စတင္ျခင္း
ရွစ္တန္းေတြ ျငိဳးမွာမေႀကာက္ ဆရာမကို သြား
တိုင္ေပးထားတာက က်ေတာ္။ ၂၀၀တန္
ႀကာဇံေႀကာ္ တစ္ပြဲေလာက္နဲ႔ သူငယ္ခ်င္းခ်င္းခ်ာ
ေတြလိုလို က်ေတာ့္ကိုေထာင့္ပို႕ျပီး
အလယ္မွာေတာင္ေျပာင္းထိုင္မယ္ေပါ့။
ရမယ္ေလ...ပိတ္ေဟာက္လိုက္ေတာ့မွ
ေကာင္းဆက္စံတစ္ေကာင္မ်က္ႏွာငယ္နဲ႔။သူထိုင္
ခ်င္လွပါတယ္ဆိုတဲ့ လူက တုပ္တုပ္ေတာင္မလႈပ္
ဘူး။
မား ကေျပာတယ္ သိပ္မဆိုးေလာက္ပါဘူး တဲ့။
လူဆိုးပံုမေပါက္ေပမယ့္ ထံုေပေပ ခက္ထိုင္းထိုင္း
နဲ႔။ ေကာင္းဆက္စံေကြ်းတဲ့ ထမင္းကို စားေနတဲ့
ပံုစံက သိမ္ငယ္ေနဟန္။ ဒီလိုေတြ႔ေတာ့လည္းရင္
ထဲမေကာင္းဘူး။ ဒါေပမယ့္ စိတ္ထဲအခဲမေက်ဘူး
မေန႕တစ္ေန႔ကမွ ေရာက္လာျပီး ေကာင္းဆက္စံ
နဲ႔ငယ္ေပါင္းႀကီးလိုျဖစ္ေနတာ။ ခုက က်ေတာ္က
တစ္ေယာက္တည္းျဖစ္ေနသလုိပဲ။
မားေျပာသလို က်ေတာ္သူ႕ကို ေဖးမေပးသင့္သ
လား??မေသခ်ာဘူး။ က်ေတာ္သူ႕ကို တကယ္
ခင္ခ်င္တာလား??တကယ္သနားေနတာလား?
ဒါမွမဟုတ္ ေကာင္းဆက္စံ က က်ေတာ့္ထက္
သူ႔ကို ပိုခင္သြားမွာ စိုးရိမ္ေနတာလား???
>>>>>ခ်န္း<<<<<
"မား ၂၄၀၀ ယူမယ္"
ဆိုင္ထဲ ဝင္ဝင္ခ်င္းႀကားလိုက္ရေသာ အသံ။
အသံထြက္တတ္တယ္။ေအာ္တတ္တယ္။ျပီးေတာ့
သူရယ္တတ္တယ္။ဟုတ္တယ္ပိုင္သုတရယ္တတ္တယ္။စားပြဲထိုးရင္း
စားသံုးသူေတြကိုရယ္ျပေနတာ။
ပါးခ်ိဳင့္ေတြ...က်ေတာ္အျမင္မမွားဘူး ပိုင္သုတ
မွာ မားဆီကေန က်ေတာ္လိုခ်င္ခဲ့တဲ့ ပါးခ်ိဳင့္ေတြသူ႔မွာရွိေနတယ္။
က်ေတာ္ ေႀကာင္ကာရပ္ေငးေနမိတယ္။ တစ္ခ်ိန္လံုး ေက်ာျပင္ႀကီးပဲ ျမင္ေနရေလာက္
ေအာင္ ေခါင္းေမွာက္အိပ္ေနတတ္ေသာ သူ႕မွာ
ဒီလို ႀကည့္လို႕ေကာင္းတဲ့ အျပံဳးေတြရွိေနတယ္။
သူလိုကိုယ္လိုရြယ္တူ ေကာင္ေလးတစ္ေယာက္
ျပံဳးေနတာကို ေငးႀကည့္ေနမိတာ...ဒါနည္းနည္း
ေတာ့ ေႀကာင္ေတာင္ေတာင္ႏိုင္ေနတယ္မလား?
ေနာက္ထပ္ေႀကာင္ေတာင္ေတာင္ႏုုိင္တဲ့ကိစၥတစ္ခုက က်ေတာ္ဟာ သူ႕စက္ဘီးေနာက္ကေန
ယံုယံုႀကည္ႀကည္လိုက္ခဲ့မိတာပဲ။ တစ္ခါမွစက္ဘီး
မစီးဖူးပါပဲ ကားေတြရႈပ္ေထြးေနေသာ လမ္းမ
မွာ မေႀကာက္မေရြ႕သူ႔ေနာက္ကေနျပီးယံုယံု
ႀကည္ႀကည္လိုက္စီးခဲ့တာ။
မားေျပာဖူးသလို ပိုင္သုတက က်ေတာ့္ ကို အႏြံတာခံတယ္။
"ေခြ်းေတြခ်ည္းပဲ...ညစ္ပတ္လိုက္တာ"
က်ေတာ္တို႕သို႔ ခ်ိဳးခ်ဳိးႏွိမ္ႏွိမ္ေျပာေသာ္လည္း
သူ "ဘာ" ဟူေသာတစ္ခြန္းသာဆိုလ်က္ ျငိမ္ခံ
သည္းခံသည္။
ေကာင္းဆက္စံ သည္လည္း က်ေတာ့္အေပၚ
သည္းခံေပမယ့္ ပိုင္သုတ ကဲ့သို႕ အႏြံတာမပါ
ဒီအတိုင္း သူ႕အေမမသိေအာင္ က်ဴးလြန္ခဲ့မိ
ေသာ သူ႔အျပစ္အခ်ိဳ႕အား သူ႕အေမထံ ျပန္မတိုင္
ေစရန္ ႏႈတ္ပိတ္အေနျဖင့္ သည္းခံေပးျခင္းသာ
ငပိုင္ကက် ထိုသို႕မဟုတ္။ ခါတေလက်ေတာ့္ထက္လပိုင္းပင္ ငယ္ေသာသူ
က အကိုတစ္ေယာက္နဲ႔လည္း
တူေနတတ္ေသး၏။
ေခါင္းကို ေကာ္ေပတံနဲ႔ ေဒါက္ခနဲျမည္ေအာင္
္ေခါက္တာေတာင္ ဆိတ္သားမုန္႔ျပန္ေကြ်းတတ္သူ
ဘဝမွာ ထိုသို႕ေသာ သူငယ္ခ်င္းမ်ိဳးက်ေတာ္ထပ္
ေတြ႔ဖို႔မလြယ္။ ခပ္တည္တည္ေနတတ္ေပမယ့္
မားဆိုင္လာစားသူေတြကို စားပြဲထိုးရင္း ျပံဳးျပေန
တိုင္း ထိုလာစားသူေတြကို က်ေတာ္မနာလို။
က်ေတာ့္ကိုလည္း က်ေတာ္ဘာလုပ္လုပ္ ျပံဳးေန
ရင္ေကာင္းမွာပဲ...
