည်။

ညနေပိုင်းအတန်းမရှိတော့ Rickyနှင့်အတူ တိုက်ခန်းသို့ပြန်လာလိုက်သည်။ သို့ပေမဲ့ စိတ်ကလည်းညစ်နေသည်မလို့ ဖြေလျှော့သည့်အနေဖြင့် Barမှာ သွားသောက်ရန် ဆုံးဖြတ်လိုက်သည်။

"Ricky ငါ Barသွားလိုက်ဦးမယ် ညစာ မင်းဘာသာစားလိုက်တော့ "

" အင်းအင်း အရမ်းလည်းနောက်မကျနေနဲ့ဦး "

" ရပါတယ် မနက်ဖြန်မနက်ပိုင်းအတန်းမှမရှိတာ "

ရယ်ကျဲကျဲပြောရင်း ကားသော့ဆွဲကာထွက်လာလိုက်သည်။
...........

စင်မြင့်တစ်နေရာမှ ပျော်ရွှင်မြူးထူးစွာ က ချင်စရာတီးလုံးသံမျိုးစုံတို့ကို တီးခတ်နေသည့် DJ artistရယ် အောက်ကနေ စည်းချက်ညီစွာ ကခုန်နေကြသည့်သူတွေရယ် နှင့်အတူ Jiwoongတစ်ယောက် ခပ်စွန်းစွန်း စားပွဲတစ်ခုမှာထိုင်ရင်း အရက်သောက်နေမိသည်။

စပ်ထားပေးသည့်အရက်ကလည်း ခပ်ပြင်းပြင်းဆိုတော့ နှစ်ခွက်လောက်နဲ့တင် လူကအနည်းငယ်ရိပ်တိတ်တိတ်တော့ဖြစ်လာသည်။ သို့ပေမဲ့ Jiwoongက ထိုကဲ့သူမသောက်နိုင်သည့်သူမျိုးတော့မဟုတ်။

စိတ်ကူးပေါက်၍ ဖုန်းကိုထုတ်ကာ Yeriဆီဖုန်းဆက်ကြည့်တော့မကိုင်ချေ။ အခုနောက်ပိုင်းစကားကိုအရင်လိုတောင်မပြောဖြစ်ကြတော့ သူတို့နှစ်ဦးက ချစ်သူရည်းစားတွေဟုတ်ပါသေးရဲ့လားတောင် ပြန်မေးယူနေရသည်။

Yeriမကိုင်တော့ နောက်ထပ်ဖုန်းနံပါတ်လေးတစ်ခုကိုဆက်မိပြန်သည်။ ဒီတစ်ခုလည်းအတူတူပါပဲ မကိုင်ပြန်ချေ။ မကိုင်တာထက် ဖုန်းကိုချပစ်တာဆိုပိုမှန်မည်။ ပြီးမှ စာပို့လာသည်က

" Hyung ကျွန်တော် online classတစ်ခုသင်နေလို့ ဖုန်းမကိုင်သေးဘူးနော် အရေးကြီးကိစ္စမဟုတ်ရင် ခဏနေမှပြန်ခေါ်လိုက်နော် "

Matthewပို့လာသည့်စာဖတ်ပြီး Jiwoongစာမပြန်တော့ဘဲ ဖုန်းကိုသာပိတ်လိုက်သည်။

" ဟူး.....ဒီညတော့ ငါတစ်ကယ်မှောက်အောင်သောက်ပြီးပဲ ပြန်ရတော့မယ်ထင်တယ် "

Rickyပြောလည်းပြောပါစေတော့ဟုတွေးကာ အရက်ကိုထပ်မှာပြီးသာ သောက်နေလိုက်သည်။

သောက်နေရင်း ပျင်းပျင်းရှိတာနဲ့ မျက်လုံးကိုဟိုဟိုဒီဒီ ဝေ့ဝဲ ကစားကြည့်မိတော့ တစ်နေရာအရောက်တွင် Jiwoongမျက်ခုံးနှစ်ဖက် တွန့်ချိုးသွားရသည်။

" Ye- Yeri? "

Yeriဖြစ်ပုံရသည့် ကောင်မလေးတစ်ယောက်အားတွေ့လိုက်ရသည်မလို့ Jiwoongစူးစမ်းစွာကြည့်မိသည်။ တစ်ခြားဆိုရင်တော့ Jiwoongဘာမှမဖြစ်မိမှာအမှန်ပေမဲ့ ယခုဟာက သူမဘေးမှာ နောက်ယောကျ်ားလေးတစ်ယောက်ရှိနေပြီး ခါးကိုလည်းဖက်ထားသေးသည်။

Jiwoongထိုင်နေရာမှ အမြန်ဆုံးထကာ ထိုYeriနှင့်တူသည့်ကောင်မလေးရှိရာသို့သွားလိုက်သည်။

" Yeri! "

သီချင်းသံကြားထဲမှာမှ Jiwoongအသံက ဟိန်းခနဲထွက်ပေါ်လာသည်မလို့ ထိုကောင်မလေးကလှည့်ကြည့်လာသည်။

သေချာပေါက် Yeriဖြစ်နေသည်။

" ကို! ဒီကိုဘယ်လိုရောက်လာတာလဲ "

" အဲ့တာ ငါမေးရမဲ့မေးခွန်းပါ မင်းကမှဒီကိုဘယ်လိုရောက်လာတာလဲ ဘေးကကောင်ကရော ဘယ်သူလဲ "

" ကို သဲတို့အပြင်မှာထွက်ပြီးစကားပြောရအောင် အထဲမှာ အသံတွေဆူနေလို့ "

ဆိုကာ Yeriက သူ့ဘေးကကောင်လေးကိုတစ်ချက်ပြုံးပြခဲ့၍ Jiwoongလက်ကိုဆွဲကာ အပြင်ကလူရှင်းသည့် တစ်နေရာကို ခေါ်ထုတ်လာခဲ့သည်။

