ZingTruyen.Xyz

Into J

Part 8 Unicode

KimFany059

"Ningie. .. နင် မအိပ်သေးဘူးလား "

Minjeong အိမ်ကို ပြန်လာတော့ အခန်းထဲ ဝင်တော့မယ့် NingNingကို တွေ့လို့ မေးလိုက်သည်

"တစ်ရေးနိုးလာတာ....ရေဆာလို့ ရေထသောက်ပြီး ပြန်အိပ်မလို့ နေပါအုံး နင် ဘယ်အချိန်ရှိပြီလည်း.... ဘာလို့ အခုမှ ပြန်လာတာလည်း ဘာဖြစ်နေတာလည်း နင် "

"ဟို ငါ့အလုပ်ရှင်က ခေါ်လို့ပါ "

NingNingကို Minjeong အမှန်တိုင်းမပြောဘဲ ထပ်ပြီး လိမ်ပြောလိုက်သည်

"မဟုတ်သေးပါဘူးအေ နင့်အလုပ်ရှင်ကလည်း....နင် အဲ့အလုပ်ကနေ ထွက်လိုက်တော့ နေ့လည်းခိုင်း ညလည်းခေါ်ခိုင်းနဲ့...."

NingNingမှာတော့ Minjeong ပြောတာကို တကယ်ထင်ပြီး Minjeongဘက်ကနေ စိတ်တိုနေသည်

"အချိန်တန်ရင် ထွက်မှာပါ ငါ အဲ့ကနေ ထွက်ဖို့ အစီအစဥ် ရှိပါတယ်...  အင်း ငါ ပင်ပန်းလာလို့ နားတော့မယ်နော် Ningie နင်လည်း အိပ်တော့ Good Night "

NingNingကို နှုတ်ဆက်ပြီး Minjeong သူမအခန်းထဲသို့ ဝင်သွားလိုက်သည်

"ဟူး..."

ကုတင်ပေါ် ပစ်လှဲရင်း Minjeong သက်ပြင်းချမိသည်

ရှောင်လိုက်တယ်တဲ့လား.... သူမပေးမယ့် အနမ်းတွေကို Winterက ရှောင်လိုက်တယ်တဲ့လား.....

နီးကပ်လာတဲ့ နှုတ်ခမ်းနှစ်််ခုကြား Karina တို့ အသက်ရှူသံတွေဟာလည်း ပြင်းထန်လာသည်

ထိလုနီးပါး ဖြစ်လာမယ့် အချိန်ကျမှ Winterက မျက်နှာလှည့်ကာ ရှောင်လိုက်သည်

"နောက်ကျနေပြီ Karina. ... ပြန်ကြစို့....."

Karinaဆီက ရှောင်ထွက်ပြီး Winter သူမ ကားရှိရာကို ထွက်သွားတယ်

"Karina. ...ခင်ဗျား ငါ့အပေါ် ခံစားချက်ရှိလာလို့မရဘူး.... ငါလည်း ခင်​ဗျားအပေါ် ဘာခံစားချက်မှ မရှိဘူး "

ကားပေါ် အိပ်လိုက်လာတဲ့ Karinaကို တကယ် အိပ်ပျော်နေတယ်အထင်နဲ့ Winter တစ်ယောက်တည်း ပြောခဲ့ပေမယ့် Karinaကတော့ တကယ် အိပ်ပျော်နေတာ မဟုတ်ပေ

စောစောက သူမရဲ့ လုပ်ရပ်ကြောင့် ရှက်ပြီး အိပ်ချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်သည်

Winterပြောတဲ့ စကားအားလုံး Karina အစအဆုံး ကြားခဲ့ရတယ်လေ

Minjeong အိပ်ရာက နိုးလာတော့ အချိန်သိချင်တာနဲ့ ဖုန်းကို ကောက်ယူလိုက်သည်

Karinaက messageပို့ထားတာကို တွေ့တော့ Minjeong ဝင်ဖတ်လိုက်သည်

မနေ့က တောင်းပန်ဖို့ ခေါ်လိုက်တာဘဲ ထပ်ပြီး တောင်းပန်စရာတွေ လုပ်မိသွားတယ်....ပထမဆုံး တို့မန်နေဂျာရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ် ...ဒုတိယတစ်ခုက မနေ့က တို့အရမ်းမူးနေလို့ မင်းကို အနှောင့်အယှက်ပေးမိသွားတယ် အဲ့အတွက် တောင်းပန်ပါတယ် Winter

"Rina မနေ့ညက နင်ဘယ်အချိန်မှ အိမ်ပြန်ရောက်လည်း oh ထပ်ပြီး "

Aeriမှာ Rinaကို ဆူဖို့ အခန်းထဲ ဝင်လိုက်တော့ ထုံးစံအတိုင်း အဝတ်ဗလာနဲ့ အိပ်နေပြန်တဲ့ Karinaကို တွေ့ရသည်

"ဆိုဂျူပုလင်းတွေ ဆိုဂျုပုလင်းတွေကို ရှုပ်ပွနေတာဘဲ...... "