သခ်ာၤေတြရွင္းျပမွ သိတာ ထင္ေနသလိုလည္း
ညံ့ဖ်င္းထံုထိုင္းကာမေန။ လူပံုကသာ တံုးေနတာ
က်ေတာ္ ဥပမာတစ္ပုဒ္ေလာက္ရွင္းျပလိုက္တာနဲ႔
ထိုကဲ့သို႕ သီအိုရီသံုးထားေသာပံုစံတူ ဥာဏ္စမ္းပုစၧာဘယ္ဟာလာလာ သူခ်တြက္ႏိုင္
ေန၏။
ခ်စ္စရာအေလ့အက်င့္တစ္ခုက အသားလံုးဝ
မစားေပမယ့္ က်ေတာ္စားထားျပီးသား ပန္းကန္
ကိုပင္ ယူ၍ေဆးေပးတတ္တာပင္။
က်ေတာ္သူ႕ကို တကယ္ခင္တြယ္ေနမိသြားသည္
ကလည္း ထိုသို႔ အႏြံတာခံ သည္းခံေပးတာေတြ
ေႀကာင့္ပင္။ သူနဲ႔ အတူတူရွိေနရတာကိုလည္း
က်ေတာ္ေပ်ာ္သည္။ အိမ္ကို တစ္ေယာက္တည္း
မျပန္ခ်င္တိုင္း သူ႕ကို စာရွင္းျပမည္ က်ဴရွင္မွ
ဥာဏ္စမ္းေတြ ေပးမယ္ စသည္ျဖင့္ နည္းအမ်ိဳးမိ်ဳး
သံုးကာ ေခၚရင္း သူနင္းေသာ စက္ဘီးကိုစီးရင္း သူအေဖာ္ရွိေနေပးေသာ တိုက္ခန္းထဲတြင္ သူနဲ႔အတူစာက်က္ စာရွင္းျပ ထမင္းအတူတူ
ထိုင္စားရတာကို က်ေတာ္မက္ေမာသည္။
က်ေတာ့္မွာ ထိုသို႕ေသာ သူငယ္ခ်င္းမ်ိဳးမွ
မရွိခဲ့ဖူးတာ။
သူနဲ႔ တစ္သက္လံုး ဒီအတုိင္းေနသြားလို႕ရရင္
ေကာင္းမယ္လို႕ က်ေတာ္ကသာ ေတြးေနေပမယ့္
သူက ထိုကဲ့သို႔မဟုတ္။
က်ေတာ္နဲ႔ ထိုသို႕လိုက္ေနသည္မွာ က်ေတာ့္ကို
ခင္တြယ္ တြယ္တာသြား၍ မဟုတ္။ သူတို႕
မႏၱေလးေက်ာင္းကို ျပန္သြားတ့ဲအခ်ိန္အမွတ္
ေကာင္းေတြ ပါသြားႏိုင္ေအာင္က်ေတာ့္ကိုေပါင္း
ေနတာ...
"ဒီေတာ့...မင္းက...မင္းက ေနာင္ႏွစ္ဒီမွာမေန
ေတာ့ဘူးေပါ့ ဟုတ္လား??"
တြန္႔ဆုတ္ဆုတ္ေမးေနေသာ က်ေတာ့္ကိုမွအား
မနာ
"ဟုတ္တယ္" လို႕ မဆိုင္းမတြေျဖလိမ့္မယ္လို႔ကို
မထင္တာ။
က်ေတာ္ခင္သေလာက္ သူက်ေတာ့္ကို မခင္ခဲ့တာ
သူက က်ေတာ့္ကို သူ႔အတြက္သည္းခံေနတာ
တကယ္မခင္ဘူး။ က်ေတာ္ အရမ္းခင္တြယ္မသြား
ခင္ သူ႔ကို သံေယာဇာဥ္ျဖတ္ရမယ္။ ညေနကသူ
ေျပာခဲ့တဲ့ "ဟုတ္တယ္"ဆိုတဲ့ စကားက အိပ္ရာ
ထဲဘယ္ညာ လူးလွိမ့္ေစသည္။ တစ္ညလံုးစာလည္း က်က္မရ။ ေတြးေလ စိတ္ထဲ
ဆို႕ႀကပ္လာသည္။ ဒါခံျပင္းတာလား??
ဘာလို႕မ်ား ပိုင္သုတကို အလြယ္တကူ ခင္မိ
လိုက္တာလဲ??
စကားေျပာရင္ ခပ္တိုးတိုးန႔ဲ က်ေတာ္နဲ႕ေလယူ
ေလသိမ္း ကြဲေနေသာ၊ အျမဲ မႈန္ေတေတေနတတ္
ေပမယ့္ တက္တက္ႀကြႀကြ ျပံဳးလိုက္တဲ့ခါတိုင္း
ေပၚလာတတ္ေသာ ပါးခ်ိဳင့္ေတြ။ ဘယ္ညာလွိမ့္ျပီး ေခါင္းအံုးထဲ မ်က္ႏွာထည့္လိုက္
သည္ႏွင့္ ေခါင္းအံုးစြပ္ စိုသြားရသည္။ ဘာလို႕
ဒီေလာက္ထိ က်ေတာ္အေဖာ္မင္ရတာလဲ??