" ပြော! ငါဖုန်းဆက်တာတောင်မကိုင်ဘဲ နောက်တစ်ကောင်နဲ့ barရောက်နေရတဲ့အကြောင်းအရင်းလေး "

" ကို ဘာတွေပြောနေတာလဲ အထင်လွဲနေပြီ အဲ့တာ သဲတို့ ကျောင်းကစီနီယာ သဲနဲ့ငယ်ငယ်တုန်းကခင်ဖူးတာ သူကျောင်းပြောင်းပြီးအခုမှပြန်တွေ့ကြလို့ "

" အဲ့တာမှပိုပြီးတော့ စိတ်ဝင်စားစရာကောင်းနေပြီပဲ ပြန်တွေ့ကြတာကို တစ်ခြားနေရာမှာလည်း မဟုတ်ဘူး Barမှာနှစ်ယောက်တည်း "

Jiwoongစိတ်တိုနေသည်ကို Yeriကလည်းသိသည်မလို့ အကြောင်းပြချက်ကိုသေသေချာချာရှင်းပြနေသည်။

" အဲ့အစ်ကို အချိန်ပိုင်းအလုပ်က ဒီနားမှာတင်။ ဒီအတိုင်းတွေ့ကြရင်း ဒီအနီးမှာBarရှိတယ်ဆိုလို့ လာသောက်တာ "

Jiwoongက စိတ်ပျက်ပျက်နှင့်

" ကျစ်! Yeriရာ မင်းငါ့ကိုမလိမ်ပါနဲ့ အဲ့ကောင်လက်ကမင်းခါးပေါ်ရောက်နေတာ ငါမြင်သားပဲ အခုတစ်လော ငါ့ဖုန်းကျမကိုင်ဘူး စာလည်းမပြန်ဘူး ဆိုတာ အသစ်တွေ့နေလို့ပဲလေ ဟုတ်တယ်မလား! "

" ကို့ကို မဟုတ်ဘူးလို့ပြောနေတယ်လေ အဲ့တာအသိအစ်ကိုပါဆို ဘာလို့လူကိုဇွတ်စွပ်စွဲနေတာလဲ! "

" ငါ့ထက်ပိုပြီးအချိန်ပေးနေကတည်းက မရိုးသားလို့ပေါ့!!! "

သူ့အားမအော်စဖူး အော်လိုက်သည့် Jiwoongကြောင့် Yeriခန္ဓာကိုယ်လေးတုန်တက်ကာ မျက်ရည်များပင် ဝဲလာရသည်။

" ငါ့ကိုလာမအော်နဲ့ Kim Jiwoong! နင်နဲ့ နင့်ရဲ့ညီလေးပါဆိုပြီးပြောနေတဲ့ Matthewကိုတောင် ငါ့ထက်ပိုပြီးအချိန်ပေးနေရင် ငါတစ်ခွန်းပြောခဲ့ဖူးလား ဟမ်! "

" မင်း မဆိုင်တဲ့လူကိုဆွဲမထည့်စမ်းနဲ့ Yeri! ငါတို့ပြောနေတာ Matthewအကြောင်းတစ်စက်မှမပါဘူး အခုကမင်းငါ့ကိုမပြောမဆိုနဲ့ Barမှာ နောက်တစ်ကောင်နဲ့ချိန်းတွေ့နေတဲ့အကြောင်းကိုပြောနေတာ "

လူအသွားအလာရှင်းနေသည့် ထောင့်အကွယ်တစ်နေရာမှ Yeriနှင့် Jiwoongတို့၏ စကားသံတို့ဟာ ပြင်းထန်ပြီးရင်း ပြင်းထန်လာခဲ့သည်။

" မဆိုင်တာမဟုတ်ဘူး ဆိုင်တယ် သိပ်ကိုဆိုင်တယ်! နင် Matthewကို ငါ့ထက်ပိုပြီးအရေးပေးတာ အခွင့်အရေးပေးတာမျိုးဆို ငါ့ဆီကဘာအသံကြားဖူးလို့လဲ ငါတစ်ချက်ကလေးမှတောင် မပြောခဲ့ဖူးဘူးလေ! "

ဦးတည်ဘက်ပြောင်းသွားသည့် စကားလုံးများကြောင့် Jiwoongစိတ်ပျက်ပျက်နှင့် သက်ပြင်းချမိသည်။

" မင်းလည်း Matthewကိုခင်နေတာပဲမဟုတ်ဘူးလား ဟမ်! မင်းလိုတဲ့အချိန်တိုင်း Matthewမယ် မင်းတောင်းဆိုသမျှလိုက်လုပ်ပေးနေတာကျတော့ရော အဲ့တာတွေကိုကျမမြင်တော့ဘူးလား! "

" မြင်တယ်! Matthew လေးကိုလည်းငါ့မောင်လေးတစ်ယောက်လိုခင်တွယ်တယ် ဒါပေမဲ့ နင်က နင့်ညီလေးအနေနဲ့သတ်မှတ်တာပါဆိုပြီး သာမန်ထက်ပိုတဲ့အပြုအမူတွေလုပ်နေလို့ ငါနင့်ကိုပြောနေတာ! "

" အဲ့တာဆို ငါဘာတွေများလုပ်နေမိလို့လဲ ဘယ်လိုသာမန်ထက်ပိုတဲ့အပြုအမူတွေလုပ်နေမိလို့လဲလို့! "

Yeriက ပါးပြင်ပေါ်မှစီးကျလာသော မျက်ရည်ကိုနာနာဖိသုတ်လိုက်ရင်း Jiwoongမျက်ဝန်းတည့်တည့်ကြည့်ကာ

" နင်လုပ်သမျှတွေက သာမန်ဖြစ်တယ်လို့ထင်နေရင် ငါမေးပါဦးမယ် ဘယ်ညီအစ်ကိုတွေကများ တစ်ယောက်ပါးကိုတစ်ယောက်နမ်းကြလို့လဲ "