Aeri သက်ပြင်းချပြီး အခန်းထဲက ရှုပ်ပွနေတဲ့ အရက်ပုလင်းတွေကို လိုက်ကောက်လေသည်

Karina. ..အပြင်ပန်းက ကြည့်ရင် ကလေးမလေးက သန်မာတဲ့ပုံပေါ်ပေမယ့် အတွင်းစိတ်ကတော့ နုနုနယ်နယ်လေးရယ်

Karina​ကို စတွေ့တဲ့နေ့ကို Aeri မှတ်မိသေးသည်

Aeriက Karinaထက် နှစ်နှစ်ကြီးတဲ့ စီနီယာကျောင်းသူလေ

ကျောင်းပေါက်ဝမှာ ရှိနေတဲ့ခိုတွေကြောင့် ကြောက်ပြီး ကျောင်းထဲ မဝင်ရဲတဲ့ Karinaကို Aeri က တွေ့ပြီး ခိုတွေကို မောင်းထုတ်ပေးခဲ့သည်

ပျံလွှားထွက်ပြေးကြတဲ့ ခိုတွေကြောင့် ကြောက်ပြီး သူမ လက်ကိုကိုင်ကာ သူမနောက် ဝင်ပုန်းကတည်းက Karinaကို Aeri ကာကွယ်ပေးချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်

နောက်တော့ အနုပညာကလပ်ထဲမှာ ထပ်ဆုံပြီး Karinaနဲ့ Aeriက ရင်းနှီးသွားခဲ့တယ်

Karinaက အဆိုတော် ဖြစ်ချင်ခဲ့ပြီး Aeriကလည်း အဆိုတော်ဖြစ်ချင်လို့ နှစ်ယောက်သာ Entertainment တစ်ခုမှာ အတူတူ Debut ဖို့တောင် ပြောခဲ့ကြသည်

တစ်နေ့မှာတော့ Karina ဘက်က ငိုပြီး Aeriဆီ ဖုန်းဆက်လာသည်

အရမ်းမွန်းကြပ်ပြီး တစ်ဆို့နေလို့ Aeriကို တစ်နေရာမှာ တွေ့ကြဖို့ ချိန်းခဲ့သည်

Aeriနဲ့တွေ့တဲ့အခါမှာတော့ သူမ မိဘတွေက ကွာရှင်းသွားကြောင်း သူမက အဖေနဲ့ ခွဲပြီး အမေနဲ့ လိုက်နေရမည်ဖြစ်ကြောင်း ရင်ဖွင့်ခဲ့သည်

Karina အမေနဲ့လိုက်နေပြီးနောက် သူမအမေဖြစ်စေချင်သလို မော်ဒယ်မင်းသမီးလုပ်ပြီး သူမရဲ့ အိမ်မက်ကို Karina စွန့်လွှတ်ခဲ့သည်

အကြွေးတွေနဲ့ နာမည်ပျက်ရှိလာတဲ့ အမေဖြစ်သူကြောင့် Karinaမှာ မဆိုင်ဘဲ တိုက်ခိုက်ဆဲဆိုခံရပြန်သေးသည်

အဲ့ဒီအချိန်တုန်းကလည်း Aeriကဘဲ Karinaဘေးနား ရှိပေးခဲ့သည်

အမေဖြစ်သူဆီကနေ Karinaကို အဘိုးဖြစ်သူက ပြန်ခေါ်ပြီး အိမ်ထောင်ချပေးဖို့ကလည်း စီစဥ်ခဲ့ဖူးသည်

Aeriမှာ သူမ audution ဝင်ပြိုင်မယ့်အစီအစဥ်ကို ဖျက်ခဲ့ကာ Karinaဘေးနားမှာ မန်နေဂျာအဖြစ်နဲ့ ကာကွယ်ပေးပြီးနေဖို့ Karinaရှိတဲ့ entertainment ကို ဝင် join ခဲ့ရသည်

Aeriမှာ သူမရဲ့ ဝါသနာရည်းမှန်းချက်ကို ပစ်ပယ်ပြီး Karinaကို ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှုကို နောင်တမရပေ

Karina  အထီးကျန်နာကျင်ပင်ပန်းချိန်တိုင်း အနားမှာရှိနေပေးရတာနဲ့ သူမစွန့်လွှတ်မှုက အဖိုးတန်ခဲ့တယ်မဟုတ်လား

လောကကြီးက Karinaအပေါ်ဆို ရက်စက်လွန်းပါတယ်....

Karinaမှာလည်း နာကျင်စရာကိစ္စတွေရှိခဲ့လို့ အရက်တွေသောက်တာကို Aeri မဆူဘဲ လွှတ်ထားပေးခြင်းဖြစ်သည်

အဝတ်ဗလာနဲ့ မှောက်အိပ်နေတဲ့ Karinaကို စောင်ခြုံပေးပြီး Aeri အခန်းထဲက ထွက်လာခဲ့လိုက်သည်

Bạn đang đọc truyện trên: ZingTruyen.Xyz