ေကာင္းဆက္စံရွိေနတာပဲေလ။ သူနဲ႔ က်ေတာ္
ခင္တာ ဘယ္ႏွစ္ရက္ရွိေသးလို႕လဲ?? ဟုတ္တယ္
က်ေတာ္ သူ႔ကို အေပါင္းအသင္းဆက္မလုပ္သင့္
ေတာ့ဘူး။
>>>>>ခ်န္း<<<<<
တစ္ေန႔လံုး သူ႕ကို စကားမေျပာေသာ က်ေတာ့္
့္ကို ဒီအတုိင္း ဘာမွမျဖစ္သလို ေပေတေတ
နဲ႔သာ။
Report card ေပးရန္ေခၚေတာ့ ေျပးျပီး
cardေပၚမွာ အဆင့္၁ကို ျမင္မွ ျပံဳးျပတာ။ က်ေတာ္မသိခ်င္ေယာင္ေဆာင္ျပီး ေနာက္လူ
ေတြကိုသာ ဆက္ေခၚလိုက္ေတာ့သည္။
က်ေတာ္မေျပာလည္း မေျပာခ်င္မေျပာနဲ႔ဟူေသာ
ပံုစံျဖင့္ ေကာင္းဆက္စံနဲ႔သာ ေျပာေနသည္။
အဆင့္တစ္ရေအာင္ တစ္လလံုး ထမင္းလဲေကြ်း
စာလည္း ရွင္းျပေပးတဲ့ က်ေတာ့္ကို ေက်းဇူးတင္
စကားဆိုဖို႕ မေျပာႏွင့္...
ကိုယ့္ဘာသာကိုယ္ အသံုးမက်လို႕ အဆင့္က်
သြားတဲ့ ေကာင္းဆက္စံအား ႏွစ္သိမ့္ေနေသး၏။
သူဟာ က်ေတာ့္ကို ဖုတ္ထားတဲ့ငပိေလာက္
ေတာင္ ရွိတယ္လို႕မထင္တာ
"အဲ့ဒါ ဘယ္လဲ?"
"မုန္႔ေစ်းတန္း...ၾကာဇံေၾကာ္သုတ္သြားစားမလို႔"
လွိမ့္တက္လာေသာ ေဒါသနဲ႕ ေရာတက္လာေသာ
ဝမ္းနည္္းမႈ။ စားခ်င္လြန္းလွေသာ ဝတ္နံရိုးေပါင္း
ကို မထည့္ပဲ သူစားလို႕ရေအာင္ ထည့္လာေသာ
ရိုးရိုး မုန္႕ညွင္းေႀကာ္။ ႀကက္ဥေတာင္မပါေသာ
မုန္႕ညွင္းေႀကာ္။
ေတာက္!!! က်ေတာ္လႊင့္ပစ္မယ္ဆိုေတာ့မွ တား
သည္။ ဒါေတာင္ မားခ်က္ေပးလိုက္တာေတြကို
လႊင့္ပစ္ရင္ မေကာင္းလို႕သာ စားတာ။
ထမင္းလုတ္ေတြ တစ္လုတ္ျပီးတစ္လုတ္ႀကား
လႈိုက္တက္လာေသာ ဝမ္းနည္းမႈေႀကာင့္ မ်ိဳခ်မရ
မ်င္ရည္က်လာခ်င္ေလာက္ေအာင္ထိ က်ေတာ္
စိတ္မေပ်ာ့သင့္။ လြယ္လြယ္မတြယ္တာတတ္တဲ့
က်ေတာ္သည္ ပိုင္သုတကို မွ ဘယ္လိုျဖစ္ခဲ့ပါ
သလဲ??
တစ္ေန႔ခင္းလံုး သူ စကားမေျပာပါ။ တျခားေကာင္ေတြနဲ႔ ေျပာလည္း သူနဲ႔မဆိုင္သလို
ေခါင္းေမွာက္၍သာ အိပ္ေနတာ။
ဒီလိုပံုစံအတိုင္းဆို ညေန ေက်ာင္းဆင္းရင္ က်ေတာ္နဲ႔ အတူတူမွ ျပန္ပါေတာ့မလား???
က်ေတာ့္ကို အရင္ေန႔ေတြလို က်ဴရွင္လိုက္ပို႕လာ
ႀကိဳေတာ့မွာမဟုတ္ေတာ့ဘူး။
ျမန္မာစာဆရာဆီမွ အိမ္စာထပ္ထားေသာ စာအုပ္
ေတြသြားယူေပးရင္း ေလွကားေထာင့္ခ်ိဳးနားက
အမႈိုက္ပံုး၊ က်ေတာ့္နားမွာလည္း ဘယ္သူမွမရွိ
ဝင္လာေသာ အေတြးတစ္စ၊လုပ္သင့္သလား
ထိုက္တန္သလားထက္ က်ေတာ္လုပ္လိုက္ရင္
သူ က်ေတာ့္ကို ဂရုစိုက္ႏိုင္ပါ့မလားဆိုတာကို
သာေတြးေနမိတာက က်ေတာ္ရူးေနလို႕လား??
ရင္းႏွီးရမည့္ ပစၥည္းသည္ မားေခြ်းနည္းစာနဲ႔ မားကိုယ္တိုင္ လိုက္ဝယ္ေပးခဲ့တာမွ မႀကာေသး
ေသာ Scoll ဖိနပ္အသစ္ေလး။
ရက္ပိုင္းအတြင္း အေနစိမ္း၍ က်ေတာ္မွစကား
မေျပာရင္ က်ေတာ့္ကို စကားျပန္ေျပာမည္မဟုတ္
ေသာ ပိုင္သုတ။ က်ေတာ္ ထိုအေျခအေနမ်ိဳးႀကီး
ကို မႀကိဳက္။ က်ေတာ္မွလည္း ျပန္မေခၚခ်င္ဘူး
မ်က္လံုးစံုမွိတ္လ်က္ ဖိနပ္ကိုခြ်တ္ကာ အမႈိုက္ပံုး
ထဲ ထည့္၍ ဝတ္ထားေသာ ပုဆိုးကို ေျခမ်က္စိ
ဖံုးသည္အထိ ေလ်ာခ်ဝတ္လ်က္ သဲတလ်ပ္လ်ပ္နဲ႔ႀကမ္းေနေသာ ႀကမ္းခင္းေတြကို
ေက်ာ္နင္းကာ အတန္းထဲ ဝင္လာလိုက္ေတာ့
သည္။ ဤ ေနာက္ဆံုးအခ်ိန္ျဖစ္ေသာ ရသ
အခ်ိန္ျပီးပါက ေက်ာင္းလႊတ္ျပီ။ က်ေတာ္ဝင္လာ
ေတာ့ ပန္းခ်ီကုန္းက်ံဳးဆြဲေန၍ ဘယ္သူမွ အေရး
တယူမႀကည့္။ ေရွ႔တန္းမွ တစ္ေယာက္ထံ
"ေဝေပးလိုက္" ဟူေသာ တစ္ခ်က္လႊတ္အမိန္႔နဲ႔
ကိုယ့္ခံုကိုယ္ျပန္လာသည့္တိုင္ က်ေတာ္ဖိနပ္
မစီးထားသည္ကို ဘယ္သူမွ မရိပ္မိ။
ပိုင္သုတကေတာ့ ထံုးစံအတိုင္း ေခါင္းေမွာက္အိပ္
ေနသည္။
"ငါ့ဖိနပ္!"