ရုတ်တစ်ရက်ပြောလာတော့ Jiwoongသွားအမှတ်ရမိသည်က ထို့နေ့က အားကစားခန်းမထဲမှာ သူနမ်းမိလိုက်သည့်ကိစ္စ။ Yeriအနောက်ကလိုက်လာပြီး တွေ့သွားတာပဲ။

" အဲ့တာဘာမှားနေလို့လဲ ငါ့ဘာသာငါ Matthewပါးကိုနမ်းနမ်းလေ ဘာစိတ်မှမပါဘဲနမ်းခဲ့တာ ဘာမှားနေလို့လဲ! "

" နင်တစ်ကယ်ပဲ ဘာစိတ်မှမပါခဲ့တာမှန်ရဲ့လား ကိုယ့်ဟာကိုပြန်ဆန်းစစ်ကြည့်! နင်အခုချိန်ထိ Matthewလေးအပေါ် ဆက်ဆံပေးသမျှတွေက ညီအစ်ကိုလိုကလွဲပြီးအခြား ဘာစိတ်မှမပါဖူးတာ သေချာရဲ့လားလို့ ပြန်ဆန်းစစ်ကြည့်စမ်း! "

Yeriပြောသည်များကို Jiwoongကလက်မခံဘဲ ခေါင်းရမ်းလို့သာနေသည်။ သေချာနေပါပြီ ဒီလောက်ဆို သူတို့အဆုံးသတ်သင့်ပြီ။

" တော်လောက်ပြီ Lee Yeri! မင်းနောက်တစ်ကောင်နဲ့ကိစ္စပေါ်မှာစိုးလို့ ငါနဲ့Matthewကိုစွပ်စွဲနေတာ တော်လောက်ပြီ!! မင်း ဒီလောက်မှ ဖြစ်နေတော့လည်း ငါတို့ဇာတ်လမ်းကိုဒီမှာတင်အဆုံးသတ်ကြတာပေါ့ "

ဒီစကားကို Yeriတစ်နေ့ကျ​ သေချာပေါက်ကြားရမည်ဟုထင်ထားခဲ့သည့်အတိုင်း Jiwoongနှုတ်ခမ်းမှ ကွက်တိထွက်လာခဲ့သည်။ ချစ်ခဲ့ရတဲ့သူ့အတွက်တော့ နာကျင်ရသည့် စကားလုံးဖြစ်ပေမဲ့လို့ပေါ့။

" ငါတို့ လမ်းခွဲရအောင် Lee Yeri! "

" ကောင်းပြီလေ! လမ်းခွဲကြတာပေါ့ ဒါပေမဲ့တစ်ခုတော့သေချာမှတ်ထား Kim Jiwoong! နင်ဘယ်သူ့အပေါ်မှာမှ စိတ်မပြတ်မသားမလုပ်မိစေနဲ့ နင့်စိတ်နင်သိပြီးမှ ဆုံးဖြတ်ချက်တစ်ခုချ မဟုတ်ရင် နင်လုပ်လိုက်မိတဲ့အမှားတွေကြောင့် နင့်ကိုချစ်နေရတဲ့သူတွေ ထိခိုက်လိမ့်မယ် "

Yeriစကားတွေကို လျစ်လျူရှုပြီး Jiwoongလှည့်ထွက်လာခဲ့လိုက်သည်။ သူတို့နှစ်ဦးအဆုံးသတ်သင့်တာကြာပါပြီ။ အဆုံးသတ်ရတော့မည့်အရိပ်ယောင်များဟာလည်း အရင်ကတည်းက ပြနေခဲ့သည်။

Yeriသည်လည်း ထိုနေရာမှာပင် ဆောင့်ကြောင့်ထိုင်မိလျက် ငိုနေသလို ကားမောင်းနေသည့် Jiwoongသည်လည်း မျက်ရည်ကျနေသည်။

" Yeri အဆင်ပြေရဲ့လား "

ကိုယ်ပေါ်သို့ကျရောက်လာသော အပေါ်ဝတ်ကုတ်တစ်ခုနှင့်အတူ စိုးရိမ်သည့်မျက်ဝန်းများဖြင့် ကြည့်လာသည့်သူကြောင့် Yeriအနည်းငယ်တော့ရှက်သွားမိသည်။

မျက်ရည်တွေကိုသုတ်ရင်း ကမန်းကတမ်းထကာ အရှက်ပြေချောင်းတစ်ချက်ဟန့်လိုက်သည်။

" တောင်းပန်ပါတယ် sunbae အတူတူကူသောက်ပေးမယ်ပြောမိပြီးတော့ အခုလိုထွက်လာလိုက်တာ ဟို....နောက်နေ့မှထပ်တွေ့ကြမယ်လေနော် Yeri ဒီနေ့စိတ်အခြေအနေသိပ်မကောင်းလို့ အိမ်ပြန်လိုက်တော့မယ် "

ဆိုကာ ခြုံထားပေးသည့် ကုတ်ကိုချွတ်မည်လုပ်တော့

" ယူသွားလိုက်ပါ လေတိုက်တော့အေးနေတယ် နောက်မှ ပြန်ပေးပေါ့ "

" ဟုတ်ကဲ့ပါ sunbae ကျေးဇူးတင်ပါတယ် "

လှည့်ထွက်လာလိုက်​ပြီး နေရာတစ်ခုအရောက်မှာတော့ Yeri ၏ တားဆီးမရသည့် မျက်ရည်တို့က တစ်ဖန်ကျဆင်းလာရပြန်သည်။ Jiwoong၏ စိတ်ထဲမှာ သူ့ထက်ပိုပြီးနေရာယူနေသည့် တစ်ယောက်ရှိပြီးသားကို သိခဲ့ကတည်းက Yeriအခုလိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါသည်။

