ZingTruyen.Xyz

Her Devil Hero

Part 2

KimFany059

#Unicode

ထမင်းစားဆင်းချိန်ရောက်သောအခါ

"ကန်တင်းသွားမယ်လေ Ruby Jane. .."

"ဟိုလေ ...နင် တစ်ယောက်တည်း သွားလိုက်ပါလား ငါ ပြောပြမယ် ကန်တင်းကို ဘယ်လိုသွားရလည်းဆိုတာ "

Ruby Janeရဲ့ စကားကြောင့် Chaeyoung မျက်မှောင်ကြုတ်သွားသည်

"ဘာလို့လည်း "

"ငါ နောက်တစ်ချိန်ဝင်မယ့် ဆရာမရဲ့ အိမ်စာမပြီးသေးလို့ အဲ့တာ ရေးမလို့ "

"Aww အဲ့တာဆို ငါ နင့်အတွက် တစ်ခုခုဝယ်ခဲ့မယ် ဘာစားမလည်း "

"ရပါတယ် "

"မရပါဘူး ကန်တင်းသွားမယ့် လမ်း ပြောပြ ငါအခုချက်ချင်း သွားမယ် "

Roseanne လည်း Ruby Jane ပြောတဲ့ အတိုင်း ကန်တင်းကို သွားပြီး Ruby Jane အတွက် ခေါက်ဆွဲပြုတ်နဲ့ အအေး ဝယ်ပြီး အတန်းဘက်ကို ပြန်လာသည်

Roseanne အတန်းထဲ ဝင်ဝင်ချင်း Ruby Janeကို ကောင်မလေး တစ်ယောက်က အနိုင်ကျင့်နေတာကို တွေ့လိုက်ရတော့ Roseanne စိတ်တိုသွားသည်

"Yah Ruby Jane ငါ့ကို အိမ်စာ ရေးပေး..."

"နင် ဖြဲလိုက်လို့ ငါ အစကနေ ပြန်ရေးနေရတယ်လေ ကိုယ့်ဘာသာကိုယ် ရေးပါ့လား Ji Yoon "

Roseanne လည်း သူမ အနား ရောက်လာပြီမို့ မနက်က Ji Yoon အနိုင်ကျင့်တာ ခံနေတဲ့ Ruby Jane တစ်ယောက် နည်းနည်းစွာလာပြီလေ

"ဘာ နင်က ဘယ်သူ့အားကိုးနဲ့ ငါ့ကို ပြန်ပြောရဲနေတာလည်း အိမ်စာရေးပေးစမ်း ကောင်မ "

"နင့်လက်နဲ့ နင်ရေးလေ ဘာလို့ မရေးနိုင်တာလည်း လက်က အကောင်းကြီး ရှိပါသေးတယ် "

Roseanne ရဲ့ အသံကြောင့် Ruby Jane အားရှိလာသလို ခံစားရသည်

"ကျောင်းသူအသစ် Hero လာလုပ်မနေနဲ့ "

Roseanne မှာ အတန်းထဲ ဝင်လာပြီး  ဝယ်လာတဲ့ မုန့်တွေကို သူမ စားပွဲခုံပေါ်တင်လိုက်သည်

"လုပ်တော့ ဘာဖြစ်လည်း Ruby Janeက ငါ့သူငယ်ချင်း နင် သူ့ကို အနိုင်ကျင့််တာကို ငါ ငြိမ်နေပြီး ရပ်ကြည့်နေမယ်ထင်လား "

"ရပ်မကြည့်ချင်ရင် ထိုင်ကြည့်လေ ဟားဟားဟား Ruby Janeကို အနိုင်ကျင့်တော့ ဘာဖြစ်လည်း.....အော်ဟော ကျောင်းသူအသစ် အားကိုးနဲ့ Ruby Janeက ငါ့ကို ပြန်ပြောရဲတာကိုး "

အတန်းထဲက ကျောင်းသူကျောင်းသားတစ်ချို့ကလည်း ဝိုင်းကြည့်နေသောကြောင့် Ji Yoon ငကြောက်မလို့ အလှောင်ခံရမှာဆိုးပြီး လူမိုက်ဟန်ဆောင်ကာ Jennieရဲ့ ဆံပင်ကို ဆောင့်ဆွဲလိုက်သည်

"အာ့..."