ပီျပင္လားမပီျပင္လားမသိ။
အေလာင္းဘုရားေဆာင္က အတန္းအားလံုးဆင္း
သြားႀကျပီ။အေဆာင္ထဲ အသံေတြတျဖည္းျဖည္း
ိတိတ္လာသည္။
ေကာင္းဆက္စံသည္ လွည့္ပင္မႀကည့္ပဲထြက္ေျပး
သြား၏။က်ေတာ္ ငိုခ်င္လာသည္။
ထင္သလိုမဟုတ္ခဲ့ပါ။ ဖိနပ္ေပ်ာက္လို႕ေပ်ာက္
မွန္းေတာင္ သူ(ပိုင္သုတ)သိပံုမရ။
သူက်ေတာ့္ကို တကယ္မခင္ဘူး။ က်ေတာ့္သူ႕
အေပၚ တြယ္တာေသာ သံေယာဇာဥ္မ်ိဳး သူ႔မွာ
မရွိဘူး။ထိုသို႕ အေတြးကတင္ ဝမ္းပန္းတနည္း
ႏွင့္ ရႈိက္ႀကီးတငင္ငိုမိေစသည္။တကယ္ဖိနပ္
ေပ်ာက္သြားရင္ေတာင္ ထိုသို႕ငိုမိမွာမဟုတ္။
"ခ်န္း--"
Scoll ဖိနပ္အနက္ေရာင္။ အေတာ္ႀကီးေနပါ
သည္။ ဒါေပမယ့္ ထိုဖိနပ္ကို စြတ္ထားရျခင္းသည္
ပင္ က်ေတာ္အရာအားလံုးရလိုက္သလိုေပ်ာ္ရႊင္
မိသည္။
သူလည္း က်ေတာ့္ကို ခင္သည္။ က်ေတာ္ငိုမွာကို
စိုးရြံ႕သည္။ က်ေတာ့္ အႏြံတာကို အဆံုးစြန္ထိ
ခံႏိုင္ရည္ရွိသည္။ ေလးလံလွေသာ ေက်ာပိုးအိတ္
ကို သယ္ေပးရင္း ေျခာက္လႊာအထိ မားသည္ပင္
လွ်င္ က်ဴရွင္လိုက္မပို႕ခဲ့ဖူးေသာ္လည္း ပိုင္သုတ
သည္ ေျခဗလာႏွင့္ပင္ ေလွကားထစ္တို႕ကို
တက္နင္းေက်ာ္ခြကာ လိုက္ပို႕ေပးခဲ့သည္။
ေပ်ာ္ရႊင္ျခင္းက မ်က္ႏွာကိုပါခ်ိဳေစသည္လား??
English Spellingေတြကိုပါ စိတ္ပါလက္ပါ
ေအာ္က်က္ေန၍ ဆရာမကေတာင္ စေနာက္ေသး
၏။ ဒါေပမယ့္ အဲ့အေပ်ာ္က သိပ္မခံခဲ့။
က်ဴရွင္ေအာက္တြင္ ရပ္ေစာင့္ေနေသာပိုင္သုတ
ဖိနပ္မစီးရ၍ မည္းညစ္ေနေသာ ေျခေထာက္၏
ေျခသန္းေလးတစ္ေခ်ာင္းတြင္ ေသြးစို႕ေနသည္။
ခဲစူးသြားတာ ျဖစ္ရမည္။
ဖိနပ္မပါပဲ ဘာလို႕ေလွ်ာက္သြားေနရပါသလဲ???
က်ဴရွင္ကို ထပ္လာႀကိဳတာ သူ႕ဖိနပ္ျပန္ေတာင္း
ဖို႕လား??သူ႕ေျခသန္းမွ ဒဏ္ရာအတြက္ပူပန္
ျခင္းတြင္ ဖိနပ္မပါပဲ အိမ္ျပန္မည္ဆိုပါက မား၏
အဆူအေျပာစကားသံတို႕ နားထဲဝင္လာ၍
ရႈပ္ေထြးေနာက္က်ိသြားရသည္။
"မင္း ကိုလာမႀကိဳနဲ႔ လို႔ငါမေျပာဘူးလား??"
"ေရာ့"
Scollဖိနပ္အသစ္ခြ်တ္ခြ်တ္။
သူေျပာသည့္ အဆင့္တစ္ရလို႕ ရေသာမုန္႔ဖိုး
ဘာညာေတြ က်ေတာ္နားမေထာင္ခ်င္ေတာ့။
ဖိနပ္ျပန္ေတာင္းဖို႕လာသည္ဟု အထင္ေရာက္
ခဲ့ေသာ က်ေတာ့္စိတ္၏ မျပည့္ဝမႈေႀကာင့္
အားအနာႀကီးနာတယ္။
ေနာက္ျပီး ဘဝမွာ ပထမဆံုး ဂရုစိုက္ခံရမႈ။
ပေယာဂမကင္းေသာ တမင္လီဆယ္အကြက္ဆင္
မႈေတြကို လံုးလံုးမရိပ္မိသည္အထိ ရိုးသားေသာ
ပိုင္သုတ။
သံသယအလ်င္းကင္းလ်က္ က်ေတာ့္အေပၚကို
ျမြစာက်ဲေအာင္ ျပတ္၍သြန္ခ်ေပးလိုက္ေသာ သူ႕
ေစတနာေတြ။
က်ေတာ့္အား ငိုမိျပန္ေစသည္။ ေနာင္တႀကီးစြာ...
"ေရာ့...မင္းဖိနပ္မင္းျပန္စီး ေသာက္ရူးေကာင္"
ရူးသြပ္လြန္းလိုက္တာ...
"ခ်န္း...ဘာျဖစ္လို႔လဲ??" ဟူ၍ မ်က္လံုးျပဴးမ်က္
ဆံျပာ ေမးေနေသးေသာ ပိုင္သုတ။
"ခ်န္း...ေျခေထာက္ေတြခဲစူးမယ္ကြ"
ဟု ဆိုေနလ်က္ သူကိုယ္တိုင္ပါ ဖိနပ္လိုက္မစီး
ေသာ ပိုင္သုတ။
"စူး ပါလိမ့္ေစ။အီးးးဟီးးးေသာက္ရူးေကာင္!!မင္း ငါ့ေနာက္လိုက္မလာနဲ႕..."