သို့သော် စိတ်ကူးထက်လက်တွေ့ကပိုခက်ခဲမယ်မှန်း လျှော့တွက်မိခဲ့သည်။ ရနေကျနှင့် မတူကာတစ်မူထူးခြားနေသည့် ရေမွှေးနံ့ဘေးက နှာခေါင်းထဲသင်းပျံလာတော့ ခြုံထားမိသည့် အင်္ကျီကမှန်း ရိပ်မိလိုက်သည်။

မပြင်းလှသည့် အနံ့ကလေးကြောင့် တစ်ခုကိုတွေးမိသွားဟန်ဖြင့် Yeri​ခြေလှမ်းများရပ်ကာ ပြန်လှည့်လာသည်။

" Sunbae!! Yeriတို့နောက်လည်း မကြာမကြာတွေ့ရအောင်!! "

" အင်း တွေ့မဲ့နေ့ကျ ဖုန်းကြိုဆက်နော်! "

ငိုထားမိ၍ မျက်နှာတစ်ခုလုံး မျက်ရည်တွေရွှဲကာ နီနေလျက် အစွမ်းကုန်ကြိုးစားပြုံးရင်း Sunbaeကို တာ့တာလှမ်းပြလိုက်သည်။

စကားလုံးတွေနှင့်အများကြီးဖော်ပြစရာမလိုလောက်အောင် နားလည်သည့် Sunbaeက ပြန်လှမ်းပြနေသည်မှာ အရင်တုန်းကအတိုင်း မပြောင်းမလဲပင်။

................

အရက်သောက်ထားရင် ကားမောင်းလို့မရသည့် စည်းမျဥ်းကိုချိုးဖောက်ထားတာကြောင့် Jiwoongတစ်ယောက် လမ်းကြိုလမ်းကြာတွေထဲကနေ လိုရာအရပ်သို့ရောက်အောင် မောင်းနေရသည်။

ကွေ့ပတ်သွားနေရသည်မလို့ ပုံမှန်ရောက်နေကျအချိန်တွေထက် ပိုကြာနေသည်။ လူကသာသောက်ထားပေမဲ့ ဒေါသထွက်သည့် အရှိန်ကြောင့်ရော ရှုပ်ထွေးလေးလံနေသည့် စိတ်တွေကြောင့်ပါ ဖြစ်မည်ထင် မူးသည်ဟုမခံစားနေရဘဲ အရှေ့ကလမ်းကို စူးစိုက်စွာကြည့်ရင်း မောင်းနေမိသည်။

အိမ်ရှေ့သို့အရောက်မှာတော့ ကားပေါ်မှချက်ချင်းဆင်းကာ ခြံတံခါးကို တစ်ဒုန်းဒုန်းထုရင်း ပတ်ဝန်းကျင်မသိဘာမသိ အော်ခေါ်မိတော့သည်။

_________________________________________

တစ်လနီးပါးလောက်ပျောက်သွားတယ်နော် မီယားနဲပါ နောက်ပိုင်းကျ တစ်ကယ်" updateမှန်ပေးပါ့မယ်🤧💕

Thanks for reading🌸

Zawgyi ver.

[ သေဘာထားတို႔ မတိုက္ဆိုင္ေလေတာ့ေသာအခါ ]

ယခုရက္ပိုင္း ရာသီဥတုသိပ္မေကာင္း။  မိုး႐ြာေနသာသည့္ေန႕ေတြထက္ေတာ့မည့္အရိပ္ေယာင္ျပေနသည့္ မဲေမွာင္ေနေသာ မိုးသားတိမ္တိုက္တို႔သာ ဖုံးလႊမ္းေနသည္မွာ ရက္ပိုင္းေလာက္ရွိသြားၿပီျဖစ္သည္။

ရာသီဥတုေတြကပဲ Jiwoongႏွင့္ Yeriတို႔ၾကားထဲက ဆက္ဆံေရးကိုေဖာ္က်ဴးေနသလားဟုပင္ထင္ရသည္။ မိုး႐ြာမွာလားဆိုေတာ့လည္းဟုတ္တိပတ္တိမ႐ြာ။ မုန္တိုင္းဝင္မွာလားဆိုေတာ့လည္း အဲ့ေလာက္ထိအေျခအေနကမဆိုးျပန္။

ႏွစ္ေယာက္သားအတူတူေတာင္မေတြ႕ျဖစ္ၾကေခ်။ Yeriက စာေတြႏွင့္ မအားလပ္လို႔ဆိုသည့္အေၾကာင္းျပခ်က္ေပးသလို Jiwoongကလည္း ထိုနည္းတူစြာပင္။

Rickyကေတာင္ ေခၚယူေမးရသည့္အျဖစ္။ မင္းတို႔အဆင္ေျပၾကလားဆိုေတာ့ ေျပတယ္ေျပာရမလား မေျပဘူးေျပာရမလား။ စိတ္ခံစားခ်က္ေတြက စကားနဲ႕ထုတ္ေျပာဖို႔ အဲ့သေလာက္ခက္မယ္မွန္း Jiwoongမထင္ထားခဲ့မိတာအမွန္။

Yeriကို စေတြ႕ေတြ႕ခ်င္း အရမ္းလွၿပီးခ်စ္ဖို႔ေကာင္းလို႔ သေဘာက်ခဲ့မိတာကို အခ်စ္လို႔ထင္မွတ္ခဲ့ပါသည္။ သို႔ေပမဲ့ သူခံယူထားမိတဲ့အခ်စ္ဆိုတာ ထိုထက္ပိုနက္နဲမွန္း Jiwoongတစ္ေျဖးေျဖးႏွင့္ သေဘာေပါက္စျပဳလာပါသည္။