Roseanne တစ်ယောက် Ruby Janeကို ဆံပင်ဆောင့်ဆွဲတာ မြင်တော့ သွေးတွေဆူပွက်လာကာ စားပွဲခုံပေါ်က ဘောပင်ကို ကောက်ယူပြီး Ji Yoon လက်မောင်းကို ဆောင့်ထိုးလိုက်သည်

"အား....."

အတန်းထဲက ကျောင်းသူကျောင်းသားတစ်ချို့မှာ Roseanneတို့ကို ကြည့်ပြီး လန့်ကုန်ကြသည်

Ruby Janeမှာလည်း လန့်သွားတယ်

"ဒါ အမြည်းဘဲ ရှိသေးတယ်နော် နောက်တစ်ခါ Ruby Janeရဲ့ အသားကို ထိရင် နင့်လက်ကို ငါ ချိုးရင်ချိုးမယ် မချိုးရင်တော့ ဖြတ်ပစ်မှာ "

Ji Yoon မှာ ရှက်လည်းရှက် Roseanne ကို ကြောက်လည်း ကြောက်လို့ ခေါင်းအမြန်ညိတ်လိုက်ပြီး လက်မောင်းထဲက ဘောပင်ကို ဆွဲထုတ်ကာ အတန်းထဲက ထွက်ပြေးသွားသည်

"Ruby ဘာဖြစ်သွားသေးလဲ "

ရှုပ်ပွနေတဲ့ Jennie ရဲ့ ဆံပင်တွေကို သပ်ပေးရင်း
Roseanne မေးလိုက်သည်

"ဘာ ဘာမှမဖြစ်ပါဘူး "

"နင့်အတွက် ခေါက်ဆွဲပြုတ်နဲ့ ကိုလာဝယ်လာတ
ယ် အရင်စားအုံး အိမ်စာ ငါကူလုပ်ပေးမယ် "

"နင်က သိလို့လား "

"အရင်ကျောင်းမှာ ဒီသင်ခန်းစာ သင်ပြီးသွားပြီလေ ငါသိပါတယ်ဟ နင်သာ ခေါက်ဆွဲပြုတ် ပူတုံးလေး စားလိုက် "

"Gomawo Roseanne... ငါ့ကို ကာကွယ်ပေးလို့ "

"နင်ကတော့ ငယ်ငယ်ကလိုဘဲ အနိုင်ကျင့်ခံနေတုံး "

Ruby Janeရဲ့ ပါးဖောင်းလေးကို ဆွဲညှစ်ပြီး Roseanne ပြောလိုက်သည်

"နင်လည်း အတူတူပါဘဲ အခုထိ စွာပြီး ငါ့ကို ကာကွယ်ပေးနေတုံး..."

"ဒါပေါ့ အရင်ကထက် နင့်ကို ငါကာကွယ်ပေးမှာ Ruby. ...နင့်အတွက်ဆို ငါပါ လူပါသတ်ပေးရဲတယ် "

Roseanne ရဲ့ စကားကြောင့် Ruby ကြက်သီးတွေ ထသွားသည်

"ကဲ ခေါက်ဆွဲသေချာစား ငါ အိမ်စာ ရေးပေးမယ် "

Ruby Janeကို ခေါက်ဆွဲပြုတ်ဘူးပေးပြီး Roseanne ကတော့ အိမ်စာတွေ ရေးပေးနေသည်

ညနေကျောင်းဆင်းသောအခါ

"Ruby နင့်ကို အိမ်က လာကြိုတာလား "

"မဟုတ်ဘူး ငါ့ဘာသာငါ ပြန်ရမှာ "

"ဒါဆို ပြန်လိုက်ပို့ပေးမယ်လေ ငါက ဆိုင်ကယ်နဲ့ လာတာ "

"ရပါတယ် ငါလည်း စက်ဘီးနဲ့လာတာဘဲ အိမ်က နီးနီးလေးရယ် "

"Aww ဒါဆိုလည်း အတူပြန်ကြတာပေါ့ "