က်ေတာ္ရွက္တယ္။ သူနဲ႔ ပတ္သတ္ရင္ ထိုစဥ္
တည္းက အရွက္တရားေတြ၊ရိုးသားမႈေတြ၊
အမွားေတြ၊ ႀကံစည္မႈေတြႏွင့္
လႊဲေခ်ာ္မႈေပါင္းမ်ားစြာ က်ေတာ္ကိုယ္တိုင္ဖန္တီး
မိခဲ့သည္ သူ႕ကို မပိုင္ဆိုင္ရသည္အထိ။
သူ က်ေတာ့္ကို ခ်စ္တယ္ ဟူ၍ ႏႈတ္ျမြတ္မဆိုခင္
အထိ။
ဟုတ္တယ္။
"ပိုင္သုတဆိုတာ ငယ္ငယ္တည္းက က်ေတာ့္
အပိုင္"
To be continue...
Thank You All
>>>>ခ်န္းpovမ်ားကို အစမွအဆံုးထိေရးမည္
ဟု စဥ္စားခဲ့ပါသည္။
Readernimမ်ား ဆက္မသိခ်င္ပါက ဤတြင္ရပ္မည္ျဖစ္ပါသည္။
(Unicode)
/
/
/
ရှစ်တန်းတွေ ငြိုးမှာမကြောက် ဆရာမကို သွား
တိုင်ပေးထားတာက ကျတော်။ ၂၀၀တန်
ကြာဇံကြော် တစ်ပွဲလောက်နဲ့ သူငယ်ချင်းချင်းချာ
တွေလိုလို ကျတော့်ကိုထောင့်ပို့ပြီး
အလယ်မှာတောင်ပြောင်းထိုင်မယ်ပေါ့။
ရမယ်လေ...ပိတ်ဟောက်လိုက်တော့မှ
ကောင်းဆက်စံတစ်ကောင်မျက်နှာငယ်နဲ့။သူထိုင်
ချင်လှပါတယ်ဆိုတဲ့ လူက တုပ်တုပ်တောင်မလှုပ်
ဘူး။
မား ကပြောတယ် သိပ်မဆိုးလောက်ပါဘူး တဲ့။
လူဆိုးပုံမပေါက်ပေမယ့် ထုံပေပေ ခက်ထိုင်းထိုင်း
နဲ့။ ကောင်းဆက်စံကျွေးတဲ့ ထမင်းကို စားနေတဲ့
ပုံစံက သိမ်ငယ်နေဟန်။ ဒီလိုတွေ့တော့လည်းရင်
ထဲမကောင်းဘူး။ ဒါပေမယ့် စိတ်ထဲအခဲမကျေဘူး
မနေ့တစ်နေ့ကမှ ရောက်လာပြီး ကောင်းဆက်စံ
နဲ့ငယ်ပေါင်းကြီးလိုဖြစ်နေတာ။ ခုက ကျတော်က
တစ်ယောက်တည်းဖြစ်နေသလိုပဲ။
မားပြောသလို ကျတော်သူ့ကို ဖေးမပေးသင့်သ
လား??မသေချာဘူး။ ကျတော်သူ့ကို တကယ်
ခင်ချင်တာလား??တကယ်သနားနေတာလား?
ဒါမှမဟုတ် ကောင်းဆက်စံ က ကျတော့်ထက်
သူ့ကို ပိုခင်သွားမှာ စိုးရိမ်နေတာလား???
>>>>>ချန်း<<<<<
"မား ၂၄၀၀ ယူမယ်"
ဆိုင်ထဲ ဝင်ဝင်ချင်းကြားလိုက်ရသော အသံ။
အသံထွက်တတ်တယ်။အော်တတ်တယ်။ပြီးတော့
သူရယ်တတ်တယ်။ဟုတ်တယ်ပိုင်သုတရယ်တတ်တယ်။စားပွဲထိုးရင်း
စားသုံးသူတွေကိုရယ်ပြနေတာ။
ပါးချိုင့်တွေ...ကျတော်အမြင်မမှားဘူး ပိုင်သုတ
မှာ မားဆီကနေ ကျတော်လိုချင်ခဲ့တဲ့ ပါးချိုင့်တွေသူ့မှာရှိနေတယ်။
ကျတော် ကြောင်ကာရပ်ငေးနေမိတယ်။ တစ်ချိန်လုံး ကျောပြင်ကြီးပဲ မြင်နေရလောက်
အောင် ခေါင်းမှောက်အိပ်နေတတ်သော သူ့မှာ
ဒီလို ကြည့်လို့ကောင်းတဲ့ အပြုံးတွေရှိနေတယ်။
သူလိုကိုယ်လိုရွယ်တူ ကောင်လေးတစ်ယောက်
ပြုံးနေတာကို ငေးကြည့်နေမိတာ...ဒါနည်းနည်း
တော့ ကြောင်တောင်တောင်နိုင်နေတယ်မလား?
နောက်ထပ်ကြောင်တောင်တောင်နိုင်တဲ့ကိစ္စတစ်ခုက ကျတော်ဟာ သူ့စက်ဘီးနောက်ကနေ
ယုံယုံကြည်ကြည်လိုက်ခဲ့မိတာပဲ။ တစ်ခါမှစက်ဘီး
မစီးဖူးပါပဲ ကားတွေရှုပ်ထွေးနေသော လမ်းမ
မှာ မကြောက်မရွေ့သူ့နောက်ကနေပြီးယုံယုံ
ကြည်ကြည်လိုက်စီးခဲ့တာ။
မားပြောဖူးသလို ပိုင်သုတက ကျတော့် ကို အနွံတာခံတယ်။
"ချွေးတွေချည်းပဲ...ညစ်ပတ်လိုက်တာ"
ကျတော်တို့သို့ ချိုးချိုးနှိမ်နှိမ်ပြောသော်လည်း
သူ "ဘာ" ဟူသောတစ်ခွန်းသာဆိုလျက် ငြိမ်ခံ
သည်းခံသည်။
ကောင်းဆက်စံ သည်လည်း ကျတော့်အပေါ်
သည်းခံပေမယ့် ပိုင်သုတ ကဲ့သို့ အနွံတာမပါ
ဒီအတိုင်း သူ့အမေမသိအောင် ကျူးလွန်ခဲ့မိ
သော သူ့အပြစ်အချို့အား သူ့အမေထံ ပြန်မတိုင်
စေရန် နှုတ်ပိတ်အနေဖြင့် သည်းခံပေးခြင်းသာ
ငပိုင်ကကျ ထိုသို့မဟုတ်။ ခါတလေကျတော့်ထက်လပိုင်းပင် ငယ်သောသူ
က အကိုတစ်ယောက်နဲ့လည်း
တူနေတတ်သေး၏။
ခေါင်းကို ကော်ပေတံနဲ့ ဒေါက်ခနဲမြည်အောင်
်ခေါက်တာတောင် ဆိတ်သားမုန့်ပြန်ကျွေးတတ်သူ
ဘဝမှာ ထိုသို့သော သူငယ်ချင်းမျိုးကျတော်ထပ်
တွေ့ဖို့မလွယ်။ ခပ်တည်တည်နေတတ်ပေမယ့်
မားဆိုင်လာစားသူတွေကို စားပွဲထိုးရင်း ပြုံးပြနေ
တိုင်း ထိုလာစားသူတွေကို ကျတော်မနာလို။
ကျတော့်ကိုလည်း ကျတော်ဘာလုပ်လုပ် ပြုံးနေ
ရင်ကောင်းမှာပဲ...