Yeriကို စိတ္ရင္းမဟုတ္ခဲ့တာလားဆိုေတာ့မဟုတ္ျပန္။ ဂ႐ုစိုက္ေပး အလိုလိုက္ေပး ခ်စ္ေပးခဲ့တာေတြက အကုန္လုံးက စိတ္ရင္းေတြခ်ည္းပါပဲ။ ဒါဆို သူအခုစိတ္ထဲေလးလံေနရတာဘာေၾကာင့္မ်ားလဲ။

Jiwoongမွတ္မိသေလာက္ဆိုလွ်င္ Matthewသူ႕အေပၚစိတ္ရွိေနပါတယ္လို႔ ဝန္ခံၿပီးကတည္းက သူ႕စိတ္ေတြေလးလံလို႔ေနခဲ့သည္။

ညေနပိုင္းအတန္းမရွိေတာ့ Rickyႏွင့္အတူ တိုက္ခန္းသို႔ျပန္လာလိုက္သည္။ သို႔ေပမဲ့ စိတ္ကလည္းညစ္ေနသည္မလို႔ ေျဖေလွ်ာ့သည့္အေနျဖင့္ Barမွာ သြားေသာက္ရန္ ဆုံးျဖတ္လိုက္သည္။

"Ricky ငါ Barသြားလိုက္ဦးမယ္ ညစာ မင္းဘာသာစားလိုက္ေတာ့ "

" အင္းအင္း အရမ္းလည္းေနာက္မက်ေနနဲ႕ဦး "

" ရပါတယ္ မနက္ျဖန္မနက္ပိုင္းအတန္းမွမရွိတာ "

ရယ္က်ဲက်ဲေျပာရင္း ကားေသာ့ဆြဲကာထြက္လာလိုက္သည္။
...........

စင္ျမင့္တစ္ေနရာမွ ေပ်ာ္႐ႊင္ျမဴးထူးစြာ က ခ်င္စရာတီးလုံးသံမ်ိဳးစုံတို႔ကို တီးခတ္ေနသည့္ DJ artistရယ္ ေအာက္ကေန စည္းခ်က္ညီစြာ ကခုန္ေနၾကသည့္သူေတြရယ္ ႏွင့္အတူ Jiwoongတစ္ေယာက္ ခပ္စြန္းစြန္း စားပြဲတစ္ခုမွာထိုင္ရင္း အရက္ေသာက္ေနမိသည္။

စပ္ထားေပးသည့္အရက္ကလည္း ခပ္ျပင္းျပင္းဆိုေတာ့ ႏွစ္ခြက္ေလာက္နဲ႕တင္ လူကအနည္းငယ္ရိပ္တိတ္တိတ္ေတာ့ျဖစ္လာသည္။ သို႔ေပမဲ့ Jiwoongက ထိုကဲ့သူမေသာက္နိုင္သည့္သူမ်ိဳးေတာ့မဟုတ္။

စိတ္ကူးေပါက္၍ ဖုန္းကိုထုတ္ကာ Yeriဆီဖုန္းဆက္ၾကည့္ေတာ့မကိုင္ေခ်။ အခုေနာက္ပိုင္းစကားကိုအရင္လိုေတာင္မေျပာျဖစ္ၾကေတာ့ သူတို႔ႏွစ္ဦးက ခ်စ္သူရည္းစားေတြဟုတ္ပါေသးရဲ႕လားေတာင္ ျပန္ေမးယူေနရသည္။

Yeriမကိုင္ေတာ့ ေနာက္ထပ္ဖုန္းနံပါတ္ေလးတစ္ခုကိုဆက္မိျပန္သည္။ ဒီတစ္ခုလည္းအတူတူပါပဲ မကိုင္ျပန္ေခ်။ မကိုင္တာထက္ ဖုန္းကိုခ်ပစ္တာဆိုပိုမွန္မည္။ ၿပီးမွ စာပို႔လာသည္က

" Hyung ကြၽန္ေတာ္ online classတစ္ခုသင္ေနလို႔ ဖုန္းမကိုင္ေသးဘူးေနာ္ အေရးႀကီးကိစၥမဟုတ္ရင္ ခဏေနမွျပန္ေခၚလိုက္ေနာ္ "

Matthewပို႔လာသည့္စာဖတ္ၿပီး Jiwoongစာမျပန္ေတာ့ဘဲ ဖုန္းကိုသာပိတ္လိုက္သည္။

" ဟူး.....ဒီညေတာ့ ငါတစ္ကယ္ေမွာက္ေအာင္ေသာက္ၿပီးပဲ ျပန္ရေတာ့မယ္ထင္တယ္ "

Rickyေျပာလည္းေျပာပါေစေတာ့ဟုေတြးကာ အရက္ကိုထပ္မွာၿပီးသာ ေသာက္ေနလိုက္သည္။

ေသာက္ေနရင္း ပ်င္းပ်င္းရွိတာနဲ႕ မ်က္လုံးကိုဟိုဟိုဒီဒီ ေဝ့ဝဲ ကစားၾကည့္မိေတာ့ တစ္ေနရာအေရာက္တြင္ Jiwoongမ်က္ခုံးႏွစ္ဖက္ တြန့္ခ်ိဳးသြားရသည္။

" Ye- Yeri? "

Yeriျဖစ္ပုံရသည့္ ေကာင္မေလးတစ္ေယာက္အားေတြ႕လိုက္ရသည္မလို႔ Jiwoongစူးစမ္းစြာၾကည့္မိသည္။ တစ္ျခားဆိုရင္ေတာ့ Jiwoongဘာမွမျဖစ္မိမွာအမွန္ေပမဲ့ ယခုဟာက သူမေဘးမွာ ေနာက္ေယာက်္ားေလးတစ္ေယာက္ရွိေနၿပီး ခါးကိုလည္းဖက္ထားေသးသည္။

Jiwoongထိုင္ေနရာမွ အျမန္ဆုံးထကာ ထိုYeriႏွင့္တူသည့္ေကာင္မေလးရွိရာသို႔သြားလိုက္သည္။