စက်ဘီးတွေ ထားတဲ့နေရာရောက်တော့ Ruby Jane ရဲ့ စက်ဘီး ဘီးပေါက် နေတာကို တွေ့လိုက်ရသည်

"ဘယ်သူ ငါ့ဘီးကို လာဖောက်တာလည်း "

Ruby Jane စက်ဘီးကို ကိုင်ကြည့်ပြီး ပြောနေစဥ် Roseanneကတော့ ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်

မလှမ်းမကမ်းကနေ Ruby Janeကို ကြည့်ပြီး ရယ်နေတဲ့ ကောင်လေး တစ်ယောက်ကို တွေ့တော့ Ruby Jane ရဲ့ စက်ဘီး ဘီးကို ဖောက်တဲ့ တရားခံက သူဆိုတာ Roseanne ချက်ချင်း သိလိုက်ပြီလေ

Roseanne အဲ့ကောင်လေး​ကို မျက်တောင်မခတ်ဘဲ လိုက်ကြည့်ရင်း အဲ့ကောင်လေးရဲ့ ဆိုင်ကယ်ကို အလွတ်မှတ်ထားသည်

လက်စားပြန်ချေရမယ်လေ

"Ruby နင့်စက်ဘီး ဘီးပေါက်သွားပြီဆိုတော့ ငါ့ဆိုင်ကယ်နဲ့ဘဲ ပြန်လိုက်ခဲ့.....ငါ အိမ်က လူတွေကို ဖုန်းဆက်ပြီး နင့်စက်ဘီးကို လာယူခိုင်းလိုက်မယ် သေချာပြင်ပြီး နင့်အိမ်ကို ပို့ပေးမယ် "

"ရပါတယ် ငါ့ဘာသာငါ တွန်းပြီး သွား "

"မရဘူး Ruby ငါ့စကား နားထောင် လာ "

Rubyလက်ကို Roseanne ဆောင့်ဆွဲပြီး ဆိုင်ကယ်ရှိရာကို ခေါ်သွားသည်

Rubyလည်း မငြင်းနိုင်တော့ဘဲ Roseanne ရဲ့ ဆိုင်ကယ်နောက်က ပါလာသည်

သူမ ခါးကို ဖက်ပြီး လိုက်လာတဲ့ Ruby ကြောင့် Roseanne ရင်တွေ ခုန်လာသည်

Ruby Janeကတော့ အခုထိ Roseanne ကို ရင်ခုန်အောင် လုပ်နိုင်သူ ဖြစ်သည်

ဟုတ်ပါတယ် Roseanne မူလတန်းကျောင်းသူ အချစ်ဆိုတာ ဘာမှန်းမသိခင်ကတည်းက Ruby Jane ကို စိတ်ဝင်စားနေခဲ့တာပါ

ဒါကြောင့်လည်း အမြဲ ကာကွယ်ပေးခဲ့တာလေ....အခု ဆယ်ကျော်သက်အရွယ် အချစ်ကို ခံစားတတ်တဲ့ အရွယ်ရောက်နေပြီဆိုတော့ Roseanne သူ့ခံစားချက်တွေကို သေချာ သိနေပြီလေ.......

Ruby Janeကို ချစ်တယ် သူ့ကို ကာကွယ်ပေးရမယ် သူ့အတွက် လူသတ်ရဖို့လည်း ငါ ဝန်မလေးဘူး...... နင့်အတွက် ငါ လူသတ်ပေးရမလား Ruby Jane. .....

#Tbc

#zawgyi





"ဘာလို့လည်း "



"ရပါတယ် "












"လုပ်တော့ ဘာဖြစ်လည်း Ruby Janeက ငါ့သူငယ်ချင်း နင် သူ့ကို အနိုင်ကျင့်တာကို ငါ ငြိမ်နေပြီး ရပ်ကြည့်နေမယ်ထင်လား "



"အာ့..."


"အား....."





"Ruby ဘာဖြစ်သွားသေးလဲ "

Roseanne မေးလိုက်သည်

"ဘာ ဘာမှမဖြစ်ပါဘူး "


"နင်က သိလို့လား "





















လက်စားပြန်ချေရမယ်လေ











#Tbc

Bạn đang đọc truyện trên: ZingTruyen.Xyz