သချာၤတွေရှင်းပြမှ သိတာ ထင်နေသလိုလည်း
ညံ့ဖျင်းထုံထိုင်းကာမနေ။ လူပုံကသာ တုံးနေတာ
ကျတော် ဥပမာတစ်ပုဒ်လောက်ရှင်းပြလိုက်တာနဲ့
ထိုကဲ့သို့ သီအိုရီသုံးထားသောပုံစံတူ ဉာဏ်စမ်းပုစ္ဆာဘယ်ဟာလာလာ သူချတွက်နိုင်
နေ၏။
ချစ်စရာအလေ့အကျင့်တစ်ခုက အသားလုံးဝ
မစားပေမယ့် ကျတော်စားထားပြီးသား ပန်းကန်
ကိုပင် ယူ၍ဆေးပေးတတ်တာပင်။
ကျတော်သူ့ကို တကယ်ခင်တွယ်နေမိသွားသည်
ကလည်း ထိုသို့ အနွံတာခံ သည်းခံပေးတာတွေ
ကြောင့်ပင်။ သူနဲ့ အတူတူရှိနေရတာကိုလည်း
ကျတော်ပျော်သည်။ အိမ်ကို တစ်ယောက်တည်း
မပြန်ချင်တိုင်း သူ့ကို စာရှင်းပြမည် ကျူရှင်မှ
ဉာဏ်စမ်းတွေ ပေးမယ် စသည်ဖြင့် နည်းအမျိုးမျိုး
သုံးကာ ခေါ်ရင်း သူနင်းသော စက်ဘီးကိုစီးရင်း သူအဖော်ရှိနေပေးသော တိုက်ခန်းထဲတွင် သူနဲ့အတူစာကျက် စာရှင်းပြ ထမင်းအတူတူ
ထိုင်စားရတာကို ကျတော်မက်မောသည်။
ကျတော့်မှာ ထိုသို့သော သူငယ်ချင်းမျိုးမှ
မရှိခဲ့ဖူးတာ။
သူနဲ့ တစ်သက်လုံး ဒီအတိုင်းနေသွားလို့ရရင်
ကောင်းမယ်လို့ ကျတော်ကသာ တွေးနေပေမယ့်
သူက ထိုကဲ့သို့မဟုတ်။
ကျတော်နဲ့ ထိုသို့လိုက်နေသည်မှာ ကျတော့်ကို
ခင်တွယ် တွယ်တာသွား၍ မဟုတ်။ သူတို့
မန္တလေးကျောင်းကို ပြန်သွားတဲ့အချိန်အမှတ်
ကောင်းတွေ ပါသွားနိုင်အောင်ကျတော့်ကိုပေါင်း
နေတာ...
"ဒီတော့...မင်းက...မင်းက နောင်နှစ်ဒီမှာမနေ
တော့ဘူးပေါ့ ဟုတ်လား??"
တွန့်ဆုတ်ဆုတ်မေးနေသော ကျတော့်ကိုမှအား
မနာ
"ဟုတ်တယ်" လို့ မဆိုင်းမတွဖြေလိမ့်မယ်လို့ကို
မထင်တာ။
ကျတော်ခင်သလောက် သူကျတော့်ကို မခင်ခဲ့တာ
သူက ကျတော့်ကို သူ့အတွက်သည်းခံနေတာ
တကယ်မခင်ဘူး။ ကျတော် အရမ်းခင်တွယ်မသွား
ခင် သူ့ကို သံယောဇာဉ်ဖြတ်ရမယ်။ ညနေကသူ
ပြောခဲ့တဲ့ "ဟုတ်တယ်"ဆိုတဲ့ စကားက အိပ်ရာ
ထဲဘယ်ညာ လူးလှိမ့်စေသည်။ တစ်ညလုံးစာလည်း ကျက်မရ။ တွေးလေ စိတ်ထဲ
ဆို့ကြပ်လာသည်။ ဒါခံပြင်းတာလား??
ဘာလို့များ ပိုင်သုတကို အလွယ်တကူ ခင်မိ
လိုက်တာလဲ??
စကားပြောရင် ခပ်တိုးတိုးနဲ့ ကျတော်နဲ့လေယူ
လေသိမ်း ကွဲနေသော၊ အမြဲ မှုန်တေတေနေတတ်
ပေမယ့် တက်တက်ကြွကြွ ပြုံးလိုက်တဲ့ခါတိုင်း
ပေါ်လာတတ်သော ပါးချိုင့်တွေ။ ဘယ်ညာလှိမ့်ပြီး ခေါင်းအုံးထဲ မျက်နှာထည့်လိုက်
သည်နှင့် ခေါင်းအုံးစွပ် စိုသွားရသည်။ ဘာလို့
ဒီလောက်ထိ ကျတော်အဖော်မင်ရတာလဲ??