" Yeri! "

သီခ်င္းသံၾကားထဲမွာမွ Jiwoongအသံက ဟိန္းခနဲထြက္ေပၚလာသည္မလို႔ ထိုေကာင္မေလးကလွည့္ၾကည့္လာသည္။

ေသခ်ာေပါက္ Yeriျဖစ္ေနသည္။

" ကို! ဒီကိုဘယ္လိုေရာက္လာတာလဲ "

" အဲ့တာ ငါေမးရမဲ့ေမးခြန္းပါ မင္းကမွဒီကိုဘယ္လိုေရာက္လာတာလဲ ေဘးကေကာင္ကေရာ ဘယ္သူလဲ "

" ကို သဲတို႔အျပင္မွာထြက္ၿပီးစကားေျပာရေအာင္ အထဲမွာ အသံေတြဆူေနလို႔ "

ဆိုကာ Yeriက သူ႕ေဘးကေကာင္ေလးကိုတစ္ခ်က္ၿပဳံးျပခဲ့၍ Jiwoongလက္ကိုဆြဲကာ အျပင္ကလူရွင္းသည့္ တစ္ေနရာကို ေခၚထုတ္လာခဲ့သည္။

" ေျပာ! ငါဖုန္းဆက္တာေတာင္မကိုင္ဘဲ ေနာက္တစ္ေကာင္နဲ႕ barေရာက္ေနရတဲ့အေၾကာင္းအရင္းေလး "

" ကို ဘာေတြေျပာေနတာလဲ အထင္လြဲေနၿပီ အဲ့တာ သဲတို႔ ေက်ာင္းကစီနီယာ သဲနဲ႕ငယ္ငယ္တုန္းကခင္ဖူးတာ သူေက်ာင္းေျပာင္းၿပီးအခုမွျပန္ေတြ႕ၾကလို႔ "

" အဲ့တာမွပိုၿပီးေတာ့ စိတ္ဝင္စားစရာေကာင္းေနၿပီပဲ ျပန္ေတြ႕ၾကတာကို တစ္ျခားေနရာမွာလည္း မဟုတ္ဘူး Barမွာႏွစ္ေယာက္တည္း "

Jiwoongစိတ္တိုေနသည္ကို Yeriကလည္းသိသည္မလို႔ အေၾကာင္းျပခ်က္ကိုေသေသခ်ာခ်ာရွင္းျပေနသည္။

" အဲ့အစ္ကို အခ်ိန္ပိုင္းအလုပ္က ဒီနားမွာတင္။ ဒီအတိုင္းေတြ႕ၾကရင္း ဒီအနီးမွာBarရွိတယ္ဆိုလို႔ လာေသာက္တာ "

Jiwoongက စိတ္ပ်က္ပ်က္ႏွင့္

" က်စ္! Yeriရာ မင္းငါ့ကိုမလိမ္ပါနဲ႕ အဲ့ေကာင္လက္ကမင္းခါးေပၚေရာက္ေနတာ ငါျမင္သားပဲ အခုတစ္ေလာ ငါ့ဖုန္းက်မကိုင္ဘူး စာလည္းမျပန္ဘူး ဆိုတာ အသစ္ေတြ႕ေနလို႔ပဲေလ ဟုတ္တယ္မလား! "

" ကို႔ကို မဟုတ္ဘူးလို႔ေျပာေနတယ္ေလ အဲ့တာအသိအစ္ကိုပါဆို ဘာလို႔လူကိုဇြတ္စြပ္စြဲေနတာလဲ! "

" ငါ့ထက္ပိုၿပီးအခ်ိန္ေပးေနကတည္းက မရိုးသားလို႔ေပါ့!!! "

သူ႕အားမေအာ္စဖူး ေအာ္လိုက္သည့္ Jiwoongေၾကာင့္ Yeriခႏၶာကိုယ္ေလးတုန္တက္ကာ မ်က္ရည္မ်ားပင္ ဝဲလာရသည္။

" ငါ့ကိုလာမေအာ္နဲ႕ Kim Jiwoong! နင္နဲ႕ နင့္ရဲ႕ညီေလးပါဆိုၿပီးေျပာေနတဲ့ Matthewကိုေတာင္ ငါ့ထက္ပိုၿပီးအခ်ိန္ေပးေနရင္ ငါတစ္ခြန္းေျပာခဲ့ဖူးလား ဟမ္! "

" မင္း မဆိုင္တဲ့လူကိုဆြဲမထည့္စမ္းနဲ႕ Yeri! ငါတို႔ေျပာေနတာ Matthewအေၾကာင္းတစ္စက္မွမပါဘူး အခုကမင္းငါ့ကိုမေျပာမဆိုနဲ႕ Barမွာ ေနာက္တစ္ေကာင္နဲ႕ခ်ိန္းေတြ႕ေနတဲ့အေၾကာင္းကိုေျပာေနတာ "

လူအသြားအလာရွင္းေနသည့္ ေထာင့္အကြယ္တစ္ေနရာမွ Yeriႏွင့္ Jiwoongတို႔၏ စကားသံတို႔ဟာ ျပင္းထန္ၿပီးရင္း ျပင္းထန္လာခဲ့သည္။

" မဆိုင္တာမဟုတ္ဘူး ဆိုင္တယ္ သိပ္ကိုဆိုင္တယ္! နင္ Matthewကို ငါ့ထက္ပိုၿပီးအေရးေပးတာ အခြင့္အေရးေပးတာမ်ိဳးဆို ငါ့ဆီကဘာအသံၾကားဖူးလို႔လဲ ငါတစ္ခ်က္ကေလးမွေတာင္ မေျပာခဲ့ဖူးဘူးေလ! "

ဦးတည္ဘက္ေျပာင္းသြားသည့္ စကားလုံးမ်ားေၾကာင့္ Jiwoongစိတ္ပ်က္ပ်က္ႏွင့္ သက္ျပင္းခ်မိသည္။

" မင္းလည္း Matthewကိုခင္ေနတာပဲမဟုတ္ဘူးလား ဟမ္! မင္းလိုတဲ့အခ်ိန္တိုင္း Matthewမယ္ မင္းေတာင္းဆိုသမွ်လိုက္လုပ္ေပးေနတာက်ေတာ့ေရာ အဲ့တာေတြကိုက်မျမင္ေတာ့ဘူးလား! "

" ျမင္တယ္! Matthew ေလးကိုလည္းငါ့ေမာင္ေလးတစ္ေယာက္လိုခင္တြယ္တယ္ ဒါေပမဲ့ နင္က နင့္ညီေလးအေနနဲ႕သတ္မွတ္တာပါဆိုၿပီး သာမန္ထက္ပိုတဲ့အျပဳအမူေတြလုပ္ေနလို႔ ငါနင့္ကိုေျပာေနတာ! "

" အဲ့တာဆို ငါဘာေတြမ်ားလုပ္ေနမိလို႔လဲ ဘယ္လိုသာမန္ထက္ပိုတဲ့အျပဳအမူေတြလုပ္ေနမိလို႔လဲလို႔! "

Yeriက ပါးျပင္ေပၚမွစီးက်လာေသာ မ်က္ရည္ကိုနာနာဖိသုတ္လိုက္ရင္း Jiwoongမ်က္ဝန္းတည့္တည့္ၾကည့္ကာ

" နင္လုပ္သမွ်ေတြက သာမန္ျဖစ္တယ္လို႔ထင္ေနရင္ ငါေမးပါဦးမယ္ ဘယ္ညီအစ္ကိုေတြကမ်ား တစ္ေယာက္ပါးကိုတစ္ေယာက္နမ္းၾကလို႔လဲ "

႐ုတ္တစ္ရက္ေျပာလာေတာ့ Jiwoongသြားအမွတ္ရမိသည္က ထို႔ေန႕က အားကစားခန္းမထဲမွာ သူနမ္းမိလိုက္သည့္ကိစၥ။ Yeriအေနာက္ကလိုက္လာၿပီး ေတြ႕သြားတာပဲ။

" အဲ့တာဘာမွားေနလို႔လဲ ငါ့ဘာသာငါ Matthewပါးကိုနမ္းနမ္းေလ ဘာစိတ္မွမပါဘဲနမ္းခဲ့တာ ဘာမွားေနလို႔လဲ! "

" နင္တစ္ကယ္ပဲ ဘာစိတ္မွမပါခဲ့တာမွန္ရဲ႕လား ကိုယ့္ဟာကိုျပန္ဆန္းစစ္ၾကည့္! နင္အခုခ်ိန္ထိ Matthewေလးအေပၚ ဆက္ဆံေပးသမွ်ေတြက ညီအစ္ကိုလိုကလြဲၿပီးအျခား ဘာစိတ္မွမပါဖူးတာ ေသခ်ာရဲ႕လားလို႔ ျပန္ဆန္းစစ္ၾကည့္စမ္း! "

Yeriေျပာသည္မ်ားကို Jiwoongကလက္မခံဘဲ ေခါင္းရမ္းလို႔သာေနသည္။ ေသခ်ာေနပါၿပီ ဒီေလာက္ဆို သူတို႔အဆုံးသတ္သင့္ၿပီ။

" ေတာ္ေလာက္ၿပီ Lee Yeri! မင္းေနာက္တစ္ေကာင္နဲ႕ကိစၥေပၚမွာစိုးလို႔ ငါနဲ႕Matthewကိုစြပ္စြဲေနတာ ေတာ္ေလာက္ၿပီ!! မင္း ဒီေလာက္မွ ျဖစ္ေနေတာ့လည္း ငါတို႔ဇာတ္လမ္းကိုဒီမွာတင္အဆုံးသတ္ၾကတာေပါ့ "

ဒီစကားကို Yeriတစ္ေန႕က်​ ေသခ်ာေပါက္ၾကားရမည္ဟုထင္ထားခဲ့သည့္အတိုင္း Jiwoongႏႈတ္ခမ္းမွ ကြက္တိထြက္လာခဲ့သည္။ ခ်စ္ခဲ့ရတဲ့သူ႕အတြက္ေတာ့ နာက်င္ရသည့္ စကားလုံးျဖစ္ေပမဲ့လို႔ေပါ့။

" ငါတို႔ လမ္းခြဲရေအာင္ Lee Yeri! "

" ေကာင္းၿပီေလ! လမ္းခြဲၾကတာေပါ့ ဒါေပမဲ့တစ္ခုေတာ့ေသခ်ာမွတ္ထား Kim Jiwoong! နင္ဘယ္သူ႕အေပၚမွာမွ စိတ္မျပတ္မသားမလုပ္မိေစနဲ႕ နင့္စိတ္နင္သိၿပီးမွ ဆုံးျဖတ္ခ်က္တစ္ခုခ် မဟုတ္ရင္ နင္လုပ္လိုက္မိတဲ့အမွားေတြေၾကာင့္ နင့္ကိုခ်စ္ေနရတဲ့သူေတြ ထိခိုက္လိမ့္မယ္ "

Yeriစကားေတြကို လ်စ္လ်ဴရႈၿပီး Jiwoongလွည့္ထြက္လာခဲ့လိုက္သည္။ သူတို႔ႏွစ္ဦးအဆုံးသတ္သင့္တာၾကာပါၿပီ။ အဆုံးသတ္ရေတာ့မည့္အရိပ္ေယာင္မ်ားဟာလည္း အရင္ကတည္းက ျပေနခဲ့သည္။

Yeriသည္လည္း ထိုေနရာမွာပင္ ေဆာင့္ေၾကာင့္ထိုင္မိလ်က္ ငိုေနသလို ကားေမာင္းေနသည့္ Jiwoongသည္လည္း မ်က္ရည္က်ေနသည္။