ကောင်းဆက်စံရှိနေတာပဲလေ။ သူနဲ့ ကျတော်
ခင်တာ ဘယ်နှစ်ရက်ရှိသေးလို့လဲ?? ဟုတ်တယ်
ကျတော် သူ့ကို အပေါင်းအသင်းဆက်မလုပ်သင့်
တော့ဘူး။
>>>>>ချန်း<<<<<
တစ်နေ့လုံး သူ့ကို စကားမပြောသော ကျတော့်
့်ကို ဒီအတိုင်း ဘာမှမဖြစ်သလို ပေတေတေ
နဲ့သာ။
Report card ပေးရန်ခေါ်တော့ ပြေးပြီး
cardပေါ်မှာ အဆင့်၁ကို မြင်မှ ပြုံးပြတာ။ ကျတော်မသိချင်ယောင်ဆောင်ပြီး နောက်လူ
တွေကိုသာ ဆက်ခေါ်လိုက်တော့သည်။
ကျတော်မပြောလည်း မပြောချင်မပြောနဲ့ဟူသော
ပုံစံဖြင့် ကောင်းဆက်စံနဲ့သာ ပြောနေသည်။
အဆင့်တစ်ရအောင် တစ်လလုံး ထမင်းလဲကျွေး
စာလည်း ရှင်းပြပေးတဲ့ ကျတော့်ကို ကျေးဇူးတင်
စကားဆိုဖို့ မပြောနှင့်...
ကိုယ့်ဘာသာကိုယ် အသုံးမကျလို့ အဆင့်ကျ
သွားတဲ့ ကောင်းဆက်စံအား နှစ်သိမ့်နေသေး၏။
သူဟာ ကျတော့်ကို ဖုတ်ထားတဲ့ငပိလောက်
တောင် ရှိတယ်လို့မထင်တာ
"အဲ့ဒါ ဘယ်လဲ?"
"မုန့်ဈေးတန်း...ကြာဇံကြော်သုတ်သွားစားမလို့"
လှိမ့်တက်လာသော ဒေါသနဲ့ ရောတက်လာသော
ဝမ်းနည်းမှု။ စားချင်လွန်းလှသော ဝတ်နံရိုးပေါင်း
ကို မထည့်ပဲ သူစားလို့ရအောင် ထည့်လာသော
ရိုးရိုး မုန့်ညှင်းကြော်။ ကြက်ဥတောင်မပါသော
မုန့်ညှင်းကြော်။
တောက်!!! ကျတော်လွှင့်ပစ်မယ်ဆိုတော့မှ တား
သည်။ ဒါတောင် မားချက်ပေးလိုက်တာတွေကို
လွှင့်ပစ်ရင် မကောင်းလို့သာ စားတာ။
ထမင်းလုတ်တွေ တစ်လုတ်ပြီးတစ်လုတ်ကြား
လှိုက်တက်လာသော ဝမ်းနည်းမှုကြောင့် မျိုချမရ
မျင်ရည်ကျလာချင်လောက်အောင်ထိ ကျတော်
စိတ်မပျော့သင့်။ လွယ်လွယ်မတွယ်တာတတ်တဲ့
ကျတော်သည် ပိုင်သုတကို မှ ဘယ်လိုဖြစ်ခဲ့ပါ
သလဲ??
တစ်နေ့ခင်းလုံး သူ စကားမပြောပါ။ တခြားကောင်တွေနဲ့ ပြောလည်း သူနဲ့မဆိုင်သလို
ခေါင်းမှောက်၍သာ အိပ်နေတာ။
ဒီလိုပုံစံအတိုင်းဆို ညနေ ကျောင်းဆင်းရင် ကျတော်နဲ့ အတူတူမှ ပြန်ပါတော့မလား???
ကျတော့်ကို အရင်နေ့တွေလို ကျူရှင်လိုက်ပို့လာ
ကြိုတော့မှာမဟုတ်တော့ဘူး။
မြန်မာစာဆရာဆီမှ အိမ်စာထပ်ထားသော စာအုပ်
တွေသွားယူပေးရင်း လှေကားထောင့်ချိုးနားက
အမှိုက်ပုံး၊ ကျတော့်နားမှာလည်း ဘယ်သူမှမရှိ
ဝင်လာသော အတွေးတစ်စ၊လုပ်သင့်သလား
ထိုက်တန်သလားထက် ကျတော်လုပ်လိုက်ရင်
သူ ကျတော့်ကို ဂရုစိုက်နိုင်ပါ့မလားဆိုတာကို
သာတွေးနေမိတာက ကျတော်ရူးနေလို့လား??
ရင်းနှီးရမည့် ပစ္စည်းသည် မားချွေးနည်းစာနဲ့ မားကိုယ်တိုင် လိုက်ဝယ်ပေးခဲ့တာမှ မကြာသေး
သော Scoll ဖိနပ်အသစ်လေး။
ရက်ပိုင်းအတွင်း အနေစိမ်း၍ ကျတော်မှစကား
မပြောရင် ကျတော့်ကို စကားပြန်ပြောမည်မဟုတ်
သော ပိုင်သုတ။ ကျတော် ထိုအခြေအနေမျိုးကြီး
ကို မကြိုက်။ ကျတော်မှလည်း ပြန်မခေါ်ချင်ဘူး
မျက်လုံးစုံမှိတ်လျက် ဖိနပ်ကိုချွတ်ကာ အမှိုက်ပုံး
ထဲ ထည့်၍ ဝတ်ထားသော ပုဆိုးကို ခြေမျက်စိ
ဖုံးသည်အထိ လျောချဝတ်လျက် သဲတလျပ်လျပ်နဲ့ကြမ်းနေသော ကြမ်းခင်းတွေကို
ကျော်နင်းကာ အတန်းထဲ ဝင်လာလိုက်တော့
သည်။ ဤ နောက်ဆုံးအချိန်ဖြစ်သော ရသ
အချိန်ပြီးပါက ကျောင်းလွှတ်ပြီ။ ကျတော်ဝင်လာ
တော့ ပန်းချီကုန်းကျုံးဆွဲနေ၍ ဘယ်သူမှ အရေး
တယူမကြည့်။ ရှေ့တန်းမှ တစ်ယောက်ထံ
"ဝေပေးလိုက်" ဟူသော တစ်ချက်လွှတ်အမိန့်နဲ့
ကိုယ့်ခုံကိုယ်ပြန်လာသည့်တိုင် ကျတော်ဖိနပ်
မစီးထားသည်ကို ဘယ်သူမှ မရိပ်မိ။
ပိုင်သုတကတော့ ထုံးစံအတိုင်း ခေါင်းမှောက်အိပ်
နေသည်။
"ငါ့ဖိနပ်!"
ပီပြင်လားမပီပြင်လားမသိ။
အလောင်းဘုရားဆောင်က အတန်းအားလုံးဆင်း
သွားကြပြီ။အဆောင်ထဲ အသံတွေတဖြည်းဖြည်း
ိတိတ်လာသည်။
ကောင်းဆက်စံသည် လှည့်ပင်မကြည့်ပဲထွက်ပြေး
သွား၏။ကျတော် ငိုချင်လာသည်။
ထင်သလိုမဟုတ်ခဲ့ပါ။ ဖိနပ်ပျောက်လို့ပျောက်
မှန်းတောင် သူ(ပိုင်သုတ)သိပုံမရ။
သူကျတော့်ကို တကယ်မခင်ဘူး။ ကျတော့်သူ့
အပေါ် တွယ်တာသော သံယောဇာဉ်မျိုး သူ့မှာ
မရှိဘူး။ထိုသို့ အတွေးကတင် ဝမ်းပန်းတနည်း
နှင့် ရှိုက်ကြီးတငင်ငိုမိစေသည်။တကယ်ဖိနပ်
ပျောက်သွားရင်တောင် ထိုသို့ငိုမိမှာမဟုတ်။
"ချန်း--"
Scoll ဖိနပ်အနက်ရောင်။ အတော်ကြီးနေပါ
သည်။ ဒါပေမယ့် ထိုဖိနပ်ကို စွတ်ထားရခြင်းသည်
ပင် ကျတော်အရာအားလုံးရလိုက်သလိုပျော်ရွှင်
မိသည်။
သူလည်း ကျတော့်ကို ခင်သည်။ ကျတော်ငိုမှာကို
စိုးရွံ့သည်။ ကျတော့် အနွံတာကို အဆုံးစွန်ထိ
ခံနိုင်ရည်ရှိသည်။ လေးလံလှသော ကျောပိုးအိတ်
ကို သယ်ပေးရင်း ခြောက်လွှာအထိ မားသည်ပင်
လျှင် ကျူရှင်လိုက်မပို့ခဲ့ဖူးသော်လည်း ပိုင်သုတ
သည် ခြေဗလာနှင့်ပင် လှေကားထစ်တို့ကို
တက်နင်းကျော်ခွကာ လိုက်ပို့ပေးခဲ့သည်။
ပျော်ရွှင်ခြင်းက မျက်နှာကိုပါချိုစေသည်လား??
English Spellingတွေကိုပါ စိတ်ပါလက်ပါ
အော်ကျက်နေ၍ ဆရာမကတောင် စနောက်သေး
၏။ ဒါပေမယ့် အဲ့အပျော်က သိပ်မခံခဲ့။
ကျူရှင်အောက်တွင် ရပ်စောင့်နေသောပိုင်သုတ
ဖိနပ်မစီးရ၍ မည်းညစ်နေသော ခြေထောက်၏
ခြေသန်းလေးတစ်ချောင်းတွင် သွေးစို့နေသည်။
ခဲစူးသွားတာ ဖြစ်ရမည်။
ဖိနပ်မပါပဲ ဘာလို့လျှောက်သွားနေရပါသလဲ???
ကျူရှင်ကို ထပ်လာကြိုတာ သူ့ဖိနပ်ပြန်တောင်း
ဖို့လား??သူ့ခြေသန်းမှ ဒဏ်ရာအတွက်ပူပန်
ခြင်းတွင် ဖိနပ်မပါပဲ အိမ်ပြန်မည်ဆိုပါက မား၏
အဆူအပြောစကားသံတို့ နားထဲဝင်လာ၍
ရှုပ်ထွေးနောက်ကျိသွားရသည်။
"မင်း ကိုလာမကြိုနဲ့ လို့ငါမပြောဘူးလား??"
"ရော့"
Scollဖိနပ်အသစ်ချွတ်ချွတ်။
သူပြောသည့် အဆင့်တစ်ရလို့ ရသောမုန့်ဖိုး
ဘာညာတွေ ကျတော်နားမထောင်ချင်တော့။
ဖိနပ်ပြန်တောင်းဖို့လာသည်ဟု အထင်ရောက်
ခဲ့သော ကျတော့်စိတ်၏ မပြည့်ဝမှုကြောင့်
အားအနာကြီးနာတယ်။
နောက်ပြီး ဘဝမှာ ပထမဆုံး ဂရုစိုက်ခံရမှု။
ပယောဂမကင်းသော တမင်လီဆယ်အကွက်ဆင်
မှုတွေကို လုံးလုံးမရိပ်မိသည်အထိ ရိုးသားသော
ပိုင်သုတ။
သံသယအလျင်းကင်းလျက် ကျတော့်အပေါ်ကို
မြွစာကျဲအောင် ပြတ်၍သွန်ချပေးလိုက်သော သူ့
စေတနာတွေ။
ကျတော့်အား ငိုမိပြန်စေသည်။ နောင်တကြီးစွာ...
"ရော့...မင်းဖိနပ်မင်းပြန်စီး သောက်ရူးကောင်"
ရူးသွပ်လွန်းလိုက်တာ...
"ချန်း...ဘာဖြစ်လို့လဲ??" ဟူ၍ မျက်လုံးပြူးမျက်
ဆံပြာ မေးနေသေးသော ပိုင်သုတ။
"ချန်း...ခြေထောက်တွေခဲစူးမယ်ကွ"
ဟု ဆိုနေလျက် သူကိုယ်တိုင်ပါ ဖိနပ်လိုက်မစီး
သော ပိုင်သုတ။
"စူး ပါလိမ့်စေ။အီးးးဟီးးးသောက်ရူးကောင်!!မင်း ငါ့နောက်လိုက်မလာနဲ့..."
ကျတော်ရှက်တယ်။ သူနဲ့ ပတ်သတ်ရင် ထိုစဉ်
တည်းက အရှက်တရားတွေ၊ရိုးသားမှုတွေ၊
အမှားတွေ၊ ကြံစည်မှုတွေနှင့်
လွှဲချော်မှုပေါင်းများစွာ ကျတော်ကိုယ်တိုင်ဖန်တီး
မိခဲ့သည် သူ့ကို မပိုင်ဆိုင်ရသည်အထိ။
သူ ကျတော့်ကို ချစ်တယ် ဟူ၍ နှုတ်မြွတ်မဆိုခင်
အထိ။
ဟုတ်တယ်။
"ပိုင်သုတဆိုတာ ငယ်ငယ်တည်းက ကျတော့်
အပိုင်"
To be continue...
Thank You All
>>>>ချန်းpovများကို အစမှအဆုံးထိရေးမည်
ဟု စဉ်စားခဲ့ပါသည်။
Readernimများ ဆက်မသိချင်ပါက ဤတွင်ရပ်မည်ဖြစ်ပါသည်။
Bạn đang đọc truyện trên: ZingTruyen.Xyz