" Yeri အဆင္ေျပရဲ႕လား "

ကိုယ္ေပၚသို႔က်ေရာက္လာေသာ အေပၚဝတ္ကုတ္တစ္ခုႏွင့္အတူ စိုးရိမ္သည့္မ်က္ဝန္းမ်ားျဖင့္ ၾကည့္လာသည့္သူေၾကာင့္ Yeriအနည္းငယ္ေတာ့ရွက္သြားမိသည္။

မ်က္ရည္ေတြကိုသုတ္ရင္း ကမန္းကတမ္းထကာ အရွက္ေျပေခ်ာင္းတစ္ခ်က္ဟန့္လိုက္သည္။

" ေတာင္းပန္ပါတယ္ sunbae အတူတူကူေသာက္ေပးမယ္ေျပာမိၿပီးေတာ့ အခုလိုထြက္လာလိုက္တာ ဟို....ေနာက္ေန႕မွထပ္ေတြ႕ၾကမယ္ေလေနာ္ Yeri ဒီေန႕စိတ္အေျခအေနသိပ္မေကာင္းလို႔ အိမ္ျပန္လိုက္ေတာ့မယ္ "

ဆိုကာ ၿခဳံထားေပးသည့္ ကုတ္ကိုခြၽတ္မည္လုပ္ေတာ့

" ယူသြားလိုက္ပါ ေလတိုက္ေတာ့ေအးေနတယ္ ေနာက္မွ ျပန္ေပးေပါ့ "

" ဟုတ္ကဲ့ပါ sunbae ေက်းဇူးတင္ပါတယ္ "

လွည့္ထြက္လာလိုက္​ၿပီး ေနရာတစ္ခုအေရာက္မွာေတာ့ Yeri ၏ တားဆီးမရသည့္ မ်က္ရည္တို႔က တစ္ဖန္က်ဆင္းလာရျပန္သည္။ Jiwoong၏ စိတ္ထဲမွာ သူ႕ထက္ပိုၿပီးေနရာယူေနသည့္ တစ္ေယာက္ရွိၿပီးသားကို သိခဲ့ကတည္းက Yeriအခုလိုအေျခအေနအတြက္ ႀကိဳတင္ျပင္ဆင္ခဲ့ပါသည္။

သို႔ေသာ္ စိတ္ကူးထက္လက္ေတြ႕ကပိုခက္ခဲမယ္မွန္း ေလွ်ာ့တြက္မိခဲ့သည္။ ရေနက်ႏွင့္ မတူကာတစ္မူထူးျခားေနသည့္ ေရေမႊးနံ႕ေဘးက ႏွာေခါင္းထဲသင္းပ်ံလာေတာ့ ၿခဳံထားမိသည့္ အကၤ်ီကမွန္း ရိပ္မိလိုက္သည္။

မျပင္းလွသည့္ အနံ႕ကေလးေၾကာင့္ တစ္ခုကိုေတြးမိသြားဟန္ျဖင့္ Yeri​ေျခလွမ္းမ်ားရပ္ကာ ျပန္လွည့္လာသည္။

" Sunbae!! Yeriတို႔ေနာက္လည္း မၾကာမၾကာေတြ႕ရေအာင္!! "

" အင္း ေတြ႕မဲ့ေန႕က် ဖုန္းႀကိဳဆက္ေနာ္! "

ငိုထားမိ၍ မ်က္ႏွာတစ္ခုလုံး မ်က္ရည္ေတြ႐ႊဲကာ နီေနလ်က္ အစြမ္းကုန္ႀကိဳးစားၿပဳံးရင္း Sunbaeကို တာ့တာလွမ္းျပလိုက္သည္။

စကားလုံးေတြႏွင့္အမ်ားႀကီးေဖာ္ျပစရာမလိုေလာက္ေအာင္ နားလည္သည့္ Sunbaeက ျပန္လွမ္းျပေနသည္မွာ အရင္တုန္းကအတိုင္း မေျပာင္းမလဲပင္။

................

အရက္ေသာက္ထားရင္ ကားေမာင္းလို႔မရသည့္ စည္းမ်ဥ္းကိုခ်ိဳးေဖာက္ထားတာေၾကာင့္ Jiwoongတစ္ေယာက္ လမ္းႀကိဳလမ္းၾကာေတြထဲကေန လိုရာအရပ္သို႔ေရာက္ေအာင္ ေမာင္းေနရသည္။

ေကြ႕ပတ္သြားေနရသည္မလို႔ ပုံမွန္ေရာက္ေနက်အခ်ိန္ေတြထက္ ပိုၾကာေနသည္။ လူကသာေသာက္ထားေပမဲ့ ေဒါသထြက္သည့္ အရွိန္ေၾကာင့္ေရာ ရႈပ္ေထြးေလးလံေနသည့္ စိတ္ေတြေၾကာင့္ပါ ျဖစ္မည္ထင္ မူးသည္ဟုမခံစားေနရဘဲ အေရွ႕ကလမ္းကို စူးစိုက္စြာၾကည့္ရင္း ေမာင္းေနမိသည္။

အိမ္ေရွ႕သို႔အေရာက္မွာေတာ့ ကားေပၚမွခ်က္ခ်င္းဆင္းကာ ၿခံတံခါးကို တစ္ဒုန္းဒုန္းထုရင္း ပတ္ဝန္းက်င္မသိဘာမသိ ေအာ္ေခၚမိေတာ့သည္။

_________________________________________

တစ္လနီးပါးေလာက္ေပ်ာက္သြားတယ္ေနာ္ မီယားနဲပါ ေနာက္ပိုင္းက် တစ္ကယ္" updateမွန္ေပးပါ့မယ္🤧💕

Thanks for reading🌸

Bạn đang đọc truyện trên: ZingTruyen.Xyz